ဝမ်းနည်းစရာအဆုံးသတ်
Vol. 10 Ch. 139
ထိုအသံ---
ချင််းဝမ်ယွမ်လည်ပင်းတောင့်တင့်သွားပြီးလှည့်ကြည့်လိုက်သည်၊၊ သူ့အိုမင်းသည့်မျက်လုံးတွေက ဂျန်ဖန်းကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်၊၊
သူ စိတ်ရှုပ်သွား၏၊၊
တစ်ခုခုများမှားနေသည်လား----
ဒင်းဝမ်ပိုင်သတ်ချင်သည့်လူက ဂျန်ဖန်းပေါ့---
သူစိတ်ရှုပ်နေစဥ် ဒင်းဝမ်ပိုင် ဆိုးယုတ်စွာပြုံးပြီး ပြောလိုက်သည်၊၊
"ဆရာချင်, အဲ့ဒါ ဒီအမှိုက်ကောင်ပဲ---"
"သူမသေရင် ငါ့မှာ ငြိမ်းညမ်းတဲ့နေ့ဆိုတာ ရှိလာမှာမဟုတ်ဘူး---"
တကယ်ကြီးဂျန်ဖန်းပေါ့---
ဒါပေမယ့် ဒင်းဝမ်ပိုင်က ဂျန်ဖန်းမိတ်ဆွေမဟုတ်ဘူးလား---
သူက ထိုဆက်ဆံရေးကြောင့် ဒင်းဝမ်ပိုင်ကို ထောက်ခံပေးခဲ့တာဖြစ်သည်၊၊
ယခု,သူတို့က ဘယ်လိုလုပ်ပြီး ရန်သူကြီးတွေဖြစ်နေရသနည်း၊၊
ထို့နောက် ချက်ချင်းပဲ ဂျန်ဖန်းစကားတွေက အမှန်တရားကို လုံးဝ ဖြေရှင်းပေးလိုက်၏၊၊
"ဆရာချင်, မင်း တစ်ခုခုများနားလည်မှုလွဲနေလား---"
"ဒင်းဝမ်ပိုင်က တိမ်စိမ်းဂိုဏ်းမှာကတည်းက ငါ့မိန်းမကို နှောင့်ယှက်နေတာ၊၊ ပြီးတော့ငါ့ကိုလည်း အကြိမ်ကြိမ် ဆန့်ကျင်နေခဲ့တာ----"
"ဒင်းမိသားစုရောက်တော့လည်း မိုက်ရိုင်းတဲ့စကားတွေပြောပြီး ငါ့နဲ့တိုက်ခိုက်ချင်နေတယ်လေ---"
ဘာ?---
ချင်းဝမ်ယွမ်မျက်လုံတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွား၏၊၊
သူတို့တွေက လုံးဝမိတ်ဆွေတွေ မဟုတ်ကြပေ၊၊
သူက ဒင်းရှုဟိုင်စကားတွေကြောင့် သူတို့ဆက်ဆံရေးကို နားလည်မှုလွဲသွားခဲ့သည်၊၊ ထို့ကြောင့် ဒင်းဝမ်ပိုင်ကို အပြည့်အဝထောက်ခံပေးခဲ့တာဖြစ်သည်၊၊
'ငါဘာလုပ်မိပြီလဲ---'
'ဂျန်ဖန်းရန်သူကို ထောက်ခံပေးနေတာပေါ့---'
ထိုအခိုက်အတန့်၌ သူက ကိုယ့်ကိုယ်ကိုသာ သေတဲ့အထိ ရိုက်နှက်ပစ်ချင်၏၊၊
လူတိုင်းက အကျိုးအမြတ်ကိုရှာဖွေဖို့ စိတ်အားထက်သန်ကြ၏၊၊ သို့ပေမယ့် သူကတော့ ကိုယ့်သေတွင်းကိုယ်တူးနေခဲ့တာဖြစ်သည်၊၊
ထို့ပြင် ယခုချိန်ထိ ဒင်းဝမ်ပိုင်က ကိုယ့်ကိုယ့်ကိုဟုတ်လှပြီအထင်ဖြင့် ဂျန်ဖန်းကို လှောင်ပြောင်နေဆဲဖြစ်သည်၊၊
"အခုကြောက်နေပြီမလား၊၊ မင်း ဘယ်လိုတည်ရှိမှုမျိုးကို ရန်စမိပြီလဲသိပြီလား---"
