သံသယ
Vol. 10 Ch. 142
"ဘယ်သူ?---"
"ဂျန်ဖန်းလား---"
နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တစ်ခဏတာ တိတ်ဆိတ်သွားခဲ့သည်၊၊
ထို့နောက် အစောပိုင်းကထက်တောင် ပိုကျယ်သည့်ဆူညံသံတွေ ပေါက်ကွဲထွက်လာခဲ့၏၊၊
"ပထမနေရာကဘယ်သူ? ဂျန်ဖန်းပေါ့---"
"စိတ်ဝိညာဥ်အမြစ်မရှိတဲ့အဲ့ဒီတပည့်လေ---"
"သူက အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ ၈ ကောင်ကို သတ်နိုင်တယ်ပေါ့----"
"ဒါက မရယ်ရတဲ့ဟာကြီးပဲ---"
ပထမနေရာက ဂျန်ဖန်းဖြစ်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ၊၊ ဘယ်သူမှ အာရုံမထားကြသည့်သူဖြစ်သည်၊၊
လူတိုင်းသိကြ၏၊၊
မထွက်ခွာခင်က လျိုဝူချန်း သူ့ကို မည်သည့်အရင်းအမြစ်မှမပေးခဲ့ပေ၊၊
ထိခိုက်ဒဏ်ရာမရပဲပြန်လာနိုင်တာကကို အတော်လေးအံ့သြဖို့ကောင်းနေပြီပဲဖြစ်သည်၊၊
သူက ဘယ်လိုလုပ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ ၈ ကောင် သတ်နိုင်မည်နည်း၊၊
တပည့်တွေ အတော်လေးသံသယဖြစ်နေကြ၏၊၊
တန်ထျန်လုံတွေးနေမှာကို လူတစ်ယောက်က စိတ်ကူးကြည့်လို့တောင်ရ၏၊၊
ပထမနေရာက ဂျန်ဖန်းဆိုတာ သိလိုက်ရသည့်အခါ အချိန်အတော်ကြာ ကြောင်အသွား၏၊၊ ထို့နောက် ကောင်းကင်ကိုမော့ကာ ဟက်ဟက်ပက်ပက်ရယ်မောတော့၏၊၊
"ဟ--ဟ---, ဒါ အမှန်တကယ်ဂျန်ဖန်းပဲ---"
"ငါ, တန်ထျန်လုံက ဂျန်ဖန်းလောက်တောင် မတော်ဘူးပေါ့---"
"ဟ--- ဟ--- ဟ---"
ရယ်သံက နေရာတစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်၊၊
ထိုအထဲမှာဖုံးကွယ်ထားသည့်ဒေါသကို လူတိုင်းခံစားမိ၏၊၊
ဤအရာက အခြားတစ်ယောက်ဆိုရင် လက်ခံနိုင်ဖွယ်ရှိသေး၏၊၊
သို့ပေမယ့် ဂျန်ဖန်းဖြစ်နေခဲ့သည်၊၊
သူ ယှဥ်ပြောဖို့တောင် အထင်သေးသည့် အမှိုက်ကောင်ဖြစ်နေခဲ့သည်၊၊
ထိုကောင့်ကို သူ့အထက်မှာထားလိုက်ခြင်းက ဘယ်လောက်တောင် စော်ကားလိုက်သနည်း၊၊
ဖုန်းဂုချန်းလည်း တစ်ခဏကြောင်အနေပြီးနောက် ဒေါသတကြီးပေါက်ကွဲထွက်လာတော့၏၊၊
"လျိုဝူချန်း---"
"မင်း ခိုးကြောင်ခိုးဝှက်ဖြစ်နေတာ မအံ့သြတော့ပါဘူး၊၊ မင်းက ပထမနေရာကို ကိုယ့်တပည့်ကိုယ်ပေးလိုက်တာပဲ---"
"ကောင်းပြီလေ, မင်း ငါ့ရဲ့ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဖိနှိပ်ချင်ရင် ငါ လက်ခံပါ့မယ်---"
