← Chapters

မနာလိုမှု

Vol. 9 Ch. 124

မနာလိုမှု

Vol. 9 Ch. 124

လျိုဝူချန်း မဲနှိုက်ပြီးသည့်အခါ---

တပည့်တစ်ရာကို အဖွဲ့ဆယ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီးသွားပြီဖြစ်သည်၊၊

"အချိန်ကမရှိဘူး၊၊ မင်းတို့ပြင်ဆင်ဖို့ ၁၅မိနစ်အချိန်ရမယ်---"

၁၅မိနစ်?---

ထိုအချိန်က တောင်တံခါးကိုပြန်သွားဖို့တောင် အချိန်မလောက်ပေ၊၊

ရင်းနှီးသည့်လူတွေနှင့် စကားအနည်းငယ်ပြောဖို့သာ လုံလောက်၏၊၊

"ဝမ်ပိုင်, စီလင်----"

လီချင်းဖုန်း သူတို့အဖွဲ့ဆီိသို့ စိုးရိမ်သည့်အမူအရာဖြင့် လျှောက်လာပြီး ပြောလိုက်သည်၊၊

"သားရဲတစ်ရာတောင်ရဲ့ နတ်ဆိုးသားရဲတွေက ကိစ္စသေးသေးလေးမဟုတ်ဘူး---"

"သူတို့နဲ့ထိပ်တိုက်တွေ့ခဲ့ရင် မင်းတို့ အတော်လေး သတိထားရမယ်နော်----"

ပြောပြီးနောက် သူက ကုသခြင်းဆေးပင်၊ စိတ်ဝိညာဥ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံး၊ အဆောင်စာရွက် စတာတွေပါဝင်သည့် အိတ်ကြီးတစ်ခုကိုပေးလိုက်သည်၊၊

ထိုအရာတွေက သလင်းကျောက်ရာနဲ့ချီတန်တာဖြစ်သည်၊၊

ဒင်းဝမ် ၎င်းတို့ကိုလက်ခံလိုက်၏၊၊

"ဆရာက ကျွန်တော်တို့အပေါ် အမြဲကောင်းတာပဲ---"

ထို့နောက် ချန်းစီလင်ဘေးက ဂျန်ဖန်းကိုကြည့်ပြီး အတော်လေးစိတ်ပျက်သွားခဲ့သည်၊၊

တိုက်တိုက်ဆိုင်ဆိုင် လျိုဝူချန်းလည်း ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို အရင်းအမြစ်တွေပေးနေ၏၊၊

နောက်ဆုံးမှာတော့ ဂျန်ဖန်းအလှည့်ရောက်လာပြီဖြစ်သည်၊၊

အရေးတကြီးအခြေအနေဖြစ်၍ ဂိုဏ်ချုပ်နှင့် အကြီအကဲတွေ အရင်းအမြစ်လုံလောက်အောင် မပြင်ဆင်ခဲ့ရပေ၊၊

ဂျန်ဖန်းအလှည့်ရောက်သည့်အခါ ကုသဆေးနှစ်လုံးသာကျန်တော့၏၊၊ လျိုဝူချန်း ၎င်းတို့ကို ဂျန်ဖန်းဆီသို့ အမူအရာကင်းမဲ့စွာဖြင့် ပစ်ပေးလိုက်သည်၊၊

"ဒါ ရှိတာအကုန်ပဲ----"

"ဒါပေမယ့် မင်းရဲ့ကျင့်ကြံရေးက သာမန်ပဲ၊၊ နတ်ဆိုးသားရဲတစ်ကောင်ကောင်နဲ့တွေ့ရင် လွတ်မြောက်ဖို့ကိုပဲ အာရုံစိုက်ထား၊၊ သူတို့ကိုတော့ ဒင်းဝမ်ပိုင်ကိုပဲ သတ်ခိုင်းလိုက်----"

"ဒီဆေးနှစ်လုံးက မင်းအတွက်လုံလောက်ပါတယ်----"

