← Chapters

တုံးအသည့်တပည့်အတွက် မခံချိမခံသာဖြစ်ဖြင်း

Vol. 9 Ch. 135

တုံးအသည့်တပည့်အတွက် မခံချိမခံသာဖြစ်ဖြင်း

Vol. 9 Ch. 135

သို့ပေမယ့် သလင်းဖြူသားရဲ၌ တန်ဖိုးကြီးအစိတ်အပိုင်းများစွာ ကျန်ရှိနေသေး၏၊၊

သူက ကတိကိုချိုးဖောက်လို့မရသလို ကိုယ်တိုင်လည်း ထိုအရာတွေကို ကောက်ယူလို့မရပေ၊၊

သို့ပေမယ့် နန်းကုန်းရှောင်ယွင်ကို လုပ်ခိုင်းလို့ရ၏၊၊

နန်းကုန်ရှောင်ယွင် အလွန်ပျော်ရွင်စွာဖြင့် ဝံပုလွေအမွေးတွေဆက်နှုတ်နေတာကို မြင်သည့်အခါ ရို့ယွင်ကျီပါးစပ်တွန့်လိမ်သွားခဲ့သည်၊၊

သူများတွေ တန်ဖိုးအရှိဆုံးအစိတ်အပိုင်းတွေ ယူနေစဥ်မှာ သူ့မကတော့ အမွေးနှုတ်နေတုန်းဖြစ်သည်၊၊

"ရှောင်ယွင်, သလင်းဖြူသားရဲက သားရဲတွေကို နှစ်ပေါင်းများစွာစားသောက်ထားတော့ သူ့အသားမှာ စိတ်ဝိညာဥ်စွမ်းအင်အများအပြားပါတယ်၊၊ အဲ့ဒါက ထိပ်တန်းအဆင့် ရှားပါးပစ္စည်းတွေပဲ----"

နန်းကုန်ရှောင်ယွင် အံ့သြသွားခဲ့သည်၊၊ သူမလက်ထဲက အရာတွေက ဘာမှတန်ဖိုးမရှိဘူးလား----

"နင် စောနကတည်းက ဘာလို့မပြောတာလဲ----"

သူမဓားမြောင်ကိုကိုင်ပြီး ငြီးတွားလိုက်သည်၊၊

သို့ပေမယ့် ကြီးမားသည့်သားရဲအလောင်းကြီးကိုကြည့်ပြီး ဘယ်ကစရမှန်း သူမမသိပေ၊၊

ဤသားရဲဘုရင်က ခေါင်းအစခြေအဆုံးအသားတွေအပြည့်ပင်၊၊

ထိုအရာအတွက် တိုက်ခိုက်ဖို့က မလိုအပ်ပေ၊၊

ရို့ယွင်ကျီ သူမကို အရိပ်အမြွက်ပေးဖို့ပြင်လိုက်ချိန်၌ ဂျန်ဖန်းက အနက်ရောင်ဓားနှင့် သလင်းဖြူသားရဲနောက်ကျောဘက်ကို ခုန်တက်လိုက်၏၊၊

ထို့နောက် ကျိုးပဲ့နေသည့်ကျောရိုးကို ဖယ်ရှားလိုက်ပြီး အရှိုက်အောက်မှာဝှက်ထားသည့် နီရဲနူးညံ့တဲ့အသားမြောင်တစ်ခုကို ထုတ်ယူလိုက်သည်၊၊

ထိုအရာက အလွန်အမင်းသိပ်သည်းပြီး ပျော့ပျော့ပျောင်းပျောင်းရှိ၏၊၊

ပါဝင်သည့်စိတ်ဝိညာဥ်စွမ်းအင်ကလည်း သာမန်အသားတွေထက်များစွာပိုများ၏၊၊

ဂျန်ဖန်း လွယ်အိတ်တစ်လုံးထုတ်ကာ ထိုအရာကိုအထဲထည့်လိုက်၏၊၊

ဤအရာက သလင်းဖြူသားရဲ၏တန်ဖိုးအရှိဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်သည့် အသားနှစ်သာရပဲဖြစ်သည်၊၊

