← Chapters

ပထမနေရာ, ဂျန်ဖန်း

Vol. 10 Ch. 141

ပထမနေရာ, ဂျန်ဖန်း

Vol. 10 Ch. 141

"ဘာ?--"

လူအုပ်တစ်ခုလုံး အံ့အားသင့်မှုနှင့်အတူ ပဟေဠိဖြစ်သွားကြသည်၊၊

လူတိုင်း တုန်လှုပ်နေသည့်မျက်နှာတွေဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်၊၊

"ဒုတိယနေရာကဘယ်သူ?--- တန်ထျန်လုံလား---"

"အဆင့်သတ်မှတ်တာများ မှားသွားတာလား---"

"အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ လေးကောင်နဲ့ ချီကျင့်ကြံခြင်းအဆင့်သားရဲ တစ်ကောင်, ဒါက ပထမနေရာဆိုတာ သံသယရှိစရာမလိုဘူးလေ----"

"ဘယ်လိုလုပ်ပြီး သူက ဒုတိယရသွားရတာလဲ---"

တန်ထျန်လုံ မျက်နှာပေါ်ရှိအပြုံး အေးခဲသွားခဲ့သည်၊၊

မမျှော်လင့်ထားသည့်အဆင့်က သူ့ကို စိတ်ရှုပ်သွားစေခဲ့သည်၊၊

ဘယ်လိုလုပ်ပြီး သူက ဒုတိယရဖြစ်သွားသနည်း၊၊

သူ့ထက်သာသည့်တစ်စုံတစ်ယောက်ရှိနေသည်လား---

မဖြစ်နိုင်ပေ၊၊

ရှုယင်းရင်လည်း ကြောင်အနေခဲ့သည်၊၊

"ဘာတွေဖြစ်နေတာလဲ---"

"စီနီယာအကိုတန်က ဘယ်လိုလုပ်ပြီး ဒုတိယနေရာဖြစ်သွားရတာလဲ---"

"တစ်ခုခုမှားနေတာပဲဖြစ်မှာ---"

တပည့်တွေတော့မပြောလိုပေ၊၊

သူတို့ဘေးရှိ အကြီးအကဲတွေတောင် မယုံနိုင်သည့်အမူအရာတွေပြသလာ၏၊၊

သူတို့မျက်လုံးထဲ၌ တန်ထျန်လုံ၏အောင်မြင်မှုက အတော်လေး အထင်ကြီးစရာကောင်းနေပြီဖြစ်ပြီး သူတို့မျှော်လင့်ထားသည်ထက် အများကြီးပိုနေ၏၊၊

သို့ပေမယ့် ဤကဲ့သို့ စွမ်းဆောင်မှုက ဒုတိယနေရာသာရသည်တဲ့လား---

တန်ထျန်လုံဆရာ, မဟာအကြီးအကဲဖုန်းဂုချန်း ချက်ချင်းပဲ မေးခွန်းထုတ်လိုက်သည်၊၊

"ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်, မင်းက ငါ့တပည့်ရဲ့ရလဒ်နဲ့ပတ်သက်ပြီး အမှားလုပ်ရဲတယ်ပေါ့---"

"ဒီတစ်ကြိမ်မစ်ရှင်မှာ ငါ့တပည့်က ကျင့်ကြံရေးအမြင့်ဆုံးပဲ---"

"သူ့ထက်ဘယ်သူကများ ပိုသတ်နိုင်မှာမိုလို့လဲ----"

"ဖြစ်နိုင်တာ မင်းရဲ့အိုမင်းနေတဲ့မျက်လုံးတွေ မှုန်နေပြီနဲ့တူတယ်၊၊ ဒါ့ကြောင့် အဆင့်မှားပေးလိုက်တာမလား---"

ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် ထိတ်လန့်သွား၏၊၊

သူက ဘယ်လိုလုပ်ပြီး မဟာအကြီးအကဲကို အပြစ်လုပ်ရဲမည်နည်း၊၊

အလျှင်အမြန်ပဲ မတ်တပ်ရပ်အရိုအသေပေးကာ ပြောလိုက်သည်၊၊

"မဟာအကြီးအကဲ, ငါ အဆင့်သတ်မှတ်တာ မမှားပါဘူး--"

