နန်းကုန်းရှောင်ယွင်၏မျက်ရည်
Vol. 10 Ch. 145
အာ---
ဂျန်ဖန်း ကြောင်အသွား၏၊၊
ဘယ်လိုလုပ်ပြီး ဒီနေရာမှာ တစ်စုံတစ်ယောက်ရှိနေရသေးသနည်း၊၊
ယခုက လေးရက်မြောက်ရှိနေပြီဖြစ်သည်၊၊
လူတိုင်းထွက်သွားသင့်ပြီးမလား---
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သူက တစ်စုံတစ်ယောက်ကို ထိခိုက်စေမိပြီဖြစ်သည်၊၊
ထို့ကြောင့်အလျှင်အမြန်ပဲ တောင်းပန်လိုက်၏၊၊
"နတ်သမီး, ငါတကယ်တောင်းပန်ပါတယ်၊၊ ဒီမှာဘယ်သူမှမရှိတော့ဘူးထင်လို့ပါ---"
မမျှော်လင့်စွာဖြင့် အခြားတစ်ဖက်က လွယ်လွယ်ပြီးသွားစေမယ့်လူ ဟုတ်မနေခဲ့ပေ၊၊
သူမက ဒေါသတကြီးပြောလိုက်သည်၊၊
"တောင်းပန်တာသာအလုပ်ဖြစ်ရင်, ဘာလို့ လက်သီးတွေ လိုနေမှာလဲ----"
"ငြိမ်ငြိမ်ရပ်ပြီး ငါထိုးတာပြန်ခံလိုက်---"
ဂျန်ဖန်း အကူအညီမဲ့သလိုခံစားလိုက်ရ၏၊၊
သူမက မိန်းမငယ်လေးတစ်ယောက်ဖြစ်နိုင်၏၊၊ ထို့ကြောင့် သူမလက်သီးကလည်း ပြင်းထန်မည်မဟုတ်ပေ၊၊
'သူမကို တစ်ကြိမ်ပြန်တိုက်ခိုက်ခိုင်းလိုက်တာပေါ့---'
အနည်းဆုံးဤနည်းဖြင့်ဆိုလျှင် သူတို့ကြားက ပဋိပက္ခလည်း ဖြေရှင်းပြီးသွားမည်ဖြစ်သည်၊၊
သို့ပေမယ့်, လက်သီးချက်ထွက်ပေါ်လာသည့်အခါ ဂျန်ဖန်းမျက်နှာအကြီးအကျယ်ပြောင်းလဲသွားခဲ့သည်၊၊
ထိုလက်သီးက အမြုတေဖွဲ့စည်းခြင်းအဆင့် စွမ်းအားကို သယ်ဆောင်လာခဲ့သည်၊၊
သူမက သူ့ကို သတ်ဖို့ ကြိုးစားနေသည်လား---
ဂျန်ဖန်း နောက်ထပ်ငြိမ်မနေရဲတော့ပေ၊၊
သူက အလျှင်အမြန်ရှောင်တိမ်းလိုက်ပြီး ပြောလိုက်သည်၊၊
"သခင်မလေး, ဒါက ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမဟုတ်ပါဘူး၊၊ ဒီလောက်ကြီးထိ တိုက်ခိုက်ဖို့မလိုပါဘူး---"
သို့ပေမယ့် တစ်ခြားတစ်ဖက်က ကျိုးကြောင်းဆင်ခြင်သည့်သူမဟုတ်ပေ၊၊ သူမက ငွေရောင်သွားလေးတွေကိုကိုက်ပြီး ပြောလိုက်သည်၊၊
"ငါဂရုမစိုက်ဘူး၊၊ နင်ငါ့ကိုရိုက်တယ်၊၊ အဲ့တော့ ငါ နင့်ကို ပြန်ရိုက်မယ်---"
ဂျန်ဖန်း နဖူးသွေးကြောတွေ ထောင်ထသွား၏၊၊
