← Chapters

မြင့်မြတ်အကြီးအကဲ၏တုန်လှုပ်မှု

Vol. 9 Ch. 122

မြင့်မြတ်အကြီးအကဲ၏တုန်လှုပ်မှု

Vol. 9 Ch. 122

"ဟမ်?----"

ဂျန်ဖန်းကြောင်အသွားခဲ့သည်၊၊

လက်စသတ်တော့ ဤကျင့်စဥ်ကိုရွေးချယ်ခဲ့တာ သူတစ်ယောက်တည်းမဟုတ်ပေ၊၊

သူ ထောက်ချောက်မိသွားပြီလား----

စာအုပ်ကိုမြင်သည့်အခါ ဟွမ်ကျန်းထျန် နှာခေါင်းရှုံ့လိုက်သည်၊၊

"ကြည့်ရတာ မင်းအမြင်ကအဲ့လောက်ကြီးလည်းမဟုတ်ဘူးပဲ----"

"ဒီစာအုပ်စုတ်က တပည့်အများကြီးကို အရူးလုပ်ခဲ့တာ----"

"ဒီနေ့ အရူးနောက်တစ်ယောက် ထပ်တိုးသွားပြီပေါ့----"

ဂျန်ဖန်း ထိုအရာကို လက်မခံချင်ပေ၊၊

စာအုပ်ဆောင်ကိုခက်ခက်ခဲခဲ ဝင်ရောက်ခွင့်ရတာဖြစ်ပြီး ဤကဲ့သို့အမှိုက်မျိုးနှင့် အဆုံးသတ်သွားရသည်လား---

သူက အတော်လေး မကျေမနပ်ဖြစ်နေပြီး ပြောလိုက်သည်၊၊

"အရင်ဆုံး ကြိုးစားကြည့်လိုက်ပါ့အုန်းမယ်---"

ဟွမ်ကျန်းထျန် နှာမှုတ်လိုက်၏၊၊

"ရှေ့ကတပည့်တွေအကုန်လုံး ဒီလိုပြောကြတာပဲ----"

"အားလုံးခေါင်းမာကြပြီး အဆုံးထိ လက်မလျော့ချင်ကြဘူးလေ----"

"မင်းဖတ်တဲ့အခါမြင်မှာပါ----"

ထို့နောက် သူက စာအုပ်ပေါ်က ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီး ဂျန်ဖန်းဆီပြန်ပေးလိုက်သည်၊၊

ဂျန်ဖန်း အရှုံးမပေးချင်ပေ၊၊

သူက စိတ်အားထက်သန်စွာဖြင့် စာအုပ်ကိုဖွင့်လိုက်သည်၊၊

၎င်းကို နှစ်ပိုင်းခွဲထား၏၊၊

တစ်ပိုင်းက ရုပ်ပြဖြစ်ပြီး နောက်တစ်ပိုင်းက စာနှင့်ဖြစ်သည်၊၊

ရုပ်ပုံတွေက ဥက္ကာခဲပေါ်မှာထွင်းထုထားသည့် ကျင့်ကြံရေးနည်းလမ်းတွေကို ဆွဲပြထားတာဖြစ်ပြီး အတော်လေးမှုန်ဝါးနေကာ နားလည်ဖို့ခက်ခဲ၏၊၊

ထို့ကြောင့် စာအုပ်ဖန်တီးသူက ရုပ်ပုံတွေဘေးမှာ စာသားတွေကိုကူးရေးထားခဲ့တာဖြစ်သည်၊၊

ဂျန်ဖန်း ရုပ်ပုံတွေတစ်ခုပြီးတစ်ခု နားလည်ရမှာကို အတော်လေးပျင်းတာဖြစ်၍ စာသားတွေကိုပဲ ဂရုတစိုက်ဖတ်လိုက်သည်၊၊

ဖတ်ပြီးသည့်နောက်၌ ၎င်းက အမှန်တကယ်ရိုးစင်းပြီး နာလည်ရလွယ်တာကို တွေ့လိုက်ရသည်၊၊

ထို့နောက် အနက်ရောင်ဓားကိုထုတ်ယူကာ စတင်လေ့ကျင့်တော့၏၊၊

ဟွမ်ကျန်းထျန် အံ့သြသွားခဲ့သည်၊၊

"ကောင်မလေး, ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ----"

"ဓားသိုင်းနားလည်သွားလို့ လေ့ကျင့်ဖို့ပြင်နေတာလား----"

