← Chapters

လျှင်မြန်သောတိုးတက်မှု

Vol. 10 Ch. 144

လျှင်မြန်သောတိုးတက်မှု

Vol. 10 Ch. 144

ဟွမ်ကျန်ထျန်းနှလုံးသား ခုန်ပေါက်သွားခဲ့သည်၊၊

သူတန်ဖိုးထားတာက ဂျန်ဖန်းနားလည်နိုင်စွမ်းကိုဖြစ်သည်၊၊

သူ့သိုင်းပညာလမ်းကြောင်းအတွက်တော့ သူအမှန်တကယ် ကောင်းကောင်းမသိပေ၊၊

သို့ပေမယ့် အခြားလူတွေ၏စိတ်ဝင်စားမှုမှ ကာကွယ်ဖို့ ဂျန်ဖန်းထူးခြားမှုကို ထုတ်မပြချင်ပေ၊၊ ထို့ကြောင့် ရှင်းရှင်းလင်းလင်း ပြောမပြနိုင်ပေ၊၊

သူက သူ့ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်းပြောဖို့သာ တတ်နိုင်၏၊၊

"ဘယ်လိုပဲဖြစ်ဖြစ်, သူမှာ ထူးခြားတဲ့အရည်အသွေးတွေရှိတယ်----"

"မင်း သူ့အတွက် ထောက်ခံပေးမှရမယ်---"

ကျန်းချိုရှန် မလှုပ်မရှားရှိနေပြီး ပြောလိုက်သည်၊၊

"အရင်းဆုံးကြည့်လိုက်ပါအုန်းမယ်---"

သူက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး လူစုံလုနီးပါးဖြစ်နေတာကိုမြင်တာ့---

ဖြည်းညင်းစွာမတ်တပ်ရပ်ပြီးပြောလိုက်သည်၊၊

"တန်းစီပြီး မင်းတို့ရဲ့ အကျိုးပြုမှတ်တွေကို တစ်ယောက်ချင်း တင်ပြကြ---"

ဤပုဂ္ဂိုလ်က မြင့်မြတ်အကြီးအကဲမှန်း လူတိုင်းသိကြပြီး အဆင်ခြင်မဲ့မလုပ်ရဲပေ၊၊

ဂုဏ်ယူဝင့်ကြွားသည့်တန်ထျန်လုံတောင် ကလေးတစ်ယောက်ကဲ့သို့ နာခံနေပြီး တိတ်တဆိတ်တန်းစီနေခဲ့သည်၊၊

အများစုကို စစ်ဆေးပြီးနောက် ကျန်ချိုရှန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်၊၊

အကျိုးပြုမှတ် ၄၁မှတ်ရသည့် တန်ထျန်လုံအလှည့်ရောက်မှသာ သူက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး လက်ခံသည့်အမူအရာပြသလာ၏၊၊

မကြာမီ ဂျန်ဖန်းအလှည့်ကို ရောက်လာခဲ့၏၊၊

ဟွမ်ကျန်းထျန်လည်း လည်ပင်းဆန့်ကြည့်ကာ ရေရွတ်လိုက်၏၊၊

"ဒီကလေး ငါ့ကို အရှက်မခွဲတာ ပိုကောင်းမယ်---"

"ငါ သူ့ကို အများကြီးအကြံပြုပေးခဲ့တာ---"

ကျန်းချိုရှန် ဂျန်ဖန်းကို အဓိပ္ပာယ်ပါပါကြည့်လိုက်ပြီး ပြောလိုက်သည်၊၊

"အကျိုးပြုမှတ်ဘယ်လောက်လဲ---"

ဂျန်ဖန်း ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်ပေးလိုက်သည့်လက်မှတ်ကိုထုတ်ယူပြီး ကျန်းချိုရှန်ရှေ့မှာထားလိုက်သည်၊၊

ကျန်းချိုရှန် တစ်ချက်ငုံ့ကြည့်လိုက်သည့်အခါ မနေနိုင်ပဲ အံ့သြသွားခဲ့သည်၊၊

"၈၀လား---"

