← Chapters

ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ စွမ်းအားကြီးပုဂ္ဂိုလ်များ

Vol. 9 Ch. 133

ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ စွမ်းအားကြီးပုဂ္ဂိုလ်များ

Vol. 9 Ch. 133

၎င်းကျောပေါ်၌ အဖြူရောင်အမွေးတွေမရှိတော့ပေ၊၊

စုတ်ပြတ်သတ်ကာ သွေးအလိမ်းလိမ်းဖြစ်နေသည့်အသားထုကြီးသာ ရှိတော့၏၊၊

ထို့ပြင် ကြောက်စရာကောင်းသည့် အဖြူရောင်အရိုးအနည်းငယ်ငယ်လည်း ထွက်ပေါ်နေခဲ့သည်၊၊

နံရိုးအောက်က အတွင်းကစီစာတွေကိုပင် မြင်ရ၏၊၊

အနည်းငယ်သာနက်သွားလျှင် ထိုဓားချက်က ၎င်းခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားမည်ပင်၊၊

သလင်းဖြူသားရဲ သေဘေးမှကပ်သီလေးလွတ်မြောက်လာသည့်လက္ခဏာတွေပြသလာခဲ့သည်၊၊

ဂျန်ဖန်းကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည့်အခါ ၎င်းမျက်လုံးထဲ၌ သတိထားမှုအနည်းငယ်ရှိလာ၏၊၊

သို့ပေမယ့် အများစုကတော့ ဆိုးယုတ်သည့် မုန်းတီးမှုတွေသာဖြစ်သည်၊၊

၎င်း၏ရှေ့ခြေထောက်ကို မြေပြင်အားစတင်ကုတ်ခြစ်လာပြီး အသံရှည်ဖြင့် ဟိန်းဟောက်လိုက်၏၊၊

ထိုအခါ ထူးဆန်းသည့်အနက်ရောင်အလင်းတန်းတစ်ခု ၎င်းပတ်လည်၌ ထွက်ပေါ်လာခဲ့သည်၊၊

ဂျန်နှလုံးသား တစ်ဒုတ်ဒုတ် ခုန်ပေါက်လာခဲ့သည်၊၊

ဤအရာက သလင်းဖြူသားရဲ၏ အစွမ်းထက်ဆုံးစွမ်းရည်ဖြစ်သည့် သေမင်းအရိပ်ပဲဖြစ်သည်၊၊

အသက်သွင်းလိုက်သည်နှင့် ၎င်းအရှိန်က ပြိုင်ဘက်ကင်းဖြစ်လာ၏၊၊

ဘာနတ်ဆိုးစွမ်းအားမှမသုံးထားလျှင်တောင် အရှိန််သက်သက်ဖြင့် ၎င်းလက်သည်းတွေက မည်သည့်နတ်ဘုရားလက်နက်မဆို အသာအယာပိုင်းဖြတ်နိုင်၏၊၊

အဆင့်တူသိုင်းပညာရှင်တွေ ထိုစွမ်းရည်ကိုရင်ဆိုင်ရသည့်အခါ ထွက်ပြေးလျှင်ပြေး မဟုတ်လျှင် သေမှာပဲဖြစ်သည်၊၊

တတိယမြောက် ရွေးချယ်စရာမရှိပေ၊၊

သို့ပေမယ့် ဂျန်ဖန်းကတော့ လုံးဝမလွတ်မြောက်နိုင်ပေ၊၊

ဝှစ်!

သလင်းဖြူသားရဲက မထင်မရှားအနက်ရောင်အရိပ်တစ်ခုအဖြစ်ပြောင်းကာ ချက်ချင်း ဂျန်ဖန်းရှေ့ကို ရောက်လာခဲ့သည်၊၊

ထို့နောက် ဝံပုလွေလက်သည်းတွေက ဂျန်ဖန်းရင်ဘတ်ကို ရက်စက်စွာကုတ်ခြစ်လိုက်၏၊၊

ဤကုတ်ခြစ်မှုကြောင့် ဂျန်ဖန်း သေချာပေါက် အပိုင်းပိုင်းပြတ်သွားမှာဖြစ်သည်၊၊

သို့ပေမယ့်---

၎င်းထင်ထားသလို ဂျန်ဖန်းလုံးဝပျာယာမခတ်သွားတာကို သလင်းဖြူသားရဲ ရုတ်တရက်နားလည်လိုက်၏၊၊

