ချင်းလင်အပန်းဖြေစံအိမ်ကိုဘယ်သူမှမငြင်းနိုင်! ၃
Vol. 73 Ch. 1093
လင်းလန်ဇီက စံအိမ်ပြန်လာပြီး ဒီဇိုင်းချရန်လူခေါ်လိုက်သည်။ ထို့နောက် စာဖိုင်တစ်ခုကိုင်ပြီး ချင်လင်ရုံးခန်းထဲလာ၏။
"ဥက္ကဌချင်... ဒီစာဖိုင်လေးလက်မှတ်ထိုးပေးပါဦး''
လင်းလန်ဇီက ချင်လင်ကိုစာဖိုင်ပေးလိုက်သည်။
ပန်းအိမ်မျိုးစေ့မဲနှိုက်မည့်အကြောင်းပင်။
ပရိသတ်များမဲပေးရွေးချယ်ထားသောထိပ်ဆုံးဒီဇိုင်း ၅ ခုကိုရွေးမည်။
မဲပေးသောပရိသတ်များကိုပန်းအိမ်မျိုးစေ့ပေးမည်ဟူသောသူ့ကတိကိုလည်းတည်ရမည်။
ဒီဇိုင်း ၅ ခုကိုမဲပေးထားသောပရိသတ်ထဲမှနှစ်ယောက်ကိုမဲဖောက်ပေးမည်။
မဲနှိုက်အစီအစဉ်ကို live လွှင့်ပြီး ကျပန်းစနစ်နှင့်မဲနှိုက်မည်။
ချင်လင်ကစာဖိုင်အကြောင်းအရာဖတ်ပြီးမေးလိုက်သည်_
"လိုင်းပေါ်မှာ ပန်းအိမ်မျိုးစေ့တန်ဖိုးက ယွမ် ၁၀ သန်းရောက်နေပြီ... live လွှင့်ပြီးမဲနှိုက်ရင် စာချုပ်စာတမ်းရှေ့နေရှိလား?''
လင်းလန်ဇီကခေါင်းညိမ့်ပြီး_
"မြို့တော်ရှေ့နေကိုမေးပြီးပါပြီ... မဲပေါက်တဲ့သူက ချင်းလင်စံအိမ်ကိုကိုယ်တိုင်လာယူရပါမယ်... ဒါပစ္စည်းလွှဲအပ်တဲ့အတွင်းမှာပြဿနာတစုံတရာမရှိအောင်ကာကွယ်ဖို့ပါ''
“အင်း!”
ချင်လင်ကခေါင်းညိမ့်ပြီး သူ့နာမည်လက်မှတ်ထိုးလိုက်သည်။
လင်းလန်ဇီကရုံးခန်းမှထွက်ပြီး ချင်းလင်စံအိမ်ပြန်လာသည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ live လွှင့်ခိုင်းရမည်။
တချိန်တည်းမှာ_
တဖက်တွင် လင်းဟန်ကလည်း သူမအဆောင်ပြန်လာပြီး လိပ်စာစာအုပ်လှန်လှောကြည့်ကာ ဖုန်းဆက်လိုက်၏။
ဒီတစ်ယောက်က သူမအသိထဲတွင်အထူးချွန်ဆုံးတစ်ယောက်ပင်။ လိုက်လျောညီထွေသောဒီဇိုင်းကိုဖန်တီးနိုင်ပြီး လုပ်နိုင်စွမ်းအရှိဆုံးသူဖြစ်သည်။ အခု နာမည်ကြီးဒီဇိုင်းကုမ္ပဏီတစ်ခုမှာစီးပွားဖက်ဖြစ်နေပြီ။
ဖုန်းဝင်ဝင်ချင်း တဖက်မှနားထောင်ကောင်းသောအမျိုးသားအသံထွက်လာသည်_
"လင်းဟန်... ဖုန်းဆက်ချိန်ရှိသေးတယ်လား? တလောက မင်းဒီဇိုင်းနာမည်ကြီးနေတာတွေ့ပါတယ်''
"စီနီယာအစ်ကိုဝူ... ရှင့်ကိုပရောဂျက်တစ်ခုမှာပါဖို့ဖိတ်ချင်လို့ပါ''
လင်းဟန်က တန်းပြောလိုက်သည်။
သူမစကားကြောင့် တဖက်ကခဏအသံတိတ်သွားပြီးမှ_
"လင်းဟန်... မင်းရဲ့ပရောဂျက်မှာမပါချင်လို့မဟုတ်ပါဘူး... ငါ့မှာဒီဇိုင်းဆွဲဖို့ပရောဂျက်ကြီးတွေရှိသေးတယ်''
စီနီယာအစ်ကိုက ယဉ်ယဉ်ကျေးကျေးငြင်းနေမှန်း လင်းဟန်သိသည်။ ဘာပဲဖြစ်ဖြစ် သူ့ဒီဇိုင်းကုမ္ပဏီက ပရောဂျက်ကြီးများကိုင်ထားရသည်။
"ဒါက ချင်းလင်စံအိမ်ရဲ့ပန်းအိမ်ပရောဂျက်အသစ်ပါ... တောင်ပေါ်မှာဆောက်မှာ''
သူမက အသံငြိမ်ငြိမ်နှင့်ပြောလိုက်သည်။
"ငါပါမယ်!''
