Chapters

ညရှုခင်းက ပန်ဒိုရာထက်လှ! တစ်ယောက်သာ အမှန်သိ! ၃

Vol. 73 Ch. 1090

ညရှုခင်းက ပန်ဒိုရာထက်လှ! တစ်ယောက်သာ အမှန်သိ! ၃

Vol. 73 Ch. 1090

ဒါပေမဲ့ စဉ်းစားကြည့်မှ ရှေးခေတ်ကား၊ ရှန်းရှ၊ စိတ်ကူးယဉ်၊ TV ဇာတ်လမ်းတွေအများကြီးပဲ။ တောင်ပေါ်ထူးထူးခြားခြားနေရာတွေမှာ ဇာတ်ကွက်ပုံစံနည်းနည်းဆောက်ထားရင် တကယ့်ကမ္ဘာကိုတွေ့နိုင်သည်။

ဥပမာ တောင်ကြားကို မျိုးပြောင်းအာကာသနွယ် များစိုက်ပြီးဇာတ်ကွက်ဆင်နိုင်သည်။

သုံးဘဝသုံးကမ္ဘာလိုရှန်းရှစီးရီးများကို ဒီလိုတောင်ကြားမှာရိုက်ကြသည်။

အချိန်ကျရင် သူနဲ့ဘာယှဉ်နိုင်မလဲ?

ဒီလိုနတ်သမီးပုံပြင်လိုနေရာမျိုးကို လူတွေသေချာပေါက်လာရိုက်ကြမှာမလား?

ဒီမှာလာရိုက်ရင် ရိုက်ကူးရေးအတွက်နေရာထပ်ထည့်ရမည်။

TV စီးရီးရိုက်ကူးရေးအပြီး ခရီးသည်တွေကိုဖွင့်ပေးလိုက်ရင် ပေါ်ပင်လိုက်အရူးထကုန်မည်။

တောင်တက်လမ်းနှစ်လမ်းထပ်ဖွင့်ပေးဖို့သာလို၏။ မဟုတ်ရင် ရုပ်ရှင်လာရိုက်တာနှင့် ခရီးသည်တွေအုတ်အုတ်ကျက်ကျက်ဖြစ်ကုန်မည်။

ကျောက်မိုချင်းက နည်းနည်းစိုးရိမ်သံနှင့်_

"ယောက်ျား.. မေးစရာရှိသေးတယ်... ဒီနွယ်ပင်တွေက အန္တရာယ်ရှိလား? အထူးသဖြင့် အလင်းရောင်ပေါ့... ရောင်ခြည်တွေဘာတွေပါလား?''

မျိုးပြောင်းအာကာသနွယ်ကအန္တရာယ်မရှိကြောင်း ချင်လင်သိထားသည်။ မှတ်ချက်မှာ အန္တရာယ်မရှိဟုဖော်ပြထား၏။

သို့ရာတွင် ဘာမှမစမ်းသပ်ရသေးသောကြောင့် သူတန်းမပြောနိုင်။ မဟုတ်ရင် သေချာလှချည်လားဟုသံသယအဝင်ခံရနိုင်သည်။

"ညီလေးချင်.. စမ်းသပ်ဖို့က ငါ့တာဝန်ထား... ငါဓာတ်ခွဲခန်းကလူတွေကို အချိန်ပိုဆင်းခိုင်းမယ်... သိပ်မကြာပါဘူး''

လီခိုင်ကပြုံးပြုံးနှင့် တာဝန်ယူလိုက်သည်။ ထို့နောက် ချင်းလင်ဓာတ်ခွဲခန်းကိုဖုန်းဆက်ပြီး နွယ်ပင်နှစ်အိုးနှင့်ခွက်များပို့ခိုင်းသည်။

နွယ်ပင်ကဥက္ကာခဲကြောင့်မျိုးပြောင်းထားတယ်ဆိုမှတော့ သူမပေါ့ဆရဲ။

ချင်းလင်ဓာတ်ခွဲခန်းက နွယ်ပင်လာပို့သောအခါ တော်ဝင်ပညာရှင်လီလည်းလိုက်ပြီး_

"ငါလိုက်ကြည့်မယ်!''

