← Chapters

ကျင့်ကြံရေးနည်းလမ်းရွေးချယ်ခြင်း

Vol. 9 Ch. 121

ကျင့်ကြံရေးနည်းလမ်းရွေးချယ်ခြင်း

Vol. 9 Ch. 121

လျိုချင်းရှန် တစ်ယောက်ယောက်ကို ရိုက်ချင်စိတ်ဖြစ်လာခဲ့သည်၊၊

ဤအရာက ဘယ်လိုစကားကြီးနည်း၊၊

အဝါရောင်အဆင့်ကျင့်ကြံရေးနည်းလမ်းတောင် အတိုင်းအတာတစ်ခုထိကျင့်ကြံဖို့ သုံးနှစ်မှ ငါးနှစ်ကြာမြင့်တာပဲဖြစ်သည်၊၊

သို့ပေမယ့် ဂျန်ဖန်းပါးစပ်မှ သိုင်းကျမ်းကျင့်ကြံတာက ရေသောက်သကဲ့သို့ ရိုးစင်းနေခဲ့သည်၊၊

ဂျန်ဖန်း စိတ်ဝိညာဥ်အမြစ်အလွန်မြင့်တာကိုတော့ သူမဝန်ခံ၏၊၊

သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်က ကျင့်ကြံရေးအရှိန်ကိုသာဆုံးဖြတ်ပေး၏၊၊

ကျင့်စဥ်တွေကိုကျင့်ကြံရာ၌ နာလည်နိုင်စွမ်းလည်း လိုအပ်တာဖြစ်သည်၊၊

"နင်အတွေးလွန်နေပြီလိို့ငါထင်တယ်----"

လျိုချင်းရှန် သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်၊၊

ဂျန်ဖန်း ပခုံးတွန့်ပြီး ပြောလိုက်သည်၊၊

"ဆုလဒ်က အကြုံးဝင်သေးလားဆိုတာပဲ ငါသိချင်တယ်---"

လျိုချင်းရှန်ပြန်ပြောလိုက်သည်၊၊

"ဒါပေါ့, အကြုံးဝင်သေးတယ်---"

"ဒါက သမိုင်းတစ်လျှောက်စည်းမျဥ်းပဲ----"

"ဒါ့ပြင် တိမ်စိမ်းဂိုဏ်းရဲ့စာအုပ်ဆောင်ကို မြင့်မြတ်အကြီးအကဲက ဦးစီးတာ---"

"ငါအဖေနင့်ကိုတားချင်ရင်တောင်, သူ့မှာ အခွင့်အာဏာမရှိဘူး----"

ဟမ်?---

ဂျန်ဖန်း ပဟေဠိဖြစ်သွားခဲ့သည်၊၊

"ဘာလိုလုပ်ပြီး မြင့်မြတ်အကြီးအကဲက ရှိနေရသေးတာလဲ----"

လျိုချင်းရှန် ဆွံ့အသွားပြီး ပြောလိုက်သည်၊၊

"အဲ့တာထူးဆန်းလို့လား---"

"မဟုတ်ရင် အရင်ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေအားလုံး သေကုန်ပြီလို့ နင်က ထင်နေတာလား----"

အာ---

သူမြင်နေရသည့်အရာက တိမ်စိမ်းဂိုဏ်း၏ အပေါ်ယံအင်အားဆိုတာ ဂျန်ဖန်းနားလည်လိုက်သည်၊၊

သန်မာသည့်ကျင့်ကြံရေးနှင့်သိုင်းပညာရှင်တွေက သာမန်လူတွေထက် အဆပေါင်းများစွာာ ရုပ်ခန္ဓာကြံ့ခိုင်ကြ၏၊၊

ထို့ကြောင့် သူတို့၏သက်တမ်းကလည်း အတော်ရှည်ကြတာဖြစ်သည်၊၊

များသောအားဖြင့် အသက်အရွယ်ဒါမှမဟုတ် နယ်ပယ်တစ်ခုခုကိုရောက်သည့်အခါ သူတို့က သိုင်းပညာလမ်းကြောင်းကိုသာ အာရုံစိုက်ကြတော့၏၊၊ ဂိုဏ်းကိစ္စတွေကိုတော့ လူငယ်မျိုးဆက်တွေနှင့်သာ ထားခဲ့ကြတာဖြစ်သည်၊၊

