← Chapters

နောက်ဆုံးရူးသွပ်မှု

Vol. 10 Ch. 136

နောက်ဆုံးရူးသွပ်မှု

Vol. 10 Ch. 136

ဒင်းဝမ်ပိုင်လက်ဝါး မကျရောက်ခင်---

ဂျန်ဖန်း ဒင်းဝမ်ပိုင်မျက်နှာကို ဖြတ်ရိုက်လိုက်သည်၊၊

သံမဏိသွေးစစ်မှန်ကျမ်းကို လေ့ကျင့်ထားသည့်အတွက် သူ့ရုပ်ပိုင်းဆိုင်ရာက သာမန်လူတွေထက်အများကြီးပိုသန်၏၊၊

ဒေါသဖြင့်ရိုက်လိုက်သည့် ပါးရိုက်ချက်စွမ်းအားက စိတ်ကူးလို့တောင်မရပေ၊၊

ကျယ်လောင်သည့်ပါးရိုက်သံတစ်ခုက ဒင်းမိသားစုအိမ်တော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်၊၊

ထို့နောက်ချက်ချင်းပဲ----

ဒင်းဝမ်ပိုင်နေရာမှာပဲ သုံးပတ်လောက်လှည့်ထွက်သွားခဲ့သည်၊၊

နီရဲသည့်လက်ဝါးရာတစ်ခုနှင့် သူ့မျက်နှာက အလျှင်အမြန်ပဲဖောင်းကားလာခဲ့သည်၊၊

သူ့ခေါင်းတွေ မူးနောက်ချာလပတ်ယမ်းနေပြီး ဘာဖြစ်သွားလဲဆိုတာ နားမလည်လိုက်ပေ၊၊

သူ့ရှေ့က ဂျန်ဖန်းပုံရိပ်ကိိုမြင်သည့်အခါ သစ္ဆေသရဲတစ်ကောင်မြင်လိုက်ရသကဲ့သို့ ဖြစ်သွား၏၊၊

"အာ, ဂျန်ဖန်း, မင်းမသေဘူးပေါ့---"

ဖြန်း!

ဂျန်ဖန်း နောက်ထပ်လက်ဝါးချက်တစ်ခုဖြင့် တုန့်ပြန်လိုက်၏၊၊

ထိုလက်ဝါးချက်ကြောင့် ဒင်းဝမ်ပိုင်ပါးစပ်နှင့်နှာခေါင်းမှ သွေးတွေစီးကျလာခဲ့သည်၊၊

"ငါ့မိန်းမကိုထိရဲတယ်, မင်းက သေချင်နေတာလား---"

ဂျန်ဖန်း ဒင်းဝမ်ပိုင်ဝမ်းဗိုက်ကို ဒေါသတကြီးကန်လိုက်ပြီး မြေပြင်ပေါ်လဲကျသွားစေခဲ့သည်၊၊

ထိုအချိန်မှသာ ချန်းစီလင် အသိပြန်ဝင်လာပြီး အလွန်ပျော်ရွင်သွားခဲ့သည်၊၊

သူမကိုယ်သူမ ဂျန်ဖန်းရင်ခွင်ထဲကိုပစ်ဝင်လိုက်ပြီး သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ ငိုပြီးပြောလိုက်သည်၊၊

"ငါက နင်သေသွားပြီထင်နေတာ, ဝါး--- ဝါး---"

ဂျန်ဖန်း သူမမျက်ရည်တွေကိုလက်ဖြင့်သုတ်ပေးလိုက်ပြီး ပြုံးလိုက်သည်၊၊

"အဲ့ဒီသားရဲဘုရင်က ငါ့ကို မသတ်နိုင်ပါဘူး---"

သူ့လက်ထဲရှိခရမ်းဓားနှင့်ဆိုလျှင် သားရဲဘုရင် ထွက်ပြေးဖို့သာတတ်နိုင်၏၊၊

"အရူးမလေး, ပုံမှန်န်ဆိုရင် မင်းက ဉာဏ်ကောင်းတယ်မလား၊၊ ဘယ်လိုဖြစ်ပြီး ဒီလိုရူးရူးမိုက်မိုက်နဲ့ ဒင်းဝမ်ပိုင်ကို အကူအညီတောင်းရတာလဲ---"

