← Chapters

ငါက နင့်ရဲ့ ဆရာမ ဖြစ်တာကြောင့်

Vol. 7 Ch. 92

ငါက နင့်ရဲ့ ဆရာမ ဖြစ်တာကြောင့်

Vol. 7 Ch. 92

အန်လင်းနှင့် စုရှောင်လန်၏ တံဆိပ်သည်လည်း တောက်ပသည့် အလင်းများ ထွက်ပေါ်လာလေသည်။ သို့သော်လည်း သူတို့နှစ်ဦးသည် ထိုတံဆိပ်အား စိုက်ကြည့်ရုံမှလွဲ မည်သည့်အရာမျှ ပြုလုပ်နိုင်ခြင်း မရှိကြချေ။

အန်လင်းတို့သည် တစ်ဦးနှင့်တစ်ဦး ဆွံ့အကာဖြင့် ကြည့်နေစဉ်မှာပင် ရုတ်တရက် ဆိုသလို ခန္ဓာကိုယ်အတွင်းမှ အဖြူရောင် အလင်းများ ထွက်ပေါ်လာသည်။

“ဒီဟာက…”

အန်လင်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာသည်။ လျှို့ဝှက် နယ်မြေအတွင်း ဝင်ရောက်စဉ်တွင် ဖြစ်ပေါ်ခဲ့သည်များအား ပြန်လည် အမှတ်ရမိလိုက်သည်။

ဖြစ်နိုင်သည်မှာ ထိုအဖြူရောင် အလင်းသည် သူတို့အား လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းပေးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သေချာသည်။ သူတို့၏ ခန္ဓာကိုယ်များသည် နစ်မြုပ် လာပြီးနောက်တွင် အရိုးဖြူ နယ်မြေအတွင်းမှ ပျောက်ကွယ် သွားတော့သည်။

အန်လင်းနှင့် စုရှောင်လန်တို့သည် ရှေးဟောင်း ကျောက်စိမ်းရေကန်သို့ ပြန်လည် မရောက်ရှိမီတွင် သူတို့၏ ပတ်ဝန်းကျင်သည် ဝေဝါးလာသည်ကို ခံစားမိသည်။ ကျောက်စိမ်း ရေကန်သို့ ရောက်ရှိသည့် အချိန်တွင် သူတို့၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲ သွားတော့သည်။ ကျောက်စိမ်းရေကန် ပတ်လည်သည် တိုက်ပွဲကွင်းပြင် အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

စွမ်းအင်များသည် မငြိမ်မသက် ဖြစ်နေပြီး အင်မော်တယ် မန္တန်များ ဆက်တိုက် အသုံးပြုမှုကြောင့် ချုန်းချုန်းညံလျက် ရှိနေပေသည်။

လူသားကျင့်ကြံသူများသည် သွေးမျိုးနွယ်စု စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံနေရပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးသည် အော်ဟစ်သံများဖြင့် ပြည့်နှက်လျက် ရှိနေသည်။ အဝေးရှိ မြေပြင်တွင် သွေးများ ဖုံးလွှမ်းထားသည့် ရေကန်တစ်ခု ရှိနေသည်။

ရွှေရောင်ဆံပင်နှင့် အမျိုးသား တစ်ဦးသည် နီရဲနေသည့် မျက်လုံးများဖြင့် သွေးကန် အလယ်တွင် ရပ်နေလေသည်။ သူ့ထံသို့ ကျရောက်လာသည့် လျှပ်စီးများအား လက်ဖြင့် တိုက်ခိုက်လျက် ရှိသည်။ ထို့နောက်တွင် သူသည် ပေတစ်ထောင်ရှည်သည့် သွေးနဂါးအား ဆင့်ခေါ် လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများနှင့် နဂါးကြီးသည် လျှပ်စီးများ ပစ်ခတ်နေသည့် ကျင့်ကြံသူထံသို့ ဦးတည်လျက် ရှိသည်။

“အဲဒါက လုံဟူဂိုဏ်းခေါင်းဆောင် ကောင်းကင်ရှီးဖော့ ကျန်း ပဲ...” အန်လင်း ရေရွတ် လိုက်သည်။

မြေပြင်တွင်ရှိနေသည့် ရွှေရောင်ဆံပင်နှင့် လူသည် အားကောင်းသည့် အငွေ့အသက်အား ထုတ်လွှတ်လျက်ရှိပြီး သွေးနတ်ဘုရားနှင့်ပင် တူနေသေးသည်။

