ရှုယင်းရင်၏ပြိုလဲမှု
Vol. 10 Ch. 146
နာမည်တပ်ခေါ်ဖြစ်၍ ချန်းစီလင် ရှောင်လွဲလို့မရတော့ပေ၊၊
ထို့ပြင် သူမက ရှောင်လွဲဖို့လဲ မလိုအပ်ပေ၊၊
"ရှုယင်းရင်, နင်မလာခဲ့သင့်ဘူး----"
အစကတည်းက သူမက ရှုယင်းရင်ရှုံးမှာကို သိ၏၊၊
အဘယ်ကြောင့်ဆိုသော် သူမက ဂျန်ဖန်း၏မိန်းမဖြစ်သောကြောင်ပင်၊၊
ရှုရို့ရန်ပဲဖြစ်ဖြစ် သူမပဲဖြစ်ဖြစ် ဂျန်ဖန်းနောက်ကိုလိုက်ချိန်မှစ၍ မည်သူက အကြီးအကျယ်ပြောင်းလဲမှုနှင့် မကြုံရသနည်း၊၊ မည်သူက အမြင့်ကိုပျံတက်မသွားလို့နည်း၊၊
သူမကိုအနိုင်ယူဖို့ ရှုယင်းရင်၌ ဘာရှိသနည်း၊၊
ဆန့်ကျင်ဘက်အနေဖြင့်---
ဤနေရာက ရှုယင်းရင်၏ နေရာဖြစ်သင့်၏၊၊
သို့ပေမယ့် သူမကိုယ်တိုင်က မလိုချင်ခဲ့ပဲ အမဖြစ်သူကိုပေးပစ်လိုက်သည်၊၊ ထို့နောက် အဆုံးမှာတော့ သူမဆီရောက်လာတာပဲဖြစ်သည်၊၊
"ဘာလဲ, နင်က တကယ်ပဲ အဆင့်တစ်ခုချိုးဖြတ်ခဲ့တယ်ပေါ့---"
ရှုယင်းရင် အနည်းငယ်အံ့အားသင့်သွား၏၊၊
သို့ပေမယ့် သူမအလျှင်အမြန်ပဲ တည်ငြိမ်သွားခဲ့သည်၊၊
"အရင်က နင် ချီကျင့်ကြံခြင်းအဆင့် ၉ မှာမလား---"
"ကံကောင်းပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ရင်တောင် ငါ့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ကနေ အဆင့် ၃ ကို ချိုးဖြတ်တာနဲ့ယှဥ်လို့မရသေးဘူး---"
တန်ထျန်လုံ လက်ပိုက်ထားပြီး စိတ်မရှည်စွာပြောလိုက်သည်၊၊
"ဂျန်ဖန်း, မင်းရဲ့မိန်းမကို ကျင့်ကြံရေးအဆင့်မြန်မြန်ပြခိုင်းလိုက်---"
"မင်းအရင်ကမောက်မာနေတာမဟုတ်ဘူးလား--- ပထမရမယ်လို့ အခိုင်အမာပြောခဲ့တယ်လေ---"
"ဒီတစ်ချိန်ကော မင်းငါ့ထက်သာအုန်းမလား ပြစမ်းပါ---"
လီချင်ဖုန်း အနည်းငယ်သက်ပြင်းချလိုက်၏၊၊
ဘယ်လိုပဲယှဥ်ပြိုင်ပြိုင် ချန်းစီလင် ရှုံးမှာပဲဖြစ်သည်၊၊
သူမ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့လျှင်တောင် ဘာမှအဓိပ္ပာယ်မရှိပေ၊၊
ရှုယင်းရင်ပြောသည့်အတိုင်းပင်၊၊ ချီကျင့်ကြံခြင်းအဆင့် ၉ မှ အခြေခံတည်ဆောက်ခြင်းအဆင့်ကွားခြားမှုက အခြေခံတည်ဆောက်ခြင်းအဆင့် ၂ နှင့် ၃ ကြားက ကွားခြားမှုနှင့် မယှဥ်နိုင်ပေ၊၊
ထို့ပြင်---
(အခြေခံတည်ဆောက်ခြင်း)အုတ်မြတ်တည်ဆောက်ဖို့ကလည်း မလွယ်ပေ၊၊
အခြေခံတည်ဆောက်ခြင်း ဆေးလုံးအကူအညီမရှိလျှင် အားကောင်းသည့်ကျင့်စဥ်နည်းလမ်းလိုအပ်တာဖြစ်သည်၊၊