သူမကို အချိန်ခဏကြာ နှစ်သိမ့်ပြီးနောက်, သူက ညင်သာစွာဆူပူလိုက်၏၊၊

ဒင်းဝမ်ပိုင်အမူအကျင့်ကို အသေးစိတ်ရှင်းပြနေဖို့မလိုပေ၊၊

ထိုကောင် ချန်းစီလင်ကိုလုပ်ချင်တာက ရိုက်ချက်တစ်ချက်ထက်ပို၏၊၊

သူမအပေါ်လက်မရွယ်ဘူးဟုအာမခံဖို့ခက်ခဲရုံသာမက အတင်းအကြပ်တောင်ဖိအားပေးနိုင်၏၊၊

ဒင်းမိသားစုလူငယ်သခင်ဖြစ်လာပြီးနောက် သူ့မာနက မိုးထိအောင် ရောက်နေပြီပဲဖြစ်သည်၊၊

မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်ဖြင့် ချန်းစီလင်ခါးသီးစွာပြောလိုက်သည်၊၊

"ငါ အရမ်းကြောက်သွားတာ---"

"နင်သာသေသွားရင် ငါ့မှာဘာမှမကျန်တော့ဘူး---"

မသိလိုက်ခင်မှာပဲ ဂျန်ဖန်းက သူမကမ္ဘာကြီးတစ်ခုလုံးဖြစ်လာခဲ့သည်၊၊

ဂျန်ဖန်းသာသေသွားလျှင် ဤကမ္ဘာကြီးမှာ သူမအတွက်နောက်ထပ်မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ၊၊

ထိုစကားတွေကြားသည့်အခါ ဂျန်ဖန်း နှလုံးသားနူးညံ့သွားပြီး သူမခါးလေးကိုပွေ့ဖက်ကာ တိတ်တဆိတ်နှစ်သိမ့်ပေးလိုက်သည်၊၊

ထိုစဥ်,အရိုက်ခံရသည့်အတွက် ပါးတွေယောင်ကိုင်းနေသည့် ဒင်းဝမ်ပိုင် ပူလောင်သည့်နာကျင်မှုကြောင့် နောက်ဆုံးမှာတော့ အသိပြန်ဝင်လာခဲ့သည်၊၊

ဒေါသတကြီးတုန်ယင်နေပြီး မတ်တပ်ရပ်ကာ ဟိန်းဟောက်လိုက်၏၊၊

"ဂျန်ဖန်း, ဒင်းမိသားစုပိုင်နက်မှာ မင်းဘယ်လိုတောင်ငါ့ကို တိုက်ခိုက်ရဲရတာလဲ---"

"ငါက ဆရာချင်ထောက်ခံပေးထားတဲ့ ဒင်းမိသားစု လူငယ်သခင်လေးကွ---"

"မင်းဘယ်လိုတောင်ငါ့ကိုတိုက်ခိုက်ရဲရတာလဲ, ဟမ်----"

ဂျန်ဖန်း ချန်းစီလင်ကို လွတ်ပေးလိုက်သည်၊၊

ထို့နောက် သူ့အကြည့်ကို ဒင်းဝမ်ပိုင်လှည့်လိုက်ပြီး မျက်လုံးတွေက အေးစက်နေခဲ့သည်၊၊

"အမြဲတမ်း မင်းငါနဲ့ ယှဥ်ပြိုင်ချင်နေတာမဟုတ်ဘူးလား---"

"အခုဘယ်သူမှမရှိဘူးဆိုတော့ မင်းကြိုးစားကြည့်ချင်သေးလား---"

ဒင်းဝမ်ပိုင် အချိန်အတော်ကြာကတည်းက ဂျန်ဖန်းကို သင်ခန်းစာတစ်ခုပေးချင်နေတာဖြစ်သည်၊၊

ယခု ဂျန်ဖန်း၏စိန်ခေါ်မှုကိုကြားသည့်အခါ သူက ဒေါသတကြီးရယ်လိုက်၏၊၊

"မင်း,ခွေးကောင်---- ငါ့ကိုနှစ်ခါပါးရိုက်တဲ့ရန်ငြိုးကို ပြိုင်ပွဲလေးတစ်ခုနဲ့ ပြီးသွားချင်တာလား----"

"မင်း အိမ်မက်မက်နေတာပဲ----"

"ငါမင်းကိုသတ်မယ်----"

သူက အနက်ရောင်ဓားတစ်လက်ကိုကိုင်ကာ ဂျန်ဖန်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားခဲ့သည်၊၊

"ခွေးကောင်, ငါမင်းကိုသတ်မယ်---"

