← Chapters

သန္ဓေအားဆေးအစွမ်း! ဉာဏ်ကြီးရှင်ကလေး! ၂

Vol. 73 Ch. 1085

သန္ဓေအားဆေးအစွမ်း! ဉာဏ်ကြီးရှင်ကလေး! ၂

Vol. 73 Ch. 1085

ထိုအချိန်တွင်_

ထန်ရှိုးဝမ်နှင့်ဆရာဝန်ကလည်း ကလေးကိုအထူးခန်းထဲခေါ်သွားသည်။

ထိုနေရာတွင် ပိုးမွှားဖုန်မှုန်ကင်းစင်သောကြောင့် မွေးစကလေးကိုအကောင်းဆုံးကာကွယ်ပေးနိုင်သည်။

ထန်ရှိုးဝမ်ကကလေးကိုချပြီး ကလေးမျက်လုံးများပွင့်နေသောကြောင့် အံ့ဩမိသည်။ သူကလက်ကိုဆန့်ထုတ်ပြီး ပတ်ဝန်းကျင်ကိုစူးစမ်းနေ၏။

ထန်ရှိုးဝမ်ရော ဆရာဝန်ပါ အံ့ဩသွားသည်။

မွေးစကလေးကမျက်စိဒီလောက်မြန်မြန်မပွင့်သောကြောင့် ပတ်ဝန်းကျင်ကိုသေချာမမြင်နိုင်။

အထူးသဖြင့် လှုပ်ရှားမှုလုပ်ဖို့မဖြစ်နိုင်။ လက်ဆန့်ထုတ်ဖို့မပြောနှင့်၊ ကျောရိုးမဖွံ့ဖြိုးသေးသောကြောင့် သူ့ခေါင်းကိုလှည့်ပြီးပတ်ကြည့်ဖို့မဖြစ်နိုင်ပေ။

ဒါပေမဲ့ ဒီကလေးကလုပ်နိုင်နေသည်။ မယုံနိုင်စရာ။

ကလေးကပိုဖွံ့ဖြိုးနေတာမဟုတ်ရင်ပေါ့။ ဒါပေမဲ့ မွေးကင်းစကလေးက အမိဝမ်းမှာကတည်းကတခြားကလေးတွေထက်ပိုဖွံ့ဖြိုးနိုင်လား?

ဒီကမ္ဘာမှာ သန္ဓေသားကိုဒီလိုဖြစ်စေတဲ့အရာမျိုးရှိလား သူတို့နှစ်ယောက်မသိ။

သိရင်လည်း ပါးစပ်အဟောင်းသားဖြစ်ရမည်။

သားဖွားခန်းထဲတွင်_

လင်းဖန်က စွပ်ပြုတ်အမြန်ပြင်လာသည်။

ကျောက်မိုချင်းက ကလေးမွေးပြီးတကယ်ဆာနေသောကြောင့်ကောင်းကောင်းစားသည်။

ဒုတိယမြောက်နေ့တွင် ကျောက်မိုချင်းက သားဖွားခန်းထဲမှသူမဘာသာထွက်လာသည်။

ကလေးမွေးထားသောလင်းလျိုတို့ လုံးဝအားကျကုန်သည်။

ကလေးမွေးရတာ ကျောက်မိုချင်းလိုသာလွယ်ရင် အရမ်းဝမ်းသာမိမှာပဲ။

နောက်ရက်များတွင် ချင်လင်နှင့်လင်းဖန်က သားဖွားခန်းထဲဝင်ပြီး ကလေးကိုအထူးဂရုစိုက်ကြသည်။

ကလေးနှစ်ပတ်သားရှိမှ ဆေးရုံကဆင်းရသည်။

သန္ဓေအားဆေးကြောင့် သူ့ကလေးကသူများကလေးနှင့်မတူမှန်းချင်လင်သိသော်လည်း ဘာမှမပြောနိုင်။

ထိုရက်ပိုင်းအတွင်း ကလေးနာမည်ကိုအတည်ပြုလိုက်ကြသည်။

ချင်ဖုန်းတဲ့။

ဒီနာမည်က ဝတ္တုထဲကဇာတ်ကောင်နာမည်လိုလို ချင်လင်ခံစားရသည်။

သို့ရာတွင် ဒါနာမည်အစဉ်လိုက်ဖြစ်ပြီး သူ့သားကဖုန်းအဆင့်ဖြစ်၍ တခြားနည်းမရှိ။

တချို့နေရာများတွင် စီနီယာအလိုက်နာမည်ပေးသည့်ဓလေ့၊ လင်္ကာအတိုင်းနာမည်ပေးသည့်ဓလေ့ရှိနေဆဲပင်။ တခြားနေရာများတွင် နာမည်ကိုအသုံးချကြ၏။

