အထွတ်အမြတ်ခန်းမ
Vol. 10 Ch. 143
ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် ကြောင်သွားခဲ့သည်၊၊
ပုံမှန်မဟုတ်စွာကြီးမားသည့် နတ်ဆိုးသားရဲအမြုတေကြီးကို စိုက်ကြည့်နေပြီး တစ်ခဏကြာ ထိုအရာကို မမှတ်မိနိုင်ဖြစ်သွား၏၊၊
အနီးကပ်သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့သည်၊၊
"ဒါ--- ဒါက သားရဲဘုရင်အမြုတေပဲ---"
"ဒါက သားရဲဘုရင်အမြုတေတစ်ခုပဲ---"
"ဘုရားရေ, မင်း သားရဲတစ်ရာတောင်ရဲ့ သားရဲဘုရင်ကို သတ်ခဲ့တာလား---"
ရင်ပြင်ကျယ်ကြီး၌ ရုတ်တရက် ဆူညံသွားခဲ့သည်၊၊
ကံကောင်းစွာဖြင့် ဤနေရာက လဟာပြင်ဖြစ်နေခဲ့သည်၊၊ အဆောက်အဦးအတွင်းမှာသာဆိုလျှင် စိတ်လှုပ်ရှားမှုက အမိုးတွေတောင်လှန်သွားစေမည်ဖြစ်သည်၊၊
"သားရဲဘုရင်က အမြုတေဖွဲ့စည်းခြင်းအဆင့်မလား---"
"သူ တကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်တည်မှုကြီးကို သတ်ခဲ့တာလား--"
"ငါတို့တိမ်စိမ်းဂိုဏ်းပိုင်နက်မှာ သားရဲဘုရင်ဆိုလို့ သားရဲတစ်ရာတောင်က တစ်ကောင်ပဲရှိတယ်---"
"ဒါဆို ဆိုလိုတာက ဂျန်ဖန်း တကယ်ပဲ သားရဲတစ်ရာတောင်ရဲ့ နတ်ဆိုးသားရဲတွေကိုသတ်ခဲ့တာပေါ့---"
"သူမလိမ်ခဲ့ဖူးပဲ၊၊ သူက တကယ်ပဲ နတ်ဆိုးသားရဲအများကြီးကို သတ်ခဲ့တာပဲ----"
သံသယရှိသူတွေအားလုံး တိတ်ဆိတ်သွားကြသည်၊၊
အခြားသားရဲအမြုတေတွေက ဝယ်လို့ရနိုင်၏၊၊
သို့ပေမယ့် သားရဲဘုရင်အမြုတေကို ဘယ်နေရာက ဝယ်မည်နည်း၊၊
တန်ထျန်လုံမျက်နှာ အရုပ်ဆိုးသွားခဲ့သည်၊၊
သူက ဂျန်ဖန်း၏ပထမနေရာကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့၏၊၊
သို့ပေမယ့် ဘယ်သူသိမည်နည်း၊၊ ထိုအစား သူက ဂျန်ဖန်းပထမနေရာကို အငြင်းပွားစရာမလိုသည်ထိ ခိုင်မာအောင်ပြုလုပ်ပေးလိုက်သည်၊၊
သူ့အနှစ်သက်ရဆုံးတပည့် အလွန်အရှက်ကွဲနေတာကိုမြင်တော့ ဖုန်းဂုချန်း ဒေါသတကြီး ပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်, မင်းက ဂျန်ဖန်း ပထမနေရာရတာသိထားမှာတော့ ဘာကြောင့် ခုနကဖုံးကွယ်ထားရတာလဲ----"