အနက်ရောင်ဓားရှည်က စိတ်ဝိညာဥ်စွမ်းအင်တွေဖြင့် တောက်ပနေခဲ့သည်၊၊

ထိုအရာက ကြမ်းကြုတ်သည့်ဓားချီတွေကို သယ်ဆောင်ထားပြီး ဂျန်ဖန်း ခေါင်းတည့်တည့်ကို ခုတ်ချလိုက်သည်၊၊

သူက အမှန်တကယ်ကို မောက်မာလွန်း၏၊၊

လူမြင်ကွင်းမှာတောင် တစ်ဂိုဏ်းတည်းသားအချင်းချင်း သတ်ဖို့ကြိုးစားနေခဲ့သည်၊၊

ဂျန်ဖန်းမျက်လုံးတွေ ပိုမိုအေးစက်လာခဲ့သည်၊၊

"ပိုကောင်းတာပေါ့---"

သူက ပြတ်ပြတ်သားသားပဲ သူ့အနက်ရောင်ဓားကိုဆွဲထုတ်လိုက်သည်၊၊

"အလင်းခွဲဓား---"

မိုးချိန်းသံကဲ့သို့သောဓားချီက ဓားမှပေါက်ကွဲထွက်လာပြီး တုန်လှုပ်ဖွယ်မိုးကြိုးပစ်သံအဖြစ်ပြောင်းလဲသွားခဲ့သည်၊၊

ထိုကြီးမားသည့်ပေါက်ကွဲသံက ချက်ချင်းပဲ ဒင်းဝမ်ပိုင်ကော၊ သူ့ဓားကောကို နံရံတစ်ခုဆီသို့ လွင့်ထွက်သွားစေခဲ့သည်၊၊

ခရက်!

နံရံအက်ကွဲသွားပြီး ပင့်ကူအိမ်ကဲ့သို့ဖြစ်သွား၏၊၊၊

ဒင်းဝမ်ပိုင် နံရံပေါ်မှပြုတ်ကျလာပြီး ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရသည်၊၊

သူ့မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးကျယ်နေခဲ့သည်၊၊

သူက ထိုအရာကို မယုံနိုင်ဖြစ်နေ၏၊၊

သူဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သည့် အမှိုက်ကောင်က တကယ်ပဲ သူ့ကို ဓားတစ်ချက်တည်းနှင့် ဒဏ်ရာသွားစေသည်တဲ့လား----

သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ဖြစ်ပြီး ဂျန်ဖန်းကတော့ အဆင့် ၄ သာရှိတာ အသိသာကြီးပင်၊၊

သို့ပေမယ့် တိုက်ပွဲ၌ သူက အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့သည််၊၊

သူက ထိုအရာကို လက်မခံနိုင်ပေ၊၊

"ထပ်လာခဲ့----"

ဒင်းဝမ်ပိုင် မတ်တပ်ရပ်လိုက်ပြီး ဓားကိုဝှေ့ယမ်းကာ အော်ပြောလိုက်၏၊၊

ဤတစ်ချိန်၌ ဂျန်ဖန်း ဓားတောင်မသုံးချင်တော့ပေ၊၊

သူက ဦးတည်ချက်မဲ့နဂါးလက်ဝါးကို ထုတ်ဖော်လိုက်၏၊၊

ဘန်း!

အား---

အော်သံတစ်ခုနှင့်အတူ ဒင်းဝမ်ပိုင်ပါးစပ်မှ သွေးအန်လိုက်ရပြီး နောက်ကိုလွင့်ပျံသွားခဲ့သည်၊၊

ဤတစ်ချိန်၌ ကြီးမားသည့်သစ်ပင်ကြီးတစ်ခုကိုဝင်တိုက်ပြီးမှသာ ရပ်တန့်သွားခဲ့သည်၊၊

အဟွန့်! အဟွန့်!

