← Chapters

သခင်လေးအမူအရာပြောင်းခြင်း

Vol. 9 Ch. 128

သခင်လေးအမူအရာပြောင်းခြင်း

Vol. 9 Ch. 128

သူက သူ့မျက်လုံးသူမယုံနိုင်ဖြစ်နေပြီး ပွတ်သပ်ကာ နောက်တစ်ကြိမ်ကြည့်လိုက်သည်၊၊

ဂျန်ဖန်းကလွဲပြီးမည်သူဖြစ်မည်နည်း၊၊

တစ်ခဏအကြာ သူ့ဘဝက အတော်လေးရယ်စရာကောင်းတာကို ခံစားလိုက်ရသည်၊၊

သူက မိသားစုတစ်ခုလုံးကို တိမ်နေမင်းမြို့သို့ ရွေ့လာခဲ့ပြီး တစ်ဖက်လူကို ဒီဘဝဘယ်တော့မှမတွေ့ရတော့ဘူးဟု တွေးထားခဲ့သည်၊၊

မည်သူထင်ထားမည်နည်း၊၊ သူတို့က ရောက်ရောက်ခြင်း လာဆုံနေခဲ့သည်၊၊

ချင်းဝမ်ယွမ်နေရာ၌အေးခဲနေတာမြင်တော့ ဒင်းရှုဟိုင်အံ့အားသင့်သွားပြီး သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်သည်၊၊

ထိုအခါ ဒင်းဝမ်ပိုင်နှင့် ဂျန်ဖန်းတို့ တိုက်ခိုက်တော့မှာကို မြင်လိုက်ရ၏၊၊

သူစိတ်ထဲ၌ မနေနိုင်ပဲ စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်၊၊

ယနေ့က မဟာမိတ်ဖွဲ့သည့်နေကောင်းရက်မြတ်ဖြစ်ပြီး သွေးထွက်သံယိုဖြစ်ဖို့ မသင့်လျော်ပေ၊၊

ထိုအရာကြောင့် ချင်းဝမ်ယွမ်မကျေမနပ် ဖြစ်သွားနိုင်သည်မလား---

ဒင်းရှုဟိုင် အံ့သြဒေါသထွက်စွာဖြင့် မျက်မှောင်ကြုတ်ကာ ဒင်းဝမ်ပိုင်ကို အလျှင်အမြန် ကြိမ်းမောင်းလိုက်၏၊၊

"မင်းနားမကောင်းဘူးလား---"

"ဆရာချင်ကို မနှောက်ယှက်ဖို့ ငါပြောထားတယ်လေ၊၊ ဘာလို့ ဒီလူတွေကို လေ့ကျင့်ရေးကွင်းထဲခေါ်လာရတာလဲ---"

"ထွက်သွားကြစမ်း---"

အတိတ်မကျေနပ်ချက်တွေအတွက် လက်စားချေတော့မည့် ဒင်းဝမ်ပိုင် ရုတ်တရက် ထိတ်လန့်သွားသည်၊၊

နောက်ကိုကြည့်လိုက်သည့်အခါ လူအုပ်တစ်ခုဝန်းရံထားသည့် ချင်းဝမ်ယွမ်ကိုမြင်လိုက်ပြီး အလျှင်အမြန် ခေါင်းငုံ့ကာ ထွက်ခွာသွားခဲ့သည်၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေလည်း စကားမပြောနိုင်ဖြစ်နေကြ၏၊၊

သူတို့က အမှန်တကယ်ပဲ ဆရာချင်ကို နှောင့်ယှက်မိ၏၊၊

ထို့ကြောင့် အလျှင်အမြန်ပဲ ထွက်ခွာသွားခဲ့သည်၊၊

ဂျန်ဖန်းလည်းသိချင်စွာကြည့်ဖြင့်ကြည့်လိုက်သည့်အခါ ထိုအရာက တကယ်ကြီး ချင်းဝမ်ယွမ်ဖြစ်နေခဲ့သည်၊၊ သူ့ပါးစပ်ထောင့် တွန့်ကွေးသွားခဲ့သည်၊၊

