← Chapters

ချင်းဝမ်ယွမ်ရောက်လာခြင်း

Vol. 10 Ch. 137

ချင်းဝမ်ယွမ်ရောက်လာခြင်း

Vol. 10 Ch. 137

ချင်းဝမ်ယွမ်ရောက်လာသည့်အခါ ဖြစ်လာမည့် မြင်ကွင်းကို သူကြိုသိနေ၏၊၊

ထို့ပြင် အဆုံးမှာ ဘယ်လိုကံကြမ္မာမျိုးက ဒင်းဝမ်ပိုင်ကို စောင့်ကြိုနေလဲဆိုတာလည်း သူမြင်ယောင်နေ၏၊၊

"ခွန်အားရှိမှပဲ မင်းကိုရူးသွပ်တယ်လို့ခေါ်နိုင်တာ---"

ဒင်းဝမ်ပိုင် အေးစက်စွာ လှောင်ပြောင်လိုက်၏၊၊

"ခွန်အားမရှိပဲနဲ့ မင်းက စောက်ရူးတစ်ယောက်ပဲဖြစ်မှာ---"

ချန်းစီလင်မျက်ခုံးတွေ ရွံ့ရှာမှုကြောင့် တွန့်ခေါက်သွားခဲ့သည်၊၊

စတွေ့ကတည်းက သူမ ဒင်းဝမ်ပိုင်ကို သဘောမကျပေ၊၊

ယခု, ပိုလို့တောင် သဘောမကျတော့ပေ၊၊

ဘာစောက်သုံးမှမကျပဲ, မောက်မာမှုက မိုးထိုးနေခဲ့သည်၊၊

သူမက အမူအရာကင်းမဲ့စွာပြောလိုက်သည်၊၊

"စီီနီယာအကိုဒင်း, တောင်ထိပ်တစ်ခုတည်းတပည့်တစ်ယောက်အနေနဲ့, ငါနင့်ကို အရမ်းမမောက်မာဖို့ အကြံပေးလိုက်မယ်---"

"မဟုတ်ရင်, ငါ့ယောက်ျားပြောသလိုပဲ ဒါက နင့်ရဲ့နောက်ဆုံးရူးသွပ်မှုဖြစ်သွားလိမ့်မယ်---"

ချင်းဝမ်ယွမ် ဒင်းဝမ်ပိုင်ကို ဘာကြောင့် သဘောကျရသနည်း၊၊

သူ့မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိထား၏၊၊

ချင်းဝမ်ယွမ်က ကြယ်သုံးလုံးဝိညာဥ်သခင်ဆိုသည့် ဂျန်ဖန်းအထောက်အထားကို သိ၏၊၊

ထို့ပြင် ဂျန်ဖန်းနှင့် ဒင်းဝမ်ပိုင်ဆက်ဆံရေးကို နားလည်မှုလွဲသွားခဲ့သည်၊၊

သူက ဂျန်ဖန်းကို မျက်နှာလုပ်ချင်တာပဲ ဖြစ်သည်၊၊

အမှန်တရားထွက်ပေါ်လာလျှင် ဒင်းဝမ်ပိုင်၏ လူငယ်ခေါင်းဆောင်နေရာက ဆက်ရှိနေတော့မှာမဟုတ်ပေ၊၊

ဒင်းဝမ်ပိုင်မျက်လုံးထဲ၌ အထက်စီးဆန်မှုတွေ အထင်းသားပင်၊၊

ဂျန်ဖန်း ပြောတာကတစ်ကြောင်း, အခု ချန်းစီလင်ကပါ ပြောလာပြီဖြစ်သည်၊၊

သူက ဤလောက်ထိစွမ်းအားကြီး သြဇာအာဏာရှိကာ အရပ်မျက်နှာတိုင်းကို အမိန့်ပေးနိုင်၏၊၊ သို့ပေမယ့် ချန်းစီလင်က အထင်သေးနေဆဲဖြစ်သည်၊၊

ထိုအရာက သည်းမခံနိုင်စရာပင်၊၊

"တော်လောက်ပြီ, ချန်းစီလင်--- ငါက ဘယ်လိုလုပ် ဂျန်ဖန်းထက်နိမ့်ကျရတာလဲ---"

ဒင်းဝမ်ပိုင် ဟိန်းဟောက်လိုက်၏၊၊

"ဒီကောင်က နတ်ဆိုးနည်းလမ်းအချို့သုံးပြီး ကံကောင်းလို့ ငါ့ကို နိုင်သွားတာ---"

