လနတ်ဘုရားမ
Vol. 10 Ch. 147
ဂျန်ဖန်း သက်ပြင်းချလိုက်သည်၊၊
သူက အိမ်မှာနေရင်း ပြဿနာက ကောင်းကင်မှပြုတ်ကျလာခဲ့သည်၊၊
သို့ပေမယ့် တစ်ဖက်လူက ရန်လိုသည့်သဘောထားကြောင့် သူနောက်ပြန်ဆုတ်လို့မရပေ၊၊
သူက နောက်ကျောက အနက်ရောင်ဓား ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်၊၊
"ကောင်းပြီလေ, ငါမင်းနဲ့ကစားပေးမယ်---"
သူက အခုလေးတင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ကို ချိုးဖြတ်ခဲ့ရာ အခြေခိုင်ဖို့ တိုက်ပွဲများစွာ လိုအပ်နေ၏၊၊
တန်ထျန်လုံက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံကြွယ်ဝသည့် စီနီယာတပည့်တစ်ယောက်ဖြစ်သည်၊၊
သူ့ကို ဓားသွေးကျောက်အနေဖြင့်သုံးတာဟာ အမှန်ကန်ဆုံးပဲဖြစ်သည်၊၊
"ငါနဲ့ကစားမယ်?-- ဟ---ဟ--ဟ---"
ပေါ့ပေါ့ပါးပါးလေသံက တန်ထျန်လုံကို ပိုလို့တောင် စော်ကားသလို ခံစားရစေ၏၊၊
သူက ဒေါသတကြီးရယ်လိုက်သည်၊၊
"မင်းက တကယ်ပဲ ငါ့ခေါင်းပေါ် တက်နင်းနိုင်ပြီလို့ထင်နေတာလား--"
"ကောင်းပြီလေ, ဒါဆိုလည်းမင်းဘဝရဲ့ပထမဆုံးသင်ခန်းစာကို သင်ပေးရတာပေါ့၊၊ မောက်မာတာက အမြဲတမ်း ပျက်ဆီးခြင်းကိုပဲ ဖြစ်စေတယ်ကွ---"
ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်တွေလိမ့်တက်လာပြီး သူ့အဝတ်တွေက တဖြတ်ဖြတ် လွင့်ပျံနေခဲ့သည်၊၊
နှစ်ယောက်သား တိုက်ခိုက်တော့မည့်အချိန်မှာပဲ---
လီချင်ဖုန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်၊၊
"မင်းတို့က မြင့်မြတ်အကြီးအကဲနှစ်ယောက်ရှေ့မှာ ပြဿနာရှာဖို့ ကြိုးစားနေတာလား---"
တန်ထျန်လုံ နှလုံးသား တုန်ယင်သွား၏၊၊
ထိုအခါမှသာ ဟွမ်းကျန်ထျန်နှင့် ကျန်ချိုရှန်တို့ ကြည့်နေတယ်ဆိုတာ သတိရသွားခဲ့သည်၊၊
ကြောက်လန့်သွားပြီး သူက အလျှင်အမြန်ပဲ စိတ်ဝိညာဥ်စွမ်းအင်တွေကို ပြန်သိမ်းလိုက်သည်၊၊
ဂိုဏ်း၌ တပည့်တွေကြားတိုက်ခိုက်မှုကို တားမြစ်ထား၏၊၊
မြင့်မြတ်အကြီးအကဲနှစ်ယောက်ရှေ့မှာ စည်းမျဥ်းတွေကိုချိုးဖောက်တာက သူတို့ကို မလေးစားရာကျ၏၊၊
