← Chapters

အထင်မှားခြင်း

Vol. 9 Ch. 134

အထင်မှားခြင်း

Vol. 9 Ch. 134

ထိုအစား လူငယ်တစ်ယောက်ဖြစ်နေခဲ့သည်၊၊

လူအိုကြီးနှင့် ပန်းရောင်ဝတ်မိန်းခလေးတို့ နှစ်ယောက်လုံးကြောင်အသွားကြသည်၊၊

လှုပ်ရှားလိုက်သည့်လူက ဟွမ်းကျန်ထျန်းမဟုတ်ပဲ အလွန်အမင်းငယ်သည့် လူငယ်တစ်ယောက်ဖြစ်နေခဲ့သည်၊၊

အခုလေးတင်ပြုလုပ်လိုက်သည့် ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုက အမှန်တကယ်ပဲ သူတို့ရှေ့ကလူငယ်လေးလုပ်လိုက်သည်လား---

ဂျန်ဖန်း သူ့ရှေ့ကလူနှစ်ယောက်ကိုကြည့်ပြီး အနည်းငယ် ကြောက်လန့်နေခဲ့သည်၊၊

အထူးသဖြင့် လူအိုကြီးပင်---

အခုလေးတင် ထိုအကြီးအကဲ၏အဝေးမှ တိုက်ခိုက်မှုကို သူမျက်မြင်တွေ့ခဲ့၏၊၊

ထိုတိုက်ခိုက်မှုကြောင့် သလင်းဖြူသားရဲ သေလုနီးပါးဒဏ်ရာရသွားတာဖြစ်သည်၊၊

သလင်းဖြူသားရဲ ဘယ်လောက် ဒဏ်ခံနိုင်လဲဆိုတာ သူကောင်းကောင်းသိ၏၊၊

သူဘယ်လောက်ပဲကြိုးစားပါစေ ၎င်းကို သေစေလောက်သည့်ဒဏ်ရာမပေးနိုင်ပေ၊၊

သို့ပေမယ့် ထိုအကြီးအကဲက သူ့မြင်းမြှီးတောင်ဝှေးကို သမန်ကာရှန်ကာ ဝှေ့ယမ်းရုံဖြင့် ထိုကောင့်ကို သတ်နိုင်လုနီးပါပင်၊၊

စွမ်းအားက ထိတ်လန့်စရာပင်၊၊

သူဘာပြေရမှန်းမသိဖြစ်နေခင်မှာပဲ လူအိုကြီးက အရင်မေးလိုက်သည်၊၊

"မင်းဘယ်သူလဲ----"

ဂျန်ဖန်း တစ်ခဏတွေးလိုက်ပြီး စာရွက်နှင့်ခဲတံထုတ်ကာ စာရေးလိုက်၏၊၊

"တိမ်စိမ်းဂိုဏ်း----"

အချက်အလက်တွေပေါ်သွားမည်ဆို၍ သူက နည်းလမ်းဟောင်းအတိုင်း အအ အဖြစ်ဟန်ဆောင်လိုက်၏၊၊

"မဖြစ်နိုင်တာ---"

မိန်းခလေးက အခိုင်အမာပြောလိုက်သည်၊၊

"တိမ်စိမ်းဂိုဏ်းမှာ ဘယ်အချိန်တုန်းက နင့်လို သန်မာတဲ့တပည့်ရှိသွားတာလဲ---"

"သလင်းဖြူသားရဲကို ဒီလောက်ထိဒဏ်ရာရစေတယ်၊၊ ပြီးတော့ ဓားချက်တစ်ချက်တည်းနဲ့လည်း နှစ်ခြမ်းကွဲပစ်လိုက်သေးတယ်၊၊ အကြီးအကဲအချို့တောင် ဒါကို မလုပ်နိုင်မှာ စိုးတယ်---"

လူအိုကြီး ဂျန်ဖန်းကိုသေချာစစ်ဆေးကြည့်နေပြီး စဥ်းစဥ်းစားစားပြောလိုက်သည်၊၊

"မင်းက တိမ်စိမ်းဂိုဏ်းရဲ့ အကြီးအကဲအသစ်လား---"

