← Chapters

သားရဲဘုရင်ရုတ်တရက်ထွက်ပေါ်လာခြင်း

Vol. 9 Ch. 131

သားရဲဘုရင်ရုတ်တရက်ထွက်ပေါ်လာခြင်း

Vol. 9 Ch. 131

သူသံသယဖြစ်တာမဆန်းပေ၊၊

လှုပ်ရှားချိန်မရလိုက်သည့် မြို့နံရံပေါ်ရှိတိမ်စိမ်းဂိုဏ်းတပည့်တွေတောင် ထိုအရာကိုလက်ခံနိုင်ဖို့ ခဲယှဥ်း၏၊၊

ဒင်းမိသားစုခေါင်းဆောင်၊ ဒင်းမိသားစု၏အသန်မာဆုံးပါရမီရှင်၊ ဒင်းမိသားစုလူငယ်များစွာနှင့်ဒင်းဝမ်ပိုင်---

သူတို့အားလုံးပေါင်းတိုက်တာတောင်, ရလဒ်က ဂျန်ဖန်းတစ်ဝက်မရှိပေ၊၊

ဤကဲ့သို့ပုံပြင်ကို မည်သူကယုံမည်နည်း၊၊

ထိုအရာကိုကြားသည့်အခါ----

ဂျန်ဖန်း သားရဲအမြုတေတစ်ခုကိုကောက်ယူကာ အိတ်ထဲထည့်လိုက်သည်၊၊

ထို့နောက် ဒင်းဝမ်ပိုင်ကို အမူအရာကင်းမဲ့စွာကြည့်ပြီး ပြောလိုက်သည်၊၊

"ဟုတ်တယ်, ဟုတ်တယ်, ငါ နတ်ဆိုးသားရဲတွေနဲ့ပူးပေါင်းထားတာ၊၊ ပြီးတော့ သူ့တို့ကို ငါသတ်တာငြိမ်ခံဖို့ပြောထားသေးတယ်---"

"မင်းအခု ကျေနပ်ပြီလား----"

ဒင်းရှုဟိုင် ဒင်ဝမ်ပိုင်ကို စိတ်ပျက်စွာကြည့်လိုက်သည်၊၊

တစ်ဖက်လူကို လှည့်စားတယ်ပြောရအောင် ဘယ်လောက်တောင်ရူးလိုက်သနည်း၊၊

ဤအရာက ပြိုင်ပွဲမဟုတ်ပေ၊၊ နတ်ဆိုးသားရဲတွေနှင့် မျက်နှာချင်းဆိုင်တိုက်ပွဲတစ်ခုဖြစ်သည်၊၊

ဘယ်လိုလုပ်လှည့်စားနိုင်မည်နည်း၊၊

ရှုံးနိမ့်တာက ပြဿနာမဟုတ်ပေ၊၊ အရှုံးကိုလက်မခံနိုင်တာကမှ အမှန်တကယ် အရှုက်ရစရာဖြစ်သည်၊၊

သူက မနေနိင်ပဲ ဒင်းဝမ်ပိုင်အတွက် ရှက်သွားခဲ့သည်၊၊

သို့ပေမယ့် ဂျန်ဖန်း၏စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တစ်စုံတစ်ခုကိုတွေမိသွားပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်၊၊

"ငါထင်မထားဘူး--- တိမ်စိမ်းဂိုဏ်းရဲ့ဂုဏ်သိက္ခာရှိတပည့်က စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့နည်းလမ်းတွေကို သင်ယူထားမယ်လို့---"

"တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်သာသိသွားရင် မင်းအပြစ်ပေးခံရတာက လွတ်မှာမဟုတ်ဘူး---"

ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတွေကို တစ်ကောင်ပြီးတစ်ကောင် အလျှင်အမြန်သတ်နိုင်၏၊၊ ထိုကဲ့သို့လုပ်နိုင်ဖို့ ဂျန်ဖန်း စိတ်ဝိညာဥ်သားရဲဂိုဏ်း၏နည်းလမ်းအချို့သုံးတယ်လို့ သူက အထင်မှားသွားခဲ့သည်၊၊

ထိုမှသာ နတ်ဆိုးသားရဲတွေစိတ်ပျံနေစဥ် တစ်ချက်တစ်ကောင်သတ်နိုင်မှာဖြစ်သည်၊၊

လုံးဝကို နားလည်မှုလွဲပေပြီ---

ဂျန်ဖန်းဆီမှ ဓားချက်တိုင်းက နတ်ဆိုးသားရဲတွေ၏သေစေနိုင်ဆုံး အာနည်းချက်တွေကို ထိမှန်နေခဲ့တာဖြစ်သည်၊၊

