တောင်ခွဲသားရဲ
Vol. 9 Ch. 129
ဂျန်ဖန်းအမူအရာပြောင်းသွားခဲ့သည်၊၊
သူက ချက်ချင်းပဲ ချန်းစီလင်ကိုအပြင်ဘက်ခေါ်လာကာ အခြားတပည့်တွေနှင့် ပူးပေါင်းလိုက်၏၊၊
နေ့တစ်ဝက်လောက်ကြာပြီးနောက်---
ဒင်းဝမ်ပိုင် အောင်မြင်စွာနှင့် ဒင်မိသားစုသခင်ငယ်ဘွဲ့ကို ခံယူခဲ့သည်၊၊ သူက အသစ်စက်စက်ပိုးထည်အင်္ကျီကို ပြောင်းဝတ်ထားရုံသာမက ဒင်းမိသားစုက သူ့ကို အလယ်အလတ်အဆင့်မှော်ရတနာတစ်ခုပါပေးအပ်ခဲ့သည်၊၊
အရေးကြီးဆုံးကတော့---
ဒင်းထျန်ရှန်နှင့် သန်မာသည့်ကလန်အဖွဲ့ဝင်များစွာ သူ့နောက်ကို အစောင့်အဖြစ် လိုက်ပါနေကြချင်းပင်၊၊
ဂျန်ဖန်းထွက်လာတာမြင်တော့ ဒင်းဝမ်ပိုင် မာနကြီးစွာပြုံးလိုက်သည်၊၊
"မိတ်ဆက်ပေးရအုန်းမယ်၊၊ ဒါက ငါ့အစောင့်တွေလေ---"
"နတ်ဆိုးသားရဲတွေကိုသတ်ရအောင်ခေါ်လာလိုက်တာ၊၊ ဒီတော့အကျိုးပြုမှတ်တွေက ငါ့အတွက်ပဲဖြစ်လိမ့်မယ်၊၊ အဆင်ပြေတယ်မလား---"
အခြားတပည့်တွေဒေါသထွက်သလိုခံစားရ၏၊၊
ဘာကြောင့်လဲ?----
သူတို့အားလုံးက တစ်ယောက်တည်းတိုက်ခိုက်ရ၏၊၊ ဒင်ဝမ်ပိုင်ကတော့ အဖွဲ့တစ်ခုခေါ်လာခဲ့သည်၊၊ သူတို့ထဲ၌ ဒင်းထျန်ရှန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်သည်၊၊
နတ်ဆိုးဘုရင်မှလွဲ၍ မည်သည့်နတ်ဆိုးသားရဲမဆို လာသမျှသူတို့သတ်တာခံရမည်ပဲဖြစ်သည်၊၊
သူတို့က ဤနေရာသို့ခရီးဝေးကြီးလာခဲ့ရပြီး ဟင်းရည်တစ်စက်တောင်မမြည်းစမ်းရပဲ အသားအားလုံးကို ဒင်းဝမ်ပိုင်က ယူဆောင်သွားခဲ့သည်၊၊
သို့ပေမယ့် ဤအရာက ဒင်းဝမ်ပိုင်မိသားစု၏ ပိုင်နက်ဖြစ်၏၊၊
သူတို့မကျေနပ်လျှင်တောင် လုပ်နိုင်တာဘာမှမရှိပေ၊၊ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဘာအစောင့်မှမရှိတာကြောင့်ဖြစ်သည်၊၊
ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်၊၊
"မင်းကြိုက်သလိုလုပ်---"
နတ်ဆိုးသားရဲတွေမှာ အမျိုးမျိုးသောပင်ကိုယ်စွမ်းရည်တွေရှိပြီး ထိုအရာတွေကိုနားမလည်လျှင် သူတို့ကို သတ်ဖို့က လွယ်မည်မဟုတ်ပေ၊၊
ဒင်းဝမ်ပိုင် လှောင်ပြောင်လိုက်၏၊၊
"တော်တော်လေကြီးတာပဲ၊၊ နတ်ဆိုးသားရဲတွေကိုသတ်တဲ့အခါ မင်းအခုလို လေကြီးနိုင်အုန်းမလားဆိုတာ သိချင်မိတယ်---"
ဘုန်း!