စီနီယာအစ်ကိုဝူအသံ ချက်ချင်းလိုလိုထွက်လာပြီး_
"လင်းဟန်.. အဲဒီပရောဂျက်မှာ ငါ့ကိုထည့်ရမယ်... ငါအခုချက်ချင်းလာနိုင်တယ်''
ဟာသပဲ။ ချင်းလင်စံအိမ်ပရောဂျက်တဲ့။
ချင်းလင်စံအိမ်ပရောဂျက်တိုင်းက ပေါက်နေတာ။ ချင်းလင်စံအိမ်မှာဒီဇိုင်းဆွဲချင်သူတွေမှအများကြီး။ ချင်းလင်စံအိမ်ပရောဂျက်နာမည်ကြီးလာရင် ဒီဒီဇိုင်းကိုသူတို့ဆွဲထားကြောင်းကြော်ငြာနိုင်ပြီ။
ဒါ အသက်ဝင်နေတဲ့ဆိုင်းဘုတ်လည်းဟုတ်သည်။
ပြီးတော့ ပန်းအိမ်အကြောင်းသူသိသည်။
ဒါက အချက်အလက်စီးဆင်းမှုပင်။
တောင်ပေါ်ပန်းအိမ်ပရောဂျက်ဆိုတာနှင့်တင် နာမည်ကြီးဖို့သေချာနေပြီ။
"စီနီယာအစ်ကိုဝူ.. ရှင့်မှာပရောဂျက်ရှိတယ်ဆို? ရှင့်ပရောဂျက်ကိုပစ်ထားပြီး ဒီလာလို့ဖြစ်ပါ့မလား?''
လင်းဟန်က စနောက်ပြီးပြောသည်။
"ရှက်မိပါတယ်.. လုံးဝရှက်မိပါတယ်!''
စီနီယာအစ်ကိုဝူက လောလောနှင့်ပြောသည်။
"ဟုတ်ပါပြီ ဒါဆို.. စီနီယာအစ်ကိုရဲ့တောင်းဆိုချက်ကိုလက်ခံရမှာပေါ့''
လင်းဟန်ဂုဏ်ယူပုံနှင့်ပြုံးပြီး ဖုန်းချလိုက်သည်။
ဒီစီနီယာအစ်ကိုဝူပါရင် သူ့အတန်းဖော်နာမည်ကြီးစီနီယာအစ်မကိုခေါ်ဖို့လည်း ပြဿနာမရှိတော့။
ချင်းလင်စံအိမ်ပရောဂျက်က ဒီစီနီယာအစ်ကိုဝူရဲ့ကျော့ကွင်းလောက်ဆွဲဆောင်မှုမရှိဘူးမလား?
စီနီယာအစ်မက စီနီယာအစ်ကိုဝူပါမှန်းသိရင် သေချာပေါက်လာလိမ့်မည်။
နောက် လင်းဟန်က ဖုန်းများထပ်ဆက်လိုက်သည်။ ချင်းလင်စံအိမ်ပရောဂျက်ဟုကြားသည်နှင့် ဘယ်သူမှမငြင်းနိုင်။
ဒါ ချင်းလင်စံအိမ်ရဲ့ဆွဲဆောင်မှုပင်!