ဒိုင်နိုဆောပန်းခြံ?
Vol. 73 Ch. 1094
စာချုပ်စာတမ်းရုံးသည် စာချုပ်များကိုင်ပြီး အရပ်ဘက်ဆိုင်ရာတာဝန်ယူပေးနိုင်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် တရားဝင်ဆောင်ရွက်ချက်အမျိုးမျိုး၊ ဥပဒေရေးရာအရေးကြီးစာရွက်စာတမ်းများ၊ ကွင်းဆင်းစာချုပ်များကိုင်တွယ်သည်။
ချင်းလင်စံအိမ်မှ live လွှင့်မဲနှိုက်ခြင်းနှင့် မြို့တော်ရှေ့နေဖိတ်ပြီးစာချုပ်ဖြင့်အတည်ပြုခြင်းက ဒီခေါင်းစဉ်ထဲပါသည်။
မင်မြို့တော်စာချုပ်ရှေ့နေရုံး_
လျန်ဖေးကို ခေါင်းဆောင်ကရုံးခန်းထဲခေါ်ပြီး_
"ချင်းလင်စံအိမ်အတွက်တရားဝင်လျှောက်ထားချက်ကိုတွေ့ပြီးပြီလား? မြို့တော်ခေါင်းဆောင်တွေက ဒီအကြောင်းအသိပေးထားတာဆိုတော့ အမှားလုပ်လို့မရဘူး... live ကိုကြည့်တဲ့သူတွေအများကြီးရှိမှာပဲ''
"ဟုတ်ကဲ့ သိပါပြီ!''
လျန်ဖေး ခေါင်းညိမ့်လိုက်သည်။
အမှန်အတိုင်းပြောရရင် အတော်များများက ချင်းလင်စံအိမ်အတွက်အလုအယက်ဖြစ်နေကြသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လေ။
နောက်ပြီး ပန်းအိမ်မျိုးစေ့တန်ဖိုးက ယွမ် ၁၀ သန်းရောက်နေပြီ။ ချင်းလင်စံအိမ်ရဲ့ပန်းအိမ်မျိုးစေ့ ၁၀ စေ့ live ကို ယွမ်သန်း ၁၀၀ နှင့်စာချုပ်ချုပ်ထားသည်။
ဒါစာချုပ်သတ်မှတ်ချက်ပင်။
အရေးအကြီးဆုံးက သူတရားဝင်အလုပ်ကိစ္စနှင့်ခရီးထွက်နိုင်သည်။ စာချုပ်ပြဿနာမရှိသရွေ့ သူ့ဘာသာစီစဉ်နိုင်သည်။
လျန်ဖေးလည်း ခေါင်းဆောင်ရုံးခန်းထဲမှထွက်လာပြီး ပြင်ဆင်စရာရှိတာပြင်သည်။ ထို့နောက် စာချုပ်ရုံးမှချင်းလင်စံအိမ်သို့ဦးတည်လိုက်သည်။
ချင်းလင်စံအိမ်၏မဲနှိုက်အစီအစဉ်ကြေညာချက်ထွက်ထွက်ချင်း အင်တာနက်တစ်ခုလုံးပြန့်ပြီး ရေပန်းစားရှာဖွေခံရသည်။
ပန်းအိမ်မျိုးစေ့ကြောင့် ချင်းလင်စံအိမ်ပရိသတ်က သန်း ၁၃၀ အထိရောက်လာ၏။
ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုစောင့်ကြည့်ပြီး ဒီဇိုင်းကိုမဲပေးထားသောပြည်သူအတော်များများက ယွမ်သန်းချီတန်ပန်းအိမ်မျိုးစေ့ကို သူတို့ရလိမ့်နိုးနိုးနှင့်စောင့်နေကြသည်။
အချိန်နည်းနည်းကြာသွား၍ မဲပေးထားသောပရိသတ်အများစုကမေ့လုနီးနီးတောင်ဖြစ်နေကြပြီ။
ယေဘူယျအားဖြင့် လူတစ်ယောက်စိတ်ဝင်စားမှုက တစ်ပတ်သာခံသည်။
မျက်စိဒေါက်ထောက်ကြည့်နေတာမဟုတ်ရင် တစ်ပတ်ခန့်အကြာ အာရုံလျော့သွားမည်။
အခုချင်းလင်စံအိမ်ကမဲနှိုက်တော့မည်ဖြစ်၍ တဖန်အာရုံပြန်စိုက်ပြီး အရင်ထက်တက်ကြွလာပြန်သည်။
ဘာပဲဖြစ်ဖြစ် အရင်မဲပေးတာက ချင်းလင်စံအိမ်ပွဲအရှိန်တက်အောင်စောင့်ခြင်းပင်။ ဒီတစ်ခါက မဲစနှိုက်ပြီ။
သူတို့ပေါက်နေရင်ရော?
