ချင်းလင်အပန်းဖြေစံအိမ်ကိုဘယ်သူမှမငြင်းနိုင်!
Vol. 73 Ch. 1091
ချင်လင်၊တော်ဝင်ပညာရှင်လီနှင့်လီခိုင်တို့က ခဏစကားပြောကြသည်။ သူတို့နှစ်ဦးပြန်သွားသောအခါ ကျောက်မိုချင်းကိုရလဒ်အကြောင်းပြောပြသည်။
ခေါင်းဆောင်ထန်ဗီဒီယိုကိုကြည့်ပြီး ကျောက်မိုချင်းအရမ်းစိတ်ဝင်စားနေသည်။ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း၊နတ်သမီးပုံပြင်မြင်ကွင်းက အရမ်းလှမည်။
ထို့ကြောင့် အဖြေရရချင်း သူမကိုပြောပြဖို့မှာထားသည်။
နွယ်ပင်များကအန္တရာယ်မရှိကြောင်း ကျောက်မိုချင်းသိပြီးနောက် လင်းလန်ဇီကိုပါ ချင်လင်ရုံးခန်းထဲခေါ်လိုက်သည်။
"ဥက္ကဌချင် မိုချင်း!''
လင်းလန်ဇီ အမြန်ရောက်လာသည်။
"အစ်မလန်ဇီ... ဒီဗီဒီယိုအရင်ကြည့်လိုက်ပါဦး!''
ကျောက်မိုချင်းက ခေါင်းဆောင်ထန်ဗီဒီယိုကို လင်းလန်ဇီအားဖွင့်ပြလိုက်သည်။
"မိုချင်း... ဒီဗီဒီယိုထဲကဘာလဲ? လှလိုက်တာ''
လင်းလန်ဇီ ချက်ချင်းစိတ်ဝင်စားသွားသည်။ ဒါပေမဲ့ ဗီဒီယိုက ဖန်တီးထားတာမလား?
မဟုတ်ရင် အလင်းရောင်က ဒီလောက်အံ့ဩစရာကောင်းမှာမဟုတ်။
"အဲဒါနွယ်ပင်တစ်မျိုးလေ... ညပိုင်း အလင်းရောင်ထွက်နိုင်တယ်... ပြီးတော့ သူ့အလင်းက ပတ်ဝန်းကျင်ကိုရောင်ပြန်ဟပ်နိုင်တယ်''
ကျောက်မိုချင်းက တန်းရှင်းပြသည်။
"ဒါကိုပန်းအိမ်မှာသုံးရင် ပိုအံ့ဩစရာကောင်းလိမ့်မယ်... ပြီးတော့ တောင်ပေါ်မှာဒီနွယ်ပင်စိုက်ဖို့စီစဉ်ထားတယ်... အဲဒါကြောင့် အစ်မလန်ဇီဖွံ့ဖြိုးရေးအစီအစဉ်အသစ်ဆွဲရမယ်''
ဒီနွယ်ပင်တွေကိုတောင်ပေါ်မှာစိုက်ရင် စိုက်ရုံတင်မဖြစ်နိုင်။
ဘာပဲဖြစ်ဖြစ် အရင်ဖွံ့ဖြိုးရေးမှာတောင်ထိပ်တက်လမ်းသာပါသည်။ တောင်တက်လမ်းတဖက်တချက်မှာ ဒီနွယ်ပင်တွေစိုက်ရင်တောင် အံ့ဩစရာ။
တောင်ပေါ်အနှံ့စိုက်ရန်လည်း စီစဉ်ထားသည်။
ဒီလိုဆို တစ်တောင်လုံးဖွံ့ဖြိုးလာလိမ့်မည်။
အနည်းဆုံးတော့ တောင်ပေါ်မှာလူလျှောက်လမ်းနည်းနည်းရှိရမည်။ ကျောက်ချောလမ်း ဒါမှမဟုတ် ကွန်ကရစ်လမ်းတဖက်တချက်တွင် လှေကားလက်ရန်းများပါရမည်။ ဘာပဲဖြစ်ဖြစ် တောင်တက်လမ်းဖြစ်သောကြောင့်ပင်။
ဒီပွဲက ညပွဲဖြစ်မည်။
လမ်းတဖက်တချက်တွင် အင်းဆက်၊မြွေပါးကင်းပါး၊မီးဘေးကာကွယ်သောပစ္စည်းများလည်းထားရမည်။
