သားရဲဘုရင်လိုက်သတ်ခြင်း
Vol. 9 Ch. 132
ပျံသန်းသားရဲတွေပေါ်မှာ မတ်တပ်ရပ်နေသည့် တိိမ်စိမ်းဂိုဏ်းတပည့်တွေထိုအရာကို မမျှော်လင့်ထားကြပေ၊၊
သားရဲတွေလည်း ထိိတ်လန့်သွားပြီး အရပ်မျက်နှာအသီးသီးကို ထွက်ပြေးတော့၏၊၊
ရုတ်တရက် ဂျန်ဖန်းနှင့် ချန်းစီလင်စီးနေသည့်ပျံသန်းသားရဲက အနီးနားကတစ်ကောင်နှင့်ဝင်တိုက်မိ၏၊၊
သူတို့ခန္ဓာကိုယ်တွေ အထိန်းအချုပ်ကင်းမဲ့သွားပြီး လေထဲမှာ ဂျွန်းထိုးမှောက်ခုန်ဖြစ်သွားသည်၊
ဂျန်ဖန်းကတော့ သားရဲလည်ပင်းကို အချိန်မီဆုပ်ကိုင်နိုင်လိုက်သည်၊၊
သို့ပေမယ့် ချန်းစီလင်ကတော့ အလျှင်အမြန်မတုန့်ပြန်နိုင်ပဲ နေရာမှာပဲ အောက်ပြုတ်ကျသွားခဲ့သည်၊၊
သူမကျသွားသည့်နေရာက သလင်းဖြူသားရဲ၏ ပါးစပ်ကြီးထဲကိုပင်ဖြစ်သည်၊၊
"သေစမ်း---"
ဂျန်ဖန်း ရေရွတ်လိုက်ပြီး ချက်ချင်းခုန်ဆင်းသွားခဲ့သည်၊၊
သူက အလျှင်အမြန်ပဲ မိုခယ်ကျောက်နံရံမှနားလည်ထားသည့် မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို အသုံးပြုလိုက်သည်၊၊
"ကြွေကျလာသောကြယ်ထောင့်သုံးခု, စစ်တပ်ချိုးဖြတ်ခြင်း---"
သန်မာသည့်စိတ်ဝိညာဥ်စွမ်းအင်က အကန့်အသတ်ထိသိပ်သည်းလာပြီး ချီမြှားတစ်ချောင်းအဖြစ်ပြောင်းကာ ပစ်လွတ်လိုက်၏၊၊
ချက်ချင်းဆိုသလိုပဲ, ထိုမြှားက ချန်းစီလင်လက်မောင်းဘေးမှဖြတ်ကာ သလင်းဖြူသားရဲ၏ပါးစပ်ကိုထိုးဖောက်သွားခဲ့သည်၊၊
ရွပ်!
ဤအရာက မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းဖြစ်ပြီး မီတာဝက်ထူသည့်ကျောက်တုံးကိုတောင် အသာအယာထိုးဖောက်နိုင်၏၊၊
အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲဘုရင် ဘယ်လောက်စွမ်းအားကြီးနေပါစေ ၎င်းလည်ချောင်းက ဤလက်ချောင်းတိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း၊၊
ချီမြှားက သားရဲဘုရင် လည်းချောင်းကိုထိုးဖောက်သွားပြီး သွေးတွေပန်းထွက်သွားခဲ့သည်၊၊
ဝေါင်း!