ထိုသို့သာမဟုတ်လျှင် တန်ထျန်လုံ ဂျန်ဖန်းကို ဒီလောက်ထိသံသယဝင်မှာမဟုတ်ပဲ အရှက်တကွဲအကျိုးနည်းလည်းဖြစ်မှာမဟုတ်ပေ၊၊
လျိုဝူချန်းပါးစပ် တွန့်လိမ်သွား၏၊၊
'မင်းကငါ့ကိုမေးတယ်ဆိုတော့, ငါက ဘယ်သူ့ကို သွားမေးရမှာလဲ---'
သူက အခြားလူအားလုံးထက် ပိုပြီး ပဟေဠိဖြစ်နေခဲ့သည်၊၊
သူအထင်မကြီးသည့် ဤတပည့်က အမှန်တကယ်ပဲ ဤကဲ့သို့ အံ့မခန်းစွမ်းဆောင်မှုကို လုပ်နိုင်ခဲ့သည်လား---
အခုသူက ဘယ်သူနှင့် အကြောင်းပြချက်ပေးရတော့မည်နည်း၊၊
သို့ပေမယ့်---
တစ်ဂိုဏ်းလုံးရှေ့၌ သူက သဘာဝအတိုင်း သူ၏ မိုက်မဲမှုကို ထုတ်ပြမည်မဟုတ်ပေ၊၊
လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်၊၊
"အမ်-- ဒါက မင်းတပည့်တန်ထျန်လုံ စိတ်ဓာတ်မကျအောင်လို့မလား----"
"ဘယ်သူသိမှာလဲ, မင်းတပည့်က အဆုံးထိ အသည်းအသန်လိုက်လိမ့်မယ်လို့---"
"အခု သူအရှက်ကွဲတာ မင်း ဒီဂိုဏ်းချုပ်ကို လာအပြစ်တင်လို့မရဘူး---"
ဖုန်းဂုချန်း အံ့ကြိတ်လိုက်၏၊၊
ယနေ့အမှန်တကယ်ပဲ သူတို့က ကိုယ့်ကိုယ်ကို အရှက်ခွဲခဲ့၏၊၊
မျက်နှာပျက်ရုံသာမက ဂိုဏ်းသခင်တောင်ထိပ်ကို ဂုဏ်သတင်းတောက်ပသွားစေခဲ့သည်၊၊
ပိုဆိုးသည့်ကိစ္စက ဂျန်ဖန်း ထိုကိစ္စကို လွတ်ပေးဖို့ ဆန္ဒမရှိတာပဲဖြစ်သည်၊၊
သူက လက်နှောက်ပစ်ထားပြီး တန်ထျန်လုံကိုကြည့်ကာ ပြောလိုက်သည်၊၊
"မင်းမှာ နောက်ထပ်သံသယတွေရှိသေးလား---"
"ဒုတိယကောင်, တန်ထျန်လုံ---"
ထိုစကားက အစစ်အမှန် ထိုးနှက်ချက်ဖြစ်သည်၊၊
လူတိုင်းနှုတ်ခမ်းတွေ အထိန်းအကွပ်မဲ့ တွန့်လိမ်သွားကြသည်၊၊
တန်ထျန်လုံး အရှက်ရမှုကြောင့် ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်၊၊
"မင်းငါ့ထက်ပိုသတ်ခဲ့တော့ကော ဘာဖြစ်လဲ---"
"ဒါက အထွတ်အမြတ်ခန်းမမှာ နည်းနည်းပိုကျင့်ကြံနိုင်ရုံပဲ---"
"မင်းလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့ အမှိုက်ကောင်က ဘယ်လောက်ကြာအောင်ကျင့်ကျင့် ဘာထူးမှာမိုလို့လဲ----"
ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်၊၊
"ငါမကျင့်ကြံနိုင်ရင်တောင်, ငါ့ဇနီးနှစ်ယောက် ကျင့်ကြံနိုင်တာပဲ---"
သူက လူအုပ်ထဲရှိ ရုရို့ရန်ကို လက်ယက်ခေါ်လိုက်၏၊၊