ဘယ်လိုတောင် သူမက ဤလောက်ထိ ကျိုးကြောင်းမဆီလျော်ရသနည်း၊၊
ထို့ပြင်, ရှုရို့ရန်နှင့် ချန်းစီလင်တို့လည်း မဝေးသည့်နေရာမှာ ကျင့်ကြံနေကြ၏၊၊
တကယ်လို့ သူတို့ကိုသက်ရောက်သွားလျှင်---
ထိုအရာကိုတွေးပြီး ဂျန်ဖန်း ဒေါသထွက်သွာခဲ့သည်၊၊
"ဒါဆိုလည်း မင်းမှာစွမ်းရည်ရှိလားကြည့်ကြတာပေါ့---"
သူက နောက်နေရာတစ်ခုကို ရှောင်တိမ်လိုက်ပြီး ဤကြမ်းကြုတ်သည့်မိန်းခလေးကို အဝေးသို့ခေါ်ဆောင်သွားခဲ့သည်၊၊
တစ်ဖက်လူက ခြေသံကိုကြားပြီး အမှန်တကယ် သူ့နောက်ကို လိုက်လာခဲ့သည်၊၊
သူမက သူမလက်သီးတွေကို မြူထဲမှာ ကြမ်းတမ်းစွာ ဝှေ့ယမ်းနေခဲ့သည်၊၊
လက်သီးချက်တိုင်းက ဂျန်ဖန်းကို နှလုံးခုန်မြန်သွားစေ၏၊၊
ကံကောင်းစွာဖြင့် ထူထဲသည့်စိတ်ဝိညာဥ်မြူတွေ အမြင်အာရုံကို အကြီးအကျယ် ဖုံးကွယ်ပေးထားသည့်အတွက် သူမခွန်အားကုန်သုံးလို့မရပေ၊၊ မဟုတ်လျှင် ဂျန်ဖန်း ဒုက္ခများပြီပဲဖြစ်သည်၊၊
သူမလက်လျော့ဖို့ ဆန္ဒမရှိတာကိုမြင်တော့---
ဂျန်ဖန်း နောက်ထပ်တွေဝေမနေတော့ပေ၊၊
"လာခဲ့---"
မိန်းခလေးက တိုက်ပွဲအတွေ့အကြုံမရှိပဲ လက်သီးတွေကို ဝှေ့ယမ်းနေရုံသာဖြစ်သည်၊၊ သို့ဖြစ်၍ အသံတွေက သူမတည်နေရာကို ဖော်ပြနေခဲ့သည်၊၊
ထို့ကြောင့် ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းကို ပြတ်ပြတ်သားသားအသုံးပြုကာ အလျှင်အမြန်ပဲ သူမအနီးနားကိုရွေ့လိုက်သည်၊၊
မြူထဲ၌ သူက "နဂါးထိန်းချုပ်ခြင်း" နှင့် တိုက်ခိုက်လိုက်သည်၊၊
ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ ဂရုမစိုက်ပေ၊၊
သူ့လက်သီးက အလွန်လျှင်မြန်လှပြီး သူမတန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးမရှိပေ၊,
ဒုန်း! ဒုန်း! ဒုန်း!
အား----
သူမကလက်သီးသုံးချက်လွဲချော်သွားပြီး တစ်ချက်ထိမှန်သွားတာကြောင့် ဒေါသတကြီးခြေဆောင့်ကာ အော်ပြောလိုက်သည်၊၊
"နင်, မကောင်းတဲ့ကောင်, ထွက်လာခဲ့, ငါနင့်ကိုမသတ်ဘူးလို့ ကတိပေးတယ်---"
ဘန်း!