သူက ဂျန်ဖန်းကို မလိုလားစွာဖြင့်ကြည့်လိုက်သည်၊၊
"တပည့်အဆင့်သတ်မှတ်ခြင်းမှာ ဒီနေ့လိုပဲ မင်း ယုံကြည်မှုရှိနေမယ်လို့ ငါမျှော်လင့်တယ်---"
လဝက်နေလျှင် တပည့်အဆင့်သတ်မှတ်ခြင်းနေ့ ရောက်ပြီဖြစ်သည်၊၊
ထို့ပြင် စစ်ဆေးမည့်လူကလည်း တန်ထျန်လုံဖြစ်သည်၊၊
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊၊
သူ့လက်ရှိခွန်အားဟာ တန်ထျန်လုံအရှက်ခွဲလို့မရတော့ဘူးဆိုတာ ယုံကြည်မှုရှိ၏၊၊
သို့ပေမယ့် အဆင့်သတ်မှတ်သည့်အခွင့်အာဏာက တန်ထျန်လုံလက်ထဲမှာရှိတာဖြစ်သည်၊၊
သူသာ လုံးဝသာလွန်မှုကိုမပြနိုင်လျှင် တန်ထျန်လုံက အငြိုးဖြင့် အဆင့်နိမ့်ပေးမှာပဲဖြစ်သည်၊၊
ထို့ကြောင့် သူ့ခွန်အားကို ဆက်လက်မြင့်တင်ဖို့လိုအပ်၏၊၊
ထိုအရာမတိုင်ခင် သူက အခြေခိုင်ဖို့ အစစ်အမှန်တိုက်ပွဲများစွကို တိုက်ခိုက်ရမည်ပဲဖြစ်သည်၊၊
"ယောက်ျား, ငါတောင်းပန်ပါတယ်၊၊ ငါ့ကြောင့် နင်ပြဿနာဖြစ်ရပြီ---"
ချန်းစီလင် အပြစ်ရှိသလိုခံစားနေရ၏၊၊
ရှုယင်းရင်နှင့် သူမ၏ ပဋိပက္ခက ဂျန်ဖန်းကို ပါဝင်ပါတ်သက်စေခဲ့၏၊၊
တန်ထျန်လုံဒေါသကိုကြည့်ခြင်းဖြင့် လာမည့်တပည့်အဆင့်သတ်မှတ်ခြင်းမှာ ဂျန်ဖန်းကို ခက်ခဲအောင်လုပ်တော့မှာ စိတ်ကူးကြည့်လို့ရ၏၊၊
ဂျန်ဖန်းကတော့ ပေါ့ပေါ့ပါးပါးပင်၊၊
သူမနဖူးပေါ်က အရေးအကြောင်းတွေကို ပြေပျောက်စေဖို့ လက်ဆန့်ထုတ်ကာပွတ်ပသပ်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်သည်၊၊
"မင်းက ငါ့ကို ခင်ပွန်းတစ်ယောက်အဖြစ်မြင်မှတော့ ငါကလည်း ခွန်ပွန်းတာဝန်ကျေရမှာပေါ့---"
ချန်းစီလင် လှုပ်လှုပ်ရှားရှားဖြစ်သွား၏၊၊
သူမက ကိုယ်လုပ်တော်တစ်ယာက်ဖြစ်သော်လည်း ဂျန်ဖန်းက ဘယ်သောအခါမှ သူမကို သိမ်ငယ်အောင်မလုပ်ခဲ့ပေ၊၊
သူက သူမကို ရှုရို့ရန်ထက်မလျော့သောနည်းဖြင့် ကောင်းကောင်းမွန်မွန်ဆက်ဆံ၏၊၊
နေရာတိုင်းမှာ သူမခံစားချက်တွေကို အလေးထားပြီး ချစ်ခင်ပေး၏၊၊
"နင်နဲ့တွေ့ရတာ ငါ့ဘဝရဲ့ကံကောင်းမှုပဲ---"
သူမအသံက အနည်းငယ် ဆို့နင့်သွားခဲ့သည်၊၊