ထို့ကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့်မှ Live စလွှင့်လွှင့်ချင်း Live ထဲပြုံတိုးလာကြသည်။
ကြည့်ရှုသူအရေအတွက်တိုးလာပြီး တချို့သီချင်းစံချိန်များကိုကျော်တက်သွားသည်။
ဂီတလုပ်ငန်းရုံးဘက်က ဒီကိစ္စကိုချက်ချင်းသတိထားမိသည်။
သို့ရာတွင် ချင်းလင်စံအိမ်လူဝင်နှုန်းကို Tiktok ကတောင်ဩချရသည်။ ဘာပဲဖြစ်ဖြစ် သူတို့မထိန်းချုပ်နိုင်တဲ့အကောင့်တစ်ခုဆိုတာထက် သူတို့ပလက်ဖောင်းမှလူဝင်နှုန်းအများစုအပေါ်သက်ရောက်မှုရှိလာသည်။
ညပိုင်း_
ကျိဝမ်ထောင်က ကုမ္ပဏီဖောက်သည်တချို့နှင့်ကိစ္စဖြတ်ပြီးနောက် သူ့အငှားတိုက်ခန်းဆီပြန်လာသည်။
သူ့မှာ အမူးပြေမြက်ရှိ၍သာတော်တော့သည်။ မဟုတ်ရင် ပြန်မလာနိုင်ဘဲ လဲနေလောက်ပြီ။
သူ့အခန်းထဲရောက်ရောက်ချင်း ဆိုဖာပေါ်လဲချပြီး ဖုန်းထုတ်ကာဗီဒီယိုများလျှောက်ကြည့်ရင်းအချိန်ဖြုန်းလိုက်သည်။
ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် မထင်မှတ်ဘဲ Live တစ်ခုတွေ့သည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်မှ Live ပင်။
Live ခေါင်းစဉ်ဖတ်ပြီး ချင်းလင်စံအိမ်မှာပန်းအိမ်မျိုးစေ့အစီအစဉ်ရှိကြောင်းသတိရသွားသည်။
အရင်က ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်ပြီး သူ့နာမည်နှင့် ID ဖြည့်ကာမဲပေးခဲ့သည်။
ကျိဝမ်ထောင်က နားကြပ်များတပ်ပြီး Live ထဲအမြန်ဝင်လိုက်သည်။
ဒါကလည်း သူ့အကျင့်။
အများပိုင်နေရာမှာ သူများကိုအနှောင့်အယှက်မဖြစ်စေဘဲ ဗီဒီယိုကြည့်ခြင်းကယဉ်ကျေးမှုတစ်ခုပင်။ ဒီအကျင့်ဖြစ်လာပြီး နောက်ဘယ်နေရာရောက်ရောက် နားကြပ်တပ်တော့သည်။
Live ထဲမှာမဲမနှိုက်ရသေးသော်လည်း အွန်လိုင်းကြည့်ရှုသူအရေအတွက်က သန်း ၂၀ ရောက်နေပြီ။ ကြောက်ခမန်းလိလိပင်။
ကျိဝမ်ထောင်က သူမဲပေးထားသောဒီဇိုင်းကိုအမြန်တိုက်ကြည့်သည်။ ထိပ်ဆုံးဒီဇိုင်း ၅ ခုထဲမှာပါနေပြီ။
ဒါဆို သူမဲပေါက်နိုင်တာပေါ့?