ဂျန်ဖန်း အသံလာရာနောက်လိုက်ပြီး သူမကို နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ရာ သူမလက်မောင်းကို ထိမှန်သွားခဲ့သည်၊၊
သူမ နာကျင်မှုကြောင့်မျက်နှာရှုံ့မဲ့သွားပြီး အားနှင့်ဆောင့်ကန်လိုက်သည်၊၊
သို့ပေမယ့် ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းကို အဆင်သင့်အသုံးပြုထားပြီး အချိန်မီ ပြေးသွားခဲ့သည်၊၊ ထို့ကြောင့် သူမက လေကိုသာကန်မိလိုက်၏၊၊
ဤသို့ဖြင့်---
သူတို့က နေ့တစ်ဝက်လောက် တိုက်ခိုက်နေခဲ့ကြသည်၊၊
ဂျန်ဖန်းက မတော်တဆဖြင့် ပခုံးကိုထိခိုက်မိပြီး ဒဏ်ရာတစ်ခုသာရခဲ့၏၊၊
သို့ပေမယ့် မိန်းခလေးကတော့ လက်သီးချက် ဘယ်လောက်များများ အထိုးခံခဲ့ရမှန်းတောင် မသိတော့ပေ၊၊
နောက်ဆုံးမှာတော့ သူမ နောက်ထပ် မခံစားနိုင်တော့ပေ၊၊
ကျယ်လောင်စွာအော်ငိုပြီး အထွတ်အမြတ်ခန်းမအပြင်ဘက်ကို ပြေးထွက်သွားခဲ့သည်၊၊
ထိုအခိုက်အတန့်၌---
ဟွမ်ကျန်းထျန်နှင့် ကျန်းချိုရှန်တို့ ကုလားထိုင်ပေါ်လဲလျောင်းနေပြီး နေပူဆာလှုံနေကြ၏၊၊
ဟွမ်းကျန်းထျန် အချိန်ကို စစ်ကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
"ငါးရက်ကုန်တော့မယ်၊၊ အဲ့ဒီကောင်လေး ထွက်လာသင့်ပြီ---"
ကျန်းချိုရှန် ရယ်လိုက်၏၊၊
"အလျှင်မလိုပါနဲ့, သူအပြင်ထွက်လာရင် ငါသူ့ရဲ့တိုးတက်မှုကို စစ်ဆေးပေးမှာပါ---"
"သူသာ ဘာမှမတိုးတက်ခဲ့ဘူးဆိုရင်တော့ မင်းကိုမျက်နှာသာမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့----"
ထိုစဥ်မှာပဲ---
တံခါးက တွန်းဖွင့်ခံလိုက်ရ၏၊၊
နန်းကုန်းရှောင်ယွင်း သူမမျက်လုံးတွေကို ပွတ်သပ်ကာ ငိုယိုပြီး ပြေးထွက်လာခဲ့သည်၊၊
"ဝါး, ဝါး--, လက်ထောက်ခန်းမသခင်, မြန်မြန်လာခဲ့၊၊ တစ်စုံတစ်ယောက်ကက ငါ့ကို အနိုင်ကျင့်လိုက်တယ်၊၊ ဝါး---"
နှစ်ယောက်သား မနေနိုင်ပဲ မတ်တပ်ရပ်လိုက်သည်၊၊
နန်းကုန်ရှောင်ယွင်၏ သနားစရာကောင်းသည့်အခြေအနေကိုမြင်တော့ သူတို့တွေ ထိတ်လန့်သွားကြသည်၊၊
သူမနှာခေါင်းက ပွန်းပဲ့နေပြီး, လှပသည့်ပန်းရောင်ဝတ်စုံကလည်း လက်သီးချက်တွေကြောင့် စုတ်ပြဲနေခဲ့သည်၊၊ ထို့ပြင် ကျစ်ဆံမီကျစ်ထားသည့်နက်မှောင်သည့်ဆံပင်တွေလည်း ရှုပ်ပွနေခဲ့သည်၊၊
သူတို့က ဤအရာဟာ ရို့ယွင်ကျီခေါ်လာသည့် ချစ်စရာကောင်းသည့်မိန်းခလေးဆိုတာ မမှတ်မိလုနီးပါဖြစ်သွား၏၊၊
