အရေးပေါ်အခြေအနေ
Vol. 9 Ch. 123
ထို့ကြောင့်----
သူက သိုင်းကျမ်းကို ထပ်ခါထပ်ခါ ဂရုတစိုက်ဖတ်ပြီး ဆယ်ကြိမ်လေ့ကျင့်လိုက်သည်၊၊
ထို့နောက် နောက်ထပ်ဆယ်ကြိမ်လေ့ကျင့်လိုက်သည်၊၊
ဤသို့ဖြင့် နေ့လည်မှ မှောင်သည်အထိ လေ့ကျင့်နေခဲ့သည်၊၊
နောက်ဆုံးမှာတော့ ဟွမ်ကျန်းထျန်း သူ့လက်ထဲဓားကို နှစ်ပိုင်းချိုးကာ ဒေါသတကြီးမြေပြင်ပေါ် လွင့်ပစ်လိုက်သည်၊၊
"သေစမ်း, အဲ့ဒီကလေး ဘယ်လိုများ လေ့ကျင့်သွားတာလဲ---"
"ဘာလို့ငါက မလုပ်နိုင်ရတာလဲ---"
သူက အနည်းငယ်နောင်တရနေပြီး အစောပိုင်းကသာ မာနမကြီးခဲ့ရင်ကောင်းမယ်ဟုတွေးလိုက်သည်၊၊
ယခုတော့ သူက ဒါကို နားမလည်နိုင်တော့ပေ၊၊
ဤအရာက မြေကမ္ဘာအဆင့်သိုင်းကျမ်းဖြစ်ပြီး ရှေ့မှာရှိနေပေမယ့် မလေ့ကျင့်နိုင်ဖြစ်နေခဲ့သည်၊၊
ဤအရာကြောင့် သူက ညပေါင်းများစွာ အိပ်လို့ရတော့မည်မဟုတ်ပေ၊၊
အခြားတစ်ဖက်မှာတော့----
ဂျန်ဖန်းနှင့် လျိုချင်းရှန်က ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်လာခဲ့ကြပြီး တောင်အောင်ကို အလျှင်အမြန်ပြေးဆင်းနေသည့် တပည့်တွေကို တွေ့လိုက်ရသည်၊၊
"ဘာတွေဖြစ်နေတာလဲ---"
လျိုချင်းရှန် တပည့်တစ်ယောက်ကို တားပြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည်၊၊
"စီနီယာအမ, ဂိုဏ်းချုပ်က တပည့်တွေနဲ့ အကြီးအကဲတွေအားလုံးကို အရေးတကြီးဆင့်ခေါ်နေတာပါ၊၊ ပြောတာတော့ ဂိုဏ်းချုပ်ကောင်း တိမ်စိမ်းဂိုဏ်းကပြန်တော့ သားရဲတစ်ရာတောင်တန်းကိုသွားပြီး သားရဲဘုရင်ရဲ့အဖော်ကိုသတ်လိုက်တယ်တဲ့----"
"အဲ့ဒါ သားရဲဘုရင်က ငါတို့တိမ်စိမ်းဂိုဏ်းကလူတွေလုပ်တယ်ထင်သွားတာ၊၊ အခု သူက တိမ်စိမ်းဂိုဏ်းပိုင်နက်ထဲက မြို့တွေကို ဖျက်ဆီးနေတယ်လေ----"
ထိုအရာက ကောင်းယွမ်ဘ တိမ်စိမ်းဂိုဏ်းကို လက်စားချေတာ သံသယရှိစရာမလိုပေ၊၊
လျိုချင်းရှန် အတော်လေးဒေါသထွက်သွားပြီး မျက်ခုံးတွေတင်းကြပ်စွာ တွန့်ခေါက်နေခဲံသည်၊၊
"အဲ့ဒီခွေးမသား----"
"သားရဲတစ်ရာတောင် သားရဲဘုရင်ရဲ့ ခွန်အားက ငါတို့တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေရဲ့ခွန်အားနဲ့အတူတူပဲ----"
"ပြီးတော့ သူက ထောင်နဲ့ချီတဲ့သားရဲတွေကိုလည်း အမိန့်ပေးနိုင်တယ်----"