လျိုချင်းရှန်လည်း ပဟေဠိဖြစ်နေခဲ့သည်၊၊

ဤဓားနှလုံးသားထွင်းထုခြင်းက ရိုးရှင်းလျှင်တောင် တစ်လလောက်နားလည်ဆင်ခြင်ပြီး ခက်ခက်ခဲခဲလေ့ကျင့်ဖို့ လိုတာဖြစ်သည်၊၊

ဂျန်ဖန်းက ခုလေးတင် လှန်လှောကြည့်လိုက်တာဖြစ်သည်၊၊

မကြာမီ နှစ်ယောက်သား တစ်ပြိုင်နက်တုန်လှုပ်သွားကြသည်၊၊

ဂျန်ဖန်းက အနက်ရောင်ဓားကိုကိုင်ပြီး နေရာမှပဲ လေ့ကျင့်နေပြီပဲဖြစ်သည်၊၊

ဓားကွက်တွေက ယခင်လေ့ကျင့်ခဲ့ကြသူတွေနှင့် အတူတူပဲဖြစ်သည်၊၊

လှုပ်ရှားမှုတစ်ခုချင်းစီက လေဟာနယ်ကိုအနည်းငယ်တုန်ခါသွားစေပြီး ပေါက်ကွဲသံအသေးစားတွေထွက်ပေါ်နေခဲ့သည်၊၊

ဤအရာက တကယ်ပဲ "ဓားနှလုံးသားထွင်းထုခြင်း"ဖြစ်သည်၊၊

ဟွမ်းကျန်းထျန်၏ မျက်လုံးအိုကြီးတွေ ပြုးနေခဲ့၏၊၊

"ဘုရားရေ, ဒါက ရာစုနှစ်ကြာတစ်ခါမြင်ရတဲ့ ဓားတာအိုပါရမီရှင်ပဲ----"

"ငါတို့တိမ်စိမ်းဂိုဏ်းက ရတနာတစ်ခုရလိုက်တာပဲ----"

လျိုချင်းရှန်လည်း တုန်လှုပ်နေခဲ့သည်၊၊

အစောပိုင်းဂျန်ဖန်းပြောတာတွေက အပိုတွေပြောတာမဟုတ်ပေ၊၊

အမှန်တကယ်ပဲ သူ့မှာ ထူးခြားသည့်ဓားတာအိုနားလည်နိုင်စွမ်းရှိ၏၊၊

ဂျန်ဖန်း သူတို့အမူအရာ အာရုံမစိုက်နိုင်ပေ၊၊

သူက အတော်လေး မကျေမနပ်ဖြစ်နေပြီး တစ်ကြိမ်လေ့ကျင့်တိုင်း ရလဒ်က အလားတူဆိုးဝါးနေခဲ့သည်၊၊

ထိုသို့ထိုင်အောင် တစ်ခုခုမှားနေတယ်ဆိုတာ ခံစားမိသည်၊၊

ဓားကွက်တွေကအတော်လေး သာမန်ဆန်လှ၏၊၊

သို့ပေမယ့် ဘာကြောင့် လေဟာနယ်ကိုတုန်ခါစေရသနည်း၊၊

ထိုအရာက အဓိပ္ပာယ်မရှိပေ၊၊

သူ တစ်ခုခု နားလည်မှုလွဲနေသည်လား----

လက်မလျော့ချင်သေးပဲ စာသားတွေကို နောက်တစ်ကြိမ်ထပ်ဖတ်လိုက်သည့်အခါ မည်သည့်အပိုင်းမှ အဓိပ္ပာယ်ကောက်မလွဲတာ သေချာသွားခဲ့သည်၊၊

ရုတ်တရက်----

သူက ရည်ရွယ်ချက်မရှိပဲ ရုပ်ပြစာမျက်နှာကို လှန်ကြည့်လိုက်သည်၊၊

အတွေးတစ်ခု ချင်းချင်းပဲ ရလာခဲ့သည်၊၊

"ပြဿာနာက စာတွေမှာရှိနေတာလား----"

ထို့ကြောင့် သူက ဥက္ကာခဲပေါ်က ရုပ်ပြတွေကိုဂရုတစိုက်နာလည်ဆင်ခြင်နေစဥ် စာသားတွေနှင့်နှိုင်းယှဥ်ကြည့်နေခဲ့သည်၊၊

သေချာအာရုံစိုက်ကြည့်လိုက်သည့်အခါမှာတော့ သူက ပြဿနာကိုတွေ့သွားခဲ့သည်၊၊

စာသားတွေကမှားနေတာမဟုတ်ပေ၊၊

သို့ပေမယ့် အလွန်အမင်းမှုန်ဝါးနေသည့်စာအချို့က အစပိုင်းမှာစကားလုံးတွေလို့ထင်ရပေမယ့် အနီးကပ်သေချာကြည့်လိုက်သည့်အခါမှာတော့ တစ်စုံတစ်ယောက်ဓားသိုင်းလေ့ကျင့်နေသည့်ပုံတွေပေါ်လာခဲ့သည်၊၊