တိမ်စိမ်းဂိုဏ်းဝိညာဥ်သခင်က သက်ရှည်လှပဆေးတစ်မျိုး ဖော်စပ်ထားသည်ဟု သူကြားဖူး၏၊၊

သူရှေ့က ဤလူငယ်လေးဟာ ဤကဲ့သို့ဆေးလုံးမျိုးသောက်သုံးထားသည့် အကြီးအကဲတစ်ယောက်ဖြစ်နေနိုင်၏၊၊

ဤကဲ့သို့ရှင်းပြချက်နှင့်သာ ငယ်ငယ်ရွယ်ရွယ်နှင့် ယခုလောက်အားကောင်းသည့်စွမ်းအားမျိုးထုတ်ဖော်နိုင်တာ လက်ခံနိုင်၏၊၊

ဂျန်ဖန်း တစ်ခဏကြောင်အသွားခဲ့သည်၊၊

တော်လိုက်တဲ့လူပဲ၊၊ သူတောင် ရှင်းပြချက်တစ်ခုမစဥ်းစားရသေးပေ၊၊

အကြီးအကဲက သူ့အစားရှင်းပြပေးပြီးပြီဖြစ်သည်၊၊

ဂျန်ဖန်း ခေါင်းညိတ်ပြပြီး ရေးလိုက်သည်၊၊

"ဟုတ်တယ်၊၊ အဲ့ဒါအမှန်ပဲ---"

"မင်းဘယ်သူလဲ ငါမေးလို့ရမလား----"

နောက်ထပ်မေးခွန်းတွေမေးတာ ရှောင်ရှားဖို့အတွက် သူက ပြန်မေးလိုက်သည်၊၊

လူအိုကြီးပြုံးလိုက်ပြီး သူ့မြင်းမြှီးတောင်မွေးကိုဝှေ့ယမ်းကာ ပြောလိုက်သည်၊၊

"ငါ့ကိုမသိဘူးဆိုတော့ မင်းက အကြီးအကဲအသစ်ဆိုတာ သက်သေပြနေတာပဲ---"

"ငါက ရို့ယွင်ကျီ၊၊ ကောင်းကင်ဘုံစက်ယန္တရားခန်းမ လက်ထောက်ခန်းမသခင်လေးယောက်ထဲက တစ်ယောက်ပဲ---"

ဘာ?----

ဂျန်ဖန်း တုန်လှုပ်သွားပြီး အံ့အားသင့်မှုကြောင့် အော်ဟစ်လုနီးပါးဖြစ်သွားသည်၊၊

သူက ဤကဲ့သို့အထင်ကရပုံရိပ်တစ်ခုနှင့် လာတွေ့နေခဲ့သည်၊၊

ဤလူအိုကြီးအလွန်အစွမ်းထက်ပြီး သားရဲဘုရင်ကို တောင်ဝှေးတစ်ချက်ယမ်းရုံဖြင့် ဒဏ်ရာရသွားစေတာ မအံ့သြတော့ပေ၊၊

သူက အလျှင်အမြန်ပဲ ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်၊၊

ပန်းရောင်ဝတ်မိန်းခလေးက သူ့ကို သံသယရှိစွာဖြင့် စိုက်ကြည့်နေခဲ့သည်၊၊

"အကြီးအကဲအသစ်က ငယ်လှကြီလား---"

"ပြီးတော့ နင့်ရဲ့ဓားပညာကလည်း အရမ်းအားကောင်းတယ်----"

သူမက ဂျန်ဖန်းကို စေ့စေ့စပ်စပ်ကြည့်နေပြီး သူ့နောက်ကျောက အဝတ်ပတ်ထားသည့်ဓားကိုမြင်သည့်အခါ စူးစမ်းချင်လာခဲ့သည်၊၊

သူမ နောက်ထပ်မေးတော့မည့်အချိန်မှာပဲ ရို့ယွင်ကျီ ညင်သာစွာ ဆူပူလိုက်၏၊၊

"မရိုင်းနဲ့---"