မျက်လုံးတွေကလည်း မျက်ရည်တွေဖြင့် တက်လက်လက်တောက်ပနေခဲ့သည်၊၊
နေရင်းထိုင်းရင် သူမက ဘာကြောင့်ထငိုရသနည်း၊၊
ဂျန်ဖန်း ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး အလျှင်အမြန်ပဲ အကြောင်းအရာကို ပြောင်းလိုက်သည်၊၊
"မင်းတို့ရဲ့ကျင့်ကြံရေးက တိုးတက်လာတယ်ဆိုပေမယ့် ကျင့်ကြံရေးနည်းလမ်းတွေကိုလည်း လျစ်လျူရှုထားလို့မရဘူး---"
တပည့်အဆင့်သတ်မှတ်ခြင်းကို ဂျန်ဖန်း တစ်ယောက်တည်းရင်ဆိုင်ရမှာမဟုတ်ပေ၊၊ သူမတို့လည်း ရင်ဆိုင်ရပေမည်၊၊
ယနေ့, သူမတို့က ဂျန်ဖန်းနှင့်အတူ ထင်ပေါ်သွားပြီးဖြစ်၍ လူအများ မနာလိုဖြစ်ကုန်ကြ၏၊၊
သူမတို့သာ တပည့်အဆင့်သတ်မှတ်ခြင်းမှာ အမှားလုပ်မိလျှင် အတင်းအဖျင်းပြောခံရမှာ အသေအချာပင်၊၊
တစ်ခဏတွေးပြီးနောက်---
ဂျန်ဖန်း "ဓားနှလုံးသားထွင်းထုခြင်း" ၏ ပထမအတွဲကို ထုတ်ယူလိုက်၏၊၊ ထို့နောက်ရှုရို့ရန်လက်ထဲကို ထည့်ပေးလိုက်သည်၊၊
"မင်းတို့နှစ်ယောက်ဒါကိုလေ့ကျင့်လိုက်၊၊ အတော်ကြာလို့မှ နားမလည်ဘူးဆိုရင် ငါ့ဆီလာခဲ့---"
ဤဓားသိုင်းကို ဟွမ်ကျန်းထျန်တောင် နားမလည်နိုင်သည်ဖြစ်၍ သူ့အမျိုးသမီးနှစ်ယောက် နားလည်နိုင်ပါ့မလားဆိုတာ မသေချာပေ၊၊
အဆင့်ဖော်ပြမထားသည့် နောက်ထပ်ကျင့်ကြံရေးနည်းလမ်းတစ်ခုကိုမြင်တော့ ရှုရို့ရန် ရေရွတ်လိုက်သည်၊၊
"ဒါက နောက်ထပ် စွမ်းအားကြီးနည်းလမ်းတစ်ခုလို့တော့ ငါ့ကိုမပြောနဲ့နော်---"
အရင်က ဂျန်ဖန်း သူမကိုပေးသည့်ကျင့်ကြံရေးနည်းလမ်းတွေက အမြဲတမ်း အံ့အားသင့်စရာကောင်း၏၊၊
လီချင်ဖုန်း အတော်လေး ဆွံ့အနေခဲ့သည်၊၊
ဂျန်ဖန်းက သူ့တပည့်မနှစ်ယောက်အပေါ် အလွန်ရက်ရောနေခဲ့သည်၊၊ သူက ဆရာတစ်ယောက်အနေဖြင့် မမြင်သလိုဟန်ဆောင်နေလို့မရပေ၊၊
မဟုတ်လျှင် အခြားလူတွေ သူ့ကို ဘယ်လိုပြောကြမည်နည်း၊၊
အကူအညီမဲ့စွာဖြင့် သူ့အင်္ကျီလက်ထဲမှ ငွေရောင်ဒင်္ဂါပြားတစ်ခုကို ထုတ်ယူလိုက်သည်၊၊ ထို့နောက် ဂျန်ဖန်းဆီပစ်ပေးလိုက်ပြီး မှုန်ကုတ်ကုတ်ဖြင့်ပြောလိုက်သည်၊၊
"ငါတို့ အခု ကျေပြီ--"