"အဆင့်အတန်းအရဆိုရင်, ငါက ဒင်းမိသားစုရဲ့ လူငယ်ခေါင်းဆောင်၊၊ သူကကော---"

"ဘယ်လိုလုပ် ငါနဲ့ယှဥ်နိုင်မှာလဲ---"

"ဒင်းမိသားစုလူငယ်ခေါင်းဆောင်" ဆိုသည့်စကားကြားသည့်အခါ---

ထိုအရာက အတုအယောင်ဟုသာ သူမမြင်မိ၏၊၊

'ခေါင်းမာပြီး နောင်တမရဘူးပဲ---'

သူမက ကြင်နာစွာဖြင့်အကြံပေးသော်လည်း တစ်ဖက်လူက မယူတတ်ပေ၊၊

ထို့ကြောင့် သူမ၏စွဲမက်ဖွယ်မျက်လုံးတွေကို အနည်းငယ်အောက်ချပြီး တိတ်ဆိတ်နေခဲ့သည်၊၊

ထိုလျစ်လျူရှုသည့်သဘောထားက ဒင်းဝမ်ပိုင်မာနကို ပိုပြီး လှုံ့ဆော်နေခဲ့သည်၊၊

သူ့ကို အတော်လေး ဒေါသထွက်စေ၏၊၊

"ကောင်းတယ်, ကောင်းတယ်---, မင်းက ငါ့ကို အထင်သေးတယ်ပေါ့---"

ဒင်းဝမ်ပိုင် နှလုံးသားထဲမှာ ဒေါသတွေတစ်ထောင်းထောင်းထလာပြီး မုန်းတီးစိတ်က သူ့ကို သတ္တိတွေပေါက်ဖွားလာစေခဲ့သည်၊၊ ထို့နောက် ရုတ်တရက် ဂျန်ဖန်းကို စိုက်ကြည့်လိုက်ပြီး ရက်စက်စွာပြောလိုက်သည်၊၊

"ဒါဆိုလည်း ငါနင့်ကို ပြရသေးတာပေါ့၊၊ ငါ, ဒင်းဝမ်ပိုင် နင့်ရဲ့ချစ်လှစွာသော သတို့သားလေးကို ဘယ်လိုလုပ်မလဲဆိုတာ---"

ချန်းစီလင်မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်၊၊

"နင်ဘာလုပ်ဖို့ကြံနေတာလဲ---"

"ငါနင့်ကို သတိပေးလိုက်မယ်၊ အရမ်းလွန်မလာနဲ့နော်--"

ဒင်းဝမ်ပိုင် လှောင်ပြောင်လိုက်၏၊၊

"ဘာလုပ်ရမှာပဲ၊၊ သေချာပေါက် သူ့ကို ဒင်းမိသားစုက ပန်းပင်သစ်ပင်တွေအတွက် မြေသြဇာလုပ်ခိုင်းရမှာပေါ့---"

ဘာ?---

ချန်းစီလင်သာမက ဒင်းမိသားစုအဖွဲ့ဝင်တွေပါ တုန်လှုပ်သွားကြသည်၊၊

ဒင်းရှုဟိုင် အလျှင်အမြန်ပြောလိုက်သည်၊၊

"ဝမ်ပိုင်, စကားကို မဆင်မခြင်မပြောနဲ့---"

တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ကို သတ်မည်လား----

ထို့ပြင် ဤအရာက ဂိုဏ်ချုပ်၏ တပည့်တစ်ယောက်ဖြစ်၏၊၊

ဒါက ပုန်ကန်တာနှင့် ဘာမှမခြားတော့ပေ၊၊

ဤကိစ္စသာပေါက်ကြားသွားလျှင် ဒင်းမိသားစု အမြစ်ပြတ်သုတ်သင်ခံရမည်ပဲဖြစ်သည်၊၊

ဒင်းဝမ်ပိုင် နှာမုတ်လိုက်၏၊၊

"ဆရာချင်ရှိနေတာပဲ, ဘာတွေကြောက်နေတာလဲ---"

"ဒီကောင်က အမှိုက်တပည့်တစ်ယောက်ပဲ၊, သူ့ကိုသတ်တာဘာဖြစ်မှာမိုလို့လဲ---"