နာမည်အတိုင်းပဲ ထိုအရာက ခန္ဓာကိုယ်တစ်ခုလုံး၏ အသန့်စင်ဆုံးအပိုင်းဖြစ်သည်၊၊

ဤအပိုင်းတစ်ခုတည်းနှင့်တင် အခြားအသားတွေအားလုံးပေါင်းထက် စိတ်ဝိညာဥ်စွမ်းအင်ပိုပါတာပဲဖြစ်သည်၊၊

နန်းကုန်ရှောင်ယွင် ရှာဖွေနေဆဲဖြစ်ပြီး မေးလိုက်သည်၊၊

"လက်ထောက်ခန်းမသခင်, ငါ ဘယ်အပိုင်းယူသင့်လဲ----"

ရို့ယွင်ကျီ စိတ်ဆိုးမန်ဆိုးဖြင့် ပြန်ပြောလိုက်သည်၊၊

"နောက်ထပ်ယူဖို့မလိုတော့ဘူး----"

ထိုအခိုက်အတန့်၌ သူက နန်းကုန်းရှောင်ယွင်မတ်တပ်ရပ်နေသည့်နေရာကို သတိထားမိပြီး ပြန်ပြောလိုက်သည်၊၊

"ငါအခုမှသတိရတယ်၊၊ သလင်းဖြူသားရဲလိင်တံက အရမ်းစွမ်းအားကြီးတာ၊၊ အချို့သိုင်းပညာရှင်တွေ သလင်းကျောက်သောင်းချီသုံးတာတောင် မရကြဘူး---"

"မြန်မြန်ဖြတ်လိုက်---"

နန်းကုန်းရှောင်းယွင် ဇဝေဇဝါဖြစ်သွား၏၊၊

"သားရဲလိင်တံ, အဲ့တာဘာလဲ---"

ရို့ယွင်ကျီမျက်နှာအနည်းငယ်နီရဲသွား၏၊၊ မိန်းမငယ်လေးတစ်ယောက်ကို သားရဲလိင်တံအကြောင်းပြောရမှာ အနည်းငယ်တော့ မသင့်တော်ပေ၊၊

သို့ပေမယ့် သူသာထိုအရာကိုမယူလျှင် မကြာခင် သလင်းဖြူသားရဲ၏ပစ္စည်းကောင်းအားလုံးကို ထိုကောင်စုတ်လေးက ရသွားတော့မည်ဖြစ်သည်၊၊ ထို့ကြောင့် သူက ပြတ်ပြတ်သားသားပဲ သလင်းဖြူသားရဲဝမ်းဗိုက်အဆုံးကို ညွှန်ပြလိုက်သည်၊၊

နန်းကုန်းရှောင်ယွင် သူညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်၊၊

သူမ၏ နူးညံ့သည့်ပန်းရောင်မျက်နှာလေး ချက်ချင်းနီရဲသွား၏၊၊ ထို့ပြင် ချက်ချင်းအကြည့်လွဲလိုက်ပြီး နောက်ထပ်မကြည့်ရဲတော့ပေ၊၊

"ငါ--- ငါ ဒါကို မလုပ်နိုင်ဘူး----"

"လိုချင်တဲ့သူတွေ ဖြတ်လိမ့်မယ်---"

ဂျန်ဖန်းလည်း သားရဲလိင်တံကိုသတိထားမိ၏၊၊ ထိုအရာက ယောက်ျားတွေအိမ်မက်မက်ရသည့်ပစ္စည်းဖြစ်သည်၊၊

ဤအရာကို စွမ်းအားကြီးသက်ကြီးပညာရှင်များစွာက နှစ်သက်ကြ၏၊၊

ကံမကောင်းစွာဖြင့် ဒါက ရဖို့ခက်ခဲလှ၏၊၊

အစတုန်းက ရို့ယွင်ကျီကြောင့် ဂျန်ဖန်းထိုအရာကိုလက်လျော့လိုက်၏၊၊

မမျှော်လင့်ပဲ နန်းကုန်းရှောင်ယွင်က ထိုအရာကို မဖြတ်ရဲခဲ့ပေ၊၊

သူဘာများထပ်ပြောနိုင်အုန်းမည်နည်း၊၊

အလျှင်အမြန်ပြေးကာ ထိုအရာကိုဓားနှင့်ဖြတ်လိုက်ပြီး ပျော်ရွင်စွာဖြင့် အိတ်ထဲထည့်လိုက်သည်၊၊