"ဒါပေမယ့် အနည်းဆုံးတော့ သင့်တော်တဲ့တပည့်တော့ ရွေးသင့်တာပေါ့---"
"စိတ်ဝိညာဥ်အမြစ်တောင်မရှိတဲ့တပည့်ကို ငါ့တပည့်အထက်မှာထားလိုက်တာ--- ဒါက လက်ခံနိုင်တယ်လို့မင်းထင်လား---"
ဂိုဏ်းအကြီးအကဲအားလုံးလည်း ဆွံ့အကုန်ကြ၏၊၊
ဝမ်ဟုန်ယောင် မနေနိင်ပဲ ရေရွတ်လိုက်၏၊၊
"ဂိုဏ်းချုပ်လျို အိမ်မက်အကြီးကြီးမက်နေတာပဲမဟုတ်ဘူးလား---"
"ဂျန်ဖန်းက ဆေးပညာမှာတော်ပေမယ့် သိုင်းပညာမှတော့ ဘာမှမဟုတ်ဘူးလေ၊၊ ဘယ်လိုလုပ်ပြီး ပထမနေရာရအောင် သတ်နိုင်မှာလဲ----"
"ဒါက ဂျန်ဖန်းကို ခက်ခဲအောင်လုပ်နေတာပဲ မဟုတ်ဘူးလား---"
အားလုံး၏သံသယတွေအလယ်မှာ လျိုဝူချန်းခေါင်း ပေါက်ကွဲတော့မလိုဖြစ်လာခဲ့သည်၊၊
သူက အော်ပြောလိုက်သည်၊၊
"ဂျန်ဖန်းပထမနေရာရအောင် ငါစီစဥ်ခဲ့တာ မဟုတ်ဘူး---"
"သူ့ဘာသာသူလုပ်ခဲ့တာ---"
ထိုအရာက လျိုဝူချန်းစီစဥ်ထားတာ မဟုတ်ဘူးလား---
လူတိုင်း ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့်ကြည့်လိုက်ကြသည်၊၊
"ဘယ်လိုတောင်ရဲတင်းတာလဲ၊၊ သူ့ကိုယ်သူ ပထမပါဆိုပြီး ပြောင်ပြောင်တင်းတင်း လှည့်စားရဲတယ်---"
"မင်းလှည့်စားချင်တယ်ဆိုလည်း, အနည်းဆုံး ကိုယ့်လုပ်နိုင်စွမ်းကိုတော့ ချင့်ချိန်သင့်တယ်---"
"တန်ထျန်လုံအထက်မှာအဆင့်သတ်မှတ်တယ်တဲ့၊၊ ဒါကို ဘယ်သူမှသံသယမဝင်ဘူးလို့တွေးရလောက်အောင် ဒီကောင်ဘယ်လောက်တောင် နုံလိုက်သလဲ---"
--
အနည်းငယ်ရုပ်ရည်ရှိသည့်အမျိုးသမီးတပည့်အချို့ လှပသည့်ချန်းစီလင်ကိုကြည့်ပြီး မထိတထိလှောင်ပြောင်နေကြသည်၊၊
"ဒီလိုအမှိုက်ကောင်လူလိမ်ကိုလက်ထပ်ဖို့ သူမဘယ်လိုများတွေးလိုက်တာလဲ---"
"အဲ့ဒီမျက်နှာလှလှလေးတော့ နှမျှောစရာပဲ----"
"ရုပ်ရည်လှပပေမယ့် စဥ်းစားချင့်ချိန်နိုင်စွမ်း ညံ့လွန်းတယ်---"
ချန်းစီလင် နှုတ်ခမ်းကိုက်လိုက်သည်၊၊
သူမရှင်းပြနေပေမယ့် ရှုတ်ချသံတွေက သူမအသံကိုဖုံးလွမ်းသွားသည့်အတွက် သူမကိုယ်သူမတောင် ကာကွယ်ဖို့ မစွမ်းသာဖြစ်နေခဲ့သည်၊၊
ထို့နောက် သူမမျက်နှာက ရှက်လွန်း၍ အပြာရောင်ပြောင်းသွားခဲ့သည်၊၊
ဂျန်ဖန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊၊
သူ့ကိုစော်ကားတာက ပြဿနာမရှိပေ၊၊ ချန်းစီလင်ကိုပါဝင်ပတ်သက်စေတာကတော့ သူသည်းမခံနိုင်သည့်အရာပဲဖြစ်သည်၊၊
သူလက်မောင်းကို ချန်းစီလင်ခါးလေးမှာ ရစ်ပစ်ကာ အနားကိုဆွဲယူကာ ကာကွယ်ထားလိုက်သည်၊၊ ထို့နောက် မောက်မာစွာပြောလိုက်သည်၊၊
"ဒါကလှည့်စားတယ်ဆိုရင်တောင်, ငါ့အစွမ်းအစနဲ့ငါလေ၊၊ ဒီလိုအဆင့်ရဖို့ ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်ကို လာဘ်ထိုးနိုင်တယ်လေ--"
"နင်တို့လုပ်နိုင်လား---"
"နင်လုပ်နိင်လား---"
"ဒါမှမဟုတ် နင်ကောလုပ်နိုင်လား---"
"မင်းတို့အားလုံးကောဘယ်လိုလဲ---"
"မင်းတို့မလုပ်နိုင်ရင်, ပါးစပ်ပိတ်နေလိုက်---"
သူ၏လွမ်းမိုးနိုင်စွမ်းရှိသည့်စကားတွေက ဧရိယာတစ်ခုကို တုန်လှုပ်သွားစေခဲ့သည်၊၊
ရုတ်ရုတ်သဲသဲဖြစ်နေသည့်မြင်ကွင်း တိတ်ဆိတ်သွားခဲ့သည်၊၊
အမျိုးသမီးတပည့်များစွာ ဒေါသတကြီးအံကြိတ်လိုက်ပေမယ့် ဘာမှမပြောနိုင်ကြပေ၊၊
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းပြောလိုက်သည့်အရာက အမှန်တရားဖြစ်သောကြောင့်ပင်၊၊
ခန်းမခေါင်းဆောင်ကို ဂိုဏ်းချုပ်၊ အကြီးအကဲများစွာနှင့် မရေမတွက်နိုင်သည့်တပည့်တွေရှေ့မှာ လိမ်ခိုင်းဖို့ ဘယ်လိုစွမ်းရည်မျိုးရှိဖို့လိုအပ်မည်နည်း၊၊
လူအုပ်ထဲ၌---
ရှုယင်းရင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည်၊၊
ချန်းစီလင်ကို ဂျန်ဖန်းက တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး တစ်ဂိုဏ်းလုံးရှေ့မားမားမတ်မတ်ရပ် ကာကွယ်ပေးနေတာကိုကြည့်ပြီး သူမ မနာလိုမှုက အထွတ်အထိပ်ကို ရောက်လာခဲ့သည်၊၊
သူမ နောက်ထပ်ထိန်းမထားနိုင်တော့ပေ၊၊
"အကြီးကြီးတွေပြောနေတာပဲ---"
"ဒါပေမယ့် လှည့်စားတာက လှည့်စားတာပဲ---"
"တန်ထျန်လုံအပေါ်မှာ အဆင့်သတ်မှတ်ဖို့ ဘာတွေက နင့်ကို အရည်အချင်းပြည့်မှီအောင် လုပ်ပေးလိုက်တာလဲ---"
ဂျန်ဖန်း သူမကို အေးစက်စွာကြည့်လိုက်သည်၊၊
"ဘာလို့ဆို ငါက သူ့ထက်ပိုသတ်ခဲ့လို့လေ---"
"ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား---"
ထိုအရာကို ကြားသည့်အခါ---
တန်ထျန်လုံ ဒေါသတကြီး ရယ်လိုက်၏၊၊
"ဂျန်ဖန်း, အို, ဂျန်ဖန်း---"
"လူတိုင်းက ရှုတ်ချတယ်၊၊ အားလုံးကအထင်သေးစက်ဆုပ်ကြတယ်၊၊ ဒါပေမယ့် မင်းက မလျော့သေးဘူးပဲ---"