သူက အပြင်းအထန်ချောင်းဆိုးလိုက်ရပြီး သွေးအန်နေခဲ့၏၊၊

သူ့မျက်လုံးတွေလည်း မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်၊၊

သူက လက်နက်မကိုင်ထားသည့်ဂျန်ဖန်းထက်တောင် အမှန်တကယ်နိမ့်ကျသည်လား---

ဤအရာက သူလက်မခံနိုင်သည့်အရာပဲဖြစ်သည်၊၊

ထိုအချိန်၌----

ဒင်းရှုဟိုင်နှင့် ဒင်းမိသားစု စွမ်းအားကြီးအဖွဲ့ဝင်များစွာ တိုက်ပွဲကိုခံစားမိပြီး အလျှင်အမြန်ချည်းကပ်လာကြသည်၊၊

ဂျန်ဖန်းအသက်ရှင်လျက်ပြန်လာတာကို မြင်သည့်အခါ သူတို့အားလုံး အံ့အားသင့်သည့်အမူအရာတွေပြသလာကြ၏၊၊

"သူတကယ်ပဲ သားရဲဘုရင်လိုက်သတ်တာကနေ လွတ်မြောခဲ့တာပဲ---"

"မဖြစ်နိုင်တာ, သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ---"

"သားရဲဘုရင် သူ့ကိုသနားပြီး ပြန်လွတ်လိုက်တာများလား---"

သို့ပေမယ့် ခဏကြာပြီးနောက် ဒင်းဝမ်ပိုင်၏ စုတ်ပြတ်သတ်နေသည့်အခြေအနေကို သတိထားမိလိုက်ကြသည်၊၊

ဒင်းရှုဟိုင် ကြောင်အသွား၏၊၊

"ဝမ်ပိုင်, မင်းအဆင်ပြေရဲ့လား----"

ဒင်းဝမ်ပိုင်က ဆရာချင်ရွေးချယ်ထားသည့် လူငယ်ခေါင်းဆောင်ဖြစ်၏၊၊

သူသာတစ်ခုခုဖြစ်သွားလျှင် ဒင်းမိသားစု ဆရာချင်ကို မည်သို့ရှင်းပြရမည်နည်း၊၊

ဒင်းဝမ်ပိုင် စိတ်အခြေအနေမကောင်းနေပြီး သူတို့နောက်ကျမှရောက်လာသည့်အတွက် အော်ဟစ်လိုက်သည်၊၊

"မင်းတို့တွေဘာလုပ်နေကြတာလဲ, အခုမှရောက်လာရလား----"

"ငါဆရာချင်ကိုတွေ့ချင်တယ်, သွားမြန်မြန်အကြောင်းကြားရီကြ---"

"ဒင်းမိသားစု ငါ့ကိုဘယ်လိုလျစ်လျူရှုတယ်ဆိုတာ ဆရာချင်ကိုပြရမယ်---"

ဒင်းရှုဟိုင် ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခံလိုက်ရသည်၊၊

ဒင်းမိသားစု ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤအရာက ကြီးမားသည့် စော်ကားမှုကြီးတစ်ခုဖြစ်ပြီး သူ့ကို အတော်လေးဒေါသထွက်သွားစေ၏၊၊

သို့ပေမယ့် ဆရာချင်သဘောကျထားသူဖြစ်၍ ဒင်းရှုဟိုင် သူ့ဒေါသတွေကိုမြို့ချလိုက်ရပြီး လေးလေးစားစာပြောလိုက်ရသသည်၊၊

"ဝမ်ပိုင်, ဒီကိစ္စကို ငါကိုင်တွယ်လိုက်ပါ့မယ်----"

"ဆရာချင့်ကို အနှောင့်အယှက်ပေးဖို့ မလိုပါဘူး---"

သို့ပေမယ့် ဒင်းဝမ်ပိုင် ဆက်လက်အော်လိုက်၏၊၊

"မင်းရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုရပ်လိုက်၊၊ ဆရာချင်ကို သွားခေါ်ဖို့ မင်းကို ငါပြောနေတယ်၊၊ သွားဆိုသွားလိုက်---, အခုချက်ချင်းသွား----"

"မင်းကြောင့် ငါဒေါသထွက်သွားရင် ငါဆရာချင်ကို တိုင်ရလိမ့်မယ်၊၊ အဲ့ဒါဆို ဒင်းမိသားစု ဘယ်တော့မှ သူ့အထောက်အပံ့ကို ရတော့မှာ မဟုတ်ဘူးနော်---"

ထိုအခိုက်အတန့်၌----

ဒင်းရှုဟိုင်သာမက ဒင်းထျန်ရှန်းနှင့် ဒင်းမိသားစုအကြီးအကဲတွေအားလုံး ဒေါသထွက်ကုန်ကြ၏၊၊