သေချာပေါက် သူက ရှင်းပြမည်မဟုတ်ပေ၊၊

သူက အမူအရာကင်းမဲ့စွာဖြင့် နတ်ဆိုးအမြုတေနှင့် တန်ဖိုးကြီးအစိတ်အပိုင်းတွေကို ယူနေခဲ့သည်၊၊

အားလုံးပြီးစီးပြီးနောက် ဂျန်ဖန်းမေးလိုက်သည်၊၊

"တိမ်နေမင်းမြို့ကိုတိုက်ခိုက်တဲ့ နတ်ဆိုးသားရဲအားလုံးဒီမှာရှိလား---"

ဒင်းရှုဟိုင် ဂျန်ဖန်းရှေ့က နတ်ဆိုးသားရဲအလောင်းတွေကိုကြည့်ပြီး နှုတ်ခမ်းအနည်းငယ်တွန့်လိမ်သွားခဲ့သည်၊၊ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်၊၊

"ရှိတယ်၊၊ အကုန်သေပြီ---"

နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်တုန်းက မိသားစုသုံးခုကြီးသတ်ခဲ့သည့် အနည်းငယ်အပါအဝင် ကျန်အားလုံးက ဒီနေရာမှာရှိ၏၊၊

တိမ်နေမင်းမြို့က ဘေးအန္တရာယ်ကြီးကို ဖြေရှင်းပြီးပြီဖြစ်သည်၊၊

တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်သည်၊၊

"ဒီမစ်ရှင်က ပြောသလောက်လဲမခက်ဘူးပဲ---"

စိတ်အခြေအနေမကောင်းသည့် ဒင်းဝမ်ပိုင် နှာခေါင်းရှုံ့လိုက်သည်၊၊

"ဘာလို့လဲဆိုတော့ ဒါက တိမ်နေမင်းမြို့တော်ဖြစ်နေလို့ပဲ---"

"နောက်ဆုံးတိုက်ခိုက်မှုမှာ ငါ့တို့ဒင်းမိသားစုသန်မာတဲ့အဖွဲ့ဝင်တွေက သူတို့ကိုမောင်းထုတ်ခဲ့ကြတာ---"

"ဒင်းမိသားစုမရှိရင် တိမ်နေမင်းမြို့က ကျရှုံးသွားပြီ---"

ထိုအရာက လျိုဝူချန်း လူတွေကို ခြောက်နေတာမဟုတ်ပေ၊၊

ဤကဲ့သို့တူညီသည့်နတ်ဆိုးသားရဲတွေသာ အထီးကျန်လှေမြို့မှာပေါ်လာလျှင် မြို့က ကျရှုံးသွားပြီး အပျက်အစီးအဆုံးရှုံးများနိုင်တာပဲဖြစ်သည်၊၊

နောက်ပိုင်းရောက်လာသည့် သားရဲလှိုင်းငယ်လေးကိုမပြောလိုသေးပေ၊၊

တောင်ခွဲသားရဲတစ်ကောင်တည်းနှင့်ပင် အထီးကျန်လှေမြို့ရှိ မည်သူမှမခုခံနိုင်ပေ၊၊

တိမ်နေမင်းမြို့ဘေးကင်းတာဟာ တကယ်ပဲ မိသားစုကြီးသုံးခု၏ သန်မာသည့်အဖွဲ့ဝင်တွေကို ကျေးဇူးတင်ရမှာ ဖြစ်သည်၊၊

အပြောခံရသည့်တိမ်စိမ်းဂိုဏ်းတပည့် ဒေါသတကြီးရေရွတ်လိုက်သည်၊၊

"ဒင်းမိသားစုမှာ လူတွေအများကြီးရှိတယ်၊၊ ဒါပေမယ့် ဂျူနီယာညီလေးဂျန်တစ်ယောက်တည်းလောက်တောင် မစွမ်းဆောင်နိုင်ဘူးလေ---"

"မင်းက ဘာတွေလာကြွားနေတာလဲ---"

မင်း---

ဒင်းဝမ်ပိုင် ဒေါသတကြီးစိုက်ကြည့်လိုက်သည်၊၊

သို့ပေမယ့် အမှန်တရားကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့သည်၊၊

ဒင်းရှုဟိုင်လည်း စော်ကားသလိုခံစားလိုက်ရပြီး ပြောလိုက်သည်၊၊

"တိမ်စိမ်းဂိုဏ်းတပည့်တွေ, သားရဲခြိမ်းခြောက်မှုကိုဖြေရှင်းပြီးပြီဆိုမှတော့ မင်းတို့ထွက်သွားသင့်ပြီ---"