သလင်းဖြူသားရဲနာကျင်စွာဟိန်းဟောက်လိုက်ရပြီး ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးက ကောင်းကင်မှထိုးကျသွားခဲ့သည်၊၊ ထို့နောက် ကျယ်လောင်သည့်အသံကြီးတစ်ခုဖြင့် မြေပြင်က တသိမ့်သိမ့်တုန်ခါသွားခဲ့သည်၊၊
ဂျန်ဖန်း ထိုအခွင့်အရေးကိုအရယူကာ ချန်းစီလင်ကိုဖမ်းလိုက်သည်၊၊
ထို့နောက် မြို့နံရံပေါ်အလျှင်အမြန်ပြေးတော့၏၊၊
ထွက်ပြေးသွားသည့်သိုင်းပညာရှင်အချို့ ထိုမြင်ကွင်းကိုအမှုမဲ့အမှတ်မဲ့လှည့်ကြည့်လိုက်ပြီး အားလုံး တုန်လှုပ်သည့်အမူအရာတွေပြသလာကြသည်၊၊
အခြေခံတည်ဆောက်ခြင်းအဆင့် ၄သာရှိသည့် တပည့်တစ်ယောက်က သားရဲဘုရင်ကို ဒဏ်ရာသွားစေသည်လား----
သို့ပေမယ့်----
သလင်းဖြူသားရဲ လုံးဝဒေါသထွက်သွားပြီဖြစ်သည်၊၊
၎င်း၏ သွေးနီရောင်မျက်လုံးတွေက ဂျန်ဖန်းကိုစိုက်ကြည့်နေပြီး သတ်ဖြတ်လိုစိတ်တွေ ထောင်းထောင်းထနေခဲ့သည်၊၊
အားကောင်းသည့်ခုန်ချက်နှင့် မြို့နံရံပေါ်တက်နေသည့် ဂျန်ဖန်းကို ခုန်အုပ်လိုက်သည်၊၊
ကြီးမားသည့်အရိပ်တစ်ခု သူ့နောက်ရောက်လာတာကို ဂျန်ဖန်းခံစားမိ၏၊၊
သားရဲဘုရင်ပါးစပ်မှ ကြမ်းကြုတ်သည့်အသက်ရှုသံက သူ့မျက်နှာကို လာရိုက်ခတ်နေခဲ့သည်၊၊
ထိုအခိုက်အတန့်၌, သူ့တစ်ကိုယ်လုံးရှိ အမွေးအမျှင်တွေထောင်ထသွား၏၊၊
ကြီးမားသည့်အန္တရာယ်အငွေ့အသက်က သူ့ကိုဖုံးလွမ်းသွားခဲ့သည်၊၊
ထိုအရေးကြီးအခိုက်အတန့်၌---
သူက အနက်ရောင်ဓားကိုပြတ်ပြတ်သားသားဆွဲထုတ်ကာ လှည့်တောင်မကြည့်ပဲ နောက်ကိုပြင်းထန်စွာခုတ်ချလိုက်၏၊၊
"အလင်းခွဲဓား---"
စိတ်ဝိညာဥ်စွမ်းအင်အလုံအလောက်စုစည်းဖို့အချိန်မရသည့်အတွက် သူက ဓားနှလုံးသားထွင်းထုခြင်း၏ ပထမဓားကွက်ကိုသာ အတင်းအကျပ်ထုတ်သုံးလိုက်ရ၏၊၊
ဓားချက်ထွက်ပေါ်လာသည်နှင့် လေထုက ကြမ်းတမ်းစွာ တုန်ခါလာခဲ့သည်၊၊
အလွန်အမင်းထက်ရှသည့်ဓားချီက သူ့နောက်ရှိ သလင်းဖြူသားရဲကို ထိမှန်သွားခဲ့သည်၊၊
ချက်ချင်းပဲ ကျယ်လောင်သည့်ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်၊၊
ချန်းစီလင်မပြင်ဆင်ထားသည့်အတွက် တသိမ့်သိမ့်တုန်ယင်သွားပြီး သူမနားတွေ အူထွက်သွားခဲ့သည်၊၊
သလင်းဖြူသားရဲလည်း ဤအမည်မသိလူသားက ဒုတိယမြောက် မြေကမ္ဘာအဆင့်သိုင်းကျမ်းတတ်မြောက်ထားသည်ဟု မမျှော်လင့်ထားပေ၊၊
ဓားချီက သူ့အမွေးအမျှင်အတော်များများကို ဖယ်ရှာပစ်လိုက်ပြီး ကြောက်မက်ဖွယ်အဖြူရောင်အရိုးကြီးတွေပေါ်လာခဲ့သည်၊၊
အရိုးတွေ၌ အက်ကွဲကြောင်းတွေလည်း အပြည့်ပင်၊၊
ဤဓားချက်က ၎င်းအကြောအမျှင်တွေနှင့် အရိုးတွေကို ဒဏ်ရာရသွားစေခဲ့သည်၊၊
တစ်ချိန်တည်းမှာပဲ, ဓားချက်က သားရဲကို မြို့နံရံပေါ်မှ ပြုတ်ကျသွားစေခဲ့သည်၊၊
ထိုအရာကို အခွင့်အရေးယူပြီး ဂျန်ဖန်း မြို့နံရံပေါ်တက်ကာ မြို့ထဲသို့ ခုန်ဝင်သွားခဲ့သည်၊၊
ဝေါင်း!