ဆန့်ကျင်ဘက်အနေဖြင့် သူ့ပါးစပ်ထောင့်၌ စိတ်လှုပ်ရှားသည့်အမူအရာတွေ ရှိနေခဲ့သည်၊၊

တစ်ချိန်တည်းမှာပဲ သလင်းဖြူသားရဲသတိထားမိလိုက်သည်၊၊

ဂျန်ဖန်းလက်ထဲက အနက်ရောင်ဓားက ခရမ်းရောင်အလင်းတန်းတွေတောက်ပနေသည့် ဓားရှည်နှင့် အစားထိုးသွားခဲ့သည်၊

ထိုဓားက ၎င်းကို စိုးရိမ်မှုတွေနှင့် ပြည့်သွားစေခဲ့သည်၊၊

သေခြင်းတရား၏အေးစက်စက်ခံစားမှုက သူ့ခန္ဓာကိုယ်တစ်လျှောက် အလျှင်အမြန်ပဲ ဖြတ်စီးဆင်းသွားခဲ့သည်၊၊

ထိုအရာက ကြောက်စရာကောင်းလှ၏၊၊

ကြောက်လန့်မှု---

ထို့ပြင် နောင်တရမှုတွေ အပြည့်ပင်၊၊

ဤလူသားကောင်လေးက ဘာကြောင့် အလွန်ထူးဆန်းနေရလဲဆိုတာ ၎င်းနားမလည်ပေ၊၊

ရှင်းလင်းစွာပဲ သူ့ကျင့်ကြံရေးက မသန်မာပေ၊၊ သို့ပေမယ့် အခြေခံတည်ဆောက်ခြင်း အဆင့် ၇၊ အဆင့် ၈ တွေထက်တောာင် ပိုဒုက္ခများပြီး ပိုကြောက်စရာကောင်း၏၊၊

သို့ပေမယ့်---

သူက သားရဲဘုရင်တစ်ကောင်ဖြစ်၏၊၊

သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရာ၌ စဥ်စားချင့်ချိန်နိုင်စွမ်း ဆုံးရှုံးမသွားပေ၊၊

အရင်ဆုံးတိုက်ခိုက်သူက ရှင်သန်မှာပဲ ဖြစ်သည်၊၊

တွေဝေနေခြင်းက သေခြင်းပင်၊၊

ထို့ကြောင့် လက်သည်းကုတ်ချက်က ပိုမြန်၊ ပိုတိကျ၊ ပိုကြမ်းတမ်းလာခဲ့သည်၊၊

၎င်း၌ အတွေးတစ်ခုသာရှိတော့သည်၊၊

မင်းသေရင်သေ, မဟုတ်ရင် ငါသေပဲ၊၊

ဂျန်ဖန်းလည်း ထိုအရာကိုနားလည်၏၊၊ ထို့ကြောင့် သူ၏ရုပ်ပိုင်ဆိုင်ရာခွန်အား၊ စိတ်ဝိညာဥ်စွမ်းအား အားလုံးကိုသုံးကာ ခရမ်းဓားကိုခုတ်ပိုင်းချလိုက်၏၊၊

သံမဏိသွေးစစ်မှန်ကျမ်းကို ကျေးဇူးတင်ရမည်ပင်၊၊

ခရမ်းဓားကိုအရင်ကထက် ပိုလွယ်လွယ်ကူကူ အသုံးပြုလာနိုင်၏၊၊

ထို့ကြောင့် ဤအလွန်လေးလံသည့် ခရမ်းဓားက သလင်းဖြူသားရဲကို အလျှင်အမြန်ပဲ ခုတ်ပိုင်းသွားခဲ့သည်၊၊

လက်သည်းတစ်ခုနှင့် ဓားတစ်ချောင်း---

နှစ်ခုလုံးက သတ်ဖြတ်ဖို့ရည်ရွယ်ထားပြီး အချင်းချင်း တိုက်ခိုက်လိုက်ကြသည်၊၊

ဒုန်း!

ထန်!