နောက်တစ်နည်းပြောရလျှင် တိိမ်စိမ်းဂိုဏ်းလို နှစ်ရာချီသမိုင်းရှိသည့်ဂိုဏ်းတစ်ခုက သက်လတ်ပိုင်းဂိုဏ်းချုပ်နှင့် အကြီးအကဲအုပ်စုတစ်ခုပဲ ရှိတာက လုံးဝမဖြစ်နိုင်ပေ၊၊

ထိုအကြီးအကဲတွေက တံခါးပိတ်ကျင့်ကြံနေကြခြင်းသာဖြစ်သည်၊၊

အားလုံးမသေကြသေးပေ၊၊

သူက ရုတ်တရက် နားလည်သွားခဲ့သည်၊၊

လျိုချင်းရှန်နှင့်အတူ သူတို့က စာအုပ်ဆောင်ကို ရောက်လာခဲ့ကြသည်၊၊

စာအုပ်ဆောင်က ဂိုဏ်းသခင်တောင်ထိပ်လမ်းဝက်လောက်မှာရှိပြီး တောင်စွန်းမှာတည်ဆောက်ထားသည့် ကြီးမားသည့်ခန်းမကြီးတစ်ခုဖြစ်သည်၊၊

ခန်းမဝင်ပေါက်က လူသူကင်းမဲ့နေခဲ့သည်၊၊

မီးခိုးရောင်ဝတ်လူအိုကြီးတစ်ယောက်သာ မြေပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီး ပြောက်ကျားခွေးတစ်ကောင်နှင့် ဆော့ကစားနေခဲ့သည်၊၊

အခါးအားလျော်စွာ သူကပြုံးနေပြီး အဝါရောင်သွားကြီးတွေပေါ်ပေါ်လာခဲ့သည်၊၊

"စီနီယာဟွမ်း---"

လျိုချင်းရှန် လေးလေးစားစား အရိုအသေပေးလိုက်သည်၊၊

အခြားလူတွေရှေ့၌ လျိုချင်းရှန်က အမြဲတမ်း သီးသန့်နေပြီး မာနကြီးသည့်စရိုက်ရှိသည်၊၊

သို့ပေမယ့် ဤလူအိုကြီးနှင့်ရင်ဆိုင်ရာ၌ သူမကအတော်လေးရိုသေလေးစားမှုရှိနေခဲ့သည်၊၊

သူတို့ရှေ့မှလူအိုကြီးက အပူပင်မဲ့တောင်ထိပ်သခင်ဟောင်း ဟွမ်ကျန်းထျန်ဖြစ်ပြီး ယခုချိန်မှာတော့ အနားယူသွားပြီးဖြစ်သည်၊၊ သူ့အချိန်တွေကို စာအုပ်ဆောင်၌သာကုန်ဆုံးပြီး ရှေးဟောင်းစာအုပ်အမျိုးမျိုးကိုဖတ်ကာ ပိတ်ဆို့နေသည့်အခြေအနေကိုချိုးဖြတ်ဖို့နည်းလမ်းရှာနေခဲ့တာဖြစ်သည်၊၊

အသံကြားသည့်အခါ, သူကမော့တောင်မကြည့်ပဲ ပြောလိုက်သည်၊၊

"ဘိုးဘေးကန်တော့ပွဲအခမ်းအနားက လူသစ်ကိုခေါ်လာတာလား---"

လျိုချင်းရှန် လက်ချင်းယှက်ပြီး ပြောလိုက်သည်၊၊

"ဟုတ်ပါတယ်, ကျေးဇူးပြုပြီး စီနီယာငါတို့ကို အဆင်ပြေအောင်လုပ်ပေးပါအုန်း---"