ခဏညွှန်ကြားပြီးနောက် သူက လှည့်ထွက်သွားခဲ့သည်၊၊

လီချင်ဖုန်း သူ့တပည့်တွေကို ဂရုစိုက်နေသည်နှင့်ယှဥ်လျှင် ကွာခြားချက်က ထင်ရှားလှ၏၊၊

ဂျန်ဖန်း သူ့နှခေါင်းသူထိလိုက်သည်၊၊

ကြည့််ရတာ ချောင်ကျန့်ထွက်သွားတာကြောင့် လျိုဝူချန်းအတော်မကျေမနပ်ဖြစ်နေပုံရ၏၊၊

ဒင်ဝမ်ပိုင် ထိုအခွင့်အရေးကိုအမိအရယူကာ လှောင်ပြောင်လိုက်၏၊၊

"သနားစရာပဲ, မင်းကို ဘယ်သူကမှ မစိုးရိမ်ကြဘူး----"

"မင်းဆရာကတောင် ကုသဆေးလေး နှစ်လုံးပဲပေးတယ်၊၊ ဒါပဲလေ----"

"ဟ-- ဟ---ဟ---"

ချန်းစီလင်ထိုအရာကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားကာ ဂျန်ဖန်းလက်ကိုကိုင်လိုက်သည်၊၊

"ယောက်ျား, နင် ငါ့ရဲ့ဆေးတွေနဲ့ အဆောင်တွေသုံးလို့ရတယ်၊၊ ဝမ်မနည်းနဲ့နော်----"

သူမစကားတွေကြောင့် ဂျန်ဖန်း နွေးထွေးသွားခဲ့သည်၊၊ သူက သူမ၏နူးညံ့သည့်ပါးစုန်လေးကိုလိမ်ဆွဲပြီး ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်၊၊

"အရူးမလေး, ငါက ဘာလို့မင်းဟာတွေလိုမှာလဲ----"

တိမ်စိမ်းဂိုဏ်းထုတ်ပေးတာက သာမန်ပစ္စည်းတွေမျှသာဖြစ်သည်၊၊

သူကိုယ်တိုင်လုပ်ထားသည့်အရာတွေနှင့် မည်သို့ယှဥ်နိုင်မည်နည်း၊၊

သူတို့ တိမ်နေမင်းမြို့ကိုရောက်သည့်အခါ ဆေးပင်အချို့စုဆောင်းနိုင်၏၊၊ ထိုအခါ သူလုပ်တဲ့ဆေးပင်တွေက ဤအရာတွေထက်များစွာ ပိုကောင်းမှာပဲဖြစ်သည်၊၊

"ဂိုဏ်းကတောင်မထွက်ရသေးဘူး, နင်တို့က အရမ်းဖြစ်နေကြပြီးပေါ့၊၊ အပြင်ရောက်ရင်ဘယ်လိုလုပ်မလဲ----"

ရှုရို့ရန်၏ မကျေမနပ်အသံ ထွက်ပေါ်လာခဲ့သည်၊၊

ချန်းစီလင် ရုတ်တရက်ထိတ်လန့်သွားပြီး ဂျန်ဖန်းဖက်ထားရာမှခုန်ထွက်လိုက်၏၊၊ သူမမျက်နှာက နီရဲနေပြီး အောက်ငုံ့ထားခဲ့သည်၊၊

"အမ, ငါမလုပ်ရဲပါဘူး---"

မယားကြီးတစ်ယောက်အနေဖြင့် ရှုရို့ရန်တောင် ဂျန်ဖန်းနှင့် မပေါင်းစပ်ရသေးပေ၊၊

သူမက ကျော်ပြီး မည်သို့လုပ်ရဲမည်နည်း၊၊

"ဟ--- ဟ--- ဟ----"

ရှုရို့ရန် မရယ်ပဲမနေနိုင်ဖြစ်သွားသည်၊၊

"ငါကစတာပါ၊၊ ကြည့်စမ်းပါအုန်း နင်ဘယ်လောက်ကြောက်သွားလဲဆိုတာ----"

"ကိစ္စတွေက အနှေးနဲ့အမြန်ဖြစ်လာမှာပဲ၊, ငါနင့်ကိုလက်ခံပြီးမှတော့ ဘယ်လိုလုပ်စိတ်ထဲထားမှာလဲ----"

သူမက ချန်းစီလင်လက်ကိုဆွဲကာ ဂျန်ဖန်းလက်ဝါးထဲထည့်ပေးလိုက်သည်၊၊

"ငါ စီလင့်ကို နင့်လက်အပ်မယ်နော်----"

