← Chapters

အခန်း (၁၅၀၆)

Vol. 108 Ch. 1506

အခန်း (၁၅၀၆)

Vol. 108 Ch. 1506

ဓားရွေးချယ်ခြင်း… ။

ယင်းက ဓားရေကန်ထဲသို့ မကြာသေးခင်က ဝင်ရောက်ခဲ့ကြသော တပည့်အသစ်များသာလျှင် ရရှိနိုင်သော အကျိုးခံစားခွင့်ဖြစ်သည်။ ယင်းက စောစောက ဓားတာအိုကို ဆင်ခြင်နားလည်ခြင်းကဲ့သို့ တန်ဖိုးကြီးအခွင့်အရေးတစ်ခု ဖြစ်သည်။

သို့သော်လည်း ယခု ယင်းက ဓားခန်းဆောင်ထဲ ဝင်ရောက်သွားကြသော တပည့်များ၏ မျက်လုံးထဲမှာ တန်ဖိုးကြီးအခွင့်အရေးတစ်ခု မဟုတ်တော့ဟန် ရ၏။

သံချေးတတ်နေသော ဓားများထဲမှ ဓားတစ်လက်ကို ရွေးချယ်ခိုင်းခြင်းက မည်သို့ကြောင့် အခွင့်အရေးတစ်ခု ဖြစ်နိုင်မည်နည်း။

လီစီက ဟန်မူယဲ့ညွှန်ပြသော ဓားရှည်ကို ကြည့်လိုက်သည်။ ထို့နောက် တွေးတောစဉ်းစားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟန်ဝူရှဲ… အဲ့ဒါ ဘာသဘောလဲ ”

ဘေးနားမှ ထွားကြိုင်းသန်မာသော လူငယ်တစ်ယောက်က သူ၏ မကျေနပ်မှုကို ဖုံးကွယ်မထားဘဲ တိုးညင်းစွာ ပြောသည်။

“ လီစီက မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားတယ်… ဒါတောင် မင်းက သူ့အပေါ် မကောင်းကြံချင်သေးတာလား ”

ဟန်မူယဲ့ညွှန်ပြသော ဓားက ဓားစုတ်တစ်လက်ဖြစ်ကြောင်း ထင်ရှားပေသည်။

ထိုသို့ဓားတစ်လက်ဖြင့်ဆိုလျှင် ဓားသိုင်းများ လေ့ကျင့်သည့်အခါ သူတို့ အခက်တွေ့လာကြလိမ့်မည်။ သို့ဖြစ်လေရာ ရန်သူနှင့် တိုက်ခိုက်သည့်အခါ ထိုဓားက မည်သို့ အသုံးဝင်နိုင်မည်နည်း။

တစ်ခုသိထားရမည်မှာ ဓားရေကန်မှ တပည့်များသည် ဓားရွေးချယ်ပြီးသွားလျှင် တာဝန်တချို့ကို မဖြစ်မနေ ထမ်းဆောင်ကြရလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုဓားစုတ်ဖြင့် အပြင်ထွက်မည်ဆိုလျှင် ဓားက ရန်သူနှင့် တိုက်ခိုက်နေစဉ်အတွင်း ကျိုးပဲ့သွားနိုင်သည်။

“ ဟား ဟား… ဟန်ဝူရှဲ… မင်းက ဓားရွေးချယ်တဲ့ အခွင့်အရေးကို လွယ်လွယ်တွေးနေတာပဲ ”

ကျောက်စိမ်းခါးပတ် ဝတ်ထားသော လူငယ်တစ်ယောက်က ဟန်မူယဲ့ လက်ညှိုးညွှန်ပြခဲ့သော ဓားရှည်ကို ကောက်ယူလိုက်ပြီး စမ်းသပ်ကြည့်လိုက်သည်။

