← Chapters

အဲ့တာငါပဲ

Vol. 10 Ch. 138

အဲ့တာငါပဲ

Vol. 10 Ch. 138

ဒင်းထျန်းရှန်း ခန္ဓာကိုယ် တုန်ယင်သွား၏၊၊

ထုတ်လွတ်တော့မည့်စိတ်ဝိညာဥ်စွမ်းအင်ကိုလည်း ရုတ်တရက် ပြန်ရုတ်သိမ်းလိုက်ပြီး အသိစိတ်က ချက်ချင်းရှင်းလင်းလာခဲ့သည်၊၊

ဒင်းရှုဟိုင်နှင့် အကြီးအကဲတွေမျက်နှာလည်း အကြီးအကျယ်ပြောင်းလဲသွားကြသည်၊၊

သူတို့အကြောက်ဆုံးအရာက ဖြစ်လာပြီပဲ ဖြစ်သည်၊၊

ထို့ပြင် ဤအရာက အဆိုးဆုံးဖြစ်နိုင်သည့် အခြေအနေဖြစ်နေ၏၊၊

ဒင်းရှုဟိုင်အလျှင်အမြန်ရှေ့တက်ပြီး ချင်းဝမ်ယွမ်ဒေါသပြေလျော့စေဖို့ ကြိုးစားပြောလိုက်သည်၊၊

"ဆရာချင်, ဒါက လူငယ်မျိုးဆက်တွေကြား အချင်းများကြရုံပါ၊၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့----"

ပြောပြီးနောက်, သူက ဒင်းဝမ်ပိုင်ကို တောင်းပန်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊

ဒင်းဝမ်ပိုင်ကို တောင်းပန်ခြင်းဖြင့် ကိစ္စတွေကို အကျယ်အကျယ်မဖြစ်စေတော့ပေ၊၊

သို့ပေမယ့် ဒင်းဝမ်ပိုင် ဘယ်လိုလုပ် ဆန္ဒရှိမည်နည်း၊၊

သူက ကျယ်လောင်စွာ ပြန်ပြောလိုက်၏၊၊

"ဒါက အချင်းများရုံမဟုတ်ဘူး၊၊ ဒင်းထျန်ရှန်က ငါ့ကို သတ်ချင်နေတာ---"

"သူနဲ့ ဒင်းမိသားစုက ငါ့ကို လုံးဝမလေးစားကြဘူး---"

"ပြီးတော့ ဆရာချင်, သူတို့က မင်းကိုလည်း ဘာလေးစားမှုမှမရှိဘူး----"

မင်းအသက်ကိုလိုချင်နေတယ်?---

ချင်းဝမ်ယွမ် တုန်လှုပ်သွား၏၊၊

သူ့ကိုမလေးစားတာက ကိစ္စမရှိသေးပေ၊၊

သို့ပေမယ့် ဂျန်ဖန်းကို မလေးစားတာက အကြီးမားဆုံးပြဿနာပဲဖြစ်သည်၊၊

သူ၏အိုမင်းသည့်မျက်နှာ၌ ဒေါသအရိပ်အယောင်တွေပေါ်လာပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏၊၊

"ခေါင်းဆောင်ဒင်း, ဒီလူအိုကြီးက တိမ်နေမင်းမြို့ကို အခြေခံမရှိပဲပြောင်းရွေ့လာလို့ နောက်ထပ်မပူးပေါင်းချင််တော့တာလား---"

"ဒီလိုဆိုရင်, ခေါင်းဆောင်ဒင်း, မင်းပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်---"

"ခြုံပုတ်တွေပတ်ရိုက်နေဖို့ မလိုပါဘူး---"

အာ?---

စိုးရိမ်မှုကြောင့် ဒင်းရှုဟိုင် နဖူးမှ ချွေးစေးတွေပျံလာခဲ့သည်၊၊

ကိစ္စကတကယ်ပဲ သူတို့၏ပူးပေါင်းမှုကို သက်ရောက်နေခဲ့၏၊၊

ဒင်းမိသားစုအကြီးအကဲတွေမျက်နှာလည်း အကြိမ်ကြိမ်ပြောင်းလဲဲနေခဲ့သည်၊၊

ဒင်းဝမ်ပိုင်ဆီမှ စကားတစ်ခွန်းက သူတို့ပူးပေါင်းမှုကို ဖျက်ဆီးလုနီးပါပင်၊၊

ဆရာချင်စိတ်ထဲက ဒင်းဝမ်ပိုင်အရေးပါမှုက မျှော်လင့်ထားသည့် ပိုမြင့်နေခဲ့သည်၊၊

ဒင်းထျန်ရှန်း လက်ချောင်းတွေလည်း အေးစက်နေပြီး အစောပိုင်းအဆင်ခြင်မဲ့လုပ်ခဲ့တာအတွက် နောင်တရနေခဲ့သည်၊၊