သူက ကျေးဇူးတင်သည့်အနေဖြင့် စားသောက်ပွဲတစ်ခုတောင် လုပ်မပေးပေ၊၊

လက်ဝှေ့ယမ်းကာ တိုက်ရိုက်ပဲ သူတို့ကို ပြန်ခိုင်းလိုက်၏၊၊

တိမ်စိမ်းဂိုဏ်းတပည့်တွေလည်း ဘာမှမပြောပဲ ပျံသန်းသားရဲတွေကို ဆင့်ခေါ်ကာ ထွက်သွားဖို့ပြင်လိုက်၏၊၊

ချန်းစီလင်က ဒင်းဝမ်ပိုင်တို့ကို အေးစက်စွာကြည့်နေပြီး ဂျန်ဖန်းအတွက် မမျှတသလို ခံစားရ၏၊၊

ရုတ်တရက် သူမမျက်လုံးတွေတောက်ပသွားပြီး ဂျန်ဖန်းကို ဆူပူကြိမ်းမောင်းချင်ယောင်ဆောင်လိုက်သည်၊၊

"ယောက်ျား, နင်ဘာလို့ခွန်အားထိန်ချန်မထားရတာလဲ၊၊ အခုနင်လုပ်လို့ ဒင်းမိသားစု မျက်နှာပျက်ရပြီ---"

ဂျန်ဖန်းအကူအညီမဲ့စွာပြောလိုက်သည်၊၊

"သူတို့ကိုယ်တိုင်ကကို အရည်အချင်းမပြည့်မှီတာ----"

"ငါတို့လည်းသွားရအောင်---"

သူက ချန်းစီလင်ကိုပွေ့ဖက်လိုက်ပြီး ဒင်းမိသားစုတွေ၏ဒေါသတကြီးအကြည့်တွေအောက်မှာပဲ ပျံသန်းသားရဲပေါ် ခုန်တက်သွားခဲ့သည်၊၊

ထိုအရာက လုံးဝအစော်ကားခံရတာပဲဖြစ်သည်၊၊

သို့ပေမယ့် ဒင်းမိသားစုစွမ်းဆောင်ရည်က ဤတစ်ချိန်မှာ အမှန်တကယ်ညံ့ဖျင်းလှ၏၊၊

အစကတည်းက သူတို့က တိမ်စိမ်းဂိုဏ်းတပည့်တွေအပေါ် အထင်သေးကြ၏၊၊

ယခုတော့, တိမ်စိမ်းဂိုဏ်းတပည့်တွေကြောင့် သူတို့အတော်လေး အရှက်ကွဲသွားပြီဖြစ်သည်၊၊

ဤကဲ့သို့ မကျေမနပ်ဖြစ်နေစဥ်မှာပဲ----

ခုလေးတင်ထွက်ခွာလာသည့် ပျံသန်းသားရဲတွေ ရုတ်တရက် သူတို့တောင်ပံတွေကို ထိပ်ထိပ်ပျာပျာခပ်ကာ ကောင်းကင်အမြင့်သို့ ပျံတက်သွားကြသည်၊၊

သူတို့က ကြီးမားသည့်အန္တရာယ်တစ်ခုခုကို ခံစားမိပုံပင်၊၊

တစ်ချိန်တည်းမှာပဲ----

အဝေးရှိသစ်တောမှ ရှေးဟောင်းသစ်ပင်ကြီးတွေ အတုန်းအရုန်း ပြိုလဲကုန်၏၊၊

ကြီးမားသည့်အရာတစ်ခုက သူတို့ဆီကို လာနေသကဲ့သို့ပင်၊၊

ဒင်းရှုဟိုင် အော်ပြောလိုက်သည်၊၊

"အို, နောက်တစ်ကောင်ကျန်သေးတာလား----"

ထို့နောက် သူက ရှေ့ထွက်လိုက်ပြီး ယုံကြည်မှုရှိစွာပြောလိုက်သည်၊၊

"ဒီတစ်ကောင်ကတော့ ငါတို့ဟာပဲ၊၊ ဒင်းမိသားစု ဒါကို ကိုင်တွယ်မယ်---"

သစ်တောကိုတွန်းဖြဲပြီး ကျောင်းဆောင်တစ်ခုလောက်ကြီးသည့် ဝံပုလွေကဲ့သို့သားရဲကြီးက အလွန်ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါတွေဖြင့် ထွက်ပေါ်လာခဲ့သည်၊၊