သူတို့က ဒီနေရာမှာ တစ်ယောက်နှင့် တစ်ယောက်ဆုံတွေ့နေကြ၏၊၊

ယနေ့က ချင်းဝမ်ယွမ်နှင့် ဒင်မိသားစုတို့မဟာမိတ်ဖွဲ့သည့်နေ့ဖြစ်သည်၊၊ ထို့ကြောင့် သူက နှုတ်မဆက်တော့ပဲ မသိချင်ယောင်ဆောင်ကာ ထွက်ခွာသွားခဲ့သည်၊၊

ချင်းဝမ်ယွမ် နှလုံးသားက တင်းကြပ်နေပြီး ဂျန်ဖန်း ဘာအမူအရာမှမပြပဲထွက်ခွာသွားတာမြင်မှသာ စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်၊၊

သူက တစ်ယောက်တည်းရေရွတ်လိုက်သည်၊၊

"ငါတို့ချင်မိသားစုက ရွေ့လာပြီးပြီဆိုတော့ ပြစ်ဒဏ်ကိုလက်ခံပြီးပြီ---"

"ဆရာဂျန်က ငါတို့ကို နောက်ထပ်အပြစ်တင်မှာမဟုတ်ဘူး---"

ထိုအရာကိုတွေးပြီး သူ့စိတ်တွေတက်ကြွလာခဲ့သည်၊၊

"သူအပြစ်မတင်တော့ဘူးဆိုတော့ ငါတို့တွေ မိတ်ဆွေတွေဖြစ်နိုင်လောက်လား---"

ဤအရာက ကြယ်သုံးလုံးဝိညာဥ်သခင်ဖြစ်သည်၊၊

အနည်းငယ်သင်ကြားပေးလျှင်တောင် တစ်ဘဝစာလုံလောက်သွားပြီဖြစ်သည်၊၊

သို့ပေမယ့် ပြီးစလွယ်မိတ်ဆွေဖွဲ့ခြင်းက စော်ကားရာရောက်မှာကို သူနားလည်၏၊၊

ရုတ်တရက် သူက ဂျန်ဖန်းနှင့် တိုက်ခိုက်နေသည့် ဒင်းဝမ်ပိုင်ကို အမှတ်ရသွားပြီး မေးလိုက်သည်၊၊

"ခေါင်းဆောင်ဒင်း, အခုလေးတင်တိုက်ခိုက်နေတာ မင်းတို့ဒင်းမိသားစုရဲ့ ဂျူနီယာမလား---"

ဒင်းရှုဟိုင် စိတ်လှုပ်ရှားစွာဖြင့်ပြန်ဖြေလိုက်သည်၊၊

"သူ--- သူကငါ့ဒင်မိသားစု မယားငယ်တစ်ယောက်သားပါ---"

"ဒီကောင်က အသိဉာဏ်မဲ့မိုက်မဲပြီး ဆရာချင်ကိုအနှောင့်အယှက်ပေးမိပြီ၊၊ ကျေးဇူးပြုပြီး စိတ်ထဲထားမနေပါနဲ့----"

သူ ဒင်းဝမ်ပိုင်ကို မုန်း၏၊၊

ထိုကောင်ကဘာမှသာမဟုတ်တာ ပြဿနာတော့ ရှာနိုင်၏၊၊

ချင်းဝမ်ယွမ်ဆက်ပြောလိုက်သည်၊၊

"ပြီးတော့ သူနဲ့တိုက်နေတဲ့ တိမ်စိမ်းဂိုဏ်းက ကောင်းလေးနဲ့ ဆက်ဆံရေးကကော ဘယ်လိုရှိလဲ---"

ဂျန်ဖန်းကိုပြောတာလား---

ဘယ်လိုလုပ်ပြီး ဒင်းရှုဟိုင်မမှန်မကန်ပြောရဲမည်နည်း၊၊

သူက ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်၊၊

"ဒင်းဝမ်ပိုင်က ဒီတစ်ခေါက်မစ်ရှင်ရဲ့ခေါင်းဆောင်လေ၊၊ သူက ဂျန်ဖန်းနဲ့ဆက်ဆံရေး အတော်ကောင်းပါတယ်၊၊ တကယ်ကောင်းတာပါ----"