မျက်တောင်တစ်ခတ်အတွင်းမှာပဲ---

သလင်းဖြူသားရဲလက်သည်းက ဂျန်ဖန်း ရင်ဘတ်ကိုထိမှန်သွား၏၊၊

သို့ပေမယ့် ဂျန်ဖန်း ခရမ်းဓားက ၎င်းလက်သည်းကို အောင်အောင်မြင်မြင် ခုတ်ဖြတ်သွားခဲ့သည်၊၊

အူး---

ခရမ်းဓား ဘယ်လောက်အစွမ်းထက်သနည်း၊၊

ထိုအရာက အဝေးမှအရာတွေကိုတောင် ဖြတ်နိုင်တာ အနီးကပ်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ၊၊

အလွန်အမင်းမာကျောသည့် ဝံပုလွေလက်သည်း တို့ဖူးကဲ့သို့ ခုတ်ဖြတ်ခံလိုက်ရသည်၊၊

ဝံပုလွေသွေးတွေ ရေကြီးသလို ပန်းထွက်လာခဲ့သည်၊၊

သလင်းဖြူသားရဲ နှလုံးပြုတ်မတတ် အော်ဟစ်လိုက်ရ၏၊၊

ဂျန်ဖန်းကတော့---

သူက ကြီးမားသည့်အားကြောင့် နောက်ကိုလွင့်ပျံသွားရုံသာရှိပြီး ဧရာမရှေးဟောင်းသစ်ပင်ကြီးကိုဝင်တိုက်ကာ ကျိုးကျသွားခဲ့သည်၊၊

တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရပြီး ပါးစပ်မှသွေးအန်လိုက်ရပေမယ့် လက်သည်းကတော့ သူ့ရင်ဘတ်ကိုမထိုးဖောက်နိုင်ပေ၊၊

သူ၏စုတ်ပြဲနေသည့်အဝတ်အောက်၌ တောက်ပသည့် အနက်ရောင်ချပ်ဝတ်အင်္ကျီတစ်ခုပေါ်လာခဲ့သည်၊၊

ထိုအရာက အပူပင်မဲ့တောင်ထိပ်၏ရတနာ၊ အံ့ဖွယ်သွေးကြောသံမဏိချပ်ဝတ်ပဲဖြစ်သည်၊၊

သူက လက်တစ်ဖက်ဆုံးရှုံးသွားပြီး ဂျန်ဖန်းကအကောင်းတိုင်းရှိနေတာမြင်သည့်အခါ---

သလင်းဖြူသားရဲ တုန်လှုပ်မှုကော ဒေါသပါခံစားလိုက်ရသည်၊၊

သို့ပေမယ့် ခရမ်းဓားကိုကြည့်လိုက်သည့်အခါမှာတော့ သူ့မျက်လုံးထဲမှာ နက်ရှိုင်းသည့်ကြောက်ရွံ့မှုတွေပေါ်လာခဲ့သည်၊၊

ဤအချိန်မှာ သူက လက်စားခြေဖို့မစဥ်းစားရဲတော့ပေ၊၊

တစ်ဖက်လှည့်ကာ အရှေ့ဘက်ကို ခြေတော့ကျိုးဖြင့် ပြေးတော့သည်၊၊

ဂျန်ဖန်း ပါစပ်မှသွေးတွေကို သုတ်လိုက်ပြီး မျက်လုံးတွေက အေစက်နေခဲ့သည်၊၊

"အခု မင်းဒဏ်ရာသွားပြီဆိုတော့ ငါမင်းကို အဆုံသတ်ပေးမယ်---"

ထိုကောင်ကို ထိတ်လန့်စေပြီးမှတော့ သူက ဘယ်လိုလုပ်ပြီး အလွယ်တကူလွတ်ပေးနိုင်မည်နည်း၊၊

အသေအချာပင်---

လက်မရှိတော့သည့် သလင်းဖြူသားရဲဆိုရင်တောင် ဂျန်ဖန်းကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ၊၊

သူက အဝေးမှသာလိုက်လာနိုင်၏၊၊

နောက်တစ်ကြိမ်တိုက်ခိုက်ဖို့အချိန်ကောင်းကို စောင့်နေခဲ့သည်၊၊

ဓားတစ်ချက်နှင့်မလုံလောက်လျှင် နှစ်ချက်---

ထိုကောင်ကို ပင်ပန်းနွမ်းနယ်ပြီး သေစေနိုင်လျှင်တော့ အကောင်ဆုံးဖြစ်၏၊၊

မဟုတ်လျှင်လည်း အမဲလိုက်ခံရသည့်ဒေါသကို ဖြေဖျောက်နိုင်သည်၊၊

ဒဏ်ရာရနေသည့် သလင်းဖြူသားရဲက အလွန်မြန်နေဆဲဖြစ်သည်၊၊

မိုင်အနည်းငယ်သွားပြီးနောက် ၎င်းက ဂျန်ဖန်းကို နောက်မှာ အတော်ဝေးဝေးချန်ထားနိုင်ခဲ့၏၊၊

