← Chapters

အဆင့်ဝင်ခြင်း

Vol. 10 Ch. 140

အဆင့်ဝင်ခြင်း

Vol. 10 Ch. 140

ဂျန်ဖန်း ဆွံ့အသွားခဲ့သည်၊၊

သူ သူမကို ဘယ်အချိန်ကရန်စမိသနည်း၊၊

တိမ်စိမ်းဂိုဏ်းဝင်ရောက်ပြီးတာတောင် သခင်မဆိုးလေးလို ပြုမူနေတုန်းဖြစ်သည်၊၊

"မဆိုးပါဘူး---"

ဂျန်ဖန်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်၊၊

သူက အခြားအဖွဲ့တွေ နတ်ဆိုးသားရဲဘယ်လောက်သတ်ခဲ့လဲမသိသဖြင့် သူတို့ဘယ်အဆင့်ရမှန်းမသိပေ၊၊

ထို့ကြောင့်, အခြားသူတွေနှင့်ယှဥ်လျှင် သူ့ရိတ်သိမ်းမှုက ကောင်းလားဆိုးလားမသိပေ၊၊

ဂျန်းဖန်း ယုံကြည်မှုမရှိတာကိုမြင်တော့---

ရှုယင်းရင် စိတ်သက်သာယာရစွာ တိတ်တဆိတ်သက်ပြင်းချလိုက်သည်၊၊

ဂျန်ဖန်းကံကောင်းပြီး တန်ထျန်းလုံထက် နတ်ဆိုးသားရဲပိုသတ်နိုင်ခဲ့မှာကို သူမအမှန်တကယ်စိုးရိမ်နေ၏၊၊

ထိုသို့သာဆိုလျှင် သူမက ချန်းစီလင်အရိပ်အောက်ကို ရောက်သွားမှာပဲဖြစ်သည်၊၊

"ဟုတ်လား---"

ရှုယင်းရင် ဂုဏ်ယူမှုအချို့ပြလိုက်၏၊၊

"ငါတို့လည်းသိပ်တော့မများပါဘူး---"

"အထီးကျန်လှေမြို့မှာ နတ််ဆိုးသားရဲ ၅ ကောင်သတ်ခဲ့တယ်လေ---"

"အဲ့ထဲက လေးကောင်က အခြေခံတည်ဆောက်ခြင်းအဆင့်တွေ၊၊ တစ်ကောင်ကတော့ ချီကျင့်ကြံခြင်းအဆင့်ပေါ့---"

"စည်းမျဥ်းအရ အကျိုးပြုမှတ် ၄၁မှတ်နဲ့ လဲလို့ရတယ်---"

ထိုအရာကိုကြားသည့်အခါ---

ပတ်ဝန်းကျင်ရှိတပည့်တွေ မနာလိုသည့်အကြည့်တွေနှင့်ကြည့်လာကြ၏၊၊

"တန်ထျန်လုံဆိုတဲ့အတိုင်းပဲ, သူက အထီးကျန်လှေမြို့ကိုတိုက်ခိုက်တဲ့ သားရဲတွေအားလုံးကို သတ်နိုင်ခဲ့တာပဲ---"

"ပုံမှန်အတိုင်း, အခြားအဖွဲ့ဝင်တွေကလည်းသန်မာနေမှရမှာ---"

"အကျိုးပြုမှတ် ၄၁မှတ်, ဒါက ဒီမစ်ရှင်မှာ ထိပ်ဆုံးအောင်မြင်မှုဆိုတာ သံသယရှိစရာမလိုဘူး---"

"စည်းမျဥ်းအရဆိုရင် အကျိုးပြုမှတ် ၁ မှတ်က အထွတ်အမြတ်ခန်းမမှာ တစ်နာရီကျင့်ကြံလို့ရတယ်ဆိုတော့ တန်ထျန်းလုံက သုံးရက် လေးရက်လောက်ကျင့်ကြံနိုင်မှာ---"

"အထွတ်အမြတ်ခန်းမက အရင်းအမြစ်တွေနဲ့ဆိုရင် သူရဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် ၈ က နောက်တစ်ဆင့်ကို တိုးမြှင့်သွားမှာက အသေအချာပဲ---"

--

ဂျန်ဖန်းမျက်နှာပေါ်မှာ ထူးဆန်းသည့်ပုံစံတစ်ခုရှိနေခဲ့သည်၊၊

အကျိုးပြုမှတ် ၄၁မှတ်က ပထမတဲ့လား---

သားရဲဘုရင်ဘေးဖယ်လိုက်လျှင်တောင် သူက အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ ၈ကောင်သတ်ခဲ့တာဖြစ်သည်၊၊ ထိုအရာက အကျိုးပြုမှတ် ၈၀အဖြစ် ပြောင်းလဲနိုင်၏၊၊