ဓားအိမ်မရှိသော ထိုဓား၏ မျက်နှာပြင်ပေါ်မှာ သံချေးအထပ်ထပ်ဖြင့် ပြည့်နှက်နေပြီး အရေအတွက်များပြားသော အစင်းကြောင်းများရှိသည်။ သံချေးက အလွန်ထူထဲလေရာ ဓားကိုယ်ထည်ပေါ်မှ တိမ်တိုက်ပုံရိပ်များကိုပင် မမြင်တွေ့နိုင်ပေ။

ဓားကို အကြိမ်ရေအနည်းငယ် လွှဲယမ်းပြီးနောက် လူငယ်က ခေါင်းခါလိုက်ပြီး ဓားကို သူ့နေရာမှာ ပြန်ချထားလိုက်သည်။

“ ဓားရွေးချယ်တဲ့ အခွင့်အရေးက ဘာလဲဆိုတာ ငါမင်းကို ရှင်းပြပေးမယ် ”

“ စံသတ်မှတ်ချက်ပြည့်မီတဲ့ ဓားတွေထဲမှာ တချို့က အရည်အသွေးကောင်းမွန်တယ်… ဒါပေမဲ့ အဲ့ဒီဓားတွေက ဓားစစ်ဆေးတဲ့ တပည့်တွေရဲ့ အမှတ်အသားပြုလုပ်တာ ခံထားရပြီးပြီ… သူတို့က စီနီယာတစ်ယောက်ယောက်ဆီက ညွှန်ကြားမှုရရင် ဒါမှမဟုတ် အကျိုးအမြတ်တစ်စုံတစ်ရာရရင် အဲ့ဒီဓားတွေကို သီးသန့်ထုတ်ပေးလိမ့်မယ် ”

“ ရွှမ်ယွမ်ဓားရေကန်ထဲ ငါတို့ဝင်ရောက်တဲ့အချိန်မှာ ဘယ်သူက ထူးခြားတဲ့သရုပ်ကို ပိုင်ဆိုင်ထားလဲ… ဘယ်သူက ပြန်လည်မွေးဖွားလာတဲ့ စီနီယာလဲ… ဘယ်သူက ကြွယ်ဝချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာတာလဲဆိုတာ ဓားရေကန်က အကုန်သိထားပြီးပြီ ”

“ ဒါကြောင့် စံသတ်မှတ်ချက်မီတဲ့ အဲ့ဒီဓားတွေထဲမှာ ဓားကောင်းတစ်လက်ကို ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”

လူငယ်၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ တပည့်အုပ်စုများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ထဲမှ အများစုက စိတ်ပျက်အားလျော့သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ထို့နောက် သူတို့က ဓားစုတ်အပုံများထံသို့ အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။

အကယ်၍ စံသတ်မှတ်ချက်မီဓားများနှင့်ပတ်သက်ပြီး ကံမကောင်းနိုင်လျှင် ထိုဓားစုတ်များကရော… ။

ထိုလူငယ်များက မည်သည်ကို စဉ်းစားနေကြောင်း ကျောက်စိမ်းခါးပတ်နှင့်လူငယ် မြင်သောအခါ သူက ခေါင်းယမ်းလိုက်သည်။

“ အဲ့ဒီဓားစုတ်တွေကို စဉ်းတောင်မစဉ်းစားကြနဲ့ ”

“ ဓားရေကန်ထဲ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီကြတဲ့ တပည့်အသစ်တွေအပြင် အရင်စီနီယာတွေက အဲ့ဒီဓားစုတ်တွေကို ထပ်ခါထပ်ခါ စစ်ဆေးခဲ့ကြပြီးပြီ… အဲ့ဒီဓားတွေမှာ ဘာထူးခြားချက်မှမရှိလို့ ဒီလိုနေရာမှာ စွန့်ပစ်ထားတာပဲ ”

“ အဲ့ဒီဓားစုတ်တွေက အကြိမ်ပေါင်းများစွာ ထိကိုင်ခံထားရပြီး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် စစ်ဆေးခံထားရပြီးပြီ ”

