လျိုချင်းရှန်၏ရည်ရွယ်ချက်
Vol. 10 Ch. 148
လနတ်ဘုရားမ၏ ပုံမှန်မဟုတ်မှုကို ခံစားမိသည့်အခါ ချန်းစီလင်မနေနိုင်ပဲ မလွယ်ကူမှုကို ခံစားလိုက်ရသည်၊၊
"ဒီကျင့်ကြံရေးနည်းလမ်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား----"
လနတ်ဘုရားမ ကျင့်ကြံရေးနည်းလမ်းကို စိုက်ကြည့်နေပြီး သူမအသံက မယုံကြည်နိုင်မှုတွေနှင့်ပြည့်နှက်နေခဲ့သည်၊၊
"ဓားနတ်ဘုရားရဲ့ အမွေအနှစ်ဓားသိုင်းကို ဒီလို ဝေးလံခေါင်တဲ့နေရာမျိုးမှာ တွေ့ရမယ်လို့မထင်ထားဘူး----"
"တကယ်ကို မယုံနိုင်စရာပဲ---"
ဓားနတ်ဘုရားက မည်သူနည်း၊၊
ချန်းစီလင် တစ်ခဏကြာကြောင်အနေခဲ့သည်၊၊ သို့ပေမယ့် သူမ၏စွမ်းအားကြီးအမကြီးဖြစ်သူ အရမ်းအံ့သြနေတာမြင်တော့ ဓားနတ်ဘုရား၏အဆင့်အတန်းက အတော်မြင့်မှာပဲဖြစ်သည်၊၊
ထို့ကြောင့် သူထားခဲ့သည့် အမွေအနှစ်နည်းလမ်းကလည်း တန်ဖိုးနိမ့်ကျမည်မဟုတ်ပေ၊၊
နောက်ထပ်ထိန်းမထားနိုင်တော့ပဲ သူမပါးစပ်ထောင့်မှာ ပျော်ရွင်သည့်အမူအရာတွေပေါ်လာပြီး စိတ်ထဲမှာပြောလိုက်သည်၊၊
"ဟုတ်ပါတယ်လေ, ဓားနတ်ဘုရားရဲ့ အမွေအနှစ်နည်းလမ်းဆိုတော့ကော ဘာဖြစ်လဲ---"
"လနတ်ဘုရားမရဲ့မျက်လုံးထဲမှာ ဒါက အသေးအဖွဲ့ဓားနည်းလမ်းလေးတစ်ခုပါပဲ---"
လနတ်ဘုရားမပါးစပ် တွန့်လိမ်သွား၏၊၊
ဤကောင်မလေးက အခြေအနေကို ပြောင်းပြန်လှန်ပြီး သူမကို လှောင်ပြောင်နေတာပဲဖြစ်သည်၊၊
သို့ပေမယ့် ဓားပညာနှင့်ပတ်သက်လျှင် သူမက ဓားနတ်ဘုရားနှင့် ဘယ်သောအခါမှမယှဥ်နိုင်ပေ၊၊
ဓားနတ်ဘုရား၏အမွေအနှစ်နည်းလမ်းကို အားနည်းသည်ဟုပြောဖို့ သူမမှာ မည်သည့်အရည်အချင်းရှိသနည်း၊၊
ထို့ကြောင့် သူမက တင်းမာသည့်မျက်နှာထားဖြင့် ပြောလိုက်သည်၊၊
"အဲ့ဒီကောင်လေးရဲ့ကံက တကယ်ကောင်းတာပဲ၊၊ ဓားနတ်ဘုရားရဲ့ဓားပညာက လျို့ဝှက်ချက်ဖြစ်ပြီး အပြင်ကို ပေါက်ကြားလို့မရဘူး---"
"ဓားနတ်ဘုရားနန်းတော်ကလူတွေကလွဲရင် အပြင်လူတွေ လုံးဝ ဒါကို လေ့ကျင့်လို့မရဘူး---"