ဂျန်ဖန်း ထိုအရာကို ဖမ်းယူလိုက်၏၊၊ ၎င်းဒင်္ဂါးပြားပေါ်၌ "သိုင်းဝိညာဥ်" ဆိုသည့် စကားလုံးထွင်းထုထား၏၊၊
ထိုအရာက ဘာလဲ သူမသိပေမယ့် လက်ချင်းယှက်ပြီး ကျေးဇူးတင်လိုက်၏၊၊
ထို့နောက် သူက အမျိုးသမီးနှစ်ယောက်၏လက်ကိုကိုင်ကာ နှုတ်ဆက်စကားပြောလိုက်၏၊၊
"ငါပြောတာမမေ့နဲ့နော်၊၊ နားမလည်တာရှိရင် ငါ့ဆီ အချိန်မရွေးလာခဲ့---"
ရှုရို့ရန် ခေါင်းညိတ်လိုက်၏၊၊
ချန်းစီလင်တွေဝေနေပုံရပြီး ဂျန်ဖန်းကို တစ်ခုခုပြောချင်နေသလိုပင်၊၊
သို့ပေမယ့် ဘေးမှာလူများစွာရှိနေသဖြင့် အဆုံးမှာတော့ ဘာမှမပြောတော့ပေ၊၊
အမျိုးသမီးနှစ်ယောက် ကောင်းကင်ဓားတောင်ထိပ်ကို ပြန်ရောက်ပြီးနောက် ဂျန်ဖန်းပေးလိုက်သည့် "ဓားနှလုံးသားကျင့်ကြံခြင်း"ကို အတူတကွ ကျင့်ကြံလိုက်ကြ၏၊၊
ရှုရို့ရန်က စိတ်ဝင်တစားဖတ်နေခဲ့သည်၊၊
သို့ပေမယ့် ချန်းစီလင်ကတော့ ဂနာမငြိမ်ဖြစ်နေခဲ့သည်၊၊
အဘယ်ကြောင့်ဆိုသော် အသံတစ်ခု သူမစိတ်ထဲမှာပေါ်လာသောကြောင့်ပင်၊၊
"ကောင်မလေး, ငါ့တည်ရှိမှုကို ဘယ်သူ့ကိုမှ မပြောဖို့ နင့်ကို သတိပေးမထားဘူးလား---"
"ဘာလဲ, နင်က ငါ့အကြောင်းကို အဲ့ဒီကောင်စုတ်လေးကို ပြောချင်နေတယ်ပေါ့---"
ချန်းစီလင်မျက်နှာဖြူဖျော့သွားပြီး ရှုရို့ရန်ကို သတိထားပြီး တစ်ချက်ကြည့်လိုက်သည်၊၊
ရှုရို့ရန်သတိမထားမိတာမြင်မှသာ သူမက စိတ်ထဲမှာပြန်ပြောလိုက်သည်၊၊
"နင့်ရဲ့တည်ရှိမှုကို ခံစားမိတာဂျန်ဖန်းလေ၊၊ သူပေးတဲ့ဆေးညွှန်းကြောင့် နင်အခုလို နိုးထလာတာမဟုတ်ဘူးလား---"
အသံက ဂျန်ဖန်း ရှာတွေ့ခဲ့သည့် မွေးရာပါသန္ဓေသားမှလွဲပြီး အခြားမဟုတ်ပေ၊၊
သို့ပေမယ့် ဂျန်ဖန်းမျှော်လင့်ထားသည့်အတိုင်း ထိုမွေးရာပါသန္ဓေသားက ချန်းစီလင်ကို ကြီးမားသည့်စွမ်းရည်တွေမပေးခဲ့ပေ၊၊
ထိုအစား, ၎င်းက--- ထူးဆန်းစွာပဲ အသိစိတ်ရှိလာခဲ့သည်၊၊
သူမပြောတာတော့ သူမက မှတ်ဉာဏ်တွေနှင့်ပြန်လည်မွေးဖွားလာတာဖြစ်ပြီး ချန်းစီလင်၏ အမွာညီမဖြစ်လာတာပဲဖြစ်သည်၊၊
သို့ပေမယ့် အချို့အကြောင်းပြချက်တွေကြောင့် သန္ဓေသားက အားနည်းနေခဲ့၏၊၊