ဒင်းထျန်ရှန် သူ့ကိုယ်သူ အတော်လေးရူးသွပ်သည်ဟုထင်ခဲ့၏၊၊

သို့ပေမယ့် အခုချိန်ဒင်းဝမ်ပိုင်ကို ကြည့်ပြီး သူက အလိုက်သင့်နေခဲ့တယ်ဆိုတာ နားလည်လိုက်၏၊၊

သူဘယ်လောက်ပဲ ရူးမိုက်မိုက်, တိမ်စိမ်းဂိုဏ်းကိုတော့ လျစ်လျူမရှုရဲပေ၊၊

ထို့ကြောင့် သူက ကြင်နာစွာဖြင့် အကြံပေးလိုက်သည်၊၊

"ဝမ်ပိုင်, မင်းအကိုရဲ့စကားတွေကို နားထောင်ပါ----"

"မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးတွေကို ဘယ်နည်းလမ်းနဲ့အဆိုဖြေရှင်းနိုင်ပါတယ်၊၊ ဒါပေမယ့် အသက်တော့မသေစေနဲ့ပေါ့၊၊ ဒါဆို ပြဿနာတွေလည်း ကြီးမသွားတော့ဘူး---"

"သူကိုသာ ဒင်းမိသားစုပိုင်နက်မှာ သတ်လိုက်မယ်ဆိုရင် ငါတို့ဒင်းမိသားစုကို ပြဿနာတွေရောက်လာလိမ့်မယ်---"

ဒင်းထျန်ရှန် မပြောခဲ့လျှင်ပိုကောင်းသေး၏၊၊

သူပြောလိုက်သည့်အခိုက်အတန့်မှာ ဒင်းဝမ်ပိုင်လှောင်ပြောင်လိုက်၏၊၊

"အို, ဒါက ဒင်းမိသားစုရဲ့ရာထူးဖယ်ရှားခံရတဲ့လူငယ်ခေါင်းဆောင်လေးမလား----"

"ငါ့ကို အကြံပေးရအောင်, မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ----"

"ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်လိုက်အုန်း---"

သူက ဒင်းထျန်ရှန်း၏ အချိန်အတော်ကြာ ဖိနှိပ်မှုကို ခံခဲ့ရ၏၊၊

ယခု အခွင့်အရေးရပြီးဖြစ်၍ သူက ဒင်းထျန်ရှန်ကို လူရှေ့သူရှေ့မှာ အရှက်ခွဲလိုက်၏၊၊

ဒင်းထျန်ရှန်မျက်နှာ ဒေါသကြောင့် နီရဲသွား၏၊၊

"ဒင်းဝမ်ပိုင်, မင်းအရမ်းကြီးမောက်မာမနေနဲ့---"

ဖြန်း!

တုန့်ပြန်သည့်အနေဖြင့် ဒင်းဝမ်ပိုင်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်၊၊

"မောက်မာတာမင်းပဲ----"

"ငါ့ကို ဒီလိုပုံစံနဲ့စကားပြောရဲရအောင် မင်းကိုယ်မင်းဘယ်သူထင်နေလဲ---"

ဒင်းထျန်ရှန် အဆုပ်ပေါက်ကွဲတော့မတတ် ဒေါသထွက်သွားခဲ့သည်၊၊

သူက အံကြိတ်ပြီး လက်သီကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်စွမ်းအင်တွေ လိမ့်တက်လာခဲ့သည်၊၊

ပြန်တိုက်ဖို့ သူ့ကိုယ်သူမထားနိုင်တော့ပေ၊၊

ထိုအခိုက်အတန့်၌---

အစေခံတစ်ယောက်ရောက်လာပြီး သတင်းပို့လိုက်သည်၊၊

"မိသားစုခေါင်းဆောင်, ဆရာချင် ရောက်လာပါပြီ----"

ထိုအရာကိုကြားသည့်အခါ----

ဒင်းရှုဟိုင် အလျှင်အမြန်ပဲ ဒင်းထျန်ရှန်ကို စိတ်လျော့ခိုင်းလိုက်ပြီး တီးတိုးပြောလိုက်သည်၊၊

"ထျန်ရှန်း, စိတ်လျော့၊၊ စိတ်လျော့သား---"

ချင်းဝမ်ယွမ်သာ ဒင်းထျန်ရှန် ဒင်းဝမ်ပိုင်ကို အနိုင်ကျင့်နေတာမြင်လျှင် အရာအားလုံးသွားပြီဖြစ်သည်၊၊

"သေစမ်း----"