"သူက ထင်မှတ်မထားပဲ စာလိပ်တွေထဲကတစ်ခုကို ကောက်ရခဲ့တာ---"
ချန်းစီလင်ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်၊၊
"ဒီတော့ ငါ ဒါကို ဆက်ပြီးလေ့ကျင့်သင့်လား---"
လနတ်ဘုရာမ သူမကို စိုက်ကြည့်လိုက်သည်၊၊
"နင်ပြီးအုန်းမှာလား---"
"ဒါက အခြေခံဓားနည်းလမ်းတစ်ခုဆိုပေမယ့် ဓားနတ်ရားရဲ့အမွေအနှစ်နည်းလမ်းက ကြုံတောင့်ကြုံခဲပဲ၊၊ ဒီတော့ မလွဲချော်သင့်ဘူး---"
"ထိုင်လိုက်, ဘယ်လိုကျင့်ကြံရမလဲ ငါနင့်ကိုသင်ပေးမယ်----"
ဓားပညာက သူမကျွမ်းကျင်သည့်အရာမဟုတ်သော်လည်း---
သူမ၏ ကြွယ်ဝသည့်အတွေ့အကြုံနှင့် အခြေခံဓားနည်းလမ်းကို လမ်းညွှန်ပေးတာ မခက်ခဲပေ၊၊
ထိုစဥ်---
ဂျန်ဖန်း ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်ရောက်လာပြီး သူ၏ဂူနေအိမ်သို့ တည့်တည့်မတ်မတ် ဦးတည်လာလိုက်၏၊၊
သူက အပြင်သွားတာ ရက်အတော်ကြာပြီပဲဖြစ်သည်၊၊
ချီလင်းလေး ငတ်ပြီး သေသွားပြီလားမသိပေ၊၊
သူချန်ထားခဲ့သည့် ထိပ်တန်းအဆင့် ဝိညာဥ်နက်အရိုးလိမ်းဆေးက ၎င်းအတွက် လုံလောက်မည်မဟုတ်ပေ၊၊
သို့ပေမယ့်---
သူတံခါးဖွင့်လိုက်သည်နှင့် ဆေးရနံပြင်းပြင်းတစ်ခုက သူ့ကို လွမ်းခြုံသွားခဲ့သည်၊၊
မြေပြင်၌ ကိုက်ဖြတ်စားသောက်ထားသည့် အမျိးမျိုးသော ကောင်းကင်နှင့်မြေကြီးရတနာတွေ ပြန့်ကျဲနေခဲ့သည်၊၊
၎င်းတို့ထဲ၌ အခြေခံတည်ဆောက်ခြင်းဆေးလုံးကုန်ကြမ်းတွေဖြစ်သည့် သန္တာကျောက်၊ အစင်းနက်မှိုတို့ပါဝင်၏၊၊ ထို့ပြင် ဝိညာဥ်နက်အရိုးလိမ်းဆေးအတွက် အဖြူရောင်ကျားနှင်းဆီပွင့်တို့လည်းပါဝင်တာဖြစ်သည်၊၊
ထိုအရာအားလုံး ကိုက်ဖြတ်စားသောက်ခံထားရပြီး မြေပြင်မှာအမှိုက်သရိုက်တွေကဲ့သို့ ပြန့်ကျဲနေခဲ့သည်၊၊
ဝိညာဥ်သခင်တစ်ယောက်အနေဖြင့် ဤကဲ့သို့ကောင်းကင်ရတနာတွေစွန့်ပစ်ခံထားရတာမြင်သည့်အခါ နှလုံးသားနာကျင်သွားခဲ့သည်၊၊
သူ့ကိုယ်ထဲရှိ ဒေါသမီးတွေ ဟုန်းဟုန်းတောက်လာခဲ့သည်၊၊
"ချီလင်းလေး, ထွက်ခဲ့စမ်း---"
ဒုတ်! ဒုတ်! ဒုတ်!
