← Chapters

ကံကြမ္မာက ငါတို့ကို မိုင်ထောင်ချီဖြတ်ပြီး အတူတူရှိစေတယ်

Vol. 9 Ch. 127

ကံကြမ္မာက ငါတို့ကို မိုင်ထောင်ချီဖြတ်ပြီး အတူတူရှိစေတယ်

Vol. 9 Ch. 127

ဒင်းရှုဟိုင်မျက်လုံးတွေအံ့အားသင့်သည့်အမူအရာတွေပြသလာပြီး ပထမဆုံးအနေဖြင့် ဂျန်ဖန်းကို တိုက်ရိုက်ကြည့်ပြီးမေးလိုက်သည်၊၊

"မင်းက---"

ချန်းစီလင် ဂျန်ဖန်းလက်မောင်းကို ဂုဏ်ယူစွာဖြင့်ကိုင်ပြီး ပြောလိုက်သည်၊၊

"ဂိုဏ်းသခင်တောင်ထိပ်ဂျန်ဖန်း, ပြီးတော့ ငါနဲ့စေ့စပ်ထားတဲ့သူ---"

သူမက ဒင်းထျန်ရှန်ကို စိန်ခေါ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊

နင်က ကောင်းကင်ဘုံစက်ယန္တရားခန်းမတပည့်ဖြစ်တော့ကောဘာဖြစ်လဲ---

ဂျန်ဖန်းဓားအောက်မှာရှုံးရတာပဲမလား---

ထိုအရာကိုတွေးပြီး သူမက ဂျန်ဖန်းလက်မောင်းကို ပိုမိုတင်းကြပ်စွာဖက်လိုက်သည်၊၊ ထိုသို့လုပ်ခြင်းဖြင့် ပိုလုံခြုံသည်ဟု သူမခံစားရ၏၊၊

ဒင်းထျန်ရှန် လက်မတင်လေးအသက်ဘေးမှလွတ်မြောက်လာပြီး အခု ချန်းစီလင်၏ စိန်ခေါ်သည့်အကြည့်ကို ရင်ဆိုင်နေရသည်၊၊

ဒေါသကြောင့် သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်လာပြီး စိတ်ဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာခဲ့သည်၊၊

"လာစမ်း, နောက်တစ်ကြိမ်တိုက်ခိုက်မယ်---"

အစောပိုင်း သူသတိမမူမိဖြစ်သွားတာဖြစ်သည်၊၊

မဟုတ်လျှင် သူ၏အခြေခံတည်ဆောက်ခြင်း အဆင့် ၈ နှင့် ထိုကဲ့သို့အရှက်တကွဲ ရှုံးနိမ့်မည်မဟုတ်ပေ၊၊

"ပါစပ်ပိတ်ထားစမ်း---"

ဒင်းရှုဟိုင် ကြိမ်းမောင်းလိုက်၏၊၊

"ဧည့်သည်တွေကို လေးလေးစားစားဆက်ဆံ၊၊ မရိုင်းနဲ့----"

အခြားတောင်ထိပ်မှတပည့်ဆိုလျှင် ပြဿနာမရှိပေ၊၊

သူ့သားက ကောင်းကင်ဘုံစက်ယန္တရားခန်းမတပည့်ဖြစ်ပြီး တစ်ဖက်လူကိုထိခိုက်စေလျှင်တောင် သူတို့ဆရာတွေဘာမှလုပ်ရဲမည်မဟုတ်ပေ၊၊

သို့ပေမယ့် ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်၏တပည့်တစ်ယောက်ဖြစ်၏၊၊

ဂျန်ဖန်းသာ ဒင်းမိသားစုတပည့်ကြောင့် ဒဏ်ရာရသွားလျှင် တိမ်စိမ်းဂိုဏ်း ဂိုဏ်ချုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲဖြစ်သည်၊၊