သူ့အိမ်ကိုလေလံဆွဲပြီးနောက် နာမည်ပေးခဲ့သည်။

တကယ်တော့ ပြောင်းချင်ပြောင်းနိုင်သည်။

ဒါပေမဲ့ သူ့အမေကဒီလိုလုပ်ချင်မှတော့ သူမဆန္ဒကိုလိုက်လျောပေးရုံသာ။

နာမည်ပဲဟာ။ ကျောင်းမှာလူရယ်ခံရမယ့်နာမည်မှမဟုတ်တာ။ လူကြီးစိတ်မချမ်းသာအောင်လုပ်စရာမလို။

…

ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်းရှေ့၌_

ပန်းအိုးဆယ်အိုးကျော်ချထားသည်။

ချင်လင်ကရေပုံးနှင့်ရေလောင်းနေသည်။

ပန်းအိုးများထဲတွင် မျိုးပြောင်းအာကာသနွယ်ပင်များရှိသည်။

ပန်းအိုးထဲတွင် ဝါးတိုင်လေးများထောင်ထား၏။ ထိုဝါးတိုင်များတွင် နွယ်ပင်များရစ်ပတ်ပြီး အရွက်စိမ်းစိမ်းစိုစိုများထွက်နေပြီ။

သို့ရာတွင် မျိုးပြောင်းအာကာသနွယ်က နေ့တိုင်းနေရောင်စုပ်ယူသော်လည်း ဂိမ်းထဲကလိုညပိုင်းအလင်းရောင်မထွက်သေး။

ပန်းအိမ်အတွေ့အကြုံရှိထားသောကြောင့် မျိုးပြောင်းအာကာသနွယ်ကအာနိသင်ပြလောက်အောင်မကြီးသေးမှန်း သူသိသည်။

တော်ဝင်ပညာရှင်လီက ဧည့်ခန်းအပြင်ထွက်လာပြီး ပန်းအိုးထဲမှနွယ်ပင်များကိုကြည့်ကာ_

"သူဌေးချင်.. ဒီနွယ်ပင်တွေက ဘာမှမထူးခြားဘူးထင်တယ်... ကြည့်ရတာ သာမန်နွယ်မျိုးပဲနေမှာ''

ချင်လင်ကနားထောင်ရင်း အကြောင်းသိသော်လည်း စိတ်ပျက်ဟန်ဆောင်ကာ_

"အင်း.. တော်ဝင်ပညာရှင်လီတို့ဥက္ကာခဲတွေ့တာပဲကံကောင်းပါတယ်... အဲဒီမှာမျိုးစေ့တွေတွေ့ရင်လည်းတွေ့နိုင်တယ်''

သူတို့နှစ်ဦးပြောနေစဉ် ကျောက်မိုချင်းကကလေးနှင့်ထွက်လာသည်။

နှစ်ပတ်ပြည့်ပြီး ချင်ဖုန်းလည်းသားဖွားခန်းအပြင်ထွက်နိုင်ပြီ။

"ဒါကိုတစ်ချက်ကြည့်ပါဦး... အဲဒါဧည့်သည်စာရင်း!''

ကျောက်မိုချင်းက ချင်လင်ကိုစာရင်းတစ်ခုပေးသည်။

ကလေးမွေးပြီး သူငယ်ချင်းမိတ်ဆွေတွေကိုထမင်းစားဖိတ်ရမည်။ သူတို့ဖိတ်လေ့ရှိသူတချို့ပင်။

သူမနှင့်ချင်လင်က သိပ်မလုပ်ချင်။ မျက်နှာမပြချင်။ တကယ်တမ်းဖိတ်ရင် လူတွေအများကြီးဖိတ်ရမည်။ ချူယွဲ့၊တန့်ကွမ်း၊ရှန်လီတို့လာရင် သူတို့ဘယ်သူဆိုတာပေါ်ပြီ။

ထို့ကြောင့် သူမနှင့်ချင်လင်က ဆွေမျိုးသားချင်း၊မိတ်ဆွေ၊ကုမ္ပဏီထိပ်ပိုင်းလူတချို့လောက်သာ စံအိမ်ကိုထမင်းစားဖိတ်ပြီး အပျော်ဝေမျှချင်သည်။

