← Chapters

မိန်းမလိုချင်လား? နွယ်ပင်က အရောင်ထွက်တယ်?

Vol. 73 Ch. 1086

မိန်းမလိုချင်လား? နွယ်ပင်က အရောင်ထွက်တယ်?

Vol. 73 Ch. 1086

ရာသီဥတုကအအေးဓာတ်ကဲလာသောကြောင့် အိပ်ရာထဖို့ခက်လာသည်။

ပြည်တွင်းရှုမျှော်ခင်းနေရာများလည်း စိတ်ပျက်လက်ပျက်အခြေအနေရောက်လာ၏။

ရှုမျှော်ခင်းနေရာအတော်များများမှာ တဝက်လောက်ငြိမ်သက်သွားသည်။

ထိန်းသိမ်းမရသောရာသီချိန်ပင်။

နာမည်ကြီးနေဆဲဖြစ်သော ရှုမျှော်ခင်းနေရာများစွာရှိသေးသည်။

ရှုမျှော်ခင်းနေရာများတွင် စကားတစ်ခုရှိသည်:

မလှတဲ့ရှုမျှော်ခင်းနေရာမရှိ၊ ကြော်ငြာညံ့ခြင်းသာရှိသည်တဲ့။

နည်းနည်းကြွားသောစကားဖြစ်သော်လည်း ရှုမျှော်ခင်းနေရာများက လုံးဝမတူ။

ချင်းလင်စံအိမ်က ထိခိုက်မှုအနည်းဆုံးရှုမျှော်ခင်းနေရာဖြစ်မည်။

သဘောက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ရက် ၃၀၀ လောက်ပန်းပွင့်သောကြောင့်ပင်။ ဒီအချိန်ဆို ပတ်ဝန်းကျင်ကပန်းတွေညိုးခြောက်ပြီး ပန်းအသစ်ပွင့်ဦးမှာမဟုတ်။

စံအိမ်အတွင်းတခြားပရောဂျက်များမှာလည်း စနစ်အရည်အသွေးရှိသည်။ အထူးသဖြင့် တစ်နှစ်ပတ်လုံးစိမ်းစိုနေသောခွေးသွားစိတ်မြက်ခင်းနှင့်ထူးထူးခြားခြားတိရစ္ဆာန်များရှိသောချင်းလင်မွေးမြူရေးခြံပင်။ ထိုပရောဂျက်က နာမည်ကြီးနေဆဲ။

ဆောင်းတွင်းချမ်းချမ်းအေးအေးတောင် ရွက်လွှင့်ပရောဂျက်မှာတန်းစီနေကြသည်။

ရွက်လွှင့်ရသည့်ပျော်ရွှင်မှုက ရွက်လွှင့်လောကမှာ အံ့ဖွယ်ပဟေဠိဖြစ်နေဆဲပင်။

ဒီလိုပျော်ရွှင်မှုထဲနစ်ဝင်စေတဲ့အငွေ့အသက်မျိုးကိုတခြားရှုမျှော်ခင်းနေရာတွေလိုက်မတုနိုင်။

နောက်ပြီး ရာသီဥတုအေးတာထက် ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံဝန်ထမ်းများက အလွန်တက်ကြွနေကြသည်။ သူတို့သူဌေးဆီမှ ယွမ် ၂၀၀ ဟုန်ပေါင်းရသောကြောင့်ပင်။

သိပ်မများသော်လည်း မထင်မှတ်ဘဲရသောကြောင့် လူတိုင်းပျော်နေကြသည်။

ချင်းလင်ကုမ္ပဏီဝန်ထမ်းများလည်း အတူတူပင်။ အားလုံး ဟုန်ပေါင်းရကြသည်။

သူဌေးကတော်က သူဌေးအတွက်သားလေးမွေးပေးထားမှန်း လူတိုင်းသိကြသည်။

ချင်းလင်အပန်းဖြေစံအိမ်မှာ အလွန်စည်ကားနေသည်။

ကျောက်မိုချင်းက ဝဝကစ်ကစ်သားလေးမွေးထားပြီ။ ဒီနေ့ ဆွေမျိုး၊မိတ်ဆွေများ၊ကုမ္ပဏီအသီးသီးမှတာဝန်ခံများနှင့်စီနီယာမန်နေဂျာများကိုဖိတ်ထားသည်။ စီရင်စုမှစွန်းရှန်နှင့်ချန်လီကိုတောင်ဖိတ်ထားသည်။

