← Chapters

ကောင်းကင်ဘုံစက်ယန္တရားခန်းမတပည့်

Vol. 9 Ch. 126

ကောင်းကင်ဘုံစက်ယန္တရားခန်းမတပည့်

Vol. 9 Ch. 126

ဂျန်ဖန်းသူ့နှာခေါင်းကို ပွတ်လိုက်သည်၊၊

သူတို့ပြောသည့်လျို့ဝှက်ချက်က ချင်းဝမ်ယွမ်သာဆိုလျှင် သူက အများကြီးသိတာဖြစ်သည်၊၊

ခဏကြာပြီးနောက်---

ပျံသန်းသားရဲက တိမ်နေမင်းမြို့အလယ်ဗဟို ဒင်းမိသားစုအိမ်တော်မှာဆင်းသက်လာခဲ့သည်၊၊

အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ဒါဇင်လောက် အနားမှာစုဝေးလာပြီး သူတို့မျက်လုံးတွေက သတိထားနေခဲ့သည်၊၊

ဂျန်ဖန်းတိတ်တဆိတ် အံ့အားသင့်နေခဲ့သည်၊၊

ဒီတော့ ဒါက သိုင်းပညာမိသားစုတစ်ခုပေါ့---

အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူ ၁၀ ယောက်ကျော်----

ဒါက အထီးကျန်လှေမြို့တစ်ခုလုံးပေါင်းထက်တောင် ပိုများ၏၊၊

ပိုလို့တောင်အထင်ကြီးစရာကောင်းတာက သူတို့ကိုဦးဆောင်လာသည့် မျက်နှာမဲမဲသက်လတ်ပိုင်းလူကြီးပင်၊၊

သူ့ခွန်အားက အလွန်သန်မာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ရောက်နေပြီပဲဖြစ်သည်၊၊

နောက်ထပ်တစ်လှမ်းဆိုလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ပြီး တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေနှင့် တန်းတူဖြစ်သွားပြီပဲဖြစ်သည်၊၊

"မိသားစုခေါင်းဆောင်---"

ဒင်းဝမ်ပိုင် အဖြူရောင်ဝတ်ရုံနှင့် အကြီးအကဲကိုမြင်သည့်အခါ ချက်ချင်းဆင်းပြီး အရိုအသေပေးလိုက်၏၊၊

မျက်နှာမဲမဲနှင့်သက်လတ်ပိုင်းလူကြီးက ဒင်းမိသားစုခေါင်းဆောင် ဒင်းရှုဟိုင်မှလွဲပြီး အခြားသူမဟုတ်ပေ၊၊

ဒင်းဝမ်ပိုင်နှင့် တိမ်စိမ်းဂိုဏ်းတပည့်အုပ်ဆိုတာမြင်သည့်အခါ ဒင်းရှုဟိုင်သတိလျော့ချလိုက်ပြီး စိတ်ရှုပ်စွာမေးလိုက်သည်၊၊

"မင်းဘာလို့ပြန်လာတာလဲ---"

မိသားစုခေါင်းဆောင်နှင့်ရင်ဆိုင်ရသည့်အခါ ဒင်းဝမ်ပိုင် အလွန်မတန်ကျိုးနွံ့သွားပြီး တိမ်စိမ်းဂိုဏ်းမှာပြခဲ့သည့် မောက်မာမှုတွေတစ်စွန်းတစ်စမှမရှိတော့ပေ၊၊

"မိသားစုခေါင်းဆောင်ကိုတင်ပြပါတယ်--- ငါတို့ဆယ်ယောက်က ဂိုဏ်းချုပ်လျိုအမိန်အရ တိမ်နေမင်းမြို့မှာပြဿနာရှာနေနဲ့ သားရဲတစ်ရာတောင်က နတ်ဆိုးသားရဲတွေကို သတ်ဖို့ ရောက်လာတာပါ----"

ဒင်းရှုဟိုင် နားလည်သွားခဲ့သည်၊၊

ထို့နောက် သူ့အကြည့်က ဒင်ဝမ်ပိုင်နောက်က လူတွေအပေါ်ကျရောက်သွားပြီး နောက်တစ်ကြိမ်မျက်မှောင်ကြုတ်သွားခဲ့သည်၊၊

"ဘာလို့ အကုန်လုံးက အဆင့်နိမ့်တပည့်တွေပဲ ဖြစ်နေတာလဲ----"