"အခြားလူရဲ့သိုင်းပညာကို စုံစမ်းတာ ယဥ်ကျေးမှုမရှိတာပဲ---"

ထို့နောက် သူက ဂျန်ဖန်းကို အရိုအသေပေးလိုက်သည်၊၊

"ဒါက နန်းကုန်းရှောင်းယွင်ပါ၊၊ သူမက ငယ်သေးတော့ မယဥ်ကျေးဘူးဖြစ်သွားတယ်၊၊ သူမစကားတွေကို စိတ်ထဲမထားပါနဲ့----"

ဘယ်သိုင်းပညာရှင်မှာ ကိုယ်ပိုင်လျို့ဝှက်ချက်မရှိလို့နည်း၊၊

အခြားသူ၏သိုင်းပညာအကြောင်းမေးတာ အတော်လေး မယဥ်ကျေးရာရောက်၏၊၊

ကံကောင်းစွာဖြင့် လူအိုကြီးက နားလည်မှုရှိပြီး ဂျန်ဖန်းကို ဒုက္ခမများစေတော့ပေ၊၊

ဂျန်ဖန်း ခေါင်းညိတ်ပြီး စာရေးလိုက်သည်၊၊

"ဒီသားရဲဘုရင်ကို အကြီးအကဲသတ်လိုက်တာဆိုတော့ အကြီးအကဲပဲပိုင်သင့်ပါတယ်၊၊ ဒါပေမယ့် ငါ့ကို သားရဲအမြုတေပေးလို့ရမလား---"

သူက ကိုယ့်နေရာကိုယ်သိ၏၊၊

ရို့ယွင်ကျီ၏ အကူအညီမရှိပဲ သူ သလင်းဖြူသားရဲကိုသတ်နိုင်ဖို့အခွင့်အရေးက သုံညနီးပါပင်ဖြစ်သည်၊၊

အကြီးအကဲက အကုန်တောင်းဆိုလျှင်တောင် သူမှာ ငြင်းစရာမရှိပေ၊၊

ရို့ယွင်ကျီ ကျေနပ်သည့်အမူအရာပြသလာ၏၊၊

ထိုတစ်ချက်နှင့်တင် ဤတိမ်စိမ်းဂိုဏ်း လူငယ်အကြီးအကဲ၌ အမူအကျင့်ကောင်းရှိတာကို ပြသနေ၏၊၊ လောဘကြီးပြီး ရည်မှန်းချက်ကြီးသူတစ်ယောက်မဟုတ်ပေ၊၊

ထို့ကြောင့် သူက ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်၊၊

"မင်းယူနိုင်ပါတယ်၊၊ ငါ ဒါကို မလိုပါဘူး---"

ဂျန်ဖန်း ပျော်ရွင်သွားခဲ့သည်၊၊

သူက အရိုအသေပေးကာ အနက်ရောင်ဓားကို ချက်ချင်းထုတ်ယူလိုက်သည်၊၊ ထို့နောက် သလင်းဖြူသားရဲဝမ်းဗိုက်ကို ကျွမ်းကျင်စွာ ထိုးခွဲလိုက်၏၊၊

အကြိမ်အနည်းငယ် မွေနှောက်ရှာဖွေပြီးနောက် သူက လက်သီးအရွယ် နှင်းဖြူရောင်ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်၊၊

အသေအချာပင်၊၊ ထိုအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲအမြုတေဖြစ်သည်၊၊

အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲအမြုတေက လက်နက်သန့်စင်လို့ရရုံသာမက အမြုတေဖွဲ့စည်းခြင်းအဆင့် ချိုးဖြတ်သည့် ဆေးလုံးအဖြစ်လည်း သန့်စင်နိုင်၏၊၊

ထိုအရာက သလင်းကျောက်တစ်သောင်းတန်ဖိုးရှိသည့် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်၏၊၊