ရှုရို့ရန် လူတိုင်းရှေ့မှာပဲ ရှက်ရွံ့စွာဖြင့် ဂျန်ဖန်းဆီကိုပြေးလာကာ မကျေမနပ်ပြောလိုက်သည်၊၊
"နင်နဲ့စီလင် သွားရင်လုံလောက်နေပြီကို, ဘာလို့ငါ့ကိုပါ ဆွဲသွင်းရတာလဲ---"
"ဒီလောက်လူအများကြီးကကြည့်နေတာ ရှက်စရာကောင်းလွန်းတယ်---"
ဂျန်ဖန်း သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ရယ်လိုက်သည်၊၊
"ဒီနည်းနဲ့ဆိုရင်, ပုံမှန်အားဖြင့် မနာလို အသေရေဖျက်နေတဲ့လူတွေကို မင်းယောက်ျားအရွေးမှားလားဆိုတာကို ကောင်းကောင်းကြည့်ခိုင်းလို့ရတယ်လေ---"
ထိုအရာကိုကြားသည့်အခါ, ရှုရို့ရန် မျက်လုံးတွေ အနည်းငယ် တောက်ပသွား၏၊၊
သူမက မသိတ်စိတ်အရ သူမလည်တိုင်ကျော့ကျော့လေးကို အနည်းငယ်မော့လိုက်သည်၊၊
သူမက အလွန်လှပြီး စိတ်ဝိညာဥ်အမြစ်ကလည်း အလွန်မြင့်၏၊၊ သို့ပေမယ့် သူမသတို့သားက နာမည်ဆိုးဖြင့်ကျော်ကြားသည့် စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်း ဖြစ်သည်၊၊
အတင်းအဖျင်းတွေမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း၊၊
သူမကို အကန်းမလို့ခေါ်သည့် မနာလိုတိုက်ခိုက်သူတွေ မနည်းပေ၊၊
ဂျန်ဖန်း၌ အမှန်တကယ် စိတ်ဝိညာဥ်အမြစ်မရှိသည့်အတွက် သူမ ဘယ်တုန်းကမှ မငြင်းခုန်ခဲ့ပေ၊၊ ငြင်းလည်းမငြင်းနိုင်ပေ၊၊
သို့ပေမယ့် ယနေ့, သူမ နောက်ဆုံးမှာတော့ ဂုဏ်ယူနိုင်ပြီဖြစ်သည်၊၊
ယခု သူမသတို့သားကို မထိုက်တန်ဘူးဟု မည်သူပြောရဲသနည်း၊၊ သူမကို အမျှော်အမြင်မရှိဘူးဟု မည်သူပြောရဲသနည်း၊၊
ဂျန်ဖန်းကြောင့် ရှုရို့ရန်နှင့် ချန်းစီလင်တို့ လူအများအာရုံစိုက်ခံနေရတာကိုမြင်သည့်အခါ ရှုယင်းရင်း အတော်လေး မသက်မသာခံစားလာရသည်၊၊
သူမက နှုတ်ခမ်းကိုက်လိုက်ပြီး သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်၊၊
သူမအမူအရာကို သတိထားမိသည့်အခါ တန်ထျန်လုံ ပိုလို့တောင်အရှက်ရသလို ခံစားလိုက်ရ၏၊၊
မထွက်ခွာခင်က သူက သူ့ကြီးကျယ်မှုကို ခမ်းခမ်းနားနားကို ကြွားဝါပြောဆိုခဲ့၏၊၊
အဆုံးမှာတော့ သူက ရှုယင်းရင်ကို နိမ့်ကျအောင်လုပ်မိပြီဖြစ်သည်၊၊
သူက အော်ပြောလိုက်သည်၊၊
