ကောင်းကင်ဘုံစက်ယန္ဒရားခန်းမလေလံပွဲ
Vol. 10 Ch. 149
လျိုချင်းရှန်က ဂျန်ဖန်း တပည့်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲမအောင်မြင်မှာကို စိုးရိမ်နေ၏၊၊
ထို့ကြောင့် သူမက သူ့ခွန်အားတတ်နိုင်သလောက်များများတိုးမြင့်ဖို့ ငွေးဒင်္ဂါးပြားတစ်ခုပေးခဲ့တာပဲဖြစ်သည်၊၊
ထိုအရာကိုတွေးပြီး ဂျန်ဖန်းနှလုံးသားထဲမှာ နွေးထွေးသွားခဲ့သည်၊၊
သူမက သူ့ကို အမြဲတမ်းတိတ်တဆိတ် ဂရုစိုက်ပေးနေခဲ့သည်၊၊
အခွင့်အရေးတစ်ခုရှာပြီး သူမကို ပျော်ရွင်အောင်လုပ်ပေးရမည်ဟု သူတွေးလိုက်၏၊၊
စုချီနင် ပဟေဠိဖြစ်သွားပြီး ပြောလိုက်သည်၊၊
"ဒါက မဖြစ်သင့်ဘူး---"
"သိုင်းဝိညာဥ်ငွေဒင်္ဂါပြားက အကြီးအကဲတစ်ယောက်ကို တစ်နှစ်မှတစ်ခုပဲရတာ---"
"စီနီယာအမလျို ငါ့ဆရာဆီက ဒီဒင်္ဂါပြားရဖို့ အတော်ကြိုးစားခဲ့ရတာ၊၊ ဆေးတောင်ထိပ်ရဲ့ အန္တရာယ်ရှိတဲ့တာဝန်များစွာလုပ်ခဲ့ရတာလေ---"
"လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမဆူးတောင်ကြားကိုသွားပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်---"
"ငါ့ဆရာ သူမကို ရက်အနည်းငယ်ကြာ ဂရုစိုက်ပေးခဲ့လို့ သူမအသက်ကို ကယ်နိုင်ရုံလေးကယ်နိုင်ခဲ့တာ---"
"ဘယ်လိုလုပ်ပြီး သူမက ဒါကို ဒီအတိုင်းလွင့်ပစ်နိုင်ရတာလဲ---"
ဘာ?---
ဂျန်ဖန်း မျက်ခွံ့တွေ ကျုံ့သွားခဲ့သည်၊၊
သူမ ဒီကိစ္စကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်လား---
သို့ပေမယ့် သူမ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမပြောပေ၊၊
ငွေဒင်္ဂါးပြားကိုသာ မြေပြင်ပေါ် လွင့်ပစ်ခဲ့တာဖြစ်သည်၊၊
ကြီးမားသည့်အပြစ်ရှိစိတ်က သူ့နှလုံးသားထဲမှာ လိမ့်တက်လာခဲ့သည်၊၊
သို့ပေမယ့်---
စုချီနင် နောက်ထပ်ပြောလိုက်သည့်စကားက ဂျန်ဖန်း နှလုံးသားထဲမှာ လှိုင်းဂယက်များစွာဖြစ်ပေါ်သွားစေခဲ့သည်၊၊
စုချီနင်မျက်မှောင်ကြုတ်ကာပြောလိုက်သည်၊၊
"ငါတို့ထင်ခဲ့တာ သူမက နန်းကုန်းရှောင်ယွင်ကို မရှုံးဖို့အရေး သူမခွန်အားကို အစွမ်းကုန်မြင့်တင်မယ်ပေါ့---"
"အဆုံးမှာတော့ သူမက မာနကြီးတယ်လေ၊၊ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အရှုံးခံမှာမဟုတ်ဘူး---"
"ဒါပေမယ့် ဘာလို့ သူမက ငွေဒင်္ဂါးပြားကို လက်လျော့လိုက်ရတာလဲ---"
"ဂျူနီယာမောင်လေးဂျန်, ဘာလို့လဲဆိုတာနင်သိလား---"
ဟစ်---