လူငယ်က သရော်လှောင်ပြောင်စွာ ရယ်လိုက်သည်။ သူက ထိုဓားများကို လက်ညှိုးညွှန်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ သူတို့ကို ဓားလို့ ခေါ်တာတောင် အတော်လေး မျက်နှာသာပေးပြီးနေပြီ ”

ဤနေရာတွင် သိမ်းဆည်းခံထားရသော ဓားစုတ်များမှာ မည်သည့်တန်ဖိုးမှ မရှိကြတော့ချေ။

ဓားရွေးချယ်ကြမည့် တပည့်များက တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က စံသတ်မှတ်ချက်မီဓားများကိုသာ အာရုံစိုက်လိုက်ကြတော့သည်။

ဟန်မူယဲ့သည်တော့ သူတို့၏ မျက်လုံးထဲမှာ မျက်ကန်းကံကောင်းခြင်းကို ယုံကြည်ရန် ကြိုးစားနေသော ငချွတ်တစ်ကောင်ထက် မပိုပေ။

“ ဟန်ဝူရှဲ… သူတို့ကို ဂရုစိုက်မနေနဲ့ ”

လီစီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ ရွေးချယ်ပေးထားသော ဓားကို ကြည့်လိုက်သည်။

“ ငါဟာသပြောနေတာလို့ မင်းထင်လား ”

ဟန်မူယဲ့က လီစီကို ကြည့်လိုက်သည်။

သူက လေးနက်သော အမူအရာဖြင့် ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုဓားက သံချေးတတ်နေသည့်အပြင် ဓားထိပ်ဖျားသည်လည်း အနည်းငယ် ပဲ့နေသည်။

ထို့နောက် ပုံရိပ်များက ဟန်မူယဲ့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ အသက်ဆယ့်သုံးနှစ်မှာ ဓားကို စတင်လေ့ကျင့်ခဲ့ပြီး အသက်ဆယ့်ရှစ်နှစ်မှာ ဓားရေကန်ရဲ့ ရွယ်တူတွေထဲမှာ လက်ရွေးစင်ဓားသမားတစ်ယောက် ဖြစ်လာခဲ့တယ်… အသက်သုံးဆယ်ခြောက်နှစ်မှာ တောင်အောက်ကို ဆင်းသွားပြီး တိုက်ပွဲပေါင်းသုံးထောင်ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်… မရေမတွက်နိုင်တဲ့ ရန်သူတွေက ဒီဓားအောက်မှာ သုတ်သင်ခံခဲ့ရတယ် ”

“ အသက်တစ်ရာခြောက်ဆယ့်ငါးနှစ်မှာ ဓားကို ကိုင်ဆွဲပြီး ရွှမ်ချင်ကို ဆန့်ကျင်ခဲ့တယ်… ဒါပေမဲ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီး ဒဏ်ရာဆိုးဝါးပြင်းထန်မှုကြောင့် သေဆုံးသွားခဲ့တယ် ”

“ စွန်းကျီက စစ်မှန်တဲ့ ဓားသမားတစ်ယောက်ပဲ ”

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို အောက်ချလိုက်ပြီး နောက်ထပ် ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။

ထိုဓားသည် အစောနက ဓားထက်ပင် ပိုပြီးဆိုးဝါးစွာ ထိခိုက်ပျက်စီးနေပြီး ဓား၏ မျက်နှာပြင်ပေါ်မှာ နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ရှိသည်။

“ ဖန်ယွင်ဇီ… ဓားရေကန်ရဲ့ ငါးဆယ့်ကိုးကြိမ်မြောက်မျိုးဆက်က တပည့် ”

“ အသက်သုံးရာရှစ်ဆယ်အထိ ကျင့်ကြံခဲ့ပြီး ရောဂါကြောင့် သေဆုံးသွားခဲ့တယ်… သူကိုင်ဆွဲခဲ့တဲ့ ဒီဓားဟာ တခြားဓားတွေနဲ့ စုစုပေါင်း သုံးရာခြောက်ဆယ့်လေးကြိမ်ထိ တွေ့ဆုံခဲ့တယ် ”