ထိုအခါမှသာ ဟွမ်ကျန်းထန် ခေါင်းမော့ပြီး ဂျန်ဖန်းကိုကြည့်လိုက်သည်၊၊

"မင်းနာမည်ဘယ်သူလဲ----"

"ဂျန်ဖန်းပါ---"

ဟွမ်ကျန်းထျန် အံ့အားသင့်သည့်အရိပ်အယောင်ပြသလာခဲ့သည်၊၊

"မင်းက ဝူဂျိပြောသည့် အဲ့ဒီဂျန်ဖန်းလား----"

"မင်းကတကယ် ပထမနေရာရခဲ့တာပဲ---"

"သူငါ့ဆီမူးမူးပြီးရောက်လာတိုင်း မင်းအကြောင်းမရပ်တန်းပြောတာ မထူးဆန်းတော့ပါဘူး---"

"မင်းက တကယ် အရည်အချင်းအချို့ရှိသားပဲ---"

စိတ်ဝိညာဥ်အမြစ်မရှိပဲနှင့် ပထမနေရာရနိုင်သည့် ဂျန်ဖန်းအရည်အချင်းကို ဟွမ်ကျန်းထျန် ခံစားလို့ရတာပဲဖြစ်သည်၊၊

ထို့နောက် သူက လျိုချင်းရှန်ကို ကြည့်လိုက်သည်၊၊

"အတိတ်တုန်းကဆို, မင်းဘယ်တုန်းကမှ တပည့်သစ်တွေကိုလူကိုယ်တိုင်ခေါ်လာမပေးဘူးဖူး---"

"မင်းစိတ်တွေအရမ်းတက်ကြွနေတယ်ပေါ့---"

ဤစကားတွေကြောင့် လျိုချင်းရှန် ကို့ရို့ကားယားဖြစ်သွားပြီး မချိပြုံးပြုံးလိုက်သည်၊

"စီနီယာဟွမ်း, ကျေးဇူးပြုပြီး ဟာသတွေမပြောပါနဲ့----"

"ဂျန်ဖန်းက ကျွန်မရဲ့ဂျူနီယာမောင်လေးပါ၊၊ အဲ့ထက်မပိုပါဘူး---"

ဟွမ်ကျန်းထျန်စနှောက်လိုက်သည်၊၊

"မင်းမှာဂျူနီယာမောင်တွေအများကြီးပါ၊၊ ဘယ်သူ့ကိုများမင်း မျက်နှာသာပေးဘူးလို့လဲ---"

ထို့နောက် သူကနှောက်တောက်တောက်ပြောလိုက်သည်၊၊

"ကောင်လေးဂျန်, မင်းက အတော်ကံကောင်းတာပဲ---"

"ဂိုဏ်း၉ဂိုဏ်းရဲ့အလှဆုံးမိန်းခလေးက မင်းကိုကြိုက်နေတယ်၊၊ ဒီအခွင့်အရေးကိုလက်မလွတ်စေနဲ့---"

"စီနီယာဟွမ်း---"

လျိုချင်းရှန်မျက်နှာနီရဲသွားပြီး ခြေဆောင့်လိုက်သည်၊၊

ဟွမ်ကျန်းထျန် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်၊၊

"ကောင်းပြီ, ကောင်းပြီ, ငါမစတော့ဘူး---"

"ကောင်လေးဂျန်, အထဲဝင်သွားလိုက်ပါ၊၊ ကြိုက်တဲ့ကျင့်ကြံရေးနည်းလမ်းကို ရွေးနိုင်တယ်၊၊ မင်းအမွေးတိုင်တစ်တိုင်စာအချိန်ရမယ်----"

"ကောင်မလေး, မင်းအပြင်မှာနေခဲ့ရမယ်၊၊ ဝင်သွားလို့မရဘူး----"

ဂျန်ဖန်း ခေါင်းညိတ်ပြီး အထဲကိုဝင်သွားလိုက်သည်၊၊

ဟွမ်ကျန်ထျန်း ပြောလိုက်သည်၊၊

"ဒီကောင်လေး ဘာတွေလုပ်နိုင်လဲ မြင်ချင်သေးတယ်----"