ဂျန်ဖန်းနှလုံးသား အေးစက်စက်ဓားတစ်ချောင်းဖြင့် အထိုးခံရသလို ခံစားလိုက်ရသည်၊၊
နာကျင်မှုက မချိမဆံ့ဖြစ်လွန်းလှ၏၊၊
လျိုချင်းရှန်အရမ်းမာနကြီးတာ သူတို့စတွေ့ချိန်ကတည်းက ဂျန်ဖန်းသိ၏၊၊
သူမက သူမကိုယ်သူမ မည်သူတစ်ဦးတစ်ယောက်ကိုမှ အရှုံးခံမည်မဟုတ်ပေ၊၊
ထိုအရာက သူမ၏ မာနပဲဖြစ်သည်၊၊
သူမအရိုးထဲမှာ အမြစ်တွယ်နေသည့်မာနဖြစ်၏၊၊
ဂျန်ဖန်းက အပြန်အလှန်အနေဖြင့် ဘာလုပ်နေခဲ့သနည်း၊၊
သူက သူမအားစိုက်မှုတွေကို လုံးဝတန်ဖိုးမထားခဲ့ပေ၊၊
ထိုအခိုက်အတန့်၌---
ဂျန်ဖန်းကိုယ့်မျက်နှာကိုယ်သာ ပိတ်ရိုက်ပစ်ချင်တော့သည်၊၊
"မင်းက စောက်ရူးပဲ၊၊ မင်းဘာလုပ်လိုက်ပြီလဲ---"
သူက နောက်ထပ်တွေဝေမနေတော့ပေ၊၊
လှုပ်ရှားမှုနည်းလမ်းကိုသုံးကာ သူမနောက်ကို အလျှင်အမြန်လိုက်တော့၏၊၊
နောက်ဆုံးမှာတော့ ဂျန်ဖန်း လျိုချင်းရှန်ကို သူမဂူအိမ်တော်ရှေ့မှာ လိုက်မှီသွား၏၊၊
လျိုချင်းရှန်လှည့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းကိုမြင်လိုက်ပြီး သူမနီရဲနေသည့်မျက်လုံးတွေထဲမှာ အလင်းတစ်ချက်ဖြတ်ခနဲပေါ်လာခဲ့သည်၊၊
သို့ပေမယ့် အစောပိုင်း သူ့သဘောထားကို ပြန်တွေးမိသည့်အခါ သူမမျက်နှာတင်းမာသွားပြီး ဂူအိမ်တော်ကို အလျှင်အမြန်သွားတော့၏၊၊
ဂျန်ဖန်း အလျှင်အမြန်ပဲ သူမလမ်းကြောင်းကိုပိတ်လိုက်သည်၊၊
လျိုချင်းရှန် မျက်နှာတင်းမာစွာဖြင့် အေးစက်စက်ပြောလိုက်သည်၊၊
"ဘေးဖယ်---"
ဂျန်ဖန်း မိန်းခလေးတစ်ယောက်ကို ဘယ်လို ချော့ရမလဲမသိပေ၊၊ သူက ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်၊၊
"စီနီယာအမစု ငါ့ကို အားလုံးပြောပြတယ်---"
"ကျေးဇူးတင်ပါတယ်, စီနီယာအမ---"
"ဂိုဏ်းထဲမှာ ရို့ရန်နဲ့ စီလင်ကလွဲရင် စီနီယာအမက ငါ့အပေါ်အကောင်းဆုံးပါ---"
ထိုအရာကို ကြားသည့်အခါ လျိုချင်းရှန် ပိုလို့တောင် မကျေမနပ်ဖြစ်သွား၏၊၊
သူမမျက်လုံးထဲက မျက်ရည်တွေစီးကျလာပြီး မြေပင်ပေါ်ကျဆင်းလာခဲ့သည်၊၊
သို့ပေမယ့် သူမက ပိုလို့တောင်ခေါင်းမာလာပြီး ငွေရောင်သွားလေးတွေကို အနည်းငယ်ကိုက်လိုက်သည်၊၊
"ဘယ်သူက နင့်ကိုကောင်းကောင်းဆက်ဆံလို့လဲ----"
"ငါက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် တိမ်စိမ်းဂိုဏ်းက ထွက်မသွားစေချင်ရုံပဲ---"
"ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့---"
ဂျန်းဖန်း ကိုယ့်ရို့ကားရားဖြစ်သွား၏၊၊