ကောင်းကင်ထက်တွင် တောင်ပံနက်များ ပါရှိသည့် ခန့်ညားသည့် အမျိုးသား တစ်ဦးသည် နက်မှောင်နေသည့် ဝင်ပေါက်ဘေးတွင် စောင့်ကြပ်လျက် ရှိနေသည်။

ဝူတန်းဂိုဏ်း ခေါင်းဆောင် တာအိုရောင်းရင်း ဘုန်းတော်ကြီး ရှုရန်၊ ခွန်းလွန်အင်မော်တယ် ဂိုဏ်းခေါင်းဆောင် ဝိညာဉ်ငယ်ရှီနှင့် ရှန်းချင်အင်မော်တယ် ဂိုဏ်းခေါင်းဆောင် တာအိုရောင်းရင်း ယူမူတို့ သုံးဦးသည် ထိုလူအား အတူတကွ တိုက်ခိုက် နေကြသော်လည်း ဖိနှိပ်နိုင်ခြင်း မရှိကြချေ။

မြေပြင်တွင် ရာနှင့်ချီသည့် လူသား ကျင့်ကြံသူများသည် သွေးမျိုးနွယ်စု၏ စစ်တပ်နှင့် ရင်ဆိုင် တိုက်ခိုက်လျက် ရှိသည်။ သွေးမျိုးနွယ်စုသည် လူသား ကျင့်ကြံသူများသည် လွန်စွာ များပြားလှပေသည်။

သို့သော်လည်း လူသား ကျင့်ကြံသူများ၏ ဓားသွားများတွင် အလွန် အစွမ်းထက်သည့် သွေးတစ်မျိုး သုတ်လိမ်းထားသည်။ သွေးမျိုးနွယ်စု ဝင်များသည် အဆိပ်သွေးများ သုတ်လိမ်းထားသည့် လက်နက်များနှင့် ထိခိုက်မိသည်နှင့် ချက်ချင်းဆိုသလိုပင် သေဆုံးသွားသေသည်။ သွေးဘုရင်များသည် ပင်လျှင် ရှောင်လွှဲနိုင်ခြင်း မရှိကြချေ။

အဆိပ်သွေးအား ကျေးဇူးတင်ရပေမည်။ ထိုသွေးကြောင့်သာလျှင် လူသား ကျင့်ကြံသူများသည် လက်တလော တိုက်ပွဲ၌ အသာစီး ရရှိထားခြင်း ဖြစ်သည်။

“အန်လင်းရေ... နင့်ရဲ့သွေးက အရမ်းအသုံးဝင်မယ်လို့ ဘယ်သူက ထင်မှာလဲ...”

စုရှောင်လန်၏ မျက်နှာတွင် အလွန် အံ့အားသင့်မှုများ ပေါ်လာပြီး သူမသည် မြေပြင်ပေါ်တွင် လဲကျကာ ပါးစပ်တွင် အမြုပ်တစီစီ ထလျက်ရှိသည့် များပြားလှစွာသော စွမ်းအားမြင့် သွေးမျိုးနွယ်စု ဝင်များအား ကြည့်နေလေသည်။

သူ၏သွေးသည် သွေးဘုရင်များကိုပင်လျှင် အဆိပ်မိကာ သေဆုံး သွားနိုင်သည်ဟု အန်လင်း ပြောဖူးသည်ကို ပြန်ကြားယောင်မိသည်။

ထိုအကြောင်းအား ပထမဆုံး ကြားသည့် အခါတွင် စုရှောင်လန်သည် မယုံကြည်ခဲ့ချေ။ သို့သော်လည်း သူမအရှေ့ရှိ မြင်ကွင်းအား မျက်မြင် တွေ့လိုက်ရသည့် အခါတွင် သူမသည် မိန်းမောတွေဝေလျက် ရှိနေတော့သည်။ ရှေးဟောင်း ကျောက်စိမ်း ရေကန်ဘေးတွင် အဖြူရောင် အလင်းတစ်ခု ထွက်ပေါ် လာပြန်သည်။

ရွှမ်ယွမ်ချန်သည် မျက်နှာတွင် စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် ရေကန်ဘေး၌ ပေါ်လာလေသည်။ သူ့အနေဖြင့် စုဆုံခြင်း နယ်မြေသို့ မဝင်ရောက်နိုင်ခင်မှာပင် တည်နေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည့်အတွက် စိတ်ရှုပ်ထွေးနေခြင်း ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့် မြေကမ္ဘာ အင်မော်တယ် မင်းယန်တို့သည်လည်း ရေကန်ဘေးတွင် ပေါ်လာကြသည်။ သူတို့နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထားကြလေသည်။

“မြန်မြန် ထွက်ပြေးတော့... ပိုင်ရန်ဘုရားကျောင်းကို သွားပြီး ကောင်းကင်ဘုံပိုင်နက်နဲ့ ဆက်သွယ်ချေ... မဟူရာည ရောက်လာပြီလို့ သူတို့ကို ပြောလိုက်...”

