← Chapters

အဆက်မပြတ်လက်ဆောင်ပေးခြင်း

Vol. 9 Ch. 125

အဆက်မပြတ်လက်ဆောင်ပေးခြင်း

Vol. 9 Ch. 125

"ဂျူနီယာမောင်လေးဂျန်, ဆရာက နင့်ကို ဒီပစ္စည်းတွေပေးခိုင်းလိုက်တယ်---"

စုချီနင်လည်ပင်ကျုံ့လိုက်ပြီး ရှုရို့ရန်၏အမူအရာကိုကြည့်ရင်း သတိထားလျှောက်လာခဲ့သည်၊၊

ဂျန်ဖန်း မော့ကြည့်လိုက်သည်၊၊

ထိုအရာက သေတ္တာနှစ်လုံးဖြစ်ပြီး တစ်ခုကကြီးကာ တစ်ခုကငယ်တာဖြစ်သည်၊၊

သေတ္တာအကြီးက အညိုရောင်ဖြစ်ပြီး ဆေးဝါးအမျိုစုံအပြည့်ပဲဖြစ်သည်၊၊

လီချင်ဖုန်း သူ့တပည့်နှစ်ယောက်ကိုပေးတာထက်ပိုများတာပဲဖြစ်သည်၊၊

"ဒါက ငါ့ဆရာပေးလိုက်တာ၊၊ ရနံ့ကိုးမျိုးနှလုံးအားကောင်းဆေးလုပ်ပြီး သူ့အသက်ကိုကယ်ပေးလို့ကျေးဇူးတင်တာတဲ့---"

နောက်ဆုံးမှာတော့ ဂျန်ဖန်းနားလည်သွားပြီး သေတ္တာကြီးကိုတွေဝေမနေပဲ လက်ခံလိုက်သည်၊၊

ထို့နောက် သေတ္တာသေးကို ညွှန်ပြလိုက်သည်၊၊

"ဒီတစ်ခုကကောဘာလဲ----"

စုချီနင် အပြစ်ရှိသလိုခံစားလိုက်ရပြီး ပြန်ပြောလိုက်သည်၊၊

"ဒါ-- ဒါကလည်း ဆရာ့ဆီကပါပဲ---"

ဟ--ဟ--

ရှုရို့ရန် ပန်ရောင်သေတ္တာကိုကြည့်ပြီး မရယ်ပဲမနေနိုင်တောပေ၊၊

"အကြီးအကဲဝမ်က သူ့အသက်အရွယ်ကြီးမှာ ပန်းရောင်သေတ္တာကိုသုံးတယ်ပေါ့----"

စုချီနင်မျက်နှာ ချက်ချင်း အနီရောင်ပြောင်းသွားသည်၊၊ သူမကအလျှင်အမြန်ခေါင်းငုံ့လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်၊၊

"ငါ--ငါသွားတော့မယ်----"

ပြောပြီးနောက် သူမကအလျှင်အမြန် ထွက်ပြေးတော့၏၊၊

ဂျန်ဖန်းအကူအညီမဲ့စွာပြောလိုက်သည်၊၊

"ငါသူမတာဝန်ကိုကူညီပေးဖူးလို့ ကျေးဇူးတင်ချင်တာနဲ့တူတယ်၊၊ သူမဘယ်လောက်ကြောက်နေလဲကြည့်စမ်းပါအုန်း----"

ရှုရို့ရန် ရိုးသားစွာဖြင့် ပခုံးတွန့်ပြလိုက်သည်၊၊

"သူမက သူမဘာသာသူမဖြစ်ပျက်နေတာ၊၊ ငါဘာမှပြောတာမဟုတ်ဘူး---"

ထိုအခိုက်အတန့်၌---

ဂုန်စွန်နန်လည်း ရောက်လာခဲ့သည်၊၊

သူက သေတ္တာကြီးတစ်ခုကို ဂျန်ဖန်းရှေ့မှာချလိုက်သည့်အတွက် မြေကြီးတုန်သွားခဲ့သည်၊၊

ဤအရာကြောင့် လူအုပ်ဆီမှ အာမေဋိတ်သံနှင့် ထင်မြင်ချက်တွေထွက်ပေါ်လာခဲ့သည်၊၊

"ဘာကြီးလဲဟ, တော်တော်လေးမယ့်ပုံပဲ---"

"ဖြစ်နိုင်တာ အပူပင်မဲ့တောင်ထိပ်ရဲ့ အံဖွယ်သွေးကြောသံမဏိသံချပ်ကာသုံးခုထဲက တစ်ခုများလား----"