သူက ခဏစဥ်းစားလိုက်ပြီး သလင်းဖြူသားရဲ၏မျက်လုံးစိမ်းတစ်လုံးကို ထုတ်ယူကာ လျိုချင်းရှန်လက်ထဲမှာ ထည့်ပေးလိုက်သည်၊၊
"ဒါ အမကိုပေးတာ၊၊ တောင်းပန်းတဲ့အနေနဲ့ပေါ့---"
"ငါမလိုချင်ဘူး---"
လျိုချင်းရှန် ပြတ်ပြတ်သားသားပဲ ထိုအရာကို လွင့်ပစ်လိုက်သည်၊၊
"ဒါက သားရဲဘုရင်ရဲ့မျက်လုံးနော်၊၊ သဘာဝမှော်ရတနာတစ်ခုပဲ၊၊ ယူလိုက်ပါ---"
ဂျန်ဖန်း သူမလက်ထဲကို နောက်တစ်ကြိမ်ပြန်ထည့်ပေးလိုက်သည်၊၊
လျိုချင်းရှန် နောက်တစ်ကြိမ် ပြတ်ပြတ်သားသား လွင့်ပစ်လိုက်၏၊၊
"ငါ မလိုချင်ဘူး----"
"ဒါကို လေပြင်းပုလဲလို့ခေါ်တယ်၊၊ ဝတ်ဆင်ထားရင် အမရဲ့အရှိန်ကို အများကြီးတိုးမြင့်ပေးနိုင်တယ်----"
ဂျန်ဖန်း နောက်ဆုံးအကြိမ် သူမလက်ထဲကို ထည့်ပေးလိုက်သည်၊၊
လျိုချင်းရှန် နောက်တစ်ကြိမ်လွင့်ပစ်လိုက်၏၊၊
"ငါမလိုချင်ဘူလို့ ပြောနေတယ်---"
ဂျန်ဖန်း နှလုံးသား နာကျင်သွားပြီး ရေရွတ်လိုက်သည်၊၊
"ဒေါသထွက်နေတဲ့မိန်းမတစ်ယောက်က နှစ်သစ်ကူကဝက်တစ်ကောင်လိုပဲ၊၊ မင်း သူ့ကို ချော့လို့ရမှာမဟုတ်ဘူး---"
ထိုအရာကို ကြားသည့်အခါ လျိုချင်းရှန် မျက်လုံးတွေပြူးကျယ်သွား၏၊၊
သူမက ရှက်ရွံ့မှုကော ဒေါသပါ ခံစားလိုက်ရသည်၊၊
"နင်က ငါ့ကို ဝက်လို့ပြောတာပေါ့---"
သူမက သူမပန်ရောင်လက်သီးလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဂျန်ဖန်းမျက်နှာကို ပိတ်ထိုးပစ်ချင်နေခဲ့သည်၊၊
ဂျန်ဖန်း မျက်နှာကိုပွတ်လိုက်ပြီး အကူအညီမဲ့သလိုခံစားလိုက်ရသည်၊၊
အမျိုးသမီးတစ်ယောက်ကို တောင်းပန်ဖို့ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ---
"ကောင်းပြီလေ, အမမလိုချင်ဘူးဆိုမှတော့, ငါ--"
ဂျန်ဖန်း လေပြင်းပုလဲကို ပြန်သိမ်းဖို့ပြင်လိုက်၏၊၊
သူက ထိုအရာကို ရောင်းရမလား တစ်ယောက်ယောက်ကိုပေးရမလားစဥ်းစားနေခဲ့သည်၊၊
သို့ပေမယ့် လျိုချင်းရှန် ထိုအရာကို အလျှင်အမြန်ဆွဲယူလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်၊၊
"ငါမလိုချင်ဘူးလို့ ဘယ်သူပြောလဲ---"
သူမမျက်နှာ၌ ဒေါသအနည်းငယ်ရှိနေသော်လည်း စိတ်ထဲမှာ အပြုံးပန်းတွေ ဝေဆာနေခဲ့သည်၊၊
ဤအရာက ဂျန်ဖန်းဆီမှ လက်ဆောင်ဖြစ်၏၊၊
သူမက ထိုအရာကို ကြိုးဖြင့်သီလိုက်ပြီး လည်ပင်းမှာ ဝတ်ဆင်လိုက်၏၊၊
ပုလဲက အလွန်ကြီးပြီး ဆွဲဆောင်မှုမရှိသော်လည်း သူမမျက်နှာရှိအပြုံးတွေကို မရပ်တန့်နိုင်ခဲ့ပေ၊၊
