ညရှုခင်းက ပန်ဒိုရာထက်လှ! တစ်ယောက်သာ အမှန်သိ!
Vol. 73 Ch. 1088
နောက်ဆုံးအထိ လီခိုင်၊ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့က သားမက်ပြိုင်လုကြသည်။
ဘယ်သူမှမအောင်မြင်။
လီခိုင်က သူ့အကြံဖျက်သောလီရှင်း၊ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကိုမကြည်တော့။ သူတို့သုံးယောက်ကိုစောင်းမြောင်းနေသည်။
တော်ဝင်ပညာရှင်လီကရယ်ပြီး_
"သူဌေးချင်... ကြည့်ရတာ မင်းသားရဲ့အနာဂတ်ကတောက်ပနေတာပဲ... ထူးချွန်ပြီးအရည်အချင်းရှိလိမ့်မယ်... ရှေ့လျှောက် မင်းလုပ်ငန်းတွေကိုဆက်ခံနိုင်မှာသေချာတယ်''
"တော်ဝင်ပညာရှင်လီ... ဒီအကြောင်းပြောဖို့စောပါသေးတယ်... ကလေးကမွေးခါစရှိသေးတာ''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
ကျောက်မိုချင်းကသန္ဓေအားဆေးစွဲစားခဲ့သောကြောင့် သူ့သားကသာမန်ကလေးများထက်အတိုင်းအတာတစ်ခုအထိပိုသာနေသည်။
သူ့သားအနာဂတ်အတွက် သူစိတ်မပူ။ လမ်းမှားမလျှောက်ရင်၊ သူများကိုအနိုင်မကျင့်ရင်၊ မဟုတ်တာမလုပ်ရင် သူလုပ်ချင်တာလုပ်ခွင့်ပေးမည်။
တော်ဝင်ပညာရှင်လီကပြုံးပြီးခေါင်းညိမ့်သည်။ ထို့နောက် စကားလမ်းကြောင်းလွှဲပြီး လီခိုင်ကိုမေးသည်_
"ပါမောက္ခလီ... စပါးအသစ်ပျိုးထောင်တာဘယ်လိုလဲ?''
ချင်လင်ကနားထောင်ရင်း ချက်ချင်းဝင်ရှင်းပြလိုက်သည်_
"တော်ဝင်ပညာရှင်လီသိတဲ့အတိုင်းပဲ... အစ်ကိုလီရဲ့စပါးပင်ကအံ့ဩစရာကောင်းတယ်... ပင်စည်ကတုတ်ပြီး ပြောင်းပင်ထက်ပိုရှည်တယ်... ပြီးတော့ အနှံပြည့်နေပြီ''
ဒါအစ်ကိုလီအတွက်ပြင်ဆင်ထားသော အကြီးဆုံးအိုးမည်းပင်။
အရင်တစ်ခါ အစ်ကိုလီက သူ့ကိုနောက်ကျောဓားနှင့်ထိုးခဲ့သည်။ အခု ပျိုးထောင်တာအစ်ကိုလီဖြစ်ကြောင်း သူသက်သေပြရမည်။
"ပြောင်းပင်ထက်ပိုရှည်ပြီး ပင်စည်ကပိုတုတ်တယ်?''
ရုတ်တရက် တော်ဝင်ပညာရှင်လီကတစ်ခုခုတွေးမိပြီး_
"ဒါဆို အဲဒီစပါးက လက်ရှိစပါးတွေထက်အထွက်တိုးမှာပေါ့... စပါးပင်အောက်မှာလေညှင်းခံမယ်ဆိုတဲ့စီနီယာယွမ်ရဲ့အိပ်မက်က အကောင်အထည်ပေါ်တော့မှာပေါ့?''