"မဖြစ်နိုင်တာ--- အဲ့တာက အပူပင်မဲ့တောင်ထိပ်ရဲ့ရတနာလေ၊၊ စီနီယာတပည့်ဖြစ်တဲ့ ဂုန်စွန်းနန်တောင် မဝတ်နိုင်ဘူး၊၊ ဘာလို့အပြင်လူတစ်ယောကို ပေးရမှာလဲ---"

ဂျန်ဖန်းလည်း အံ့အားသင့်နေခဲ့သည်၊၊

သူက ဒူးထောက်ပြီး သေတ္တာကိုဖွင့်ကြည့်လိုက်သည့်အခါ အနက်ရောင်သံချပ်ကာတစ်ခု ပေါ်လာခဲ့သည်၊၊

ထိုအရာကိုသိနေသည့်အတွက် မနေနိုင်ပဲ အော်ပြောလိုက်သည်၊၊

"အံ့ဖွယ်သွေးကြောသံမဏိသံချပ်ကာ?---"

"မဟုတ်ဘူး, ဒီလိုတန်ဖိုးကြီးပစ္စည်းမျိုး ငါလက်မခံနိုင်ဘူး----"

သူက ဆေးတောင်ထိပ်မှ လက်ဆောင်တွေကိုလက်ခံခဲ့၏၊၊ အဘယ်ကြောင့်ဆိုသော် သူတို့က ကျေးဇူးဆပ်တာဖြစ်၍ အကြွေးတင်မှာ စိုးရိမ်စရာမလိုပေ၊၊

သို့ပေမယ့် အပူပင်မဲ့တောင်ထိပ်နှင့် သူ့ကြားမှာတော့ မည်သည့်ကူညီမှုမှမရှိပေ၊၊

အထူးသဖြင့် ဤအရာ အလွန်တန်ဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုဖြစ်နေခဲ့သည်၊၊

"ညီအကိုဂျန်, ကျေးဇူးပြုပြီးလက်ခံလိုက်ပါ၊၊ မဟုတ်ရင် မြင့်မြတ်အကြီးအကဲက ငါ့ဆရာကို ပြဿနာရှာလိမ့်မယ်----"

ဂုန်စွန်းနန် ခါးသီးသည့်အပြုံးတစ်ခုနှင့် ပြောလိုက်သည်၊၊

အပူပင်မဲ့တောင်ထိပ်ကို ဆယ်စုနှစ်ကြာ ပြန်မလာခဲ့သည့် စီနီယာဟွမ်ကျန်းထျန်က ရုတ်တရက် ပြန်လာတာကို သူခုထိ နားမလည်သေးပေ၊၊

ထို့ပြင် အပူပင်မဲ့တောင်ထိပ်ကို ဂျန်ဖန်းနှင့် ပတ်သက်မှုကောင်းတစ်ခုထူထောင်ဖို့ အထူးမှာကြားခဲ့သည်၊၊

ကျောက်ဝူဂျိကိုလည်း ဂျန်ဖန်းအပြင်မှာ မသေဖို့အတွက် အံ့ဖွယ်သွေးကြောသံမဏိသံချပ်ကာကို ပို့ခိုင်းခဲ့သည်၊၊

စီနီယာဟွမ်?---

ထိုအရာက မြင့်မြတ်အကြီးအကဲဆီမှ ညွှန်ကြားချက်ဖြစ်တာကို ကြားသည့်အခါ ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်၊၊

ဤကဲ့သို့စီနီယာတစ်ယောက်၏စေတနာကို သူမည်သို့ငြင်းနိုင်မည်နည်း၊၊

လက်ခံရုံသာတတ်နိုင်ပြီး ဘေးနားဘယ်သူမှမရှိသည့်အချိန်မှ ဝတ်ဖို့ရည်ရွယ်ထားခဲ့သည်၊၊

ဂုန်စွန်းနန် စိတ်သက်သာယာရစွာသက်ပြင်းချလိုက်ပြီး မနာလိုစွာဖြင့်ပြောလိုက်သည်၊၊

"ဒီသံချပ်ကာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ အောက်က တိုက်ခိုက်မှုတွေကိုခုခံနိုင်တယ်၊၊ ငါဒါကို အချိန်အတော်ကြာလိုချင်ခဲ့တာတောင် အခွင့်အရေးမရှိခဲ့ဘူး---"