ထိုအရာကိုမြင်တော့ ရို့ယွင်ကျီ ဒေါသထွက်သွားခဲ့သည်၊၊

သူ့အဆင့်အတန်းကြောင့်သာမဟုတ်လျှင် ကိုယ်တိုင်လုပ်မည်ပဲဖြစ်သည်၊၊

သူက ဒေါသတကြီးပြောလိုက်သည်၊၊

"ရှောင်ယွင် သားရဲဘုရင်အစာအိမ်ကိုထုတ်ယူလိုက်---"

"အဲ့တာက စိတ်ဝိညာဥ်သားရဲတွေကိုစားထားတယ့်အပြင် တောင်မှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရတနာတွေကို မကြာခဏဝါးမျိုးထားတာ၊၊ အထဲမှာ တန်ဖိုးကြီးအနှစ်သာရတွေ အများကြီး အနည်းထိုင်နေတယ်---"

"အဲ့ဒါရဲ့တန်ဖိုးက အသားအနှစ်သားရထက်မနိမ့်ဘူး---"

ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး သူတို့က တစ်ခုခုတော့ရသင့်၏၊၊

သလင်းဖြူသားရဲအစာအိမ်ကတန်ဖိုးကြီးတာ ဂျန်ဖန်းလည်းသိ၏၊၊

သို့ပေမယ့် သူကအများကြီးရထားပြီးပြီဖြစ်၍ တင်းတိမ်ရောင့်ရဲသင့်၏၊၊

ထို့ကြောင့် သူက ထိုအရာကို မယူတော့ပေ၊၊

နန်းကုန်းရှောင်ယွင် လည်းပင်းကျုံ့လိုက်၏၊၊

သူမသာ တန်ဖိုးကြီးအစိတ်အပိုင်းအချို့မရလျှင် ရို့ယွင်ကျီ ဒေါသထွက်တော့မှာကို သူမသိ၏၊၊

သို့ပေမယ့်---

ကြီးမားသည့်အစာအိမ်ကြီးကိုဖြတ်လိုက်သည့်အခါ---

သူမအရပ်ထက်တောင်မြင့်သည့် အညစ်အကြေးပုံကြီး ပြုတ်ကျလာခဲ့သည်၊၊

နန်းကုန်ရှောင်ယွင် ချက်ချင်းပဲ နောက်ဆုတ်သွား၏၊၊

"လက်ထောက်ခန်းမသခင်, ငါဘယ်လိုမှ မလုပ်နိုင်ဘူး---"

နှာခေါင်းကိုလက်ဖြင့်ပိတ်ထားပြီး သနားစရာကောင်းစွာပြောလိုက်သည်၊၊

"နောက်ထပ်တန်ဖိုးကြီးအစိတ်အပိုင်းတွေရှိသေးလား၊၊ ငါယူပေးမယ်လေ---"

ရို့ယွင်ကျီ လက်ဝှေ့ယမ်းလိုက်သည်၊၊

"မင်းအမွေးပဲမင်းဆက်နှုတ်နေလိုက်တော့---"

သူ ပင်ပန်းသွားပြီဖြစ်သည်၊၊

ဂျန်ဖန်း မျက်လုံးတွေတောက်ပသွားပြီး စာရေးလိုက်သည်၊၊

"သခင်မလေးနန်းကုန်း, မင်းတကယ်ပဲ ဒီအစာအိမ်ကို မလိုချင်ဘူးနော်---"

နန်းကုန်းရှောင်ယွင် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊

"အကုန်နင့်ဟာဟာ, ဟုတ်ပြီလား,ကောင်စုတ်---"

ဂျန်ဖန်း အလွန်ပျော်ရွင်သွားခဲ့သည်၊၊

သူက အလျှင်အမြန်ပဲ အစာအိမ်ကြီးကို အနီးနားရေကန်ဆီဆွဲယူသွားပြီး အထဲမှာရှိတဲ့အညစ်ကြေးအားလုံး ဖယ်ထုတ်လိုက်၏၊၊