သူက ချက်ချင်းပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်၊၊

"တိမ်စိမ်းဂိုဏ်းရဲ့တပည့်တွေ, မင်းတို့ကို ဒင်းဝမ်ပိုင်ခေါ်လာမှတော့ စောက်ရှောက်ရမှာ ငါတို့ဒင်းမိသားစုတာဝန်ပါပဲ---"

"ဝမ်ပိုင်, သူတို့အတွက်နေရမယ့်နေရာစီစဥ်ပေးလိုက်---"

ပြောပြီးနောက် သူက တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်၊၊

မသွားခင် သူက ရုတ်တရက်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်၊၊

"ပြီးတော့ ဆရာချင် မကြာခင် ဒင်းမိသားစုကို ရောက်လာတော့မှာ----"

"မင်းအပေါင်းအပါတွေကို သေချာထိမ်းသိမ်းထား၊၊ လျှောက်မသွားစေနဲ့၊၊ ဆရာချင်ကို နှောက်ယှက်မိလိမ့်မယ်---"

ဒင်ဝမ်ပိုင်ရိုသေစွာ ပြန်ဖြေလိုက်သည်၊၊

"ဟုတ်ကဲ့ပါ၊, မိသားစုခေါင်းဆောင်----"

ဆရာချင်အကြောင်းတွေးပြီး သူ့စိတ်ထဲကနေ အတော်လေးစားနေခဲ့သည်၊၊

စစ်မှန်သည့် ကြယ်တစ်လုံးဝိညာဥ်သခင်တစ်ယောက်--- လက်လေးတစ်ချောင်လှုပ်ရုံဖြင့် တိမ်နေမင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေမည်ဖြစ်သည်၊၊

ဒေါသထွက်နေသည့်ဒင်းထျန်ရှန်တောင် ဆရာချင်ရောက်လာတော့မည်ကိုကြားသည့်အခါ ချက်ချင်းဒေါသကိုဖိနှိပ်ကာ နောက်ထပ်ပြဿနာမရှာရဲတော့ပေ၊၊

ကောင်းကင်ဘုံစက်ယန္တရားခန်းမမှာ နေဖူးသူဖြစ်၍ ဝိညာဥ်သခင်တွေ၏ အဆင့်အတန်းကို အခြားသူတွေထက် ပိုသိ၏၊၊

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတောင် ကြယ်တစ်လုံးဝိညာဥ်သခင်နှင့် အဆင့်အတူတူပဲဖြစ်သည်၊၊

ထို့ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်မှမရှိသည့် ဒင်းမိသားစု ကြယ်တစ်လုံးဝိညာဥ်သခင်၏ သဘောကျခံရတာဟာ ကြီးမားသည့်ကံကောင်းမှုကြီးဖြစ်သည်၊၊

သူသာ သူ့ကို မကျေမနပ်ဖြစ်သွားစေလျှင် ဒင်းမိသားစုနှင့်မပူးပေါင်းတော့ပဲ ဒင်းမိသားစု၏သမိုင်းဝင်အပြစ်သားတစ်ယောက်ဖြစ်သွားပေမည်၊၊

ထို့ကြောင့် ပဋိပက္ခက ငြိမ်သက်သွားခဲ့သည်၊၊

ဒင်းဝမ်ပိုင် လူတိုင်းကိုဦးဆောင်ပြီး ဒင်းမိသားစု ဧည့်သည်အခန်းသို့ခေါ်လာခဲ့သည်၊၊ ထို့နောက် တပည့်တိုင်းအတွက် အခန်းတွေစီစဥ်ပေးလိုက်သည်၊၊

ချန်းစီလင်အလှည့်ရောက်သည့်အခါ သူက ဂရုတစိုက်ပြောလိုက်သည်၊၊

"ဂျူနီယာညီမစီလင်, မင်း စီနီယာအကိုရဲ့ ဘေးအခန်းမှာ နေလိုက်---"

"တစ်ခုခုဖြစ်ရင်, ငါချက်ချင်းလာလို့ရတာပေါ့----"