"သူတို့တွေဒေါသထွက်ပြီးအကြီးအကျယ်ဖျက်ဆီကြမယ်ဆိုရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်----"
"ဂျန်ဖန်း, ငါတို့လည်းသွားရအောင်---"
ဂျန်ဖန်း တွေဝေမနေပဲ ခေါင်းညိတ်လိုက်သည်၊၊
သူက မကြာသေးခင်ကမှ အခြေခံတည်ဆောက်ခြင်းအဆင့် ၄ ကို ချိုးဖြတ်ထားတာဖြစ်၍ အခြေမခိုင်သေးပေ၊၊
နတ်ဆိုးသားရဲတွေကိုအမဲလိုက်ခြင်းက သူ့ကို အလျှင်အမြန်အခြေခိုင်စေမှာပဲဖြစ်သည်၊၊
သူတို့ရင်ပြင်ကိုရောက်သည့်အခါ လူအများအပြားရောက်နှင့်နေပြီဖြစ်သည်၊၊
မရေမတွက်နိုင်သည့်တပည့်တွေစုဝေးနေကြ၏၊၊
လျိုဝူချန်း လူစုံအောင်စောင့်မနေတော့ပဲ အရေးပေါ်အခြေအနေကို ချက်ချင်းကြေညာလိုက်သည်၊၊
"သားရဲတစ်ရာတောင်တန်းက နတ်ဆိုးသားရဲတွေ မြို့ဆယ်မြို့ကိုဝင်ပြီး ဖရိုဖရဲတွေဖြစ်ကုန်ပြီ---"
"ငါတို့ အခု အဲ့ဒီမြို့ဆယ်မြို့ကို တပည့်တစ်ရာ စေလွတ်ပြီး အဆင့်နိိမ့်သားရဲတွေကို သတ်ဖို့စီစဥ်ထားတယ်----"
ထိုအရာကိုကြားသည့်အခါ လူတိုင်း ကသောင်းကနင်းဖြစ်သွားကြသည်၊၊
သားရဲလှိုင်းတောင်ရောက်မလာသေးပဲ သားရဲဘုရင်တစ်ယောက်က တိမ်စိမ်းဂိုဏ်းနယ်ပယ်မှာ ပြဿနာရှာနေပြီလား?၊၊
သူတို့သာအခြေအနေကို အလျှင်အမြန်မထိန်းချုပ်နိုင်လျှင် သားရဲလှိုင်းရောက်လာသည့်အခါ တိမ်စိမ်းဂိုဏ်က အတွင်းကော အပြင်ကောမှ တိုက်ခိုက်ခံရမည်ဖြစ်သည်၊၊
သို့ပေမယ့် သားရဲတစ်ရာတောင်မှ သားရဲတွေက ကိုင်တွယ်ဖို့မလွယ်ကူပေ၊၊
တစ်ကောင်ချင်းစီက ထူးခြားပြီး ဆန်းကြယ်သည့်စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြ၏၊၊
ထို့ကြောင့် သူတို့ကိုအမြစ်ပြတ်သုတ်သင်ဖို့က အတော်လေးခက်တာဖြစ်သည်၊၊
တိမ်စိမ်းဂိုဏ်းက သူတို့ပိုင်နက်ထဲ၌ ထိုကောင်တွေကိုနှစ်အတော်ကြာသည်းခံလာသည့်အချက်က ထိုကိစ္စ၏အတိမ်အနက်ကိုသိနိုင်တာပဲဖြစ်သည်၊၊
ယခု သူတို့ကိုသတ်ဖို့သွားတာက အလွန်အမင်းအန္တရာယ်များတာဖြစ်သည်၊၊
ဤအရာက တပည့်များစွာကို တွေဝေသွားစေခဲ့သည်၊၊
သို့ပေမယ့် လျိုဝူချန်း၏နောက်ထပ်စကားက သူတို့အားလုံးကို စိတ်လှုပ်ရှားသွားစေခဲ့သည်၊၊
"ဒီသားရဲအမဲလိုက်တာက အကျိုးဆောင်မှုအပေါ်မူတည်ပြီး ဆုလဒ်တွေရလိမ့်မယ်---"
"ချီကျင့်ကြံခြင်းအဆင့်သားရဲတစ်ကောင်ကို သတ်နိုင်ရင် အကျိုးပြုမှတ် ၁မှတ်ရမယ်---"