အချိန်အတော်ကြာကြည့်ပြီးသည့်နောက်မှာတော့ ဂျန်ဖန်း မှုန်ဝါးနေသည့်စာလုံးအားလုံးကို မှတ်သားပြီးပြီဖြစ်သည်၊၊

ထို့နောက် သိုင်းကျမ်းတစ်ခုလုံးကို ပြန်လည်သုံးသပ်လိုက်သည်၊၊

ခဏကြာပြီးနောက် သူ ရုတ်တရက်နားလည်သွားခဲ့သည်၊၊

"ဒီတော့, ဒီလိုမျိုးပေါ့---"

ဂျန်ဖန်း စိတ်လှုပ်ရှားနေပြီး အနက်ရောင်ဓားကိုကိုင်ကာ နောက်တစ်ကြိမ်လေ့ကျင့်လိုက်၏၊၊

"အလင်းခွဲဓား---"

ဘုန်း!

ဓားခုတ်ပိုင်းလိုက်သည်နှင့် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်၊၊

လက်ရှိမှာ လေဟာနယ်က ဖရိုဖရဲဖြစ်နေပြီး လေပြင်းတွေတရွီးရွီးတိုက်ခိုက်နေခဲ့သည်၊၊

ကျယ်လောင်သည့်ပေါက်ကွဲသံကြောင့် လျိုချင်းရှန်နှင့် ဟွမ်ကျန်းထျန်တို့၏ခန္ဓာကိုယ်တွေ တုန်ယင်သွားပြီး နားတွေအူသွားခဲ့သည်၊၊

"ပင်လယ်ထက်ကနေမင်း----"

နောက်ထပ်ဓားချက်၏ ပေါက်ကွဲသံက ပိုလို့တောင် ကျယ်လောင်လာပြီး သူတို့နားတွေလုံးဝအူထွက်သွားကြသည်၊၊

ဤသို့ဖြင့်----

နောက်ဆုံးဓားကွက်ဖြစ်သည့် "ကောင်းကင်နှင့်မြေကမ္ဘာကြယ်ကြွေခြင်း" ကို ထုတ်ဖော်လိုက်သည်၊၊

နှစ်ယောက်သား ဘာမှမကြားနိုင်တော့ပဲ ဂျန်ဖန်းရှေ့က လေဟာနယ်ပွက်ပွက်ဆူနေတာကိုသာ မြင်နေရ၏၊၊

ပတ်ဝန်းကျန်ရှိ သစ်ပင်မြက်ပင်တွေလည်း ချက်ချင်း ပြိုလဲကျကုန်တော့သည်၊၊

စွမ်အားက ကြောက်စရာပဲဖြစ်သည်၊၊

ဟွမ်ကျန်းထျန် ဆက်ထိုင်မနေနိုင်တော့ပေ၊၊ သူက မတ်တပ်ရပ်လိုက်ပြီး သူ့ရှေ့က တုန်လှုပ်ဖွယ်မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်၊၊

"ဒါက--- ဓားနှလုံးသားထွင်းထုခြင်းလား---၊၊ သိမ်မွေ့အဆင့်မြင့်သိုင်းကျမ်းတောင် ဒီလောက်စွမ်းအားကြီးမှာမဟုတ်ဘူး---"

ဂျန်ဖန်းကိုကြည့်သည့် သူ့အကြည့်တွေက လုံးဝပြောင်းလဲသွားပြီပဲဖြစ်သည်၊၊

"မဖြစ်ဘူး၊၊ ဒိလိုဓားတာအိုပါရမီရှင်မျိုးကို ဂိုဏ်းသခင်တောင်ထိပ်မှာ ထားလို့ဘယ်ဖြစ်မလဲ---"

"ငါ ဝူဂျိကိုသွားရှာပြီး ဒီကောင်လေးကို အပူပင်မဲ့တောင်ထိပ်ခေါ်ခိုင်းရမယ်----"

လျိုချင်းရှန်လည်း ထပ်တူအံ့အားသင့်နေခဲ့သည်၊၊

ဂုန်ချိုင်းယီ ဂျန်ဖန်းကို ဘာကြောင့်အရမ်းသဘောကျနေရလဲဆိုတာ သူမ ရုတ်တရက်နားလည်သွားခဲ့သည်၊၊