"စီနီယာအမ နောက်ထပ်စိတ်မဆိုးတော့ဘူးပေါ့နော်---"
ဂျန်ဖန်း ဝေခွဲမရဖြစ်နေခဲ့သည်၊၊
လွန်ခဲ့သည့်တစ်ခဏကာ သူမကြည့်ရတာ ချော့ဖို့မဖြစ်နိုင်တော့သလိုပင်၊၊
အခုကျတော့လည်း သူမဘာသာ သူမ အဆင်ပြေနေခဲ့သည်၊၊
သူ သူမကို တကယ်နားမလည်နိုင်တော့ပေ၊၊
"ငါစိတ်ဆိုးပြေပြီလို့ ဘယ်သူပြောလဲ---"
လျိုချင်းရှန် သူမမျက်နှာထားကို တင်းမာလိုက်၏၊၊
ဂျန်ဖန်း ရယ်ရမလား ငိုရမလား မသိတော့ပေ၊၊
သူမ စိတ်အခြေအနေကောင်းသွားပြီဆိုတာ သိလိုက်၏၊၊
သို့ပေမယ့် သိုင်းဝိညာဥ်ငွေဒင်္ဂါးပြားကျေးဇူးက ကြီးမားလွန်းလှ၏၊၊
အထူးသဖြင့် လျိုချင်းရှန်က နန်းကုန်ရှောင်ယွင်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်၊၊
ခဏတွေးပြီးနောက် သူက ပြောလိုက်သည်၊၊
"စီနီယာအမ, နန်းကုန်းရှောင်ယွင်နဲ့ပြိုင်ပွဲမှာ အမနိုင်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲ---"
သူမအကြောင်းပြောသည့်အခါ လျိုချင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊
"အဲ့ဒီ တွယ်ကယ်နေတဲ့ဟာမ---"
"ငါသူ့ကို တစ်ခါလေးနောင့်ယှက်မိတာကို တစ်နှစ်ကြာသွားတာတောင် အငြိုးတွေက ထားနေတုန်း--"
"အခု သူမနောက်တစ်ကြိမ်ရန်စဖို့ပြန်လာပြီး၊၊ ငါရှောင်လွဲလို့မရဘူး---"
အာ---
လျိုချင်းရှန်ပြောသည့် ရှောင်လွဲဖို့ဆိုတဲ့စကားအရ သူမမှာ ယုံကြည်ချက်မရှိတာသိသာလှ၏၊၊
ထို့နောက် လျိုချင်းရှန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ဆိုတာ သတိရသွားပြီး ဂျန်ဖန်း အတွေးတစ်ခုရလာခဲ့သည်၊၊
သလင်းဖြူသားရဲအမြုတေက အမြုတေဖွဲ့စည်းခြင်းဆေးလုံး၏အဓိက ကုန်ကြမ်းဖြစ်၏၊၊
သူက အခြားကုန်ကြမ်းတစ်ခုဖြစ်သည့် စမ်းချောင်းဝါရေစင်သာ ရခဲ့လျှင်---
အမြုတေဖွဲ့စည်းခြင်းဆေးလုံး သန့်စင်နိုင်ပြီပဲဖြစ်သည်၊၊
လမ်းဖောက်ခြင်းအမှုန့်---
နာမည်အတိုင်း သာမန် အမြုတေဖွဲ့စည်းခြင်းဆေးလုံးနှင့်မတူပေ၊၊
ဤအရာက ဖြတ်လမ်းအဆင့်ချိုးဖြတ်ခြင်းနည်းလမ်းတစ်ခုဖြစ်၏၊၊
လူနည်းငယ်သာ ထိုအရာကို ကြိုးစားကြည့်ရဲ၏၊၊ သို့ပေမယ့် အောင်မြင်မှုနှုန်းက သာမန်စိတ်ဝိညာဥ်ဆေးလုံးထက်ပိုမြင့်၏၊၊
ဂျန်ဖန်းစဥ်းစားပြီးပြောလိုက်သည်၊၊
"စီနီယာအမ, မင်း ပြိုင်ပွဲကို နောက်နည်းနည်းဆုတ်လို့ရမလား---"
"ငါ့ကို အချိန်အနည်းငယ်ပေးပါ၊၊ အမကို အမြုတေဖွဲ့စည်းခြင်းအဆင့် ချိုးဖြတ်နိုင်အောင် ကူညီပေးနိုင်မလား ကြည့်ကြတာပေါ့----"