သူမဝိညာဥ်တောင် ချန်းစီလင်၏ စုပ်ယူမှုကိုခံခဲ့ရ၏၊၊
တစ်လကြာဂျန်ဖန်းဆေးညွှန်း၏အာဟာရဖြည့်တင်းမှုကြောင့်သာ တဖြည်းဖြည်းပြန်ကောင်းလာတာဖြစ်သည်၊၊
မကြာသေးခင်က ချန်းစီလင်၏ အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖြတ်ခြင်းက သူမကို အပြည့်အဝနိုးထလာစေခဲ့သည်၊၊
သူမအသံက အနည်းငယ်နူးညံ့သွားပြီး နှာမှုတ်လိုက်၏၊၊
"သူ့ကိုကျေးဇူးတင်ဖို့ ငါအခြားနည်းလမ်းတစ်ခုရှာမှာပါ---"
"ဒါပေမယ့် ငါ့ရဲ့တည်ရှိမှုက ထုတ်ဖော်လို့မရဘူး---"
"ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးထဲက ဘယ်ယောက်ျားကမှ မကောင်းလို့ပဲ---"
ချန်းစီလင်ဆွံ့အသွားပြီး ပြောလိုက်သည်၊၊
"အမ, ဂျန်ဖန်းက အခြားယောက်ျားတွေနဲ့ မတူဘူး---"
"သူက ငါ့ကို အရမ်းကြင်ကြင်နာနာဆက်ဆံတယ်၊၊ ငါက ကိုယ်လုပ်တော်တစ်ယောက်ဖြစ်တာတောင် ဘယ်တုန်းကမှ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံခဲ့ဘူး---"
ထိုအရာက အသံကို ပိုလို့တောင် ဒေါသထွက်သွားစေခဲ့သည်၊၊
"နင် သူနဲ့ ချက်ချင်းလမ်းခွဲရမယ်---"
"ငါက ဂုဏ်သရေရှိလနတ်ဘုရားမပဲ၊၊ အခုတော့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ မယားငယ်ဖြစ်နေတယ်ပေါ့---"
"ဒါသာအပြင်ပျံ့သွားရင် ငါဘယ်လိုမျက်နှာနဲ့ ကောင်းကင်ဘုံကိုပြန်ရတော့မှာလဲ၊၊ ငါပျောက်ကွယ်သွားတာမှပိုကောင်းအုန်းမယ်---"
ချန်းစီလင် သူမကိုလျစ်လျူရှုထားပြီး နှာခေါင်းရှုံ့လိုက်သည်၊၊
"ငါ ဒီဘဝမှာ သူနဲ့အတူနေဖို့ ဆုံးဖြတ်ပြီးပြီ---"
"နင့်ကမ္ဘာမှာ နင်ပြောတဲ့ပါရမီရှင်တွေ ဘယ်လောက်များများကိစ္စမရှိဘူး---"
"ဒါပေမယ့် ငါ အထီးကျန်လှေမြို့မှာ ကုန်သည်တစ်ယောက်သမီးဖြစ်တုန်းက ငါ့ကို စိတ်ဝိညာဥ်အမြစ်ပေးခဲ့တာ ဂျန်ဖန်းပဲ၊၊ငါနိမ့်ကျနေတဲ့အချိန်မှာလည်း လေနဲ့မိုးဒဏ်ကနေကာကွယ်ပေးခဲ့တဲ့ ကောင်းကင်ကြီးကလည်းသူပဲ---"
"ဒီဘဝမှာ ငါသူတစ်ယောက်ထဲကိုပဲလိုချင်တယ်---"
ထို့နောက် သူမက စိိတ်မရှည်စွာပြောလိုက်သည်၊၊