သို့ပေမယ့် ချန်းစီလင်က ကျင့်စဥ်နည်းလမ်းကို လေးလေးနက်နက် မလေ့ကျင့်ရသေးပေ၊၊
လမ်းညွှန်မှုမရှိပဲနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့က စိန်ခေါ်မှုများ၏၊၊
အတော်လေးဆွဲဆောင်မှုရှိပြီး လှပသည့်အမျိုးသမီးတပည့်များစွာလည်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြ၏၊၊
"နင်တို့မြင်ခဲ့တယ်မလား၊၊ ဂျန်ဖန်းပထမရတုန်းက ချန်းစီလင်ဘယ်လောက်ဂုဏ်ယူနေခဲ့လဲဆိုတာ---"
"သူမက ထူးချွန်တဲ့ယောက်ျားကိုလက်ထပ်ခဲ့တာလို့ တကယ်ထင်နေတာ---"
"ဟမ့်, မကြာခင် သူမ အရယ်ခံရတော့မှာပါ---"
ချန်းစီလင်မျက်လုံးထဲ၌ အကူအညီမဲ့မှုတွေရှိနေခဲ့သည်၊၊
ယှဥ်ပြိုင်ချင်နေမှတော့လည်း သူမက ရှုယင်းရင်ဆန္ဒအတိုင်း လုပ်ပေးရမည်ဖြစ်သည်၊၊
အတွေးတစ်ခုနှင့် သူမခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်စွမ်းတွေ ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်၊၊
လူတိုင်း မနေနိုင်ပဲ စိုက်ကြည့်နေခဲ့ကြ၏၊၊
အခြေခံတည်ဆောက်ခြင်းအဆင့်၏ ပြိုင်ဘက်ကင်းစိတ်ဝိညာဥ်စွမ်းအားကိုခံစားမိပြီး အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်၊၊
"အခြေခံတည်ဆောက်ခြင်းအဆင့်၊ သူမတကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖြတ်နိုင်ခဲ့တာပဲ---"
လှပသည့်အမျိုးသမီးတပည့်များစွာလည်း သူမတို့၏ ငွေရောင်သွားလေးကိုကိုက်ကာ အတော်လေး ဆန္ဒမရှိဖြစ်နေကြသည်၊၊
"သူမက အတော်ကံကောင်းတာပဲ၊၊ လမ်းညွှန်မှုမရှိပဲနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာချိုးဖြတ်နိုင်တယ်---"
"အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်တော့ကာ ဘာဖြစ်လဲ၊၊ သူမက ရှုယင်းရင်နဲ့ မယှဥ်နိုင်သေးပါဘူး---"
"ပြီးတော့, သူမက ငါးရက်ကျင့်ကြံခဲ့တာလေ၊၊ ရှုယင်းရင်းက တစ်နေ့တစ်ဝက်ပဲကျင့်ကြံခဲ့တာ၊၊ သူမမရှက်ဘူးလား---"
တန်ထျန်လုံ တုန်လှုပ်သွား၏၊၊
"သူမ တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်၊၊ တကယ်ပဲ ဂျန်ဖန်းလမ်းညွှန်မှုမရှိပဲနဲ့ အဆင့်ချိုးဖြတ်နိုင်တယ်ပေါ့---"
"တော်တော်ကောင်းတဲ့ကံပဲ--"
"ဒါပေမယ့်, သူမက ရှုယင်းရင်နဲ့ မယှဥ်နိုင်သေးပါဘူး----"
ရှုယင်းရင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း----