ဒင်းထျန်ရှန် ခြေဆောင့်လိုက်ပြီး သူ့ဒေါသတွေကို အတင်းအကျပ်မြိုသိပ်လိုက်ရသည်၊၊

သို့ပေမယ့် အစော်ကားခံရမှုနှင့် ဒေါသတွေက သူ့နှလုံးသားထဲမှာ မွေနှောက်ရိုက်ခတ်နေခဲ့သည်၊၊ အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်ကွယ်မသွားခဲ့ပေ၊၊

သူ့ကိုအမြဲဗိုလ်ကျခဲ့သည့် ဒင်းထျန်ရှန်း ပါးရိုက်ခံရတာတောင် ဘာမှမပြောရဲတာမြင်သည့်အခါ ဒင်းဝမ်ပိုင် ပြောမပြတတ်လောက်အောင်ကို ပျော်ရွင်သွားခဲ့သည်၊၊

သူက ပတ်ပတ်လည်ရှိ မိသားစုဝင်တွေကို ကြည့်လိုက်သည်၊၊

"ငါ့ကို အကြံပေးချင်တဲ့လူရှိသေးလား----"

"ရှေ့ထွက်ခဲ့ကြ---"

အစက မိသားစုဝင်အကြီးအကဲများစွာ ဒင်းဝမ်ပိုင်ကို အကြံပေးဖို့ရည်ရွယ်ထားခဲ့၏၊၊ သို့ပေမယ့် ဤအချိန်မှာတော့ သူ့တို့ပါးစပ်တွေကို ပိတ်ထားလိုက်ကြသည်၊၊

သူတို့အသက်အရွယ်၌ လူရှေ့ပါးရိုက်ခံရသည့် အရှက်ခွဲမှုကို မလိုချင်ပေ၊၊

နေရာတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်၊၊

ဒင်းဝမ်ပိုင် ဂျန်ဖန်းကို အေးစက်စွာစိုက်ကြည့်လိုက်သည်၊၊

"မြင်လား, ဘယ်သူမှ ငါ့ကို အကြံဉာဏ်ထပ်မပေးရဲကြတော့ဘူး---"

"ဒီတော့ ဂျန်ဖန်း, မင်း နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ---"

ဂျန်ဖန်းသက်ပြင်းချလိုက်ပြီး သူ့ကို သနားစရာကောင်းစွာကြည့်လိုက်သည်၊၊

ဒင်းဝမ်ပိုင်၏ ယခုလုပ်ရပ်က ဒင်းမိသားစုတစ်ခုလုံးကို ရန်စလိုက်တာပဲဖြစ်သည်၊၊

သူက နောက်ဆုတ်နိုင်မည့်လမ်းအားလုံးကို လုံးဝမီးရှို့ပစ်လိုက်ပြီပဲဖြစ်သည်၊၊

"သူတို့ငါ့ကို ထိရဲတယ်လို့ မင်းထင်နေတာလား----"

ဂျန်ဖန်း ဒင်းဝမ်ပိုင်ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်သည်၊၊

အကြံဉာဏ်မပေးရဲတာ တစ်ကဏ္ဍ၊ ဂျန်ဖန်းကို ထိခိုက်အောင်တာက တစ်ကဏ္ဍပဲဖြစ်သည်၊၊

သူတို့က ဒင်းဝမ်ပိုင်လောက် မရူးသွပ်ပေ၊၊

ဒင်းဝမ်ပိုင်နှာမှုတ်လိုက်၏၊၊

"ငါ့စကားတွေကို ဘယ်သူဆန့်ကျင်ရဲလဲ---"

သူက ဒင်းရှုဟိုင်ကို စိုက်ကြည့်လိုက်သည်၊၊

"မင်း, ဂျန်ဖန်းခေါင်းကို ငါ့ဆီယူလာပေး---"

ဒင်းရှုဟိုင်ပါးစပ် တွန့်လိမ်သွားခဲ့သည်၊၊

ဤအရာက လုံးဝကို ပရမ်းပတာနိုင်လှ၏၊၊

သို့ပေမယ့် သူက ဒင်းဝမ်ပိုင်၏ တစ်ခဏတာပျော်ရွင်မှုအတွက် ဒင်းမိသားစုတစ်ခုလုံးကို မစတေးနိုင်ပေ၊၊

ထို့ကြောင့် ကိုယ့်ရို့ကားယားပြုံးလိုက်ပြီး ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်၊၊