ထိုစကားကြောင့် လီခိုင်လန့်သွားပြီး_
"ဟယ်ရှားအိပ်မက်''
ဒီအဓိပ္ပါယ်ကိုသူနားလည်သည်။ ဒါပေမဲ့ စပါးအသစ်ကထင်တဲ့အတိုင်းဖြစ်လာပြီး သူ့နာမည်ထွက်နေမှာစိုးသည်။
ဒါ အောင့်သီးအောင့်သက်ဖြစ်ရမှာ။
ကျေးဇူးပြုပြီး အများကြီးမထွက်လိုက်ပါနဲ့။
ထိုအချိန်တွင် ကောင်းယောင်ယောင်ကအလောတကြီးဝင်လာပြီးအစီရင်ခံသည်_
"သူဌေး... သူဌေးစိုက်ထားတဲ့နွယ်ပင်တွေက တစ်ခုခုဖြစ်နေပြီ... အရောင်တွေထွက်နေတာ''
သူမစကားကြောင့် စားပွဲတွင်ထိုင်နေသူအားလုံးစိတ်ဝင်စားသွားသည်။
အထူးသဖြင့် တော်ဝင်ပညာရှင်လီပင်။
အဲဒီနွယ်ပင်တွေကို တောင်ကြားထဲမှချင်လင်ယူလာပြီးစိုက်ထားမှန်း သူသိသည်။
အရင်က အကြီးမြန်ရုံကလွဲပြီး ဘာမှထူးထူးခြားခြားမရှိဟုသူထင်ခဲ့သည်။
အခုတော့ နွယ်ပင်တွေကအရောင်ထွက်တယ်ဆိုပါလား?
ဘာဖြစ်နေလဲ ချင်လင်သဘောပေါက်သည်။
မျိုးပြောင်းအာကာသနွယ်အတော်အတန်ကြီးလာပြီး အာနိသင်ပြည့်စုံလာသောကြောင့် ညဘက်အရောင်ထွက်တာဖြစ်မည်။
ဒီလိုအချိန်မှထွက်လာမည်ဟုမထင်မိ။
တိုက်ဆိုင်လိုက်တာ။
တော်ဝင်ပညာရှင်လီက ချက်ချင်းထလျှောက်သွားသည်။ နွယ်ပင်အရောင်ထွက်တာ အကြောင်းရင်းရှိမှန်းသူသိသည်။ တောင်ကြားထဲကျတဲ့ဥက္ကာခဲကြောင့်ဖြစ်မည်။
ချင်လင်လည်းထပြီးလိုက်လာသည်။
လီခိုင်၊ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့လည်း လိုက်စပ်စုကြ၏။
စားဝိုင်းတွင်လှုပ်လှုပ်ရွရွဖြစ်သွားသောကြောင့် ကျောက်မိုချင်း၊ထန်ရှိုးဝမ်၊လင်းလျိုတို့လည်းစိတ်ဝင်စားသွားသည်။ သူတို့လည်းကလေးချီပြီး ဧည့်ခန်းအပြင်ထွက်လာကြ၏။
တော်ဝင်ပညာရှင်လီက ဧည့်ခန်းမှထွက်ထွက်ချင်း အပြင်မှာနတ်သမီးပုံပြင်မြင်ကွင်းကိုမြင်လိုက်ရသလိုပင်။
ပန်းအိုးထဲမှနွယ်ပင်များကတောက်ပပြီး ပတ်ဝန်းကျင်ကိုအရောင်ဟပ်နေသည်။ နွယ်ပင်များကိုယ်တိုင်က ကျောက်စိမ်းတုံးလိုတောက်နေ၏။ လှလှပပထင်ထင်ရှားရှားပင်။
"ညီလေးချင်... ဒီနွယ်ပင်တွေက မင်းပျိုးထောင်ထားတာလား?''
လီခိုင်ကလျှောက်လာပြီးမေးသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာသူမပါ၊ သူခေါင်းမခံနိုင်။
"ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး''
ချင်လင်က အလောတကြီးရှင်းပြသည်_ ''တော်ဝင်ပညာရှင်လီနဲ့ အနောက်ဘက်တောင်ကြားသွားပြီး မျိုးစေ့နည်းနည်း စိုက်ဖို့ကောက်လာတာပါ''
ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်လီသက်သေရှိသည်။ မျိုးပြောင်းအာကာသနွယ်ပင်ကိုတောင်ကြားထဲမှရခဲ့သည်။
ဒါကိုပိရိအောင် ရှောင်ဝူကိုဥက္ကာခဲပစ်ခိုင်းလိုက်တာ အကျိုးရှိသည်။
"လှလိုက်တာ.. ချင်လင်.. ဒီနွယ်ပင်တွေက ဘာလို့ရုတ်တရက်ကြီးလင်းလာတာလဲ?''