"ဒီနေ့ မင်းလွတ်မြောက်နိုင်မယ်ထင်လား---"
"ငါမင်းကို ပြောလိုက်မယ်၊၊ လုံးဝမဖြစ်နိုင်ဘူး---"
သူက ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်ဆီကို ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်သွားလိုက်သည်၊၊
တစ်ခဏကြည့်လိုက်သည့်အခါ သူက အလျှင်အမြန်ပဲ ဂျန်ဖန်းခုလေးတင်ပေးထားသည့် အိတ်ကိုရှာတွေ့သွား၏၊၊
သူက ထိုအရာကို ဆုပ်ကိုင်လိုက်ပြီး လေထဲမြင့်မြင့်မြှောက်ကာ လှောင်ပြောင်လိုက်၏၊၊
"မင်းလှည့်စားတဲ့သက်သေအားလုံးက ဒီထဲမှာပဲ---"
"ဆက်ငြင်းချင်သေးလား---"
ဂျန်ဖန်း စိုးရိမ်သွားမည်ဟု သူတွေးလိုက်၏၊၊
မမျှော်လင့်စွာပဲ ဂျန်ဖန်း တည်ငြိမ်နေဆဲ ဖြစ်သည်၊၊
"ကိုယ့်လိပ်ပြာကိုယ်လုံတယ်, ဘာမှငြင်းခုံနေစရာမလိုဘူး--"
ဤအချိန်မှာတောင် ဆက်ခေါင်းမာနေတုန်းဖြစ်သည်၊၊
တန်ထျန်လုံ ဒေါသတကြီးရယ်လိုက်ပြီး အိတ်ကိုဖွင့်ကာ ကျယ်လောင်စွာကြေညာလိုက်၏၊၊
"ကောင်းပြီလေ, မင်းက အရှက်ကွဲမှာ မကြောက်ဘူးဆိုမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့---"
"ဂိုဏ်းချုပ်၊ အကြီးအကဲတွေနှင့် တပည့်တွေအားလုံးကြည့်ထားကြပါ၊၊ ဒီဂိုဏ်းသခင်တောင်ထိပ်တပည့်ရဲ့ မျက်နှာအစစ်အမှန် ဘယ်လိုလဲဆိုတာ---"
ဖုန်ဂုချန်း သေချာပေါက် အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်၏၊၊
သူက လျိုဝူချန်းကို ရက်ရက်စက်စက်စကားနှင့်တိုက်ခိုက်လိုက်၏၊၊
"လူတိုင်း ကောင်းကောင်းကြည့်ထားကြပါ---"
"ငါတို့ဂိုဏ်းချုပ်ရဲ့ဒီတပည့်က ငါတို့ကိုအရူးလုပ်ဖို့ဘာတွေသုံးသွားလဲဆိုတာ ကြည့်ထားကြပါ---"
လျိုဝူချန်းမနေနိုင်ပဲ မျက်နှာကို ပွတ်သပ်လိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီး ကြည့်လိုက်သည်၊၊
ထိုကောင်က ကိုယ့်ကိုယ်ကို အရှက်ရစေရုံသာမက ဂိုဏ်းသခင်တောင်ထိပ်ကိုပါ လုံးလုံးအရှက်ရသွားစေခဲ့သည်၊၊
တန်ထျန်လုံလက်ကောက်ဝတ်ကို လှုပ်ရှားပြီး အိတ်ကို သွန်ချလိုက်သည်၊၊
ထိုအခါ လုံးဝန်းသည့်အရာတွေ မြေပြင်ပေါ် တဖုတ်ဖုတ်နှင့် ကျဆင်းလာခဲ့သည်၊၊
တန်ထျန်လုံ ကြည့်တောင်မကြည့်ပဲ လှောင်ပြောင်လိုက်၏၊၊
"အားလုံးမြင်ကြပြီလား---"
"ဒါက ငါတို့ဂိုဏ်းသခင်တောင်ထိပ်တပည့်ရဲ့ အပြောင်မြောက်ဆုံးလက်ရာပဲ---"