"အထွတ်အမြတ်ခန်းမကို ဝင်ရောက်တာနဲ့ စိတ်ချလက်ချနေလို့ရပြီလို့မဆိုလိုဘူး----"
"ကျင့်ကြံရေးဆိုတာ လမ်းညွှန်မှုတွေလိုအပ်တယ်---"
"မင်းလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့အမှိုက်ကောင်က သူတို့ကို လမ်းညွှန်ပေးနိုင်လို့လား---"
ထို့နောက် သူက ရှုယင်းရင်ဘက်လှည့်ကာ ပြောလိုက်သည်၊၊
"ဂျူနီယာညီမရှု, သွားကြစို့၊၊ ငါ့နောက်လိုက်ခဲ့, ငါကိုယ်တိုင်မင်းရဲ့ကျင့်ကြံရေးကို လမ်းညွှန်ပေးမယ်---"
"ငါ သေချာပေါက်ပြောရဲတယ်၊၊ ငါနဲ့တစ်ရက်လေ့ကျင့်တာက သူတို့နဲ့ ၁၀ရက် လေ့ကျင့်တာထက် ပိုတန်ဖိုးရှိတယ်---"
ရှုယင်းရင် မျက်လုံးတွေ တောက်ပသွား၏၊၊
'ဟုတ်တယ်--'
'အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသေချာသေဘူး--'
တန်ထျန်လုံက ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဖြစ်၏၊၊
သူ့လမ်းညွှန်မှုနဲ့ဆိုရင် သူမတိုးတက်မှုက ဘယ်လိုလုပ်ပြီး သူတို့ကို မကျော်လွန်ပဲနေမည်နည်း၊၊
ထိုအရာကိုကြားသည့်အခါ, လူအုပ်နောက်ဆုံးမှာတော့ အသိပြန်ဝင်လာခဲ့ကြသည်၊၊
"ဒါအမှန်ပဲ၊၊ ပထမနေရာရတာ ဘာတွေများကြီးကျယ်နေလို့လဲ---"
"အကျိုးပြုမှတ်တွေက အဆုံးမှာတော့ အထွတ်အမြတ်ခန်းမမှာ ကျင့်ကြံဖို့ပဲ သုံးနိုင်တာ၊၊ ဂျန်ဖန်းမှာအကျိုးပြုမှတ်ဘယ်လောက်ပဲရှိရှိ သူက သူ့ဇနီးတွေကို လမ်းညွှန်ပေးနိုင်မှာတဲ့လား----"
"ရှုယင်းရင်က ကံကောင်းနေဆဲပဲ၊၊ သူက အထွတ်အမြတ်ခန်းမမှာ တစ်ရက်, တစ်ရက်ခွဲလောက်ပဲကျင့်ကြံနိုင်မှာဆိုပေမယ့် သူမအောင်မြင်မှုက အဲ့ဒီဂျန်ဖန်းဇနီးနှစ်ယောက်ထက်သာမှာ အသေအချာပဲ--"
မဟာအကြီးအကဲကို အနိုင်ရသည့်အတွက်ပျော်ရွင်နေသည် လျိုဝူချန်းလည်း စိတ်ထဲမှာ သက်ပြင်းချလိုက်သည်၊၊
"ဂျန်ဖန်း ဝင်သွားရင် အကျိုးပြုမှတ်တွေကို ဖြုန်တီးတာပဲဖြစ်မှာ---"
ထိုအရာကိုတွေးပြီး သူကပြောလိုက်သည်၊၊
"ဂျန်ဖန်း, မင်းစိတ်မရှိရင်, သူတို့ကို လမ်းညွှန်ပေးဖို့ ငါ ဝမ်ချန်းဂျန်ကို အထွတ်အမြတ်ခန်းမထဲလွတ်ပေးမယ်လေ---"
ဤနည်းဖြင့် အကျိုးပြုမှတ်တွေကို ဖြုန်းတီးရာမရောက်ရုံသာမက ဂျန်ဖန်းဇနီးတွေလည်း လမ်းညွှန်မှုကောင်းတွေရမည်ဖြစ်သည်၊၊