ချန်းစီလင် အေးစက်စွာပြောလိုက်သည်၊၊

"စီနီယာအကို, ဒုက္ခများစရာမလိုပါဘူး---"

"ငါ ဂျန်ဖန်းနဲ့တစ်ခန်းတည်းနေလိုက်မယ်---"

တစ်စုံတစ်ခုသာအမှန်တကယ်ဖြစ်ခဲ့လျှင် ဒင်းဝမ်ပိုင်က သူမကို ကာကွယ်ပေးနိုင်မှာတဲ့လား----

အစောပိုင်းအဖြစ်အပျက်အားလုံးက အဖြေပေးပြီးနေပြီးဖြစ်သည်၊၊

ဒင်းဝမ်ပိုင်ရင်ဘတ် နာကျင်မှုကြောင့် တင်းကြပ်သွားသည်၊၊ သူက ဂျန်ဖန်းကို မနာလိုစွာဖြင့် စိုက်ကြည့်လိုက်သည်၊၊

"ဂျူနီယာညီမ, ဂျန်ဖန်းကို အရမ်းကြီး အထင်ကြီးမနေနဲ့----"

"အစောပိုင်းတုန်းက, သူက အခွင့်ကောင်းယူပြီးအလစ်တိုက်လိုက်လို့ ဒင်းထျန်ရှန်ကို နိုင်သွားတာ---"

"တကယ်တိုက်ကြမယ်ဆိုရင်, ဂျန်ဖန်း သုံးကွက်တောင်ခံနိုင်မှာ မဟုတ်ဘူး----"

ထိုအရာကိုကြားသည့်အခါ ချန်းစီလင်မျက်နှာ၌ အထင်အမြင်သေးသည့်အမူအရာတစ်ခုပေါ်လာခဲ့သည်၊၊

သူမက ပြောင်ပြောင်တင်းတင်း ပြန်ပြောလိုက်သည်၊၊

"ဒါက ပြန်မတိုက်ရဲပဲ ငြိိိမ်ပြီးအရိုက်ခံရတာထက်စာရင်တော့ ကောင်းပါသေးတယ်----"

အခြားတပည့်တွေလည်း ဒင်းဝမ်ပိုင်ကို စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်လိုက်ကြသည်၊၊

သူတို့စိတ်ထဲ၌ အနည်းငယ် အထင်မြင်သေးနေကြသည်၊၊

ဂျန်ဖန်းကျင့်ကြံရေးဘယ်လောက်ပင်အားနည်းပါစေ, အနည်းဆုံးတော့ သူက ချန်းစီလင်အတွက် မားမားမတ်မတ်ရပ်တည်ရဲပြီး တစ်ဖက်လူကို ဒဏ်ရာရစေခဲ့၏၊၊

ဒင်းဝမ်ပိုင်ကကော?---

သူ့ထက်အားနည်းသူတွေရှေ့မှာသာ မောက်မာရဲတာဖြစ်သည်၊၊

ဒင်းထျန်ရှန်နှင့်ရင်ဆိုင်ရာ၌ ပြန်တိုက်ဖို့ သတ္တိတောင်မရှိပေ၊၊

ဂျန်ဖန်းကို ဘယ်လိုတောင်အထင်သေးရဲရသည်နည်း၊၊

ဒင်းဝမ်ပိုင် အတိုင်းထက်အလွန်စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏၊၊ သူက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ဂျန်ဖန်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်၊၊

"ငါနဲ့ပြိုင်ရဲလား---"

"ဘယ်သူက ဟီးရိုးဖြစ်ပြီး ဘယ်သူကသူရဲဘောကြောင်တဲ့ကောင်လဲဆိုတာ ကြည့်ကြတာပေါ့----"

သူက ဤကဲ့သို့အရှက်ကွဲမှုကို မခံစားနိုင်ပေ၊၊

ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်သူသက်သေပြချင်၏၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေနှင့် ချန်းစီလင်ရှေ့၌ သူဆုံးရှုံးသွားသည့် ဂုဏ်သိက္ခာအချို့ပြန်လိုချင်၏၊၊