တန်ထျန်လုံတောင် ၄၀ သာရ၏၊၊

ဤကလေးက တကယ်ပဲ တန်ထျန်လုံထက်နှစ်ဆရခဲ့သည်လား---

တကယ်ကို စိတ်ဝင်စားဖို့ကောင်း၏၊၊

ဟွမ်ကျန်းထျန်း သူ့ကိုယုံကြည်နေတာ မအံ့သြတော့ပေ၊၊

"အမှတ် ၈၀, မဆိုးပါဘူး----"

ကျန်ချိုရှန် အနည်းငယ်ပြုံးလိုက်သည်၊၊

သို့ပေမယ့် လက်မှတ်ကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အပြုံးတွေအေးခဲသွားခဲ့သည်၊၊

အဘယ်ကြောင့်ဆိုသော်, ၈၀ ရှေ့က စကားလုံးနှစ်လုံးကို ကျော်သွားခဲ့လို့ပဲဖြစ်သည်၊၊

ထိုအရာက "တစ်ရာ"ပဲဖြစ်သည်၊၊

"၁၈၀?---"

ကျန်းချိုရှန်း မယုံကြည်နိုင်စွာဖြင့် ခပ်တိုးတိုးအော်လိုက်သည်၊၊

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ----"

အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲတစ်ကောင်က အကျိုးပြုမှတ် ၁၀ မှတ်တန်၏၊၊

အမှတ် ၁၈၀က တစ်ယောက်တည်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ ၁၈ ကောင်သတ်ခဲ့သည်ဟု ဆိုလိုနေသည် မဟုတ်ပေဘူးလား----

သားရဲတစ်ရာတောင်က အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲတွေက သစ်သားတိုင်တွေဖြစ်သွားပြီး တစ်ချက်တစ်ကောင်အသတ်ခံဖို့ စောင့်ဆိုင်းနေကြသည်လား---

လက်မှတ်က အတုလို့တောင် သူ သံသယဝင်မိ၏၊၊

ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည့်အခါ သူက အသေးစိတ်ရှင်းပြထားတာကိုတွ့လိုက်ပြီး မနေနိုင်ပဲရေရွတ်လိုက်သည်၊၊

"အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲ ၈ ကောင်----"

"အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲ တစ်ကောင်---"

"နေပါအုန်း, အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲလား---"

ကျန်းချိုရှန်း ရုတ်ချည်းခေါင်းမော့လာပြီး ဂျန်ဖန်းကို သစ္ဆေသရဲတစ်ကောင်ကဲ့သို့ တုန်လှုပ်စွာကြည့်ပြီး မေးလိုက်သည်၊၊

"မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲကို သတ်ခဲ့တာလား---"

ဂျန်ဖန်း သူ့အကြည့်ကြောင့် ထိတ်လန့်သွားပြီး မလိမ်ရဲပဲ ပြောလိုက်သည်၊၊

"အဲ့သားရဲက ဒဏ်ရာအပြင်းအထန်ရနေတာပါ---"

"ငါက အဲ့ဒီအခြေအနေကိုအခွင့်အရေးယူပြီး အဆုံးသတ်ပေးလိုက်တာ---"

သို့ပေမယ့် ကျန်းချိုရှန်း ကောင်းကောင်းသိ၏၊၊

သေတော့မည့်သားရဲတစ်ကောင်ကတောင် အတော်လေး အန္တရာယ်များ၏၊၊ ချောင်ပိတ်မိနေသည့်သားရဲတွေက ကြမ်းကြုတ်စွာတိုက်ခိုက်တတ်ကြသည်၊၊

သေခြင်းတရားနှင့်နီးလေလေ, သားရဲ၏တိုက်ခိုက်မှုက ပိုအန္တရာယ်များလေလေဖြစ်သည်၊၊

အစစ်အမှန်အရည်အချင်းမရှိပဲနှင့် ထိုအရာကိုသတ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ၊၊