ချင်လင်ကပြုံးပြီး_

"မင်းကတာဝန်ခံလေ... မင်းသဘောပါပဲ''

ကျောက်မိုချင်းက ဘယ်သူ့ကိုဖိတ်မည်ဟုသူ့အမေနှင့်ဆွေးနွေးပြီးဖြစ်ရမည်။ နှစ်ဖက်ဆွေမျိုးတွေကို သူတို့မေ့မှာမဟုတ်။

ကုမ္ပဏီကတော့ တာဝန်ခံ၊မန်နေဂျာတချို့သာဖိတ်မည်။

ကျောက်မိုချင်းကလည်း စီစဉ်ထားသည်။

ဒီတော့ သူမကိုပုံအပ်ထားသည်။

"ရှင်ကအပျင်းကြီးတာပဲ... အကုန် ကျွန်မအပေါ်ပုံထားတယ်''

ကျောက်မိုချင်းကအတွန့်တက်လိုက်သော်လည်း ဒီလိုယုံကြည်ပေးတာသဘောကျပုံပေါက်နေသည်။

တဖက်တွင် ကျောက်မိုချင်းလက်ထဲမှချင်ဖုန်းက ချင်လင်ကိုမြင်ပြီးပျော်နေသည်။ သူ့လက်ကိုဆန့်ထုတ်ပြီး ချင်လင်ကိုဖက်ခိုင်းနေသလိုပင်။

သူ့ပုံစံကြောင့် တော်ဝင်ပညာရှင်လီကကြည့်လိုက်သည်။

ကလေးတွေက တဖြည်းဖြည်းဖွံ့ဖြိုးကြသည်။ နှစ်လသားတွင် ဝူးဝူးဝါးဝါးပြောပြီးရယ်တတ်သည်။ သုံးလပြည့်လျှင် သူ့မိဘတွေကိုသိကြောင်း ဗလုံးဗထွေးအသံပြုတတ်သည်။

ဒါပေမဲ့ သူဌေးချင်ကလေးက သူများကလေးတွေသုံးလမှလုပ်နိုင်တဲ့အရာကို နှစ်ပတ်နဲ့တတ်နေပြီ။

အံ့ဩစရာမကောင်းဘူးလား?

ချင်လင်ကသူ့သားကိုကြည့်ပြီး ဝမ်းသာသွားသည်။ သူကချင်ဖုန်းကိုတန်းချီကာ_

"လာ.. ဖေဖေချီမယ်!''

အမှန်ပင်။ ကလေးအဖေဖြစ်လာမှ ဒီကလေးကိုကြည့်နေရတဲ့ပျော်ရွှင်မှုကိုသူနားလည်သည်။

ကလေးအဖေမဖြစ်ထိုက်တဲ့ကောင်တွေမှာ ဒီလိုခံစားချက်မျိုးမရှိ။

ချင်ဖုန်းက ချင်လင်လက်ထဲမှာနေပြီးမြူးတူးကာ ဗလုံးဗထွေးနှင့်_

"ဖေဖေ.. ချီ!''

သူ့ကြောင့် တော်ဝင်ပညာရှင်လီနှင့်ကျောက်မိုချင်းအံ့အားသင့်သွားသည်။

"ယောက်ျား... သားက 'ဖေဖေ' လို့ခေါ်လိုက်တာလား?''

ကျောက်မိုချင်း အံ့ဩနေသည်။

တော်ဝင်ပညာရှင်လီ ကြောင်သွားသည်။

ဒါ ရူပဗေဒစည်းမျဉ်းနှင့်ဆန့်ကျင်နေသည်။

တခြားကလေးတွေက လေးငါးလမှသာစကားပြောနိုင်သည်။ အလွန်ဆုံး လေးလပင်။

သူမသိရင် ဘယ်လိုမှနေမည်မဟုတ်။ ဒါပေမဲ့ ဒီကလေးကနှစ်ပတ်သာရှိသေးမှန်း သူသိသည်။

နှစ်ပတ်သားက 'ဖေဖေ'ခေါ်တာလားမသေချာသော်လည်း စကားပြောတာတော့သေချာသည်။

စောစောက ဝူးဝူးဝါးဝါးလုပ်တာပဲ သူ့အဖို့ထူးဆန်းနေပြီ။ အခု စကားပြောတယ်တဲ့။

ဒီကလေးဖွံ့ဖြိုးတာ မမြန်လွန်းဘူးလား?