တကယ်တော့ အဆင်ပြေသောနေရာတွင် ရွက်ဖျင်တဲထိုးပြီးတောင် စခန်းချနိုင်သည်။
အခုပုံမှန်အခြေအနေအရ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ ခရီးသည် ၄၀၀၀၀ ကျော်ပြီး ဒီပမာဏကလည်း အရေအတွက်ကန့်သတ်ထားသောကြောင့်ပင်။
တောင်တန်းစံအိမ်မှလက်ခံနိုင်သောအရေအတွက်က အကန့်အသတ်ရှိနေသည်။ ရုံချန်းကိုလာသောခရီးသည်လည်းပိုများလာ၏။
လက်မှတ်ဝယ်မရသူခရီးသည်အများစုက ရုံချန်းမှာပဲနေပြီး လမ်းဘေးစျေးဆိုင်များပတ်ကာ တခြားရှုမျှော်ခင်းနေရာများကိုသွားကြသည်။
ရုံချန်းရှုမျှော်ခင်းနေရာများက အကျိုးခံစားခွင့်ရသည်ဟုဆိုနိုင်သည်။
အရင်က ချင်းလင်စံအိမ်မရှိသေး။ ရုံချန်း၏အဓိကရှုမျှော်ခင်းနေရာများတွင် နေ့စဉ်ငါးကြီး၊ငါးသေးတချို့သာရှိသည်။ အခု အခြေအနေအဆိုးဆုံးနေရာတောင် နေ့စဉ်လူရာချီရှိပြီး အလွန်ဆုံးထောင်ချီရှိတတ်သည်။
ဒီအတွက် စီရင်စုက ထိုရှုမျှော်ခင်းနေရာများပြန်လည်ပြင်ဆင်ရန်၊ဖွံ့ဖြိုးရန်အတွက် ရံပုံငွေအကြိမ်ကြိမ်ချထားပေးခဲ့သည်။ အရမ်းရှက်စရာကောင်းအောင်စုတ်ပြတ်နေလို့မဖြစ်။
ထို့ကြောင့် ရုံချန်းယဉ်ကျေးမှုများကောင်းကောင်းပြန့်နှံ့လာသည်။
အနည်းဆုံးတော့ အိမ်ဟောင်းနံရံဆေးရေးပန်းချီ၊ ကျူးရှီလက်ရာ၊ တုံးကုံးရှင်းစု၊ ယွင်ချန်ခန်းမ၊ ရှင်းဖန်ရှစ်ကွက်တို့ကို အတော်များများသိလာကြသည်။
ရုံချန်း၏ဝါးပန်းပု၊ တို့ဖူးနှင့် သကြားသမိုင်းအကြောင်းလည်းသိကြသည်။
ရှုမျှော်ခင်းနေရာမှတဆင့် ရုံချန်းယဉ်ကျေးမှုကိုပြန့်နှံ့စေသည့်နည်းဟူသမျှကောင်းသည်ချည်း။
ရုံချန်းခရိုင်အသစ်တွင် ဟိုတယ်အသစ်များဆောက်ထား၍ ရုံချန်းတွင်တည်းခိုစရာများ၊ဟိုတယ်များပေါလာသော်လည်း ခရီးသည်များလွန်းသောကြောင့်တည်းခိုရန်မလုံလောက်သေး။
ချင်းလင်စံအိမ်မှာ သတို့သမီးခန်းနှင့်ရွက်ဖျင်တဲသာရှိသည်။
တောင်ပေါ်ပန်းအိမ်ပြီးရင် နေရာနည်းနည်းထပ်ရမည်။ ခရီးသည်အရေအတွက်နှင့်ယှဉ်ရင်မလောက်သေး။
နောက်ပြီး လိုင်းပေါ်တွင်ပန်းအိမ်မျိုးစေ့တန်ဖိုးကယွမ် ၁၀ သန်းကျော်နေပြီ။ တနည်းပြောရရင် ဒီပန်းအိမ်က ပထမတန်းစားအိမ်နှင့်မကွာတော့။