အညိုရောင်အမွေးတွေရှိသည့် ချစ်စရာကောင်းသည့်သားရဲငယ်လေး ထွက်ပေါ်လာခဲ့သည်၊၊ ၎င်းပါးစပ်ထဲ၌လည်း လက်မောင်းအရွယ်လောက်ရှိသည့် ဂျင်စင်းတစ်ခုကိုက်ထားပြီး ဂျန်ဖန်းဆီကို တစ်ဟုန်ထိုးပြေးလာခဲ့သည်၊၊
ဂျန်ဖန်းကိုမြင်သည့်အခါ ၎င်းက ပျော်ရွင်စွာဖြင့် လက်မောင်းပေါ်ခုန်တက်လိုက်ပြီး သနားစရာကောင်းသည့်အသံတွေပြုလုပ်နေခဲ့သည်၊၊
"အူ-- အူး-- သခင်, မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့----"
"ဒီရက်တွေအတွင်းမှာ ငါဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ သိရဲ့လား--"
"ဗိုက်ဆာတဲ့အခါမှာ ကောင်းကင်ရတနာတွေကိုစားရတယ်၊၊ ရေဆာတဲ့အခါမှာလည်း ဝံပုလွေခေါင်းပျားရည်တွေသောက်ရတယ်၊၊ ငါ အရမ်းသနားစရာကောင်းတာပဲ--- အူး---အူး--- အူး---"
သနားစရာကောင်းတယ်?---
ဂျန်ဖန်း ကြောင်အသွား၏၊၊
ထို့နောက် သားရဲဘုရင်လိုက်သတ်ခံရသည့် သူ၏ကြမ်းတမ်းသည့်နေ့ရက်တွေကို ပြန်တွေးမိလိုက်သည်၊၊
သူ့မျက်နှာ ချက်ချင်းပဲ မဲမှောင်သွားခဲ့သည်၊၊
သူက ချီလင်းလေးလည်းပင်မှဆုပ်ကိုင်ပြီး အံကြိတ်ကာပြောလိုက်သည်၊၊
"ငါ မင်းကိုလည်း ခေါ်သွားသင့်တာ---"
ထို့နောက် မြေပြင်မှာစွန့်ပစ်ထားသည့် ကောင်းကင်ရတနာတွေကိုညွှန်ပြကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်၊၊
"မင်းဒါတွေ ဘယ်ကရတာလဲ----"
ချီလင်းလေး၏လည်ပင်းကျုံ့သွားပြီး ပြောလိုက်သည်၊၊
"ငါ ကောက်ရတာ---"
ဘာ?---
ထိုမျှလောက်များသည့် ကောင်းကင်နှင့်မြေကြီးရတနာတွေကို ဘယ်နေရာက ကောက်ရနိုင်သနည်း၊၊
ဂျန်ဖန်း နှလုံးခုန်မြန်သွား၏၊၊
"တိမ်စိမ်းဂိုဏ်းအနီးမှာ ကောင်းကင်နဲ့မြေကြီးရတနာတွေအများကြီးရှိတာလား--"
ချီလင်းလေး ခေါင်းညိတ်လိုက်၏၊၊
"ဟုတ်တယ်, ဟုတ်တယ်, အများကြီးရှိတယ်၊၊ ငါအကုန်လုံးမကောက်နိုင်ခဲ့ဘူး---"
ဘာ?---
ဂျန်ဖန်းမျက်လုံးတွေစိတ်လှုပ်ရှားမှုကြောင့်တောက်ပသွားပြီး တိုက်တွန်းလိုက်သည်၊၊
"မြန်မြန်, ငါ့ကို အဲ့ဒီနေရာခေါ်သွားပေး---"
တိမ်စိမ်းဂိုဏ်းကလူတွေ ထိုကောင်းကင်နှင့်မြေကြီးရတနာတွေကို စိတ်မဝင်စားကြဘူးလား---
ဘယ်သူက မယူကြဘူးလား---
ဤအရာက ကံကောင်းမှုကြီးတစ်ခုပင်၊၊
ချီလင်းလေး ဂုဏ်ယူစွာပြောလိုက်သည်၊၊
"ကောင်းပါပီ, သခင်, ငါ့နောက်ကလိုက်ခဲ့---"
"ဒါက ဂိုဏ်းပိုင်နက်အတွင်းမှာပဲ၊၊ အထဲမှာ ကောင်းကင်နဲ့မြေကြီးရတနာတွေအများကြီးရှိတယ်၊၊ ဒါပေမယ့် မင်းအဲ့ဒါတွေယူရင် သတိထားရလိမ့်မယ်၊၊ ဝင်ပေါက်က လူအိုကြီးနှစ်ယောက်က အတော်ရက်စက်တယ်---"
ခဏနေပါအုန်း---
ဂျန်ဖန်းအေးစက်မှုကိုခံစားလိုက်ရပြီး ရုတ်တရက် ကောင်းကင်နှင့်မြေကြီးရတနာတွေဘယ်ကလာလဲဆိုတာ သိသွားခဲ့သည်၊၊
ဆေးဥယျာဥ်----
သူ့မျက်နှာ နောက်တစ်ကြိမ် မဲမှောင်သွားခဲ့သည်၊၊
"မင်းက ခိုးလာတာကို ကောက်လာတယ်ပြောနေတာပဲ---"
ဤအရာတွေက တိမ်စိမ်းဂိုဏ်း၏ အဓိကအရင်းအမြစ်တွေဖြစ်၏၊၊
ဤကဲ့သို့များပြားသည့်ကောင်းကင်နှင့်မြေကြီးရတနာတွေ ခိုးခံရခြင်းက ဂိုဏ်းအဖွဲ့ဝင်တွေကြား သေချာပေါက် ကြီးမားသည့်ဒေါသတွေဖြစ်လာစေမည်ပင်၊၊
သူတို့သာ ခြေခံပြီး သူ့နောက်လိုက်လာလျှင်---
ဒေါက်! ဒေါက်! ဒေါက်!