တော်ဝင်ပညာရှင်လီကမနေနိုင်ဘဲ ကျောက်မိုချင်းကိုမေးသည်_

"ဒါရိုက်တာကျောက်... ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ချက်ကရော?''

"ကလေးအခြေအနေက အရမ်းကောင်းတယ်... သူ့ခန္ဓာကိုယ် ဦးနှောက် အရိုးတွေက သာမန်ကလေးတွေထက်ပိုပြီးဖွံ့ဖြိုးတယ်လို့ ဆရာဝန်ကပြောတယ်''

ကျောက်မိုချင်းက အမှန်အတိုင်းဖြေသည်။

တော်ဝင်ပညာရှင်လီက နားထောင်ရင်း ''ဉာဏ်ကြီးရှင်ပဲ!'' ဟု အမှတ်တမဲ့တွေးမိသည်။

ဒီကလေးက ဉာဏ်ကြီးရှင်ဖြစ်လာမည်။

တချိန်တည်းမှာ တော်ဝင်ပညာရှင်မိတ်ဆွေတစ်ဦးပြဖူးသောမျိုးရိုးဗီဇသီအိုရီကိုလည်းသတိရသည်။

ဖခင်ဗီဇက အတိုင်းအတာတစ်ခုအထိကောင်းရင် သူ့မျိုးဆက်ကိုလက်ဆင့်ကမ်းနိုင်သည်။ ဖခင်ဗီဇထက်တောင် မျိုးဆက်ကပိုထူးချွန်နိုင်သည်။

ဒါကြောင့်လည်း တချို့က မျိုးရိုးကောင်းကိုရှာကြသည်။

ဒီမျိုးရိုးဗီဇပြောင်းလဲမှုသီအိုရီမှာ အခြေခံမရှိ။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာဒီလိုထူးခြားဖြစ်စဉ်မျိုးမရှိသေး။

ပြီးတော့ ဒီလိုသီအိုရီမျိုးကိုလေ့လာဖို့ခွင့်ပြုမထားပေ။ ဒါလူသားဆန်မှုနှင့်ဆန့်ကျင်နေသည်။

တစ်လှမ်းသာရင် တစ်လှမ်းသာသည်၊ နှစ်ပတ်နှင့်စကားပြောနိုင်ရင် သူများကလေးထက်စောသည်ဟုသာပြောရမည်။

သူဌေးချင်ကလေးသာ သူများကလေးတွေထက်ဆက်ပြီးသာလာရင် သူ့အနာဂတ်ကဘယ်လိုနေမလဲ?

ထို့နောက် သူဌေးချင်အစွမ်းအစကိုတွေးမိသည်။ သူက ဘာဖြစ်ဖြစ်တော်နေသည်။

ခရီးသွားမေဂျာဆိုသော်လည်း သီးနှံသုတေသနပိုင်းမှာ ဝါသနာရှင်ထက်ကျော်လွန်နေသည်။ သိပ္ပံပညာရှင်တွေရဲ့အိမ်မက်ကို သူရလဒ်ထုတ်နိုင်သည်။

ဝန်ကြီးလုက နှမြောနေသည်။ သူဌေးချင်က နေရာမှန်မှာမရှိဟုတောင်ပြောသည်။

သူဌေးချင်သားရဲ့လက်ရှိအခြေအနေအရ သူဌေးချင်ရဲ့အရည်အချင်းကိုဆက်ခံတာဖြစ်မည်။

တော်ဝင်ပညာရှင်လီအတွေးများနေသော်လည်း ချင်လင်က သူ့သားအခြေအနေမှာ ဂိမ်းသန္ဓေအားဆေးကြောင့်မှန်းသိသည်။

သို့ရာတွင် ကလေးက'ဖေဖေ'ဟုခေါ်သောကြောင့် ချင်လင်စိတ်လှုပ်ရှားသွားပြီး ကလေးကိုသင်ပေးသည်_

"ဖေဖေလို့ခေါ်... ဖေဖေ.. ဖေဖေ.. ဖေဖေ...''

"အူဝဲ... အူဝဲ!''

ချင်ဖုန်းက ချင်လင်ကိုစိုက်ကြည့်ကာ အူမြူးသံနှင့်အော်သည်။

“ဖူး!”

ကျောက်မိုချင်းကသဘောကျပြီး တန်းရယ်သည်။

တော်ဝင်ပညာရှင်လီ မပြုံးဘဲမနေနိုင်တော့။

ချင်လင်: ''ကျွတ် ကျွတ်''

All Chapters