ဟွမ်းကျန်ထျန်း အနားရောက်လာခဲ့သည်၊၊

လက်မှတ်ပေါ်က အောင်မြင်မှုကိုမြင်တော့ သူ့မျက်လုံးတွေပြုးကျယ်သွားပြီး ဂုဏ်ယူစွာပြောလိုက်သည်၊၊

"လူအိုကြီးကျန်း, ငါ့အမြင်တွေမှုန်နေပြီလို့ ပြောချင်သေးလား----"

ကျန်းချိုရှန် ဂျန်ဖန်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်၊၊

ဟွမ်ကျန်းထျန် တကယ်ပဲ ထူးခြားသည့်လူငယ်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်ဆိုတာ သူဝန်ခံရမည်ပဲဖြစ်သည်၊၊

သူက နှုတ်ခမ်းမဲ့လိုက်ပြီး သုန်မှုန်စွာ ပြောလိုက်သည်၊၊

"ဒါက ပြောဖို့စောပါသေးတယ်---"

"အထွတ်အမြတ်ခန်းမထဲမှာ သူ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ကြတာပေါ့----"

ထို့နောက် သူက ဂျန်ဖန်းနှင့် အမျိုးသမီးနှစ်ယောက််ကို ဝင်ခွင့်ပြုလိုက်၏၊၊

အထွတ်အမြတ်ခန်းမထဲဝင်ရောက်ပြီးနောက်---

မြူတစ်ခုက သူတို့ဆီတိုးဝင်လာပြီး ပတ်ပတ်လည်ရှိအရာအားလုံးကို ဖုံးလွမ်းသွားခဲ့သည်၊၊

ထိုမြူတွေက ဘာမှမမြင်ရလောက်အောင်ကို ထူထဲတာဖြစ်သည်၊၊

"မြူလား---"

ဂျန်ဖန်း တစ်ခဏကြာထိတ်လန့်သွားခဲ့သည်၊၊ ထို့နောက် အလျှင်အမြန်ပဲထိုအရာကို မှတ်မိသွားကာ သူ့မျက်ခွံ့တွေကျုံ့သွားခဲ့သည်၊၊

"စိတ်ဝိညာဥ်ချီမြူခိုး---"

စိတ်ဝိညာဥ်ချီတွေ အထွတ်အထိပ်ထိစုစည်းသွားမှသာ မြူခိုးတွေအဖြစ် သိပ်သည်းသွားမှာဖြစ်သည်၊၊

ဤနေရာက သူမြင်ဖူးသမျှထဲမှာ စိတ်ဝိညာဥ်စွမ်းအင် အပေါ်များဆုံးနေရာပဲဖြစ်သည်၊၊

လူတိုင်း အထွတ်အမြတ်ခန်းမကို ဝင်ရောက်ချင်ကြတာ မအံ့သြတော့ပေ၊၊

ဤနေရာမှာ ရက်အနည်းငယ်လေ့ကျင့်ရုံဖြင့် အဆင့်မချိုးဖြတ်နိုင်မှာ ပူစရာမလိုပေ၊၊

သူက အမျိုးသမီးနှစ်ယောက်ကို ထောင့်တစ်နေရာဆီ ဦးဆောင်ခေါ်သွားပြီး တီးတိုးပြောလိုက်သည်၊၊

"ငါမင်းတို့ကို ပေးထားတဲ့ ကျင့်စဥ်နည်းလမ်းကိုလုပ်ဆောင်လိုက်၊၊ အားနည်းချက်တစ်နေရာရာများရှိနေမလားကြည့်ရအောင်---"