ချန်းစီလင် အခြေခံတည်ဆောက်ခြင်းအဆင့်ချိုးဖြတ်နိုင်တာ သိလိုက်ရသည့်အခါလက်ခံပေးဖို့ ခက်ခဲနေဆဲဖြစ်သည်၊၊
တစ်ခုတည်းသောနှစ်သိမ့်စရာက---
ချန်းစီလင်၏ ငါးရက်ကျင့်ကြံသည့်အကျိုးသက်ရောက်မှုက သူမ၏ တစ်နေ့တစ်ဝက်ကျင့်ကြံတာထက် မကောင်းတာပဲဖြစ်သည်၊၊
ထိုအရာကိုတွေးပြီး သူမအနည်းငယ်သက်တောင့်သက်သာဖြစ်သွားကာ လှောင်ပြောင်လိုက်၏၊၊
"သိပ်လည်းမကြီးကျယ်---"
သို့ပေမယ့် သူမစကားတောင်မပြီးလိုက်သေးပေ---
ချန်းစီလင်၏ စိတ်ဝိိညာဥ်စွမ်းအင် ဆက်လက်ထွက်ပေါ်နေပြီး ရပ်မည့်လက္ခဏာမပြသေးတာကို သတိထားမိလိုက်သည်၊၊
အလျှင်အမြန်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ကို အလျှင်အမြန်ပဲရောက်သွားခဲ့သည်၊၊
ထို့ပြင် ပြည့်ပြည့်စုံခြင်းအဆင့်ရောက်မှသာ ရပ်တန့်သွားခဲ့သည်၊၊
လီချင်ဖုန်း အံ့အားသင့်သွားခဲ့သည်၊၊
"အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်---"
သူက ပျော်ရွင်စွာဖြင့် အော်ပြောလိုက်၏၊၊
"စီလင်, နင်ဘယ်လိုလုပ်ခဲ့တာလဲ----"
ချီကျင့်ကြံခြင်းအဆင့် ၉ မှ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်ကို တစ်ခါတည်းဖြင့်ချိုးဖြတ်နိုင်တာက အရမ်းအံ့အားသင့်ဖို့ ကောင်းနေပြီဖြစ်သည်၊၊
သူကိုယ်တိုင်လမ်းညွှန်ပေးမည်ဆိုလျှင်တောင် ဤလောက်ထိ တိုးတက်မည်မဟုတ်ပေ၊၊
လှပသည့်အမျိုးသမီးတပည့်များစွာလည်း ကြောင်အနေပြီး စကားမပြောနိုင်ဖြစ်နေကြ၏၊၊
ငါးရက်တည်းနှင့် သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖြတ်သွားသည်လား---
နောက်ထပ်အနည်းငယ်သာကျင့်ကြံလိုက်လျှင် အဆင့် ၃ ကိုရောက်ပြီပဲဖြစ်သည်၊၊
မကြာခင်သူမက သူတို့ကိုလိုက်မီတော့မှာပဲဖြစ်သည်၊၊
သို့ပေမယ့် သူမတို့က တပည့်ဟောင်းတွေဖြစ်ပြီး ချန်းစီလင်ကတော့ ဂိုဏ်းဝင်ရောက်တာတစ်လပဲရှိသေးသည့် တပည့်သစ်ဖြစ်သည်၊၊
တန််ထျန်လုံပိုက်ထားသည့်လက် ပြေလျော့သွားပြီး တုန်လှုပ်နေခဲ့သည်၊၊
"အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်----"
"လမ်းညွှန်မှုမရှိပဲနဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ----"
"ဂျန်ဖန်း, မင်း တစ်ယောက်ယောက်ကို သူမကို လမ်းညွှန်းခိုင်းခဲ့တာလား--"
ပြောပြီးပြီချင်း သူက ဉာဏ်မရှိသည့်မေးခွန်းမေးမိပြီဆိုတာ သိလိုက်၏၊၊