ထို့ကြောင့် သူဝမ်းသာပြီးမျှော်လင့်မိသည်။
ဘာပဲဖြစ်ဖြစ် မျိုးစေ့က ယွမ် ၁၀ သန်းတန်။
သူမဲပေါက်ရင် သူနဲ့သူ့ကောင်မလေးအိမ်ဝယ်ပြီး ဒီဒုတိယအဆင့်တိုက်ခန်းကနေလွတ်မြောက်နိုင်ပြီ။ ကားလည်းဝယ်မည်။ မင်္ဂလာဆောင်လို့လည်းရပြီ။
မကြာမီ ချင်းလင်စံအိမ် Live ထဲတွင် မဲစနှိုက်သည်။
ကျိဝမ်ထောင်က Live ကြည့်မည်အပြုတွင် တံခါးပွင့်လာပြီး စောစောပြန်ရောက်နေသောသူ့ကောင်မလေးထွက်လာသည်။ သူမကဆံပင်ချထားပြီး ညအိပ်ဝမ်းဆက်ဝတ်ထား၍ရေချိုးပြီးပုံပေါက်သည်။
"ဘေဘီ.. ညအိပ်ဝတ်စုံအသစ်က လှလှချည်လား''
ကျိဝမ်ထောင်ကမနေနိုင်ဘဲ သူ့ကောင်မလေးကိုချီးကျူးပြီး ဖုန်းကိုစားပွဲပေါ်ပစ်ချလိုက်သည်။
သူ့ကောင်မလေးက ဆွဲဆောင်မှုရှိရှိ၊လှလှပပဝတ်ထားတာ။ သူတစ်ခုခုလုပ်ရမှာပေါ့ ဟုတ်လား?
ဘလူးတုနားကြပ်နဲ့ဆိုတော့ Live မကြည့်လည်း မဲပေါက်မပေါက်နားထောင်လို့ရတာပဲ။
မကြာမီ ပတ်ဝန်းကျင်မှာ အဝတ်အစားတဖျတ်ဖျတ်အသံများညံသွားသည်။
အကြာကြီးနမ်းရှုပ်ပြီးနောက် အဓိကအပိုင်းရောက်လာ၏။
သို့သော် အဓိမကရသေးခင် ဘလူးတုနားကြပ်မှအသံဝင်လာသည်_
"ဂုဏ်ယူပါတယ် မစ္စတာကျိဝမ်ထောင်... ID နံပါတ် ၃၅၀၄၂၉၁၉၉၆××××... ၅ ခုမြောက်ပန်းအိမ်မျိုးစေ့ကိုရလိုက်ပါပြီ!''
ကျိဝမ်ထောင်ကကြားကြားချင်း စိတ်လှုပ်ရှားပြီး အရှိန်ပျက်သွားသည်။
"အချစ်.. ဘာဖြစ်နေတာလဲ?''
သူ့ကောင်မလေးကအလန့်တကြားနှင့် ကျိဝမ်ထောင်ကိုမျက်လုံးပြူးကြည့်သည်။
သူမ သည်းမခံနိုင်တော့။
ဒါပေမဲ့ သုံးစက္ကန့်လောက်ပဲရှိသေးတယ်မလား?
ဒီတော့မှ ကျိဝမ်ထောင်ကအသိဝင်လာပြီး ရှက်ကိုးရှက်ကန်းနှင့်_
"ဘေဘီ... ကိုယ်ရှင်းပြမယ်...''
"အာ.. နားမထောင်ချင်ဘူး!''
သူ့ကောင်မလေးကအော်ပြီး သူ့ကိုကန်ချသည်။ သူမမျက်နှာမှာ စိတ်ရှုပ်ပြီးစိတ်အလိုမကျပုံကအတိုင်းသား။
တချိန်တည်းမှာ ကျိဝမ်ထောင်လိုတခြားကံထူးရှင် ၉ ယောက်ကလည်း အခြေအနေအမျိုးမျိုးတွင် ပန်းအိမ်မျိုးစေ့ကိုပေါက်ကြလေသည်။
…
နောက်တစ်နေ့_
ချင်းလင်စံအိမ် ရေပန်းစားပြန်သည်။
အကြောင်းအရင်းတစ်ခုက ချင်းလင်စံအိမ်တရားဝင်အကောင့်မှ Live လွှင့်သောကြောင့်ပင်။ မနေ့ညက Live လွှင့်ပြီးမဲနှိုက်သောကြောင့် အွန်လိုင်းကြည့်ရှုသူအရေအတွက်စံချိန်တင်သွားပြီး ဘယ်သူမှမရောက်နိုင်သောပမာဏကိုဖန်တီးနိုင်ခဲ့သည်။