"ငါမင်းကိုပြောလိုက်မယ်--- ဆရာချင်နောက်ခံနဲ့ ဒီနေ့ဒီနေရာကနေ မင်းအသက်ရှင်လျှက်ထွက်သွားနိုင်ရင် ငါ့နာမည်ငါ နောက်ပြန်ရေးပစ်လိုက်မယ်---"
သို့ပေမယ့်----
သူပြောပြီးပြီးချင်း---
ရက်စက်သည့်လက်ဝါးချက်က သူ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ပစ်လိုက်၏၊၊
ထို့နောက် မိုးခြိမ်းသံလိုဟိန်းဟောက်သံတစ်ခုက သူ့နားထဲမှာ ထွက်ပေါ်လာခဲ့သည်၊၊
"ငါက မင်းကိုထောက်ခံပေးမယ်, ဟုတ်လား--- မင်းခွေးမသား---"
ပုံမှန်ဆိုတည်ငြိမ်သည့် ချင်းဝမ်ယွမ် ကျယ်လောင်စွာဖြင့် ဒင်းဝမ်ပိုင်ကို ဒေါသတကြီး ဆဲဆိုနေခဲ့သည်၊၊
ထိုရိုက်ချက်က ရှိနေသည့်လူတိုင်းကို ကြောင်အသွားစေ၏၊၊
ဒင်းမိသားစုဝင်တွေလည်း အံ့အားသင့်သွားကြသည်၊၊
ဘာတွေဖြစ်နေသည်လဲ---
ချင်းဝမ်ယွမ်က ဒင်းဝမ်ပိုင်ကို ထောက်ခံပေးနေတာမဟုတ်ဘူးလား----
ဒင်းဝမ်ပိုင်လည်း ကြောင်အနေခဲ့သည်၊၊
သူ၏နီရဲနေသည့်ပါးကိုကိုင်ထားပြီး သူ့ရှေ့က ဒေါသတကြီးပုံရိပ်ကိုကြည့်လိုက်သည်၊၊
သူပဲ ထင်ယောင်ထင်မှားဖြစ်နေလားဆိုတာ သိချင်နေခဲ့သည်၊၊
သူက အထစ်ထစ်အငေါ့ငေါ့မေးလိုက်သည်၊၊
"ဆရာချင်, ဘာလို့ငါ့ကိုရိုက်တာလဲ---"
"မင်း အဲ့ခွေးကောင်ဂျန်ဖန်းကို ရိုက်သင့်တာ---"
ဂျန်ဖန်းကို ဆက်လက်ဆဲရေးနေတုန်းလား---
ချင်းဝမ်ယွမ် မထိန်းနိုင်ပဲ နောက်တစ်ကြိမ် ပါးပိတ်ရိုက်လိုက်သည်၊၊
"မင်းအမှိုက်ကောင်, ငါမင်းကိုပဲရိုက်မှာကွ, သုံးစာမရတဲ့ကောင်---"
ဤအယုတ်တမာကောင်ကို သူထောက်ခံပေးခဲ့တာကို ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်နေခဲ့သည်၊၊
သူ့အား ဂျန်ဖန်းကိုတောင် သတ်ခိုင်းနေ၏၊၊
ထိုအကြောင်းတွေးလေလေ, သူက ဒေါသထွက်လေလေဖြစ်သည်၊၊
ဒေါသထွက်လေလေ, ထိုအကြောင်းပိုတွေးမိလေလေဖြစ်သည်၊၊
ထိုကဲ့သို့ ဂျာအေးသူ့အမေရိုက်နေတာက သူ့အား လုံးဝကို ဒေါသထွက်စေ၏၊၊
သူ့အိုမင်းသည့်အရိုးတွေဖြင့် သူက ဒင်းဝမ်ပိုင်ကို လက်သီးနှင့်ထိုးလိုက်၊ ခြေထောက်ဖြင့်ကန်လိုက် လုပ်နေခဲ့သည်၊၊
လက်တွေထုံကျင်မောပန်းလာပြီး ဆက်ရိုက်ဖို့ခွန်အားမရှိတော့မှသာ ရပ်လိုက်၏၊၊
သို့ပေမယ့် သူ့နှလုံးသားထဲက ဒေါသကတော့ ခုထိမပြေပျောက်သေးပေ၊၊