အကျိုးပြုမှတ်တွေက အကန့်အသတ်ရှိ၏၊၊ သူက ငါးရက်ကြာ လမ်းညွှန်ခေါ်ဖို့ ဘယ်လိုလုပ် အမှတ်ပိုသုံးနိုင်မည်နည်း၊၊
ကြည့်ရှုသူတွေလည်း အံ့အားသင့်သွားကြသည်၊၊
"ချီကျင့်ကြံခြင်းအဆင့် ၉ မှ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖြတ်တာ---"
"ကျွမ်းကျင်တဲ့လမ်းညွှန်မှုသာမရှိရင် ငါ ငါ့ခေါင်းပေါ်မတ်တပ်ရပ်ပြီး သေးပန်းလိုက်မယ်----"
"ချန်းစီလင် တကယ် အမြင်မမှားခဲ့ဘူးပဲ၊၊ သူမက ယောက်ျားကောင်းတစ်ယောက်ရခဲ့တာပဲ---"
"ငါသာစောစောသိခဲ့ရင်, ငါလည်း ဂျန်ဖန်းအမျိုးသမီးလုပ်ပါတယ်---"
"သူမရတာတွေက ရှုယင်းရင်ထက်အများကြီးပိုတယ်---"
ရှုယင်းရင် ထိုအရာကိုလက်မခံနိုင်ပေ၊၊
သူမ အထီးကျန်လှေမြို့၏ပါရမီရှင်ဖြစ်ချိန်န်က ချန်းစီလင်က သာမန်စိတ်ဝိညာဥ်အမြစ်ရှိသူသာဖြစ်၏၊၊ သိုင်းပညာအလားအလာမရှိပဲ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်အဖြစ်သာ သင့်တော်၏၊၊
သို့ပေမယ့် ဂျန်ဖန်း ကိုယ်လုပ်တော်ဖြစ်လာပြီးကတည်းက----
သူမက ကောင်းကင်ပျံတက်သွားပြီး တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း တိုးတက်လာခဲ့သည်၊၊
ယခုဆိုလျှင် သူမကိုကျော်တက်လုနီးပါပင်၊၊
ဤကဲ့သို့အကြီးအကျယ်ပြောင်းလဲမှုက သူမကိုသတိပေးလိုက်သည့် ပါးရိုက်ချက်တစ်ခုကဲ့သို့ပင်၊၊
အတိတ်တုန်း၌ သူမက ဂျန်ဖန်းကို အပြတ်အသတ်ငြင်းခဲ့၏၊၊ ဘယ်လောက်တောင် မိုက်မဲလိုက်သနည်း၊၊
ထိုအတွေးက သူမကို ဆင်ခြင်တုန်တရားကင်းမဲ့စေလုနီးပါးဖြစ်သွားခဲ့သည်၊၊
ရှင်းပြလို့မရသည့် ခါးသီးသည့်ခံစားချက်ကြောင့် သူမက ရှေ့ကိုတစ်ဟုန်ထိုးတက်ကာ အော်ဟစ်ပြီး ချန်းစီလင်ရင်ဘတ်ကို ရိုက်ချလိုက်၏၊၊
"ငါမယုံဘူး, နင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ဆိုတာ ငါမယုံဘူး----"
သူမက ဘာမှအသိပေးခြင်းမရှိပဲ တိုက်ခိုက်လိုက်တာဖြစ်သည်၊၊
တစ်ယောက်မှ ပြင်ဆင်ချိန်မရလိုက်ပေ၊၊
ချန်းစီလင် ထိုတိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး ကာကွယ်ဖို့ အလျှင်အမြန် လက်မြောက်လိုက်၏၊၊
သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၂ သာရှိသေး၏၊၊ ရှုယင်းရင်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ဖြစ်ပြီး တိုက်ခိုက်ရေးနည်းလမ်းတွေကိုလည်း လေ့ကျင့်ထား၏၊၊