ထိုအခိုက်အတန့်၌ ၎င်းက ရေကန်တစ်ကန်ရှေ့ကို ရောက်လာခဲ့၏၊၊

ပုန်းဖို့ကျောက်တုံးကြားနေရာတစ်ခုရှာပြီး ကုသဖို့ပြင်လိုက်စဥ်မှာပဲ---

ရုတ်တရက် အဘိုးကြီးတစ်ယောက်အသံ ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်၊၊

"အမ်---"

"သားရဲတစ်ရာတောင်ရဲ့သားရဲဘုရင်က ဘယ်လိုလုပ်ပြီးအခုလို ဒဏ်ရာရလာတာလဲ---"

သလင်းဖြူသားရဲ၏ အမွေးအမျှင်တွေ ထောင်မတ်သွားပြီး မျက်ဆံတွေကျုံ့သွားခဲ့သည်၊၊

၎င်းက အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲဘုရင်ဖြစ်၏၊၊

အာရုံခံစွမ်းရည်က အဆင့်တူလူသားတွေထက်များစွာပိုသန်မာ၏၊၊

၎င်းအာရုံမခံမိပဲ တစ်စုံတစ်ယောက်က မည်သို့ချည်းကပ်လာနိုင်မည်နည်း၊၊

ကြောက်လန့်သွားပြီး ခုန်ထရပ်လိုက်သည်၊၊

ထို့နောက် မော့ကြည့်လိုက်သည့်အခါ ဧရာမသိမ်းနှက်နက်ကြီးကိုမြင်လိုက်ရသည်၊၊

သိမ်းငှက်ကျောပေါ်၌ အသက်ကြီးကြီးလူကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်ရှိနေခဲ့သည်၊၊

မိန်းမငယ်လေးက ပန်းရောင်ရင့်ရင့်ဝတ်စုံကိုဝတ်ဆင်ထားပြီး လှပသည့်ကျစ်ဆံမြီးလေးရှိ၏၊၊ ထို့ပြင် သူမကျောပေါ်၌ သေသပ်စွာထွင်းထုထားသည့် အစိမ်းရောင်ဓားတစ်လက်ကိုလည်း သယ်ထားခဲ့သည်၊၊

လူအိုကြီးကတော့ တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး ခါး၌ရှစ်ထောင့်မှန်တစ်ခုကိုချိတ်ထားကာ မြင်းမှီးတောင်ဝှေးတစ်ခုကို ကိုင်ထားခဲ့သည်၊၊

သူက ကြင်နာနူးညံ့ပုံပေါ်၏၊၊

သို့ပေမယ့် သလင်းဖြူသားရဲ ဗီဇအရ ကြောက်ရွံ့မှုကိုခံစားမိ၏၊၊

၎င်းက တစ်ကိုယ်လုံးတုန်ယင်နေတာ မရပ်တော့ပေ၊၊

လူအိုကြီးဆီက နက်နဲသည့်သားရဲတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းမှုကို ၎င်း ခံစားမိ၏၊၊

လူအိုကြီးအကြည့်အောက်မှာ ၎င်း လှုပ်တောင်မလှုပ်ရဲတော့ပေ၊၊

ပန်းရောင်ဝတ်မိန်းခလေးက ၎င်း၏ သွေးစွန်းနေသည့်ခေါင်း၊ လည်ပင်းကဒဏ်ရာ၊ ကျောက ကြောက်စရာကောင်းသည့် ဒဏ်ရာ၊ ပြတ်နေသည့်လက် စတာတွေကို စစ်ဆေးကြည့်နေခဲ့သည်၊၊

သူမ မနေနိုင်ပဲ တုန်ယင်သွားခဲ့သည်၊၊

"ဒါကိုလုပ်ခဲ့တာ တိမ်စိမ်းဂိုဏ်းအကြီးအကဲတစ်ယောက်ပဲဖြစ်မယ်---"

သူမက ရေရွတ်လိုက်၏၊၊

လူအိုကြီးလည်း အနည်းငယ်ခေါင်းညိတ်လိုက်၏၊၊

တိမ်စိမ်းဂိုဏ်းအကြီးအကဲတစ်ယောက်သာ သလင်းဖြူသားရဲကို ဤကဲ့သို့ ဒဏ်ရာရအောင်လုပ်နိုင်မည်ဟု သူလည်းတွေးမိ၏၊၊