ရုတ်တရက် ဆိုသလို မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ အသံသည် အန်လင်း၊ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့၏ စိတ်ထဲတွင် ကြားလိုက်ရသည်။  ရွှမ်ယွမ်ချန်သည် လျင်မြန်စွာ တုံ့ပြန်လာသည်။ ချက်ချင်းဆိုသလို သူ၏ဓားကို ယူလိုက်ပြီးနောက် အန်လင်းထံ ပျံသန်းလာသည်။ ကောင်းကင်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။

မရှေးမနှောင်းမှာပင် အမျိုးသမီး တစ်ဦးသည် အတောင်ပံများကို ခတ်ကာဖြင့် အက်ကွဲကြောင်း အတွင်းမှ ထွက်လာသည်။ သူမ၏ လက်ထဲတွင် နက်မှောင်နေသည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူမ၏ အငွေ့အသက်သည် ကြီးမားကာ နက်ရှိုင်းသည်။

ရွှေရောင်ဆံပင်ရှိပြီး နီရဲနေသည့် မျက်လုံးများနှင့် သွေးနတ်ဘုရား နှစ်ကောင်သည် သူမ၏ အနောက်တွင် ရိုကျိုးစွာဖြင့် ရပ်နေကာ သူတို့ခေါင်းများကို အနည်းငယ် ဦးညွှတ်ထားသည်။

ထိုအမျိုးသမီးသည် အလွန်အမင်း ဂုဏ်သတင်းကြီးသူ ဖြစ်သည်။

သူမသည် မဟူရာည ဖြစ်သည်။ ပျက်ပြယ်ခြင်း အဆင့်ရှိသူ ဖြစ်ပြီး ဧကရာဇ် ၁၂ ပါးမှ တစ်ပါး ဖြစ်သည်။ ဧကရာဇ် ၁၂ ပါးသည် တောင်ပံနက်မျိုးနွယ်စု၏ အစိတ်အပိုင်းဖြစ်ပြီး သွေးမျိုးနွယ်စုနှင့် မဟာမိတ်ဖြစ်သည်။

“ဓားစိတ်ဝိညာဉ်က အစောကတည်းကနေ အစွမ်းရောက် ဝိညာဉ်သုံးကောင် ဖျက်ဆီးခြင်း ဝင်္ကဘာကို ချိုးဖြတ်ပြီး လွတ်မြောက်သွားပြီ...”

“ပြိတ္တာဧကရာဇ်... နင်က ဓားစိတ်ဝိညာဉ်အသစ် ဖြစ်တာကြောင့် ငါက နင့်ကို မမျှမတ ဆက်ဆံမှာ မဟုတ်ပါဘူး...”

“အခုတော့ ဒီကျင့်ကြံသူတွေရဲ့ လတ်ဆတ်တဲ့သွေးကို နင်ဆန္ဒရှိသလောက် သောက်ခွင့်ပေးမယ်...”

မဟူရာညသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့အား ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အကာအကွယ်မန္တန် ဝင်္ကဘာမျာအား အသုံးပြုထား ကြသော်လည်း ပြီးခဲ့သည့် တိုက်ပွဲများမှ ရရှိထားသည့် ဒဏ်ရာများ အပြည့်နှင့် ဖြစ်သည်။

ထို့နောက် သူမသည် အကြည့်အား ပျံသန်းနေသည့် ရွှမ်ယွမ်ချန်ထံသို့ ပို့လိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် တွန့်ကွေးလာပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

“ဒီကျင့်ကြံသူတွေရဲ့ အငွေ့အသက်အရ ကောင်းကင်ဘုံ ပိုင်နက်ကနေ လွှတ်လိုက်တာ ဆိုတော့ သတ်လိုက်တာပဲ ကောင်းပါတယ်လေ...”

မဟူရာညသည် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိသည့် အနက်ရောင် စွမ်းအင်တစ်ခုသည် ရွှမ်ယွမ်ချန်ထံသို့ ပျံသန်း သွားလေသည်။

ထိုအချင်းအရာအား ကြည့်ကာ မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့ လာလေသည်။ သူမနှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့ ရောက်ရှိလာမည် ဆိုလျှင် မဟူရာညသည် ငယ်ရွယ်သည့် ကျင့်ကြံသူများ၏ သေခြင်း ရှင်ခြင်းအား ဂရုစိုက်လိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့မိသည်။

မျှော်လင့် မထားစွာပင် မဟူရာညသည် ရွှမ်ယွမ်ချန်၏ အငွေ့အသက်မှာ အခြားသော ကျင့်ကြံသူများနှင့် မတူညီသည်ကို သတိပြုမိ သွားလေသည်။

“အန်လင်း... စုရှောင်လန်... တက်လိုက်...!”