အပန်းဖြေစံအိမ်မှာဒီလောက်စည်ကားတာ ဒါပထမဆုံးပင်။

ချင်လင်က အရည်အသွေး ၂ အသားငါး၊အသီးအရွက်များကိုပြင်ဆင်ထားသည်။ ဆရာလင်းကိုကူရန် စံအိမ်မှစားဖိုမှူးတချို့ကိုလည်းလွှတ်ထားသည်။

မဟုတ်ရင် ဆရာလင်းအသက်အရွယ်နဲ့ ဒီလိုစားပွဲသောက်ပွဲမျိုးကိုလုပ်နိုင်စွမ်းရှိမှာမဟုတ်။

ဒီလိုပျော်စရာနေ့မျိုးမှာ သူအကောင်းဆုံးလုပ်ရမည်။

စားသောက်ပွဲတွင် အားလုံးကိုဂုဏ်ပြုရန် ချင်လင်ကကျောက်မိုချင်းကိုလည်းခေါ်လာသည်။

"စွန်းရှန် လက်ထောက်ချန်.. အလုပ်များနေတဲ့ကြားကလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ဂုဏ်ပြုပါရစေ!''

“……”

"ဦးလေးတရှန် ဦးလေးရွှေ့ကန်း ကျန်းကျန်း.. ဒီကောင်လေးနာမည်က ချင်ဖုန်းတဲ့... ကျွန်တော်တစ်ခွက်သောက်ပါမယ်!''

“……”

"အဖေ အမေ.. မိုချင်းနဲ့လက်ထပ်ခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူးပါပဲ... အဖေတို့မြေးလေးအတွက် တစ်ခွက်ဂုဏ်ပြုပါရစေ!''

“……”

"လောင်တန့် ဥက္ကဌရှန် ဥက္ကဌချူ.. အားမနာနဲ့နော်.. စားကြ သောက်ကြ!''

“……”

"လောင်မာ လောင်ချန် လီရှင်း အစ်ကိုလီ.. အားလုံး သောက်ကြပါဦး!''

"တော်ဝင်ပညာရှင်လီ ကြိိုဆိုပါတယ်''

“ဟွမ်ရှင်း''

“……”

အဖေတစ်ယောက်အနေနှင့် ဝမ်းအသာရဆုံးအချိန်၊ အထိနာဆုံးအချိန်ပင်။ ဘာပဲဖြစ်ဖြစ် သူများတွေကဂုဏ်ပြု၊ သူများတွေကိုဂုဏ်ပြုနှင့် မဖြစ်မနေသောက်ရသည်။

ချင်လင်မှာစွမ်းအားပင်အသီးနှစ်လုံးစားထား၍ သာမန်လူထက်အင်အားရှိတာတောင် အားလုံးသောက်ပြီးမူးဝေဝေဖြစ်လာသည်။

သူ့မှာအမူးပြေမြက်ရှိ၍သာ တော်တော့သည်!

သူကနှစ်ထုပ်ဆက်တိုက် ပါးစပ်ထဲထိုးသိပ်လိုက်၏။ အရည်အသွေး ၂ ရှိသောကြောင့် အပြင်ထက်အာနိသင်ပိုရှိ၍ ပြန်လည်တက်ကြွလာသည်။

ထို့ကြောင့် သူ့ကိုမူးစေချင်သောချန်ရှန်းဖေတို့ မျက်စိလည်နေကြသည်။

ပွဲပြီးလျှင် ဆွေမျိုးမိတ်ဆွေများ၊ကုမ္ပဏီတာဝန်ခံများ၊စီနီယာမန်နေဂျာများ အကုန်ပြန်သွားကြသည်။ ဘာပဲဖြစ်ဖြစ် အားလုံးကလုပ်စရာကိုယ်စီနှင့်။

ညပိုင်းတွင် လောင်ချန်၊လောင်မာ၊လီရှင်း၊အစ်ကိုလီ၊ချင်ရန်တို့လင်မယား၊ဟွမ်ရှင်းတို့လင်မယား၊နှင့်ကျောက်မိုယွင်တို့လင်မယားသာ စံအိမ်မှာကျန်ခဲ့သည်။