ဧည့်သည့်တစ်ယောက်အနေဖြင့်၊ ထို့ပြင် ကောင်းကင်ဘုံစက်ယန္တယားခန်းမမှ ထင်းရှားသည့်ဧည့်သည်တစ်ယောက်အနေဖြင့်---
နန်းကုန်းရှောင်ယွင်က အထဲကိုဝင်ရောက်ကျင့်ကြံချင်သည်ဟုပြောသည့်အခါ သူတို့က သဘာဝအတိုင်း ခွင့်ပြုပေးခဲ့၏၊၊
သို့ပေမယ့် ဘယ်လိုလုပ်ပြီး သူမက ဤကဲ့သို့ အဆုံးသတ်လာရသနည်း၊၊
အထွတ်အမြတ်ခန်းမ၏ကြီးကြပ်သူတစ်ယောက်အနေဖြင့် ကျန်းချိုရှန် အလျှင်အမြန်ပြောလိုက်သည်၊၊
"သခင်မလေးနန်းကုန်း, ဘာဖြစ်ခဲ့တာလဲ---"
တစ်ယောက်ယောက်က သူမကိုထောက်ခံပေးတာမြင်တော့ နန်းကုန်းရှောင်ယွင် ပိုလို့တောင် ကျယ်လောင်စွာငိုတော့၏၊၊
"တစ်ယောက်ယောက်က အထဲမှာ ငါ့ကို ရိုက်လွတ်လိုက်တယ်---"
"ဝါး---"
အာ---
အခုလက်ရှိ အထွတ်အမြတ်ခန်းမထဲ၌ ဂျန်ဖန်းနှင့် သူ့ဇနီးနှစ်ယောက်သာ ကျန်တော့၏၊၊
သူ့ဇနီးနှစ်ယောက်လုံးကလည်း ကျင့်ကြံရေးအဆင့်နိမ့်၏၊၊
ထို့ကြောင့် နန်းကုန်းရှောင်ယွင်ကို ရိုက်လွတ်လိုက်သည့်တစ်ယောက်က--- ဂျန်ဖန်းပဲဖြစ်သည်၊၊
နန်းကုန်ရှောင်ယွင်အချိန်အတော်ကြာငိုနေပြီး ရို့ယွင်ကျီကိုမမြင်သည့်အခါ အော်ဟစ်ငိုကြွေးရင်းအကူအညီရဖို့ပြေးထွက်သွားခဲ့သည်၊၊
ထွက်ခွာသွားသည့် သူမနောက်ကျောကိုကြည့်ပြီး ကျန်းချိုရှန် အတော်လေး တုန်လှုပ်နေခဲ့သည်၊၊
"ငါအမှတ်မမှားရင်---"
"သူမက ကောင်းကင်ဘုံစက်ယန္ဒရားခန်းမရဲ့ နံပါတ်တစ် ပါရမီရှင်မလား---"
"ပြီးတော့ မကြာသေးခင်ကမှလဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ထားသေးတယ်---"
"ဒါကို ဂျန်ဖန်းက သူမကို ရိုက်လွတ်လိုက်တာလား---"
ဟွမ်ကျန်းထျန်လည်း ထပ်တူ အံ့အားသင့်နေခဲ့သည်၊၊
ထို့နောက် သူ့မျက်နှာကို အပြင်းအထန် ပွတ်သပ်လိုက်၏၊၊
"ဘုရားရေ, သူက အခု အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရိုက်နိုင်နေပြီလား---"
"ငါသဘောကျမိတာ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ---"
ခဏကြာပြီးနောက်---
ကျင့်ကြံရေးအချိန်က ကုန်ဆုံးသွားခဲ့သည်၊၊
ဂျန်ဖန်းတို့ သုံးယောက်ထွက်လာခဲ့ကြသည်၊၊
ကျန်းချိုရှန်းနှင့် ဟွမ်ကျန်းထျန်တို့ တစ်ပြိုင်နက်က ဂျန်ဖန်း ကိုကြည့်လိုက်ကြသည်၊၊ သူတို့က ဂျန်ဖန်း အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့်အတွက် အတော်လေး ဒဏ်ရာရခဲ့မည်ဟု ထင်ခဲ့ကြသည်၊၊
ရလဒ်ကတော့ လူအိုကြီးနှစ်ယောက်ကို အံ့အားသင့်သွားစေခဲ့သည်၊၊
အကြိမ်များစွာထိုးထားသည့်အတွက် သူ့လက်သီးပွန်းပဲနေတာကလွဲလျှင် ထိခိုက်ဒဏ်ရာတစ်ခုတောင်မရှိပေ၊၊