ရွှမ်ယွမ်ချန်သည် အန်လင်း၏ နံဘေးသို့ ရောက်ရှိ လာပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သေစေနိုင်လောက်သည့် အနက်ရောင် စွမ်းအင်တစ်ခုသည် သူ့ထံသို့ ပျံသန်း လာနေခြင်းကို သတိပြုမိခြင်း မရှိချေ။

“သတိထား...” အန်လင်းသည် အော်ဟစ်လိုက်သည်။

ရွှမ်ယွမ်ချန်အား လျင်မြန်စွာပင် အဝေးသို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ အုတ်ခဲနက်အား မြှောက်ကာ သူ့ရှေ့တွင် ဆုပ်ကိုင် ထားလိုက်သည်။

ဘုန်း…

ပြင်းထန်သည့် အနက်ရောင် စွမ်းအင်သည် အုတ်ခဲပေါ်တွင် ပေါက်ကွဲသွားသည်။ ကြီးမားသည့် အဖျက်အဆီး စွမ်းအားသည် အုတ်ခဲအား ဝင်တိုက်ပြီးသော်လည်း ဖျက်ဆီးနိုင်ခြင်း မရှိချေ။ အုတ်ခဲပေါ်တွင် ခြစ်ရာလေးတစ်ခုပင် ထင်ကျန် မနေခဲ့ချေ။

မဟူရာည၏ တိုက်ခိုက်မှုအား တားဆီးလိုက်နိုင် သော်လည်း အန်လင်းသည် ပေါက်ကွဲမှုကြောင့် ပြင်းထန်သည့် ဒဏ်ရာ ရရှိသွားသဖြင့် ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။

သူကိုင်ဆောင်ထားသည့် အုတ်ခဲနက်မှာ စနစ်ထံမှ ရရှိထားသည့် ဖရိုဖရဲ သတ္တုအုတ်ခဲ သာလျှင် ဖြစ်သည်။  ကမ္ဘာပေါ်တွင် အမာကြောဆုံး ဖြစ်သည်။ ထိုအချက်နှင့် ကိုက်ညီမှု ရှိပေသည်။ တာအိုခန္ဓာ အဆင့် ၁၀ သာလျှင် ရှိနေသေးသည့် ကျင့်ကြံသူသည် သူမ၏ တိုက်ခိုက်မှုအား တားဆီး လိုက်နိုင်သည်ကို မြင်လိုက်ရသဖြင့် မဟူရာညသည် အနည်းငယ် ကြောင်အနေမိသည်။

“စိတ်ဝင်စားစရာပဲ... ဒီတိုက်ကွက်ကို ဘယ်လိုရှောင်မလဲ ကြည့်မယ်...”

လေထဲတွင် လွင့်မျောနေသည့် မိစ္ဆာရှင်းဓားသည် ဓားဦးကို အန်လင်းထံ ဦးတည် လိုက်လေသည်။ မဟူရာညသည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်ပြန်သည်။

ပျက်ပြယ်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ဦး အသုံးပြုသည့် အင်မော်တယ် လက်နက်သည် မည်မျှအထိ စွမ်းအားကြီးမည်နည်း။

လက်ချောင်းများကို လှုပ်ရှားလိုက်ရုံနှင့်ပင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူအား သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

မိစ္ဆာရှင်းဓားသည် သေစေနိုင်သည့် စွမ်းအင်များကို စုဆောင်းလျက်ရှိပြီး ကောင်းကင်ထက်တွင် အနက်ရောင် အလင်းတန်းဖြင့် တလက်လက် တောက်ပလျက် ရှိနေသည်။ ထိုတိုက်ခိုက်မှုကြောင့် နေရာတစ်ဝိုက်သည် သိပ်သည်း လာတော့သည်။ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် ဖမ်းချုပ်ထား ခံရသကဲ့သို့ဖြစ်ကာ သူတို့သည် ကြောင်အလျက်သာ ကြည့်နေမိကြသည်။