အဘယ်ကြောင့်ဆိုသော် ဂုန်ချိုင်းယီက ဂျန်ဖန်းဓားတာအိုပါရမီကို မတော်တဆရှာတွေ့သွားတာကြောင့်ဖြစ်သည်၊၊

ဟွမ်ကျန်းထျန် လူလုဖို့ကြိုးစားနေတာ ကြားသည့်အခါ သူမက ခါးသီးစွာ ခံစားလိုက်ရသည်၊၊

ဘာကြောင့် တစ်ဦးတစ်ယောက်ကမှ စည်းမျဥ်းအတိုင်း မလုပ်ဆောင်ကြသနည်း၊၊

ဂုန်ချိုင်းယီကို ဖယ်ထုတ်နိုင်ပြီးနောက် သူမတို့ဂိုဏ်းမြင့်မြတ်အကြီးအကဲကပါ လုယူဖို့ ကြံလာခဲ့သည်၊၊

သူမ အလျှင်အမြန်ပဲပြောလိုက်သည်၊၊

"စီနီယာဟွမ်, နင်က အနားယူပြီးနေပြီလေ၊၊ စည်းမျဥ်းတွေအရ, ဂိုဏ်းအတွင်းရေးကိစ္စတွေကို ဝင်စွက်ဖက်လို့မရတော့ဘူး---"

"မဟုတ်လို့ အခြားမြင့်မြတ်အကြီးအကဲတွေလည်း လိုက်လုပ်ရင် ပရမ်းပတာဖြစ်မသွားနိုင်ဘူးလား----"

ခြေလှမ်းအနည်းငယ်အဝေးရှိ ဟွမ်ကျန်းထျန် စိတ်မပါစွာဖြင့်ပြောလိုက်သည်၊၊

"ဒါပေမယ့် မင်းအဖေက ဓားပညာကို ဘာမှနားမလည်ဘူးလေ----"

"သူသာ ဒီကောင်လေးကိုဆက်ခေါ်ထားမယ်ဆိုရင် မသုံးနိုင်တဲ့ပစ္စည်းကို ဆုပ်ကိုင်ထားတာနဲ့တူမနေဘူးလား----"

"မဖြစ်ဘူး, စည်းမျဥ်းချိုးဖောက်ရမယ်ဆိုရင်တောင် ငါဒါကိုလုပ်ရမှာပဲ----"

လျိုချင်းရှန်ပျာယာခတ်သွားပြီး အဆောတလျှင်ပြောလိုက်သည်၊၊

"ဒါပေမယ့် ဂျန်ဖန်း အပူပင်မဲ့တောင်ထိပ်သွားရင် ဘယ်သူက သူ့ကို ဓားပညာလမ်းညွှန်ပေးနိုင်မှာလဲ----"

ထိုအရာက ဟွမ်းကျန်းထျန်ကို အခက်တွေ့သွားစေခဲ့သည်၊၊

ဤကဲ့သို့ ပါရမီမျိုးနှင့် ထိုကောင်လေးကို သူမသင်ပေးနိုင်တာဝန်ခံ၏၊၊ ကျောက်ဝူဂျိဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ၊၊

ကြည့်ရတာ ဂျန်ဖန်းဘယ်သွားသွား အချည်းနည်းပဲဖြစ်သည်၊၊

ထို့ပြင် ထိုအရာက စည်းမျဥ်းချိုးဖောက်ရာရောက်ပြီး တိမ်စိမ်းဂိုဏ်းကို ပရမ်းပတာဖြစ်သွားစေမည်ဖြစ်၏၊၊

သူက ခေါင်းကုတ်လိုက်သည်၊၊ ထို့နောက် ရင်ဘတ်ကိုထုကာ ကောင်းကင်ကိုမော့ပြီး စိတ်ပျက်စွာအော်ဟစ်လိုက်သည်၊၊

"လျိုဝူချန်း, မင်းက ငါ့အပူပင်မဲ့တောင်ထိပ်ကို ဖျက်ဆီးလိုက်တာပဲ----"

လျိုချင်းရှန် သဘောကျသွားလို ဝမ်လည်းနည်းသွားခဲ့သည်၊၊

လျိုဝူချန်းက ဤကဲ့သို့ပြိုင်ဘက်ကင်းပါရမီရှင်းကို တန်ဖိုးမထားတာသာသိလျှင် ဟွမ်ကျန်းထျန် ဂိုဏ်းသခင်တောင်ထိပ်ကို အပြေးသွားပြီး လျိုဝူချန်းကို ရိုက်နှက်မှာ အသေအချာပဲဖြစ်သည်၊၊