ထိုအခိုက်အတန့်၌----

ကလန်အဖွဲ့ဝင်တွေမှာ ပခုံးကျယ်ကျယ် တောင့်တောင့်တင်းတင်းလူငယ်တစ်ယောက်ရှိနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်၈ ကျွမ်းကျင်သူဖြစ်သည်၊၊ သူက တပည့်အဖွဲ့ကို အထင်သေးစွာကြည့်လိုက်သည်၊၊

"ဒင်းမိသားစုမယားငယ်တစ်ယောက်က မွေးတဲ့ကောင်ကတောင် အဖွဲ့ခေါင်းဆောင်ဆိုမှတော့----"

"အဖွဲ့ထဲကလူတွေကလည်း အဆင့်မြင့်တွေမဟုတ်တာ သေချာတယ်---"

ထိုအရာကိုကြားသည့်အခါ----

ဒင်းဝမ်ပိုင် လူငယ်ကိုကြည့်လိုက်ပြီး မသိစိတ်အရ လက်သီးဆုပ်လိုက်မိသည်၊၊

မျက်လုံးတွေထဲ၌ မကျေနပ်မှုတွေ အပြည့်ပဲဖြစ်သည်၊၊

သူ့ရှေကလူက ဒင်းမိသားစုလူငယ်ခေါင်းဆောင် ဒင်းထျန်းရှန်မှလွဲပြီး အခြားမဟုတ်ပေ၊၊

အဆင့် ၈ စိတ်ဝိညာဥ်အမြစ်နှင့် ကောင်ကင်ကိုဆန့်ကျင်နေတဲ့ပါရမီရှင်လည်းဖြစ်သည်၊၊

ယခုချိန်မှာတော့ ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏ တပည့်တစ်ယောက်ဖြစ်နေပြီဖြစ်၏၊၊

ခြောက်လထဲနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခဲ့ပြီး ကျင့်ကြံရေးအရှိန်က ကြောက်ခမန်းလိလိပင်၊၊

ဒင်းဝမ်ပိုင်အမူအရာကိုသတိထားမိသည့်အခါ ဒင်ထျန်းရှန် လှောင်ပြောင်လိုက်၏၊၊

"ဘာလဲ, မင်းက ငါနဲ့တိုက်ခိုက်ချင်လို့လား---"

ဒင်းဝမ်ပိုင် လက်သီးကို အလျှင်အမြန် ဖြည်လျော့လိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်သည်၊၊

"ငါမလုပ်ရဲပါဘူး---"

တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်ဖြစ်လာပြီးနောက် သူက နှစ်ပေါင်းများစွာ ခါးခါးသီးသီးကျင့်ကြံခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၆ကို ရောက်ရှိခဲ့သည်၊၊

ဒင်းမိသားစုမယားငယ်သားတွေထဲ၌ ထူးချွန်နေပြီပဲဖြစ်သည်၊၊

သို့ပေမယ့် ဤလူငယ်သခင်လေး ဒင်းထျန်ရှန်နှင့်ယှဥ်လျှင်တော့ ဘာမှမဟုတ်ပေ၊၊

အတူတူလိုက်ပါလာသည့် တိမ်စိမ်းဂိုဏ်းတပည့်တွေလည်း ဒင်းဝမ်ပိုင်၏ကျိုးနွံမှုကို စိတ်ရှုပ်စွာဖြင့်ကြည့်နေခဲ့ကြသည်၊၊

ဒင်းဝမ်ပိုင် ဒင်းမိသားစုရှိ သူ့လွမ်းမိုးမှုအကြောင်းတစ်ခါမှမပြောတာ အံ့သြစရာမရှိတော့ပေ၊၊

လက်စသတ်တော့ သူက အရေးမပါသည့် မယားငယ်တစ်ယောက်၏ သားဖြစ်နေခဲ့၏၊၊

"ဒီလိုမှပေါ့----"

ဒင်းထျန်းရှန် အထင်အမြင်သေးစွာလှောင်ပြောင်လိုက်၏၊၊ ထို့နောက် သူ့အကြည့်က တိမ်စိမ်းဂိုဏ်းတပည့်တွေအပေါ် ကျရောက်သွားခဲ့သည်၊၊

"အမှိုက်တစ်အုပ်ပဲ၊၊ သန်မာတဲ့လူလည်း တစ်ယောက်မှမပါဘူး---"