၎င်း၏ခန္ဓာကိုယ်ကို အဖြူရောင်အမွေးအမျှင်တွေဖြင့် ဖုံးအုပ်ထားပြီး ခြောက်ခြားဖွယ်မျက်လုံးစိမ်းကြီးတွေက ရက်စက်ကြမ်းကြုတ်မှုတွေ အပြည့်ပင်၊၊

မြေပြင်အပြည့် နတ်ဆိုးသားရဲအလောင်းတွေကို မြင်သည့်အခါ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူ့ဆီလာနေသည့် ဒင်းရှုဟိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊

ထိုအကြည့်ကြောင့် ဒင်းရှုဟိုင် ဆံပင်မွေးတွေ ထောင်မတ်သွားပြီး မဖော်ပြနိုင်သည့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်၊၊

သို့ပေမယ့် မြို့ထဲက သိုင်းပညာရှင်များစွာနှင့် တိမ်စိမ်းဂိုဏ်းတပည့်တွေကြည့်နေသည့်အတွက် ဒင်းမိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် ရွေးချယ်စရာမရှိပဲ နောက်ဆုတ်လို့မရပေ၊၊

ထို့ပြင် အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသည့်သားရဲလေးက သူ့လို အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျင့်ကြံသူကို ဘယ်လိုလုပ်ကြောက်ရွံ့အောင်လုပ်နိုင်မည်နည်း၊၊

"ဧရာမလှိုင်းဓား---"

သူကနောက်မဆုတ်တော့ပဲ အပြာရောင်ဓားရှည်ကိုကိုင်ကာ ဧရာမဝံပုလွေနတ်ဆိုးကြီး၏မျက်လုံးဆီကို ကြမ်းကြုတ်စွာထိုးသွင်းလိုက်သည်၊၊

ကောင်ကင်ထက်ပျံသန်းသားရဲပေါ်၌---

ဂျန်ဖန်း အလွန်မတန်ကြီးသည့်ဝံပုလွေနတ်ဆိုးသားရဲကိုကြည့်ပြီး မနေနိုင်ပဲ ရေရွတ်လိုက်သည်၊၊

"သလင်းဖြူသားရဲ---"

"ဒါပေမယ့် အခြေခံတည်ဆောက်ခြင်းနောင်းပိုင်းအဆင့် သလင်းဖြူသားရဲတောင် အရွယ်ရောက်နွားတစ်ကောင်လောက်ပဲရှိတာပါ---"

"ဘာလို့ဒီတစ်ကောင်က အညွှန်းထဲမှာ ဖော်ပြထားတာနဲ့ ကွဲပြားနေရတာလဲ---"

ရုတ်တရက်---

ဂျန်ဖန်း တစ်စုံတစ်ခုကို တွေးလိုက်မိသည်၊၊

သူ့နှလုံးသားခုန်ပေါက်သွားပြီး အကြီးအကျယ်မျက်နှာပျက်သွားကာ အော်ပြောလိုက်သည်၊၊

"မြန်မြန်ပြန်ဆုတ်, ဒါက သားရဲတစ်ရာတောင်ရဲ့သားရဲဘုရင်ပဲ----"

အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖြတ်ထားသည့် သလင်းဖြူသားရဲတစ်ကောင်ကသာ ဤကဲ့သို့ပမာဏထိ ကြီးထွားနိုင်၏၊၊

ထို့ပြင် တိမ်စိမ်းဂိုဏ်းပိုင်နက်၌ အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးသားရဲတစ်ကောင်သာရှိသည်၊၊

ထိုအရာက သားရဲတစ်ရာတောင်၏ သားရဲဘုရင်ဖြစ်သည်၊၊

ဤသားရဲဘုရင်က အမှန်တကယ်ပဲ တိမ်နေမင်းမြို့ကို ပစ်မှတ်ထားနေခဲ့သည်၊၊

ရှားပါးမျိုးစိတ်ဖြစ်သည့် တောင်ခွဲသားရဲ ဤနေရာမှာ ပေါ်လာတာ အံ့သြစရာမရှိတော့ပေ၊၊

ထိုကောင့်ကို သားရဲဘုရင်ခေါ်လာတာပဲဖြစ်သည်၊၊

ဘာ?---

ကောင်းကင်ထက်မှ အဆောတလျှင်သတိပေးတာကိုကြားသည့်အခါ ဒင်းရှုဟိုင်ရုတ်တရက် ထိတ်လန့်သွား၏၊၊

