မိန်းမလိုချင်လား? နွယ်ပင်က အရောင်ထွက်တယ်? ၂
Vol. 73 Ch. 1087
စီနီယာယွမ်ကစပါးမျိုးအသစ်ဖန်တီးပြီး အားလုံးအတွက်ရိက္ခာပြဿနာကိုဖြေရှင်းပေးခဲ့သည်။
အခု ဝန်ကြီးလုနဲ့တက္ကသိုလ်ကလည်း ပါမောက္ခလီခိုင်ရဲ့စပါးအသစ်အပြောင်းအလဲကိုမျှော်လင့်နေကြသည်။
စပါးရှည်လာလေလေ ပင်စည်ပိုထူလာလေလေ၊ သာမန်စပါးနဲ့လုံးဝမတူလေဖြစ်သည်။
လီခိုင်ကအမြန်ခေါင်းရမ်းပြီး_
"ညီလေးချင်.. မင်းမှတ်ဉာဏ်ကလည်း... မင်းသားနဲ့ငါ့သမီးစေ့စပ်တာလေ... မေ့နေတာလား?''
"အရင်ကပြောထားတာ.. ရှိုးဝမ်က သမီးလေးဆိုတော့ မိုချင်းသားမွေးလာရင် စေ့စပ်ကြမယ်လို့လေ... ငါတို့ပိုနီးစပ်တာပေါ့''
“ကျွတ် ကျွတ်''
ချင်လင် ကြောင်သွားသည်။
အစ်ကိုလီက အလေးအနက်စဉ်းစားနေပုံရသည်။
ဒီအကြောင်းပြောရမယ်လို့မထင်မိ?
သူ မှတ်မိသည်။
ဒါပေမဲ့ စနောက်နေတာကို အစ်ကိုလီကအတည်ယူမယ်လို့ဘယ်ထင်မလဲ?
စေ့စပ်တယ်ဆိုတာ ရှေးရိုးဆန်ပြီး ချုပ်ချယ်တာနဲ့လည်းတူသည်။
သူ့သားကိုဒီလိုချုပ်ချယ်ဖို့စိတ်ကူးမရှိ။
နောက်မှ သူ့သားကအစ်ကိုလီရဲ့သမီးကိုသဘောကျရင် လက်ထပ်ပေးရုံသာ။ သဘောမကျရင် စေ့စပ်ပြီးနောက်တစ်ယောက်မွေးနေရမည်။
TV ဒရာမာဇာတ်လမ်းတွေအများစုက စေ့စပ်တာနဲ့စကြတာမလား?
နှစ်ဖက်ကလေးတွေသဘောမကျရင် မိသားစုကထွက်ပြေး၊မင်္ဂလာဆောင်ကထွက်ပြေး၊ ဟာသတွေဖြစ်ကုန်မည်။
"လူကြီးမင်းလီ.. ခင်ဗျားဒီလိုမလုပ်ရဘူးလေ... ကျွန်တော့်သမီးက ချင်လင်သားနဲ့စေ့စပ်ရမှာမလား?''
ချန်ရှန်းဖေကဖြတ်ပြောသည်_
"အကြံပြုတဲ့သူက ကျွန်တော်လေ''
"လောင်ချန် မှားနေပြီ''
မာလဲ့ဝမ်က_
"ငါအရင်ပြောထားတာ.. မင်းလုလို့မရဘူး''
လီရှင်းကပိုဆိုး_
"လောင်ချန် လောင်မာ... ခင်ဗျားတို့မိတ်ပျက်ဆွေပျက်နော်... ကျွန်တော့်ချွေးမကိုလုဖို့စဉ်းစားနေတာလား?''
"ကျွတ် ကျွတ်''
ချင်လင်ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်းမသိတော့။
ကလေးမထွက်ခင်က နောက်နေကြတာလေ။
ကလေးထွက်လာမှ အသည်းအသန်ကြီးလား?
"မင်းတို့ကောင်တွေနဲ့ ဘာဆိုင်လဲ?''
သူတို့သုံးယောက်ကြောင့် လီခိုင်ကပိုစိတ်ရှုပ်သွားပြီး_
"ဒီနေ့ ညီလေးချင်ကို ဒီအကြောင်းပြောတာငါပဲ''
ထိုသို့ပြောပြီး ချင်လင်ကိုမေးသည်_
"ဟုတ်တယ်မလား ညီလေးချင်? ငါတို့က သိပ္ပံသုတေသနအချင်းချင်း.. နီးစပ်တယ်... ရှေ့လျှောက် ကလေးတွေလည်း ဝါသနာချင်းတူလိမ့်မယ်''
"လက်ထပ်တယ်ဆိုတာ လူမှုအသိုင်းအဝိုင်းပေါင်းစပ်တာ... ငါတို့ကစိတ်ကူးချင်းတူတော့ ပေါင်းစပ်သင့်တယ်... သောက်လိုက်စားလိုက်နဲ့ လုပ်ငန်းလုပ်တဲ့သူတွေက ငါတို့ကလေးတွေနဲ့မတူဘူးလေ''
သူ့စကားကြောင့် ချန်ရှန်းဖေတို့သုံးယောက်မကြည်တော့။
"သောက်တော့ ဘာဖြစ်လဲ?''