ဤလောက်ပေါ်ကြွယ်ဝသည့် စိတ်ဝိညာဥ်ချီနှင့်ဆိုလျှင်---

ကျင့်ကြံရေးအရှိန်က စိတ်ဝိညာဥ်အမြစ်နှင့် ကျင့်ကြံရေးနည်းလမ်းပေါ်၌သာ မူတည်တော့၏၊၊

စိတ်ဝိညာဥ်အမြစ်က စုပ်ယူနှုန်းကို တိုးစေပြီး ကျင့်စဥ်နည်းလမ်းက သန့်စင်သည့်နှုန်းကို တိုးစေ၏၊၊

နှစ်ခုလုံးအဆင့်မြင့်လေလေ ကျင့်ကြံရေးအရှိန် မြန်လေလေဖြစ်သည်၊၊

ဤအရာက အတော်လေးရှားပါးသည့်အခွင့်အရေးမှန်း အမျိုးသမီးနှစ်ယောက်လုံးသိကြ၏၊၊ သူမတို့က ချက်ချင်းပဲ ခြေချိတ်ထိုင်ကာ ကျင့်စဥ်နည်းလမ်းကို လုပ်ဆောင်လိုက်၏၊၊

များသောအားဖြင့် သူမတို့ကို လီချင်ဖုန်းက လမ်းညွှန်ပေးတာဖြစ်သည်၊၊

သို့ပေမယ့် သူမတို့လေ့ကျင့်သည့်ကျင့်စဥ်နည်းလမ်းက ဂျန်ဖန်းပေးထားတာဖြစ်ပြီး လီချင်ဖုန်း မရင်းနှီးပေ၊၊ ထို့ကြောင့် သူက မည်သည့်အားချက်မှ မရှာနိုင်ပေ၊၊

ယခု, အမျိုးသမီးနှစ်ယောက်လေ့ကျင့်သည့်အခါ ဂျန်ဖန်း များစွာသော အားနည်းချက်တွေကို သတိထားမိ၏၊၊

သူမတို့ကို တစ်ခုချင်းစီထောက်ပြပြီးနောက် သူမတို့၏ ကျင့်စဥ်လုပ်ဆောင်သည့်အရှိန်က နှစ်ဆပိုတိုးလာခဲ့သည်၊၊

"ကျေးဇူးတင်ပါတယ်, ယောက်ျား---"

ချန်းစီလင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်၊၊

"ငါးရက်ပြီးရင် ငါ့ဘယ်အဆင့်ရောက်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ----"

လက်ရှိမှာ သူမက ချီကျင့်ကြံခြင်းအဆင့် ၉ ဖြစ်သည်၊၊

တစ်ဖက်မှာတော့ ရှုရို့ရန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၁ ဖြစ်၏၊၊

ဂျန်ဖန်းလည်း အတော်လေး မျှော်လင့်နေခဲ့သည်၊၊

သူက ချက်ချင်းခြေချိတ်ထိုင်ကာ တိတ်တဆိတ်ကျင့်ကြံနေလိုက်၏၊၊

သူတို့သုံးယောက်လုံးက ဂျန်ဖန်း၏ "နဂါးရှာဖွေကျမ်း"ကို လေ့ကျင့်နေခဲ့ကြ၏၊၊

ခြားနားချက်က ဂျန်ဖန်းမှာ ကြည်လင်သည့်စိတ်ဝိညာဥ်အမြစ်ရှိ၏၊၊ ရှုရိုရန်က အဆင့် ၇ စိတ်ဝိညာဥ်အမြစ်နှင့် ချန်းစီလင်က အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ရှိကြသည်၊၊

တစ်နေ့တစ်ဝက်ကြာပြီးနောက်---

ဂျန်ဖန်းမျက်လုံးတွေဖွင့်လာပြီး အကြည့်တွေက ထက်ရှနေခဲ့သည်၊၊ သူက အဆုံးမရှိသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကို ခံစားနေပြီး မပျော်ရွင်ပဲမနေနိုင်ဖြစ်နေခဲ့သည်၊၊

"အခြေခံတည်ဆောက်ခြင်းအဆင့် ၅"