နတ်ဆိုးသားရဲတွေက အမှန်တကယ်ပဲ သတ်ဖို့ ခက်ခဲသည်လား---

မကြာမီ, ဂျန်ဖန်း နားလည်သွားခဲ့သည်၊၊

တိမ်နေမင်းမြို့ကိုတိုက်ခိုက်သည့် နတ်ဆိုးသားရဲတွေက ယေဘူယျအားဖြင့် သန်မာသည့်အတွက်ကြောင့် သူ့အဖွဲ့ဝင်တွေသတ်နိုင်ဖို့က မဖြစ်နိုင်ပေ၊၊

သူတို့လုပ်နိုင်တာအားလုံးက ဂျန်ဖန်းနှင့် ဒင်းဝမ်ပိုင် သူတို့အတွက်တိုက်ခိုက်ပေးမှာကို စောင့်နေရတာပဲဖြစ်သည်၊၊

အခြားမြို့တွေမှာတော့ တိုက်ခိုက်သည့်နတ်ဆိုးသားရဲတွေက အားနည်းကြပြီး တပည့်အားလုံးပါဝင်နိုင်ကြ၏၊၊

ထို့ကြောင့် အကျိုးရလဒ်ကို ညီတူမျှတူခွဲဝေရမည်ပဲဖြစ်သည်၊၊

ဂျန်ဖန်းနှင့် တန်ထျန်လုံသာ သိသိသာသာ ထူးခြားနေ၏၊၊

တန်ထျန်လုံချည်းကပ်လာပြီး သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုရှိနေခဲ့သည်၊၊

"ယင်းရင်း, ငါမင်းကိုပြောမထားဘူးလား၊၊ ငါကိုသူနဲ့မယှဥ်ပါနဲ့ဆို, ဒါက ငါ့ကို စော်ကားနေတာနဲ့အတူတူပဲ---"

ရှုယင်းရင် အလျှင်အမြန်တောင်းပန်လိုက်၏၊၊

"တောင်းပန်ပါတယ်, စီနီယာအကိုတန်---"

တန်ထျန်လုံလက်ဝှေ့ယမ်းလိုက်သည်၊၊

"ငါတစ်ခါပြောဖူးပါတယ်၊၊ ငါ့အဖွဲ့ဝင်ဖြစ်ရတာ ဒီကောင့်ရဲ့မိန်းမဖြစ်ရတာထက် ပိုအကျိုးရှိတယ်လေ---"

"ငါ့စကားတွေက အတည်ပဲ, ဘယ်တော့မှ ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး---"

"အခု, ဒါက မှန်နေပြီနဲ့တူတယ်---"

များစွာသောလှပထူးချွန်သည့်အမျိုးသမီးတပည့်တွေ ရှုယင်းရင်ကို မနာလိုစွာကြည့်လိုက်ကြသည်၊၊

"ရှုယင်းရင်က တကယ်ကံကောင်းတာပဲ, စီနီယာအကိုတန်က သူ့ကို ကူညီနေတယ်---"

"ဒီတစ်ကြိမ် သူမက အထွတ်အမြတ်ခန်းမမှာ လေ့ကျင့်ဖို့လည်း အခွင့်အရေးရှိတယ်၊၊ ပြီးတော့ သူမပြန်ထွက်လာရင် သေချာပေါက် သိသိသာသာ တိုးတက်လာမှာပဲ---"

"ငါ ချန်းစီလင်အတွက်တော့ စိတ်မကောင်းဘူး---"

"ခန္ဓာကိုယ်အချိုးအစား, ရုပ်ရည်, ပါရမီ ဒါတွေအားလုံးမှာ သူမက ရှုယင်ရင်ထက်မနိမ့်ဘူး---"

"ဒါပေမယ့် သူမက မှားယွင်းတဲ့လူနောက်ကို လိုက်သွားတာလေ၊၊ သူတို့တွေရရှိတဲ့ အကျိုးအမြတ်က ကမ္ဘာတစ်ခုလောက်ခြားတယ်----"

"သူမလျှောက်တဲ့လမ်း, ရွေးချယ်တဲ့ယောက်ျား, ဒါတွေအားလုံးက သူမကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ၊၊ ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး---"

ဂျန်ဖန်း တကယ့်အောင်မြင်မှုကိုသိထားသည့် ချန်းစီလင် သူမ၏ခံပြင်းမှုတွေကို ဖိနှိပ်ထားလိုက်သည်၊၊