သို့ပေမယ့် ထိုအရာက ဂျန်ဖန်းနှင့် တန်ထျန်လုံကြားက ယှဥ်ပြိုင်မှု၊ ရှုယင်းရင်နှင့် အမျိုးသမီးနှစ်ယောက်ကြားက ယှဥ်ပြိုင်မှုဆိုတာ လျိုဝူချန်းနားမလည်ပေ၊၊
ထို့ကြောင့် ဂျန်ဖန်းသွားရမည်ပင်၊၊
"ဆရာ, ငါ မကြာသေးခင်က သိုင်းပညာလမ်းကြောင်းမှာဉာဏ်အလင်းအချို့ရထားတယ်၊၊ ဒါကို ငါ့ဇနီးနှစ်ယောက်နဲ့ မျှဝေချင်တယ်၊၊ ဒီတော့ ငါငြင်းဆိုရပါလိမ့်မယ်--"
အငြင်းခံရသည့်အတွက် လျိုဝူချန်းမျက်ခုံးတွေ မြှင့်တက်သွား၏၊၊
သို့ပေမယ့် ဂျန်ဖန်းအခုလေးတင် သူကို မျက်နှာရအောင်လုပ်ပေးထားတာကိုတွေးပြီး သူ့စိတ်ခံစားချက်ကိုထိန်းချုပ်ကာ ခေါင်းညိတ်လိုက်၏၊၊
"ဒါဆိုလည်း မင်းဘာသာပဲ စီစဥ်လိုက်ပါ---"
အဆုံးမှာတော့ အထွတ်အမြတ်ခန်းမထဲမှာကျင့်ကြံပြီးနောက် ဂျန်ဖန်းဇနီးတွေနိမ့်ကျသွားလျှင် မျက်နှာပျက်မှာ ဂျန်ဖန်းကိုယ်တိုင်ပဲဖြစ်သည်၊၊ သူ, လျိုဝူချန်းမဟုတ်ပေ၊၊
တန်ထျန်လုံ ရယ်ပြီးပြောလိုက်သည်၊၊
"ဂျန်ဖန်း, မင်း ဂိုဏ်းချုပ်စီစဥ်ပေးတာကို လိုက်နာသင့်တယ်---"
"တစ်ယောက်ယောက်ကို မင်းမိန်းမတွေကို လမ်းညွှန်ခိုင်းလိုက်စမ်းပါ----"
"အနည်းဆုံးတော့ မင်းမိန်းမတွေ ဆိုးဆိုးဝါးဝါးကြီး မရှုံးတော့ဘူးပေါ့---"
ဂျန်ဖန်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သားရဲအမြုတေအပြည့်ပါသည့်အိတ်ကို တချွင်ချွင်မြည်အောင် လှုပ်ယမ်းပြလိုက်သည်၊၊
ထိုအရာကြောင့် တန်ထျန်လုံမျက်နှာ မဲမှောင်သွား၏၊၊
"ကံကောင်းသွားလို့ မင်းအများကြီးရသွားတာပါ---"
"အထွတ်အမြတ်ခန်းမထဲကရလဒ်ကို ငါတို့မြင်ရမှာပါ---"
ဂျန်ဖန်း ပြုံးလိုက်၏၊၊
သူ့ရိတ်သိမ်းမှုက အကျိုးပြုမှတ် ၁၈၀ ရှရှိ၏၊၊
သုံယောက်အညီအမျှခွဲလျှင်တောင် တစ်ယောက်ကို ငါးရက်ကျင့်ကြံနိုင်၏၊၊
သုံးယောက်လုံး အဆင့်တက်နိုင်မလားဆိုတာကတော့ အထွတ်အမြတ်ခန်းမထဲမှာ စိတ်ဝိညာဥ်စွမ်းအားဘယ်လောက်ရှိလဲအပေါ်ပဲမူတည်တာဖြစ်သည်၊၊
"ဂျန်ဖန်း---"
ထိုအခိုက်အတန့်၌----
ကောင်းကင်ဓားတောင်ထိပ် အကြီးအကဲလီချင်ဖုန်း လေးလံသည့်နှလုံးသားဖြင့် ချည်းကပ်လာခဲ့သည်၊၊