"ဝမ်ပိုင်, စောနတုန်းက သာရဲဘုရင်ကြောင့် ငါဒဏ်ရာရသွားတယ်၊၊ အခု ငါတိုက်ခိုက်လို့မရေသေးဘူး---"

အသေအချာပင်, အမိန့်က လျစ်လျူရှုခံလိုက်ရ၏၊၊

ဒင်းဝမ်ပိုင် မျက်နှာပျက်သွားပြီး ဒင်းထျန်ရှန်းကို စိုက်ကြည့်လိုက်သည်၊၊

"ဒင်ထျန်ရှန်, မင်းသွား---"

"မင်း ဂျန်ဖန်းကို မသတ်ရင်, ငါမင်းကို ဒင်းမိသားစုကနေ မောင်းထုတ်မယ်---"

သတ်ဖြတ်လိုစိတ်တွေ ဒင်းထျန်ရှန် မျက်လုံးထဲမှာ လိမ့်တက်လာခဲ့သည်၊၊

ဂျန်ဖန်းကို ဦးတည်တာတော့မဟုတ်ပဲ ဒင်းဝမ်ပိုင်ကိုဦးတည်တာပဲဖြစ်သည်၊၊

ထိုကောင်က သူ့ကို ခြိမ်းခြောက်ရဲသည်လား----

သူ၏သတ်ဖြတ်လိုစိတ်ကိုဖိနှိပ်လိုက်ပြီး မဲမှောင်သည့်မျက်နှာဖြင့် ပြောလိုက်သည်၊၊

'

"ဂျန်ဖန်းကအရမ်းမြန်တယ်၊၊ ဒီတော့ သူထွက်ပြေးရင် ငါမဖမ်းနိုင်ဘူး---"

ထိုအရာ အမှန်ပင်ဖြစ်သည်၊၊

အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်သားရဲတွေကို သတ်တုန်းက ဂျန်ဖန်း သူ့အမြန်နှုန်းကို ထုတ်ပြခဲ့၏၊၊

ထိုအရာကို အကြောင်းပြချက်အဖြစ်သုံးတာ ပြီးပြည့်စုံတာပဲဖြစ်သည်၊၊

ဒင်းဝမ်ပိုင် ဘယ်သူ့မှအမိန့်ပေးလို့မရတော့ စော်ကားခံရသလိုခံစားရပြီး ဒေါသတကြီးပြောလိုက်သည်၊၊

"မင်း, ခွေးကောင်, ငါ့စကားတွေလို လေတွေလို့သဘောထားနေလား----"

ဖြန်း!

သူက ဒင်းထျန်ရှန်ကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး တယိမ်းတယိုင်ဖြစ်သွားစေ၏၊၊

ထပ်ခါထပ်ခါ အရှက်ခွဲခံရတာက ဒင်းထျန်ရှန်ကို အသိစိတ်လွတ်သွားစေခဲ့သည်၊၊

"ဒင်းဝမ်ပိုင်, မင်းခွေးမသား---"

ဒင်းထျန်ရှန် ပုံမှန်အားဖြင့် အပေါ်စီးကဆက်ဆံတတ်ပြီး စည်းကမ်းမဲ့၏၊၊

ဤအချိန်၌ သူနောက်ထပ် သည်းမခံနိုင်တော့ပေ၊၊

ဘာကိုမှဂရုမစိုက်တော့ပဲ လက်မြောက်ပြီး ဒင်းဝမ်ပိုင်ဆီသို့ရွယ်လိုက်၏၊၊

ထိုအချိန်မှာပဲ---

အလျှင်အမြန်လျှောက်လာသည့်ခြေသံတွေ ချည်းကပ်လာခဲ့သည်၊၊

အပြေးလာနေသည့်ချင်းဝမ်ယွမ်း အဝေးမှ ထိုမြင်ကွင်းကိုမြင်လိုက်၏၊၊

ချက်ချင်းပဲ သူက ဒေါသထွက်သွားခဲ့သည်၊၊

"မင်းလုပ်ရဲလား---"

ဒင်းထျန်ရှန်က ဒင်းဝမ်ပိုင်ကို ထိုကဲ့သို့ ဆက်ဆံရဲသည်လား----

ထို့ပြင် ဂျန်ဖန်းရှေ့မှာဖြစ်သည်၊၊

ထိုအရာက ဂျန်ဖန်းကို စော်ကားနေတာ မဟုတ်ပေဘူးလား---

ဒင်းမိသားစုက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲဖြစ်သည်၊၊

All Chapters