"သားရဲအမြုတေနေရာမှာ ကျောက်တုံးတွေကို အသုံးပြုထားတယ်---"
"သူက ဒါမျိုးကိုတောင် လုပ်နိုင်တယ်----"
"ဟ-- ဟ--- ဟ---"
သူက တဖြည်းဖြည်းနှင့် နောက်ထပ်မရယ်နိုင်တော့ပေ၊၊
အဘယ်ကြောင့်ဆိုသော်, ပစ္စည်းတွေမြေပြင်ကျသွားသည့်အခါ---
လူတိုင်းအမူအရာတွေ အကြီးအကျယ်ပြောင်းလဲကုန်ကြခြင်းကြောင့်ပင်၊၊
လျိုဝူချန်းမျက်လုံးတွေ ပြူးထွက်ကုန်၏၊၊
ရှုယင်းရင်းမျက်လုံးတွေလည်း ပြူးကျယ်နေခဲ့သည်၊၊
တပည့်တွေမျက်နှာလည်း အေးခဲသွား၏၊၊
လှပသည့်အမျိုးသမီးတပည့်များစွာ သူမတို့ပါးစပ်ကိုကာပြီး အသံတိုးတိုးဖြင့် အော်ဟစ်နေကြ၏၊၊
သူ့ဆရာ ဖုန်းဂုချန်းမျက်နှာတောင် တောင့်တင်းနေပြီး မြေပြင်ပေါ်က ပစ္စည်းတွေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်၊၊
တန်ထျန်လုံ ပဟေဠိဖြစ်သွားပြီး ရေရွတ်လိုက်၏၊၊
"အားလုံးနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ---"
သူက သူတို့အကြည့်တွေနောက်လိုက်ကာ မြေပြင်ပေါ်က ပစ္စည်းတွေကို မရည်ရွယ်ပဲကြည့်လိုက်မိသည်၊၊
ထိုအရာတွေက လူတွေကို အရူးလုပ်ဖို့ပြင်ထားသည့် ကျောက်တုံးတွေလို့ သူ ထင်ထားခဲ့၏၊၊
သို့ပေမယ့် မမျှော်လင့်စွာပဲ---
မြေပြင်၌ ကြက်ဥအရွယ်အစားလောက်ရှိသည့် လုံးဝန်းသည့်ပုတီးစေ့တွေ အရောင်အမျိုးစုံရှိနေခဲ့သည်၊၊
တစ်ခုချင်းစီက နတ်ဆိုးစွမ်းအားတွေဖြင့် ပြည့်နှက်နေခဲ့သည်၊၊
လတ်ဆတ်သည့်သားရဲအမြုတေသာမဟုတ်လျှင် ထိုအရာတွေက ဘာဖြစ်နိုင်မည်နည်း၊၊
"နတ်---နတ်ဆိုးသားရဲအမြုတေ---"
တန်ထျန်လုံး စိတ်ဗလာဖြစ်သွားခဲ့သည်၊၊
ဂျန်ဖန်းယူလာသည့်အရာတွေက အမှန်တကယ် သားရဲအမြုတေတွေဖြစ်နေပြီး စုစုပေါင်း ၈ခုရှိတာပဲဖြစ်သည်၊၊
ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် မလှည့်စားခဲ့ပေ၊၊
ဂျန်ဖန်းလည်း မလှည့်စားခဲ့ပေ၊၊
သူက အမှန်တကယ်ပဲ ပထမနေရာရခဲ့၏၊၊
နေရာတစ်ခုလုံး သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်၊၊
အစောပိုင်းသံသယဝင်သူတွေလည်း ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်သလို ဖြစ်သွားခဲ့သည်၊၊
ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် နောက်ဆုံးမှာတော့ စကားပြောဖို့အခွင့်အရေးရလာပြီး ခါးသီးစွာပြောလိုက်သည်၊၊