"အခြေခံတည်ဆောက်ခြင်းနတ်ဆိုးသားရဲတစ်ကောင်ကိုသတ်ရင် အကျိုးပြုမှတ် ၁၀မှတ်ရမယ်---"
"အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲဘုရင်ကို သတ်နိုင်ရင်တော့ အကျိုးပြုမှတ် ၁၀၀ ရမယ်----"
"အကျိုးပြုမှတ်တွေနဲ့ မင်းတို့က တိမ်စိမ်းဂိုဏ်းအထွတ်အမြတ်ခန်းမကိုဝင်ပြီး ကျင့်ကြံနိုင်မယ်၊၊ မင်းတို့ရတဲ့အကျိုးပြုမှတ်များလေလေ, အထဲမှာကျင့်ကြံနိုင်မဲ့အချိန်က ကြာလေလေပဲ----"
ဘာ?----
ထိုအရာကိုကြားသည့်အခါ လူတိုင်းတည်ငြိိမ်မနေနိုင်တော့ပေ၊၊
"အထွတ်အမြတ်ခန်းမ, ဒါက မြင့်မြတ်အကြီးအကဲသာကျင့်ကြံနိုင်သည့်နေရာပဲ----"
"အထဲက စိတ်ဝိညာဥ်စွမ်အင်တွေက မြူတွေလိုသိပ်သည်းပြီး အဲ့မှာတစ်ရက်ကျင့်ကြံတာက အပြင်မှာတစ်လကျင့်ကြံတာနဲ့ညီတယ်----"
"အဲ့မှာ ဆယ်ရက်သာကျင့်ကြံလိုက်ရလို့ကတော့ အပြင်မှာ တစ်နှစ်လောက်ကျင့်ကြံတာနဲ့ညီသွားမှာ၊၊ ဝက်တစ်ကောင်ဆိုရင်တောင် အဆင့်တစ်ဆင့်ချိုးဖြတ်နိုင်တယ်----"
"ဒါပေမယ့် နေရာတစ်ရာစာပဲရှိတော့ ကံကောင်းတဲ့လူအနည်းငယ်ပဲ သွားနိုင်မှာ----"
ကြေညာပြီးနောက်----
လျိုဝူချန်း တစ်စုံတစ်ယောက်ကို သေတ္တာကြီးတစ်ခု သယ်လာခိုင်းလိုက်သည်၊၊
အထဲ၌ သစ်သားပြားတွေရှိနေပြီး တိမ်စိမ်းဂိုဏ်းတပည့်အားလုံး၏နာမည်တွေကို ရေးထွင်းထားခဲ့သည်၊၊
"ကျပန်းမဲနှိုက်မယ်၊၊ တစ်ဖွဲ့ကိုဆယ်ယောက်နဲ့ ကျင့်ကြံရေးအမြင့်ဆုံးလူက အဖွဲ့ခေါင်းဆောင်ဖြစ်မယ်----"
လူတိုင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်၊၊
လျိုဝူချန်း သေတ္တာကိုလက်ဝါးဖြင့်ရိုက်လိုက်ပြီး သစ်သားပြားအများအပြား ပျံလွင့်လာခဲ့သည်၊၊
ထို့နောက် လက်ဝှေ့ယမ်းကာ သူတို့ထဲက ဆယ်ခုကို ကျပန်းဖမ်းယူလိုက်သည်၊၊
"ဓားရူးတောင်ထိပ် ကျန်းဂျို၊ ဆေးတောင်ထိပ်စုချီနင်၊ ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ကျန်းယဲ့---- ပိုင်လျိုမြို့ကို ချက်ချင်းသွားကြပါ---"
"ပြန်လည်မွေးဖွားခြင်းတောင်ထိပ် တန်ထျန်လုံ၊ ကောင်းကင်ဓားတောင်ထပ် ရှုယင်းရင်၊ အပူပင်မဲ့တောင်ထိပ် ကျောက်ချန်းကျီ---- အထီးကျန်လှေမြို့ကို ချက်ချင်းထွက်ခွာပါ----"
ထိုအရာကိုကြားသည့်အခါ ရှုယင်းရင်း အတော်လေးပျော်ရွင်သွားခဲ့သည်၊၊