ရုတ်တရက်---

ဒင်ထျန်းရှန် ချန်းစီလင်ကိုသတိထားမိပြီး သူမ၏ နူးညံ့သန့်စင်သည့်အော်ရာက သူ့မျက်လုံးတွေကို ဖမ်းစားသွားခဲ့သည်၊၊

"တိမ်စိမ်းဂိုဏ်းတပည့်တွေရဲ့ပါရမီက ဘာမှမဟုတ်ပေမယ့် ရုပ်ရည်တွေက တစ်ခုခုတော့တစ်ခုခုပဲ---"

ထို့နောက် ချန်းစီလင်၏ဆွဲမက်ဖွယ်ကောက်ကြောင်းတွေကိုအသားငန်းငန်းကြည့်လိုက်ပြီး ရာဂကြီးစွာပြုံးလိုက်သည်၊၊

"အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူးပဲ၊၊ ဟမ့်?--- ဒီညငါ့အခန်းကိုလာခဲ့၊၊ မင်းကို အနည်းငယ်လမ်းညွှန်ပေးမယ်---"

တိမ်စိမ်းဂိုဏ်းတပည့်တွေအလွန်ဒေါသထွက် ရှက်သွားကြသည်၊၊

သူတို့ကိုစော်ကားပြီး အမှိုက်တွေလို့ခေါ်တာက ကိစ္စတစ်ခုဖြစ်သည်၊၊

သို့ပေမယ့် သူတို့၏အမျိုးသမီးတပည့်ကို ပြောင်းပြောင်းတင်းတင်း ပရောပရည်လုပ်နေတာက လုံးဝကို အရှက်ခွဲနေတာဖြစ်သည်၊၊

သူတို့က အဖွဲ့ခေါင်းဆောင် ဒင်းဝမ်ပိုင်ကို ချန်းစီလင်အတွက်ရှေ့ထွက်ပေးဖို့ ကြည့်လိုက်ကြသည်၊၊

ဒင်းဝမ်ပိုင် ရွေးချယ်စရာမရှိပဲ အကူညီမဲ့စွာဖြင့် ကိုယ်ကိုမတ်မတ်ရပ်ကာ ပြောလိုက်သည်၊၊

"လူငယ်ခေါင်းဆောင်, ဒါက ကောင်းကင်ဓားတောင်ထိပ်က ငါ့ဂျူနီယာညီမပါ၊၊ ငါ့ကိုမျက်နှာသာပေးတဲ့အနေနဲ့ ပြဿနာမရှာပါနဲ့----"

"ကောင်းပြီလေ---"

ဒင်းဝမ်ပိုင်ကို စိတ်သက်သာယာရစွာဖြင့် ဒင်းထျန်းရှန် သူ့၏တဏှာအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်၊၊

အလျှင်အမြန်သဘောတူလိုက်တာပဲဖြစ်သည်၊၊

သိုပေမယ့် ဒင်းဝမ်ပိုင် သူ့အဖွဲ့ဝင်တွေရှေ့၌ ဟန်မလုပ်နိုင်ခင်မှာပဲ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်၊၊

ဒင်းဝမ်ပိုင် မျက်နှာ ဒေါသကြောင့် တွန့်လိမ်သွားပြီး သံလက်ဝါးက သူ့မျက်နှာပေါ်မှာ အနီရောင်လက်ဝါးရာတစ်ခုချန်ထားခဲ့၏၊၊

"ဒီလိုမျက်နှာသာပေးတာ လုံလောက်ပြီလား----"

ပြောပြီးနောက် ဒင်ထျန်းရှန် သူ့နောက်ပါးတစ်ဖက်ကို ထပ်ရိုက်လိုက်သည်၊၊

ဖြန်း!

ကြည့်လင်ပြတ်သားသည့်ပါးရိုက်သံက ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားခဲ့သည်၊၊

"မင်းကိုမျက်နှာသာပေးရမယ်လား၊၊ မင်းက ဘာကောင်မိုလို့လဲ----"

နှစ်ကြိမ်ဆက်တိုက်ပါးရိုက်ခံရသည့်အတွက် ဒင်းဝမ်ပိုင်မျက်နှာ နီရဲနာကျင်နေခဲ့သည်၊၊

သူက အတော်လေး ရှက်သွားခဲ့သည်၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေရှေ့၌ ဤကဲ့သို့ပါးရိုက်ခံရသည့်အတွက် သူ့ဂုဏ်သိက္ခာအားလုံး မြောင်းထဲရောက်ပြီပဲဖြစ်သည်၊၊