တစ်တင်္ဂစိတ်လိုက်မန်ပါဖြစ်သွားတာနှင့် ဤကဲ့သို့ ပြဿနာကြီးတစ်ခု ဖြစ်သွားခဲ့သည်၊၊

သူက အံ့ကြိတ်လိုက်ပြီး ဒင်းဝမ်ပိုင်ဆီကို လျှောက်သွားလိုက်သည်၊၊ ထို့နောက် ခေါင်းငုံ့အရိုအသေပေးပြီး စော်ကားခံရတာကို ကြံကြံခိုင်ကာ ပြောလိုက်သည်၊၊

"ဝမ်ပိုင်, ငါတောင်းပန်ပါတယ်----"

"စိတ်လိုက်မန်ပါနဲ့ မင်းကို မတိုက်ခိုက်သင့်ပါဘူး---"

"ကျေးဇူးပြုပြီး ငါတို့မိသားစုဆက်ဆံရေးကိုထောက်ပြီး ခွင့်လွတ်ပေးပါ---"

ဒင်းမိသားစုပါရမီရှင်တစ်ယောက်---

တိမ်နေမင်းမြို့၏ ပါရမီရှင်တစ်ယောက်---

တိမ်စိိမ်းဂိုဏ်းတစ်ခုလုံးနှင့်ယှဥ်လျှင်တောင် ပြိုင်ဘက်ကင်းဉာဏ်ကြီးရှင်တစ်ယောက်---

အစရှိတဲ့လူတစ်ယောက်အနေဖြင့် ဒင်းထျန်ရှန်ဟာ ယခုချိန်မှာ ဂုဏ်သိက္ခာမရှိလုနီပါးဖြစ်နေပြီဖြစ်သည်၊၊

သို့ပေမယ့် ဒင်းဝမ်ပိုင်က မကျေနပ်သေးပေ၊၊

သူက အေးစက်စက်ဖြင့် သွားပေါ်အောင်ပြုံးလိုက်ပြီး ပြောလိုက်သည်၊၊

"တောင်းပန်ရုံနဲ့လုံလောက်သွားပြီပေါ့----"

"မင်းထက်အမြင့်ကလူကို မလေးစားတဲ့အပြစ်ကို မင်းသိတယ်မလား----"

"ဒူထောက်စမ်း---"

ဒူးထောက်ရမည်လား---

ဒင်းထျန်ရှန်မျက်လုံးတွေပြူးကျယ်သွားပြီး နှလုံးသားထဲကအစော်ကားခံရမှုက အထွတ်အထိပ်ကို ရောက်နေပြီပဲဖြစ်သည်၊၊

ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏ နတ်ဆိုးအဆင့်ပါရမီရှင်က တစ်စုံတစ်ယောက်ကို ဒူးထောက်ရမည်လား----

ဤအရာက သူလက်မခံနိုင်ဆုံးအရာပဲဖြစ်သည်၊၊

သို့ပေမယ့် ချင်းဝမ်ယွမ်၏ ပိုမိုအေးစက်လာသည့်မျက်နှာနှင့် မိသားစုဝင်တွေ၏ စိုးရိမ်နေသည့်မျက်နှာတွေကိုမြင်သည့်အခါ----

သူက အံ့ကြိတ်လိုက်၏၊၊

ထို့နောက် လေးပင်စွာဖြင့်ဒူးထောက်ပြီး ကျယ်လောင်စွာပြောလိုက်သည်၊၊

"ငါမှားသွားပါတယ်၊၊ ကျေးဇူးပြုပြီးခွင့်လွတ်ပေးပါ----"

ပတ်ဝန်းကျင်က သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်၊၊

ဒင်းမိသားစုအဖွဲ့ဝင်တွေလည်း တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဲကြတော့ပဲ အကြည့်လွဲလိုက်ကြသည်၊၊

သို့ပေမယ့် သူတို့ရင်ထဲကဒေါသက မီးတောင်တစ်ခုကဲ့သို့ ဆူပွက်နေပြီး ရင်ဘတ်တွေ နိမ့်လိုက်မြင့်လိုက်ဖြစ်နေကြ၏၊၊

