← Chapters

အကျိိုးပြုမှတ်ရခြင်း

Vol. 9 Ch. 130

အကျိိုးပြုမှတ်ရခြင်း

Vol. 9 Ch. 130

တောင်ခွဲသားရဲ ဂျန်ဖန်း၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားခဲ့သည်၊၊

၎င်းက အလျှင်အမြန်ပဲ နှာခေါင်းမှသွေးနီရောင်အလင်းတန်းကို ပြန်သိမ်းလိုက်သည်၊၊

သို့ပေမယ့် နောက်ကျလွန်းသွားပြီဖြစ်သည်၊၊

ချက်ချင်းဆိုသလိုပဲ ဂျန်ဖန်း ရှေ့ကိုပြေးဝင်လာခဲ့သည်၊၊

နှာခေါင်းမှသွေးနီရောင်အလင်းတန်းပျောက်သွားတော့မည့်အခိုက်အတန့်၌ သူက ဓားနှင့်ထိုးချလိုက်၏၊၊

ထူးဆန်းစွာပဲ---

တောင်ခွဲသားရဲ၏ ခန္ဓာကိုယ်က သံမဏိတမျှမာကျောသလို နှာခေါင်းကလည်း အလွန်မာကျော၏၊၊

သို့ပေမယ့် သွေးနီရောင်အလင်းတန်းစုဆောင်းချိန်၌ နှာခေါင်းက မယုံနိုင်လောက်အောင် ပျော့ပျောင်းသွား၏၊၊

အနက်ရောင်ဓားက ချက်ချင်းပဲ နှာခေါင်းကိုထိုးဖောက်သွားခဲ့သည်၊၊

ထို့ပြင် တောင်ခွဲသားရဲပြေးလာသည့်အရှိန်ကြောင့် ဓားက ပိုနက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့သည်၊၊

အပြင်ဘက်၌ ဓားရိုးသာကျန်ခဲ့တော့၏၊၊

ထိုအခိုက်အတန့်၌ အနက်ရောင်ဓားက တောင်ခွဲသားရဲ၏ဦးခေါင်းခွံကို ထိုးဖောက်သွားပြီပဲဖြစ်သည်၊၊

ဂျန်ဖန်း သူ၏စိတ်ဝိညာဥ်စွမ်းအားကို အသက်သွင်းလိုက်သည့်အခါမှာတော့ အနက်ရောင်ဓားက ကြမ်းတမ်းစွာတုန်ခါလာပြီး ဦးခေါင်းခွံအတွင်းက အရာရာတိုင်းကို ခြေမွပစ်လိုက်သည်၊၊

ဝေါင်း!

တောင်ခွဲသားရဲ နာကျင်စွာအော်ဟစ်လိုက်ရပြီး ဒွါဟခုနှစ်ပေါက်မှ သွေးတွေစီကျလာခဲ့သည်၊၊

ထို့နောက် ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်၊၊

ဂျန်ဖန်း အနက်ရောက်ဓားကိုဆွဲထုတ်လိုက်သည်၊၊ ထိုအခါ စေးကပ်သည့်အဖြူရောင်ဦးနှောက်တွေရောနှောနေသည့် အဝါရောင်အလုံးတစ်လုံးထွက်ပေါ်လာခဲ့သည်၊၊

မျှော်လင့်ထားသည့်အတိုင်း ဂျန်ဖန်း ထိုအရာကို ဖမ်းယူလိုက်သည်၊၊

ဤအရာက နတ်ဆိုးသားရဲအမြုတေဖြစ်သည်၊၊

အထဲ၌ နတ်ဆိုးစွမ်းအားနှင့် မွေးရာပါစွမ်းရည်အချို့ပါဝင်၏၊၊

တောင်ခွဲသားရဲ၏မွေးရာပါစွမ်းအားက အလွန်သန်မာ၏၊၊ ထို့ကြောင့် အမြုတေကို မှော်ရတနာတစ်ခုအဖြစ်သန့်စင်လိုက်လျှင် တောင်တန်းနှင့် ကျောက်တုံးတွေကို ခွဲနိုင်သည့်စွမ်းရည်အချို့ရရှိမှာဖြစ်သည်၊၊