"မင်းတို့တွေငါ့ကို သတ္တိတစ်ရာလောက်ပေးရင်တောင် ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေကိုလှည့်စားဖို့ ဘယ်တပည့်ကိုမှ မကူညီရဲပါဘူး---"
"သူက ငါ့ကို ဘယ်လောက်ကြီးတဲ့အကျိုးအမြတ်ကြီးပေးလို့ ငါက ဒီလိုစွန့်စားရမှာလဲ---"
လူတိုင်း အသိပြန်ဝင်လာခဲ့ပြီး ရှုက်ရွံ့သည့်အမူအရာတွေဖြစ်လာကြသည်၊၊
အသံအကျယ်ဆုံးဖြစ်သည့် ဖုန်းဂုချန်း ချက်ချင်းပဲ တိတ်ဆိတ်သွားပြီး တစ်ခွန်းမှမပြောတော့ပေ၊၊
ထို့ပြင် စွာကျယ်စွာကျယ်ဖြစ်နေသည့် တန်ထျန်လုံမျက်နှာလည်း အနီရောင်ပြောင်းသွားခဲ့သည်၊၊
ထိုသို့ဆိုလျှင် သူတို့က လုံးဝလှည့်စားခဲ့တာ မဟုတ်ပေ၊၊
ဂျန်ဖန်းက သူ့ထက်အမှန်တကယ်သာသွားခဲ့တာပဲဖြစ်သည်၊၊
အစောပိုင်း ကြွားဝါခဲ့တာတွေကို ပြန်တွေးမိသည့်အခါ သူက တွင်းတစ်ခုရှာပြီးသာ ဝင်သွားချင်လိုက်တော့၏၊၊
ယနေ့ လုံးဝကို အရှက်ဗြန်းဗြန်းကွဲပြီဖြစ်သည်၊၊
သို့ပေမယ့် သူ ဂျန်ဖန်းထက်နိမ့်ကျသည်ဆိုတာကို လက်မခံနိုင်ဆဲဖြစ်နေပြီး ခေါင်းမာစွာပြောလိုက်သည်၊၊
"ဒီသားရဲအမြုတေတွေ ဘယ်ကလာလဲဆိုတာ ဘယ်သူသိတာမှတ်လို့--"
"မင်းဝယ်လာတာလဲဖြစ်နိုင်တာပဲ၊၊ ဒါတွေက ဒီတစ်ကြိမ်ငါတို့အမဲလိုက်တဲ့သားရဲတွေဆီက မဖြစ်နိုင်ဘူး---"
ထိုအရာကို ကြားသည့်အခါ---
ရှုက်ရွံ့နေကြသည့်တပည့်အနည်းငယ်က သူတို့ကိုယ်သူတို့နှစ်သိမ့်လိုက်ကြသည်၊၊
"ဟုတ်တယ်, ဒါက ဂျန်ဖန်းရဲ့ လှည့်ဖြားတဲ့နနည်းလမ်းတွေက ပိုပြီးလျို့ဝှက်တယ်ဆိုတာ ပြနေတာပဲ---"
"သူက လှည့်စားရုံတင်မဟုတ်ဘူး, ငါတို့ပါ သူ့လှည့်စားတာကို သက်သေမပြနိုင်တော့ဘူး---"
ထိုအရာကို ကြားသည့်အခါ---
ဂျန်ဖန်းရယ်လိုက်၏၊၊
အဆုံးစွန်ထိကို ခေါင်းမာနေကြတုန်းဖြစ်သည်၊၊
ကံကောင်းစွာနှင့် သူ၌ အရံအစီအစဥ်တစ်ခုရှိနေခဲ့၏၊၊
သူက ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်ဆီကို လျှောက်သွားလိုက်သည်၊၊
ထို့နောက်လက်သီးအရွယ်အစားလောက်ရှိသည့် နတ်ဆိုးသားရဲအမြုတေကို ခန်းမခေါင်းဆောင်ရှေ့မှာထားလိုက်သည်၊၊
သူက ကျယ်လောင်စွာပြောလိုက်သည်၊၊
"ခန်းမခေါင်းဆောင်, ဒါကဘာလဲဆိုတာ ကျေးဇူးပြုပြီး လူတိုင်းကို ပြောပြပေးလိုက်ပါ----"
တာလား----"