ဒင်းထျန်ရှန် ဘယ်လောက်ပဲမှားမှား သူက ဒင်းမိသားစုဝင်တစ်ယောက်ဖြစ်နေဆဲပင်၊၊

သူ့ဂုဏ်သိက္ခာ ဤလောက်ထိ နင်းခြေခံရတာ မဖြစ်သင့်ပေ၊၊

ဒင်းဝမ်ပိုင်က သူကိုယ်သူ ဒင်းမိသားစုဝင်အဖြစ် စဥ်းစားသေးသည်လား---

ဒင်းမိသားစု ဒင်းဝမ်ပိုင်ကို တန်ဖိုးမထားကြသော်လည်း တစ်ခါမှ သူ့ကို မမျှမတ မဆဆက်ဆံဖူးပေ၊၊

ဒင်းမိသားစု၏ပျိုးထောင်မှုသာမရှိလျှင် တိမ်စိမ်းဂိုဏ်းဝင်ရမည့် အခွင့်အရေးရမည်တဲ့လား---

ဘယ်လိုတောင် ကြင်နာမှုကို သစ္စာဖောက်ပြီး ဒင်းမိသားစုကို ဤကဲ့သို့နည်းဖြင့် ဆက်ဆံနိုင်ရသနည်း၊၊

ဒင်းထျန်ရှန် ဒူးထောက်တာမြင်တော့ ဒင်းဝမ်ပိုင် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားခဲ့သည်၊၊ သူက နှာမှုတ်လိုက်၏၊၊

"ဒါကမှ ပိုသင့်တော်သေးတယ်----"

"ဒီနေရာမှာဒူးထောက်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်နေ---"

ထို့နောက် သူကပြုံးလိုက်ပြီး ချင်းဝမ်ယွမ်ကို လက်ချင်းယှက်ကာပြောလိုက်သည်၊၊

"ငါ့ကိုထောက်ခံပေးလို့ ကျေးဇူးတင်ပါတယ်, ဆရာချင်----"

ချင်းဝမ်ယွမ် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး အများကြီးမပြောပေ၊၊

ဒင်းထျန်းရှန်ဒူးထောက်တောင်းပန်မှုဖြင့် ကိစ္စတွေပြီးသွားမှတော့ နောက်ထပ်ပြဿနာရှာဖို့မလိုတော့ပေ၊၊

အဆုံးမှာတော့ ဒင်းမိသားစုနှင့်ပူးပေါင်းမှုက ရှေ့ဆက်ရအုန်းမှာဖြစ်သည်၊၊

သူက ဒင်းဝမ်ပိုင်ပုခုံးကိုပုတ်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်၏၊၊

"အနာဂတ်မှာ မင်းလိုအပ်တာရှိရင် ငါ့ကို အချိန်မရွေးလာရှာနိုင်တယ်----"

ဤစကားကြောင့် ဒင်းမိသားစုဝင်တွေ တုန်လှုပ်သွားကြသည်၊၊

ဤအရာက ဒင်းမိသားစုတစ်ခုလုံးကို သတိပေးတာ သိသာလှ၏၊၊

ထို့ပြင် ဒင်းဝမ်ပိုင်က သူ့စောက်ရှောက်မှုအောက်ရှိတယ်လို့ဆိုလိုနေ၏၊၊

သူမှာသာပြဿနာရှိလျှင် ချင်းဝမ်ယွမ်ဆီ အချိန်မရွေး အကူအညီတောင်းနိုင်တာပဲဖြစ်သည်၊၊

ဒင်းဝမ်ပိုင် အလွန်ပျော်ရွင်သွားခဲ့သည်၊၊

အေးစက်စက်အပြုံးတစ်ခုနှင့် ပတ်ပတ်လည်က ဒင်းမိသားစုဝင်တွေကို ကြည့်လိုက်သည်၊၊

ချင်းဝမ်ယွမ်ရှိနေတာကို အခွင့်ကောင်းယူပြီး သူတို့လုံးဝနာခံမှုရှိအောင် ခြိမ်းခြောက်လိုက်၏၊၊

"ဆရာချင်, ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါအုန်း---"

"ငါဖြေရှင်းရမယ့်ပြဿနာတစ်ခုရှိပါသေးတယ်၊၊ ဒါပေမယ့် မိသားစုဝင်တွေက မလိုက်နာကြပါဘူး----"

"ကျေးဇူးပြုပြီး, ဆရာချင် ငါ့ကိုယ်စား ဆုံးဖြတ်ပေးပါအုန်း---"