လီရှင်းကတန်းမေးသည်_
"ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းနဲ့ဘယ်သူယှဉ်နိုင်လဲ? သူကဝိုင်စုဆောင်းတဲ့ထိပ်ခေါင်... ရှေ့လျှောက် ချင်ဖုန်းလေးက အဲဒီဝိုင်တွေဆက်ခံရမှာ''
"ဟုတ်တယ်.. ချင်လင်မှာကုမ္ပဏီတွေအများကြီး.. အလားအလာမရှိတာပါလို့လား?''
ချန်ရှန်းဖေကဖြည့်ပြောသည်_
"အဲဒီကုမ္ပဏီတွေကို သူ့သားကဆက်ခံရမှာပဲမလား?''
"အမှန်ပဲ''
မာလဲ့ဝမ်ကထောက်ခံသည်_
"ချင်လင်သားက မိုချင်းလိုဇနီးကောင်းလေးလိုတယ်... ငါ့သမီးကိုမိုချင်းသင်ပေးလို့ရတယ်... နောက်ကျရင် မိုချင်းလိုဖြစ်လာမှာ''
“ဟား ဟ''
လီခိုင် ကြောင်သွားသည်။
သူတို့သုံးယောက်က ရုတ်တရက်ကြီးထစည်းလုံးသွားပါလား?
သူတို့ကြောင့် ချင်လင်နှင့်ကျောက်မိုချင်းဆွံ့အပြီး သူတို့သမီးများကိုခိုးကြည့်လိုက်သည်။
ဆွေမျိုးနီးစပ်တွေမလို့သာပေါ့။ အခွင့်အရေးမရှိတော့။
မဟုတ်ရင် ချင်လင်သားက ပြီးပြည့်စုံတဲ့သားမက်လက်မှတ်ဖြစ်နေမည်။
မွေးဖွားခြင်းက ဘာအဓိပ္ပါယ်လဲ? ချင်ဖုန်းက ၉၉% သောလူတွေမြင်တောင်မမြင်နိုင်တဲ့ကံမျိုးနဲ့မွေးဖွားလာပြီ။
ဘေးမှဟွမ်ရှင်းက ရှောင်ရွှယ်အားလိုက်ဖမ်းနေသောသူ့သမီးလေးကိုအမှတ်တမဲ့ကြည့်မိသည်။
သမီးလေးကသုံးနှစ်ပိုကြီးနေတာ နှမြောစရာ!
နောက်ဆုံး လီခိုင်၊ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့ကငြင်းခုံပြီး အရာမရောက်တော့။
လီခိုင်က ချင်လင်ကိုသာကြည့်ပြီးမေးလိုက်သည်_
"ညီလေးချင်... မင်းပြော.. ဘယ်သူနဲ့စေ့စပ်ချင်လဲ? တစ်ယောက်တော့ အရင်ဖြစ်ရမယ်''
ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့ကလည်း ချင်လင်ကိုကြည့်လိုက်သည်။
ချင်လင်ကမတတ်သာဘဲ အောင့်သက်သက်နှင့်_
"အစ်ကိုလီ.. ကျွန်တော်တို့က အမြင်ကျယ်တဲ့သူတွေလေ... ကလေးတွေသဘောကျမကျ ကြည့်ရမှာပေါ့... နောက်နောင် ကလေးတွေအတွန့်တက်မှာစိုးလို့ ကျွန်တော်ဆုံးဖြတ်မပေးနိုင်ဘူး!''