ဈေးမြင့်မြင့်နှင့်လည်းရောင်းချနိုင်၏၊၊

ထို့ပြင် ၎င်းကိုယ်ပေါ်က ကြေးခွံတွေကလည်း တန်ဖိုးကြီး၏၊၊ ဂျန်ဖန်း ထိုအရာတွေကိုလည်း အလကားအဖြစ်မခံပေ၊၊

သူက ကြေးခွံအားလုံးကိုခွာလိုက်သည်၊၊

ထပ်ပေါင်းပြောရလျှင် ၎င်း၏အကြောအမျှင်၊ ကလီစာ၊ သွေးနှင့် အရေပြားအားလုံးက အဖိုးတန်၏၊၊

အမှန်တကယ်ပဲ---

ကြေးခွံတွေခွာပြီးနောက် ဒေသခံကုန်သည်တစ်ယောက်ရောာက်လာပြီး ကျန်ရှိသည့်အစိတ်အပိုင်းတွေကို သလင်းကျောက်နှစ်ရာဖြင့် ဈေးကောင်းပေးဝယ်သွားခဲ့သည်၊၊

မြို့နံရံပေါ်၌ တပည့်တွေ ထိုအရာကို အံ့အားသင့်စွာကြည့်နေခဲ့ကြသည်၊၊

"ဂျူနီယာညီလေးဂျန်က တောင်ခွဲသားရဲကို တစ်ယောက်တည်းသတ်လိုက်တယ်---"

"ဒါက ဒင်းထျန်ရှန်နဲ့ ဒင်မိသားစုလူငယ်ကျွမ်းကျင်သူတွေတောင် မကိုင်တွယ်နိုင်တဲ့ ကြမ်းကြုတ်တဲ့နတ်ဆိုးသားရဲလေ---"

"မကိုင်တွယ်နိုင်ရုံတင်မဟုတ်ဘူး၊၊ သူတို့က ခွေးပြေးဝက်ပြေးပါထွက်ပြေးလာရတာ---"

"ဒါပဲလေ၊၊ ဒါကြောင့်ပဲ ဒီကောင်တွေကိုကိုင်တွယ်ဖို့ ငါတို့တိမ်စိမ်းဂိုဏ်းတပည့်တွေကို လိုနေတာ၊၊ အဲ့ဒီသိုင်းပညာမိသားစုတွေက ဘာမှထူးခြားမနေပါဘူး---"

ထိုအခိုက်အတန့်၌----

ဒင်းရှုဟိုင် မိသားစုကျွမ်းကျင်သူတွေကို ဦးဆောင်လာပြီး တစ်ခုခုမှားနေတာကို ခံစားမိလိုက်သည်၊၊

"ဘာတွေဖြစ်နေတာလဲ---, ဒီလောက်ကြီးတဲ့ဆူညံသံကြီးတောင်ဖြစ်သွားတယ်---"

မြို့ကိုတိုက်ခိုက်သည့်နတ်ဆိုးသားရဲတွေအား လူငယ်တွေအလွယ်တကူကိုင်တွယ်နိုင်မည်ဟုထင်ခဲ့၏၊၊ သို့ပေမယ့် ကျယ်လောင်သည့်အသံကြီးတွေအကြိမ်များစွာကြားပြီးသည့်နောက်၌ တစ်ခုခုမှားနေတာကိုနားလည်သွားပြီး ချက်ချင်းအပြေးလာခဲ့တာပဲဖြစ်သည်၊၊