"တကယ်ပဲ တန်ထျန်လုံထက်မြင့်တဲ့တပည့်တစ်ယောက် ရှိပါတယ်--"

ဘာ?---

သူပြောလိုက်သည်နှင့်---

လူတိုင်း တုန်လှုပ်သွားကြသည်၊၊

တန်ထျန်လုံထက် ပိုရိတ်သိိမ်းနိုင်ခဲ့သည့်တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေ၏၊၊

ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း၊၊

အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ လေးကောင်းနှင့် ချီကျင့်ကြံခြင်းအဆင့်သားရဲတစ်ကောင်---

တန်ထျန်လုံကဲ့သို့ အတော်အားကောင်းသည့်လူမျိုး အဖွဲ့ထဲမှာရှိမှသာ ထိုကဲ့သို့ ကြီးမားသည့်ကွာဟချက်မျိုး ရှိလာနိုင်၏၊၊

သို့ပေမယ့် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ, ဘယ်တစ်ဖွဲ့ကမှ လုပ်နိုင်ပုံမပေါ်ပေ၊၊

တန်ထျန်လုံ ဤရိုက်ခတ်မှုကို လက်မခံနိုင်ပေ၊၊

စေလွတ်လိုက်သည့်အထဲ၌ ကျင့်ကြံရေးအမြင့်ဆုံးဖြစ်သည့် သူက အမှန်တကယ်နင်ခြေခံရပြီး ဒုတိယနေရာရသွားသည်တဲ့လား---

သူ့အတွက်တော့ ထိုအရာက အရှက်ရမှုကြီးပင်၊၊

သူက အသံမြှင့်ပြီးပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်, ပထမနေရာက ဘယ်သူပါလဲ၊၊ ကျေးဇူးပြုပြီး ကြေညာပေးပါ---"

သူမြင်ချင်သေး၏၊၊

ထိုကောင်ကဘယ်သူလဲ၊ သူ့ထက်မြင့်ဖို့ ဘယ်လောက်သတ်ခဲ့လဲ၊ ဆိုတာသူမြင်ချင်သေး၏၊၊

လျိုဝူချန်းအသိပြန်ဝင်လာခဲ့သည်၊၊

သူလည်း ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် အမှားလုပ်မိလားဟု သံသယဝင်ခဲ့မိ၏၊၊

သူ့မျက်လုံးတွေကို အဆင့်သတ်မှတ်ချက်စာရင်းသို့ ရွေ့လိုက်သည်၊၊

အဆင့် ၁ နေရာကိုကြည့်လိုက်သည့်အခါ ကြောင်အသွားပြီး ဒုတိယအကြိမ် ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်အမှားလုပ်လားဟု သူသံသယဝင်သွားခဲ့သည်၊၊

ပထမနေရာ၌ အခြားသူတစ်ယောက်ယောက်ဖြစ်လျှင်တောင် သူနားလည်ပေးနိုင်၏၊၊

သို့ပေမယ့် ဘယ်လိုလုပ်ပြီး ဂျန်ဖန်းဖြစ်နေရသနည်း၊၊

သူ၏ အသုံးမကျသည့်တပည့်ပင်၊၊

နောက်တစ်ကြိမ် သတ်ဖြတ်မှုပမာဏကို ကြည့်လိုက်သည့်အခါ---

၈ကောင်---

အာလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်တွေပင်၊၊

ထို့ပြင်,အားလုံးက အခြေခံတည်ဆောက်ခြင်း နောင်းပိုင်းအဆင့် သားရဲကြီးတွေဆိုတာ ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်က သီးခြားမှတ်သားထားခဲ့သည်၊၊

သူ၏ အသုံးမကျသည့်တပည့်က ဤကဲ့သို့ များပြားသည့် အခြေခံတည်ဆောက်ခြင်း နောင်းပိုင်းအဆင့် သားရဲကြီးတွေကို မည်သို့သတ်ခဲ့သနည်း၊၊