ကျန်းချိုရှန် ဟွမ်ကျန်းထျန် နောက်ကျောကို ပုတ််ပြီးပြောလိုက်သည်၊၊
"လူအိုကြီး, ဒီဂျန်ဖန်းက တကယ်ထူးခြားတာပဲ---"
"ကောင်းပြီလေ, ငါ့သူ့ကို ထောက်ခံပေးမယ်---"
ထိုစဥ်---
တန်ထျန်လုံနှင့် ရှုယင်းရင်းတို့ အတူတကွရောက်လာခဲ့ကြသည်၊၊
အချို့ပွဲကြည့်တပည့်အချို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏၊၊
လီချင်ဖုန်းတောင် အပြေးအလွားရောက်လာခဲ့သည်၊၊
ပုံမှန်ဆိုတိတ်ဆိတ်နေသည့် အထွတ်အမြတ်ခန်းမဝင်ပေါက်က ချက်ချင်းပဲ သက်ဝင်လှုပ်ရှားသွားခဲ့သည်၊၊
တန်ထျန်လုံလက်ပိုက်ထားပြီး ရွတ်နှောက်နှောက်လေသံဖြင့်ပြောလိုက်သည်၊၊
"အခြေအနေဘယ်လိုရှိလဲ, ပထမကြီး---"
"ငါးရက်ကျင့်ကြံတာတောင် မင်းဇနီးတွေ တစ်ဆင့်မှမချိုးဖြတ်နိုင်ဘူးလို့ မပြောနဲ့နော်---"
ရှုယင်းရင် မျက်လုံးတွေ အရောင်လက်လာပြီး ဂုဏ်ယူစွာပြောလိုက်သည်၊၊
"စီနီယာအကိုတန်လမ်းညွှန်မှုအောက်မှာ ငါက အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ကို ချိုးဖြတ်သွားပြီလေ---"
"ပြီးတော့ ငါက တစ်နေ့နဲ့တစ်ဝက်ပဲ လေ့ကျင့်ခဲ့တာနော်---"
"ချန်းစီလင်, အမ, နင်တို့နှစ်ယောက်က ငါးရက်ကျင့်ကြံခဲ့ကြတယ်၊၊ ငါ့ကိုမကျော်ဘူးလို့တော့ မပြောကြနဲ့နော်---"
ရှုယင်းရင်နှင့်ပတ်သက်ပြီး ဘာမှားနေလဲ လီချင်ဖုန်း နားမလည်တော့ပေ၊၊
ပုံမှန်ဆိုရင် သူမက အတော်လေး သဘောကောင်း၏၊၊
အနည်းငယ်မောက်မာသော်လည်း အခြားလူတွေနှင့်ဆက်ဆံရာမှာ အတော်လေး ယှဥ်ကျေး၏၊၊
သို့ပေမယ့် ဂျန်ဖန်းနှင့်ပတ်သက်လာလျှင် သူမက ဘာကြောင့် ငရုတ်ကောင်းမှုန့်လို ဖြစ်သွားရသနည်း၊၊
ပတ်ပတ်လည်က လူတိုင်းကို ရန်စနေခဲ့သည်၊၊
မိန်းခလေးသုံးယောက်လုံးက သူ့တပည့်တွေဖြစ်ပြီး အကုန်လုံးက ပါရမီ အလွန်ရှိကြ၏၊၊
သူက သူမတို့၏ဆက်ဆံရေးပျက်ပြားသွားမှာကို မလိုချင်ပေ၊၊ ထို့ကြောင့် ချန်းစီလင်နနှင့် ရှုရို့ရန်တို့ကို လွယ်ကူအောင်ပြုလုပ်ပေးဖို့ကြိုးစားလိုက်၏၊၊
"ယင်းရင်, နင်က စီနီယာအကိုတန်ရဲ့ တိုက်ရိုက်လမ်းညွန်မှုကို ရခဲ့တာလေ၊၊ ဒီတော့ သဘာဝအတိုင်း ပိုမြန်မြန်တိုးတက်တာပေါ့---"
"သူတို့ကကျကိုယ့်ဘာသာကြိုးစားရတာလေ၊၊ ဒီတော့ တိုးတက်မှုက အကြီးကျယ်ကြီးမဟုတ်ရင်တောင် ချီးကျုးစရာကောင်းနေတုန်းပါပဲ---"
"သူတို့ကို မလှောင်ပါနဲ့---"
ရှုယင်းရင် သူမငွေရောင်သွားလေးကို အနည်းငယ်ကိုက်လိုက်၏၊၊