"မြင့်မြတ်အကြီးအကဲအခုလိုဖြစ်သွားအောင် မင်းဘာနည်းလမ်းတွေနဲ့ ပြုစားလိုက်တာလဲ----"

ဘာ?---

ဂျန်ဖန်း တုန်လှုပ်သွားခဲ့သည်၊၊

သူက အံ့ဖွယ်သွေးကြောသံမဏိသံချပ်ကာက ခုခံအားကောင်းတယ်လို့သာသိထား၏၊၊ သို့ပေမယ့် ဤမျှလောက်ထိ အစွမ်းထက်နေမယ်လိုတော့်မမျှော်လင့်ထားပေ၊၊

သူသာ သားရဲဘုရင်နှင့် မတော်တဆတွေ့ခဲ့လျှင် ဤအရာက အသက်ရှင်ဖို့ အခွင့်အရေးပဲဖြစ်သည်၊၊

"စီနီယာဟွမ်းကို ကျေးဇူးတင်တယ်လို့ပြောပေးပါ၊၊ ပြန်ရောက်ရင် ငါ့သဘောထားကိုဖော်ပြဖို့ လူကိုယ်တိုင်အလည်လာခဲ့ပါမယ်----"

ဂုန်စွန်းနန်ခေါင်းညိတ်ပြီးထွက်ခွာသွားခဲ့သည်၊၊

လူတိုင်းကို အံ့သြသင့်မှုတွေနှင့် ချန်ထားခဲ့သည်၊၊

"ဝိုး, ဂျန်ဖန်းကို ဂိုဏ်းချုပ်က သဘောမကျပေမယ့် ပုံရိပ်ကြီးများစွာက သူ့ကို တန်ဖိုးထားတာပဲ---"

"သူရတဲ့အရင်အမြစ်အားလုံးက ကျန်တဲ့သူအားလုံးပေါင်းထက်တောင်ပိုများနေသေးတယ်---"

ဒင်းဝမ်ပိုင် ဂျန်ဖန်းရှေ့က သေတ္တာသေး၊ သေတ္တာကြီးတွေကို ကြည့်နေခဲ့သည်၊၊

ထို့နောက် သူ့လက်ထဲက သနားစရာသေတ္တာသေးသေးလေးကို ကြည့်ပြီး မျက်နှာအမူအရာက အတော်လေးမကြည်မသာဖြစ်သွား၏၊၊

သူက မနာလိုစွာဖြင့်ပြောလိုက်သည်၊၊

"ငါတို့က နတ်ဆိုးသားရဲတွေကို သွားသတ်မှာ၊၊ ပျော်ပွဲစားထွက်မှာမဟုတ်ဘူး---"

"ပစ္စည်းအများကြီးရှိတာ ဘာကောင်းလို့လဲ---"

ချန်းစီလင်သူမပါးစပ်ကိုလက်ဖြင့်ကာလိုက်ပြီး ရယ်လိုက်သည်၊၊

ဂျန်ဖန်း အရင်းအမြစ်နည်းနည်းရှိချိန်က ဂရုစိုက်မဲ့သူမရှိဘူးဆိုပြီး အထင်အမြင်သေးခဲ့သည်၊၊

ယခုများသွားပြန်တော့လဲ, ဝင့်ကြွားတယ်ဆိုပြီး အပြစ်တင်နေပြန်၏၊၊

အခြားသူတွေဂျန်ဖန်းကို မနာလိုဖြစ်နေပြီး ဘာမှမလုပ်နိုင်တာမြင်သည့်အခါ သူမက အရမ်းပျော်ရွင်နေခဲ့သည်၊၊

အကြီးအကဲတွေ သူတို့၏သက်ဆိုင်ရာတပည့်တွေအား အရင်းအမြစ်တွေခွဲဝေပေးပြီးနနောက်---

လျိုဝူချန်း ကြေညာလိုက်သည်၊၊

"ထွက်ခွာကြတော့---"

တပည့်တစ်ရာက ချက်ချင်းပဲ ကိုယ့်အဖွဲ့နှင့်ကိုယ် သက်ဆိုင်ရာမြို့ကို ဦးတည်ထွက်ခွာလာကြသည်၊၊

တိမ်နေမင်းမြို့က အထီးကျန်လှေမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေခဲ့သည်၊၊