တစ်ကောင်ချင်း သေသည်အထိ ပါးစပ်နှင့် လိုက်ကိုက်သည်လား----

တစ်ခုခုမှားတာပဲဖြစ်ရပေမည်၊၊

သေချာပေါက် အမှားတစ်ခုပင်၊၊

သူက ပထမနေရာကို စိုက်ကြည့်နေပြီး ဖတ်သင့်မဖတ်သင့် မသေချာဖြစ်နေခဲ့သည်၊၊

အဆင့်မှားကြီးကို ဖတ်ပြတာဟာ သေချာပေါက် မုန်တိုင်းတစ်ခုဖြစ်သွားစေမည်ဖြစ်သည်၊၊

ဖုန်းဂုချန်း စိတ်မရှည်စွာစောင့်နေပြီး အနည်းငယ်ညိုးငယ်သည့်မျက်နှာဖြင့် ပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်, ဘာလို့ခုချိန်ထိ မကြေညာသေးတာလဲ----"

"ပထမနေရာက အတုမိုကြောင့်များလား---"

ဤအချိန်မှာ သူက မနေနိုင်ပဲ လျိုဝူချန်း လှည့်စားသည်ဟု သင်္ကာမကင်းဖြစ်လာခဲ့သည်၊၊

တန်ထျန်လုံပထမနေရာရပြီး ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဂုဏ်ကျက်သရေယူလာပေးသည့်အတွက် လျိုဝူချန်း တမင်တကာ ဖိနှိပ်တာဖြစ်နိုင်သည်၊၊

အခြားအကြီးအကဲတွေလည်း သိချင်လာပြီး သူ့ကို တိုက်တွန်းလိုက်ကြသည်၊၊

"ဂိုဏ်းချုပ်, မြန်မြန်ကြေညာလိုက်ပါ---"

"ဘယ်တောင်ထိပ်ရဲ့ ထူးချွန်တဲ့တပည့်လဲဆိုတာ ငါတို့ကြည့်ပါရစေ---"

တပည့်တွေလည်း အလားတူသိချင်နေကြသည်၊၊

သူတို့က ဘယ်သူဖြစ်နိုင်လဲဆိုတာ မခန့်မှန်းနိုင်ဖြစ်နေကြသည်၊၊

လျိုဝူချန်း ဖုန်းဂုချန်းကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်၊၊

'လူတိုင်းကို မင်းလို အကြံသမားများ ထင်နေလား---'

သို့ပေမယ့် သူသာ ဂျန်ဖန်းနာမည်ကိုဖတ်ပြလိုက်လျှင်---

သူလှည့်စားနေသည်ဟု လူတိုင်းထင်သွားမည်မှာပဲဖြစ်သည်၊၊

ခဏတာစဥ်းစားချင့်ချိန်ပြီးနောက် သူက စာရင်းကို သိမ်းကာ ပြောလိုက်သည်၊၊

"ပထမနေရာ-- အဲ့ဒါကို မကြေညာတော့ဘူး---"

"နောက်မှ ငါသူနဲ့ အသေစိတ်စကားပြောလိုက်မယ်----"

ပြောပြီးပြီးချင်းပဲ သူက ဂျန်ဖန်းကို ပြင်းထန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

ဆုပေးဒဏ်ပေးခန်းမသခင် ဘာကြောင့် ဂျန်ဖန်းကို ပထမနေရာထားလဲသူမသိပေမယ့်---

ထိုအရာက ဂျန်ဖန်း တစ်ခုခုလုပ်ထားတာပဲ ဖြစ်ရမည်၊၊

သူကိုလှည့်စားသည်ဟုစွပ်စွဲခံရလုနီးပါးဖြစ်စေသည့်အပြင် ဂိုဏ်းသခင်ဆိုသည့်သူ့ဂုဏ်သတင်းကိုလည်း ဖျက်ဆီးလုနီးပါးပင်၊၊

ထိုကောင့်ကို သင်ခန်းစာကောင်းကောင်း ပေးရတော့မည်ပဲဖြစ်သည်၊၊

သို့ပေမယ့်----

သူမကြေညာတာကို အခြားလူတွေ မည်သို့ သဘောတူကြမည်နည်း၊၊

ဖုန်းဂုချန်းပိုလို့တောင် သံသယဝင်သွားပြီး ဒေါသတကြီးရယ်လိုက်သည်၊၊

"ဂိုဏ်းချုပ်, ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ဂိုဏ်းသခင်တောင်ထိပ်ကို ကျော်တက်သွားမှာ မင်းမလိုလားတာ ငါနားလည်တယ်---"