သလင်းဖြူသားရဲဦးခေါင်းက သွေးတွေဖြင့်ဖုံးလွမ်းသွားခဲ့သည်၊၊ နဂိုကမှကြမ်းကြုတ်နေသည့်မျက်နှာက ထိုအရာကြောင့် ပိုလို့တောင် ကြောက်စရာကောင်းသွားခဲ့သည်၊၊
၎င်း၏ သွေးနီရောင်မျက်လုံးတွေက ပတ်ပတ်လည်လူအုပ်ကို အန္တရာယ်ပေးမည့်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်၊၊
မကြာခင် ထိုအကြည့်က ဂျန်ဖန်းအပေါ်ကိုရောက်သွားခဲ့သည်၊၊
၎င်းမျက်လုံးထဲမှာ ရက်စက်သည့်အလင်းတစ်ချက်လက်သွားပြီး မြို့ထဲသို့ခုန်ဝင်ကာ နောက်ကလိုက်သတ်တော့၏၊၊
တစ်ချက်ခုန်လိုက်တိုင်း အိမ်တစ်လုံးကို အသာအယာနင်းချေသွားခဲ့သည်၊၊
၎င်းသွားရာလမ်းတစ်လျှောက်၌ အိမ်ပေါင်းများစွာ ကျယ်လောင်သည့်အသံတွေဖြင့် ပြိုကျကုန်၏၊၊
ဂျန်ဖန်း နောက်လှည့်ကြည့်လိုက်သည့်အခါ ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့သည်၊၊
ဤအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် တည်ရှိမှုဖြစ်၏၊၊
သူက တစ်ယောက်တည်းမည်သို့ရင်ဆိုင်နိုင်မည်နည်း၊၊
သူက အံကြိတ်လိုက်ပြီး လမ်းကြားတစ်ခုထဲကိုဝင်ရောက်ကာ ချန်းစီလင်ကို ခြံဝန်းတစ်ခုထဲထားခဲ့လိုက်သည်၊၊
ထို့နောက် ခေါင်းမိုးပေါ်တက်ကာ သားရဲကို မြို့ပြင်သို့ မျှားခေါ်သွားခဲ့သည်၊၊
မြို့ထဲမှာသာဆိုလျှင် အပြစ်မဲ့သည့် လူအများအပြားသေကြေနိုင်၏၊၊
သူလည်း အခြားလူတွေကိုထိခိုက်မှာစိုး၍ သူ့နည်းလမ်းတွေကို အပြည့်အဝအသုံးချနိုင်မည်မဟုတ်ပေ၊၊
ပထမဦးဆုံးထိုကောင့်ကို မြို့ပြင်မျှားခေါ်ရမည်ဖြစ်သည်၊၊
ထပ်ခါထပ်ခါဒဏ်ရာရနေသည့် သလင်းဖြူသားရဲက ဂျန်ဖန်းကို အလွန်မုန်းတီးနေ၏၊၊
ထို့ကြောင့် သူ့နောက်ကို အပြေးလိုက်သွားတော့၏၊၊
သားရဲဘုရင် လိုက်မှီနေတာမြင်သည့်အခါ, ဂျန်ဖန်း "အထီးကျန်ငန်းရိုင်းအရိပ်"ကို ပြတ်ပြတ်သားသားအသုံးပြုလိုက်၏၊၊
ထိုအခါ သူ့အရှိန်က အဆပေါင်းများစွာ တိုးလာခဲ့သည်၊၊
ထိုအရာက သလင်းဖြူသားရဲလောက်မမြန်သော်လည်း ချက်ချင်းလိုက်မှီဖို့တော့ မဖြစ်နိုင်ပေ၊၊
သူက လမ်းတစ်လျှောက်အလျင်အမြန်ပဲ ပြေးလွားနေခဲ့သည်၊၊
မမျှော်လင့်စွာဖြင့် သူက ဒင်းမိသားစုကို ချည်းကပ်လာခဲ့သည်၊၊
ဒဏ်ရာအပြင်းအထန်ရနေသည့် ဒင်းရှုဟိုင် ဂျန်ဖန်းနောက်လိုက်နေသည့် သလင်းကျောက်သားရဲ သူတို့ဆီလာနေတာမြင်သည့်အခါ----
ဖြူဖြော့သည့်မျက်နှာဖြင့် ထိတ်ထိတ်လန့်လန့် အော်ပြောလိုက်၏၊၊