ထိုအခိုက်အတန့်မှာပဲ----

တောင်ခွဲသားရဲ၏ကြေးခွံမဲ့ခန္ဓာကိုယ်ကြီးကို ကုန်သည်က မြို့ထဲသို့ပြန်သည်လာခဲ့သည်၊၊

ဒင်ရှုဟိုင် မျက်ခွံ့တွေကျုံ့သွား၏၊၊

"တောင်ခွဲသားရဲ?---"

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဒီကောင်က နတ်ဆိုးသားရဲတွေကိုဦးဆာင်ပြီး မြို့ကို တိုက်ခိုက်ခဲ့တာ၊၊ ဟောင်မိသားစုခေါင်းဆောင်တောင် ဒဏ်ရာရသွားခဲ့သေးတယ်---"

"မင်း--- မင်းကဒါကို တကယ်ကြီးသတ်လိုက်တာလား----"

ချက်ချင်းပဲ---

သူက ဒင်းထျန်ရှန်ကိုကြည့်လိုက်သည်၊၊ သူ့မျက်နှာက ပျော်ရွင်မှုတွေအပြည့်ပင်၊၊

"ထျန်ရှန်, မင်းက မင်းအဖေကို အံ့အားသင့်စေတာပဲ----"

"ငါဒီအကြောင်းကိုကြေညာရမယ်၊၊ ဒါမှ ငါတို့ဒင်းမိသားစုမှာ နဂါးတစ်ကောင်ထွက်ပေါ်လာတာ တိမ်နေမင်းမြို့နဲ့ ကောင်းကင်ဘုံစက်ယန္ဒရားခန်းမက သိသွားမှာ---"

ဒင်းထျန်းရှန် မျက်နှာ အရုပ်ဆိုးသွားခဲ့သည်၊၊

သူက မဲမှောင်သည့်အမူအရာဖြင့် တိတ်ဆိတ်နေဆဲဖြစ်သည်၊၊

ကယ်တင်ခံရသည့်တိမ်စိမ်းဂိုဏ်းတပည့် တွားသွားတက်လာပြီး ထိုစကားကိုကြားသည့်အခါ မနေနိုင်ပဲ လှောင်ပြောင်လိုက်၏၊၊

"ဒင်းမိသားစုခေါင်းဆောင်, ကိုယ့်သားကို အထင်ကြီးမနေနဲ့---"

"တောင်ခွဲသားရဲကို သတ်တာ သူနဲ့ဘာမှမဆိုင်ဘူး----"

"အဲ့ဒါကို ဂျူနီယာညီလေးဂျန် တစ်ယောက်တည်းသတ်ခဲ့တာ---"

ဘာ?---

ဂျန်ဖန်းလား----

ဒင်းရှုဟိုင်ထိုအရာကို မယုံနိုင်ပေ၊၊ သူက တောင်ခွဲသားရဲ၏စွမ်းအားကို မျက်မြင်တွေ့ဖူး၏၊၊

ဂျန်ဖန်းကျင့်ကြံရေးအဆင့်နှင့် တစ်ယောက်တည်းမည်သို့သတ်နိုင်မည်နည်း၊၊

"ထျန်ရှန်, ဒါအမှန်ပဲလား----"

ဒင်းရှုဟိုင် မျက်မှောင်ကြုတ်ကာမေးလိုက်သည်၊၊

ဒင်းထျန်ရှန် ဂျန်ဖန်းကို မုန်းတီးစွာစိုက်ကြည့်လိုက်ပြီး စိတ်မပါစွာပြောလိုက်သည်၊၊

"ဒီကောင်ကံကောင်းသွားတာပါ၊၊ မတော်တဆသတ်မိသွားတာ---"

ထိုအရာကိုကြားသည့်အခါ, ဒင်ရှုဟိုင် မုတ်ဆိတ်မွေးသပ်ပြီး ခေါင်းညိတ်လိုက်သည်၊၊

သူလည်း ကံကောင်းသွားတာဟုထင်၏၊၊

မဟုတ်လျှင် သူ့သားမသတ်နိုင်သည့် နတ်ဆိုးသားရဲကို အခြားဂျူနီယာတစ်ယောက်က သတ်နိုင်တာက မဖြစ်နိုင်ပေ၊၊