သူမက အမှန်တကယ်ရွေးချယ်ခံခဲ့ရ၏၊၊
ထို့ပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ တန်ထျန်းလုံနှင့် တစ်ဖွဲ့တည်းဖြစ်သည်၊၊
ဤမစ်ရှင်က လွယ်ကူသွားပြီပဲဖြစ်၏၊၊
"ဂိုဏ်းသခင်တောင်ထိပ် ဂျန်ဖန်း၊ ကောင်းကင်ဓားတောင်ထိပ် ဒင်းဝမ်ပိုင်၊ ကောင်းကင်ဓားတောင်ထိပ် ချန်းစီလင်---- တိမ်နေမင်းမြို့ကို ချက်ချင်းထွက်ခွာပါ---"
ထိုအရာကိုကြားသည့်အခါ----
တပည့်တွေ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်၊၊
"ဒီအဖွဲ့က အရမ်းအားမကောင်းကြဘူး၊၊ သန်မာတဲ့တပည့်ဟောင်းဆိုလို့ အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ဖြစ်တဲ့ ဒင်းဝမ်ပိုင်ပဲပါတာ၊၊ အခြားတပည့်ဟောင်းတွေက သာမန်တွေချည်းပဲ----"
"အဓိကအချက်ကတော့ အသစ်တွေဖြစ်တဲ့ ဂျန်ဖန်းနဲ့ ချန်းစီလင်ပဲ၊၊ သူတို့က အဖွဲ့ကို ဆွဲချသွားမှာမဟုတ်ဘူးလား---"
"သူတို့အဖွဲ့ နတ်ဆိုးသားရဲတွေသတ်နိုင်မလားဆိုတာတောင် ပြောရခက်တယ်၊၊ သူတို့တောင် ပြန်သေသွားနိုင်တယ်---"
ရှုယင်းရင် ပျော်ရွင်နေခဲ့သည်၊၊
သူမက အဝေးကနေ ဂျန်ဖန်းကို အော်ပြာလိုက်သည်၊၊
"နင်သေရမှာကြောက်တယ်ဆိုရင်, နင့်ရဲ့ကိုယ်လုပ်တော်လေးကိုခေါ်ပြီးနှုတ်ထွက်လိုက်လေ၊၊ နင့်တို့ရဲ့နေရာတွေကို လက်လျော့လိုက်ပေါ့----"
ဂျန်ဖန်း စိတ်ပျက်စွာဖြင့် သူမကိုမျက်လုံးလှန်ကြည့်လိုက်သည်၊၊
သူက သူမကိုပြန်ပြောချင်စိတ်မရှိပေ၊၊
ထိုအရာကိုကြားသည့်အခါ တန်ထျန်းလုံ ရှုယင်းရင်ဘေးကိုရောက်လာခဲ့သည်၊၊
ရှုယင်းရင်၏ ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်နှင့် လှပသည့်အသွင်အပြင်ကိုကြည့်ပြီး သူ့မျက်လုံးထဲ၌ သိသာသည့်တပ်မက်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်၊၊ သူက ရယ်ပြီး ပြောလိုက်သည်၊၊
"ဘာလဲ, မင်းက ဂျန်ဖန်းကို သိတာလား----"
ရှုယင်းရင် မြှောက်တက်သွားခဲ့သည်၊၊
တန်ထျန်လုံက သူမကို အမှန်တကယ်ချည်းကယ်လာခဲ့သည်လား----
သူက ရှုပ်ထွေးသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်၊၊
"သူက အရင်တုန်းက ငါ့သတို့သားလောင်းလေ၊၊ အခုတော့ ငါ့အမလူဖြစ်သွားပြီ---"