ထို့နောက် ပြောင်စင်အောင်သန့်ရှင်းပြီးနောက် အဖိုးမဖြတ်နိုင်သည့် အစာအိမ်တစ်ခုရသွားခဲ့သည်၊၊

သလင်းဖြူသားရဲအစာအိမ်က အဆင့်မြင့် ဆေးကုန်ကြမ်းတစ်ခုဖြစ်၏၊၊

အခြေခံတည်ဆောက်ခြင်းအဆင့်အစာအိမ်တောင် ကံကြမ္မာတစ်ခုလောက်တန်ဖိုးရှိ၏၊၊

အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ၊၊

သူသာ ထိုအရာကို ဝမ်ဟုန်ယောင်ကို ရောင်းလိုက်လျှင် သူမက သူ့ကို သက်ရှိဘုရားတစ်ဆူကဲ့သို့ဆက်ဆံမှာ ဂျန်ဖန်းသံသယမရှိပေ၊၊

သူက ပျော်ရွင်စွာပဲ ကြီးမားသည့်အစာအိမ်ကြီးကို ခေါက်လိုက်သည်၊၊

ထိုအချိန်မှာပဲ အစာအိမ်အတွင်း၌ မာကျောသည့်အရာတစ်ခုကို ခံစားမိလိုက်၏၊၊

"ပြောင်အောင်ဆေးပြီးပြီး မဟုတ်ဘူးလား---"

ဂျန်ဖန်း မျက်နှာမဲမှောင်သွား၏၊၊

အစာအိမ်အခေါက်ကိုဖြည်လိုက်သည့်အခါ သူ အံ့သြသွားခဲ့သည်၊၊

"ဟမ်, ဒါက ဘာလဲ---"

သူက အစာအိမ်နံရံမှာနစ်မြုပ်နေသည့် လက်ဝါးအရွယ်သံစာလိပ်တစ်ခုကို တွေ့လိုက်၏၊၊

ထုတ်ယူကြည့်လိုက်သည့်အခါ ၎င်းအပေါ်၌ ထူးဆန်းသည့်စာသားတွေထွင်းထုထားတာ တွေ့လိုက်ရ၏၊၊

ရို့ယွင်ကျီလည်း ပုံမှန်မဟုတ်သည့်တစ်စုံတစ်ခုကို ခံစားမိပြီး လာကြည့်လိုက်သည်၊၊ ထို့နောက် အံ့အားသင့်သည့်အမူအရာတွေ ထုတ်ဖော်ပြသလာခဲ့သည်၊၊

"ဆေးလုံးကျမ်းငွေရောင်စာလိပ်---- ဒါတစ်ကယ်ပဲ ဆေးလုံးကျမ်းငွေရောင်စာလိပ်ပဲ----"

"ဒီစာလိပ်ထဲမှာ နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေရဲ့ လျို့ဝှက်ချက်တွေကို မှတ်တမ်းတင်ထားတယ်---"

"အဲ့ဒီနတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေထဲမှာ အခွင့်အရေးတွေက သာမန်တွေမဟုတ်ဘူး၊၊ ပြောကြတာတော့ နတ်ဆိုးသားရဲဘုရင်တစ်ယောက်ဝင်သွားရင် နတ်ဆိုးအင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်တယ်တဲ့----"

"လူသား အမြုတွေဖွဲ့စည်းခြင်းသိုင်းပညာရှင်တစ်ယောက်ဝင်သွားရင် အဆင့်ချိုးဖြတ်ဖို့အခွင့်အရေးရှိပြီး သန္ဓေသားဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမယ်တဲ့---"

ဤသားရဲဘုရင်၌ ဤကဲ့သို့စာလိပ်တစ်လိပ်ရှိနေပြီး ခန္ဓာကိုယ်ထဲ၌ ဖွက်ထားခဲ့သည်၊၊

ရို့ယွင်ကျီ အတော်လေးလိုချင်သည့်အမူအရာတွေပြသလာ၏၊၊

အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းတစ်ယောက်အနေဖြင့် သန္ဓေသားဖွဲ့စည်းခြင်းက သူ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်၏၊၊

နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေက သံသယရှိစရာမလိုသည့် အခွင့်အရေးတစ်ခုဖြစ်၏၊၊

သို့ပေမယ့် စာလုံးတွေကိုအနီးကပ်မြင်လိုက်ရသည့်အခါ သူအလျှင်အမြန်ပဲ တည်ငြိမ်သွားပြီး သက်ပြင်းချလိုက်သည်၊၊

"ကံမကောင်းစွာနဲ့, စာလုံးတွေက နတ်ဆိုးမျိုးနွယ်ဘာသာစကားနဲ့ဖြစ်နေတယ်---"

"နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ကနေ ဆင်းသက်လာတဲ့သူမှပဲ ဒါတွေကိုဖတ်ပြီး အဓိပ္ပာယ်ဖော်နိုင်မှာ----"

"မင်းက ကံကြမ္မာအခွင့်အရေးကြီးတစ်ခုကို ကောက်ရပေမယ့် ဒါက အသုံးမဝင်တဲ့အခွင့်အရေးဖြစ်နေတယ်---"

အဆုံးမှာတော့ သူပြုံးနိုင်ပြီဖြစ်သည်၊၊

သူ့အမူအရာ၌ ပျော်ရွင်သည့်အရိပ်အယောင်တွေရှိနေခဲ့သည်၊၊

သို့ပေမယ့် ဂျန်ဖန်းကတော့ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်၊၊

သူကျွေးမွေးထားသည့် စိတ်ဝိညာဥ်သားရဲလေးက နတ်ဆိုးအင်ပါယာမျိုးဆက်ဖြစ်နိုင်၏၊၊ ဒါမှမဟုတ် ပိုမြင့်သည့်တည်ရှိမှုတစ်ခုတောင် ဖြစ်နိုင်တာဖြစ်သည်၊၊

ထိုအကောင်လေး နာလည်မှာ အသေအချာပဲဖြစ်သည်၊၊

သူက ဆေးလုံးကျမ်းငွေရောင်စာလိပ်ကို တိတ်တဆိတ်သိမ်းလိုက်ပြီး ရို့ယွင်ကျီသတိမထားမိအောင်လုပ်လိုက်သည်၊၊

ထို့နောက် ခဲတံကောက်ကာ စာရေးလိုက်၏၊၊

"မင်းရဲလက်ဆာင်ကြီးအတွက် ကျေးဇူးတင်ပါတယ်, အကြီးအကဲ--- ငါဒီနေ့အတော်လေး ရလိုက်တယ်---"

ရို့ယွင်ကျီ အပြုံးပျောက်ကွယ်သွားခဲ့သည်၊၊

ဂျန်ဖန်း သလင်းဖြူသားရဲ၏ တန်ဖိုးကြီးအစိတ်အပိုင်းအားလုံးကို ယူသွားတာ သူသတိရလိုက်၏၊၊

သေချင်းဆိုးခွေးမသား----

မျက်နှာရှည်ရှည်ဖြင့် သူက ပျံသန်းသားရဲပေါ်ခုန်တက်ကာ ပြောလိုက်သည်၊၊

"ရှောင်ယွင်, သွားကြစို့---"

နန်းကုန်ရှောင်ယွင်လက်တွေက အမွေးနှုတ်ရတာကြောင့် နာကျင်နေခဲ့သည်၊၊

သူမက ဂျန်ဖန်းကို စိတ်ဆိုးစွာစိုက်ကြည့်လိုက်ပြီး ရို့ယွင်ကျီနှင့်အတူ ထွက်ခွာသွားခဲ့သည်၊၊

ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ရေရွတ်လိုက်၏၊၊

"လက်ထောက်ခန်းမသခင်က ဘာလို့ပြုံးတာကိုရပ်လိုက်တာလဲ----"

"သူက ပြုံးတာကို မကြိုက်လို့များလား----"

ခဏကြာပြီးနောက်----

ဂျန်ဖန်း တိမ်နေမင်းမြို့ကို ပြန်လာခဲ့သည်၊၊

ဒင်းမိသားစုဂိတ်ကိုရောက်ရောက်ချင်းပဲ သူက ချန်းစီလင် မျက်ရည်တွေဖြင့်တောင်းပန်နေတာကို ကြားလိုက်ရသည်၊၊