"လက်ထောက်ခန်းမသခင်, သွားရအောင်၊၊ ငါတို့ ကောင်းကင်ဘုံစက်ယန္တရားခန်းမရဲ့ ဆုံးဖြတ်ချက်ကို ဂိုဏ်ချုပ်လျိုဆီ တတ်နိုင်သမျှမြန်မြန် သတင်းပို့ရမယ်---"

ပန်းရောင်ဝတ်မိန်းခလေးက သလင်းဖြူသားရဲကို စိတ်မဝင်စားပေ၊၊

ထိုအရာနှင့်ယှဥ်လျှင် သူမက တိမ်စိမ်းဂိုဏ်းကို သွားဖို့ပိုပြီးစိတ်အားထက်သန်နေခဲ့သည်၊၊

"ခန်းမရဲ့ကိစ္စတွေကို နင်ဘယ်အချိန်က စိတ်ဝင်စားသွားတာလဲ---"

လူအိုကြီးမနေနိုင်ပဲ ရယ်လိုက်သည်၊၊

"နင် လျိုချင်းရှန်ကို နောက်တစ်ကြိမ်စိန်ခေါ်ချင်နေတာမလား---"

မိန်းခလေး၏မျက်နှာ နီရဲသွား၏၊၊ ပေါ်သွားသည့်အတွက် သူမငြင်းမနေတော့ပေ၊၊

"ဟုတ်တယ်၊၊ ငါ သူနဲ့ ယှဥ်ပြိုင်ချင်တယ်--"

"နောက်ဆုံးတစ်ကြိမ်တုန်းက သူကကံကောင်းပြီး ငါနဲ့သရေကျသွားတာ---"

"ငါဒါကိုလက်မခံနိုင်ဘူး၊၊ ငါနိုင်ကိုနိုင်ရမယ်၊၊ ပြီးတော့ ငါကပိုသာတယ်ဆိုတာ သူမကို ဝန်ခံခိုင်းရမယ်---"

လူအိုကြီးအကူညီမဲ့စွာပြုံးလိုက်သည်၊၊

အဆင့် ၈ စိတ်ဝိညာဥ်အမြစ်နှင့် ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏ ဂုဏ်ယူရသည့်သမီးတော်တစ်ယောက်အနေဖြင့် သူမပါရမီက လျိုချင်းရှန်ထက် အတော်လေးသာ၏၊၊

သို့ပေမယ့် သူတို့၏နောက်ဆုံးယှဥ်ပြိုင်မှု၌ နည်းလမ်းအမျိုးမျိုးသုံးပြီး လျိုချင်းရှန်က ဤပန်းရောင်မိန်းခလေးနှင့် သရေကျအောင်လုပ်နိုင်ခဲ့သည်၊၊

ထိုအရာက သူမလက်မခံနိုင်သည့် ရှက်စရာကိစ္စတစ်ခုပဲဖြစ်သည်၊၊

သူမက တစ်နှစ်ကြာပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ပြီး လျိုချင်းရှန်ကို အနိုင်ယူဖို့ဆုံးဖြတ်ထား၏၊၊

"စိတ်အေးအေးထားပါ၊၊ သူမမှာ ကမ္ဘာအဆင့် လမ်းညွှန်မှုမရှိရင် နင့်ဖို့နိုင်ဖို့က မဖြစ်နိုင်ပါဘူး----"

ပါရမီက လူတစ်ယောက်၏ အမြင့်ဆုံးအဆင့်ကို ဆုံးဖြတ်ပေး၏၊၊

တစ်နှစ်ကြာပြီးနောက် ပန်းရောင်မိန်းခလေး၏ခွန်အားက အလွန်မြင့်သည့်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်၊၊

လျိုချင်းရှန် သူမနှင့် နောက်တစ်ကြိမ် သရေကျဖို့က မဖြစ်နိုင်ပေ၊၊

"ဒါဆိုလည်း မြန်မြန်လုပ်---"

ပန်ရောင်ဝတ်မိန်းခလေး၏မျက်လုံးတွေတောက်ပလာပြီး စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်၏၊၊

လူအိုကြီးပြုံးလိုက်သည်၊၊

"အလျှင်မလိုပါနဲ့၊၊ အရင်ဆုံး ဒီသားရဲဘုရင်ကို ဖြေရှင်လိုက်အုန်းမယ်---"

"တိမ်စိမ်းဂိုဏ်း အကြီးအကဲကို အကူအညီသေးသေးလေးတစ်ခုပေးတယ်လို့ သဘောထားလိုက်ပါ---"