ရုတ်တရက် တံခါးခေါက်သံက ဂျန်ဖန်းကို ထိတ်လန့်သွားစေခဲ့သည်၊၊
သူကအလျှင်အမြန်ပဲ ပြန့်ကျဲနေသည့် ကောင်းကင်နှင့်မြေကြီးရတနာတွေကိုစုကာ တောင့်တစ်နေရာမှာ ဖွက်ထားလိုက်သည်၊၊ ထိုနောက်မှသာ တံခါးကိုဖွင့်ပေးလိုက်သည်၊၊
အပြင်ဘက်မှာစောင့်နေတာက အေးစက်စက်မျက်နှာနှင့် လျိုချင်းရှန်ပဲဖြစ်သည်၊၊
"ဘာလဲ, အထဲမှာမိန်းမတစ်ယောက်ယောက် ဖွက်နေရလို့ တံခါးဖွင့်တာ ဒီလောက်ကြာနေတာလား---"
လျိုချင်းရှန် အိမ်ထဲကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်၊၊
ဂျန်ဖန်းတည်ငြိမ်စွာပဲ တံခါးပြန်ပိတ်ကာ မေးလိုက်သည်၊၊
"စီနီယာအမ, မင်းဘာလိုလို့လဲ---"
လျိုချင်းရှန် ထေ့ငေါ့သည့်အပြုံးတစ်ခုပြုံးပြလိိုက်သည်၊၊
"ငါက ဘယ်လိုလုပ်ပြီး မင်းကို အမိန့်ပေးရဲမှာလဲ----"
"မင်းကို အမိန့်ပေးဖို့က မင်းဇနီးမှာပဲ အာဏာရှိတာမလား----"
ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွားခဲ့သည်၊၊
သူမက ရှုရို့ရန်နှင့်ကိစ္စကို စိတ်ဆိုးနေတုန်းဖြစ်သည်၊၊
သို့ပေမယ့် ဂျန်ဖန်းက သူမှားတယ်လို့မထင်ပေ၊၊
နောက်တစ်ကြိမ်အခွင့်အရေးရှိလျှင်လည်း သူက ရှုရို့ရန်ဘက်မှာ ရပ်တည်မည်ပဲဖြစ်သည်၊၊
ထို့ကြောင့် သူက တောင်းပန်ဖို့ရည်ရွယ်ချက်မရှိပဲ ပြုံးရုံသာပြုံးလိုက်၏၊၊
"ဘာကိစ္စမှမရှိဘူးဆိုရင် ငါပြန်ကျင့်ကြံလိုက်အုန်းမယ်၊ စီနီယာအမ---"
သူက အထဲပြန်ဝင်ဖို့ လှည့်လိုက်သည်၊၊
ဤသဘောထားက လျိုချင်းရှန်ကို ဒေါသကြောင့် တုန်ယင်သွားစေခဲ့သည်၊၊
သူမက ဂျန်ဖန်းပြန်လာပြီး သူမကိုနှစ်သိမ့်ပေးဖို့ စောင့်နေခဲ့တာဖြစ်သည်၊၊
သို့ပေမယ့် ပြန်လာပြီးနောက် သူက သူ့ဇနီးနှစ်ယောက်နှင့် အထွတ်အမြတ်ခန်းမကိုတန်းသွားခဲ့သည်၊၊
ဂိုဏ်းသခင်တောင်ထိပ်ပြန်ရောက်တော့လည်း သူမကိုလာမရှာခဲ့ပေ၊၊
ယခုသူမကိုယ်တိုင်လာတွေ့တော့လည်း သူက အလေးမထားတဲ့ပုံစံမျိုးပြုမူနေခဲ့သည်၊၊
"ဂျန်ဖန်း, ငါနင့်အတွက်စိုးရိမ်ခဲ့တာတွေက အလကားပဲ---"
လျိုချင်းရှန်မျက်လုံးမှ မျက်ရည်တွေ ကျဆင်းလာပြီး ငွေဒင်္ဂါးပြားတစ်ခုကို မြေပြင်ပေါ် ဒေါသတကြီး ပစ်ပေါက်လိုက်သည်၊၊
"ငါ့စေတနာအကုန်လုံးကို အမှိုက်တွေလို့ပဲသဘောထားလိုက်တော့----"
ဂျန်ဖန်းကြောင်အသွား၏၊၊
သူ သူမကို ဘာလုပ်မိသနည်း၊၊