စမ်းချောင်းဝါရေစင် ရှာဖွေတာက လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ပေ၊၊
အချိန်တိုအတွင်းဆို ပိုလို့တောင်ခက်ခဲ၏၊၊ ထို့ကြောင့် သူက အတိအကျတော့မပြောနိုင်ပေ၊၊
"ငါ့ကို အမြုတေဖွဲ့ဖို့ ကူညီမယ်---"
လျိုချင်းရှန်၏ လှပသည့်နှင်းရောင်မျက်လုံးလေး ကျေနပ်မှုကြောင့် တလက်လက်တောက်ပသွားခဲ့သည်၊၊
ကြည့်ရတာ ဂျန်ဖန်းလည်း သူမကို ဂရုစိုက်ပုံပင်၊၊
"ငါ့ဘာသာနည်းလမ်းရှာလိုက်ပါ့မယ်၊၊ နင်က နင့်ခွန်အားတိုးမြင့်ဖို့သာအာရုံစိုက်ထား၊၊ တန်ထျန်လုံ နင့်ကို အဆင့်နိမ့်ပေးဖို့ အခွင့်အရေးမပေးလိုက်နဲ့---"
သူမက ဂျန်ဖန်းစိုးရိမ်မှုကို အသိအမှတ်ပြု၏၊၊
သို့ပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် အနိမ့်ပိုင်းသာဖြစ်သည့် ဂျန်ဖန်းက သူမကို အမြုတေဖွဲ့ဖို့ မည်သို့ကူညီမည်နည်း၊၊
ထိုအခိုက်အတန့်၌---
အစိမ်းရောင်ဝတ်စုံဖြင့် ဂုဏ်သိက္ခာရှိပုံရိပ်တစ်ခုချည်းကပ်လာပြီး အဝေးမှလှမ်းခေါ်လိုက်သည်၊၊
"ဂျူနီယာညီမ, သွားရအောင်---"
ထိုအရာက ဝမ်ချန်ဂျန်ပင်၊၊
ရုတ်တရက် သူက ဂျန်ဖန်းကိုသတိထားမိပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊၊
"ဂျန်ဖန်း? မင်းက ဒီနေရာမှာဘာလုပ်နေတာလဲ---"
"တပည့်အဆင့်သတ်မှတ်ခြင်းအတွက် ပြင်ဆင်နေတာမဟုတ်ဘူးလား---"
"မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်, စီနီယာအကိုကြီး၊၊ ငါ့မှာ ငါ့နည်းလမ်းနဲ့ငါရှိပါတယ်---"
ဂျန်ဖန်း အမူအရာ ကင်းမဲ့စွာပြောလိုက်သည်၊၊
ဝမ်ချန်းဂျန် ဂျန်ဖန်းစကားထဲမှာ အမှားရှာမတွေ့သည့်အတွက် လျစ်လျူရှုလိုက်ဖို့သာ ဆုံးဖြတ်လိုက်၏၊၊
သူက လျိုချင်းရှန်ဘက်ကို လှည့်လိုက်သည်၊၊
"ကောင်းကင်ဘုံစက်ယန္တရားခန်းရဲ့ လေလံပွဲက တိမ်စိမ်းဂိုဏ်းကို ရောက်နေပြီလေ---"
"ငါက သူတို့ရဲ့ ဒုဥက္ကဠနဲ့ ရင်းနှီးတယ်လေ၊၊ အဲ့မှာ အမြုတေဖွဲ့စည်းခြင်းဆေးလုံးရှိမရှိ သွားမေးကြီရအောင်---"
လက်စသတ်တော့ ဂျန်ဖန်းတစ်ယောက်တည်းမဟုတ်ပေ၊၊
ဝမ်ချန်းဂျန်လည်း လျိုချင်းရှန်ကို လာမည့်ပြိုင်ပွဲမှာ အနိုင်ရအောင် ကူညီပေးချင်နေတာဖြစ်သည်၊၊
လျိုချင်းရှန် ချက်ချင်းပဲ စိတ်ဝင်စားသွား၏၊၊
"ရိုသေလေးစားမှုပြဖို့ ငါတို့ လက်ဆောင်တစ်ခုခု ယူသွားသင့်လား---"
ဝမ်ချန်းဂျန် လက်ဝှေ့ယမ်းပြီး ပြုံးပြလိုက်သည်၊၊
"အဲ့လောက်ယဥ်ကျေးနေဖို့ မလိုပါဘူး၊၊ လက်ဆာင်ယူသွားမဲ့အစား, သူကိုပြဖို့ ရှားပါးတဲ့ရတနာအချို့ပြင်ဆင်လိုက်ပါ---"