"စာအုပ်ဆောင်ထဲမှာ ကျင့်ကြံရေးနည်းလမ်းကောင်းရှာဖို့က ခက်တယ်----"

လျိုချင်းရှန် မနေနိုင်ပဲ စိုးရိမ်သွားခဲ့သည်၊၊

စာအုပ်ဆောင်၌ ကျင့်ကြံရေးနည်းလမ်းများစွာရှိသော်လည်း အရည်အသွေး မတူကြပေ၊၊

အလွန်ထူးခြားသည့်ကျင့်စဥ်တွေရှိသလို အဆင့်နိမ့်တွေလည်းရှိ၏၊၊

ရှေ့တစ်ခုက အနည်းငယ်သာဖြစ်ပြီး အားလုံးကို ရောနှောထားတာဖြစ်သည်၊၊

အမွေးတိုင်တစ်တိုင်စာအတွင်း အစွမ်းထက်ကျင့်ကြံရေးနည်းလမ်းတစ်ခုကိုရွေးချယ်ဖို့ဆိုတာ လွယ်ကူသည့်အလုပ်တစ်ခုတော့ မဟုတ်ပေ၊၊

အတိတ်၌ စာအုပ်ဆောင်ကိုလာသည့် တပည့်တွေထဲ၌ အနည်းစုသာ အစွမ်းထက်ကျင့်ကြံရေးနည်းလမ်းတွကိုရှာတွေ့တာဖြစ်သည်၊၊

လျိုချင်းရှန် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်၊၊

"ငါတို့ သူ့ကံကိုပဲ စောင့်ကြည့်ရမှာပဲ---"

ဟွမ်ကျန်းထျန် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်၊၊

"ကံကောင်းတာက တစ်စိတ်တစ်ပိုင်းပဲ၊၊ ကိုယ်တိုင်ထိုးထွင်းသိမြင်တာကမှ အရေးကြီးတာ---"

"အားကောင်းပုံပေါ်တဲ့ကျင့်ကြံရေးနည်းလမ်းတိုင်းလည်း အားကောင်းတာမဟုတ်ဘူး----"

"ပြီးတော့ ရိုးရိုးသာမန်လို့ထင်ရတဲ့ဟာတွေကလည်း သာမန်ဟုတ်ချင်မှဟုတ်တာ----"

လျိုချင်းရှန် ကြောင်အသွားပြီး အဓိပ္ပာယ်ကိုနားလည်ဖို့ တစ်ခဏအချိန်ယူလိုက်ရသည်၊၊

ဂျန်ဖန်းအတွက်တော့----

သူက စာအုပ်ဆောင်ထဲကို ရောက်ရှိသွားပြီဖြစ်သည်၊၊

အထဲ၌ စာအုပ်စင်များစွာက ဝင်္ကဘာတစ်ခုကဲ့သို့ ကန့်လန့်ဖြတ်တည်ရှိနေပြီး စင်တစ်ခုချင်းစီပေါ်မှာလည်း စာအုပ်ပေါင်းများစွာရှိနေခဲ့သည်၊၊

ကျင့်ကြံရေးနည်းလမ်းတိုင်း၏မျက်နှာပြင်၌ ကန့်သတ်ချက်တစ်ခုရှိနေပြီး ဖွင့်လို့မရပေ၊၊ အပြင်ကိုယူပြီး စီနီယာဟွမ်ကို ဖွင့်ခိုင်းမှသာရမှာဖြစ်သည်၊၊

ဤအရာကြောင့် တစ်စုံတစ်ယောက်က ကျင့်ကြံရေးနည်းလမ်းများစွာကို တိတ်တဆိတ်မှတ်ယူသွားလို့မရတော့ပေ၊၊

ဂျန်ဖန်း ဓားသိုင်းအခန်းကဏ္ဍကိုရောက်လာခဲ့သည်၊၊ ထိုအရာက စာအုပ်စင်အများဆုံးရှိသည့်နေရာဖြစ်ပြီး စုစုပေါင်း ဆယ်ခုကျော်ရှိတာဖြစ်သည်၊၊