ထိုအခိုက်အတန့်၌---

ရုတ်တရက်, အဝေးရှိသစ်တောထဲမှဖုန်လုံးတွေ ထောင်းထောင်းထလာပြီး ထိုအရာနှင့်အတူ သစ်ပင်ကျိုးသံတွေသံပါ ထွက်ပေါ်လာခဲ့သည်၊၊

တစ်ခုခုထွက်လာနေသကဲ့သို့ပင်၊၊

ဒင်းရှုဟိုင်အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ပြောလိုက်သည်၊၊

"ဒါ သားရဲအုပ်ပဲ----"

ထို့နောက်တစ်ခုခုကိုနားလည်သွားခဲ့သည်၊၊

"တောင်ခွဲသားရဲက ရှေ့တော်ပြေးပဲ၊၊ သူက နောက်မှာရှိတဲ့သားရဲတွေအတွက် လမ်းဖောက်ပေးတာ---"

"ဒီနတ်ဆိုးသားရဲတွေမှာ ဒီလောက်မြင့်တဲ့အသိဉာဏ်ရှိလို့လား---"

သူတုန်လှုပ်နေစဥ်မှာပဲ, သစ်တောထဲမှ နတ်ဆိုးသားရဲတစ်ဒါဇင်ကျော် ပြေးထွက််လာခဲ့သည်၊၊

ထိုထဲရှိသုံးကောင်သာ ချီကျင့်ကြံခြင်းအဆင့်ဖြစ်ပြီး ကျန်ဆယ်ကောင်က အခြေခံတည်ဆောက်ခြင်းအဆင့်တွေဖြစ်ကြသည်၊၊

အများစုဆိုအမွေးအမျှင်တွေရှိကြပြီး မဖျက်ဆီးနိုင်သည့်အမျိုးအစားတွေဖြစ်ကြသည်၊၊

ဒင်းဝမ်ပိုင်မျက်လုံးတွေတောက်ပသွားပြီး ပြောလိုက်သည်၊၊

"ဒီတစ်ခါ ငါအစွမ်းပြရမယ့်အလှည့်ပဲ----"

"ဒင်းထျန်ရှန် နဲ့မင်းတို့အားလုံး ငါသခင်လေးအတွက် ဒီကောင်တွေကိုသတ်ပေးကြစမ်း----"

ဒင်းထျန်ရှန် ဒင်းဝမ်ပိုင်ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်၊၊

သို့ပေမယ့် ဂျန်ဖန်းက သားရဲအုပ်ထဲပြေးဝင်သွားနေပြီကိုမြင်သည့်အခါ ချက်ချင်းပဲ မြို့နံရံပေါ်မှ ခုန်ချလိုက်၏၊၊

ဒင်းမိသားစုပိုင်နက်၌ သူက ဂျန်ဖန်းကျောတာ ခံရတာ နှစ်ခါရှိပြီဖြစ်သည်၊၊

ထိုအရာက သူကို ဒေါသအတော်လေးထွက်စေ၏၊၊

ထို့ကြောင့် နတ်ဆိုးသားရဲတွေနှင့်မျက်နှာချင်းဆိုင်တွေ့သည့်အခါ သူက ခွန်အားကုန်သုံးပြီး တိုက်ခိုက်လိုက်၏၊၊

သို့ပေမယ့် ဤနတ်ဆိုးသားရဲအုပ်က အလွန်သန်မာ၏၊၊

တောင်ခွဲသားရဲလောက်မခက်ခဲသော်လည်း လျင်မြန်စွာလှုပ်ရှားနိုင်သည့်လက်သည်းတွေနှင့် ထူးဆန်းသည့်စွမ်းရည်အမျိုးမျိုးပိုင်ဆိုင်ကြ၏၊၊