ချင်းဝမ်ယွမ် စိတ်အေးသွားခဲ့သည်၊၊

ဂျန်ဖန်း ဒင်းမိသားစုမှလူနှင့် ဆက်ဆံရေးကောင်းရှိမှတော့ မဟာမိတ်ဖြစ်သည့်သူလည်း မိတ်ဆွေဖြစ်နိုင်၏၊၊

တစ်ခုပဲ--- ဒင်းဝမ်ပိုင်၏အဆင့်အတန်းက ဒင်းမိသားစု၌ အတော်နိမ့်နေတာပဲဖြစ်သည်၊၊

ခဏတွေးပြီးနောက် သူက ပြုံးပြီးပြောလိုက်သည်၊၊

"အဲ့ဒီဒင်းဝမ်ပိုင်က ထူးခြားတယ်လို့ ငါမြင်တယ်၊၊ အနာဂတ်မှာ သေချာပေါက် အောင်မြင်မှုကြီးကြီးမားမား ရမှာပဲ----"

"သူသာ ဒင်းမိသားစု သခင်လေးဖြစ်လာမယ်ဆိုရင် ဒင်းမိသားစုရဲ့အနာဂတ်တိုးတက်လာမှာ သံသယရှိစရာမလိုဘူး---"

ဘာ?----

ဒင်းရှုဟိုင် အကြီးအကျယ် အံ့အားသင့်သွားခဲ့သည်၊၊

ချင်းဝမ်ယွမ်က ဒင်းဝမ်ပိုင်ကို ဒင်းမိသားစုသခင်လေးဖြစ်စေချင်မည်ဟု သူဘယ်တုန်းကမှမျှော်လင့်မထားပေ၊၊

ဒင်းထျန်ရှန်က ဒင်ဝမ်ပိုင်ထက်အများကြီး ပိုထူးချွန်သည်မဟုတ်လား---

ဒင်းထျန်ရှန်လည်း အံ့အားသင့်သွားခဲ့သည်၊၊

ချင်းဝမ်ယွမ်က ဒင်းဝမ်ပိုင်ကို ဘာကြောင့် သဘောကျရသနည်း၊၊

ဒင်မိသားစုအဖွဲ့ဝင်တွေလည်း စိတ်ရှုပ်ထွေးနေကြပြီး ဒင်းရှုဟိုင်ဖို့ ဆုံးဖြတ်ဖို့အတွက် ကြည့်လိုက်ကြသည်၊၊

ဒင်ရှုဟိုင်ဘာလုပ်နိုင်မည်နည်း၊၊

သူက ဒင်းထျန်ရှန်ကို ပိုသဘောကျပေမယ့် ဆရာချင်က ဒင်းဝမ်ပိုင်ကို သဘောကျနေခဲ့သည်၊၊

အနည်းဆုံး မဟာမိတ်ဖွဲ့နေစဥ်အတွင်း သူက ဆရာချင်ကို စိတ်ပျက်အောင်မလုပ်နိုင်ပေ၊၊

ထို့ကြောင့် သူက ဒင်းထျန်ရှန်ပခုံးကို ပုတ်ပြီး ပြောလိုက်သည်၊၊

"ထျန်ရှန်, ငါတောင်းပန်ပါတယ်၊၊ ဒီနေ့ကစပြီး သခင်လေးနေရာကို ဒင်းဝမ်ပိုင်ပိုင်သွားပြီ---"

ဒင်းထျန်ရှန်အတော်လေးမကျေမနပ်ဖြစ်သွား၏၊၊ သို့ပေမယ့် အပြင်ကိုထုတ်မပြရဲပဲ သုန်မှုန်စွာဖြင့်ခေါင်းညိတ်လိုက်ရသည်၊၊

ခဏကြာပြီးနောက်---

တပည့်အဖွဲ့သူတို့အခန်းပြန်ရောက်ရုံရှိသေး အကြီးအကဲတစ်ယောက်ရောက်လာခဲ့သည်၊၊

"ဝမ်ပိုင်, ငါနဲ့ ဘိုးဘေးခန်းမကိုလိုက်ခဲ့----"