အမွေးတိုင်တစ်တိုင်စာအချိန်က ဤအရာတွေအကုန်လုံးအကြမ်းဖျင်းတစ်ကြိမ်ဖတ်ဖို့ လုံလောက်၏၊၊

"အဝါရောင်အဆင့်မြင့်ဓားသိုင်း- နေမီးလျှံပုံစံကိုးကွက်"

"သိမ်မွေ့အဆင့်နိမ့်ဓားသိုင်း-မြွေနဂါးကခုန်ခြင်း"

"သိမ်မွေ့အလယ်အလတ်အဆင့်ဓားသိုင်း- ရေခဲနှလုံးသားဓားကျင့်စဥ်"

"သိမ်မွေ့အလယ်အလတ်အဆင့်ဓားသိုင်း- ကြာပန်းစိမ်းဓားသံစဥ်"

--

မရေမတွက်နိုင်သည့်ကျင့်ကြံရေးနည်းလမ်းတွေ ဂျန်ဖန်းမျက်လုံးထဲမှာ ပေါ်လာခဲ့သည်၊၊

သူတို့အထဲ၌ သိမ်မွေ့အဆင့်မြင့်သိုင်းပညာ "နတ်ဆိုးဓားသိုင်း"တောင်ပါဝင်ပြီး ဂျန်ဖန်းကို အတော်လေးဆွဲဆောင်သွားခဲ့သည်၊၊

သိမ်မွေ့အဆင့်မြင့်, ဤအရာက တိိမ်စိမ်းဂိုဏ်းမှာ အဆင့်မြင့်သိုင်းကျမ်းတစ်ခုဖြစ်သည်၊၊

တစ်ခဏတွေးပြီးနောက် သူက ထိုအရာကို ပြတ်ပြတ်သားသား လျစ်လျူရှုလိုက်သည်၊၊

အညွှန်း၌ ဤနည်းစနစ်၏ အဆိုးဘက်ကို အသေးစိတ်ဖော်ပြထား၏၊၊ အားကောင်းသော်လည်း အသုံးပြုချိန်၌ စိတ်ကစဥ့်ကလျားဖြစ်ဖို့ လွယ်တာဖြစ်သည်၊၊

သေခြင်းရှင်ခြင်းတိုက်ပွဲ၌ တည်ငြိမ်တာကသာ အရေးကြီးဆုံးဟု ဂျန်ဖန်း ယုံကြည်ထား၏၊၊

အသိစိတ်သာဆုံးရှုံးသွားလျှင် ဘယ်လောက်ပဲသန်မာမာ ရန်သူက အလွယ်လေးသတ်သွားမည်ဖြစ်သည်၊၊

ထို့ကြောင့်, သူက နာကျင်စွာဖြင့် ထိုအရာကို လက်လျော့လိုက်သည်၊၊

အမွေးတိုင်တစ်တိုင်စာအချိန်က ကုန်ဆုံးတော့မည်ဖြစ်ပေမယ့် ဂျန်ဖန်း သူလိုချင်သည့်ဓားသိုင်းကို ရှာမတွေ့သေးပေ၊၊

ရုတ်တရက်---

သူ့အကြည့်က "ဓားနှလုံးသားထွင်းထုခြင်း" သိမ်မွေ့အဆင့်နိမ့်နည်းလမ်းတစ်ခုပေါ်ကိုရောက်သွားခဲ့သည်၊၊

ဘေးနားမှာ အညွှန်းတစ်ခုရှိနေခဲ့သည်၊၊

"ဒီကျင့်စဥ်ကို ကောင်းကင်ပြင်ပဥက္ကာခဲပေါ်မှာထွင်းထုထားတာဖြစ်တယ်၊၊ ကျင့်ကြံရခက်ပြီး သာမန်ဓားကွက်တွေပဲပါဝင်တယ်၊၊ တစ်ခုတည်းသောအာသာချက်က အသုံးပြုချိန်မှာ တုန်ခါစေတဲ့အကျိုးသက်ရောက်မှုပဲ၊၊ ယေဘူယအားဖြင့် ရန်သူကိုသတ်ရာမှာ အားနည်းတယ်၊၊ ရွေးချယ်ရာမှာသတိထားပါ----"