'ငါရွေးချယ်တဲ့ယောက်ျားကို မေးခွန်းထုတ်နေကြတာလား---'

'မကြာခင်နင်တို့မေးရိုးတွေပြုတ်ကျသွားအောင် ငါလုပ်ပြမယ်---'

'ငါ့ယောက်ျား, ဂျန်ဖန်း လူတိုင်းကို ဘယ်လိုကျော်တက်သွားမလဲဆိုတာ စောင့်ကြည့်နေလိုက်ပါ---'

ခဏကြာပြီးနောက်---

လျိုဝူချန်း ငှက်တစ်ကောင်စီးပြီး ရောက်လာခဲ့သည်၊၊

"လူတိုင်းပြန်ရောက်ပြီလား----"

လျိုဝူချန်းလူအုပ်ကို အလျှင်အမြန်စစ်ကြည့်လိုက်ပြီး သူ့တပည့်,ဂျန်ဖန်းကိုမြင်သည့်အခါ စိတ်သက်သာယာရသွားခဲ့သည်၊၊

သူက ဂျန်ဖန်း အပြင်မှာသေသွားမှာကို စိုးရိမ်နေခဲ့သည်၊၊

အဆုံးမှာတော့ ဂျန်ဖန်း ကျင့်ကြံရေးက နိမ့်ကျနေဆဲဖြစ်သည်၊၊

ထို့ပြင် သူကလည်း အရင်းအမြစ်အများကြီး မပေးလိုက်ပေ၊၊

"ကောင်းပြီ, တစ်ဦးချင်းစီရဲ့အောင်မြင်မှုတွေကို ရေတွက်လိုက်ရအောင်---"

"အကျိုးအမြတ်ရလာတဲ့တပည့်တွေ တစ်ယောက်ချင်းစီရှေ့တက်လာပေးပါ၊၊ မင်းတို့ရဲ့ရလဒ်တွေကို ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်က စစ်ဆေးပြီး အတည်ပြုပေးလိမ့်မယ်---"

တပည့်တွေရှေ့ထွက်ဖို့ စိတ်အားထက်သန်နေကြသည်၊၊

မြင့်မြတ်အကြီးအကဲတွေ၏ အထွတ်အမြတ်ခန်းမမှာ လေ့ကျင့်ရမည်ဟူသောအတွေးက သူတို့အားလုံးကို စိတ်လှုပ်ရှားစေ၏၊၊

ထို့ကြောင့်,

ချီကျင့်ကြံရေးအဆင့် သားရဲတစ်ကောင်ပဲ သတ်နိုင်သည့် တပည့်တွေတောင် စစ်ဆေးဖို့ စိတ်အားထက်သန်နေကြသည်၊၊

ဂျန်ဖန်း ခန့်မှန်းထားသည့်အတိုင်းပင်၊၊

လူတိုင်း၏ အောင်မြင်မှုအများစုက အတော်လေးဆင်တူကြ၏၊၊

အရည်အချင်းရှိသည့်လူအနည်းငယ်သာ အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ နှစ်ကောင်လောက်သတ်နိုင်ကြ၏၊၊

သို့ပေမယ့် အများစုက အခြေခံတည်ဆောက်ခြင်းသားရဲတစ်ကောင် ဒါမှမဟုတ် ချီကျင့်ကြံခြင်းသားရဲ တစ်ကောင်လောက်သာ သတ်နိုင်ကြ၏၊၊

တန်ထျန်လုံအလှည့်ရောက်သည့်အခါ ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်က ထောက်ခံသည့်အမူအရာတွေပြသလာ၏၊၊

သိသာစွာပဲ သူ၏ သားရဲငါးကောင် သတ်ဖြတ်နိုင်မှုက အတော်လေး အထင်ကြီးစရာကောင်း၏၊၊

သူ့နောက်မှာတော့ ထူးထူးခြားခြားအောင်မြင်မှုရသည့်သူ မရှိတော့ပေ၊၊

ထိုအရာက ဂျန်ဖန်း အိတ်သေးသေးတစ်လုံးနှင့် ချည်းကပ်မလာခင်အထိသာဖြစ်သည်၊၊

သူက အိတ်ကို ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင်ရှေ့၌ ထားလိုက်သည်၊၊

ခန်းမခေါင်းဆောင် လုပ်နေကျအတိုင်း အိတ်ကိုဖွင့်၏၊၊ ထို့နောက် ပုံမှန်အတိုင်း အထဲကိုကြည့်ပြီး ပြောလိုက်သည်၊၊

"သားရဲအမြုတေတစ်--"