သူက ဒင်းထျန်ရှန်ကို မရိုက်နိုင်ပေ၊၊ သို့ပေမယ့် ဂျန်ဖန်းကို ကိုင်တွယ်ဖို့ကတော့ အလွယ်လေးပဲဖြစ်သည်၊၊

ထိုကောင်၏ စိတ်ပျက်စရာကောင်းမှုကို ဂျန်ဖန်းရှာတွေ့လိုက်၏၊၊

သူ့ကို ထပ်ခါထပ်ခါ ရန်စနေခဲ့သည်၊၊

တစ်ဖက်လူကတောင်းဆိုနေမှတော့ သူက ထိုအရာကို အလျှင်အမြန်အရှုံးသတ်ပေးရမည်ဖြစ်သည်၊၊

"ကောင်းပြီလေ---"

ဂျန်ဖန်း တွေဝေမနေပဲလက်ခံလိုက်၏၊၊

ဒင်းဝမ်ပိုင် သူ့ဓားရိုးကိုဆုပ်ကိုင်လိုက်၏၊၊

"ငါ့နောက်လိုက်ခဲ့----"

ဤသို့ဖြင့်----

သူတို့အားလုံး ဒင်းမိသားစုသိုင်ပညာလေ့ကျင့်ရေးကွင်းပြင်ကို ရောက်လာခဲ့ကြသည်၊၊

အခြားတပည့်တွေလည်း သိချင်နေခဲ့ကြသည်၊၊

ဂျန်ဖန်း ဒင်းဝမ်ပိုင်နှင့်နှစ်ယောက်ချင်းတိုက်ခိုက်ဖို့ ဘယ်ကယုံကြည်မှုရသနည်း၊၊

အဆုံးမှာတော့ ဒင်းဝမ်ပိုင်က အတွေ့အကြုံရှိသည့် တပည့်တစ်ယောက်ဖြစ်သည်၊၊

သူက အခြေခံတည်ဆောက်ခြင်း အဆင့် ၆ ကိုရောက်နေတာ အချိန်အတော်ကြာနေပြီဖြစ်၍ အခြေခိုင်မာကာ တိုက်ပွဲအတွေ့အကြုံလည်း ကြွယ်ဝ၏၊၊

တစ်ဖက်မှာတော့ ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်းကိုဝင်ရောက်တာ တစ်လသာရှိသေးတာဖြစ်သည်၊၊

နှစ်ယောက်သားက လူအုပ်ထဲမှထွက်လာခဲ့သည်၊၊ တစ်ယောက်ချင်စီက လက်နက်ကိုယ်စီကိုင်ထားကြပြီး မျက်နှာချင်းဆိုင်ရပ်ကာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့သည်၊၊

တစ်ချိန်တည်းမှာပဲ---

အရမ်းမျှော်လင့်နေသည့် ဆရာချင် ဒင်းမိသားစုကို ရောက်လာခဲ့သည်၊၊

သူက မိသားစုတစ်လုံး အထီးကျန်လှေမြို့မှရွေ့ပြောင်းသွားသည့် ချင်းဝမ်ယွမ်မှလွဲပြီ အခြားသူမဟုတ်ပေ၊၊

တိမ်နေမင်းမြို့က အထီးကျန်လှေမြို့ထက် အတော်လေး သာယာဝပြောသည်ဖြစ်၍ ချင်းမိသားစု ပြန်လည်ထူထောင်ဖို့ နေရာကောင်းပဲဖြစ်သည်၊၊

ချင်းမိသားစုက ယခုမှရောက်လာတာဖြစ်၍ ဒေသခံသိုင်းပညာမိသားစုတွေနှင့် နယ်မြေလုရမည်ဖြစ်သည်၊၊