ဒင်းဝမ်ပိုင်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်သည်၊၊
"မင်းကို ဒင်းမိသားစုလူငယ်ခေါင်းဆောင်အဖြစ် အကြံပေးခဲ့တာ ငါကန်းသွားခဲ့တာပဲ---"
"မင်းနဲ့တန်လို့လား--"
ထို့နောက် ဒေါသတကြီးဖြင့် ဒင်းရှုဟိုင်ဘက်လှည့်ကာ ပြောလိုက်သည်၊၊
"ဒင်းမိသားစုက ဒီလိုနှလုံးသားမရှိ,ပုန်ကန်တဲ့ကောင်မျိုးကိုပျိုးထောင်ပေးခဲ့တယ်---"
"ပြီးတော့ မင်းတို့က ငါနဲ့ပူးပေါင်းဖို့မျှော်လင့်နေသေးတာလား---"
"အခုကစပြီး, ငါ ဒင်းမိသားစုနဲ့ဆက်ဆံရေးအားလုံးဖြတ်တယ်---"
"နောက်ဆို ငါတို့ပတ်သက်စရာ ဘာအကြောင်းမှမရှိတော့ဘူး----"
ဤစကားတွေက သဘာဝအတိုင်း ဂျန်ဖန်းကို ပြောတာဖြစ်သည်၊၊ သူက ဒင်းဝမ်ပိုင်နှင့် ဆက်ဆံရေးကိုဖြတ်တောက်လိုက်ပြီဆိုတာ သိစေချင်တာပဲဖြစ်သည်၊၊
ပြောပြီးနောက် အင်္ကျီလက်ကိုဝှေ့ယမ်းကာ ဒေါသတကြီးထွက်ခွာသွားခဲ့သည်၊၊
ဤကဲ့သို့အမှားကြီးတစ်ခုဖြစ်ပြီးမှတော့ သူက ဂျန်ဖန်းရှေ့မှာ နောက်ထပ်နေဖို့ မျက်နှာမရှိတော့ပေ၊၊
ဒင်းဝမ်ပိုင် အချိန်အတော်ကြာမှိန်မောနေပြီးမှသာ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်၊၊
သူ့--- သူ့ကို ဆရာချင်က စွန့်ပစ်သွားပြီဖြစ်သည်၊၊
ထိုအရာက သူ့မှာ နောက်ခံမရှိတော့ဘူးဟု ဆိုလိုနေသည်မလား----
စိတ်ထဲထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အလျှင်အမြန်လေးဘက်ထောက်တွားသွားလိုက်ပြီး ချင်းဝမ်ယွမ်ခြေထောက်ကို ဖက်လိုက်သည်၊၊
"ဆရာချင်, ငါမှားသွားပါတယ်၊၊ ငါမှားသွားပါတယ်---"
"ကျေးဇူးပြုပြီး ငါ့ကိုမစွန့်ပစ်ပါနဲ့၊၊ ငါမင်းပြောသမျှအကုန်လုပ်ပါ့မယ်၊၊ ငါမင်းရဲ့သားဖြစ်ပေးပါ့မယ်, မင်းရဲ့မြေးလည်းရပါတယ်---"
"ငါ့ကို မစွန့်ပစ်ပါနဲ့---"
"ထွက်သွားစမ်း---"
သူပြန်ရလိုက်တာက ချင်းဝမ်ယွမ်၏ဒေါသတကြီး နှာမှုတ်သံပဲဖြစ်သည်၊၊
ထို့ပြင် ကန်ချက်တစ်ချက်ဖြင့် သူ့ကို လွင့်ပျံသွားစေခဲ့သည်၊၊
ထို့နောက် ချင်းဝမ်ယွမ်း ခြံဝန်းဝင်ပေါက်ကနေ ထွက်ခွာသွားခဲ့သည်၊၊
ဒင်းဝမ်ပိုင် ပျာယာခတ်နေပြီး တစ်ခဏကြာ အသိစိတ်ကင်းမဲ့သွား၏၊၊
ဘာတွေဖြစ်နေလဲဆိုတာ သူလုံးဝနာမလည်နိုင်တော့ပေ၊၊