"သူသဘောကျပြီး လေလံတင်ခွင့်ပြုရင် သူပျော်ရွင်သွားပါလိမ့်မယ်---"
"ပြီးတော့ သဘာဝအတိုင်း ငါတို့လိုချင်တဲ့သတင်းတွေ ထုတ်ပေးလိမ့်မယ်---"
တကယ်လား?----
လျိုချင်းရှန် ခက်ခဲသွား၏၊၊ ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏လေလံပွဲက ခန်းမအတွက်သီးသန့်ဖြစ်၏၊၊
သူတို့က ဂိုဏ်းကိုးဂိုဏ်းပိုင်နက်မှာ တစ်နှစ်ပတ််လုံးလေလံပွဲတွေ ကျင်းပကြ၏၊၊
လေလံတင်သည့်ရတနာတွေအားလုံးကလည်း ထိပ်တန်းအဆင့်တွေဖြစ်ကြ၏၊၊
သူမက ထိုကဲ့သို့ ထိပ်တန်းအဆင့် ရတနာတစ်ခုကို ဘယ်နေရာက သွားရှာရမည်နည်း၊၊
သို့ပေမယ့် ဝမ်ချန်ဂျန် သူ့ရင်ဘတ်ကိုပုတ်လိုက်သည်၊၊
"မစိုးရိမ်ပါနဲ့၊၊ ငါ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် သားရဲအမြုတေတစ်ခုပြင်ဆင်ထားတယ်၊၊ အဲ့ဒါက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်လုနီးပါးပဲ----"
"ဒုဥက္ကဠ သေချာပေါက် သဘောကျမှာပါ---"
ထိုအရာကိုကြားသည့်အခါ, လျိုချင်းရှန် စိတ်သက်သာယာရသွားပြီး ပျော်ရွင်စွာခေါင်းညိတ်လိုက်သည်၊၊
ဂျန်ဖန်းမျက်လုံးတွေလည်း တောက်ပသွား၏၊၊
ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏လေလံပွဲ?----
စမ်းချောင်းဝါရေစင်ရှာမည့်အခွင့်အရေးက သိသိသာသာ ပိုတိုးလာခဲ့သည်၊၊
သူက သလင်းဖြူသားရဲဆီမှ ပစ္စည်းများစွာရရှိထားသည့်ဖြစ်၍ ထိုအရာတွေကို ရောင်းလို့ရ၏၊၊
"စီနီယာအမ, ငါလည်း မင်းနဲ့လိုက်ခဲ့မယ်---"
ဝမ်ချန်ဂျန် အတော်လေး မျက်မှောင်ကြုတ်သွား၏၊၊
နောက်ဆုံးမှာမှ သူက လျိုချင်းရှန်နှင့် နှစ်ယောက််တည်းရှိမည့်အခွင့်အရေးကို ရတာဖြစ်သည်၊၊
ဂျန်ဖန်းက ဝင်နှောင့်ယှက်နေ၏၊၊
သို့ပေမယ့် ဂျန်ဖန်းကိုမောင်းထုတ်လို့မရသည်ဖြစ်၍ သူက ပြောလိုက်သည်၊၊
"မင်းငါတို့နဲ့လိုက်ခဲ့လို့ရတယ်---"
"ဒါပေမယ့် ဒုဥက္ကဠက သူစိမ်းတွေကို သဘောမကျဘူး---"
"သူနဲ့တွေ့ဖို့တော့ မင်းကို ခေါ်မသွားနိုင်ဘူး---"
ဂျန်ဖန်း ဆွံ့အသွား၏၊၊
ဘယ်သူက မင်းအကူအညီလိုလို့လဲ---
အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် သားရဲအမြုတေတစ်ခုက ဒုဥက္ကဠကို သဘောကျစေ၏၊၊
ထို့ကြောင့် နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိသည့် သားရဲဘုရင်ပစ္စည်းတွေနှင့်ဆိုလျှင် သေချာပေါက် သူ့ကို အလေးထားဆက်ဆံကြမှာပဲဖြစ်သည်၊၊