ချန်းစီလင် သူမကို မည်သို့ ခုခံနိုင်မည်နည်း၊၊
တိုက်ခိုက်ခံရပြီး သူမအရိုးတွေကျိုးသွားနိုင်တာပဲဖြစ်သည်၊၊
ကံကောင်းစွာဖြင့် ဂျန်ဖန်း အမြဲတမ်း သတိထားနေ၏၊၊
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဝင်တားဖို့ပြင်လိုက်၏၊၊
သို့ပေမယ့် ရှုရို့ရန် ဝင်တားလိုက်၏၊၊ သူမမျက်နှာမှာ ဒေါသအရိပ်အယောင်တွေရှိနေပြီး ရှုယင်းရင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်၊၊
ထို့နောက် မပျော်ရွင်စွာဖြင့်ပြောလိုက်သည်၊၊
"ယင်းရင်, နင်ဘာတွေလုပ်နေတာလဲ၊၊ စိတ်အေးအေးထားစမ်း---"
ရှုယင်းရင်း ဒေါသထွက်နေပြီး အကြံဉာဏ်အားလုံးကို လျစ်လျူရှုထားခဲ့သည်၊,
သူမက စူးရှစွာအော်လိုက်၏၊၊
"လွတ်စမ်း, ဒါက နင့်ကိစ္စမဟုတ်ဘူး---"
"ပြီးတော့ နင်ကြားဝင်စရာလည်း ဘာအကြောင်းမှမရှိဘူး---"
ကလေးဘဝမှ ကြီးသည်အထိ သူမက ရှုရို့ရန်ကို အမတစ်ယောက်အဖြစ်ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ၊၊
တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်ပြီးနောက်တောင်---
သူမခွန်အားက ရှုရို့ရန်ထက်သာ၏၊၊
ရှုရို့ရန် ရွေးချယ်စရာမရှိတော့ပဲ အလျှင်အမြန် သူမကို စိတ်ဝိညာဥ်စွမ်းအင်ဖြင့် တွန်းထုတ်လိုက်၏၊၊
ချက်ချင်းပဲ---
အကာကွယ်မဲ့နေသည့် ရှုယင်းရင်း နောက်ကိုလဲကျသွားခဲ့သည်၊၊
သူမက ရှုရို့ရန်ကို တုန်လှုပ်စွာကြည့်လိုက်သည်၊၊
"နင်--- နင် ဘယ်အဆင့်မှာလဲ---"
ထိုတိုက်ခိုက်မှု၌ သူမက ခွန်အားကုန်အသုံးပြုထားတာဖြစ်သည်၊၊
ရှုရို့ရန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၁ သာဖြစ်၍ မည်သို့ သူမကို တွန်းထုတ်နိုင်မည်နည်း၊၊
လီချင်ဖုန်း ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည်၊၊
သူက မနေနိုင်ပဲ အော်ပြောလိုက်သည်၊၊
"အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ပြီးပြည့်စုံခြင်းအဆင့်---"
"ရို့ရန်, နင်လည်း ဒီလောက်တောင် တိုးတက်ခဲ့တယ်ပေါ့---"
လူအုပ် အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်၊၊
သူတို့ လုံးဝကို မယုံနိုင်ဖြစ်နေကြ၏၊၊
"ချန်းစီလင်တင် အံ့သြစရာကောင်းအောင် တိုးတက်သွားတာမဟုတ်ဘူးပဲ၊၊ ရှုရို့ရန်လည်း အတော်ကြီးတိုးတက်လာတာပဲ---"