အစောပိုင်းတုန်း၌ ဆရာချင်က သူ့ကိုကာကွယ်ပေးခဲ့၏၊၊ ယခုကျ ဒေါသတကြီး ပေါက်ကွဲကာ သူ့ကိုစွန့်ပစ်သွားခဲ့သည်၊၊
အလှည့်အပြောင်းက အရမ်းရုတ်တရက်ဆန်လွန်းလှ၏၊၊
ထို့နောက် အရိုးထဲထိအေးစိမ့်သွားစေသည့် အသံတစ်ခုက သူ့ကိုအသိပြန်ဝင်သွားစေခဲ့၏၊၊
မြေပြင်မှာဒူးထောက်နေဆဲဖြစ်သည့် ဒင်းထျန်းရှန် ရက်စက်စွာပြောလိုက်သည်၊၊ သူ့မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခုရှိနေခဲ့သည်၊၊
"လူငယ်ခေါင်းဆောင်ဒင်, ငါဘယ်အချိန်ထိ ဒူးထောက်ရအုန်းမှာလဲ---"
ဒင်းဝမ်ပိုင်နှလုံးသား ခုန်ပေါက်သွား၏၊၊
အစောပိုင်းမောက်မာခဲ့တာတွေကို အမှတ်ရသွားပြီး သူ့နှလုံးသားက တုန်ယင်နေခဲ့သည်၊၊ သူက အလျှင်အမြန်ပဲ ဒင်းထျန်ရှန်ကို မတ်တပ်ရပ်ဖို့ကူညီပေးလိုက်သည်၊၊
သူ့နှုတ်ခမ်းတွေ တသိမ့်သိမ့်တုန်ယင်နေခဲ့သည်၊၊
"အကို--အကိုကြီး, မင်းကမှ ဒင်းမိသားစု လူငယ်ခေါင်းဆောင်ပါ၊၊ ငါက တရားမဝင်သားတစ်ယောက်ပါပဲ---"
သတ်ဖြတ်လိုစိတ်တွေ ဒင်းထျန်ရှန်းမျက်လုံးထဲမှာ တစ်လိိမ့်လိမ့်တက်လာခဲ့သည်၊၊ သူက ဒင်းဝမ်ပိုင်မျက်နှာကိုပုတ်ကာ သွားကြားထဲမှ ထွက်သည့်လေသံဖြင့် ပြောလိုက်သည်၊၊
"မဟုတ်ဘူး, မဟုတ်ဘူး, မဟုတ်ဘူး--- မင်းလူငယ်ခေါင်းဆောင်ဖြစ်တာက ငါ့ထက် အဆတစ်ရာ-- မဟုတ်သေးဘူး--- အဆတစ်ထောင်လောက်ပိုဂုဏ်ယူစရာကောင်းတယ်---"
ဒင်းမိသားစုတွေလည်း တဖြည်းဖြည်း အသိပြန်ဝင်လာခဲ့ကြသည်၊၊
ဒင်းဝမ်ပိုင်ကိုကြည့်နေသည့် သူတို့အကြည့်တွေက ရန်လိုနေခဲ့သည်၊၊
ဒင်းရှုဟိုင် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်၊၊ ထိုအရာက မုန်တိုင်းမလာခင် မိုးရွာသကဲ့သို့ လူတိုင်းနှလုံးသားကို ဖိနှိပ်နေခဲ့၏၊၊
"ဆရာချင်တောင် မင်းရဲ့စက်ဆုပ်စရာကောင်းတဲ့စိတ်ဓာတ်ကို သည်းမခံနိုင်ပဲ ကန်ထုတ်သွားပြီ---"
"သူပြောတာမှန်တယ်၊၊ ငါတို့ဒင်းမိသားစုက ဘယ်လိုလုပ်ပြီး မင်းလို ခွေးတစ်ကောင်, ဝက်တစ်ကောင်ထက်တောင်နိမ့်ကျတဲ့ကောင်ကို ပျိုးထောင်မိလဲမသိဘူး---"
ဒင်းဝမ်ပိုင်၏ စည်းမဲ့ကမ်းမဲ့အပြုအမူကို တွေမိပြီး သတ်ဖြတ်လိုစိတ်တွေ သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့သည်၊၊