ရုတ်တရက်----
ကျယ်လောင်သည့်အသံတစ်ခု မြို့အရှေ့ပိုင်းမှ ထွက်ပေါ်လာခဲဲ့သည်၊၊
ပြောစရာမလိုပေ၊၊ ထိုအရာက နတ်ဆိုးသားရဲတစ်ကောင်မြို့ကို လာတိုက်ခိုက်တာပဲဖြစ်သည်၊၊
တပည့်တွေချက်ချင်းပဲ အသံလာရာဘက်ကို ထွက်လာခဲ့ကြသည်၊၊
ဒင်းဝမ်ပိုင် အမိန့်ပေးလိုက်သည်၊၊
"ဒင်းထျန်ရှန်, ငါအရင်ဆုံးသတ်နိုင်အောင်လုပ်ပေး၊၊ ဂျန်မျိိုးရိုးနဲ့ကောင် ငါ့ကို ကျောမသွားစေနဲ့----"
ဒင်းထျန်ရှန်မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်တွေပေါ်လာခဲ့သည်၊၊
တစ်ချိန်တုန်းက သူအာရုံတောင်မထားသည့်အမှိုက်ကောင်က အမှန်တကယ်ပဲ သူ့ကို အမိန်လာပေးနေခဲ့သည်၊၊
သို့ပေမယ့် ဆရာချင်၏သဘောကျမှုကိုတွေးပြီး သူက အံကြိတ်ရုံသာတတ်နိုင်၏၊၊ ထို့နောက် စိတ်ဝိညာဥ်စွမ်အားထုတ်ကာာ ရှေ့ကို တစ်ဟုန်ထိုးထွက်သွားတော့၏၊၊
မကြာမီ---
သူတို့ရောက်လာကြပြီး မြို့နံရံကချိုင့်ကွက်ကြီးကို အံ့အားသင့်စွာဖြင့်ကြည့်နေကြသည်၊၊
မြို့နံရံကိုရွှေကဲ့သို့ ကျောက်တုံးတစ်မျိုးဖြင့်ပြုလုပ်ထား၏၊၊
သို့ပေမယ့် အမည်မသိနတ်ဆိုးသားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ကိုက်အတော်နက်သည့် ချိုင့်ကွက်ကြီးတစ်ခုဖြစ်သွားစေခဲ့သည်၊၊
စွမ်းအားကြောက်စရာကောင်းလှပြီး လူတိုင်းကို အရိုးထဲထိ အေးစိမ့်သွားစေခဲ့သည်၊၊
တစ်ယောက်ယောက်သာတိုက်ရိုက်တိုက်ခိုက်ခံရလျှင် အူတွေထိုးဖောက်ခံရပြီး အတွင်းကလီစာတွေကြွေမွကာ သေသွားမှာပဲဖြစ်သည်၊၊
"လူတိုင်း သတိထားကြ---"
ဒင်းဝမ်ပိုင် တင်းမာစွာ အော်ပြောလိုက်သည်၊၊
နတ်ဆိုးသားရဲက သူမျှော်လင့်ထားသည်ထက်ပိုသန်မာနေခဲ့သည်၊၊
တကယ်ပဲ---
သူ့အကြည့်ပတ်ပတ်လည်ကို ရွေ့သွားသည့်အခါ ဒင်းထျန်ရှန် ဧရာမပုံရိပ်ကြီးတစ်ခုနှင့် ရုန်းကန်တိုက်ခိုက်နေခဲ့သည်၊၊ ထိုအကောင်းကြီး၌ အဝါရောင်အကြေးခွံတွေရှိပြီး ရေမြင်းကဲ့သို့ပုံသဏ္ဍာန်ရှိ၏၊၊
ရေမြင်းနှင့်မတူတာက ၎င်းမျက်လုံးတွေက သွေးကဲ့သို့နီရဲနေပြီး ပါးစပ်ကလည်း ဝံပုလွေအစွယ်ကဲ့သို့ ချွန်ထက်သည့်သွားတွေအပြည့်ပင်၊၊
နာခေါင်းထိပ်ကချောမွတ်မဲနက်နေပြီး ရံဖန်ရံခါ တုန်လှုပ်ဖွယ်အနီရောင်အလင်းတန်းတွေကို ထုတ်လွတ်နေခဲ့သည်၊၊
အခြေခံတည်ဆောက်ခြင်းအဆင့် ၈ နှင့် စွမ်းအားကြီးနည်းလမ်းတွေပိုင်ဆိုင်ထားသည့် ဒင်းထျန်ရှန်တောင် နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်ပေါ်၌ အနီရောင်အမှတ်အသားလေးတွေသာ ဖန်တီးနိုင်၏၊၊
သူက ထိုအရာကိုမသတ်နိုင်ရုံသာမက နတ်ဆိုးသားရဲကို အကြီးအကျယ်ဒေါသထွက်သွားစေခဲ့သည်၊၊
ထို့ကြောင့်, ဒင်းထျန်ရှန် ပထမဆုံးရောက်လျှင်တောင် မသတ်ဖြတ်နိုင်ပေ၊၊