"သူတို့ကို ဘယ်သူလမ်းညွှန်ပေးလိုက်တာလဲ၊၊ ဒီလောက်ထိတောင် ထူးထူးခြားခြား တိုးတက်သွားတယ်---"
အားလုံးထဲမှာ အတုန်လှုပ်ဆုံးကတော့ သံသယရှိစရာမလိုအောင် ရှုယင်းရင်ပဲဖြစ်သည်၊၊
သူမက ရှုယင်းရင်းကို စိုက်ကြည့်နေပြီး သူမအမြင်တွေ မဲမှောင်သွားခဲ့သည်၊၊
ရှုရို့ရန်ရှေ့မှာ သူမဂုဏ်ယူနိုင်သည့် တစ်ခုတည်းသော်အရာက သူမခွန်းအားဖြစ်သည်၊၊
သို့ပေမယ့် ဆယ်နှစ်ကြာခိုင်မြဲခဲ့သည့် ထိုဂုဏ်ယူမှု ဤအခိုက်အတန့်မှာ ပျောက်ကွယ်သွားပြီပဲဖြစ်သည်၊၊
ထို့ပြင် ထိုအရာအာလုံးဖြစ်ရတာက----
သူမ သူမသတို့သားကို သူမအမဆီ တွန်းပို့လိုက်လို့ပဲဖြစ်သည်၊၊
"ဘာလို့ဒီလိုတွေဖြစ်ရတာလဲ, ဘာလို့လဲ---"
ရှုယင်းရင် အရုပ်ကျိုးပြတ်ဖြစ်သွားပြီး မျက်နှာပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့သည်၊၊
သူမ၏ အရုပ်ကျိုးပြတ်ဖြစ်မှုက တန်ထျန်လုံကိုလည်း အရှက်ရသွားစေခဲ့သည်၊၊
သူက အရင်က ဂုဏ်ယူစွာဖြင့် ကြေကြာထားခဲ့သည်၊၊ သူ ရှုယင်းရင်ကို ပေးနိုင်တာက ဂျန်ဖန်း သူ့ဇနီးနှစ်ယောက်ကိုပေးတာထက် အများကြီးပိုတယ်ဆိုတာပဲဖြစ်သည်၊၊
ထို့နောက် ရလဒ်က ဘာဖြစ်သွားသနည်း၊၊
ရှုယင်းရင် ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားပြီး အလွန်ဝမ်းနည်းသွားရတာပဲဖြစ်သည်၊၊
သူက အလျှင်အမြန်ပဲ နှစ်သိမ့်လိုက်၏၊၊
"ဂျူနီယာညီမရှု, ငါဒီမှာရှိနေတာပဲ, မစိုးရိမ်---"
သူတောင်ပြောလို့မပြီးသေးပေ၊၊ လုံးဝစိတ်ပျက်နေသည့် ရှုယင်းရင် ကြားဝင်ပြောလိုက်သည်၊၊
"မလိုတော့ဘူး---"
"နင် ဂျန်ဖန်းကို မနိုင်နိုင်ဘူး---"
ထို့နောက် သူမက မျက်ရည်တွေသုတ်ကာ ပြေးထွက်သွားတော့သည်၊၊
ယောက်ျားတစ်ယောက်၏ အကြီးမားဆုံးတားမြစ်ချက်က သူတို့ မစွမ်းဆောင်နိုင်ဘူးဟု အပြောခံရတာပဲဖြစ်သည်၊၊
အထူးသဖြင့် လှပသည့် အမျိုးသမီးတစ်ယောက်မှ ပြောတာဖြစ်သည်၊၊
လူတိုင်းရှေ့မှာ ရှုယင်းရင် ပြောလိုက်တာကြောင့် တန်ထျန်လုံ ဒေါသတကြီးရယ်လိုက်၏၊၊
"ငါက ဂျန်ဖန်းလောက်မတော်ဘူး, ဟုတ်လား---"
"ငါ, တန်ထျန်လုံက စိတ်ဝိညာဥ်အမြစ်မရှိတဲ့ အမှိုက်ကောင်လောက်တောင် မတော်ဘူးပေါ့---"
ထိုအရာက ကြီးမားသည့်စော်ကားမှုကြီးပင်၊၊
သူက အလွန်ဒေါသထွက်နေ၏၊၊
ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်တွေလိမ့်တက်လာပြီး ဟိန်းဟောက်လိုက်၏၊၊
"ဂျန်ဖန်း, မင်းငါနဲ့တိုက်ရဲလား---"