သူမက သူတို့၏အရှက်ရမှုကို ကြည့်ဖို့ သုံးရက်စောင့်ခဲ့ရတာဖြစ်၏၊၊
ဘာကြောင့် အလွယ်တကူလွတ်ပေးရမည်နည်း၊၊
ထို့ကြောင့်, သူမက အမူအရာကင်းမဲ့စွာပြောလိုက်သည်၊၊
"ဆရာ, ငါ့နင့်အမိန့်ကိုလိုက်နာပြီး သူတို့ကို မလှောင်လို့ရတယ်---"
"ဒါပေမယ့် အခြားလူတွေလှောင်တာကို နင်ရပ်တန့်နိုင်လို့လား---"
"မျက်နှာရအောင်က ကိုယ့်ဘာသာလုပ်ယူရတာ၊၊ အခြားသူယူပေးလို့မရဘူး--"
"သူတို့က မှားယွင်းတဲ့လူကို ရွေးချယ်ပြီး မှားယွင်းတဲ့နောက်ခံကိုရှာခဲ့ကြတာ၊၊ လူရယ်ခံရတာကလည်း သူတို့ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပဲ, အခြားလူတွေကို လိုက်အပြစ်တင်နေလို့မရဘူး--"
လိီချင်ဖုန်း ခေါင်းကိုက်သွား၏၊၊
ကြည့်ရတာ ယနေ့, မိန်းခလေးသုံးယောက်က ဘယ်သူအသာစီးရမလဲဆိုတာ ကြည့်ရတော့မည့်ပုံပင်၊၊
ချန်းစီလင်နှင့် ရှုရို့ရန်တိုးတက်မှုက အရမ်းကြီးမဆိုးဖို့သာ မျှော်လင့်ရတော့မှာဖြစ်သည်၊၊ ထို့သို့ဆိုလျှင် သုံးယောက်လုံး တစ်ယော်ကမှ မျက်နှာပျက်ရတော့မည်မဟုတ်ပေ၊၊
ကြည့်ရှုနေကြသည့်တပည့်တွေလည်း စတင်ပြီး တီးတိုးပြောလာကြ၏၊၊
"မိန်းခလေးနှစ်ယောက်မတိုးတက်ဖို့က ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတယ်---"
"ငါလည်း အဲ့လိုပဲထင်တယ်၊၊ အထွတ်အမြတ်ခန်းမထဲမှာ စိတ်ဝိညာဥ်စွမ်းအင် ကြွယ်ဝပေမယ့် အသုံးချဖို့ ကျင့်စဥ်နည်းလမ်းကလည်း အဆင့်မြင့်မှရမှာ---"
"ရှုယင်းရင်က မတူဘူး၊၊ သူမမှာ လမ်းညွှန်ပေးမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စီနီယာအကိုရှိတယ်၊၊ တစ်ဖက်မှာတော့ ဂျန်ဖန်းဇနီးနှစ်ယောက်က သူတို့ကိုယ်တိုင်လေ့ကျင့်ရတာ၊၊ ချောချောမွေ့မွေ့ကျင့်ကြံနိုင်မယ်လို့မထင်ဘူး---"
"ပြီးတော့ သူတို့က ငါးရက်တောင်ကျင့်ကြံခဲ့ကြတာ--"
"သူတို့သာ ဘာတိုးတက်မှုမှမရှိခဲ့ရင် အရမ်းရှက်စရာကောင်းလွန်းသွားပြီ----"
--
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေခဲ့ကြသည်၊၊
ရှုရို့ရန်မျက်နှာ နီရဲသွားပြီး ရှယင်းရင်ကို ပြောလိုက်သည်၊၊
"ညီမလေး, ဒီကိစ္စကိုထားလိုက်ပါ၊၊ မိသားစုတွေအချင်းချင်း ဘာလို့ယှဥ်ပြိုင်နေမှာလဲ---"
ရှုယင်းရင်က ဤအမဖြစ်သူကို အသိအမှတ်ပြု၏၊၊
သူမက အနည်းငယ်ခေါင်းညိတ်လိုက်၏၊၊
"ကောင်းပြီလေ, ငါနင်နဲ့မပြိုင်တော့ဘူး---"
"ဒါပေမယ့် ချန်းစီလင်---"
"နင်ကတော့ ဒီနေ့ မလွတ်နိုင်ဘူး---"