သူမက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်၊၊

"အဖေ, နင်က ကောင်းချိီးပေခံရပေမယ့် အဲ့ဒါကိုမသိဘူး---"

ဂျန်ဖန်း သူတို့နှစ်ယောက်ကို လျှစ်လျူရှုထားခဲ့သည်၊၊

သူ့ရှေ့က ပျက်စီးနေသည့်အခြေအနေကိုကြည့်ပြီး အလွန်ပျော်ရွင်နေခဲ့သည်၊၊

ဓားကွက်တွေ ဘယ်လောက်စွမ်းအားကြီးလဲ ပြောစရာကိုမလိုတော့ပေ၊၊ ကြယ်ခုနှစ်စင်းဓားသိုင်းထက် အဆများစွာ သာလွန်၏၊၊

ဓားချက်တိုင်း၏ပေါက်ကွဲသံနှင့်တင် ရန်သူကို ပရမ်းပတာဖြစ်သွားစေပြီး ထိုးနှက်နိုင်မည်ဖြစ်သည်၊၊

သူက တစ်လကြာပြီးနောက် တပည့်အဆင့်သတ်မှတ်ခြင်းကို ပိုပြီးယုံကြည်မှုရှိလာပြီပဲဖြစ်သည်၊၊

"အဟမ်း, မင်းလေ့ကျင့်ပြီးပြီဆိုမှတော့ ဒီဓားနှလုံးသားထွင်းထုခြင်း သိုင်းကို ငါ့ကိုပြန်ပေးရမယ်---"

ဟွမ်းကျန်းထျန် သူ့အတွေးကို နှောက်ယှက်လိုက်၏၊၊

ဂျန်ဖန်း အလျှင်အမြန်ပဲ စာအုပ်ကို ပြန်ပေးလိုက်၏၊၊ သို့ပေမယ့် ဟွမ်းကျန်းထျန်း အတော်အခက်တွေ့နေပြီး ပြောမထွက်ဖြစ်နေခဲ့သည်၊၊

သူက ဤစာအုပ်နှင့် ဘာလုပ်ရမလဲ မသိပေ၊၊

သိမ်မွေ့အဆင့်နိမ့်ဟုခေါ်သည့်ဤဓားသိုင်း၏စွမ်းအားက မြေကမ္ဘာအဆင့်နိမ့်သိုင်းကျမ်းလောက် ရှိတာဖြစ်သည်၊၊

ထိုအရာကို မြေကမ္ဘာအဆင့်နိမ့်ဟုပြောပြန်ရင်လည်း အခြားလူတွေက အဝါရောင်အဆင့်နိမ့်အဖြစ်သာကျင့်ကြံနိုင်ပြီး ဂျန်ဖန်းသာ မြေကမ္ဘာအဆင့်အဖြစ် ကျင့်ကြံနိုင်တာဖြစ်သည်၊၊

ဟွမ်ကျန်းထျန်အခက်တွေ့နေတာမြင်တော့ ဂျန်ဖန်း စမ်းမေးကြည့်လိုက်သည်၊၊

"စီနီယာ, မင်း ငါ့ကို ဒီသိုင်းကျမ်းရဲ့ အစစ်အမှန်နည်းလမ်းကို ချရေးပေးစေချင်တာလား----"

ဟွမ်ကျန်းထျန်း ကြောင်အသွားခဲ့သည်၊၊ ထို့နောက် တင်းမာစွာပြောလိုက်သည်၊၊

"မင်းရေးပေးတာ ငါလိုမယ်ထင်လို့လား----"

ဂျန်ဖန်းကို ရေးခိုင်းလိုက်လျှင် မြင့်မြတ်အကြီးအကဲဖြစ်သည့်သူက တပည့်တစ်ယောက်ထက် နိမ့်ကျသည်ဟု ဆိုလိုနေမည်ဖြစ်သည်၊၊

"မင်းတို့နှစ်ယောက်ပြန်ကြတော့----"

ဟွမ်ကျန်းထျန် သူတို့ကိုလက်ဝှေ့ယမ်းပြလိုက်သည်၊၊

သူတို့ထွက်ခွာသွားပြီးနောက်----

ဟွမ်ကျန်းထျန် အလျှင်အမြန်ပဲ ဓားနှလုံးသားထွင်းထုခြင်း စာအုပ်ကို ဖွင့်ဖတ်လိုက်သည်၊၊

"အဲ့ဒီကောင်လေး အစစ်အမှန်ဓားကွက်ကို နားလည်နိုင်ရင် ငါလည်းသေချာပေါက်နားလည်နိုင်တယ်----"

All Chapters