အစပိုင်းမှာ လီချင်းဖုန်း သူ့ကို သဘောမကျခဲ့ပြီး အလားအလာအကုန်သုံးပြီး ကျင့်ကြံရေးအောင်မြင်မှုရရှိသည်ဟု ဆက်တိုက်ပြောဆိုခဲ့သော်လည်း---
သူက ချန်းစီလင်နှင့် ရှုရို့ရန်တို့ကို ကောင်းကောင်းဆက်ဆံ၏၊၊
ထို့ကြောင့် ဂျန်ဖန်းက လေးလေးစားစားပဲ ပြန်ပြောလိုက်၏၊၊
"အကြီးအကဲလီကို နှုတ်ဆက်ပါတယ်---"
လီချင်ဖုန်းတွေဝေနေပြီး မေးလိုက်သည်၊၊
"ငါ့တပည့်ဒင်းဝမ်ပိုင်ကို ဘာလို့မမြင်မိတာလဲ၊၊ မင်းမှာ သူ့သတင်းတစ်ခုခုများရှိလား---"
သူက ပထမဦးစွာပြန်လာသည့်တပည့်တွေကို မေးကြည့်ပြီးပြီဖြစ်သည်၊၊
သူသိခဲ့တာက ဒင်းဝမ်ပိုင် ဝိညာဥ်သခင်တစ်ယောက်၏ နှစ်သက်မှုကိုရပြီး ဒင်းမိသားစုလူငယ်ခေါင်းဆောင်ဖြစ်သွားပြီဆိုတာပင်၊၊
ဒင်းရှုဟိုင်၏ မှာကြားချက်ကို မှတ်မိသွားပြီး ဂျန်ဖန်း အခြေအနေတစ်ရပ်လုံးကို ရှင်းပြလိုက်သည်၊၊
ထိုအရာကိုကြားသည့်အခါ, လီချင်ဖုန်းစိတ်ထဲတုန်လှုပ်သွားပြီး မျက်လုံးတွေက ဝမ်းနည်းသည့်အမူအရာတွေပြသလာ၏၊၊
သို့ပေမယ့် သူဘာမှမလုပ်နိုင်ပေ၊၊
အဆုံးမှာတော့ ဒင်းဝမ်ပိုင်က ဒင်းမိသားစု အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်၊၊
ထိုအရာက သူတို့မိသားစု အရေးကိစ္စဖြစ်၏၊၊
သူက အပြင်လူတစ်ယောက်သာဖြစ်ပြီး ထိုကိစ္စကို ဝင်ပါလို့မရပေ၊၊
ထို့ပြင်, ပါဝင်ဖို့လဲ နောက်ကျသွားပြီဖြစ်သည်၊၊
"အာလား, ငါ့သူ့ကို အမြဲသတိပေးခဲ့တယ်၊၊ သူ့စိတ်ကိုကောင်းကောင်းထားပြီး မမောက်မာဖို့၊ စိတ်ရှည်သည်းခံတတ်ဖို့၊ မဟုတ်ရင် သူ့ဆီကို ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်လို့ အမြဲပြောတယ်---"
"အဆုံးမှာတော့ ဒါက တကယ်ဖြစ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး----"
ထို့နောက် သူ့ရှေ့က တည်ငြိမ််ပြီးစိတ်ဓာတ်ခိုင်မာသည့် ဂျန်ဖန်းကိုကြည့်ပြီး----
သူက မနေနိုင်ပဲတွေးလိုက်သည်၊၊
ဒင်းဝမ်ပိုင်သာ ဂျန်ဖန်းတစ်ဝက်လာက်တည်ငြိမ်လျှင် ဤကဲ့သို့ကံကြမ္မာမျိုးနှင့် ကြုံရမည်မဟုတ်ပေ၊၊
ထိုအရာကိုတွေးပြီး သူ ဂျန်ဖန်းကိုကြည့်သည့်အကြည့်တွေက အနည်းငယ်ကွဲပြားလာခဲ့သည်၊၊