နွယ်ပင်က ဥက္ကာခဲကြောင့်မျိုးပြောင်းမှတော့ အာကာသဓာတ်တွေသက်ရောက်တဲ့မျိုးစိတ်ပါရမည်။ ဒါကသက်သေလည်းဟုတ်သည်။ အကယ်ဒမီကသိပြီးသားအချက်အလက်ကိုသုံးပြီး ဘာဥက္ကာခဲအမျိုးအစားလဲကောက်ချက်ချရင်ချနိုင်မည်။

ချင်းလင်ဓာတ်ခွဲခန်းက တကယ်မြန်သည်။

နှစ်ရက်ကြာပြီးနောက် ချင်လင်ကရုံးခန်းမှာ ဂိမ်းဇာတ်ကောင်အားနေ့စဉ်တာဝန်များလုပ်ခိုင်းနေစဉ် တော်ဝင်ပညာရှင်လီနှင့်လီခိုင်ရောက်လာသည်။

တော်ဝင်ပညာရှင်လီက ဝင်လာသည်နှင့်ဂုဏ်ပြုသည်_

"သူဌေးချင် ဂုဏ်ယူပါတယ်... နွယ်ပင်ကိုစမ်းသပ်ကြည့်တာ အန္တရာယ်မရှိဘူး... မင်းပျိုးထောင်ပြီးကြော်ငြာလို့ရတယ်... ဒီတစ်ခါ ပစ္စည်းကောင်းရလိုက်တာပဲ''

ချင်လင်ကသိပြီးသော်လည်း ဝမ်းသာဟန်ဆောင်ကာ_

"တော်ဝင်ပညာရှင်လီ.. ဥက္ကာခဲထက်ပိုကောင်းနိုင်ပါ့မလား?''

တော်ဝင်ပညာရှင်လီကရယ်လိုက်ပြီး_

"အမှန်ပဲ.. ဒါပေမဲ့ မျိုးပြောင်းနွယ်ပင်က အာကာသဓာတ်နဲ့တူတယ်... ဘယ်လိုဥက္ကာခဲအမျိုးအစားလဲဆိုတာ အကြမ်းဖျင်းခန့်မှန်းလို့ရတယ်''

"နောက်ပြီး ရှေ့လျှောက် ဒီမှတ်တမ်းကနေ တခြားနေရာတွေက သင်ယူစရာရှိလာမယ်''

"ဒီအချက်အလက်တွေကို ငါမှတ်တမ်းတင်ထားမယ်... ဒါမှမဟုတ် ပုံနှိပ်ရင်လည်းနှိပ်မယ်... ပြီးရင် တရုတ်သိပ္ပံအကယ်ဒမီက အတွင်းရေးအချက်အလက်စာကြည့်တိုက်မှာစုဆောင်းထားမယ်''

ထိုစကားကြောင့် ချင်လင်ပါးစပ်အဟောင်းသားဖြစ်ပြီးမျက်နှာထားပြောင်းသွားသည်။

ဥက္ကာခဲသော်လည်းကောင်း၊ မျိုးပြောင်းအာကာသနွယ်သော်လည်းကောင်း၊ ဥက္ကာခဲနှင့်ဘာမှမဆိုင်ကြောင်း တော်ဝင်ပညာရှင်လီမသိချေ။

တော်ဝင်ပညာရှင်လီကရေးပြီး တရုတ်သိပ္ပံအကယ်ဒမီစာကြည့်တိုက်မှာထားမည်တဲ့။

ဒါသိပ္ပံသုတေသနသမိုင်းမှာ အကြီးမားဆုံးရိုက်ခတ်မှုတစ်ခုဖြစ်လာမည်။

ဒါပေမဲ့ အဖြစ်မှန်ဘယ်တော့မှပေါ်မှာမဟုတ်။

အမှန်ကိုသိသူက သူတစ်ယောက်သာရှိသည်။

နောက်ပြီး နွယ်ပင်ဖြစ်လာပုံကိုလည်းအတည်ပြုပြီးကြပြီ။

တော်ဝင်ပညာရှင်လီက အကောင်းဆုံးသက်သေပင်။