ချင်လင်ကတွန့်တိုမနေ။ ညနေပိုင်းအားလုံးအတွက် တော်ဝင်ဆေးစွပ်ပြုတ်ထပ်လုပ်ပေးသည်။

စားပြီးနောက် အားလုံးဧည့်ခနထဲမှာစကားပြောကြသည်။

ကျောက်မိုချင်းက စားပွဲပေါ်တွင်သစ်သီးတချို့၊စားစရာတချို့တင်ပြီး အမျိုးသမီးများနှင့်ဝိုင်းဖွဲ့သည်။

အားလုံးက ကလေးတွဲလောင်းနှင့် ကလေးပြုစုရသောအတွေ့အကြုံကိုမျှဝေကြ၏။ ကျောက်မိုချင်းက အလေးအနက်နားထောင်နေသည်။

အမေဖြစ်ခါစအမျိုးသမီးဖြစ်၍ ဒါတွေသူမကြုံရတော့မည်။

ဝမ်ချိုင်၊ရှောင်ရွှယ်၊မွေးနီတို့က စားပွဲကိုပတ်ပြေးနေကြသည်။ ကြက်တူရွေးရှောင်ဝူနှင့်ရှောင်ပေါင်ကလည်း စားပွဲထောင့်မှတောင်းနေကြ၏။

မြင်ကွင်းက လှိုက်လှိုက်လှဲလှဲပင်။

ချင်လင်က ချင်ရန်၊ချန်ရှန်းဖေတို့နှင့် လက်ဖက်ရည်ဝိုင်းဖွဲ့သည်။

ဂိမ်းထဲမှလက်ဖက်ခြောက်များက အရည်အသွေးမပြောင်းလဲ။ အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်ဖြစ်သည်။

သောက်စားပြီး ဒီလိုလက်ဖက်ရည်မျိုးသောက်ရခြင်းက အမျိုးသားများအဖို့နတ်ပြည်ရောက်နေသလိုပင်။ အချင်းချင်းတောင်တန်းများအကြောင်းပြောရတာ ပြီးပြည့်စုံသောဘဝအနှစ်သာရဖြစ်သည်။

အားလုံးမှာ လူမှုရေးဖိအားများနှင့်၊ အလုပ်ရှုပ်စရာတွေနှင့်။ မိတ်ဆွေကောင်းများလက်ဖက်ရည်ဝိုင်းဖွဲ့ရတာ ကြုံတောင့်ကြုံခဲပင်။

တော်ဝင်ပညာရှင်လီတောင် တစ်ခါတစ်ခါဝင်ပြောသည်။

ကောင်းယောင်ယောင်က စားပွဲထိုးတချို့နှင့်အသင့်စောင့်နေ၏။

သူဌေးနှင့်သူဌေးကတော်က ဆွေမျိုး၊မိတ်ဆွေများကိုဧည့်ခံနေသောကြောင့် လိုအပ်တာရှိရင် သူတို့ချက်ချင်းဖြည့်ဆည်းပေးရမည်။

လီခိုင်က လက်ဖက်ရည်တစ်ခွက်သောက်ပြီး တစ်ခုခုတွေးမိသည်။ သူကချင်လင်ဘက်လှည့်ပြီး_

"ညီလေးချင်... မင်းကိုငါပြောထားတာ မှတ်မိသေးလား?''

ထိုအမေးကြောင့် ချင်လင်ကြောင်သွားပြီးမှ_

"အစ်ကိုလီ... ဘယ်ကိစ္စလဲ? ခင်ဗျားပျိုးထောင်းထားတဲ့စပါးအသစ်လား? မှည့်ပြီလား?''

ထို့ကြောင့် တော်ဝင်ပညာရှင်လီအာရုံစိုက်မိသည်။

သူ့သုတေသနက သီးနှံမဟုတ်သော်လည်း သူများသုတေသနရလဒ်အသစ်ကြားတိုင်း စိတ်ဝင်စားသည်။

နောက်ပြီး လီခိုင်ပျိုးထောင်တဲ့စပါးအသစ်က ရှိပြီးသားဆန်ထဲကမဟုတ်ဘူးဆိုတော့ စပါးစနစ်အသစ်ဖွင့်လိုက်တဲ့သဘောပေါ့။

All Chapters