ထို့ကြောင့် ချင်းဝမ်ယွမ်က ဒင်းမိသားစုကို မဟာမိတ်အဖြစ် ဉာဏ်ရှိရှိရွေးချယ်ခဲ့သည်၊၊

ပထမဦးစွာ သူတို့က အခြားသိုင်းပညာမိသားစုနှစ်ခုကို ဖြုတ်ချရမည်ဖြစ်ပြီး ခြေကုတ်ရအောင်လုပ်ရမည်ဖြစ်သည်၊၊

"ဆရာချင်, မင်းနောက်ဆုံးတော့ရောက်လာပြီပဲ---"

ဒင်းရှုဟိုင် ဒင်းမိသားစုတစ်ခုလုံးကို ဦးဆောင်ကာ အိမ်တော်အပြင်ဘက်၌ ချင်မိသားစုကို ကြိုဆိုလိုက်သည်၊၊

ဒင်းထျန်ရှန်လည်းလိုက်ပါလာပြီး ချင်းဝမ်ယွမ်ကို လေးလေးစားစား နှုတ်ဆက်လိုက်၏၊၊

"ဆရာချင်, ကျွန်တော်က ဒင်းထျန်းရှန်ပါ၊၊ ကောင်းကင်ဘုံံစက်ယန္တရားခန်းမရဲ့ တပည့်တစ်ယောက်ပါ---"

"ဒင်းမိသားစုကိုလာတာ ကြိုဆိုပါတယ်---"

ဒင်းမိသားစု ပိုမိုဆွေးနွေးနိုင်ရန် သူ့အထောက်အထားကို ထည့်သွင်းဖော်ပြလိုက်သည်၊၊

ထိုမှသာ မဟာမိတ်ဖွဲ့ရာ၌ အကျိုးအမြတ်ပိုရမှာဖြစ်သည်၊၊

သို့ပေမယ့် ချင်းဝမ်ယွမ်ကတော့ အနည်းငယ်လှောင်ပြောင်သည့်အပြုံးတစ်ခုဖြင့် တုန့်ပြန်လိုက်သည်၊၊

"ကောင်းကင်ဘုံစက်ယန္တရားခန်းမက အကြီးအကဲဖေးယွင်လန် နေကောင်းရဲ့လား---"

ဒင်းထျန်ရှန် ထိတ်လန့်သွား၏၊၊

"ဆရာချင်, မင်း ငါ့ဆရာကို သိတာလား----"

ဖေးယွမ်းက သူ့ဆရာမှလွဲပြီးအခြားသူမဟုတ်ပဲ အမြုတေဖွဲ့စည်းခြင်း အဆင့် ၈ ကျွမ်းကျင်သူဖြစ်သည်၊၊

ချင်းဝမ်ယွမ်က သူ့ဆရာကို သိနေသည့်အတွက် သူအလွန်အံ့သြသွားခဲ့ရသည်၊၊

"ငါတို့က အသိအကျွမ်းတွေထက်ပိုပါတယ်၊၊"

ချင်းဝမ်ယွမ်း မုတ်ဆိတ်မွေးသပ်ပြီးပြောလိုက်သည်၊၊

"အကြီးအကဲဖေးယွမ်လန်က ငါ့ကို စီနီယာအကိုလို့ခေါ်ရမယ်---"

"ငါတို့က တစ်ဂိုဏ်းတည်းသားတွေလေ၊၊ နောက်ပိုင်း ငါက ဝိညာဥ်စွမ်းအားမှာပါရမီရှိတာသိတော့ ဝိညာဥ်သခင်လမ်းကြောင်းကို လိုက်စားခဲ့တာ----"

"ပြောရရင်, မင်းက ငါ့ရဲ့ဂျူနီယာတူလေးပဲ---"

ထိုအရာကြားသည့်အခါ ဒင်းထျန်းရှန် အကြီးအကျယ်တုန်လှုပ်သွားပြီး ပိုပြီးလေးစားလာခဲ့သည်၊၊

သူက ပို၍တောင် ခါးညွှတ်သွားခဲ့သည်၊၊

"ထျန်းရှန်, ဦးလေးဆရာကို နှုတ်ဆက်ပါတယ်---"