ငွေဒင်္ဂါးကိုမြင်သည့်အခါ သူကအံ့သြသွားခဲ့သည်၊၊
ထိုအရာက လီချင်ဖုန်းသူ့ကိုပေးသည့်တစ်ခုနှင့် အတူတူပဲဖြစ်သည်၊၊
သူကမနေနိုင်ပဲမေးလိုက်သည်၊၊
"စီနီယာအမ, ဒါက ဘာလဲ----"
လျိုချင်းရှန် နီရဲနေသည့်မျက်လုံးတွေဖြင့် တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်၊၊
ထိုအခိုက်အတန့်၌---
ငှက်တစ်ကောင်ပျံသန်းလာခဲ့သည်၊၊
ထိုအရာက ဆေးတောင်ထိပ်မှ စုချီနင်ဖြစ်ပြီး လျိုချင်းရှန်ကို အဝေးမှမြင်သည့်အခါ လှမ်းခေါ်လိုက်၏၊၊
"စီနီယာအမလျို, ဒီတော့ နင်က ဒီရောက်နေတာကိုး---"
"ဆရာကငါ့ကိုမေးခိုင်းလိုက်တယ်၊၊ နင် ဆူးတောင်ကြားတာဝန်ကိုယူမှာလားတဲ့---"
လျိုချင်းရှန် သူမမျက်လုံးတွေကို ပွတ်လိုက်ပြီး ငိုသံပါပါဖြင့် ပြောလိုက်သည်၊၊
"မယူဘူး---"
ထို့နောက် သူမက အဝေးကိုထွက်ခွာသွားခဲ့သည်၊၊
စုချီနင် ပဟေဠိဖြစ်သွားခဲ့သည်၊၊
ထို့နောက် အလျှင်အမြန်ပဲ မြေပြင်ပေါ်က ဂျန်ဖန်းကို သတိထားမိပြီး ပျော်ရွင်စွာပျံသန်းလာခဲ့သည်၊၊ သူမမျက်လုံးတွေက ရှက်ရွံ့နေခဲ့၏၊၊
"ဂျူနီယာမောင်လေးဂျန်, ဒီတော့ နင်က ဒီမှာနေတာပေါ့---"
"စီနီယာအမလျိုက ဘာဖြစ်သွားတာလဲ---"
ဂျန်ဖန်း ခေါင်းခါလိုက်ပြီး ငွေဒင်္ဂါးပြားကို ပဟေဠိဖြစ်စွာဖြင့်ကောက်ယူလိုက်သည်၊၊
"ငါ ဘယ်လိုလုပ်သိမှာလဲ----"
ငွေဒင်္ဂါးပြားကိုမြင်သည့်အခါ စုချိနင်အံ့အားသင့်သွားခဲ့သည်၊၊
"အာ, ဒါ ဆေးတောင်ထိပ်က သိုင်းဝိညာဥ်ငွေဒင်္ဂါးပြားမလား---"
"ဒါပေမယ့် ဒီတစ်ခုကို စီနီယာအမလျိုကို ပေးလိုက်တာမလား----"
"ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ---"
အို?---
ဒါက တန်ဖိုးကြီးပစ္စည်းလား---
"သိုင်းဝိညဥ်ငွေဒင်္ဂါးပြားဆိုတာဘာလဲ---"
ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့်မေးလိုက်သည်၊၊
ဂျန်ဖန်းက လူသစ်ပဲရှိသေးတာကို စုချီနင်ရုတ်တရက် အမှတ်ရသွားခဲ့သည်၊၊
သူမက ငွေဒင်္ဂါးပြားကို မနာလိုစွာကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
"သိုင်းဝိညာဥ်ငွေဒင်္ဂါးပြားနဲ့ဆိုရင်, နင်က သိုင်းဝိညာဥ်ခန်းမကို တစ်ကြိမ်ဝင်ရောက်ခွင့်ရှိတယ်၊၊ အဲ့ဒါက တပည့်တွေ အိမ်မက်မက်နေတဲ့နေရာလေ၊၊ အထွတ်အမြတ်ခန်းမမှာလေ့ကျင့်တာနှင့် ယှဥ်လို့ရတယ်---"