ပြောပြီးနောက်---

သူ့အပြုံးကပျောက်ကွယ်သွားပြီး အောက်ရှိသလင်းဖြူသားရဲကို ငုံ့ကြည့်လိုက်သည်၊၊

သားရဲဘုရင် ကြောက်လန့်သွားခဲ့သည်၊၊

သူက အမြှီးကုတ်ကာ ခြေထောက်သုံးချောင်းနှင့် ခုန်ပြီး ပြေးတော့၏၊၊

လူအိုကြီးအမူအရာ ပြောင်းလဲမသွားပဲ မြှင်းမြီးတောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်၊၊

ကျယ်လောင်သည့်အသံတစ်ခုနှင့်----

ပေဒါဇင်နှင့်ချီအဝေးကိုရောက်သွားပြီဖြစ်သည့် သလင်းဖြူသားရဲ ရုတ်တရက် သနားစရာကောင်းစွာအော်ဟစ်လိုက်ရသည်၊၊

၎င်း၏ဒွါဟပေါက်တွေမှ သွေးတွေစီးထွက်လာပြီး ဒဏ်ရာအပြင်းအထန်းရသွားတာသိသာလှ၏၊၊

သို့ပေမယ့် ၎င်း၏ကြံ့ခိုင်သည့်ခန္ဓာကိုနှင့် အဝေးရှိသစ်တောကို ဆက်ပြေးနေခဲ့သည်၊၊

"အို, ငါတိုက်ခိုက်မှုကနေ ရှင်သန်နိုင်တာပဲ---"

"ဒီသားရဲကို လျော့တွက်မိပြီ----"

"နောက်တစ်ချက်ယူလိုက်---"

လူအိုကြီးမျက်လုံးတွေ ထက်ရှလာခဲ့သည်၊၊

သူကနောက်တစ်ခါတိုက်ခိုက်ဖို့ပြင်လိုက်၏၊၊

ရုတ်တရက်, ခရမ်းရောင်အလင်းတစ်ချက် သစ်တောထဲမှ ထွက်ပေါ်လာပြီး သလင်းဖြူသားရဲ၏ခန္ဓာကိုယ်ကြီးကို ထိုးဖောက်သွားခဲ့သည်၊၊

အော်တောင်မအော်လိုက်ရပဲ ၎င်းခန္ဓာကိုယ်က နှစ်ခြမ်းကွဲကာ လဲကျသွား၏၊၊

ထိုအရာကိုမြင်တော့ လူအိုကြီး အသက်ပြင်းပြင်းရှူလိုက်သည်၊၊

"ဒီလောက်သန်မာတဲ့ဓားချီ---, တိမ်စိမ်းဂိုဏ်းက ဟွမ်ကျန်ထျန်များလား----"

"တိမ်စိမ်းဂိုဏ်းမှာ သူတစ်ယောက်ပဲ ဒီလောက်အားကောင်းတဲ့ဓားချီကို ထုတ်လွတ်နိုင်တာ----"

ပန်းရောင်ဝတ်မိန်းခလေးလည်း အံ့အားသင့်သည့်အမူအရာတွေ ပြသလာ၏၊၊

"သူတို့ပြောတော့ တိမ်စိမ်းဂိုဏ်းမှာ ထင်ရှားတဲ့ကျွမ်းကျင်သူမရှိဘူးဆို---"

"ဒီအကြီးအကဲက အတော်စွမ်းပုံပဲ---"

လူအိုကြီး ပြုံးလိုက်သည်၊၊

"ကြည့်ရတာ နှစ်ပေါင်းများစွာတံခါးပိတ်ကျင့်ကြံပြီးတော့ သူ့ဓားသိုင်းက တိုးတက်လာပြီနဲ့တူတယ်---"

"လာသွားနှုတ်ဆက်ကြီရအောင်---"

သူတို့က အလျှင်အမြန်ပဲ ဆင်းသက်လာခဲ့သည်၊၊

လူအိုကြီးက သစ်တောဆီကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်၏၊၊

"လူအိုကြီးဟွမ်, မင်း ဒီသားရဲဘုရင်ကို ငါနဲ့ခွဲ---"

သူစကားဆုံးအောင်မပြောလိုက်ရပေ၊၊

ပန်းရောင်ဝတ်မိန်းခလေးလည်း အံ့အားသင့်သွားခဲ့သည်၊၊

အဘယ်ကြောင့်ဆိုသော် သစ်တောထဲမှာရှိနေတာ ဟွမ်ကျန်ထျန်မဟုတ်သောကြောင့်ပင်၊၊

All Chapters