"မိသားစုခေါင်းဆောင်က မင်းကို လူငယ်ခေါင်းဆောင်အသစ်အဖြစ် ခန့်အပ်မလို့တဲ့---"

ဘာ?---

တိမ်စိမ်းဂိုဏ်းတပည့်တွေ စိတ်ရှုပ်သွားကြသည်၊၊

ရုတ်တရက်ကြီး ဒင်းဝမ်ပိုင်က လူငယ်ခေါင်းဆောင်အသစ်ဖြစ်သွားသည်လား---

ဒင်းထျန်ရှန်က လူငယ်ခေါင်းဆောင်မဟုတ်ဘူးလား---

ဤကဲ့သို့နေရာရဖို့ ဒင်းဝမ်ပိုင်မှာ မည်သည့်အရည်အချင်မျိုး ရှိနေသနည်း၊၊

အကြီးအကဲက ပျော်ရွင်စွာဖြင့်ပြောလိုက်သည်၊၊

"ခုလေးတင်, ဆရာချင်က မင်းကို အကြည့်တစ်ချက်နဲ့သဘောကျသွားတာ---"

"သူ့ထောက်ခံမှုကြောင့် မိသားစုခေါင်းဆောင်က မင်းကို လူငယ်ခေါင်းဆောင်အသစ်အဖြစ်ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာ---"

ဘာ?---

ဒင်းဝမ်ပိုင် အလွန်ပျော်ရွင်သွားပြီး မယုံနိုင်စွာဖြင့် ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြလိုက်သည်၊၊

သူက ဆရာချင်ကိုတွေ့ဖို့တောင် အရည်အချင်းမပြည့်မှီပေ၊၊

ယခု, ဆရာချင်၏ သဘောကျမှုကို ရသွားသည်တဲ့လား---

ဤရုတ်တရက် ပျော်ရွင်မှုက သူ့ကိုမှိန်မောသွားစေပြီး သတိပြန်ရဖို့ အချိန်အတော်ကြာယူလိုက်ရသည်၊၊

သူက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မနေနိုင်ပဲ တိမ်စိမ်းဂိုဏ်းတပည့်တွေကို ကြွားလိုက်သည်၊၊

"မင်းတို့ကြားကြလား--- မင်းတိုးကြားကြလား---"

"ဆရာချင်က ငါ့ကို သဘောာကျတယ်တဲ့---"

တပည့်အများစု သူ့ကို မနာလိုစွာကြည့်လိုက်သည်၊၊

ဝိညာဥ်သခင်တစ်ယောက်၏သဘောကျမှုခံလိုက်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်သနည်း၊၊

သို့ပေမယ့် ဂျန်ဖန်းနှင့် ချန်းစီလင်တို့က ပဟေဠိဖြစ်နေခဲ့သည်၊၊

ချင်းဝမ်ယွမ်က ဒင်းဝမ်ပိုင်ကို ဘာကြောင့် သဘောကျရသနည်း၊၊

ချန်းစီလင်မျက်လုံးတွေ တောက်ပသွားပြီး ညင်သာစွာရေရွတ်လိုက်သည်၊၊

"ချင်းဝမ်ယွမ်က ဂျန်ဖန်းနဲ့ဒင်းဝမ်ပိုင်ကြားက ပတ်သက်မှုကို နားလည်မှုလွဲသွားတယ်ထင်တယ်---"

ဂျန်ဖန်းလည်း ထိုကဲ့သို့အတွေးမျိုးရှိ၏၊၊

သို့ပေမယ့် ဒင်းဝမ်ပိုင် လူငယ်ခေါင်းဆောင် ဖြစ်ဖြစ် မဖြစ်ဖြစ် သူ့ကိစ္စမဟုတ်ပေ၊၊ ထို့ကြောင့် သူက ဘာမှမပြောပေ၊၊

သို့ပေမယ့် သူ၏ထူးမခြားနားအမူအရာက ဒင်းဝမ်ပိုင်ကို မပျော်မရွင်ဖြစ်သွားစေခဲ့သည်၊၊

"ဘာမှားနေတာလဲဂျန်ဖန်း, မင်းမနာလိုဖြစ်နေတာလား---"