"သူမကို မထိခိုက်စေနဲ့----"

ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်ပြီး အမျိုးသမီးနှစ်ယောက်လုံးကို ရင်ခွင်ထဲမှာ ဖက်ထားလိုက်သည်၊၊

ဤအရာကြောင့် အလွန်ဂုဏ်ယူနေသည့် ဒင်းဝမ်ပိုင် ရုတ်တရက် သူ့ဆရာ၏ဂရုစိုက်မှုတွေကို အာရုံမရတော့ပေ၊၊

ကုသေဆေးပင်၊ စိတ်စွမ်းအင်ဆေးလုံး၊ စိတ်ဝိညာဥ်အဆာင်၊ စတာတွေက သူ့ရှေ့ကမြင်ကွင်းနှင့် နည်းနည်းမှမယှဥ်နိုင်ပေ၊၊

သို့ပေမယ့် ဒင်ဝမ်ပိုင်မျက်လုံးတွေ ပြုတ်ကျမတတ် မနာလိုဖြစ်သွားစေတာက---

ခရမ်းရောင်ဝတ်စုံနှင့်ပုံရိပ်တစ်ခုက တွေဝေစွာဖြင့်လျှောက်လာတာပဲဖြစ်သည်၊၊

"နင်တို့တော်တော် ပျော်နေကြတယ်ပေါ့----"

ရင်သက်ရူမောဖွယ်လှပသည့် လျိုချင်းရှန် သူမရှေ့ကမြင်ကွင်းကိုကြည့်ပြီး ခံစားချက်တွေရောထွေးနေခဲ့သည်၊၊

ဂျန်ဖန်း၌ ဇနီးနှစ်ယောက်ရှိတာ အစောကြီးကတည်းကသူမသိထား၏၊၊ သို့ပေမယ့် သူတို့ပွေ့ဖက်နေတာမြင်သည့်အခါ သူမနှလုံးသားထဲ၌ သဲတွေဖြူးထားသလိုခံစားရပြီး အတော်လေး မသက်မသာဖြစ်နေခဲ့သည်၊၊

ဂျန်ဖန်းပြောလိုက်သည်၊၊

"စီနီယာအမ, မင်းပြောချင်တာတစ်ခုခု ရှိလို့လား----"

လျိုချင်းရှန် ရှုရို့ရန်ကိုတစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ပဲ သူမနှင့်ယှဥ်ကြည့်မိလိုက်၏၊၊

အသွင်အပြင်အရဆိုလျှင် ရှုရို့ရန်နှင့် သူမက တန်းတူပဲဖြစ်သည်၊၊

စိတ်ဝိညာဥ်အမြစ်အရဆိုလည်း အဆင့် ၇ ခြင်းအတူတူပဲဖြစ်သည်၊၊

အထောက်အထားအရမှာတော့ ရှုရို့ရန်က ဂျန်ဖန်း သတို့သမီးဖြစ်ပြီး သူမကတော့ စီနီယာအမသာဖြစ်သည်၊၊

ဤနှိုင်းယှဥ်ကြည့်မှုက သူမကို အတော်လေး မကျေမနပ်ဖြစ်သွားစေခဲ့သည်၊၊

ဘာလို့လဲ?---

သူမက လုံးဝမနိမ့်ကျပေ၊၊

အနည်းငယ်ယှဥ်ပြိုင်လိုသည့်စိတ်ဖြင့် သူမက အနီရောင်သေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်၊၊ အထဲ၌ အမျိုးမျိုးသောဆေးပင်တွေ၊ စိတ်ဝိညာဥ်ဆေးလုံးတွေ၊ အဆောင်တွေနှင့် ပြည့်နှက်နေခဲ့သည်၊၊ အဆင့်နိမ့်မှော်ရတနာအချို့တောင်ပါတာ ဖြစ်သည်၊၊

ဤပမာဏက ဒင်းဝမ်ပိုင်ရတာထက် အဆများစွာပိုများတာပဲဖြစ်သည်၊၊

"ငါနင့်အတွက် ပစ္စည်းအချို့ပြင်ဆင်ထားတယ်၊၊ နင့်အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်----"