ဥပမာ, အခုသူရင်ဆိုင်နေသည့် မြေခွေးသားရဲဆိုလျှင် အသံလှိုင်းတိုက်ခိုက်မှုကို ပြုလုပ်နိုင်၏၊၊

ထွက်ပေါ်လာသည့်အူသံနှင့် အသံလှိုင်းက သူ့ခန္ဓာကိုအကြောသေသလိုဖြစ်သွားစေ၏၊၊

သူ့စိတ်ဝိညာဥ်စွမ်းအားသာ ထိုအရာကိုချေဖျက်ဖို့အလုံအလောက်မသန်မာလျှင် မြေခွေးသားရဲလက်သည်းက သူ့ဝမ်းဗိုက်ကို ဖောက်သွားပြီပဲဖြစ်သည်၊၊

ထို့ကြောင့် အကွက်ရေတစ်ဒါဇင်လောက် ဖလှယ်ပြီးနောက်----

သူက နတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်ရုံသာသတ်နိုင်ခဲ့၏၊၊

ထိုစဥ် အခြားနေရာတွေ၌ ထိခိုက်မှုတွေ ဖြစ်ပွားနေပြီဖြစ်သည်၊၊

ဒင်းမိသားစုတပည့်များစွာကို နတ်ဆိုးသားရဲတွေကကိုက်ဖြတ်နေပြီး အချို့ဆို သေလုမျှောပါးဖြစ်နေကြ၏၊၊

အတော်ဝမ်းနည်းကြွေကွဲစရာပင်---

ဤအရာကြောင့် မြို့နံရံပေါ်က ဒင်းရှုဟိုင် အတော်လေး စိတ်ထိခိုက်သွားခဲ့သည်၊၊

သို့ပေမယ့် သူ့ကို ပိုပြီး မခံမရပ်နိုင်ဖြစ်စေတာက---

ဒင်းမိသားစုတပည့်တွေ နတ်ဆိုးသားရဲတွေကိုသတ်ဖို့ရုန်းကန်နေစဥ် လျှင်မြန်သည့်ပုံရိပ်တစ်ခုက သားရဲအုပ်ထဲမှာ တစ္ဆေတစ်ကောင်ကဲ့သို့လှုပ်ရှားနေခဲ့သည်၊၊

သူက အနက်ရောင်ဓားကိုကိုင်ဆောင်ထားခဲ့သည်၊၊ ဓားချက်တိုင်းက တိကျမြန်ဆန်ပြီး ကြမ်းတမ်းကာ နတ်ဆိုးသားရဲတွေ၏ သေကွင်းသေကွက်တွေကို ထိုးဖောက်နေခဲ့သည်၊၊

တစ်ချက်တစ်ကောင်ပဲဖြစ်သည်၊၊

လက်ဖက်ရည်တစ်ခွက်စာလောက်ကြာသည့်အခါ သူက အခြေခံတည်ဆောက်ခြင်း နတ်ဆိုးသားရဲငါးကောင်ကို သတ်ပြီးသွားပြီဖြစ်သည်၊၊

ယှဥ်ကြည့်လိုက်လျှင်, ဒင်းမိသားစုက တစ်ကောင်သာသတ်နိုင်သေး၏၊၊

ဤကဲ့သို့သိသိသာသာကွဲပြားမှုက ဒင်းဝမ်ပိုင်ကို စိုးရိမ်ဒေါသထွက်သွားစေခဲ့သည်၊၊

"ဂျန်ဖန်းနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ---"

"သူ့ကျင့်ကြံရေးကနိမ့်ပေမယ့် နတ်ဆိုးသားရဲတွေကို ဒင်းထျန်ရှန်ထက် ပိုလွယ်လွယ်ကူကူ သတ်နိုင်နေတယ်----"