"ဒါပေမယ့် ဒီလိုပေါ်တင်ကြီးဖိနှိပ်တာကျ မလွန်လွန်းဘူးလား---"

တန်ထျန်လုံလည်း နောက်ဆုံးမှာစိတ်သက်သာယာရသွားခဲ့သည်၊၊

သူ့ဒုတိယရရတာဟာ ခွန်အားမလုံလောက်တာကြောင့်မဟုတ်ပဲ တောင်ထိပ်နှစ်ခုခြား ပဋိပက္ခတွေကြောင့်သာဖြစ်သည်၊၊

သူက အစော်ကားရမှုနှင့် မလိုလားသည့်အမူအရာတွေ ပြသလာ၏၊၊

"ဂိုဏ်းချုပ်, မင်းက အမြဲဖြောင့်မတ်တယ်၊ တရားမျှတတယ်လို့ ငါထင်ခဲ့တာ၊၊ ပြီးတော့ အတော်လည်း လေးစားခဲ့တာ---"

"ဒါပေမယ့် မင်းက တောင်ထိပ်နှစ်ခုကြားက ယှဥ်ပြိုင်မှုကို ဒီလောက်ထိ ဂရုစိုက်လိမ့်မယ်လို့ ထင်မထားဘူး၊၊ ငါ့ကိုတောင် ဖိနှိပ်လိုက်သေးတယ်---"

"ငါ့စွမ်းဆောင်ရည်က မင်းကို မသက်မသာဖြစ်စေတယ်ဆိုရင် ငါ ဒုတိယနေရာကိုပဲ လက်ခံလိုက်ပါ့မယ်----"

ဆရာတပည့်နှစ်ယောက်က အကောင်းအဆိုးကစားနည်းကို ကစားနေခဲ့ကြသည်၊၊

(တစ်ယောက်ကဖိအားပေးပြီး, ကျန်တစ်ယောက်က နစ်နာသူဟန်ဆောင်တာကို ပြောတာပါ)

လျိုဝူချန်းကို လုံးဝကို ဗီလိန်တစ်ယောက်ကဲ့သို့ ပုံဖော်နေခဲ့သည်၊၊

ဤအရာကြောင့် လျိုဝူချန်း ဒေါသလည်းထွက် စိတ်လည်းပျက်သွားခဲ့သည်၊၊

သူက အကင်ခံနေရသကဲ့သို့ ခံစားနေရ၏၊၊

သူသာမကြောညာလျှင် သူတို့က သူ့ကို ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဖိနှိပ်သည်ဟု စွပ်စွဲကြတော့မည်ပဲဖြစ်သည်၊၊

ကြေညာပြန်လျှင်လည်း လှည့်စားတယ်ဆိုသည့်စွပ်စွဲချက်က ငြင်းလို့ရတော့မည်မဟုတ်ပေ၊၊

ဂျန်ဖန်းလည်း မကျေနပ်သည့်အမူအရာတွေပြသလာ၏၊၊

ဘာတွေဖြစ်နေသနည်း?--

သူပထမနေရာရတာကို ဘာကြောင့် မကြေညာရသနည်း၊၊

ထို့ပြင် နောက်မှ သီးသန့်စကားပြောဖို့တောင် စီစဥ်လိုက်သေး၏၊၊

ထိုအရာက သူ့ရလဒ်ဟာ တရားမဝင်ဘူးဟု ဆိုလိုနေသည်မဟုတ်ပေဘူးလား--

ထိုသို့ဆိုလျှင် သူကြိုးကြိုးစားစားအမဲလိုက်ခဲ့တာက ဘာမှမဟုတ်တော့ဘူးလား--

ထို့ကြောင့် သူက အရိုအသေပေးပြီး ပြောလိုက်သည်၊၊

"ဆရာ, ကျေးဇူးပြုပြီး အတင်းပြောတာတွေရပ်သွားအောင် ရလဒ်ကို ကြေညာပေးပါ---"