ဂျန်ဖန်း ကောင်းဝူရွမ်းကို လက်သီးတစ်ချက်တည်းဖြင့်အနိုင်ယူပြီး ချောင်ကျန့်ကို လက်ဝါးတစ်ချက်တည်းဖြင့် အလဲသိပ်လိုက်တာမြင်တော့----
သူမက အတော်လေး မသက်မသာခံစားခဲ့ရပြီး အလွန်စိတ်ပျက်နေခဲ့သည်၊၊
မဖော်ပြနိုင်သည့်စိတ်ခံစားချက်တစ်ခုလည်း သူမနှလုံးသားထဲမှာ ဖြစ်ပေါ်နေခဲ့၏၊၊
နံပါတ် ၁ အရိပ်စောင့် သူမဘေးမှာပေါ်လာပြီး အားပေးဖို့တောင့်တနေခဲ့သည်၊၊
ကံမကောင်းစွာနှင့် မည်သူမှရှိမနေခဲ့ပေ၊၊
တန်ထျန်လုံ၏ထွက်ပေါ်လာမှုက သူမအတွက် အားကိုးရာတစ်ခုရှာတွေ့လိုက်သကဲ့သို့ပင်ဖြစ်သည်၊၊
သူပြောလိုက်သည့်နောက်ထပ်စကားတွေက သူမကို နောက်တစ်ဖန်ယုံကြည်မှုရှိသွားစေခဲ့သည်၊၊
"အဆင့် ၆ စိတ်ဝိညာဥ်အမြစ်နဲ့ပါရမီရှင်တစ်ယောက်၊၊ သူရဲ့သတို့သားကတော့ အလားအလာအကုန်သုံးပြီးမှ မြှင့်တင်ထားတဲ့လူဖြစ်နေတယ်----"
"ဒါမင်းအတွက် မတရားဘူး၊၊ မင်းအခြေအနေနဲ့ဆိုရင် လူတွေကြားက နဂါးတစ်ကောင်ကိုရှာဖို့ မခက်ပါဘူး----"
"ကံကောင်းစွာနဲ့ မင်းက အဲ့ဒီကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်လာခဲ့တယ်----"
"မင်းအမအတွက်တော့စိတ်မကောင်းစရာပဲ၊၊ မင်းအစား အဲ့ဒီအမှိုက်ကောင်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းရတော့မယ်---"
ဤစကားတွေက ရှုယင်းရင် စိတ်ရှုပ်နေရသည့်အချက်ကို ထိမှန်သွားခဲ့သည်၊၊
နောက်ဆုံးမှာတော့ သူမကိုနားလည်သည့် တစ်စုံတစ်ယောက်ပေါ်လာပြီပဲဖြစ်သည်၊၊
သူမက ဂျန်ဖန်းကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး သူမခံစားချက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်၊၊
သူမမနေနိုင်ပဲ ကိုယ့်ကိုယ်ကိုလှောင်ပြောင်လိုက်သည်၊၊
"ငါကဘာလို့ သူနဲ့လိုက်ပြိုင်နေရမှာလဲ---"
"သူက မထိုက်တန်ဘူး----"
ဂျန်ဖန်းဘေးမှာရှိနေသည့် ချန်းစီလင်လည်း ရှုယင်းရင်အခြေအနေအား ရှုရို့ရန်ပြောတာ ကြားဖူး၏၊၊
သူမ အကြောင်းပြချက်ကို နားမလည်သေးတာမြင်တော့ ချန်းစီလင် စိတ်ရင်းမှန်ဖြင့် အကြံပေးလိုက်သည်၊၊
"သခင်မလေးရှု, နင်နဲ့ဂျန်ဖန်းကြားက ကိစ္စတွေကကြာခဲ့ပါပြီ----"
"ဘာလို့ ဆက်ပြီး အငြိုးတွေထားနေအုန်းမှာလဲ----"
"နင့်ဘဝကို ကောင်းကောင်းရှင်းသန်ပါ၊၊ ဂျန်ဖန်းဆို နင့်အကြောင်း တွေးတောင်မတွေးတော့ဘူး----"