နေပါအုန်း----

သူက နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ တုန်လှုပ်သွားခဲ့သည်၊၊

အိတ်ထဲ၌ နတ်ဆိုးသားရဲအမြုတေ ၈ ခုရှိနေခဲ့သည်၊၊

အမြုတွေတစ်ခုချင်းစီကလည်း ကြက်ဥအရွယ်အစားလောက်ရှိတာဖြစ်သည်၊၊

အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတွေပင်၊၊

ဒါဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း၊၊

သူက ထိုအရာတွေကို အပြင်ထုတ်ပြီး တစ်ခုချင်းစစ်ဆေးကြည့်လိုက်သည့်အခါ အားလုံးက အမှန်တကယ် သားရဲအမြုတေတွေဖြစ်နေပြီး သူတို့အပေါ်မှ သွေးစတွေရှိနေသေး၏၊၊

ဈေးထဲမှဝယ်လာတာ မဟုတ်ပေ၊၊

သူက မနေနိုင်ပဲ ဂျန်ဖန်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်၊၊

ခန်းမခေါင်းဆောင်၏ထူးဆန်းသည့်အပြုအမူက လူတိုင်းသိချင်စိတ်ကို နှိုးဆွသွားခဲ့သည်၊၊

ရှုယင်းရင်မျက်မှောင်ကြုတ်လိုက်၏၊၊

"ဆုပေးဒဏ်ပေးခန်းမခေါင်းဆောင် ဘာဖြစ်နေတာလဲ----"

"သူ့ကြည့်ရတာ အရမ်းထူးဆန်းနေသလိုပဲ---"

တန်ထျန်လုံ လက်နှောက်ပစ်ထားပြီး ရယ်လိုက်သည်၊၊

"ဂျန်ဖန်းဘာမှမသတ်နိုင်ခဲ့လို့ အံ့သြနေတာဖြစ်မှာပါ----"

ရှုယင်းရင် နားလည်သွားပြီး ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်၊၊

"သူ့ခွန်အားကိုစဥ်းစားကြည့်တော့ အသက်ရှင်နိုင်တာကကို အံ့သြဖို့ကောင်းနေပါပြီ----"

"သူ ကံအရမ်းကံပြီး တစ်ကောင်သတ်နိုင်ခဲ့မယ်လို့ ငါလည်းမထင်ဘူး-----"

"ငါသာ ခန်းမခေါင်းဆောင်ဆိုရင်လည်း ပိုပြီးတောင် အံ့သြမိမှာ---"

မဝေးသည့်တစ်နေရာမှ လျိုဝူချန်းလည်း ခန်းမခေါင်းဆောင်၏ ထူးဆန်းသည့်အပြုအမူကို သတိထားမိ၏၊၊

သူက တိုက်တွန်းလိုက်၏၊၊

"မင်းဘာတွေ တွေဝေနေတာလဲ? သူတို့ကို အမြန်စစ်ဆေးပြီး အဆင့်တွေသတ်မှတ်ပေးလိုက်တော့---"

သူက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်၊၊

ခန်းမခေါင်းဆောင် အလျှင်အမြန်ပဲ အသိပြန်ဝင်လာခဲ့သည်၊၊

နောက်ထပ်မတွေဝေရဲတော့ပဲ ဂျန်ဖန်း၏အောင်မြင်မှုကို ချက်ချင်းမှတ်တမ်းတင်လိုက်၏၊၊

ထို့နောက် နံပါတ် ၁ နေရာရှိ တန်ထျန်လုံ၏နာမည်ကိုဖျက်ကာ ဂျန်ဖန်းနာမည်နှင့် အစားထိုးလိုက်၏၊၊

သူက အလျှင်အမြန်ပဲ စာရင်းကို လျိုဝူချန်းဆီ လက်ကမ်းပေးလိုက်သည်၊၊

သေသေချာချာကြည့်မနေပဲ လျိုဝူချန်းမတ်တပ်ရပ်ကာ တပည့်တစ်ရာကိုကြည့်လိုက်သည်၊၊

"မင်းတို့အားလုံးဘေးကင်းကင်းနဲ့ပြန်လာနိုင်တာ ဂိုဏ်းသခင်တစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်---"

"အခု,ငါ မင်းတို့ရဲ့အောင်မြင်မှုကို ကြေညာတော့မယ်--"

"ချီကျင့်ကြံရေးသားရဲတွေကိုသတ်ခဲ့တဲ့လူတွေကတော့ အောက်ပါအတိုင်းပဲ---"

"အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတွေကို သတ်ခဲ့တဲ့လူတွေကတော့ အောက်ပါအတိုင်းပဲ---"