“ သူ့ဘဝရဲ့ အထင်ရှားဆုံး မှတ်တမ်းက ရွှမ်ထျန်းကမ္ဘာက ဓားပြတွေကို ဆန့်ကျင်နှိမ်နင်းခဲ့တဲ့ တိုက်ပွဲပဲ… အဲ့ဒီတိုက်ပွဲမှာ သူ့ရဲ့ဓားက ကျိုးလုနီးပါး ထိခိုက်ပျက်စီးသွားခဲ့ပြီး သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်… အဲ့ဒီအတွင်းဒဏ်ရာကြောင့်ပဲ သူက နောက်ထပ် ကျင့်ကြံခြင်းအဆင့်တတ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး ”

…

ဟန်မူယဲ့သည် ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်တိုင်း ဓားပေါ်မှ သံချေးများကို ညင်သာစွာ ပွတ်သပ်ပြီး ပါးစပ်မှ တီးတိုးရေရွတ်လိမ့်မည်။

ယင်းကို ကြားသောအခါ လီစီ၏ မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။

သူက ဘယ်လိုလုပ် အဲ့ဒီသတင်းအချက်အလက်တွေကို မြင်နိုင်တာလဲ။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး လီစီကို ကြည့်လိုက်သည်။

“ ဒီက ဓားတစ်လက်စီတိုင်းက ဓားသမားတစ်ယောက်ရဲ့ ဘဝကို ကိုယ်စားပြုတယ် ”

“ အဲ့ဒါတွေက ပုံပြင်သက်သက်ပဲ မဟုတ်ဘူး… သူတို့က ကျားဝိညာဉ်အပျက်အစီးနယ်မြေကို ထွန်းလင်းတောက်ပအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ ရောင်ခြည်တန်းတွေပဲ ”

ဟန်မူယဲ့သည် နေရာမှာ မတ်တတ်ရပ်နေရင်း ဓားစုတ်တစ်လက်ကို သာမန်ကာလျှံကာ ကောက်ယူလိုက်ကာ ခန်းဆောင်အပြင်ဆီသို့ လျှောက်သွားသည်။

လီစီက နေရာမှာ အချိန်အတော်ကြာအောင် မတ်တတ်ရပ်နေမိသည်။ နောက်ဆုံးမှာတော့ သူက ဟန်မူယဲ့ညွှန်ပြခဲ့သော ဓားကို ကောက်ယူလိုက်သည်။

“ ဒီက ဓားတစ်လက်စီတိုင်းက ကျားဝိညာဉ်အပျက်အစီးနယ်မြေရဲ့ ရောင်ခြည်တန်းတဲ့လား ”

“ ကောင်းပြီ… အခုကစပြီး မင်းက ငါ့ရဲ့ ရောင်ခြည်တန်းဖြစ်လာရမယ် ”

ထိုဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်စဉ် စွမ်းအားတစ်မျိုးက ဓားစုတ်ထံမှ ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာနေကြောင်း လီစီ ခံစားမိသွားသည်။

…

ဓားအိမ်ဆီသို့ ဟန်မူယဲ့ ပြန်သွားသည့်အခါ လျူကျွီက အိမ်ထဲမှာ သူ့ကို စောင့်ဆိုင်းနေကြောင်း သူမြင်တွေ့သွားသည်။

“ ဆရာဝူရှဲရဲ့ ညွှန်ကြားမှုအတိုင်း ကျုပ်တို့ဓားရေကန်က တပည့်တွေက မိုင်သုံးသောင်းကျယ်ဝန်းတဲ့ စစ်မြေပြင်တစ်ခုလုံးကို ရှာဖွေခဲ့ကြပါတယ် ”

“ ကျုပ်တို့ရဲ့ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ ဆရာပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့လူ သုံးထောင့်ခြောက်ရာကျော် ရှိပါတယ်… ဒါပေမဲ့… ”

လျူကျွီက ခဏရပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ သူတို့ထဲက ဘယ်သူမှ ဆရာပြောသလို တုံ့ပြန်မှု မရှိပါဘူး ”