သူက ပျော်ရွင်စွာဖြင့် သွေးတွေကိုသုတ်လိုက်ပြီး အိတ်ကပ်ထဲကိုထည့်လိုက်သည်၊၊

ထိုအရာကိုမြင်သည့်အခါ နန်းကုန်းရှောင်ယွင် မကျေမနပ်ဖြစ်သွားခဲ့သည်၊၊

သူမကတော့ အဆူခံရပြီး ထိုကောင်ကတော့ အကျိုးအမြတ်ရသွားခဲ့သည်၊၊

"လက်ထောက်ခန်းမသခင်, ငါလည်း သားရဲဘုရင်ရဲ့ အစိတ်အပိုင်းအချို့လိုချင်တယ်---"

နန်းကုန်းရှောင်ယွင် သူမပါးတွေကို ဖောင်းလိုက်ပြီး မကျေမနပ်ပြောလိုက်သည်၊၊

ရို့ယွင်ကျီ ရယ်လိုက်၏၊၊

"မင်း ပိုက်ဆံပြတ်လို့လား---"

ကောင်းကင်ဘုံစက်ယန္တရားခန်းမ ဂုဏ်ယူရသည့်သမီးတော်တစ်ယောက်အနေဖြင့် သူမလိုချင်သည့်မည်သည့်အရင်းအမြစ်မဆို လက်ချောင်းလေးလှုပ်ရုံဖြင့်ရနိုင်တာဖြစ်သည်၊၊

သူမက နတ်ဆိုးသားရဲအစိတ်အပိုင်းတွေရောင်းပြီး ပိုက်ဆံရှာဖို့လိုအပ်မည်လား---

"ငါလိုချင်တယ်---"

နန်းကုန်းရှောင်ယွင် သူမ၏ ကျောက်စိမ်းရောင်ခြေထောက်လေးကိုဆောင့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်၊၊

ရို့ယွင်ကျီ အကူအညီမဲ့စွာပြောလိုက်သည်၊၊

"ယူပါ, ယူပါ၊၊ သားရဲတစ်ရာတောင်ရဲ့သားရဲဘုရင်က အတော်လေးရှားပါးတယ်၊၊ တန်းဖိုးအချို့တော့ရှိမှာပါ---"

ဤသားရဲဘုရင်က ရှားပါးမျိုးစိတ်တစ်ခု ဖြစ်၏၊၊

သားရဲတွေအကြောင်း မလေ့လာထားသည့်လူဆိုလျှင် ၎င်းမျိုးစိတ်ကို မသိနိုင်ပေ၊၊

ရို့ယွင်ကျီတောင် သားရဲတစ်ရာတောင် သားရဲဘုရင်၏ဇစ်မြစ်က သာမန်မဟုတ်ဘူးဆိုတာသာကြားဖူး၏၊၊

နန်းကုန်းရှောင်ယွင် ယှဥ်ပြိုင်လိုစိတ်ဖြင့် အလောင်းနှစ်ခြမ်းနားကို ချည်းကပ်လာခဲ့သည်၊၊

သူမလည်း တန်ဖိုးကြီးအစိတ်အပိုင်းအချို့ကို ရှာဖွေချင်၏၊၊

သို့ပေမယ့် သူမအနားရောက်သည့်အခါ ဘာလုပ်ရမှန်းမသိတော့ပေ၊၊

သားရဲကြီးခန္ဓကိုယ်၌ တန်ဖိုးကြီးအစိတ်အပိုင်းများစွာရှိပေမယ့် ဘယ်ဟာတွေလည်းဆိုတာ သူမမပြောနိုင်ပေ၊၊

သူမက သံမဏိအပ်တွေကဲ့သို့ အတော်လေးမာကျောသည့် အဖြူရောင်အမွေးတွေကိုစိုက်ကြည့်နေခဲ့သည်၊၊

သူမမျက်လုံးတွေ တောက်ပလာခဲ့သည်၊၊

"အတော်မာကျောတာပဲ၊၊ ဒါတွေက ကာကွယ်ရေးလက်နက်လုပ်ဖို့ ကုန်ကြမ်းကောင်းတွေဖြစ်ရမယ်၊၊ တန်ဖိုးကြီးမှာ အသေအချာပဲ----"