"နောက်တစ်ခုကတော့, ထိပ်ဆုံး ၁၀ ယောက်ဝင်တဲ့ တပည့်တွေပဲ---"

ထိုအခိုက်အတန့်၌ တပည့်တွေ စိတ်လှုပ်ရှားလာကြသည်၊၊

ထိပ်ဆုံး ၁၀ ယောက်အပြင်ဘက်က အဆင့်တွေ အများစုက အတူတူတွေပဲဖြစ်သည်၊၊

ထိပ်ဆုံး ၁၀ ယောက်အတွင်းမှာမှ ခြားနားမှုတွေ ထွက်ပေါ်လာမှာ ဖြစ်၏၊၊

"အဆင့် ၁၀, ဟွမ်ယွင်ကန်, အခြေခံတည်ဆောက်ခြင်းသားရဲတစ်ကောင်နဲ့ ချီကျင့်ကြံခြင်းသားရဲတစ်ကောင်---"

"အဆင့် ၉, ကျန်းရှောင်ယွင်, အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတစ်ကောင်၊ ချီကျင့်ကြံခြင်းအဆင့် သားရဲနှစ်ကောင်----"

"အဆင့် ၈, လျိုပိုင်ရှန်း, အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲတစ်ကောင်၊ ချီကျင့်ကြံခြင်းအဆင့် သားရဲ သုံးကောင်---"

--

"အဆင့် ၃, အပူပင်မဲ့တောင်ထိပ်, ယွမ်တုန်ထျန်, အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲနှစ်ကောင်၊ ချီကျင့်ကြံခြင်းအဆင့် သားရဲ သုံးကောင်----"

"အပူပင်မဲ့တောင်ထိပ်က ဒီတစ်ကြိမ်ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာပဲ---"

လျိုဝူချန်း ချီးကျူးလိုက်၏၊၊

သူကမနေနိုင်ပဲတွေးလိုက်မိ၏၊၊ ဤတစ်ချိန်၌ သူ့တောင်ထိပ်ကသာ ဂျန်ဖန်းမဟုတ်ပဲ အခြားတစ်ယောက်ယောက်မဲကျခဲ့လျှင် ဤလောက်ထိ အဆင့်နိမ့်မည်မဟုတ်ပေ၊၊

လူတိုင်းချက်ချင်းပဲ မတ်မတ်ရပ်လိုက်ကြပြီး စူးစမ်းသည့်အမူအရာတွေ ပြသလာကြ၏၊၊

"ဒုတိယနေရာက ဘယ်သူဖြစ်မလဲ----"

"တန်ထျန်းလုံအပြင် ယွမ်တုန်ထျန်း အများဆုံးသတ်နိုင်ခဲ့တာလို့ထင်ခဲ့တာ----"

"ဒီကောင်က တော်တော်ဖုံးကွယ်ထားတာပဲ၊၊ ဒီလောက်အများကြီးသတ်ခဲ့တာတောင် ဘယ်သူမှမသိဘူး----"

ရှုယင်းရင်လည်း သိချင်လာခဲ့သည်၊၊

"စီနီယာအကိုတန်, ဒုတိယက ဘယ်သူဖြစ်လောက်မလဲ---"

တန်ထျန်လုံလက်နောက်ပစ်ထားပြီး မှတ်ချက်ပေးလိုက်သည်၊၊

"ဒီတစ်ကြိမ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲ နှစ်ကောင်ထက်ပိုသတ်နိုင်တာ ဓားရူးတောင်ထိပ်က စီနီယာအကိုမိုဟွာတောက်ပဲဖြစ်လိမ့်မယ်---"

"သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၇လေ၊၊ ငါ့နဲ့အဆင့်တူလောက်ပဲ---"

ရှုယင်းရင် လေးစားမှုတွေပြသလာ၏၊၊

"စီနီယာမိုက တကယ်အစွမ်းထက်တာပဲ---"

တန်ထျန်လုံ ဂုဏ်ယူစွာပြုံးလိုက်သည်၊၊

"သူက အတော်လေး အားကောင်းပါတယ်---"

"ဒါပေမယ့် ငါရှိနေတော့ ဒုတိယပဲ ရနိုင်တယ်လေ--- ဟ--ဟ--"

ထိုအခိုက်အတန့်၌---

လျိုဝူချန်း ဒုတိယနေရာရှိနာမည်ကိုကြည့်ပြီး ကြောင်အသွားခဲ့သည်၊၊

သူက မျက်မှောင်ကြတ်ကာ တွေဝေနေပြီး ကြေညာလိုက်သည်၊၊

"ဒုတိယနေရာ--- တန်ထျန်းလုံ---"

All Chapters