ဟန်မူယဲ့က မိုင်သုံးသောင်းကျယ်ဝန်းသော စစ်မြေပြင်ထဲမှာ ညီမမူဝမ်ကို ရှာဖွေရန် ဓားရေကန်ကို ပြောခဲ့သည်။

ကံမကောင်းစွာပင် ဓားရေကန်၏ အင်အားက မလုံလောက်ခြင်းလော သို့မဟုတ် မူဝမ်က ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ လူများထဲမှာ ရှိမနေခြင်းလော မသေချာသော်လည်း ဤတစ်ကြိမ်တွင် သူတို့က မူဝမ်၏ ဝိညာဉ်ကို မရှာဖွေနိုင်ခဲ့ကြပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဒါဆို ညီမမူဝမ်ကို ငါ့ဘာသာပဲ သွားရှာမယ် ”

“ အဲ့ဒါဆိုရင် ကျုပ်နဲ့ တခြားတပည့်တွေက ဆရာ့ကို အဖော်လိုက်ပေးပါ့မယ် ”

လျူကျွီက အမြန်လျှောက်တင်သည်။

ဟန်မူယဲ့က ဤသုံးလအတွင်းမှာ စွမ်းအားတချို့ကို ပြန်ရရှိခဲ့သော်လည်း လျူကျွီကဲ့သို့ ဓားရေကန်မှ အကြီးအကဲများ၏ မျက်လုံးထဲတွင် သူ၏ ခွန်အားက မလုံလောက်သေးပေ။

အင်မော်တယ်အဆင့် တိုက်ပွဲစွမ်းအားမရှိလျှင် တစ်စုံတစ်ယောက်က စစ်မြေပြင်ထဲမှာ လူရှာဖွေပြီး အလွယ်တကူ ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။

“ မလိုဘူး ”

ဟန်မူယဲ့က လက်ယမ်းလိုက်ပြီး ဓားအိမ်အပြင်ဘက်သို့ ကြည့်လိုက်သည်။

“ လက်တလော စစ်မြေပြင်ဆီ တာဝန်သွားထမ်းဆောင်မယ့်လူ ရှိလား… ငါ သူတို့နဲ့ အတူသွားချင်တယ် ”

“ မင်းတို့သွားမယ်ဆိုရင် အဲ့ဒီမှာ အဝိုင်းခံရပြီး တိုက်ခိုက်ခံရလိမ့်မယ် ”

ပုံမှန်အားဖြင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် အခြားလူများ၏ တည်ရှိမှုကို အပြန်အလှန် အာရုံခံနိုင်ကြသည်။

အကယ်၍ ရွှမ်ယွမ်ဓားရေကန်မှ အကြီးအကဲများသာ မိုင်သုံးသောင်းကျယ်ဝန်းသော စစ်မြေပြင်ဆီသို့ ခရီးထွက်မည်ဆိုလျှင် ယင်းက အစွမ်းထက်ရန်သူတော်များ၏ အာရုံစိုက်မှုကို ရရှိသွားလိမ့်မည်။ ထိုအခါကျလျှင် သူတို့အဖွဲ့က သေချာပေါက် အဝိုင်းခံရပြီး တိုက်ခိုက်ခံရလိမ့်မည်။

ယင်းကို ကြားသောအခါ လျူကျွီ၏ မျက်နှာက တောင့်တင်းသွားသည်။ သူက လက်မခံချင်သော်လည်း ခေါင်းညိတ်ရုံမှတပါး တခြားရွေးချယ်စရာမရှိပေ။

“ လဝက်ကြာတဲ့အခါ တပည့်အုပ်စုတစ်စုက စစ်မြေပြင်ဆီ တပ်ကူအနေနဲ့ သွားရောက်ပါလိမ့်မယ်… သူတို့က ခရီးစဉ်မှာ အထောက်အပံ့ရိက္ခာတချို့ကိုလည်း သယ်ဆောင်သွားပါလိမ့်မယ် ”

…..