အို?---

မကြာသေးခင်ကမှ တိုးတက်လာသည့် ချင်းဝမ်ယွမ်စိတ်အခြေအနေက တဖန် မဲမှောင်သွားခဲ့သည်၊၊

ဒင်းမိသားစုတွေ ဘာဖြစ်နေကြသနည်း၊၊

ဂျန်ဖန်းက အဆင့်မြင့်ဝိညာဥ်သခင်ဆိုတာ ပြောပြရမည်လား---

ဒင်းဝမ်ပိုင် ဂျန်ဖန်းနှင့်မိတ်ဆွေဖြစ်ခြင်းဖြင့် ဒင်းမိသားစုတစ်ခုလုံး အရေးပါသည့်ထောက်ပံ့မှုကြီး ရရှိသွားတာဖြစ်သည်၊၊

ဒါကို ဒင်းမိသားစုက ဒင်းဝမ်ပိုင်ကို ကောင်းကောင်းမဆက်ဆံပဲ, အကြိမ်ကြိမ် မတရားဆက်ဆံနေခဲ့သည်၊၊

ထိုကောင်တွေက ကျေးဇူးမသိတတ်ကြဘူးလား----

ထို့ကြောင့် သူက ဒေါသတကြီးနှာမှုတ်လိုက်၏၊၊

"ဘာကိစ္စလဲ, ငါ့ကိုပြော---"

"ဒင်းမိသားစု ဘာဖြစ်ချင်နေလဲဆိုတာ ငါတကယ််မြင်ချင်သေးတယ်---"

အခြေအနေသာဆိုဝါးလာလျှင် သူတို့တွေ နောက်ထပ်အမှားမလုပ်ဖို့ ဒင်းမိသားစုကို စကားပြောရမည်ဖြစ်သည်၊၊

ချင်းဝမ်ယွမ်တုံ့ပြန်မှုဖြင့် ဒင်းဝမ်ပိုင်ပိုလို့တောင် စိတ်သက်သာရာရသွား၏၊၊

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏၊၊

"ဒီနေရာမှာ ငါ့အမျိုးသမီးကိုခိုးပြီး ငါ့ကို ထပ်ခါထပ်ခါ စော်ကားနေတဲ့ လူတစ်ယောက်ရှိတယ်---"

"အခုလေးတင် သူ ငါ့ကို ပါးရိုက်လိုက်သေးတယ်----"

"ငါ ကျိုးကြောင်းဆင်ခြင်ဖို့ ကြိုးစားပေမယ့် ဘာဖြစ်သွားလဲသိလား---"

"အဲ့ကောင်က ငါ့ကို မကောင်းတဲ့ကျင့်ကြံရေးနည်းလမ်းအချို့နဲ့ ဒဏ်ရာရသွားစေခဲ့တယ်----"

ဘာ?---

ချင်းဝမ်ယွမ် တုန်လှုပ်သွား၏၊၊

ဘယ်သူက ဒီလောက်မောက်မာပြီး ဒင်းဝမ်ပိုင်ကို ဒင်းမိသားစုမှာ အနိုင်ကျင့်ရဲရသနည်း၊၊

ပါးရိုက်ရုံသာမက ဒဏ်ရာပါရသွားစေ၏၊၊

ဒင်းဝမ်ပိုင်သာတစ်ခုခုဖြစ်သွားလျှင် သူနှင့် ဂျန်ဖန်းကြားက ဆက်ဆံရေးက သွားပြီပဲဖြစ်သည်၊၊

ထိုအခွင့်အရေးကိုဖမ်းဆုပ်နိုင်သည့်အတွက် သူက တိတ်တဆိတ်ပျော်ရွင်နေခဲ့သည်၊၊

မဟုတ်လျှင် ဒင်းဝမ်ပိုင် ဤလောက်ထိနစ်နာနေလျှင်တောင် သူက ရှေ့ထွက်ပေးမည်မဟုတ်ပေ၊၊

သူ ဒေါသအလွန်ထွက်သွားပြီး အော်ပြောလိုက်သည်၊၊

"ဒင်းမိသားစုတွေအားလုံး သေကုန်ကြတာလား----"

"ဘယ်သူမှ မင်းကို မကာကွယ်ပေးဘူးပေါ့---"

ဒင်းဝမ်ပိုင် နစ်နာသည့်အမူအရာပြသလာပြီး မကျေနပ်စွာပြောလိုက်သည်၊၊

"သူ့တို့က ငါ့ကို မကွာကွယ်တာထက်ကို ပိုလုပ်ခဲ့တာ---"

"အဲ့ဒီကောင်ကိုသတ်ဖို့ ငါသူတို့ကိုပြောတယ်၊၊ ဒါပေမယ့် မိသားစုခေါင်းဆောင်ကစပြီး မိသားစုတွေအကုန်လုံးက အဲ့ကောင်အတွက်ပဲပြောပေးနေကြတာ---"

"ဒင်းထျန်ရှန်ဆို အခြေအနေကိုပြောင်းပြန်လှန်ပြီး ငါကိုသတ်ဖို့တောင် တစ်ဖက်လူကို ကူညီပေးလိုက်သေးတယ်---"

ဘန်း!