"အမှန်ပဲ! ကလေးတွေသဘောကျရင် ရပြီ''
လီခိုင်ကခေါင်းညိမ့်လိုက်သော်လည်း သူဆက်လုပ်သောအပြုအမူကြောင့် ချင်လင်ကြောင်သွားသည်။
သူကထန်ရှိုးဝမ်ဆီလျှောက်သွား၏။
ထန်ရှိုးဝမ်က သမီးငယ်လေးကိုပွေ့ထားပြီး သမီးကြီး(အရင်ယောက်ျားနဲ့ရ)က သမီးလေးငယ်ကိုဆော့မြူကစားနေသည်။ သမီးကြီးက SMA ဆေးစတုတ္ထအကြိမ်မြောက်ထိုးပြီး အခြေအနေကောင်းနေ၏။
SMA ရောဂါကဆေးမရှိတဲ့ရောဂါဖြစ်ပေမဲ့ စီနီယာအစ်ကိုလီကဒိုနာစီမြက်ရင်းပျိုးထောင်ပြီးနောက်ပိုင်း မကုနိုင်တဲ့ရောဂါမဟုတ်တော့။ စီနီယာအစ်ကိုလီကြောင့် သမီးကြီးက တရုတ်သိပ္ပံအကယ်ဒမီကအသစ်ထုတ်တဲ့ဆေးကို ဦးဦးဖျားဖျားသုံးရပြီး အတော်ပြန်ကောင်းလာသည်။
"ရှိုးဝမ်''
လီခိုင်က ထန်ရှိုးဝမ်ဆီလျှောက်သွားပြီး_
"ရှိုးဝမ်.. ကိုယ့်ကိုကလေးပေး''
ထန်ရှိုးဝမ်က လီခိုင်ဆီကလေးပေးလိုက်သည်။
လီခိုင်ကကလေးကို ကျောက်မိုချင်းနားချီလာပြီးနောက် ပတ်ပတ်လည်စူးစမ်းနေသောချင်ဖုန်းကိုစိုက်ကြည့်ကာ_
"ရှောင်ဖုန်းလေး... ကောင်မလေးမလိုချင်ဘူးလား? ငါမင်းကိုမိန်းမပေးမယ်... ငါ့သမီးလေးကိုဘယ်လိုထင်လဲ?''
သူကပြောရင်းဆိုရင်း သူ့သမီးကိုချင်ဖုန်းနားကပ်ပေးသည်။
သူ့ပုံစံကြောင့် ထန်ရှိုးဝမ်၊မိုချင်း၊လင်းလျိုတို့ကြောင်သွားသည်။
ဘာပဲဖြစ်ဖြစ် သူကပါမောက္ခ၊ နာမည်ကြီးပါမောက္ခလီခိုင်လေ။ သူကဒီလောက်စိတ်ဝင်စားစရာကောင်းမယ်လို့ဘယ်ထင်မလဲ?
ချင်လင် ကြောင်နေသည်။
အစ်ကိုလီကပြောသည်_
"ကလေးနှစ်ယောက်အတူတူရှိတာ ပျော်ဖို့ကောင်းတယ်''
လီခိုင်ပွေ့ထားသောသမီးလေးက ဝူးဝူးဝါးဝါးပြောသည်။ သာမန်ကလေးထက်ပိုဖွံ့ဖြိုးသောချင်ဖုန်းကလည်း ဝူးဝူးဝါးဝါးပြန်ပြော၏။ သမီးလေးလက်ကိုလှမ်းတောင်ဆုပ်ကိုင်လိုက်သည်။
လီခိုင်ကကြည့်ရင်း ရယ်ကာ_
"ဟား ဟား.. ညီလေးချင်.. မြင်တယ်နော်.. ချင်ဖုန်းလေးက ငါ့သမီးကိုသဘောကျလို့လက်ကိုင်ထားတာ... ဒီကိစ္စပြီးပြီ''
ကျွတ် ကျွတ်။ ချင်လင်မျက်နှာကိုလက်နှင့်သာအုပ်ထားလိုက်ချင်တော့သည်။ စောစောက ဒီသဘောလား?
အစ်ကိုလီက ဘာလို့သူ့သားကိုအလွတ်မပေးရတာလဲ? မွေးခါစလေးရှိသေးတာ။
"သော*က်... ဦးလေးကတကယ် အရူးကွက်တွေလုပ်နေတာ''
လီရှင်း ချက်ချင်းမျက်နှာပျက်သွားသည်။ သူကသူ့မိန်းမဆီလျှောက်သွားပြီး ကလေးကိုချီလာကာ ချင်ဖုန်းနားကပ်၍_
"ချင်ဖုန်းလေး.. ကြည့်.. ဒီမမက ပိုမလှဘူးလား?''
မွေးခါစလေးက လှမလှဘယ်သိမှာလဲ?