ဂျန်ဖန်းပါစပ်တွန့်လိမ်သွားသည်၊၊

အညွှန်းအရဆိုလျှင် ၎င်း၏စွမ်းအားက အလွန်သာမန်ဆန်ပြီး အဝါရောင်အဆင့်နည်းလမ်းလောက်သာအဆင့်ရှိသည်၊၊

သို့ပေမယ့် ကျင့်ကြံရခက်တာကြောင့် သိမ်မွေ့အဆင့်နည်းလမ်းအဖြစ် အထူးတလည်သတ်မှတ်ထားတာဖြစ်သည်၊၊

မည်သူကထိုအရာကို ရွေးမည်နည်း၊၊

သူထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် တစ်ခုခုမှားနေတာကို ခံစားမိလိုက်သည်၊၊

"မဖြစ်သင့်ဘူး၊၊ ဓားကွက်တွေသာမာန်ပဲဆိုရင် ဘယ်လိုလုပ်ပြီး တုန်ခါစေတဲ့ အကျိုးသက်ရောက်မှုရှိမှာလဲ---"

သူက အဝါရောင်အဆင့်မြင့် ကြယ်ခုနှစ်လုံးဓားသိုင်းကို ကျွမ်းကျင်ပြီးဟု ယူဆထားခဲ့သည်၊၊

သို့ပေမယ့် လေဟာနယ်တုန်ခါခြင်းဆိုသည့်အရာမျိုးကို ဘယ်တုန်းကမှမဖြစ်ပေါ်စေခဲ့ပေ၊၊

"ဖြစ်နိုင်တာ ဒီဓားသိုင်းကို ကျင့်ကြံတဲ့အဲ့ဒီလူက ဓားကွက်အစစ်အမှန်ကို နားမလည်ခဲ့ဘူးနဲ့တူတယ်---"

သူတွေဝေနေစဥ်မှာပဲ စီနီယာဟွမ်း၏အသိပေးသံ အပြင်မှထွက်ပေါ်လာခဲ့သည်၊၊

"အချိန်စေ့ပြီ၊၊ ရွေးထားတဲ့နည်းလမ်းကို ယူခဲ့တော့----"

ဂျန်ဖန်းအံကြိတ်လိုက်ပြီး "ဓားနှလုံးသားထွင်းထုခြင်း" ကို ကောက်ယူလိုက်သည်၊၊ ထို့နောက် ခန်းမအပြင်ကို ထွက်လာခဲ့လိုက်သည်၊၊

ဟွမ်ကျန်းထျန် အနည်းငယ်မျှော်လင့်နေပြီး လက်ဆန့်ထုတ်လိုက်သည်၊၊

"လာ, လာ, ဝူဂျိအရမ်းတန်ဖိုးထားတဲ့ ဂျူနီယာက ဘယ်လောက်အမြင်ရှိလဲ ဒီလူအိုကြီးကြည့်ပါရစေ---"

ဂျန်ဖန်း သိုင်းကျမ်းပေးလိုက်စဥ်----

လျိုချင်းရှန် ခေါင်းစဥ်ကိုမြင်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်၊၊

"အို, မဖြစ်နိုင်ဘူး၊၊ ဂျန်ဖန်း, နင်ဘာလို့ ဒီတစ်ခုရွေးခဲ့ရတာလဲ----"

"ဒါ--- ဒါက အမှိုက်သိုင်းကျမ်းတစ်ခုပဲ----"

"လူအများစုကမယုံပဲ ဒါကိုရွေးချယ်ကြတယ်၊၊ လေ့ကျင့်ပြီးတဲ့နောက်မှသာ အညွှန်းကအတိုင်းဆိုတာ သိသွားကြတာ----"

All Chapters