ဒိုင်နိုဆောပန်းခြံ? ၂
Vol. 73 Ch. 1095
ပန်းအိမ်မျိုးစေ့ရသော ပရိသတ်များ၊ဒီဇိုင်နာများလည်းရှိသည်။
ထိုလူများက ချင်းလင်စံအိမ်ကိုအမြန်ဆုံးအပြေးသွားကြ၏။
ညတွင်းချင်းထွက်လာသောလူများတောင်ရှိသည်။
ထို့အပြင် Live လွှင့်မဲနှိုက်ပြီးနောက်ပိုင်း အတော်များများက ပန်းအိမ်မျိုးစေ့ဝယ်ချင်ကြောင်းစာများပို့ကြသည်။
တကယ်ဝယ်မှာလား၊ မျိုးစေ့ကိုလိမ်ယူမှာလား ဘယ်သူမှမသိ။
တစ်ရက်အကြာ ချင်းလင်စံအိမ်တွင် အရှုံးသမားဒုတိယမျိုးဆက်သူဌေးသားသခင်လေးဝမ်ကိုတွေ့ကြရသည်။
သူကနာမည်ကြီးနေသော အင်တာနက်ဆယ်လီကြီးပင်။
သူချင်းလင်စံအိမ်ရောက်သောအခါ ဗီဒီယိုရိုက်တင်သောကြောင့် ရေပန်းစားလာသည်။
မကြာမီ ချင်းလင်စံအိမ်က ဒီဇိုင်နာများ၊မဲပေါက်သောပရိသတ်များထံ ပန်းအိမ်မျိုးစေ့များပေးလိုက်သည်။ သခင်လေးဝမ်ကလည်း သူ့မီဒီယာအကောင့်တွင်ဓာတ်ပုံတင်သည်။
ပန်းအိမ်မျိုးစေ့ပုံပင်။
အထဲမှာ မျိုးစေ့နှစ်စေ့ပါသည်။
ခေါင်းစဉ်က 'ယွမ်သန်း ၂၀ ပေးဝယ်ထားသောမျိုးစေ့များ'တဲ့။
ချင်လင်က ထိုကိစ္စများအကြောင်းထပ်မမေးတော့ဘဲ လင်းလန်ဇီကိုသာအပ်ထားသည်။
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်သွားစေသည်။
အာကာသမြေအဆင့်မြှင့်ထားသောကြောင့် မျိုးစေ့ဆိုင်မှာအာကာသမျိုးစေ့ပရောဂျက်ပွင့်ထားသည်။ မိတ်ဆက်အရ မျိုးစေ့ဆိုင်မှာ အာကာသမျိုးစေ့ထပ်ထွက်လိမ့်မည်။
ထို့ကြောင့် သူ့ဂိမ်းဇာတ်ကောင်အား နေ့တိုင်းမျိုးစေ့ဆိုင်သွားပြီး အခြေအနေကြည့်စေသည်။
ဖြစ်ချင်တော့ အာကာသမျိုးစေ့ပရောဂျက်မှာ မျိုးပြောင်းအာကာသနွယ်မှလွဲပြီး တခြားမျိုးစေ့အသစ်ပေါ်မလာချေ။
ဒီနေ့ မျိုးပြောင်းအာကာသနွယ်သာရှိပြီး တခြားမျိုးစေ့ထွက်မလာ။
ချင်လင်လက်လျှော့လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်မှထွက်ပြီး ရေကန်သတ္တုတွင်း ၄၅ လွှာကိုတန်းဝင်စေသည်။
ကောင်းချီးပေါက်ပြားကြောင့် သတ္တုတွင်းမှပစ္စည်းကောင်းရနိုင်ခြေများသည်။ ကောင်းချီးပေါက်ပြားနှင့်သာရနိုင်သော အထူးပစ္စည်းများကိုလည်းတူးဖော်ရရှိနိုင်သည်။
ဒီတစ်ခါ ရေကန်သတ္တုတွင်းမှာကန့်သတ်မထားသောကြောင့် ဆက်တူးနိုင်သည်။
၄၅ လွှာဝင်ပြီး ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား ၄၅ လွှာမှကျောက်တုံးများကိုတူနှင့်လိုက်ထုစေသည်။ ထို့နောက် ကောင်းချီးပေါက်ပြားထုတ်ပြီးစတူးသည်။
ကောင်းချီးပေါက်ပြားမှာငွေပေါက်ပြားအစွမ်းရှိသောကြောင့် ပေါက်ပြားတစ်ချက်ကိုလေးကွက်တူးနိုင်သည်။ သိပ်မကြာခင် ၄၅ လွှာတူးပြီးသွား၏။
ဖြစ်ချင်တော့ ၄၅ လွှာမှာ ဘာမှမည်မည်ရရမထွက်။
မတတ်နိုင်။ သူ့ဂိမ်းဇာတ်ကောင်အား ၄၆ လွှာဆက်တူးစေသည်။
၄၈ လွှာအထိတူးပြီးသော်လည်း ရွှေ၊ငွေ၊ကြေးနီ၊စိန်မှလွဲပြီး တခြားဘာမှမရချေ။
အထူးပစ္စည်းတစ်ခုတလေတောင်မရ။
နည်းနည်းတော့များသွားပြီ။
စနစ်က သူအတွန့်တက်တာများကြားသွားသလားမသိ။ နောက်ဆုံး ၄၈ လွှာတူးအပြီးတွင် အသိပေးစာပေါ်လာသည်:
(ဂုဏ်ယူပါတယ်... အထူးဒိုင်နိုဆောရုပ်ကြွင်းအရိုးတွေ့ပါတယ်!)