ထိုသားရဲဘုရင်က တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေတောင် သတိထားရသည့် ပုံရိပ်တစ်ခုဖြစ်သည်၊၊

မဟုတ်လျှင် သားရဲတစ်ရာတောင်ကို ဦးဆောင်ပြီး ခြိမ်ခြောက်မှုတစ်ခုဖြစ်လာမှာကို မည်သို့ခွင့်ပြုမည်နည်း၊၊

ထိုအရာကသားရဲဘုရင်ဆိုတာ သိသွားသည့်အခါ ဒင်းရှုဟိုင်နှလုံးသားပျာယာခတ်သွား၏၊၊ ထို့ပြင် စိတ်ဝိညာဥ်စွမ်းအင်တွေလည်း ချက်ချင်း အစီအစဥ်မကျဖြစ်လာခဲ့သည်၊၊

ထို့ကြောင့် သူ့ဓားချက်က ၎င်း၏စွမ်းအင် သုံးဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားခဲ့သည်၊၊

ရလဒ်အနေကတော့ သူက သလင်းဖြူသားရဲကို ဒဏ်ရာမရစေရုံသာမက ဒေါသပါထွက်သွားစေခဲ့သည်၊၊

ဝေါင်း!

သလင်းဖြူသားရဲက ၎င်း၏နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည့် အသံတိုက်ခိုက်မှုကို ချက်ချင်းလုပ်ဆောင်လိုက်၏၊၊

ထိုတိုက်ခိုက်မှုကြောင့် ဒင်းရှုဟိုင် ချက်ချင်းပဲ နောက်ကိုလွင့်ထွက်သွားခဲ့သည်၊၊

သူ့နားမှ သွေးတွေစီးကျနေပြီး သွေးတစ်လုတ်အန်လိုက်ရကာ ရင်ဘတ်မှာစွန်းထင်းသွားခဲ့သည်၊၊

ခန္ဓာကိုယ်ကလည်း မြို့နံရံပေါ်ကို ပြင်းထန်စွာပြုတ်ကျလာပြီး ဒင်းမိသားစုအဖွဲ့တစ်ခုကို လဲကျသွားစေခဲ့သည်၊၊

လူတိုင်း သူ့ကို အလျှင်အမြန်ထူပေးလိုက်ပြီး ရင်ဘတ်က ချိုင့်ဝင်နေတာ တွေ့လိုက်ရသည်၊၊

သူက ဒဏ်ရာအပြင်းအထန် ရသွားပြီဖြစ်သည်၊၊

တစ်ကွက်တည်းနှင့် တိမ်နေမင်းမြို့တော်ထိပ်သီးသုံးယောက်ထဲက တစ်ယောက်ဖြစ်သည့်ဒင်းရှုဟိုင်ကို ဤကဲ့သို့အဆုံးသတ်သွားစေခဲ့၏၊၊

ကြီးမားသည့်ကြောက်ရွံ့မှုတစ်ခုက ရှိုနေသည့်လူတိုင်းကို ဖုံးလွမ်းသွားခဲ့သည်၊၊

"ပြေး----"

လူအုပ်ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အရပ်မျက်နှာအသီးသီးကို ထွက်ပြေးကြတော့၏၊၊

သို့ပေမယ့်----

ဒေါသထွက်နေသည့်သားရဲဘုရင်တစ်ကောင်ကို မြို့နံရံလေးတစ်ခုက မည်သို့တားနိုင်မည်နည်း၊၊

၎င်းက မြို့နံရံပေါ်ကို အသာအယာပဲ ခုန်တက်လိုက်၏၊၊

ထို့နောက် နံရံအတွင်းက မရေမတွက်နိုင်သည့်လူသားတွေကို ဒေါသတကြီးငုံ့ကြည့်လိုက်၏၊၊

သိုးအုပ်ထဲဝင်လာသည့် ဆာလောင်နေတဲ့ဝံပုလွေတစ်ကောင်ကဲ့သို့ပင်၊၊

သို့ပေမယ့်----

ထိုကောင်ကြီးမြို့ထဲကိုဝင်လာတော့မည်ဟု လူတိုင်းထင်လိုက်ချိန်မှာပဲ---

၎င်းကရုတ်တရက် တစ်ဖက်လှည့်လိုက်၏၊၊ ထို့နောက်မြို့နံရံကိုအားပြုကာ လေထဲခုန်တက်သွားပြီး ၎င်း၏သွေးဆာနေသည့်ပါးစပ်ကြီးဖြင့် လေထဲက တိမ်စိမ်းဂိုဏ်းတပည့်တွေကို ကိုက်လိုက်၏၊၊

All Chapters