ပထမနှစ်ခုက ရှုယင်းရင်အပေါ် အများကြီးမသက်ရောက်ပေ၊၊
သို့ပေမယ့် နောက်ဆုံးစကားက အနာပေါ်ဒုတ်ကျသလိုဖြစ်သွားပြီး သူမ၏တည်ငြိမ်နေသည့်မျက်နှာက အေးစက်သွားခဲ့သည်၊၊
"နင့်ကိုယ်နင်ဘယ်သူထင်နေတာလဲ၊၊ ကိုယ်လုပ်တောင်တစ်ယောက်ကများ---- ဘယ်လိုတောင်ငါ့ကိုလာပြီး သင်ပြပေးရဲတာလဲ----"
"နင့် အသက်ရှင်နိုင်မလားဆိုတာပဲအာရုံစိုက်တာ ပိုကောင်းမယ်---"
"ဂျန်ဖန်းရဲ့အစွမ်းအစနည်းနည်းလေးနဲ့ သူ့ကိုယ်သူတောင် အနိုင်နိုင်ကာကွယ််ရမှာ----"
သူမ၏စေတနာကို ဤကဲ့သို့တုန့်ပြန်ခံရမည်ဟု ချန်းစီလင်မမျှော်လင့်ထားပေ၊၊
သူမ၏ လှပသည့်မျက်ခုံးတွေအနည်းငယ် မြင့်တက်သွားပြီး ဂျန်ဖန်း လက်မောင်းကိုကိုင်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်၊၊
"သခင်မလေးရှု စိုးရိမ်ဖို့လိုပါဘူး---"
"ငါ့ယောက်ျားကို ငါယုံပြီးသား၊၊ သူက ငါ့ကို ကာကွယ်ပေးပြီး အထွတ်အမြတ်ခန်းမကို ခေါ်သွားပေမှာ---"
ရှုယင်းရင် ဒေါသထွက်လွန်း၍ အံကြိတ်လိုက်သည်၊၊
သူမအမ ရှုရို့ရန်ကို ရှုံးနိမ့်တာ သူမလက်ခံနိုင်၏၊၊
သို့ပေမယ့် ဘာကြောင့် နောက်မှရောက်လာသည့် မိန်းမတစ်ယောက်က သူမရှေ့မှာလာပြီး ကြွားဝါရဲရသနည်း၊၊
သူမက ချန်းစီလင်ထက်တောင် နိမ့်ကျသွားပြီလား---
"ကောင်းပြီလေ, ဘယ်သူအမှတ်ပိုရလဲကြည့်ကြတာပေါ့၊၊ နင်ပဲ ဂျန်ဖန်းဆီက ပိုရမလား၊ ငါပဲ စီနီယာအကိုတန်ဆီက ပိုရမလားဆိုတာကြည့်ရသေးတာပေါ့---"
ချန်းစီလင်း တွေဝေမနေပဲ ခွန်းတုံ့ပြန်လိုက်သည်၊၊
"သေချာတောပေါ့, ပြဿနာမရှိဘူး---"
တန်ထျန်းလုံ ရယ်လိုက်၏၊၊
"ဂျူနီယာညီမရှု,မင်းက ငါ့ကို ဒီအမှိုက်ကောင်နဲ့ယှဥ်ပြိုင်စေချင်တာလား---"
"ဒါက စော်ကားလွန်းရာမရောက်ဘူးလား----"
ရှုယင်းရင်မျက်နှာ ကိုယ့်ရို့ကားယားဖြစ်သွားပြီး တောင်းပန်ဖို့ပြင်လိုက်၏၊၊
တန်ထျန်းလုံ သက်ပြင်းချလိုက်သည်၊၊
"ယှဥ်ပြိုင်ဖို့မလိုပါဘူး၊၊ သူက မထိုက်တန်ဘူး----"
"ဒါပေမယ့် ငါ ဂျူနီယာညီမရှုကို သိစေချင်တယ်၊၊ အဖွဲ့မှာ ငါနဲ့ရှိတာကကို အဲ့ဒီကောင်ရဲ့မိန်းမဖြစ်ရတာထက် ဆယ်ဆလောက်အကျိုးရှိတယ်ဆိုတာပဲ---"
ရှုယင်းရင်မျက်နှာ အနည်းငယ်ပြန်တောက်ပလာခဲ့သည်၊၊
သူမက ဂျန်ဖန်းကို ရှုပ်ထွေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