ဒင်းဝမ်ပိုင် အံ့အားသင့်နေခဲ့သည်၊၊
"ဒါ ဘာသားရဲအမျိုးအစားလဲ---"
ရှိုနေသည့်တပည့်တွေနှင့် ဒင်းမိသားစု လူငယ်သန်မာသူတွေအားလုံးလည်း စိတ်ရှုပ်နေကြသည်၊၊
မည်သူတစ်ယောက်ကမှ ထိုသားရဲကို မသိပေ၊၊
ဂျန်ဖန်း အံ့အားသင့်သွားခဲ့သည်၊၊
"သားရဲတစ်ရာတောင်မှာ ဒီလိုသားရဲမျိုးတကယ်ရှိပါ့လား---"
ဤအရာက နတ်ဆိုးသားရဲတွေကြားမှာ ရှားပါးမျိုးစိတ်ဖြစ်သည့် တောင်ခွဲသားရဲပင်၊၊
၎င်းခန္ဓာကိုယ်ပေါ်က ကြေးခွံတွေက ခုခံရေးမှော်ရတနာပြုလုပ်ရန်အတွက် ထိပ်တန်းကုန်ကြမ်းပဲဖြစ်သည်၊၊ အလွန်မာကျောပြီး သာမန်လက်နက်နှင့်နည်းလမ်းတွေက လုံးဝချိုးဖြတ်နိုင်မည်မဟုတ်ပေ၊၊
၎င်း၏အားနည်းချက်ကိုမသိပဲနှင့် ကျင့်ကြံရေးအဆင့်မြင့်လျှင်တောင် အလကားပဲဖြစ်သည်၊၊
သို့ပေမယ့် ဤကဲ့သို့နတ်ဆိုးသားရဲတစ်ကောင်က အဝေးကသားရဲလှိုင်းမှာတောင် မြင်ရခဲ၏၊၊
သားရဲတစ်ရာတောင်မှာ အမှန်တကယ်ပဲ တစ်ကောင်ပုန်းအောင်းနေခဲ့သည်၊၊
တောင်ခွဲသားရဲ၏အားနည်းချက်တွေကို စဥ်းစားရင် ဂျန်ဖန်း မြို့နံရံပေါ်ကနေ ပြတ်ပြတ်သားသားခုန်ချလိုက်သည်၊၊
ဂျန်ဖန်းလှုပ်ရှားတာမြင်သည့်အခါ ဒင်းဝမ်ပိုင်စိုးရိမ်သွားပြီး ကျန်ဒင်းမိသားစုအဖွဲ့ဝင်တွေကို တိုက်ပွဲကိုပူးပေါင်းဖို့အမိန့်ပေးလိုက်သည်၊၊
ဒင်းထျန်ရှန်၏ဖိနှိပ်မှုအောက်၌ တောင်ခွဲသားရဲက အထိပ်ကွပ်မဲ့လှုပ်ရှားဖို့ခက်ခဲနေခဲ့သည်၊၊
ယခု ဒင်းမိသားစုအဖွဲ့ဝင်တွေ တိုက်ပွဲ၌ ပါဝင်လာပြီဖြစ်၍ ၎င်းက ချက်ချင်းပဲ ကိုယ့်ကိုယ်ကို ခုခံဖို့ ရုန်းကန်ရတော့၏၊၊
ဤအရာက သားရဲ၏ကြမ်းကြုတ်မှုကို လှုံ့ဆော်လိုက်၏၊၊
၎င်းကလူများစွာကိုခုခံနေစဥ် ကောင်းကင်ကိုမော့ပြီး ဟိန်းဟောက်လိုက်၏၊၊ ထို့နောက် ၎င်း၏မဲနက်နေသည့်နှာခေါင်းက သွေးနီရောင်အလင်းတွေတောက်ပလာခဲ့သည်၊၊
နီရဲနေသည့် သံပူတစ်ခုကဲ့သို့ပင်ဖြစ်သည်၊၊
ထိုအရာကိုမြင်သည့်အခါ ဂျန်ဖန်း မျက်မှောင်ကြုတ်သွားပြီး အော်ပြောလိုက်သည်၊၊
"ပြန်ဆုတ်ကြ---"
သူက အလျှင်အမြန်ပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ အဝေးကို ခုန်ဆုတ်လိုက်၏၊၊
ဒင်းမိသားစုလူငယ်တွေလည်း အန္တရာယ်ကိုခံစားမိပြီး အလျှင်အမြန်ဆုတ်ကုန်ကြ၏၊၊
တောင်ခွဲသားရဲအကြည့်တွေက ဒင်းထျန်းရှန်အပေါ်၌သာရှိနေပြီး ဟိန်းဟောက်ကာပြေးဝင်သွားခဲ့သည်၊၊
ဒင်းထျန်ရှန်နောက်၌ မြို့နံရံရှိနေပြီး ထွက်ပြေးလို့မရတော့ပေ၊၊
ထိုအရေးကြီးအခိုက်အတန့်၌----
တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်က လှေကားတစ်ခုချပေးလိုက်ပြီး သူ့ကို လှေကားပေါ်တက်လာစေခဲ့သည်၊၊
သားရဲ၏တိုက်ခိုက်မှုမှ ကပ်သီလေးလွတ်မြောက်သွားခဲ့သည်,၊
ဘုန်း!