ထို့နောက် သူ့အကြည့်ကို ဂျန်ဖန်းနှင့် ချန်းစီလင်ဆီရွေ့လိုက်ပြီး အနည်းငယ်လက်ချင်းယှက်ကာ ပြောလိုက်သည်၊၊
"မင်းတို့နှစ်ယောက်, ကျေးဇူးပြုပြီး တိမ်စိမ်းဂိုဏ်းကို ပြန်ပါတော့---"
"ဒင်းဝမ်ပိုင် မင်းတို့နဲ့ပြန်မလိုက်တော့ဘူး---"
"ဒင်းဝမ်ပိုင် ဂိုဏ်းကိုပြန်မလာနိုင်တာကိုလည်း မင်းတို့ဂိုဏ်းကို အကြောင်းကြားပေးပါ---"
နောက်ပိုင်းဖြစ်မည့်အရာကို ခန့်မှန်းစရာ မလိုတော့ပေ၊၊
ဂျန်ဖန်းခေါင်းညိတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်ခွာသွားတော့၏၊၊
ချန်းစီလင်အနည်းငယ်တွန့်ဆုတ်သည့်အမူအရာပြသနေ၏၊၊ သို့ပေမယ့် ဒင်းဝမ်ပိုင်၏ အတိတ်က ရူးသွပ်မှုတွေကို တွေးမိသည့်အခါ သနားစိတ်အားလုံး ပျောက်ကွယ်သွားခဲ့သည်၊၊
ဂျန်ဖန်းနှင့် သူမက ဒင်းဝမ်ပိုင်ကို အခွင့်အရေးပေးခဲ့၏၊၊
သူက ကိုယ့်ပျက်စီးရာပျက်စီးကြောင်းကို ကိုယ်တိုင်ရှာတာဖြစ်သည်၊၊
ထို့ပြင် ဒင်းဝမ်ပိုင်လည်း ကံဆိုးမိုးမှောင်ကျတော့မည်ကို ခံစားမိပြီး အသိစိတ်လွတ်မတတ်ကြောက်ရွံ့သွားခဲ့သည်၊၊
သူက ဂျန်ဖန်းနှင့် ချန်းစီလင်ရှေ့မှာ ဒူးထောက်လိုက်ပြီး ငိုယိုတောင်းပန်လိုက်၏၊၊
"ဂျူနီယာညီလေးဂျန်, ဂျူနီယာညီမချန်, ငါ့ကိုထားမသွားပါနဲ့၊၊ ကျေးဇူးပြုပြီး ငါ့ကိုလည်းခေါ်သွားပါ---"
"ငါနေခဲ့ရင် သေလိမ့်မယ်, ငါသေမှာသေချာတယ်---"
ဒုန်း!
ဒင်းရှုဟိုင် အညာတာကင်းမဲ့စွာဖြင့် ဒင်းဝမ်ပိုင်နောက်စိကိုပိတ်ကန်လိုက်သည်၊၊ ဒင်းဝမ်ပိုင်မြေပြင်ပေါ်လဲကျသွားပြီး သတိမေ့သွားခဲ့သည်၊၊
ထို့နောက် ဒင်းရှုဟိုင် ဂျန်ဖန်းကို အမူအရာကင်းမဲ့စွာကြည့်လိုက်သည်၊၊
"ဒင်းမိသားစုက အခု အတွင်းရေးပြဿနာကိုင်တွယ်ဖို့လိုနေတယ်---"
"မင်းတို့နှစ်ယောက် ကျေးဇူးပြုပြီး ထွက်သွားပါ----"
ဂျန်ဖန်း နောက်ထပ်ဘာမှမပြောတော့ပဲ ချန်းစီလင်နှင့်အတူ ဒင်းမိသားစုမှ ထွက်ခွာသွားခဲ့သည်၊၊
သူတို့ထွက်သွားပြီးခဏကြာပြီးနောက်---
ဒင်းမိသားစုအိမ်တော်ထဲကနေ ကြောက်စရာကောင်းသည့်အော်သံတစ်ခု ပဲ့တင်ထပ်လာပြီး သူတို့နှလုံးသားတွေ တုန်ယင်သွားကြသည်၊၊
ကြည့်ရတာ ယခုချိန်မှာ ဒင်းဝမ်ပိုင် သေချင်လျှင်တောင် ခက်ခဲတော့မည်ပင်၊၊