သူမက သေတ္တာကို ဂျန်ဖန်းဆီ ကမ်းပေးလိုက်သည်၊၊

"ကျေးဇူးတင်ပါတယ်, စီနီယာအမ---"

ဂျန်ဖန်း လက်ခံဖို့ပြင်လိုက်၏၊၊

သို့ပေမယ့် ရှုရို့ရန်၏မျက်လုံးတွ အနည်းငယ်ကျဥ်းမြောင်းသွားသည်၊၊

"စီနီယာအမလျိို, နင့်ရဲ့ကြင်နာမှုကို ငါ့ယောက်ျားကိုယ်စား ကျေးဇူးတင်ပါတယ်---"

"ဒါပေမယ့် ငါ ငါ့ယောက်ျားအတွက် ပြင်ဆင်ပေးပြီးသွားပြီ၊၊ ပြီးတော့ စီလင်လည်း သူနဲ့အတူတူသုံံးမှာလေ---"

"စီနီယာအမလျို ဒုက္ခခံဖို့ မလိုပါဘူး---"

အမျိုးသမီးတစ်ယောက်အနေဖြင့် သူမက လျိုချင်းရှန်အတွေးတွေကို ဘယ်လိုလုပ်နားမလည်ပဲနေမည်နည်း၊၊

လျိုချင်းရှန်ကသာ ရန်စချင်လျှင် သူမက သေချာပေါက် အဖော်ပြုပေးမှာပဲဖြစ်သည်၊၊

လျိုချင်းရှန် မျက်လုံးတွေထက်ရှသွားပြီး ရှုရို့ရန်ကို ကြည့်လိုက်သည်၊၊

"ငါက ငါ့ဂျူနီယာမောင်လေးကို တစ်ခုခုပေးတာ နင့်ခွင့်ပြုချက်လိုလို့လား---"

ရှုရို့ရန် ရယ်လိုက်ပြီး ဂျန်ဖန်းဘက်လှည့်ကာ စိုက်ကြည့်လိုက်သည်၊၊

"ဖန်း, စီလင်နဲ့ငါက နင့်ကို အခြားမိန်းမဆီက ပစ္စည်းတွေ လက်မခံစေချင်ဘူး---"

"နင်, ကိုယ့်ဘာသာဆုံးဖြတ်ပါ----"

ဂျန်ဖန်း ဆွံ့အသွားခဲ့သည်၊၊

သူတို့က အခုချိန်ကျမှ ဘာလို့ ငြင်းခုံနေရသနည်း၊၊

သို့ပေမယ့် ရှုရို့ရန်နှင့် ချန်းစီလင်က သူ၏ အရင်းနှီးဆုံးလူတွေဖြစ်သည်၊၊

သူ သူမတို့ကို စိတ်ပျက်အောင်မလုပ်နိုင်ပေ၊၊

ထို့ကြောင့် လက်ချင်းယှက်ကာ လျိုချင်းရှန်၏ကြင်နာမှုကို ယဥ်ယဥ်ကျေးကျေး ငြင်းဆန်လိုက်၏၊၊

"စီနီယာအမလျို, ငါ----"

"မပြောနဲ့တော့---"

လျိုချင်းရှန် အဖြေကိုသိပြီးသားဖြစ်သည်၊၊၊

သူမက သူမ၏ငွေရောင်သွားလေတွေကို ကိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်၊၊

"နင်က အတော်နှလုံးသားမရှိတာပဲ---"

ထို့နောက် တည်ငြိမ်နေသည့်ရှုရို့ရန်ကို ကြည့်ပြီး တစ်ခုခုပြောချင်ပေမယ့် သူမကိုယ်သူမ ရပ်တန့်လိုက်၏၊၊

နောက်ဆုံးမှာတော့ ခြေဆောင့်ကာ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်၊၊

ဂျန်ဖန်း သက်ပြင်းချလိုက်သည်၊၊

အခြားနည်းလမ်းမရှိပေ၊၊

လျိုချင်းရှန် သူ့ကိုကောင်းကောင်းဆက်ဆံပေမယ့် သူ့ဇနီးနှစ်ယောက်နှင့်ပြိုင်ချင်လျှင်တော့ သဘာဝအတိုင်း သူ့ဇနီးတွေက ပိုအရေးကြီး၏၊၊