ကျယ်လောက်သည့်အသံကြီးတစ်ခုထွက်ပေါ်လာပြီး မြို့နံရံ၌ နောက်ထပ်ချိုင့်ကွက်ကြီးတစ်ခုပေါ်လာခဲ့သည်၊၊
ထိုအရာနှင့်သာဝင်ဆောင့်မိလျှင် ဒင်းထျန်ရှန်ကံကြမ္မာက ပြောစရာကိုမလိုတော့ပေ၊၊
သူက ချွေးအေးကိုသုတ်လိုက်ပြီး သေဘေးမှလွတ်မြောက်လာသည့်အတွက် စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်၊၊
သို့ပေမယ့် ဂျန်ဖန်းက နောက်တစ်ကြိမ်သတိပေးလိုက်သည်၊၊
"ဂရုစိုက်ကြ, ဒါက ခုထိမပြီးသေးဘူး---"
တောင်ခွဲသားရဲက ၎င်းခေါင်းကိုမြောက်ပြီး အဝေးမှ ဒင်းထျန်ရှန်ကို အနီရောင်နှာခေါင်းဖြင့် ချိန်လိုက်သည်၊၊
သွေးနီရောင်လှိုင်းတစ်ခုက ဒင်းထျန်ရှန်ဆီကို အလျှင်အမြန်ပဲ ပြေးဝင်လာခဲ့သည်၊၊
ဒင်းထျန်ရှန် တုန်လှုပ်မှုကြောင့် ဖြူဖြော့သွားခဲ့သည်၊၊
လာနေသည့်လှိုင်းမရှိလျှင်တောင် ထိုအရာ၏ကြောက်စရာကောင်းမှုကို သူခံစားမိ၏၊၊
ထိုအရာနှင့်သာတိုက်မိလျှင် လှိုင်းထဲကအကျိုးသက်ရောက်မှုက သူ့ခန္ဓာကိုယ်ကို ကွဲခြေသွားစေမှာ သံသယရှိစရာမလိုပေ၊၊
ထိုအခိုက်အတန့်၌ သူ့နှလုံးသားထဲမှာ ပြတ်သားသည့်အတွေးတစ်ခုပေါ်လာခဲ့သည်၊၊
သူက လှေကားကို အားနှင့်ဆောင့်ဆွဲလိုက်ပြီး ကိုင်ထားသည့်တိမ်စိမ်းဂိုဏ်းတပည့် မမျှော်လင့်စွာဖြင့် အောက်ပြုတ်ကျသွားခဲ့သည်၊၊
ဒင်ထျန်ရှန် ထိုအရာကိုအားယူပြီးခုန်တက်ကာ မြို့နံရံအစွန်းကိုဆုပ်ကိုင်လိုက်၏၊၊ ထို့နောက် အပေါ်ကိုပြန်တက်သွားက်သွားခဲ့သည်၊၊
အောက်ပြုတ်ကျသွားသည့် တိမ်စိမ်းဂိုဏ်းတပည့် ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး သွေးနီရောင်လှိုင်း၏လမ်းကြောင်းပေါ်ကို တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်၊၊
ဤမြင်ကွင်းက တိမ်စိမ်းဂိုဏ်းတပည့်တွေကို ဒေါသထွက်သွားစေခဲ့သည်၊၊
သူတို့က ဒင်းထျန်ရှန်ကို စေတနာနှင့် ကယ်ခဲ့ပေမယ့် ဒိုင်းတစ်ခုကဲ့သို့ အသုံးချခံလိုက်ရ၏၊၊
သို့ပေမယ့် ဤအချိန်မှာ သူတို့လည်း သူ့တို့အဖော်ကို မကယ်နိုင်တော့ပေ၊၊
သူ၏အကူမဲ့စွာ အော်ဟစ်သံကိုပဲ ကြားနိုင်တော့၏၊၊
ဂျန်ဖန်းအမူအရာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်၊၊
ဒင်းထျန်ရှန် ဤမျှလောက်အောက်တန်းကျလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ၊၊