ကလေးတစ်ယောက်အနားရောက်လာပြီး ဝူးဝူးဝါးဝါးလာလုပ်တော့ ပျော်ပြီးဝူးဝူးဝါးဝါးပြန်လုပ်သည်။ လက်ကိုလည်း လှမ်းဆွဲသည်။
လီရှင်းကပြောစရာရသွားပြီး_
"ဦးလေး.. မြင်တယ်နော်? ချင်ဖုန်းလေးက ကျွန်တော့်သမီးပိုလှတယ်တဲ့... ဟာသတွေလျှောက်မလုပ်နဲ့''
တူဝရီးနှစ်ယောက်ကို ချန်ရှန်းဖေနဲ့မာလဲ့ဝမ်ကလည်း အလျှော့မပေးနိုင်။ သူတို့သမီးတွေချီပြီး ချင်ဖုန်းနားရောက်လာပြန်သည်။
ချင်လင် ပြောစရာစကားမရှိတော့။
လောင်ချန်တို့က ဘာလို့လိုက်လုပ်ကြတာလဲ? အသက်ပဲကြီးလှပြီ။
ပြီးတော့ သူ့သားကဘာမှမသိဘဲ လက်တွေလျှောက်ကိုင်နေတယ်။ အကုန်လိုချင်နေတာလား?
သော*က်ကလေး!
လီခိုင်၊ချန်ရှန်းဖေတို့ကြောင့် အမျိုးသမီးများ လုံးဝကြောင်နေသည်။
ဒါပေမဲ့ ကျောက်မိုချင်းဆန္ဒရှိရင် သူတို့စေ့စပ်ချင်ကြောင်း ထန်ရှိုးဝမ်တို့၊လင်းလျိုတို့ဝန်ခံရမည်။
ချင်ဖုန်းလေးကမျိုးရိုးကောင်းပြီး ချင်လင်နဲ့ကျောက်မိုချင်းရဲ့သွန်သင်ဆုံးမမှုကိုခံရမည်။ နောင်ကျ ထူးချွန်တဲ့သူသေချာပေါက်ဖြစ်လာမည်။
လင်းဖန်တစ်ယောက်သာ ဘေးမှကြည့်ပြီးပျော်နေသည်။ သူ့မြေးက မိန်းမမရမှာပူစရာမလိုတော့။ ရှေးခေတ်ကလိုသာဆို ဒီကလေးတွေအကုန်လုံးနဲ့လက်ဆက်ပေးလိုက်မည်။
လူကြီးက လောဘကြီးသေးသည်။ မြေးက သူ့မြေးကိုး။
ကောင်းယောင်ယောင်တို့က ကြည့်ရင်းအံ့ဩနေကြသည်။ သူဌေးလေးကို အားကျသူတွေပုံနေတော့မည်။ မွေးခါစလေးနဲ့ မိန်းမဆက်ခံရသတဲ့။
ဒီခေတ်ကြီးမှာ သူတို့အရွယ်တောင် တကိုယ်တည်းသမားတွေရှိသေးသည်။
"ယောင်ယောင်တို့ ရပ်မနေနဲ့လေ... စားဖိုဆောင်ထဲသွားစားကြတော့''
ကျောက်မိုချင်းက ယောင်ယောင်တို့ကိုမမေ့။
စားသောက်ပွဲစကတည်းက ကောင်းယောင်ယောင်တို့ကဧည့်ခံပြီး ရေတစ်စက်မှမသောက်ရသေး။
"ကောင်းပါပြီ အစ်မမိုချင်း''
ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီးစားဖိုဆောင်ထဲသွားသည်။ သို့ရာတွင် သူမကိုယ်စား စားပွဲထိုးနှစ်ယောက်ခေါ်ပြီးထားခဲ့သေးသည်။
သူမဧည့်ခန်းထဲမှထွက်လာသည့်အချိန်တွင် မြင်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွား၏။
ဧည့်ခန်းအပြင်တွင်ဖြာနေသောအလင်းရောင်က အလွန်လှသည်။ ပတ်ဝန်းကျင်က နတ်သမီးပုံပြင်ကမ္ဘာထဲရောက်သွားသလိုပင်။
တချို့အလင်းကတောက်ပြီး တချို့ကဖျော့တော့တော့လင်းနေသည်။ ထိုအလင်းရောင်အောက်တွင် စိတ်တည်ငြိမ်လာသလိုခံစားရသည်။
ရေအိုင်ထဲကလရိပ်လိုလို၊ ကြယ်များလင်းနေသလိုလို။
ပြောမပြတတ်အောင်ပင်။
ဘာပဲဖြစ်ဖြစ် အရမ်းလှသည်။
ပြီးတော့ အဲဒီလင်းနေတဲ့အရာက ပန်းအိုးထဲကနွယ်ပင်တဲ့။
သူဌေးစိုက်ထားတဲ့အပင်တွေပဲ။
ဒါပေမဲ့ အရင်ကဒီအပင်တွေ ဒီလောက်လှတဲ့အလင်းမထွက်ပါဘူး။
ဒီနေ့ ဘာလို့ရုတ်တရက်ကြီးထလင်းလာတာလဲ?
လင်းတာမှ တောက်တောက်ပပရော ဖျော့တော့တော့ရော?
မဖြစ်နိုင်တာ။