သို့ပေမယ့် အထီးကျန်လှေမြို့ထက် ပိုပြီး ကြွယ်ဝချမ်းသာ၏၊၊

အဘယ်ကြောင့်ဆိုသော် တိမ်နေမင်းမြို့၌ ကျောက်မိုင်းတွင်းတစ်ခုရှိတာကြောင့်ဖြစ်သည်၊၊

တိမ်စိမ်းဂိုဏ်းပိုင်းနက်တွင်းက သလင်းကျောက်တွေကို သလင်းကျောက်မိုင်းတွင်းမှ တူးဖော်ရတာဖြစ်သည်၊၊

၎င်း၏အရေးပါမှုက ပြောနေစရာကို မလိုပေ၊၊

ထို့ကြောင့် များစွာသောစွမ်းအားကြီးသူတွေကို ထိုနေရာမှ မွေးထုတ်ပေးလိုက်တာဖြစ်သည်၊၊

သူတို့က မျိုးဆက်များစွာ နာမည်ကျော်စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုဆက်တိုက်မွေးထုတ်ခဲ့ပြီး နယ်မြေများစွာကိုအုပ်စိုးကာ သိုင်းပညာမိသားစုတွေအဖြစ်အသိအမှတ်ပြုခံခဲ့ရသည်၊၊

တိမ်စိမ်းဂိုဏ်း၏ပါရမီရှင်များစွာကလည်း ထိုမိသားစုတွေမှဖြစ်သည်၊၊

ဥပမာ, ချောင်ကျန့်ကလည်း ဤကဲ့သို့မိသားစုမျိုးမှ ဆင်းသက်လာသူဖြစ်သည်၊၊

"ငါတို့ တိမ်နေမင်းမြို့ကို ရောက်တော့မယ်----"

ပျံသန်းသားရဲဖြင့် နှစ်ရက်လောက်ခရီးသွားပြီးနောက် သူတို့က နောက်ဆုံးမှာ တိမ်နေမင်းမြို့ကို ရောက်လာခဲ့ပြီပဲဖြစ်သည်၊၊

ဂျန်ဖန်း တိမ်နေမင်းမြို့ကိုကြည့်ပြီ စိတ်သက်သာယာရစွာသက်ပြင်းချလိုက်သည်၊၊

"ကြည့်ရတာ တိမ်နေမင်းမြို့က အများကြီးမထိခိုက်ထားဘူးပဲ---"

ဒင်းဝမ်ပိုင်မျက်လုံးလှန်လိုက်သည်၊၊

"ဒါပေါ့၊, တိမ်နေမင်းမြို့မှာ သိုင်းပညာမိသားစုဘယ်လောက်ရှိလဲဆိုတာ ကြည့်လိုက်အုန်းလေ---"

"သားရဲဘုရင်သာ ကိုယ်တိုင်ရောက်မလာရင် အပြင်းအထန်ပျက်စီးဖို့က မဖြစ်နိုင်ဘူး---"

ပြန်လည်းမွေးဖွားခြင်းတောင်ထိပ်မှတပည့်တစ်ယောက်က မျက်နှာချိုသွေးမြှောက်ပင့်ပြောလိုက်သည်၊၊

"တကယ်တော့ စီနီယာအကိုဒင်းမိသားစုကလည်း တိမ်နေမင်းမြို့အဓိကမိသားစုကြီးသုံးခုထဲက တစ်ခုလေ---"

"မိသားစုထဲမှာ သန်မာတဲ့ပုံရိပ်တွေအများကြီးရှိပြီး မြို့သခင်တောင် လေးစားမှုပြရတယ်---"

ထိုအရာကိုကြားသည့်အခါ----

အဖွဲ့ထဲမှာပါသည့်တပည့်တွေအားလုံး အံ့အားသင့်သည့်အမူအရာတွေပြလာကြသည်၊၊

ဒင်းဝမ်ပိုင်၌ ဤကဲ့သို့ကြီးမားသည့်နောက်ခံရှိနေမယ်လို့ သူတို့တစ်ခါမှ မျှော်လင့်မထားပေ၊၊

ချန်းစီလင်တောင် အံ့အားသင့်သွားခဲ့သည်၊၊

ဤအရာက အဖြစ်သင့်ပေ၊၊

ဒင်းဝမ်ပိုင်လို ဝင့်ဝင့်ကြွားကြွားနေတတ်သူတစ်ယောက်က ဤကဲ့သို့နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် နောက်ခံတစ်ခုရှိိနေသည်လား----

"ဒါက အတိတ်တုန်းကပါ---"

ဒင်းဝမ်ပိုင် အဓိပ္ပာယ်ပါသည့်အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်၊၊