ထို့ကြောင့် နောက်ထပ်တွေးမနေတော့ပဲ သူမက အဖြူရောင်အမွေးများစွာကို အလျှင်အမြန်နုတ်ယူလိုက်ည်၊၊

ဂျန်ဖန်း ဆွံ့အသွားခဲ့သည်၊၊

သူက ထိုဝံပုလွေအမွေးတွေကို ယူဖို့စီစဥ်ထား၏၊၊

သို့ပေမယ့် သလင်းဖြူသားရဲကို လက်ထောက်ခန်းမသခင်က သတ်လိုက်သည့်အတွက် သူ့တပည့်ဝေစုလိုချင်တာကို သူဘာမှမပြောနိုင်ပေ၊၊

ကံကောင်းစွာဖြင့်, သူက သလင်းဖြူသားရဲအကြောင်းကို စာအုပ်မှ လေ့လာခဲ့ရ၏၊၊

အမွေးဖြူတွေက ၎င်းကိုယ်ပေါ်ရှိ တန်ဖိုးကြီးပစ္စည်းတွေထဲက တစ်ခုသာဖြစ်သည်၊၊

ပိုပြီးတောင်တန်ဖိုးကြီးသည့်အရာတွေ ရှိသေးတာပဲဖြစ်သည်၊၊

သူက သလင်းဖြူသားရဲ ဦးခေါင်းနားကို ချည်းကပ်လိုက်သည်၊၊

စာအုပ်ထဲမှာဖော်ပြထားတာအရ သလင်းဖြူသားရဲမျက်လုံးက ၎င်းခန္ဓာကိုယ်ရှိ တန်ဖိုးအရှိဆုံးအရာဖြစ်သည်၊၊

ဤမျက်လုံးတစ်စုံက အနည်းငယ်သန့်စင်လိုက်ရုံဖြင့် သဘာဝအဆင့်မြင့် မှော်ရတနာတစ်ခုဖြစ်သည့် လေပြင်းပုလဲတွေ ဖြစ်လာနိုင်၏၊၊

သူတို့ကိုသယ်ဆောင်ထားလျှင် လူတစ်ယောက်က ကိုယ့်နောက်မှာ လေအမြဲရှိနေသလိုခံစားရပြီး တစ်ခါခုန်လျှင် ၁၀ ဇန်လောက်ထိ ရောက်နိုင်တာဖြစ်သည်၊၊

အထီးကျန်ငန်းရိုင်းအရိပ်နှင့်သာပေါင်းလိုက်လျှင် သလင်းဖြူသားရဲတောင် ဂျန်ဖန်းကို လိုက်မမှီတော့ပေ၊၊

သူက ချက်ချင်းပဲ မျက်လုံးနှစ်လုံးကို ထုတ်ယူလိုက်သည်၊၊

စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းလိုက်သည့်အခါ အနက်ရောင်လေဝဲကတော့တစ်ခုက သူ့ကို ချက်ချင်းဖုံးလွမ်းသွားခဲ့သည်၊၊

သလင်းဖြူသားရဲ "သေမင်းအရိပ်"ကို အသက်သွင်းတုန်းကကဲ့သို့ပင်၊၊

ပေါ့ပေါ့ပါးပါးခြေလှမ်းတစ်လှမ်းဖြင့် သူက ချက်ချင်း ၁၀ ဇန်အကွာအဝေးကိုရောက်သွားခဲ့သည်၊၊

ကောင်းကောင်းမသိသည့်လူတစ်ယောက်ဆိုလျှင် ထိုအရာက ဒဏ္ဍာရီလာအင်မော်တယ်နည်းလမ်းဖြစ်သည့် မြေပြင်ကိုတစ်လက်မအဖြစ်ကျုံ့ခြင်း ဟုထင်သွားမှာဖြစ်သည်၊၊