သူ့ထံသို့ ချဉ်းကပ်လာနေသည့် မိစ္ဆာရှင်းဓားကို ကြည့်ကာ အန်လင်းခန္ဓာကိုယ် တစ်ခုလုံးတွင် သေခြင်းတရားများ လွှမ်းခြုံလာပြီး သူ့စိတ်အတွင်း၌ မည်သည့်အရာမျှ ကျန်ရှိ မနေတော့ချေ။ တားဆီးနိုင်ခြင်း မရှိသည့် ထိုစွမ်းအားသည် လူတစ်ဦးအား ပျောက်ကွယ် သွားစေနိုင်သည်။ ထိုအချိန်မှာပင် အန်လင်း၏အရှေ့တွင် ရုတ်တရက် ဆိုသလို ပုံရိပ်တစ်ခု ပေါ်လာသည်။

သူမသည် လက်များကို ဆန့်ထုတ်ကာဖြင့် ရှည်လျားသည့် ဆံနွယ်များသည် လေထဲတွင် လွင့်လူးလျက် ရှိသည်။

နုနယ်သည့် ပုံရိပ်လေးသည် ခိုင်ကျည်စွာဖြင့် သေခြင်းတရားအား အစားထိုးခံယူမည့် ထိုမြင်ကွင်းသည် အန်လင်း၏ မျက်လုံးအတွင်း ဝင်ရောက်လာလေသည်။

ကြီးမားသည့် ရှေးဟောင်း စာအုပ်ကြီးသည် သူမအရှေ့တွင် ရပ်တန့်လျက်ရှိပြီး တောက်ပသည့် ရွှေရောင်အလင်းများ ထုတ်လွှတ်လျက် ရှိနေသည်။

များပြားလှသည့် ရွှေရောင် သင်္ကေတများသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲ သွားပြီးနောက် မိစ္ဆာရှင်းဓား၏ တိုက်ခိုက်မှုအား ရင်ဆိုင်မည့် နယ်ပယ်တစ်ခု ဖြစ်တည်လာသည်။

မိစ္ဆာရှင်းဓားသည် ခေတ္တမျှ ယိမ်းယိုင် သွားပြီးနောက် ရွှေရောင် သင်္ကေတများအား ကျော်ဖြတ်ကာဖြင့် ရှေးဟောင်း စာအုပ်ကြီးကို ထိုးဖောက်လိုက်လေသည်။

များမကြာမီမှာပင် မိစ္ဆာရှင်းဓားမှ အံ့အားသင့်ဖွယ်ရာ အနက်ရောင် စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီးနောက် အောင်မြင်စွာဖြင့် ရှေးဟောင်း စာအုပ်ကြီးအား ထိုးဖောက်ကာ ထွက်ပေါ်လာသည်။

နက်မှောင်နေသည့် ဓားသည့် ရှေ့သို့ ဆက်တိုးလာပြီးနောက် အန်လင်း၏ အရှေ့တွင် ရပ်တန့်နေသည့် ခန္ဓာကိုယ်အား ထိုးဖောက် သွားတော့သည်။

အမျိုးသမီးလေး၏ ခန္ဓာကိုယ်အား ထုတ်ချင်းပေါက် သွားပြီးနောက် သူမသည် ထက်လှသည့် ဓားသွားကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ရွှေရောင် သင်္ကေတများသည့် ဓားကို လွှမ်းခြုံလာပြီးနောက် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိ စေလိုက်သည်။

“ပြေး...”

သူမ၏ ပါးစပ်မှနေ သွေးများ စီးကျလျက် အော်ဟစ်လိုက်သည်။

“ဆရာမ... ဘာလို့....”

“နင်ဘာလို့ ဒီလောက်တောင် နားမလည်ရတာလဲ...”

အန်လင်းသည် သူ့အရှေ့တွင် ရပ်နေသည့် ပုံရိပ်လေးအား ကြည့်ကာ မျက်လုံးများ နီရဲလာတော့သည်။

သူသည် အားနည်းသည့် တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူ တစ်ဦးမျှသာလျှင် ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦးဖြစ်သည့် သူမသည် မည်သည့် အတွက်ကြောင့် သူတို့အား ကယ်တင်ရန်အတွက် သူမအသက်ကို စတေးရသနည်း။

ထိုက်တန်မှု မရှိချေ။

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ လှပသည့် မျက်နှာလေးမှာ ဖြူဖျော့ လာနေသော်လည်း အန်လင်းအား ပြုံးပြနေဆဲ ဖြစ်သည်။

“နင်က ငါ့ကို ဆရာမလို့ ခေါ်တယ်လေ... ဘာလို့လဲဆိုတာ မေးစရာ လိုနေသေးလို့လား...”

“ဒါက အကြောင်းပြချက်ကောင်း မဟုတ်....”

“ငါက နင့်ရဲ့ ဆရာမ...”

***

All Chapters