တစ်နေ့တစ်ဝက်တည်းဖြင့် ဤကဲ့သို့ရလဒ်က အမှန်တကယ် ထူားခြားနေပြီပဲဖြစ်သည်၊၊

ချန်းစီလင်နှင့် ရှုရို့ရန်ကိုကြည့်လိုက်သည့်အခါ----

ချန်းစီလင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာချိုးဖြတ်နိုင်ခဲ့၏၊၊

ရှုရို့ရန်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ကို ရောက်ရှိကာ ရှုယင်းရင်ကို လိုက်မှီသွားပြီဖြစ်သည်၊၊

သူတို့ကျင့်ကြံရေးအရှိန်တွေက တစ်ဖြည်းဖြည်းနှေးလာသော်လည်း ဤအချိန်အတွင်း သူတို့က နောက်တစ်ဆင့်ချိုးဖြတ်နိုင်ချေရှိသေး၏၊၊

အထွတ်အမြတ်ခန်းမဝင်ပေါက်၌---

တပည့်အများစု ထွက်လာကြပြီပဲဖြစ်သည်၊၊

ထိုအထဲ၌ တန်ထျန်လုံနှင့် ရှုယင်းရင်တို့က အချိန်အကြာဆုံး လေ့ကျင့်ခဲ့ကြသူတွေဖြစ်သည်၊၊

ရှုယင်းရင် ပျော်ရွင်နေပြီး ကျေးဇူးတင်နေခဲ့သည်၊၊

"ကျေးဇူးတင်ပါတယ်, စီနီယာအကိုတန်, ကျေးဇူးတင်ပါတယ်, စီနီယာအကိုတန်---"

တန်ထျန်လုံ၏လမ်းညွှန်မှု၊ အထွတ်အမြတ်ခန်းမ၏ ပတ်ဝန်းကျင်တို့ကြောင့်---

သူမက ပိတ်ဆို့မှုကို ချိုးဖြတ်နိုင်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၃ကို ရောက်ရှိခဲ့၏၊၊

တန်ထျန်လုံနွေးထွေးစွာပြုံးလိုက်၏၊၊ သူက နောက်ရှိ အထွတ်အမြတ်ခန်းမကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်၊၊

"သုံးရက်နေရင်, ဒီနေရာကိုပြန်လာပြီးကြည့်ကြတာပေါ့---"

"ငါလိုမျိုး သူ့မိန်းမတွေကို အဆင့်ချိုးဖြတ်နိုင်အောင်လုပ်ပေးနိုင်လား ကြည့်ရသေးတာပေါ့---"

နှစ်ရက်ကြာပြီးနောက်---

ဂျန်ဖန်း နောက်ထပ်တစ်ဆင့်ချိုးဖြတ်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ကိုရောက်ရှိသွားခဲ့သည်၊၊

သူက ဆက်ကျင့်ကြံဖို့ကြိုးစာလိုက်ပေမယ့် သူ့သွေးကြောတွေက နာကျင်နေတာကို တွေ့လိုက်ရသည်၊၊

ဤအရာက ရေးထွေးနေသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကြောင့် စီးဆင်းမှုပိတ်ဆို့သွားတာပဲဖြစ်သည်၊၊

ရိုးစင်းစွာပြောရလျှင် သူ့အခြေခံက မတည်ငြိမ်သေးပေ၊၊

အခြေခံတည်ဆောက်ခြင်းနောင်းပိုင်းအဆင့်တွေရောက်သည့်အခါ တစ်ဆင့်ချင်းစီက အခြေခိုင်ဖို့လိုအပ်၏၊၊

နှစ်ဆင့်ဆက်တိုက်ချိုးဖြတ်ခြင်းက အကန့်အသတ်ဖြစ်နေပြီဖြစ်သည်၊၊ သူက မဆင်မခြင် ရှေ့ဆက်တိုးလို့မရပေ၊၊