"ဂိတ်တံခါးပိတ်၊ ဂိတ်တံခါးမြန်မြန်ပိတ်ကြ၊၊ ဂျန်ဖန်း သားရဲဘုရင်ကို ဒီနေရာခေါ်မလာစေနဲ့----"
ဒင်းမိသားစုအဖွဲ့ဝင်တွေ ချက်ချင်း ဂိတ်တံခါးကိုပိတ်လိုက်ကြသည်၊၊
ကလန်အဖွဲ့ဝင်တွေလည်း မဟာရန်သူကြီးကိုရင်ဆိုင်ရသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်ပူးကပ်နေခဲ့ကြသည်၊၊
ဂျန်ဖန်းမျက်နှာမဲမှောင်သွားခဲ့သည်၊၊
သူက အပြင်ကိုဆက်ပြေးလိုက်၏၊၊
လမ်းတစ်လျှောက်၌ မိသားစုကြီး၊ မိသားစုငယ်၊ အကုန် သူတို့တံခါးတွေကို ထိတ်လန့်တကြားပိတ်လိုက်ကြပြီး ဂျန်ဖန်းကို အထဲဝင်မလာခိုင်းရဲပေ၊၊
သူတို့မိသားစုတွေ အန္တရာယ်ကျရောက်သွားမှာကို ကြောက်ရွံ့နေကြတာဖြစ်သည်၊၊
"တစ်ကိုယ်ကောင်းဆန်တဲ့အရူးတစ်သိုက်ပဲ---"
ဂျန်ဖန်း အတော်လေးစိတ်ပျက်သွားခဲ့သည်၊၊
ပုရွက်ဆိတ်အုပ်တောင် ဆင်တစ်ကောင်ကို သတ်နိုင်၏၊၊
မိသားစုအားလုံးသာညီညီညွှတ်ညွှတ်နှင့် သူတို့၏သန်မာသည့်သိုင်ပညာရှင်တွေကိုစုစည်းလိုက်လျှင် ဤသလင်းဖြူသားရဲ ကြောက်လန့်ပြီးတောင် ထွက်ပြေးသွားမှာ ဖြစ်၏၊၊
သူတို့၏တစ်ကိုယ်ကောင်းဆန်မှုက သားရဲကို မြို့ထဲ၌ သောင်းကျန်းခွင့်ပြုလိုက်တာဖြစ်သည်၊၊
ထိုအခိုက်အတန့်၌---
ခမ်းနားသည့်မိသားစုအိမ်တော်တစ်ခုမှ ဆံပင်မွေးဖြူဖြူလူအိုကြီးတစ်ယောက် ခုန်ထွက်လာခဲ့သည်၊၊
သူက လေးကြိုးကိုဆွဲပြီး သလင်းဖြူသားရဲကို ပစ်လိုက်သည်၊၊
"နတ်ဆိုးကောင်, တိမ်နေမင်းမြို့မှာ မင်းကိုတားနိုင်တဲ့သူ မရှိဘူးထင်နေလား၊၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မောက်မာရဲရတာလဲ---"
ထန်!
သားရဲဘုရင်အမွေးအမျှင်တွေက သံချောင်းတွေကဲ့သို့မာကျောပြီး မြှားကို အသာအယာပဲ နောက်ပြန်လွင့်သွားစေခဲ့သည်၊၊
၎င်းက လူအိုကြီးကို ကြမ်းကြုတ်စွာတစ်ချက်ကြည့်လိုက်ပြီး ဂျန်ဖန်းနောက်ကို ဆက်လိုက်တော့၏၊၊
ဂျန်ဖန်းလည်း လူအိုကြီးကို အံံ့အားသင့်စွာဖြင့်ကြည့်လိုက်သည်၊၊
သူက အိမ်တော်ဆိုင်းဘုဒ်၌ "လင်းမိသားစု"ဆိုသည့် စာလုံးတွေကို သတိထားမိလိုက်သည်၊၊
"လူငယ်လေး, အရှေ့ဘက် ၁၀မိုင်လောက်မှာ ရေကန်တစ်ခုရှိတယ်၊၊ ဒီသားရဲက ရေကိုကြောက်တယ်---"
လူအိုကြီးက ဂျန်ဖန်းကို မကူညီနိုင်ပေမယ့် အကြံပေးလိုက်သည်၊၊
ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွားသည်၊၊
ရေကြောက်တာက သလင်းဖြူသားရဲ၏ အားနည်းချက်တွေထဲကတစ်ခုဖြစ်၏၊၊
သို့ပေမယ့် ဆယ်မိုင်ဆိုတာကို ကြားသည့်အခါ သူ့နှလုံးသားကျုံ့ဝင်သွား၏၊၊