ချင်းဝမ်ယွမ်း အဆုပ်ပေါက်ကွဲမတတ် အလွန်ဒေါသထွက်သွားခဲ့သည်၊၊

သူက လက်ဝါးဖြင့် ကျောက်စာပွဲတစ်ခုကို ရိုက်ချလိုက်သည်၊၊

ချက်ချင်းပဲ, ကျောက်စာပွဲ အပိုင်းပိုင်းအစစဖြစ်သွား၏၊၊

ထို့နောက် သူက ဒင်းမိသားစုဝင်တွေကို ဟိန်းဟောက်လိုက်၏၊၊

"ဒါ တော်တော်လွန်သွားပြီ---"

"ငါ, ချင်းဝမ်ယွမ် ကာကွယ်ထားတဲ့လူကို မင်းတို့က ဒီလို ဆက်ဆံတာလား---"

စွပ်စွဲပြောဆိုနေတာကိုနားထောင်နေသည့် ဒင်းမိသားစုဝင်တွေလည်း ဒေါသကြောင့် တုန်ယင်နေကြသည်၊၊

ဒင်းရှုဟိုင် အလျှင်အမြန်ရှင်းပြလိုက်သည်၊၊

"ဆရာချင်, ငါတို့ တစ်ဖက်လူနဲ့ တစ်ဖက်တည်းမဟုတ်ရပါဘူး---"

"ဒါပေမယ့် တစ်ဖက်လူရဲ့အထောက်အထားက သာမန်မဟုတ်တော့ ငါတို့မလုပ်ရဲဘူး---"

ဟမ့်---

ချင်းဝမ်ယွမ် ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်၊၊

ဤအချိန်မှာတောင် သူတို့က တစ်ဖက်လူကို ကာကွယ်နေတုန်းဖြစ်သည်၊၊

ဘယ်အထောက်အထားကများ ဂျန်ဖန်းမိတ်ဆွေဆိုသည်ထက် ပိုအရေးပါနေသနည်း၊၊

"ပြောစမ်း, အဲ့ကောင်က ဘယ်သူလဲ---"

"အဲ့ကောင် ဘယ်သူလဲဆိုတာ ငါမြင်ချင်သေးတယ်----"

ဒင်းရှုဟိုင် တွေဝေနေခဲ့သည်၊၊

တောင်းပန်သည့်အကြည့်ဖြင့် သူကပြောလိုက်သည်၊၊

"ဆရာချင်, ကိစ္စတွေကို ဒီမှာပဲထားလိုက်ပါ၊၊ ငါတို့ ပြဿနာပိုကြီးသွားအောင် လုပ်လို့မဖြစ်ဘူး----"

သူက ဘယ်လိုလုပ်ပြီး ဂျန်ဖန်းကို ဒင်းမိသားစု၌ သေခိုင်းလို့ဖြစ်မည်နည်း၊၊

ထိုသို့သာဖြစ်သွားလျှင် ချင်းဝမ်ယွမ်က ရှောင်ပြေးနိုင်၏၊၊ ဒင်မိသားစုကတော့ တိမ်စိမ်းဂိုဏ်း ဒေါသကို ခံရမှာပဲဖြစ်သည်၊၊

"ပြေစမ်း---"

ချင်းဝမ်ယွမ်ဆံပင်တွေ ဒေါသကြောင့် အဆုံးစွန်ထိ ထောင်မတ်နေခဲ့သည်၊၊

ဒင်းမိသားစု ကာကွယ်ပေးလေလေ သူက တစ်ဖက်လူကို မြင်ချင်လေလေဖြစ်သည်၊၊

ထိုအခိုက်အတန့်၌----

ချင်းဝမ်ယွမ်ဝိညာဥ်တောင် တုန်ယင်သွားစေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်၊၊

"အဲ့ဒါ ငါပဲ---"

"ဆရာချင်, မင်းဘာလုပ်ချင်လဲ---"

All Chapters