သို့ပေမယ့် သူ ဒေါသမထွက်ရဲပေ၊၊

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ဒင်းထျန်းရှန်ဖြစ်နေလို့ပင်၊၊ သူရန်မစရဲ့သည့် အံ့ဖွယ်ပါရမီရှင်ဖြစ်သည်၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေလည်း ကြောက်လန့်စွာဖြင့် တိတ်ဆိတ်နေခဲ့ကြသည်၊၊

ဒင်းထျန်းရှန် ဤမျှလောက် အထက်ဆီးဆန်ပြီးမောက်မာလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပေ၊၊ သူက တိမ်စိမ်းဂိုဏ်းတပည့်ကို ဤကဲ့သို့အထင်မြင်သေးစွာ ဆက်ဆံရဲ၏၊၊

ဒင်းဝမ်းပိုင်တောင် ထိုသို့ဆက်ဆံခံရလျှင် သူတို့ကံကြမ္မာ ဘယ်လိုမှ ပိုမကောင်းနိုင်ပေ၊၊

ဒင်းဝမ်ပိုင်ကို သင်ခန်းစာပေးပြီးနောက်----

ဒင်းထျန်ရှန်း အကြည့်က ချန်းစီလင်ဆီကိုပြန်ရောက်သွားပြီး တဏှာစိတ်တွေအပြည့်ပင်၊၊

"မြင်လား?---"

"သူတို့က အမှိုက်တစ်အုပ်ပဲ၊၊ သူတို့နဲ့တစ်နှစ်နေတာက ငါ့နဲ့တစ်ညကုန်ဆုံးတာနဲ့တောင် မယှဥ်နိုင်ဘူး---"

"လာ, မင်းကျေနပ်စေရမယ်လို့ငါကတိပေးတယ်---"

"အရာရာတိုင်းမှာပေါ့---"

ကျီစယ်သည့်အပြုံးတစ်ခုဖြင့် သူက ချန်းစီလင်ခါးကိုဆုပ်ကိုင်ဖို့ လက်ဆန့်ထုတ်လိုက်သည်၊၊

ထန်!

သို့ပေမယ့် ရုတ်တရက်---

ဓားသံတစ်သံထွက်ပေါ်လာပြီး အေးစက်စက်ဓားအလင်းတန်းတစ်ချက် ထွက်ပေါ်လာခဲ့သည်၊၊

အားကောင်းသည့်ဓားချီက ဒင်းထျန်ရှန်းနဖူးကိုတည့်တည့်မတ်မတ်ခုတ်ပိုင်းလိုက်၏၊၊

ဒင်းထျန်ရှန်း ထိုအရာကို ချက်ချင်းခံစားမိပြီး လှောင်ပြောင်လိုက်၏၊၊

"ပုရွက်တစ်ကောင်ပါပဲ၊၊ မင်းက ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့---"

သူက သာမန်အတိုင်းလက်သီးတစ်ချက်ထုတ်ဖော်လိုက်သည်၊၊

စွမ်းအားက အလွန်ကြမ်းကြုတ်ပြီး ကျယ်လောင်သည့်အသံတစ်ခုနှင့် ဓားချီကို ထိတ်တိုက်တွေ့ဆုံသွားခဲ့သည်၊၊

ဒင်းမိသားစုအဖွဲ့ဝင်တွေလည်း သဘောကျစွာကြည့်လိုက်ကြသည်၊၊

"ဒါက သခင်လေးရဲ့သိုင်းပညာတွေထဲကတစ်ခုလေ၊၊ တောင်ဖွင့်လက်သီးလို့ခေါ်ပြီး သိမ်မွေ့အလယ်အလတ်အဆင့် သိုင်းကျမ်းတစ်ခုပဲ---"

"တော်တော်အစွမ်းထက်တယ်---"

"သာမန်အတိုင်းအသုံးပြုတယ်ဆိုရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ အောက်ကလူတွေခုခံနိုင်တဲ့အရာ မဟုတ်ဘူး---"

"ဒီကောင်လေးက သေလမ်းရှာတာပဲ၊၊ သခင်လေးကိုမှရန်စရဲရတယ်လို့----"

"သူ ဒီလက်သီးချက်ကို ဘယ်လိုခုခံမလဲ ကြည့်ကြတာပေါ့---"