ဤခွေးမသားက အတော်လေးမောက်မာလှ၏၊၊

ဆရာချင်နောက်ခံရှိသည်နှင့် လုံးဝကို အထိန်းအကွပ်မဲ့ လုပ်ချင်တိုင်းလုပ်နေခဲ့သည်၊၊

ဒင်းရှုဟိုင် မေးရိုးကြွက်သားတွေ တဆက်ဆက်တုန်ယင်နေခဲ့သည်၊၊

သူ့ဒေါသကို ဖိနှိပ်ပြီး အကြီးအကဲတစ်ယောက်ကို ညွှန်ကြားလိုက်သည်၊၊

"ဆရာချင်ကို သွားခေါ်လိုက်---"

အကြီးအကဲအလျှင်အမြန်ထွက်သွားတာကိုကြည့်ပြီး ဒင်းဝမ်ပိုင် အောင်မြင်မှုကို ခံစားလိုက်ရ၏၊၊

သူ၏ တရားမဝင်မွေးဖွားလာမှုကြောင့် အကြီးအကဲတွေက မတူမတန်သလိုဆက်ဆံပြီး ဂရုမစိုက်ခဲ့ကြပေ၊၊

အခုတော့---

စကားတစ်ခွန်းဖြင့် ဤဂုဏ်မောက်သည့်အကြီးအကဲတွေ လက်အောက်ငယ်သားတွေကဲ့သို့ သူ့အမိန့်ကို စိတ်အားထက်သန်စွာ ပြုလုပ်နေကြ၏၊၊

သူက ခေါင်းဆောင်ငယ်ဖြစ်သော်လည်း သူ့စကားတွေက ခေါင်းဆောင်ထက်တောင် ပိုလေးနက်၏၊၊

ဤအရာကြောင့် ဒင်းဝမ်ပိုင် အတော်လေး ကျေနပ်နေခဲ့သည်၊၊

ဤသို့ဖြင့် သူ ဂျန်ဖန်းကိုကြည့်လိုက်သည့်အခါ တဖန်မြောက်ကြွမြောက်ကြွဖြစ်သွားခဲ့သည်၊၊

"ခွေးကောင်, မင်းဒါကိုမြင်လား---"

"အထောက်အထားဆိုတာ ဘာကိုဆိုလိုတာလဲကော နားလည်လား၊၊ အဆင့်အတန်းဆိုတာကော ဘာလဲသိလား၊၊ စွမ်းအားဆိုတာကကော ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ သဘောပေါက်လား---"

"ဒါပဲ---"

"သာမညောင်ညနည်းလမ်းလေးတွေနဲ့ ငါ, ဒင်းဝမ်ပိုင်ကို လာစိန်ခေါ်ချင်နေတယ်---"

"မင်းနဲ့ မထိုက်တန်သေးဘူး---"

ထိုအခိုက်အတန့်၌ သူမောက်မာတာက အတိုင်းထက်အလွန်ဖြစ်လာပြီး ရပ်တန့်လို့မရတော့ပေ၊၊

သူက တိမ်နေမင်းမြို့၏ စည်းမျဥ်းအမိန့် ဖြစ်လာသကဲ့သို့ပင်၊၊

အရာရာကို လွမ်းမိုးချုပ်ကိုင်နေခဲ့သည်၊၊

ဂျန်ဖန်းမျက်နှာက ထူးမခြားနားရှိနေဆဲဖြစ်သည်၊၊

သူက ရှေးစကားပုံတစ်ခုကို ပြန်တွေးမိလိုက်၏၊၊

ကောင်းကင်အပြစ်ကို ခွင့်လွတ်နိုင်၏၊၊ ကိုယ်တိုင်ကျူးလွန်တဲ့အပြစ်ကိုတော့ ခွင့်လွတ်လို့မရပေ----

ဒင်းဝမ်ပိုင်၏ မောက်မာမှုက သူ့ကို လုံးဝပျက်စီးသွားစေမှာဖြစ်သည်၊၊

"ဘာလဲ? အသံမထွက်ရဲလောက်အောင်ကို ကြောက်သွားတာလား---- ဟ---ဟ---ဟ---"

ဂျန်ဖန်း တိတ်ဆိတ်နေတာမြင်တော့ ဒင်းဝမ်ပိုင် အူလိုက်သည်းလိုက်ရယ်မောလိုက်၏၊၊

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်၊၊

"ဆေးမရှိတော့ဘူးပဲ---"

"ဒါက မင်းရဲနောက်ဆုံးရူးသွပ်မှုဖြစ်မှာပါ---"

All Chapters