ကျောက်မိုချင်းက ချင်ဖုန်းလေးပွေ့ပြီးလျှောက်လာရာ မြင်ရသောမြင်ကွင်းကြောင့်အံ့ဩသွားသည်။
လင်းလျို၊ထန်ရှိုးဝမ်တို့လည်း တအံ့တဩခေါင်းညိမ့်လိုက်ကြသည်။
အရင်က ဒီလိုအလင်းထွက်တာမျိုးမမြင်ဖူး၍မဟုတ်။ တချို့ရှုမျှော်ခင်းနေရာများက ဒီလိုအလင်းထွက်အောင် အပင်ပုံစံ၊ရောင်ပြန်ပုံစံဖန်တီးကြသော်လည်း သူတို့မြင်နေရသောအလင်းနှင့်မယှဉ်နိုင်။
သဘာဝအတိုင်းနတ်သမီးပုံပြင်မြင်ကွင်းကို ဖန်တီးထားသောအလင်းများမယှဉ်နိုင်ပေ။
တချက်ကြည့်ရုံနှင့်အလွန်လှပြီး မီးချောင်းအလင်းများမယှဉ်နိုင်သောခံစားချက်မျိုးရသည်။
သို့ရာတွင် အမျိုးသမီးများက အလင်းရောင်နားမကပ်ရဲကြ။
အခြေအနေသေချာမသိသေးခင် ဒီလိုဖြာထွက်နေတာမျိုးကိုစိုးရိမ်သည်။ ကလေးတွေထိခိုက်သွားရင်မကောင်း။
မိခင်စိုးရိမ်စိတ်ပင်။
ချင်လင်က မျိုးပြောင်းအာကာသနွယ်ဘာကြောင့်လင်းမှန်းသိသော်လည်း ကျောက်မိုချင်းအမေးကိုရှင်းပြလိုက်သေးသည်_
"လောလောဆယ်တော့ ဘာကြောင့်မှန်းမသိဘူး... တောင်ကြားထဲမှာကျတဲ့ဥက္ကာခဲကြောင့် တစ်ခုခုပြောင်းလဲသွားတာဖြစ်မယ်''
"သူဌေးချင်''
တော်ဝင်ပညာရှင်လီကပြောသည်_
"ဒီလိုဆိုရင် တောင်ကြားမှာတခြားနွယ်ပင်တွေရှိဦးမှာပေါ့... အခုမှမျိုးပြောင်းတာမဖြစ်နိုင်ဘူး... ငါတို့မတွေ့သေးတာဖြစ်မယ်''
"အင်း! အဲလိုဖြစ်မယ်''
ချင်လင် ခေါင်းညိမ့်သည်။ သူတောင်ကြားထဲမှာချခဲ့သောမျိုးစေ့များကိုသတိရပြီး 'တော်သေးတာပေါ့'ဟုတွေးမိသည်။
ဟိုမှာမချခဲ့ဘဲ ဒီမှာပဲစိုက်ထားရင် လုပ်ကြံပြောဖို့နည်းနည်းခက်ဦးမည်။
တော်ဝင်ပညာရှင်လီကဖုန်းထုတ်ပြီး ခေါင်းဆောင်ထန်ကိုဆက်သည်_
"ခေါင်းဆောင်ထန်... အခု တောင်ပေါ်မှာမရှိဘူး ဟုတ်လား?''
"ကျွန်တော်အခုပဲ ရွက်လွှင့်ပရောဂျက်မှာရေချိုးလာတာ''
ခေါင်းဆောင်ထန်ကဖြေသည်_
"စံအိမ်စားသောက်ဆိုင်မှာသွားစားမလို့''