ဤမမျှော်လင့်ထားသည့် အံ့အားသင့်စရာအောင်မြင်မှုတွေက သူ့စိတ်ဓာတ်နှင့် ဆက်စပ်နေရမည်ပင်၊၊
သူက လက်မြောက်ပြီး ဂျန်ဖန်း ပခုံးကို ပုတ်လိုက်သည်၊၊
"ဒီတစ်ကြိမ် မင်းကောင်းကောင်းလုပ်ခဲ့တာပဲ----"
"ဒါပေမယ့် ငါ့တပည့်မနှစ်ယောက်နဲ့ ထိုက်တန်ချင်တယ်ဆိုရင်တော့ မင်းက ခရီးရှည်ကြီးဆက်လျှောက်ရအုန်းမယ်---"
"အခုလိုပဲ ဆက်ကြိုးစားပါ----"
ဂျန်ဖန်း ထူးဆန်းမှုကို ခံစားလိုက်ရ၏၊၊
ဤအရာက တကယ်ပဲ သူ့ကိုအထင်မကြီးသည့်လီချင်ဖုန်းနှင့် တစ်ယောက်တည်းပဲလား---
ထို့နောက် သူ့ခေါင်းကိုခါယမ်းလိုက်ပြီး အမျိုးသမီးနှစ်ယောက်ကို ဦးဆောင်ကာ အထွတ်အမြတ်ခန်းမကို ထွက်လာခဲ့လိုက်သည်၊၊
အထွတ်အမြတ်ခန်းမရှေ့၌---
ဖရိုဖရဲဖြစ်နေသည့် လူအိုကြီးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေခဲ့ကြသည်၊၊
သူတို့ထဲကတစ်ယောက်က စာအုပ်ဆောင်မှ ဟွမ်ကျန်ထျန်ပင်၊၊
ဂျန်ဖန်း ချည်းကပ်လာတာမြင်တော့ သူက အလျှင်အမြန်ပြောလိုက်သည်၊၊
"လူအိုကြီးကျန်း, ငါပြောတာ အဲ့ဒီကလေးပဲ---"
လူအိုကြီးကျန်းက နောက်ထပ်မြင့်မြတ်အကြီးအကဲတစ်ယောက်ဖြစ်သည့် ကျန်းချိုရှန်းပင်၊၊
သူက အထွတ်အမြတ်ခန်းမကို စောင့်ကြပ်ဖို့တာဝန်ယူထားရတာဖြစ်သည်၊၊
ညွှန်ပြသည့်ဦးတည်ချက်ကိုကြည့်လိုက်သည့်အခါ သူက မနေနိုင်ပဲ သံသယအရိပ်အယောင်တွေပြသလာ၏၊၊
"သူ့ကျင့်ကြံရေးက နိမ့်လှကြီလား၊၊ အခြေခံတည်ဆောက်ခြင်းအဆင့် ၄ ပဲရှိသေးတယ်---"
"မဟုတ်ကဟုတ်ကစာအုပ်တွေအများကြီးဖတ်ခဲ့လို့ မင်းမျက်လုံးတွေ မှုန်သွားပြီလား----"
"မင်းက တကယ်ပဲ ဒီကလေးကို အထင်ကြီးနေတယ်ပေါ့---"
ဟွမ်ကျန်ထျန် မျက်လုံးလိမ့်လိုက်သည်၊၊
"ငါ ဘယ်တုန်းက လူကဲခတ်မှားဖူးလို့လဲ--"
ကျန်းချိုရှန်နှုတ်ခမ်းတွန့်ကွေးသွား၏၊၊
"ကောင်းပြီလေ, သူတို့က ခုလေးတင် အမဲလိုက်လို့ပြီးခဲ့တာမလား---"
"မင်းသဘောကျတဲ့တပည့်လေး ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့လဲ ကြည့်ရတာပေါ့----"
"အကျိုးပြုမှတ်တစ်မှတ်မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်---"