သေတာထက်ဆိုးသည့်ကံကြမ္မာတစ်ခုက သူ့ကို စောင့်ကြိုနေခဲ့သည်၊၊
နှစ်ယောက်သား ပျံသန်းသားရဲစီးပြီး မိသားစုသုံးခုကြီးထဲကတစ်ခုဖြစ်သည့် လင်းမိသားစုအထက်ရောက်သည့်အခါ---
ဂျန်ဖန်း ခဏတွေးလိုက်ပြီး အသားအနှစ်သာရအနည်းငယ်ဖြတ်ကာ အောက်ကိုပစ်ချလိုက်သည်၊၊
ခဏကြာပြီးနောက်---
လူအိုကြီးတစ်ယော်က၏ ပျော်ရွင်နေသည့်အသံတစ်ခု လင်းမိသားစုမှ ပဲ့တင်ထပ်လာခဲ့သည်၊၊
"သားရဲဘုရင်ရဲ့အသားအနှစ်သာရ--- ဒါ တကယ် သားရဲဘုရင်ရဲ့ အသားအနှစ်သာရပဲ----"
"ငါ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိပြီ---"
ထိုစဥ်---
ချင်းဝမ်ယွမ် သူ့မိသားစုကို နောက်တစ်ကြိမ်ပြောင်းရွေ့နေပြီး အမူအရာက သုန်မုန်နေခဲ့သည်၊၊
သူ့ဘေးရှိ ချင်းချန်ရှန် မျက်နှာညိုးငယ်စွာဖြင့်မေးလိုက်သည်၊၊
"လူအိုကြီး, ငါတို့အခု ဘယ်သွားနေကြတာလဲ---"
ချင်းဝမ်ယွမ်ပါးစပ်တွန့်လိမ်သွားပြီး ပြောလိုက်သည်၊၊
"ဖြစ်နိုင်သမျှဝေးဝေးကို---"
"ဒီတစ်ချိန်တော့ ငါ ဆရာဂျန်နဲ့ ထပ်တွေ့မယ်လို့ မယုံဘူး---"
ရက်အနည်းငယ်ကြာပြီးနောက်---
တိမ်စိမ်းဂိုဏ်း---
မြို့အသီးသီးကိုပို့လိုက်သည့်အဖွဲ့တွေ အချိန်အတော်ကြာကတည်းက ပြန်ရောက်နနေကြပြီဖြစ်သည်၊၊
ဂျန်ဖန်းနှင့် ချန်းစီလင်တို့က နောက်ဆုံးနှစ်ယောက်ပဲဖြစ်သည်၊၊
သူတို့ပြန်လာတာမြင်တော့ ရင်ပြင်မှာစုဝေးနေကြသည့် လူအုပ်က လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်၊၊
"ဟမ်, တိမ်နေမင်းမြို့ကပြန်တာတဲ့ တပည့်တွေပြောတော့ ဂျန်ဖန်းကို သားရဲဘုရင်လိုက်သတ်တယ်ဆို----"
"ငါက သူသေပြီထင်ထားတာ----"
"အတော်ကောင်းကံပဲ, အသက်ရှင်လျက်ပြန်လာနိုင်သေးတယ်---"
လူအုပ်ထဲ၌---
ရှုယင်းရင် နားလှုပ်သွားပြီး သူမ၏လှပသည့်မျက်လုံးတွေဖြင့် ဂျန်ဖန်းကို ကြည့်လိုက်သည်၊၊
သူအသက်ရှင်နေသေးတာမြင်တော့---
သူမမျက်လုံးတွေထဲရှိ ထှိုင်းမှိုင်းမှုတွေ ချက်ချင်းတောက်ပလာခဲ့သည်၊၊
သို့ပေမယ့် ဂျန်ဖန်းဘေးရှိ ဖက်ထားသည့်ချန်းစီလင်ကိုမြင်သည့်အခါ သူမအကြည့်တွေ ရှုပ်ထွေးသွားပြီး ခနဲ့တဲ့တဲ့လေသံဖြင့်ပြောလိုက်သည်၊၊
"ပြန်တာဒီလောက်နောက်ကျနေရအောင် နင် နတ်ဆိုးသားရဲတွေဘယ်လောက်တောင် သတ်နေလို့လဲ---"