နတ်ဆိုးသားရဲတွေကိုခုခံပြီး ပြန်ရောက်မှသာ သူမကို ချော့ရမည်ဖြစ်သည်၊၊

ချန်းစီလင် တိတ််တဆိတ်ပြောလိုက်သည်၊၊

"အမ, သူမကို ဘာလို့ဒီလိုဆက်ဆံလိုက်ရတာလဲ---"

သူမမှတ်ဉာဏ်ထဲ၌ ရှုရို့ရန်က များသောအားဖြင့် အကျိုးကြောင်းမဆီလျော်သည့်လူမဟုတ်ပေ၊၊

ရှုရို့ရန် အကူအညီမဲ့စွာပြန်ပြောလိုက်သည်၊၊

"ငါလည်းလုပ်ချင်တယ် ထင်လို့လား---"

"အဲ့ဒီဂိုဏ်းချုပ်ရဲ့သမီးက မာနကြီးတယ်၊၊ သူမနဲ့ ဖန်းမှာရေစက်မရှိရင် ဒီမှာပဲရပ်သွားလိမ့်မယ်---"

"အခွင့်ရေးရှိရင် ငါ့တားသင့်လားမတားသင့်ဘူးလား----"

ဒါက---

ချန်းစီလင် အမှန်တကယ်ပဲ အဖြေကို မသိပေ၊၊

အဘယ်ကြောင့်ဆိုသော် သူမက ရှုရို့ရန်၏ သဘောတူညီမှုဖြင့် ဂျန်ဖန်းကိုယ်လုပ်တောင်ဖြစ်လာတာပဲဖြစ်သည်၊၊

"ငါတားရင် မယာကြီးအနေနဲ့ ဟိတ်ကြီးဟန်ကြီးလုပ်တာ ဖြစ်မယ်----"

"မတားပြန်ရင်လည်း အဲ့ဒီဂိုဏ်းချုပ်ရဲ့သမီးက ငါ့တို့အောက်မှာရှိချင်မယ်ထင်လို့လား---"

"ဒီတော့ အခုကတည်းကသူမနားလည်အောင်လုပ်ထားရမယ်၊၊ သူမသာ ငါတို့ပူးပေါင်းချင်ရင် ဘယ်သူ့မှာအာဏာရှိလဲဆိုတာပေါ့---"

ချန်းစီလင်နားလည်သွားခဲ့သည်၊၊

အစောပိုင်းငြင်းခုန်မှုက ရာထူးအဆင့်အတန်းကိုငြင်းခုန်တာပဲဖြစ်ပြီး လျိုချင်းရှန်၏ရည်ရွယ်ချက်ကို ဆုံးမဖို့ပဲဖြစ်သည်၊၊

ရှုရို့ရန်သက်ပြင်းချလိုက်ပြီး ဂျန်ဖန်းကို မကျေမနပ်ကြည့်လိုက်သည်၊၊

"ငါ့တို့ယောက်ျားရဲ့ ဆွဲဆောင်နိုင်စွမ်းကိုပဲ အပြစ်တင်ရမှာပဲ----"

"သူက ဘာတွေကောင်းနေလဲ ငါနားကိုမလည်တော့ဘူး-----"

"နင်တို့အားလုံး သူ့ဆီဘာလို့ ရောက်လာကြလဲ----"

ချန်းစီလင် ရှက်ရွံစွာဖြင့်ခြေဆောင့်လိုက်ပြီး စကားမပြောနိုင်ဖြစ်သွားသည်၊၊

ဤအရာကြောင့် ဒင်းဝမ်ပိုင် အတော်လေး မနာလိုဖြစ်သွားပြီး အံကြိတ်ထားလိုက်သည်၊၊

ဂိုဏ်း၉ ဂိုဏ်း၏ နံပါတ် ၁ အလှတရားဖြစ်သည့် လျိုချင်းရှန်တောင် ဂျန်ဖန်းကို လုနေသည်လား----

ဘာကြောင့်လဲ?----

ထိုကောင်က သူ့ထက်ဘာတွေများကောင်းနေလို့နည်း၊၊

သို့ပေမယ့် ထိုအရာက အဆုံးသတ်မဟုတ်သေးပေ၊၊

နူးညံ့ပျော့ပျောင်းသည့်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်၊၊

All Chapters