"ဒီနှုန်းအတိုင်းဆိုရင်, ဒီကောင် အကျိုးပြုမှတ်အားလုံးသိမ်းသွားတော့မှာပဲ----"

ဒင်းရှုဟိုင်လည်း ထိုင်မနေနိုင်တော့ပေ၊၊

ဂျန်ဖန်းက နတ်ဆိုးသားရဲတွေကိုသတ်နေရုံသာမက ဒင်းမိသားစုကိုပါ အရှက်ခွဲနေတာဖြစ်သည်၊၊

ဒင်းမိသားစုထိုမျှလောက်အသုံးမကျတာသာ ချင်းဝမ်ယွမ်သိသွားလျှင် ဒင်းမိသားစုနှင့်ပူးပေါင်းမှုကို နောင်တရသွားမည်ပဲဖြစ်သည်၊၊

သူက အံကြိတ်လိုက်ပြီး မြို့နံရံထက်ကနေခုန်ချသွားခဲ့သည်၊၊ ထို့နောက် နတ်ဆိုးသားရဲတွေကို ဝင်သတ်တော့၏၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေ ဆွံ့အသွားကြသည်၊၊

ဒင်းမိသားစုခေါင်းဆောင်က သူ့ဂုဏ်သိက္ခာကိုစွန့်စားရသည်အထိ တွန်းအားပေးခံရပြီဖြစ်သည်၊၊

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျင့်ကြံသူပါဝင်လာမှုနှင့်အတူ ဒင်းမိသားစု၏အခြေအနေက အတော်လေးတိုးတက်လာခဲ့သည်၊၊

သူနှင့် ဒင်းထျန်ရှန်တို့နှင့်အတူ ဒင်းမိသားစုအဖွဲ့ဝင်တွေလည်းအားဖြည့်ကာ နတ်ဆိုးသားရဲတွေကို ပိုမိုလွယ်ကူစွာသတ်လိုက်ကြသည်၊၊

မြို့ရို့ကမချိုးဖြတ်ရသေးသည့်အတွက်---

နတ်ဆိုးသားရဲတွေ သတိမထားမိပဲ နံရံအပြင်ဘက်မှာပိတ်မိကာ မလွတ်မြောက်နိုင်တော့ပေ၊၊

ဤအရာကြောင့် ဂျန်ဖန်းနှင့် ဒင်းမိသာစုတို့က သူတို့ကို ပိတ်လှောင်ပြီးသတ်လိုက်ကြသည်၊၊

မကြာမီ---

နတ်ဆိုးသားရဲလှိုင်းအငယ်စားကို လုံးဝသုတ်သင်ပြီးသွားပြီဖြစ်သည်၊၊

တစ်ကောင်မှမကျန်တော့ပေ၊၊

နောက်ဆုံးရေတွက်မှုအရ, ဂျန်ဖန်းတစ်ယောက်တည်းတင် အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲ ၇ကောင် သတ်ဖြတ်နိုင်ခဲ့၏၊၊

ဒင်းမိသားစုက စုစုပေါင်း အခြေခံတည်ဆောက်ခြင်းအဆင့် ၃ကောင်နှင့် ချီကျင့်ကြံခြင်းအဆင့် ၃ကောင်သတ်နိုင်ခဲ့သည်၊၊

ထိုအရာတွေကိုအကျိုးပြုမှတ်တွေအဖြစ်ပြောင်းလိုက်လျှင် ဂျန်ဖန်းတစ်ယောက်ထည်းက ဒင်မိသားစုအားလုံးပေါင်းထက်တောင် ပိုများတာဖြစ်သည်၊၊

ဒင်းဝမ်ပိုင် ထိုအရာကို မယုံနိုင်ပဲ ဒေါသတကြီးမေးခွန်းထုတ်လိုက်သည်၊၊

"ဂျန်ဖန်း, မင်းမသမာတဲ့နည်းလမ်းသုံးခဲ့တာလား---"

All Chapters