ဒင်းဝမ်ပိုင် ကြွားဝါလိုက်သည်၊၊

"အခုဆိုငါက ဒင်းမိသားစုသခင်လေးတင်မဟုတ်ဘူးနော်, ဆရာချင်သဘောကျတဲ့ လူတစ်ယောက်နော်----"

"မင်းမှာ ငါ့နဲ့ယှဥ်နိုင်တာ ဘာရှိလဲ---"

ဂျန်ဖန်းနှုတ်ခမ်းတွေလှုပ်ရှားသွားပေမယ့် အဆုံးမှာတော့ ဘာမှမပြောတော့ပေ၊၊

ဒင်းဝမ်ပိုင် ချင်းဝမ်ယွမ်သဘောကျမှု ဘယ်လိုရလဲဆိုတာ မေးခွန်းထုတ်ဖို့ ဂျန်ဖန်း စိတ်မဝင်စားပေ၊၊

ထိုအစား သူက ချန်းစီလင်ကိုပြောလိုက်သည်၊၊

"အခန်းပြန်ပြီး ခဏနားရအောင်၊၊ ညနေစောင်းရင် ငါတို့နတ်ဆိုးသားရဲတွေ ထွက်ရှာရမယ်၊၊ သူတို့က ညဘက်လှုပ်ရှားရတာ ပိုနှစ်သက်ကြတယ်---"

ထိုအရာကမှ သူတို့ခရီး၏ အဓိကရည်ရွယ်ချက်ဖြစ်သည်၊၊

ချန်းစီလင်ခေါင်းညိတ်လိုက်၏၊၊ သူမ၏ပါးပြင်လေးက အနည်းငယ်နီရဲနေပြီး ဂျန်ဖန်း နောက်ကနေ အခန်းထဲကို လိုက်လာခဲ့သည်၊၊

ထိုအရာက ဒင်းဝမ်ပိုင်ကို အတော်လေး မကျေမနပ်ဖြစ်သွားစေခဲ့သည်၊၊

"သေစမ်း, ငါက အခုဒင်းမိသားစုရဲ့ သခင်လေးဖြစ်နေပြီ၊၊ ဒီတော့ ငါ့အစား နတ်ဆိုးသားရဲတွေအမဲလိုက်ဖို့ မိသားစုစွမ်းအားကို အသုံးပြုလို့ရတယ်---"

"မင်း ငါနဲ့မယှဥ်နိုင်ပါဘူး---"

အခန်းထဲ၌----

ဂျန်ဖန်း ပုံရိပ်တွေအပြည့်ပါသည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်၊၊

ထိုအရာကို အကြီးအကဲကျောက်ဝူဂျိပို့လိုက်သည့် သေတ္တာထဲကတွေ့တာဖြစ်ပြီး အမျိုးမျိုးသောနတ်ဆိုးသားရဲတွေ၏ ပုံစံတွေနှင့် အသေးစိတ်အချက်အလက်တွေပါဝင်၏၊၊

သူတို့၏အလေ့အထတွေ၊ ပါရမီတွေ၊ တိုက်ခိုက်ရေးနည်းလမ်းတွေနှင့် အားနည်းချက်တွေလည်း ပါဝင်တာဖြစ်သည်၊၊

ချန်းစီလင် သူ့ဘေးမှာမတ်တပ်ရပ်နေပြီး ထိုအရာကိုကြည့်ရင်း မူးဝေသလိုခံစားလိုက်ရသည်၊၊ သူမက သူမ၏နာကျင်နေသည့်မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး ပြောလိုက်သည်၊၊

"ယောက်ျား, ဒီစာအုပ်ထဲမှာ နတ်ဆိုးသားရဲအမျိုးအစားထောင်ချီရှိတယ်---"

"နင်ပြီးအောင်ဖတ်နိုင်ရင်တောင် အကုန်မှတ်မိမှာ မဟုတ်ဘူး---"