"ကောင်းပြီ, ငါ နင်နဲ့ငြင်းခုန်မနေတော့ဘူး---"
"နင့်ရဲ့တည်ရှိမှုကို ငါ ဂျန်ဖန်းကို သေချာပေါက်ပြောမှာ၊၊ သူက ငါ့ယောက်ျားပဲ, ငါသူ့ကို ဘာမှလျို့ဝှက်မထားချင်ဘူး----"
"အခု, ငါ ဓားသိုင်းလေ့ကျင့်ရအုန်းမယ်၊၊ ဒါက ငါ့ယောက်ျားငါ့ကို ပေးလိုက်တဲ့ဟာပဲ၊၊ သူ့အတွက် ငါကောင်းကောင်းလေ့ကျင့်ရမယ်---"
လနတ်ဘုရားမ အလွန်ဒေါသထွက်သွားခဲ့သည်၊၊
သူမက ဘာကြောင့် ဤကဲ့သို့ခေါင်းမာသည့်လူနှင့် လာဆုံနေရသနည်း၊၊
သူမ သာမန်အတိုင်းပြောသည့် ယောက်ျားတွေက ဂျန်ဖန်းထက် အဆတစ်သောင်းလောက် သာ၏၊၊
ဘာကြောင့် ချန်းစီလင်က ထိုကောင့်ကို အတင်းအကြပ်လိုချင်နေရသနည်း၊၊
လနတ်ဘုရားမအံကြိတ်ပြီးပြောလိုက်သည်၊၊
"နင်က အရမ်းအတာပဲ---"
"သူက နင့်ကို သုံးစားမရတဲ့ဓားသိုင်းလေးတစ်ခုပေးလိုက်တာ၊၊ ဒါကို နင်က အရမ်းတွေပျော်နေတယ်---"
"နင်တကယ် ဓားသိုင်းလေ့ကျင့်ချင်ရင် ငါနင့်ကို အချိန်မရွေး တစ်အုပ်ပေးလိုက်လို့ရတယ်----"
ဂျန်ဖန်းလိုစိတ်ဝိညာဥ်မရှိသည့်လူက ချန်းစီလင်ကို ကျင့်ကြံရေးနည်းလမ်းကောင်းတစ်ခုပေးနိုင်မယ်လို့ သူမမယုံပေ၊၊
ချန်းစီလင် သူမကို လျစ်လျူရှုနေဆဲဖြစ်တာကို မြင်သည့်အခါ---
လနတ်ဘုရားမလည်း ချန်းစီလင်မျက်လုံးမှတဆင့် "ဓားနှလုံးသားထွင်းထုခြင်း"ကို ကည့်ပြီး အနည်းငယ်နှာခေါင်းရှုံ့လိုက်သည်၊၊
"ငါ့ကိုမယုံဘူးပေါ့၊၊ ဒါဆိုလည်း ငါနင့်ကို မျှော်လင့်ချက်ဆုံးရှုံးအောင်လုပ်ပေးမယ်၊၊ ဒီဓားသိုင်း ဘယ်လောက်သုံးစားမရလဲဆိုတာ ကြည့်ရအောင်---"
"ဓားနှလုံးသားထွင်းထုခြင်း--- နာမည်ကလည်းသာမန်ပဲ---"
"ကျင့်ကြံရေးနည်းလမ်းကလည်းသာမန်ပဲ---"
"စွမ်းအာကလည်း ဘာမှအထင်ကြီးစရာမရှိဘူး---"
သို့ပေမယ့် ချန်းစီလင်မျက်လုံးတွေ အထက်ရှိရုပ်ပြပုံတွေကိုရွေ့သွားသည့်အခါ---
သူမ ကြောင်အသွား၏၊၊
"ခဏနေအုန်း---"
"ဒီဥက္ခာခဲပေါ်က စာလုံးတွေ--- ဒါတွေကိုဘာလို့ရင်းနှီးနေတာလဲ---"
ခဏစဥ်းစားပြီးနောက် သူမမျက်လုံးတွေ ရုတ်တရက်ပြူးကျယ်သွားခဲ့သည်၊၊
သူမက အသက်ပြင်းပြင်းရူလိုက်သည်၊၊