ထို့ကြောင့် တောင်ပေါ်မှာပန်းအိမ်အများကြီးဆောက်ဖို့မဖြစ်နိုင်။
ဘာပဲဖြစ်ဖြစ် အပြင်မှာပန်းအိမ်တန်ဖိုးက မိုးပေါ်မြှောက်နေသည်။ စံအိမ်ကလည်း အများကြီးမရှိကြောင်းကြေညာထားပြီ။ တောင်ပေါ်မှာအများကြီးစိုက်လိုက်ရင် ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်သလိုပင်။ ပန်းအိမ်တန်ဖိုးလည်း ထိုးကျသွားနိုင်သည်။
ဒီတော့ ခရီးသည်အရေအတွက်နှင့်ကာမိအောင် တောင်ပေါ်မှာ ရွက်ဖျင်တဲနှင့်တည်းခိုစရာထပ်ဆောက်ရင်ကောင်းမည်။
ဥပမာ ဗီဒီယိုထဲကတောင်ကြားကို ရွက်ဖျင်တဲစခန်းချဖို့အသုံးချနိုင်သည်။
တောင်ကြားတစ်ခုလုံးကို မျိုးပြောင်းနွယ်ပင်များအလှဆင်လိုက်ရင် နတ်သမီးပုံပြင်နှင့်တူသွားမည်။ ခရီးသည်တွေအလုအယက်လာနေကြမည်။
တောင်ကြားတွင်ရုပ်ရှင်ရိုက်ကွင်းဆောက်မည့်အစီအစဉ်ကိုမူ နှစ်ရက်လောက်စဉ်းစားပြီးမှလက်လျှော့လိုက်၏။
အရင်နှစ်ရက်က လိုင်းပေါ်မှာသတင်းဆိုးများတွေ့သောကြောင့်ပင်။
ဥပမာ ရုပ်ရှင်ရိုက်ကွင်းတချို့က ပတ်ဝန်းကျင်ကိုပျက်စီးစေသည်ဆိုတာမျိုး။
ဒါမှမဟုတ် ရုပ်ရှင်ရိုက်ကွင်းက ရှုမျှော်ခင်းနေရာကိုဖျက်သည်ဆိုတာမျိုးပင်။
တချို့နာမည်ကြီးဆယ်လီများကြောင့်ဖြစ်သောအသေးအဖွဲပြဿနာများလည်း တပုံကြီးရှိသည်။
ထို့ကြောင့် နည်းနည်းစိတ်မတင်မကျဖြစ်၍ ရိုက်ကွင်းဆောက်ပြီးဒုက္ခမရှာချင်တော့။
ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီအဖို့ ဘယ်ရိုက်ကွင်း၊သရုပ်ဆောင်နှင့်မဆိုပတ်သက်ဖို့လွယ်သော်လည်း စိတ်ပျက်စရာတွေမဖြစ်ချင်။
ဒီတော့ ဒါမျိုးတွေမဖြစ်အောင် ချင်လင်နှင့်တိုင်ပင်ပြီး ရိုက်ကွင်းအစား ရွက်ဖျင်တဲနှင့်တည်းခိုစရာများဆောက်ရန်အစီအစဉ်ပြောင်းလိုက်သည်။
'သဘာဝမှာစခန်းချပြီး နတ်သမီးကမ္ဘာကိုခံစားပါ'ဟုတောင် ကြော်ငြာနိုင်သည်။
ကျောက်မိုချင်းက လင်းလန်ဇီကိုသူမအတွေးများပြောပြရာ လင်းလန်ဇီကထောက်ခံ၊အကြံပေးသည်။
နောက်ဆုံး နှစ်ယောက်သားပြောရင်းပြောရင်း ပျော်ရွှင်တက်ကြွလာ၏။
ရှုမျှော်ခင်းပရောဂျက်အကြောင်းပြောနေသည်နှင့်မတူတော့ဘဲ သူတို့တောင့်တနေသောစိတ်ကူးယဉ်ကမ္ဘာအကြောင်းပြောနေရသလိုပင်။
ကျောက်မိုချင်းကပြောလေလေ အလုပ်အောင်မြင်သလိုခံစားရလေလေဖြစ်လာသည်။