ရန်သူကိုနားလည်ခြင်းက တိုက်ပွဲတစ်ရာ အနိုင်ရသည်ဆိုတာကို သူမနားလည်၏၊၊

နတ်ဆိုးသားရဲတွေကိုနားလည်ခြင်းဖြင့် သူတို့ကိုအမဲလိုက်ရာမှာ ပိုထိရောက်မည်ဖြစ်သည်၊၊

သို့ပေမယ့် သားရဲတစ်ရာတောင်တန်းထဲရှိ သားရဲအမျိုးအစားတွေကို မသိနိုင်ပေ၊၊ ဂျန်ဖန်း သူတို့ကို စာအုပ်ထဲမှာမြင်ဖူးလျှင်တောင် မှတ်မိမည်မဟုတ်ပေ၊၊

အချိန်က နည်းလွန်း၏၊၊

နှစ်ရက်တည်းဖြင့် ဂျန်ဖန်း အကုန်လုံးကို ရင်းနှီးအောင်မလုပ်နိုင်ပေ၊၊

ထိုအခိုက်အတန့်၌----

ဂျန်ဖန်း နောက်ဆုံးစာမျက်နှာကိုဖတ်ပြီးသွားပြီး စာအုပ်ကိုဖြည်းဖြည်းခြင်းပိတ်လိုက်သည်၊၊

သူ့စိတ်ထဲ၌ စားအုပ်ပါအချက်အလက်တွေက ရှင်းရှင်းလင်းလင်းရှိနေခဲ့သည်၊၊ နတ်ဆိုးသားရဲအမျိုးအစားတစ်ခုပေါ်လာသည်နှင့် သူက ချက်ချင်းမှတ်မိမည်ပဲဖြစ်သည်၊၊

လေဟာနယ်နတ်ဘုရားသစ်ပင်၏အစိမ်းရောင်အရည်က သူ့နားလည်နိုင်စွမ်းတစ်ခုတည်းကို တိုးတက်စေတာ မဟုတ်ပေ၊၊

သူ့မှတ်ဉာဏ်ကိုလည်း ထူးထူးခြားခြား ကောင်းမွန်လာစေခဲ့၏၊၊

ဤနတ်ဆိုးသားရဲစာအုပ်ကို ကျွမ်ကျင်ဖို့ သာမန်လူတစ်ယောက်က အချိန်တစ်လယူရမည်ဖြစ်သည်၊၊ သူကတော့ နှစ်ရက်တည်းဖြင့် မှတ်မိသွားခဲ့သည်၊၊

ဒင်းဝမ်ပိုင်၌ သူများစွာရှိလျှင်တောင် တူညီသည့်သားရဲတွေကိုအမဲလိုက်ရာ၌ ဂျန်ဖန်းကဲ့သို့ ကျွမ်းကျင်မည်မဟုတ်ပေ၊၊

ဂျန်ဖန်း သူမ၏ နူးညံ့သည့်လက်လေးကို ကိုင်ပြီး သူ့ပေါင်ပေါ်ဆွဲယူလိုက်ကာ တီးတိုးပြောလိုက်သည်၊၊

"စိတ်မပူပါနဲ့, အထွတ်အမြတ်ခန်းမမှာ ငါတို့နှစ်ယောက် လေ့ကျင့်ဖို့ လုံလောက်တဲ့ အကျိုးပြုမှတ်တွေရအောင် ငါလုပ်မှာပါ---"

ချန်းစီလင်၏ ကြွေထည်ကဲ့သို့ပါးပြင်လေး အနည်းငယ်ပန်းရောင်သန်းသွား၏၊၊ သူမက ဂျန်ဖန်း၏ သန်မာသည့်နှလုံးခုန်သံကို နားထောင်နေပြီး ထူးဆန်းသည့်ကျေနပ်မှုကို ခံစားနေရ၏၊၊

နှစ်ယောက်သား ချစ်ကြည်နူးနေကြစဥ်---

အဆောတလျှင်တံခါးခေါက်သံက သူတို့အခိုက်အတန့်လေးကို နှောင့်ယှက်သွား၏၊၊

"ဂျူနီယာညီလေးဂျန်, ဂျူနီယာညီမချန်, နတ်ဆိုးသားရဲတွေ မြို့ကို တိုက်ခိုက်နေပြီ----"

All Chapters