ရို့ယွင်ကျီ သူ့လက်တွေကို အင်္ကျီလက်ထဲထည့်ထားဆဲဖြစ်ပြီး ထိုရုတ်တရက်လှုပ်ရှားမှုကိုမြင်သည့်အခါ ထိတ်လန့်သွားခဲ့သည်၊၊

သူက မနေနိုင်ပဲ အော်ပြောလိုက်သည်၊၊

"ဒါက ဘာသိုင်းကျမ်းလဲ---"

သူ၏စူးရှသည့်အမြင့်နှင့် အလျှင်အမြန်ပဲ ထိုအရာက မြေပြင်တစ်လက်မကျုံ့ခြင်းကျင့်စဥ် မဟုတ်ဘူးဆိုတာသိ၏၊၊

ထို့ပြင် ဂျန်ဖန်းအရှိန်က ခန်မှန်းလို့မရနိုင်လုနီးပါးကို အလွန်အမင်းမြန်နေခဲ့သည်၊၊

မကြာမီ သူက ဂျန်ဖန်းလက်ထဲက အစိမ်းရောင်မျက်လုံးနှစ်လုံးကို သတိထားမိလိုက်သည်၊၊

တစ်ခဏတွေးပြီးနောက် သူ၏အိုမင်းသည့်မျက်လုံးတွေ ပြူးကျယ်သွား၏၊၊

"လေပြင်းပုလဲတွေ?--- ဒါ လူအတော်များများလိုချင်နေတဲ့ လေပြင်းပုလဲတွေပဲ----"

သူက သလင်းဖြူသားရဲခန္ဓာကိုယ်ကြီးကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်၊၊

"ဒါက သလင်းဖြူသားရဲလား----"

"နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ပိုင်ဆိုင်တဲ့ကောင်လေ---"

"ဒါက တန်ဖိုးအရှိဆုံးနတ်ဆိုးသားရဲတွေထဲက တစ်ခုပဲ---"

၎င်းအသားတုန်းတစ်ခုတောင် ကံကြမ္မတစ်ခုကို ပြောင်းလဲပေးနိုင်၏၊၊

ဤမျက်လုံးနှစ်လုံးက အဖိုးမဖြတ်နိုင်သည့်ရတနာတွေဖြစ်ကြသည်၊၊

သူတို့ နောက်ဆုံးအကြိမ်ပေါ်လာသည့် လွန်ခဲ့သည့် ၁၀ နှစ်က သလင်းကျောက်တစ်သောင်းဖြင့် ဈေးကောင်းရရောင်းထွက်ခဲ့သည်၊၊

ကောင်းကင်ဘုံစက်ယန္တရားခန်းမ လက်ထောက်ခန်းမသခင်တောင် ဤကဲ့သို့အံ့အားသင့်ဖွယ်ရတနာမျိုး ပိုင်ဆိုင်နိုင်ဖို့ ခဲယဥ်း၏၊၊

ဂျန်ဖန်းပျော်ရွင်စွာဖြင့် မျက်လုံးနှစ်လုံးကို အိတ်ထဲထည့်နေတာကိုကြည့်ပြီး သူက အလျှင်အမြန်လက်မြောက်ကာ တားဖို့ပြင်လိုက်သည်၊၊

သို့ပေမယ့် ဂျန်ဖန်းကို သားရဲတစ်ကောင်လုံးပေးလိုက်တာကို အမှတ်ရသွားပြီး တွန့်ဆုတ်စွာဖြင့် လက်ပြန်ရုတ်လိုက်သည်၊၊

အကူအညီမဲ့စွာဖြင့် ဂျန်ဖန်း လေပြင်းပုလဲတွေကိုသိမ်းသွားတာကိုကြည့်နေရပြီး သူမျက်လုံးတွေဖောက်ထုတ်ချင်သလို နာကျင်နေခဲ့သည်၊၊

ဘယ်လိုတောင် သူ ဤသားရဲဘုရင်၏တန်ဖိုးကို မှားယွင်းတွက်ချက်မိရသည်း၊၊

All Chapters