ဂိမ်းထဲတွင်တူးပြီးထွက်လာသောအရိုးကာတွန်းပုံလေးပါသည်။ ဒိုင်နိုဆောလည်းပေါ်လာ၏။ ထို့နောက် ဒိုင်နိုဆောသေသွားပြီး ရုပ်အလောင်းကပင်လယ်ထဲကျကာ သတ္တုတွင်းမှာသောင်လာတင်သည်။
ကာတွန်းလေးက ဒိုင်နိုဆောရုပ်ကြွင်းဖြစ်လာပုံကိုပြထားသည်။
နောက်ပြီး သူတူးသမျှထဲမှာကာတွန်းပုံလေးပါတာ ဒါပထမဆုံးပင်။
"ဒိုင်နိုဆော?''
ချင်လင်နည်းနည်းအံ့ဩသွားသည်။ သူကျောင်းတက်တုန်းက ဒီအကြောင်းဖတ်ဖူးသည်။
ဒီဒိုင်နိုဆောက အသီးအရွက်စားသောနူးနူးညံ့ညံ့ဒိုင်နိုဆောမျိုးဖြစ်သည်။ ကမ္ဘာပေါ်မှာအကြီးဆုံး၊အလေးဆုံးဒိုင်နိုဆောလည်းရှိခဲ့ဖူးသည်။ သူတို့က ရှေ့ခြေထောက်များကြီးပြီး သစ်ကုလားအုပ်လိုလည်ပင်းရှည်သောကြောင့်နာမည်ကြီးသည်။
တနည်းပြောရရင် သူဒိုင်နိုဆောရုပ်ကြွင်းတူးရလိုက်တာပေါ့?
ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲရောက်သွားသောအရိုးကို ချင်လင်ကဇဝေဇဝါနှင့်ကြည့်လိုက်သည်။
အထူးဒိုင်နိုဆောအရိုးက ကောင်းချီးပေါက်ပြားနဲ့တူးနိုင်တဲ့ရှေးခေတ်အကြွင်းအကျန်အုပ်စုထဲပါလိမ့်မည်။
ဒါပေမဲ့ ဒိုင်နိုဆောအရိုးက ဘာလုပ်လို့ရမှာလဲ? ပင်လယ်ခွေးရိုးလို ဝိုင်စိမ်ရင်အထူးအာနိသင်ရှိမှာလား?
မှတ်ချက်ကြည့်မှသိတော့မည်။
ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား ၄၉ လွှာထဲဝင်စေရာ စနစ်အသိပေးစာတက်လာသည်။
(လက်ရှိအဆင့်နဲ့ နောက်တစ်ဆင့်မတက်နိုင်!)
ဒီတော့ သူ့ဇာတ်ကောင်အဆင့်နဲ့မရသေး။
ထို့ကြောင့် ချင်လင်ကဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံသာပြန်စေလိုက်သည်။ ထို့နောက် အထူးဒိုင်နိုဆောအရိုးထုတ်ထားပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။
အထူးဒိုင်နိုဆောအရိုးက မီတာဝက်ခန့်ရှည်သည်။ အများစုကကျောက်ဖြစ်နေသောကြောင့် နည်းနည်းလေးသလိုခံစားရသည်။
ချင်လင်လည်း အထူးဒိုင်နိုဆောအရိုးမှတ်ချက်ကိုတခါတည်းကြည့်လိုက်သည်:
(အထူးဒိုင်နိုဆောအရိုး: ထူးခြား!)
(အထူးဒိုင်နိုဆောအရိုးဖြစ်သည်။ ရှေးကအကြွင်းအကျန်ဖြစ်ပုံရသည်။ အကြောင်းတချို့ကြောင့် ဒိုင်နိုဆောမျိုးစိတ်က အရိုးထဲကျန်ခဲ့သည်။
အထူးအာနိသင်: ထိုမျိုးစိတ်ကိုသုတေသနလုပ်ပြီး ရှေးကအသီးအရွက်စားဒိုင်နိုဆောမျိုးပေါက်ဖွားလာနိုင်ခြေရှိသည်!)
မှတ်ချက်ဖတ်ပြီး ချင်လင်လန့်သွားသည်။
ဒါ ဘာသဘောလဲ?
အရိုးထဲမှာဒိုင်နိုဆောမျိုးစိတ်ပါပြီး အဲဒီမျိုးစိတ်ကိုသုတေသနလုပ်ရင် ဒိုင်နိုဆောပေါက်နိုင်ခြေရှိတယ်တဲ့လား?
ထူးဆန်းလိုက်တဲ့အာနိသင်။
အရင်က 'ဒိုင်နိုဆောပန်းခြံ'ဟူသောစီးရီးကို အတော်များများကြည့်ဖူးကြသည်။ ဇာတ်လမ်းမှာ မျိုးစိတ်ကုမ္ပဏီတစ်ခုက မျိုးစိတ်သုတေသနလုပ်ရင်း အမှတ်မထင် ရှေးဒိုင်နိုဆောမျိုးပေါက်ခဲ့သည်။
ထိုဒိုင်နိုဆောများကိုမွေးပြီး လူများကြည့်ရှုရန်ဒိုင်နိုဆောပန်းခြံဆောက်ခဲ့သည်။
ရုပ်ရှင်ထဲတွင် ထိုဒိုင်နိုဆောများကြောင့် မတော်တဆပြဿနာအများကြီးတက်ရသည်။
လက်တွေ့အပြင်မှာ ဒိုင်နိုဆောမျိုးစိတ်မရှိ၊ ဒိုင်နိုဆောရုပ်ကြွင်းသာရှိသည်။ နှစ်ကြာရှည်သည်နှင့် ထိုရုပ်ကြွင်းများကကျောက်ဖြစ်လာသောကြောင့် မျိုးစိတ်ဗီဇမရှိနိုင်တော့ပေ။