နောက်ထပ်တွေဝေမနေတော့ပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ မြို့ရိုးပေါ်ကို ပြေးတက်လိုက်၏၊၊
သွေးနီလှိုင်းရောက်ခါနီးမှာပဲ သူက တိမ်စိမ်းဂိုဏ်းတပည့်ကို ကယ်လိုက်ပြီး ကပ်သီလေးလွတ်မြောက်သွားခဲ့သည်၊၊
ဘုန်း---
လှိုင်းက နောက်ဆုံးမှာတော့ မြို့နံရံအစွန်းကို တိုက်မိသွားပြီး ကိုက်ပေါင်းများစွာရှည်လျားသည့်အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေ၏၊၊
နံရံပေါ်ကတပည့်တွေလည်း ကြောက်လန့်သွားကြသည်၊၊
"ငါတို့က ဒီနတ်ဆိုးသားရဲကို ကိုင်တွယ်နိုင်ပါ့မလား---"
"ဒင်းမိသားစုကသန်မာတဲ့လူတွေကို အကြောင်းကြားတာပိုကောင်းလိမ့်မယ်---"
တစ်စုံတစ်ယောက်က နောက်ဆုတ်ဖို့အကြံပေးလိုက်၏၊၊
ဒင်းထျန်ရှန်တောင် အရမ်းကာရောမတိုက်ရဲတော့ပဲပြောလိုက်သည်၊၊
"ဒီသားရဲက ငါတို့ကိုင်တွယ်နိုင်တာကို ကျော်နေတယ်----"
"မြန်မြန် မိသားစုသုံးခုအဖွဲ့ဝင်တွေကို အကြောင်းကြားကြ---"
မြို့ပြင်ကတပည့်တွေအတွက်တော့ သူ့တို့ကိုယ်သူတို့အားကိုးရုံသာရှိတော့၏၊၊
တိုက်ခိုက်မှုကျရှုံးသွားသည့်အတွက် ဒေါသထွက်နေသည့်တောင်ခွဲသားရဲက ဂျန်ဖန်းကို သွေးနီရောင်မျက်လုံးတွေဖြင့် စိုက်ကြည့်လိုက်သည်၊၊
၎င်းက မြေပြင်ကို ခွာနှင့်ယက်လိုက်ပြီး တိုက်ခိုက်ဖို့ပြင်လိုက်၏၊၊
ဂျန်ဖန်း ကယ်လာသည့် တိမ်စိမ်းဂိုဏ်းတပည့်ကို နေရာချပေးလိုက်ပြီး ပြောလိုက်သည်၊၊
"မြန်မြန်သွားတော့---"
ထို့နောက် အနက်ရောင်ဓားကိုကိုင်ကာ စိတ်အာရုံကိုစုစည်းလိုက်၏၊၊
ကြမ်းတမ်းမှုအပြင် တောင်ခွဲသားရဲ၌ အားနဲချက်ကြီးတစ်ခုရှိ၏၊၊
မြေပြင်တသိမ့်သိမ့်တုန်ခါလာခဲ့သည်၊၊
သားရဲက ရုတ်တရက် စပလိန်တစ်ခုကဲ့သို့ အရှေ့ကို ပြေးထွက်လာပြီး နှာခေါင်းကလည်း နောက်တစ်ကြိမ် သွေးနီရောင်အလင်းတန်းတွေတောက်ပလာခဲ့သည်၊၊
ထိုနှာခေါင်း၏ကြောက်စရာကောင်းမှုကို မျက်မြင်တွေ့ထားသည့် တပည့်တွေ၏နှလုံးသားက အပြင်းအထန်ခုန်ပေါက်လာပြီး အော်ပြောလိုက်သည်၊၊
"မြန်မြန်ရှောင်---"
"ပြေးတော့, ဂျူနီယာညီလေးဂျန်---"
သို့ပေမယ့်---
ဂျန်ဖန်း မရှောင်ရုံသာမက သားရဲ၏သွေးနီရောင်နှုတ်ခေါင်းကို စိုက်ကြည့်နေခဲ့သည်၊၊ ထို့နောက် လှုပ်ရှားမှုနည်းလမ်းသုံးကာ ၎င်းဆီ အလျှင်အမြန်ပဲ ပြေးဝင်သွားခဲ့သည်၊၊