"စီနီယာအကိုဒင်း, ကျေးဇူးပြုပြီး ဂျန်ဖန်းကို ကယ်ဖို့တစ်ယောက်ယောက်လွတ်ပေးပါ---"

"သူက တိမ်နေမင်းမြို့ကိုကာကွယ်ဖို့ သားရဲဘုရင်ကို တစ်ယောက်တည်းမျှားခေါ်သွားတာ---"

ဒင်းဝမ်ပိုင်နှုတ်ခမ်းတွန့်ကွေးသွားပြီး စိတ်ထဲမှာကြိတ်ပျော်နေခဲ့သည်၊၊

ဂျန်ဖန်းသေဆုံးမှုက တိမ်နေမင်းမြို့၌ သူ ထိပ်ဆုံးအမဲလိုက်သူဖြစ်ပြီလို့ ဆိုလိုနေ၏၊၊

ထို့ပြင် ဤအနှောက်အယှက်ပေးသည့်ပိုးကောင် တန်ရာတန်ကြေးပေးတာဟုလည်း ဆိုလိုနေ၏၊၊

တောင်းပန်နေသည့်ချန်းစီလင်ကိုကြည့်ပြီး သူ့အပြုံးက ပိုမိုကျယ်လာခဲ့သည်၊၊

"ဂျူနီယာညီမ, မင်းအတွေးလွန်နေပြီ---"

"ဂျန်ဖန်းက ထိတ်ထိတ်လန့်လန့်နဲ့ မဆင်မခြင်ပြေးသွားတာ----"

"သူ သားရဲဘုရင်ကိုခေါ်ပြီး တိမ်နေမင်းမြို့ပျက်စီးအောင်လုပ်တာတောင် ငါအပြစ်မတင်ခဲ့ဘူး၊၊ ဘာလို့ ကယ်ဖို့လူလွတ်ပေးရမှာလဲ---"

"ဒါ့ပြင်, သူအသက်ရှင်အုန်းမယ်လို့ နင်ထင်နေတာလား---"

"အခုလောက်ဆို သားရဲဘုရင်ဗိုက်ထဲရောက်နေလောက်ပြီ----"

"ပြောမရဘူး, မစင်တောင်ဖြစ်ရင်ဖြစ်သွားလောက်ပြီ, ဟ-- ဟ---"

ထိုအရာကြားသည့်အခါ ချန်းစီလင်ပိုလို့တောင်ငိုသွားပြီး ဝမ်းနည်းပူဆွေးမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်၊၊

တစ်ချိန်တည်းမှာပဲ သူမက ဒင်းဝမ်ပိုင်ကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်၊၊

"နင်အခု ပျော်နေတာမလား---"

"ဂျန်ဖန်းအသက်ရှင်နေရင်, နင်က သူ့ဖိနပ်သယ်ပေးဖို့တောင် မတန်ဘူး----"

ထိုအရာကြောင့် ဒင်းဝမ်ပိုင်ကြောင်အသွား၏၊၊

သူက ဒေါသတကြီးလက်မြောက်လိုက်ပြီး ချန်းစီလင်ကို ပြင်းပြင်ထန်ထန်ပါးရိုက်လိုက်သည်၊၊

"နင်, ခွေးမ--- သေတာတောင် ဂျန်ဖန်းကို ကာကွယ်နေတုန်း---"

"မင်းမှာသတ္တိရှိရင် သူ့ကိုပြန်သွားခေါ်ပြီး ငါနဲ့ယှဥ်ပြိုင်ခိုင်းလိုက်----"

ဘန်း!

ထိုအခိုက်အတန့်မှာပဲ---

တံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရသည်၊၊

တစ်ချိန်တည်းမှာပဲ အနက်ရောင်အလင်းတန်းဖြတ်ကနဲ လက်သွားခဲ့သည်၊၊

မြေပြင်တစ်လက်မအဖြစ်ကျုံ့လိုက်သကဲ့သို့ ဂျန်ဖန်း ဒင်းဝမ်ပိုင်အရှေ့မှာပေါ်လာခဲ့သည်၊၊

All Chapters