ဒင်းရှုဟိုင်လည်း မလေးမစားမလုပ်ရဲပဲ အရိုအသေပေးလိုက်သည်၊၊

"ဂျူနီယာ ဆရာချင်ကို အရိုအသေပေးပါတယ်----"

သူက ပိုလို့တောင် ဖိအားကိုခံစားလာရသည်၊၊

ချင်းဝမ်ယွမ်က ကြယ်တစ်လုံးဝိညာဥ်သခင်ဖြစ်ရုံသာမက သူ့သား၏ သိုင်းပညာဦးလေးလည်းဖြစ်နေခဲ့သည်၊၊

သူသာ မကျေမနပ်ဖြစ်သွားလျှင် သူ့သားအနာဂတ်နှင့် ဒင်းမိသားစုအနာဂတ်က အဆုံးဖြတ်ပေးနိုင်သည်မဟုတ်လား---

ထိုအရာကို တွေးပြီး ဒင်းရှုဟိုင်အမူအရာက ပိုမိုရိုသေလာခဲ့သည်၊၊

သူတို့၏လေးလေးစားစားအရိုအသေပေးမှုကိုမြင်တော့ ချင်းဝမ်ယွမ် တစ်ခါမှမကြုံဖူးသည့်ဂုဏ်ယူမှုကိုခံစားလိုက်ရပြီး ဒင်းမိသားစုကို ဝင်ရောက်သွားခဲ့သည်၊၊

မဟာမိတ်ဆွေးနွေးမှုကို အတားအဆီးမရှိ ဆက်လက်လုပ်ဆောင်လိုက်ကြ၏၊၊

ချင်းဝမ်ယွမ်အကြံပြုသည့်အခြေအနေအားလုံး ဒင်းရှုဟိုင်လုံးဝကိုလက်ခံနေပြီး မငြင်းဆန်ရဲပေ၊၊

ကံကောင်းစွာဖြင့် ချင်းဝမ်ယွမ်က လောဘကြီးသူမဟုတ်ပေ၊၊ အခြေအနေအချို့က ပြင်းထန်ပေမယ့် လက်ခံံလို့ရသေး၏၊၊

မဟာမိတ်ပူးပေါင်းမှုပြီးသွားသည့်အခါ ဒင်းဝမ်ပိုင် စိတ်သက်သာယာရစွာသက်ပြင်းချလိုက်သည်၊၊ နောက်ဆုံးမှာတော့ သူ့စိုးရိမ်မှုတွေကို လွတ်ချနိုင်လိုက်ပြီပဲဖြစ်သည်၊၊

"ဆရာချင်, ကျွန်တော်စားသောက်ပွဲတစ်ခု ပြင်ဆင်ထားပါတယ်၊၊ ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပေးပါ----"

ဤသို့ဖြင့်---

ဒင်းရှုဟိုင်နှင့်အတူ ချင်းဝမ်ယွမ် စာသောက်ပွဲခန်းမထဲသို့ တက်ကြွစွာလျှောက်လာခဲ့သည်၊၊

သူက အတော်လေး ကျေနပ်နေခဲ့သည်၊၊

"အထီးကျန်လှေမြို့ကထွက်လာတာလည်း ဆိုးတဲ့ကိစ္စတော့မဟုတ်ဘူးပဲ----"

"အဲ့ဒီကြယ်သုံးလုံးဝိညာဥ်သခင်ကို ရန်မစမိမခြင်း ချင်းမိသားစုက အရင်ကထက်ပိုတောက်ပလာမှာပဲ---"

သူတို့လျှောက်လာစဥ်----

သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်သွားသည့်အခါ သူ့မျက်လုံးထောင့်မှ လူအုပ်တစ်ခုကို မြင်လိုက်သည်၊၊

ထို့နောက် အလယ်မှာရပ်နေသည့်ပုံရိပ်ကိုမြင်သည့်အခါ သူက မနေနိုင်ပဲ ရပ်တန့်သွားခဲ့သည်၊၊

All Chapters