--

သို့ပေမယ့် သူတို့ပြောပြီးစဥ်မှာပဲ---

ဒင်းထျန်ရှန်၏ တောင်ဖွင့်လက်သီးက နေရောင်ထိုးဖောက်ခံရသည့် မြူကဲ့သို့ ကွဲကြေသွားပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်၊၊

ဓားချီက မယုံနိုင်လောက်အောင် ထက်ရှလှ၏၊၊

၎င်းက လက်သီးချီကို ဖြိုခွဲပြီးနောက် ဒင်းထျန်ရှန်းနဖူးဆီကို ဆက်လက်တိုးဝင်သွားခဲ့သည်၊၊

ဒင်းထျန်ရှန် ချက်ချင်း ထိတ်လန့်သွားပြီး ကပျာကယာရှောင်တိမ်းလိုက်သည်၊၊

သို့ပေမယ့် ဓားချီက သူ့ဆီကိုရောက်နေပြီဖြစ်၍ ရှောင်ဖို့ အခွင့်အရေးမရှိတော့ပေ၊၊

ကံကောင်းစွာဖြင့် သူ့ဘေးမှာ ဒင်းရှုဟိုင်ရှိနေခဲ့သည်၊၊

ဂျန်ဖန်းဓားချက်ထုတ်လိုက်သည်နှင့် သူက ထိုအရာ၏ သာမန်မဟုတ်မှုကို ခံစားမိ၏၊၊

ထို့ကြောင့် အချိန်မှီပြင်ဆင်းထားသည့် ကျောက်စိမ်းစာလိပ်တစ်ခုကို ပစ်လွတ်လိုက်သည်၊၊

ထို့နောက် ကျောက်စိမ်းစာလိပ်မှ မြူခိုးတွေထွက်ပေါ်လာပြီး ဓားချီကို ဖုံးလွမ်းသွားခဲ့သည်၊၊

သို့ပေမယ့်----

ဒင်းရှုဟိုင် "ဓားနှလုံးသားထွင်းထုခြင်း" ၏ စွမ်းအားကို လျော့ထွက်မိ၏၊၊

ဓားချီစွမ်းအားက အတော်လေးလျော့ကျသွားပေမယ့် မြူကိုဖြတ်ကာ ဒင်းထျန်ရှန်နဖူးဆီကို ဆက်လက်သွားနေဆဲဖြစ်သည်၊၊

ရွစ်!

အသံတစ်ခုထွက်ပေါ်လာပြီး ဒင်းထျန်ရှန်နဖူး၌ လက်တစ်ချောင်စာအနီရောင်လိုင်းတစ်ခုပေါ်လာခဲ့သည်၊၊

ထို့နောက် စီးကြောင်းအတိုင်း သွေးတွေအောက်ကိုစီးကြလာခဲ့သည်၊၊

ဒင်းမိသားစုဝင်အားလုံး ချွေးအေးတွေပြန်လာခဲ့၏၊၊

နောက်ဆုံးအခိုက်အတန့်မှာ ဂျန်ဖန်းသူ့ဓားချီကို ရုတ်သိမ်းလိုက်တာ သူတို့အားလုံးသိ၏၊၊

မဟုတ်လျှင် ဒင်းထျန်ရှန်နဖူး၌ သွေးစီးကကြောင်းတစ်ခုသာရှိနေမှာမဟုတ်ပေ၊၊

သူ့ဦးခေါင်းကို တိုက်ရိုက်ထိုးဖောက်သွားမည်ဖြစ်သည်၊၊

ရွပ်!

ဂျန်ဖန်း သူ့ဓားကိုပြန်သိမ်းလိုက်ပြီး မျက်လုံးတွေက အေးစက်နေခဲ့သည်၊၊

"နောက်တစ်ခါဆိုရင်, မင်းသေမယ်---"

လူတိုင်း ကြောက်သွားပြီး အေးစက်စက်ခံစားချက်က သူတို့ကိုဖုံးလွမ်းသွားခဲ့သည်၊၊

ဤအခိုက်အတန့်၌ ဂျန်ဖန်းက ပြိုင်ဘက်ကင်းသတ်ဖြတ်ခြင်းဓားတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်၊၊

ဓားချက်ထုတ်လိုက်သည်နှင့် သွေးချောင်းစီးသွားမည်ပင်၊၊

All Chapters