"အနာဂတ် တိမ်နေမင်းမြို့တော်မှာ အဓိကသိုင်းပညာမိသားစုကြီးသုံးခုရှိတော့မှာမဟုတ်ဘူး---"

"အသန်မာဆုံးသိုင်းပညာမိသားစုဆိုပြီး ဒင်းမိသားစုတစ်ခုပဲရှိတော့မှာ----"

လူအုပ်၏ရှုပ်ထွေးသည့်အကြည့်တွေအောက်မှာပဲ ဒင်ဝမ်ပိုင်မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်၊၊

"ငါမိသားစုကနေ စာတစ်ဆောင်လက်ခံရခဲ့တယ်၊၊ မကြာသေးခင်က ဝိညာဥ်သခင်အဖွဲ့အစည်းလက်မှတ်ရှိတဲ့ ဝိညာဥ်သခင်တစ်ယောက် တိမ်နေမင်းမြို့ကို ရောက်လာတယ်---"

"ပြီးတော့ ငါတို့ဒင်းမိသားစု သူနဲ့လက်တွဲဖို့ အကြောင်းဖန်လာတယ်---"

"မင်းတို့အားလုံးလည်း ကြယ်တစ်လုံး ဝိညာဥ်သခင်က ဘာကိုဆိုလိုလဲဆိုတာ သိတယ်မလား---"

ဟစ်---

လူအုပ်ပင့်သက်ရှိုက်လိုက်ကြသည်၊၊

မြှောက်ပင့်ပြောဆိုသည့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တပည့်လည်း တုန်လှုပ်သွားခဲ့သည်၊၊

"ကြယ်တစ်လုံးဝိညာဥ်သခင်? ဒါက ဂိုဏ်း၉ဂိုဏ်းနယ်မြေထဲမှာတောင် အတော်လေးရှားတယ်မလား---"

"အချို့ဂိုဏ်းတွေဆို ခုထိ ဝိညာဥ်သခင်မရှိသေးဘူး---"

"ကြယ်တစ်လုံးဝိညာဥ်သခင်က ဘယ်ဂိုဏ်းမှာမဆို နာမည်ကျော်လေးစားရတဲ့ပုံရိပ်တစ်ခုပဲ---"

"ဒင်မိသားစု ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ဆက်ဆံရေးရှိတယ်ဆိုတော့ တိမ်နေမင်းမြို့ရဲ့ နံပါတ်၁မိသားစုဖြစ်လာမှာက အချိန်တစ်ခုပဲလိုမှာ---"

ဂျန်ဖန်း မေ့စေ့ကိုပွတ်ပြီးစဥ်းစားနေခဲ့သည်၊၊

ဝိညာဥ်သခင်တွေက အများကြီးမရှိပေ၊၊

တစ်ကိုယ်တော်ဝိညာဥ်သခင်ဆို အံ့အားသင့်လောက်အောင်ထိကို ရှားပါးတာဖြစ်သည်၊၊

ခုချိန်ထိ သူသိသည့် တစ်ယောက်တည်းသော ကြယ်တစ်လုံးဝိညာဥ်သခင်က ချင်းဝမ်ယွမ်ဖြစ်သည်၊၊

သူက သူ့ကိုအလွန်ကြောက်သွားပြီး သူ့မိသားစုကို အထီးကျန်လှေမြို့ကပါ ပြောင်းရွေ့သွားခဲ့သည်၊၊

ယခု, ဘယ်ကမှန်းမသိသည့် နောက်ထပ်ကြယ်တစ်လုံးဝိညာဥ်သခင်က တိမ်နေမင်းမြို့မှာ ပေါ်လာခဲ့သည်၊၊

ထိုအရာက ချင်းဝမ်ယွမ်ဖြစ်နိုင်၏၊၊

"မင်းပြောတဲ့ဝိညာဥ်သခင်က မျိုးရိုးချင်နဲ့လား----"

ဂျန်ဖန်းမေးလိုက်သည်၊၊

ဒင်းဝမ်ပိုင် ဂျန်ဖန်းကို အံ့အားသင့်စွာကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်၊၊

"မင်းက ဒါကိုသိတာလား---"

"ဒါပေမယ့် သူ့မျိုးရိုးကိုသိတာ မင်းအကန့်အသတ်ပါပဲ---"

"အခြားအချက်အလက်တွေက ငါတို့သိုင်းပညာမိသားစုသာသိနိုင်တဲ့ ထိပ်တန်းလျို့ဝှက်ချက်တွေလေ---"

All Chapters