ကျောက်မုန့်ဟဲသည် ဓားရေကန်မှ ဓားခန်းဆောင်၏ တပည့်တစ်ယောက် ဖြစ်သည်။ သူက အနှစ်သုံးဆယ်ကြာ ကျင့်ကြံခဲ့ပြီး ခြေလှမ်းဝက် ကောင်းကင်ဘုံအဆင့်မှာ ဖြစ်သည်။

သူက ရွယ်တူဓားသမားများထဲတွင် လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ သို့ဖြစ်လေရာ သူက စစ်မြေပြင်ဆီသို့ သွားရောက်သော တာဝန်များကို ဒါဇင်ခန့် ထမ်းဆောင်ဖူးသည်။

သို့သော်လည်း သူက ကောင်းကင်ဘုံအဆင့်သို့ မရောက်ရှိသေးလေရာ စစ်မြေပြင်တွင် အချိန်ကြာကြာနေထိုင်ရန် အရည်အချင်းမပြည့်မီပေ။ သူက ရိက္ခာပို့ဆောင်ရန်သာ အဓိကလုပ်ဆောင်ပြီး တိုက်ပွဲများထဲမှာ မပါဝင်ခဲ့ပေ။

ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းမရှိလျှင် တစ်စုံတစ်ယောက်က ထိုသို့စစ်မြေပြင်ထဲမှာ အသက်မရှင်နိုင်ပေ။

ဤတစ်ကြိမ်တာဝန်တွင် သူက ရိက္ခာပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့အတွက် ခေါင်းဆောင်နေရာကို ရရှိခဲ့သည်။ သို့သော်လည်း သူရရှိခဲ့သော အဖွဲ့က သူ့အား အံ့ဩစေမိသည်။

သူက မရည်ရွယ်ဘဲ သူ့အနောက်မှ ရထားလုံးကို လှည့်ကြည့်လိုက်သည်။

ဤအဖွဲ့မှာ စုစုပေါင်း တပည့်ဆယ့်ရှစ်ယောက်ပါဝင်ပြီး သူတို့တစ်ယောက်စီက တိမ်ပျံမြင်းကို စီးနင်းထားကြသည်။ သူတို့ထဲမှ သုံးယောက်သည်တော့ ဓားအိမ်မှ တပည့်များဖြစ်ကြပြီး ရထားလုံးကို စီးနင်းထားကြသည်။

ဓားအိမ်မှ ထိုတပည့်သုံးယောက်သည် စစ်မြေပြင်ဆီသို့ တိုက်ပွဲလက်နက်တစ်ခု ပို့ဆောင်ပေးရန် တာဝန်ရရှိထားကြသည်။

သို့သော်လည်း ကျောက်မုန့်ဟဲ ရရှိထားသော အမိန့်က တခြားလူများနှင့် ခြားနားသည်။

အကယ်၍ သူတို့က ရန်သူများ၏ တိုက်ခိုက်ခံရမည်ဆိုလျှင် တပည့်အားလုံးက ဟန်ဝူရှဲအမည်ရသော ဓားအိမ်မှ တပည့်ကို အစွမ်းကုန် ကာကွယ်ပေးရလိမ့်မည်။

သူ့ကို အမိန့်ပေးခဲ့သော ထိုအကြီးအကဲ၏ စကားအရ ထိုတာဝန်အတွက် သူတို့၏ အသက်ကိုပင် စတေးသင့်လျှင် စတေးရလိမ့်မည်။

“ မင်းတို့ သေသွားလို့ ရတယ်… မင်းတို့ရဲ့ ဓားတွေ ကျိုးသွားလို့ ရတယ်… ဒါပေမဲ့ မင်းတို့မသေခင်မှာ ဘယ်သူမှ ဟန်ဝူရှဲကို မတိုက်ခိုက်နိုင်အောင် ကာကွယ်ပေးခဲ့ရမယ် ”

အကြီးအကဲက ထိုစကားကို အလွန်လေးနက်သော အမူအရာဖြင့် သူ့အား ပြောကြားခဲ့ခြင်း ဖြစ်သည်။

All Chapters