သူမက စိတ်အားထက်သန်စွာရှင်းပြလိုက်သည်၊၊ သူမစကားတွေက လိုအင်ဆန္ဒတွေအပြည့်ပင်၊၊
"သိုင်းဝိညာဥ်ခန်းမထဲမှာ နင်က မရေမတွက်နိုင်တဲ့ပါရမီရှင်တွေရဲ့စမ်းသပ်မှုကို ရင်ဆိုင်လို့ရတယ်---"
ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်းစိတ်ဝင်စားမှု တိုးမြင့်လာခဲ့သည်၊၊
သူက အခြေခိုင်မာအောင်လုပ်ဖို့ အခွင့်အရေးလိုအပ်နေတာပဲဖြစ်သည်၊၊
"ဒါပေမယ့် အကြီးမားဆုံးကောင်းကျိုးကတော့ သိုင်းဝိညာဥ်ခန်းမက မပြည့်စုံတဲ့နည်းစနစ်တွေကို ပြည့်စုံအောင်လုပ်လို့ရတာပဲ---"
ဘာ?---
မပြည့်စုံသည့်နည်းလမ်းတွေကို ပြည့်စုံအောင်လုပ်ခြင်း--- ထိုအရာက မယုံနိုင်စရာကောင်းလှ၏၊၊
ထိုအရာက ဖြစ်ကောဖြစ်နိုင်လို့လား---
သူ၏အံ့အားသင့်နေသည့်အမူအရာကိုမြင်သည့်အခါ စုချီနင် သူမပါးစပ်ကိုလက်ဖြင့်ကာပြီးရယ်လိုက်သည်၊၊
"ငါလည်း အစတုန်းကမယုံခဲ့ဘူး----"
"ငါ့ဆရာ ငါ့ကို မပြောခင်အထိပေါ့၊၊ သိုင်းဝိညာဥ်မျှော်စင်က ကောင်းကင်ဘုံကပစ္စည်းတစ်ခုတဲ့၊၊ အထဲမှာမရေမတွက်နိုင်တဲ့ နည်းလမ်းတွေချိတ်ပိတ်ထားပြီး သိုင်းပညာအားလုံး အကျုံးဝင်တယ်တဲ့---"
"နင်က မပြည့်စုံတဲ့သိုင်းကွက်တစ်ခုခုပြပေးလိုက်ရင် အဲ့ဒါက သိုင်းကွက်နဲ့ပဲ့တင်ထပ်ပြီး ရှင်းရှင်းလင်းလင်းပြသပေးလိမ့်မယ်---"
"အချို့စီနီယာအကိုတွေနဲ့အမတွေက သူတို့ရဲ့ သိမ်မွေ့အဆင့်နည်းလမ်းတွေကို အဲ့နည်းနဲ့ပဲရတာလေ---"
ဂျန်ဖန်း နှလုံးခုန်မြန်သွားခဲ့သည်၊၊
သူ၌ မပြည့်စုံသည့် မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းတစ်ခုရှိသည်မလား----
ထိုလက်ချောင်းသိုင်းသာပြီးပြည့်စုံသွားလျှင် ပြီးပြည့်စုံသည့် မြေကမ္ဘာအဆင့် သိုင်းကျမ်းဖြစ်သွားမည်ဟု ဆိုလိုနေသည်မလား----
တိမ်စိမ်းဂိုဏ်းမှာတောင် ပြီးပြည့်စုံသည့် မြေကမ္ဘာအဆင့်သိုင်းကျမ်းမရှိပေ၊၊
စုချီနင် ဂျန်ဖန်းလက်ထဲက သိုင်းဝိညာဥ်ငွေဒင်္ဂါးပြားကိုကြည့်ပြီး စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်၊၊
"ထူးဆန်းတယ်၊၊ ဘာလို့ စီနီယာအမက ဒါကို လွင့်ပစ်ခဲ့တာလဲ---"
"သူမအတွက် ဒီငွေဒင်္ဂါးပြားကိုရဖို့က မလွယ်ဖူးလေ---"
ဂျန်ဖန်း နှလုံးသား တုန်ယင်သွားခဲ့သည်၊၊
သူက ရုတ်တရက် လျိုချင်းရှန်၏ခံစားချက်တွေကို နားလည်သွားခဲ့သည်၊၊