သူ၏လှုပ်ရှားမှုနည်းလမ်းဖြင့် ထိုလောက်ဝေးဝေးမပြေးနိုင်ပေ၊၊
သူက "အထီးကျန်ငန်းရိုင်းအရိပ်" ကို ဒုတိယအဆင့်ထိမလေ့ကျင့်ထားတာ နောင်တရနေခဲ့သည်၊၊
သူသာ ဒုတိယအဆင့်ကိုလေ့ကျင့်ထားလျှင် နတ်ဆိုးသားရဲ လိုက်ဖမ်းနိုင်မည်မဟုတ်ပေ၊၊
ဤအချိန်မှာတော့ သူက ရေကုန်ရေခမ်းကြိုးစားရုံသာတတ်နိုင်တော့၏၊၊
ခဏကြာပြီးနောက်---
ဂျန်ဖန်း တိမ်နေမင်းမြို့မှထွက်ကာ အရှေ့ဘက်သို့တစ်ဟုန်ထိုးပြေးတော့သည်၊၊
သို့ပေမယ့် သုံးမိုင်သာရောက်သေးချိန်---
သလင်းဖြူသားရဲ သူ့ကို နောက်ကနေခုန်အုပ်လိုက်ပြီး အနံအသက်ဆိုးတစ်ခုပါ ပါလာခဲ့သည်၊၊
ကြီးမားသည့်အရိပ်ကြီးက ဂျန်ဖန်းကို နောက်တစ်ကြိမ်ဖုံးလွမ်းသွားခဲ့သည်၊၊
ဂျန်ဖန်း ထိတ်လန့်သွား၏၊၊
သူက တစ်ဖက်လှည့်ကာ အချိန်အတော်ကြာပြင်ဆင်ထားသည့် ဓားချက်ထုတ်ဖော်လိုက်၏၊၊
"ဓားနှလုံးသားထွင်းထုခြင်း" တတိယအကွက်----
"ကောင်းကင်နှင့်မြေပြင်ကြယ်ကြွေခြင်း---"
ချက်ချင်းဆိုသလိုပဲ---
ဂျန်ဖန်းပတ်လည်က လေဟာနယ်က ဆူပွက်လာပြီး ကြမ်းတမ်းစွာတွန့်လိမ်လာခဲ့သည်၊၊
မြေပြင်မှဖုန်မှုန့်တွေလည်း မီတာပေါင်းများစွာ မြင့်တက်လာခဲ့၏၊၊
အနီးနာရှိ သစ်ပင်မြက်ပင်တွေလည်း ချက်ချင်းအမှုန့်ဖြစ်သွားကြသည်၊၊
စွမ်းအားက အလွန်အားကောင်းပြီး အကြွင်းမဲ့ဖျက်စီးနိုင်၏၊၊
နှစ်ကြိမ်တိုင်တိုင် အရိုက်ခံထားရသည့် သလင်းဖြူသားရဲ ယခုတစ်ကြိမ်မှာတော့ သတိရှိနေပြီဖြစ်သည်၊၊
၎င်းက အလျှင်အမြန်ပဲ လည်ပင်းကိုပြန်ရုတ်သိမ်းလိုက်၏၊၊ ထို့နောက် ကျောကွေးကာ ရှေ့လက်ကို ဦးခေါင်းရှေ့မှာ ကာလိုက်၏၊၊
အဖြူရောင်အမွေးအမျှင်အားလုံးလည်း ဖြူကောင်ကဲ့သို့ အဆုံးစွန်ထောင်မတ်လာခဲ့သည်၊၊
သို့ပေမယ့်---
ဓားနှလုံးသားထွင်းထုခြင်း၏ နောက်ဆုံးဓားကွက်ကို လျော့တွက်ထားဆဲဖြစ်သည်၊၊
ထိုအခိုက်အတန့်၌, ကမ္ဘာကြီးက တိတ်ဆိတ်သွားခဲ့သည်၊၊
ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးတွေကြောင့် သားရဲဘုရင်တောင် ဘာမှမကြားရတော့ပေ၊၊
ထို့နောက် နှလုံးထိုးဖောက်ခံရသည့်နာကျင်မှုက ၎င်း၏ကျောကို ထိမှန်လာခဲ့သည်၊၊
ကြီးမားသည့်လှိုင်းက ကျောင်းဆောင်လောက်ရှိသည့်သူ့ခန္ဓာကိုယ်ကြီးကို မီတာဒါဇင်နှင့်ချီအဝေးကို လွင့်ထွက်သွားစေခဲ့သည်၊၊
ဖုန်မှုန့်တွေပျောက်ကွယ်သွားသည့်အခါ---
နားအူနေတာကိုလျစ်လျူရှုပြီး သားရဲအလျှင်အမြန်ပဲ သူ့ကျောကိုကြည့်လိုက်သည့်အခါ တုန်လှုပ်သွားခဲ့သည်၊၊