ထို့ကြောင့် အကူအညီမဲ့စွာဖြင့် သူက ကျင့်ကြံရေးကို ရပ်တန့်လိုက်၏၊၊

နှစ်ရက်ကျန်သေးတာကို မြင်သည့်အခါ---

သူက သားရဲဘုရင်နှင့်ရင်ဆိုင်တုန်းက အန္တရာယ်တွေကို ပြန်တွေးလိုက်၏၊၊

"ငါရဲ့လှုပ်ရှားမှုနည်းလမ်းကို သန့်စင်ဖို့လိုနေပြီ၊၊ ပြီးတော့ ဦးတည်ချက်မဲ့နဂါးလက်ဝါးကိုလည်း လျစ်လျူရှူထားလို့မရဘူး---"

ဤသို့ဖြင့်---

သူက သိုင်းကျမ်းကျင့်ကြံသည့်ဘက်ကို ပြောင်းလိုက်သည်၊၊

နေ့တစ်ဝက်ကျော်ကြာပြီးနောက်---

သူ့ခြေဖျားကိုပေါ့ပေါ့လှုပ်ရှားသည့်အခါ ငန်းရိုင်းတစ်ကောင်ကဲ့သို့လျှင်မြန်လာပြီး ခြေလှမ်းတစ်လှမ်းတည်းဖြင့် ၁၀ ပေကျော်အကွာကို ရောက်ရှိသွားခဲ့သည်၊၊

အဆင့်မြင့်မှော်ရတနာဖြစ်သည့် လေပြင်းပုလဲထက်ပိုမြန်၏၊၊

"ဒုတိယအဆင့်, အောင်မြင်ခြင်းကြီးအဆင့်---"

ဂျန်ဖန်း ပျော်ရွင်စွာဖြင့် အော်ပြောလိုက်သည်၊၊

ထို့နောက် ဦးတည်ချက်မဲနဂါးလက်ဝါးသိုင်းကို လေ့ကျင့်လိုက်၏၊၊

လှုပ်ရှားမှုနည်းလမ်းနှင့်ယှဥ်လျှင် ဦးတည်ချက်မဲ့နဂါးလက်ဝါးက ပိုလွယ်ကူ၏၊၊

နေ့တစ်ဝက်တောင်မရှိသေးပေ၊၊ သူက ဒုတိယအကွက် "နဂါထိန်းချုပ်ခြင်း" ကိုအောင်မြင်သွားခဲ့သည်၊၊

သူလက်သီးထိုးလိုက်သည့်အခါ မိုးကြိမ်းခံကဲ့သို့သော နဂါးဟိန်းသံတစ်ခုထွက်ပေါ်လာခဲ့သည်၊၊

စွမ်းအားက အတော်လေးပြင်းထန်လှ၏၊၊

အခြေခံတည်ဆောက်ခြင်းအဆင့် ၆ နှင့်ဆိုလျှင် အဆင့်တူထဲ၌ မည်သူမှ ထိုလက်သီးချက်ကို ခုခံနိုင်မည်မဟုတ်ပေ၊၊

လက်သီးစွမ်းအားက ရှေ့ရှိမြူခိုးတွေကို ဖယ်ရှားပစ်လိုက်သည်၊၊

ထိုအခိုက်အတန့်၌---

သူတို့သုံးယောက်သာ အထွတ်အမြတ်ခန်းမထဲ၌ ကျန်ရှိတော့ပြီး ပတ်ပတ်လည်မှာ မည်သူမှမရှိတော့ပေ၊၊

ထို့ကြောင့် ဂျန်ဖန်း ပတ်ဝန်းကျင်ကို အာရုံစိုက်မနေတာ့ပေ၊၊

မည်သူသိမည်နည်း၊၊ မဝေးသည့်တစ်နေရာမှ အမျိုးသမီးတစ်ယောက်၏အော်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်၊၊

"အမလေး, ဘယ်သူလဲ--"

"ဘယ်လိုရှေ့မကြည့်နောက်မကြည့်လုပ်လိုက်တာလဲ---"

All Chapters