ဂျန်ဖန်းလည်း သူ့ကို တိုက်တွန်းနေတာ မြင်သည့်အခါ လျိုဝူချန်း ဒေါသထွက်သွားသည်၊၊

'မင်းကြောင့်ဒီရှုပ်ထွေးတဲ့အခြေအနေတွေဖြစ်လာတာ၊၊ ဒါကို အခု မင်းက မီးထဲ လောင်စာထပ်ထည့်ရဲသေးတယ်ပေါ့---'

ကြေညာလိုက်သည့်အခါ ဂျန်ဖန်းက လူတိုင်း၏ သံသယပစ်မှတ်ဖြစ်သွားပေမည်၊၊

ထိုအခါ သူလှည့်စားတာ ဘယ်လောက်ပဲကောင်းကောင်း အထုတ်ဖော်ခံရပြီး အရှက်ကွဲမည်ပဲဖြစ်သည်၊၊

"ဆရာ, ကြေညာလိုက်ပါ---"

ဂျန်ဖန်း နောက်တစ်ကြိမ် တိုက်တွန်းလိုက်၏၊၊

လျိုဝူချန်း ဒေါသထွက်သွား၏၊၊

'ကောင်းပြီလေ---'

'မင်းက ဒုက္ခရောက်ချင်နေမှတော့ ကာကွယ်မပေးလို့ဆိုပြီးဆရာ့ကို အပြစ်မတင်နဲ့---'

ထို့နောက်---

နောက်ထပ်တွေဝေမနေတော့ပဲ သူက စာရင်းကို တဖန်ထုတ်ယူလိုက်ပြီး ကြေညာလိုက်သည်၊၊

"ပထမနေရာက---"

အစောပိုင်းဆူညံနေတဲ့မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်၊၊

လူတိုင်း နားတွေထောင်မတ်နေပြီး ဂိုဏ်းသခင် တန်ထျန်လုံကိုဖိနှိပ်လောက်အောင် ဘယ်သူကများလုပ်နိုင်ခဲ့တာလဲဆိုတာ သိချင်နေခဲ့ကြသည်၊၊

သူတို့က ဖြစ်နိုင်ခြေအားလုံးကို စဥ်းစားခဲ့ကြ၏၊၊

ပထမဦးစွာ, ဤလူက သေချာပေါက် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်မှမဟုတ်ပေ၊၊

ဒုတိယအနေဖြင့်, ခွန်အားက ကျိုကြောင်းဆီလျော်ရမည်ဖြစ်သည်၊၊ တန်ထျန်လုံထက် အများကြီးအားနည်းလို့မဖြစ်ပေ၊၊

မဟုတ်လျှင် မည်သူကမှ လက်ခံမည်မဟုတ်ပေ၊၊

တန်ထျန်လုံလက်ပိုက်ထားပြီး အေးစက်စက်မျက်နှာထားဖြင့် နားထောင်နေခဲ့သည်၊၊

ဘယ်သူပဲဖြစ်ဖြစ် သူကတော့ လက်ခံမည်မဟုတ်ပေ၊၊

သူက တစ်ဖက်လူသတ်ခဲ့သည့်အရေအတွက်ကို စုံစမ်းပြီး သူတို့၏လှည့်ဖြားမှုကို ထုတ်ဖော်ချင်တာပဲဖြစ်သည်၊၊

တန်ထျန်လုံဆီမှ ပထမနေရာကို လုယူချင်သည်လား---

အိမ်မက်မက်နေလိုက်လေ--

ဖုန်းဂုချန်း နှာခေါင်းရှုံ့လိုက်ပြီး ပတ်ပတ်လည်ကို အေးစက်စွာကြည့်လိုက်သည်၊၊

ဘယ်တောင်ထိပ်တပည့်က မဆင်မခြင် ဂိုဏ်းချုပ်နှင့်ပူပေါင်းပြီး ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဖိနှိပ်တာလဲဆိုတာ သူလည်းမြင်ချင်မိ၏၊၊

မကြာခင်မှာပဲ သူတို့တွေ လုံးဝ အရှက်ခွဲမှာဖြစ်သည်၊၊

ထိုစဥ်---

လျိုဝူချန်း အသက်ပြင်းပြင်းရူလိုက်သည်၊၊

နောက်ဆုံးမှာတော့ ပထမနေရာ၏နာမည်ကို ကြေညာလိုက်၏၊၊

"ဂျန်ဖန်း--"

All Chapters