အပိုင်း (၂၆၈)
Vol. 20 Ch. 268
ကျင်းမူကုန်း နိုးထလာချိန်မှာတော့ သူသည် အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေကြောင်း သတိပြုမိ၏။ နူးညံ့ပြီး လှပသောအမျိုးသမီးသည် မျက်ရည်များ ကျဆင်းလျက်ရှိသည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် အဓမ္မ ပြုကျင့်ခံထားရသည့် အရိပ်အယောင်များ ရှိလို့နေ၏။
ကျင်းမူကုန်းသည် သူမ၏ကိုယ်ပေါ်တွင် ရှိနေ၏။ ဤအမျိုးသမီးသည် ယုဖန်၏မိန်းမ - မိန်းကလေးချန်းပင် ဖြစ်၏။ အားနည်းပြီး ရှက်ရွံ့တတ်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင် ၃၁ နှစ်ပြည့်မှာ ဖြစ်သလို အလွန်လည်း လှပ၏။ သို့နှင့်ပင် ကျင်းမူကုန်း၏ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဟူသည့် အကြိမ်ရေများက ထပ်မံဖြစ်ပွားသွားခဲ့သည်။
စိတ်ကျေနပ်လောက်အောင် စွမ်းဆောင်ခဲ့ပြီးနောက် ခန္ဓာကိုယ်ကို အသာလှည့်ကာ ကြည့်ရှုလိုက် အချိန်မှာတော့ စားတော့၊ဝါးတော့မတတ်ပင် သူ့ကို စူးစိုက်ကြည့်ရှုနေသည့် ယုဖန်ကို မြင်လိုက်ရ၏။ ထို့အပြင် ယုဖန်တင်မကချေ။ ယုမိသားစုမှ အမေအိုကြီးနှင့် လူပေါင်းများစွာတို့က တည်ရှိနေ၏။ ၎င်းတို့သည် ကိုယ်ပိုင်မျက်လုံးနှင့် စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေ၏။ ကျင်းမူကုန်းသည် မိန်းကလေးချန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေ၏။
ယုမိသားစု၏ အမေအိုကြီးသည် နေရာမှာတင် သတိလစ် မေ့မျောသွားခဲ့၏။ ယုဖန်၏မိန်းမ မိန်းကလေးချန်းသည် အိပ်ရာပေါ်မှ ကိုယ်တုံးလုံးဖြင့် ထကာဖြင့် နံရံဆီသို့ပြေးကာ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစား၏။ အရှက်တရားသည် အသက်ထက် ပိုကာအရေးကြီးသည် မဟုတ်ပါလား။ ဟုတ်ပေ၏။ သူမသည် မိမိကိုယ်ကို သတ်သေရန် အားအင်ဟူ၍ပင် မရှိခဲ့ချေ။ လမ်းတစ်ဝက်မှာပင် ပစ်လဲကျသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌လည်း သွေးများ ဖုံးလွှမ်းလျက် ရှိနေသည်။
သူမက အူလှိုက်သည်းလှိုက် စတင်ကာ ငိုကြွေး၏။ ကျင်းမူကုန်း အရက်မူးပြေစေရန် အခန်းထဲသို့ဝင်ရောက်ပြီး ဟင်းရည် လာပေးခြင်းဖြစ်၏။ သို့ပေမည့် ကျင်းမူကုန်းသည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ ပြောင်းလဲကာဖြင့် သူမကို အဓမ္မပြုကျင့်ခဲ့၏။ တစ်ဖက်လူသည် သန်မာကြံ့ခိုင်လွန်းသူတစ်ယောက်ဖြစ်နေ၏။ မိန်းကလေးချန်းသည် အားနည်းလွန်းသောကြောင့် ခုခံရန် မည်သို့မှ မတတ်နိုင်ခဲ့ချေ။ သူမသည် ထိုသူ၏ ထပ်တလဲလဲ အဓမ္မပြုကျင့်ခြင်း ကို ခံခဲ့ရ၏။ သူမသည် အားရှိသလောက် ရုန်းကန်ခဲ့သောကြောင့် ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများပင် ပေါ်ပေါက်လာခဲ့၏။
ယုဖန်၏မျက်လုံးများသည် မျက်ရည်များနှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် ကျင်းမူကုန်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်သည်။ “ကျုပ်ကတော့ ခင်ဗျားကို ညီအစ်ကိုတစ်ယောက်လို သဘောထား ခဲ့တယ်။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်ရဲ့မိန်းမကို အဓမ္မပြုကျင့်ရဲတာလဲ။ မိန်းမကို အဓမ္မပြုကျင့်ခြင်းရဲ့ မုန်းတီးမှုက ဘယ်လောက်ထိ ဆိုးဝါးစုတ်ပြတ်လဲဆိုတာ ခင်ဗျားသိလား”
ချက်ချင်းပင် ကျင်းမူကုန်း၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားခဲ့၏။ လူသားတို့၏ နှလုံးသားသည် ဤမျှ ဆိုးယုတ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူ ယုဖန်ကို မည်မျှ ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့သနည်း။ တစ်ဖက်လူ၏ စီးပွားရေးကို ကယ်တင်ခဲ့သည် သာမကချေ။ တစ်ဖက်လူကို ချမ်းသာကြွယ်ဝအောင်ပင် ကူညီခဲ့သေး၏။ တစ်ဖက်လူ၏အသက်ကို ကူညီကယ်တင်ခဲ့သည်ဟူ၍ပင် ပြောဆို သတ်မှတ်နိုင်၏။ သို့ပေမည့် အဆုံးသတ် မှာတော့ သူ ဘာပြန်ရခဲ့သနည်း။ ဆိုးဝါးသည့်နည်းလမ်းမျိုးနှင့် အပြစ် ပုံချခြင်းကိုသာ ခံခဲ့ရ၏။
ဟုတ်ပေ၏။ ပိုမို၍ အရေးကြီးမားသည်မှာ ဤကဲ့သို့ပြုမူဆောင်ရွက် အကွက်ချခဲ့သည့်နေရာတွင် အသုံးတော်ခံခဲ့သည် အမျိုးသမီးသည် တရားဝင်လက်ထပ်ထားခဲ့သည့် ယုဖန်၏မိန်းမ ဖြစ်နေခြင်းပင်။ အဘယ်ကြောင့် သူမက ဤသို့ ပြုလုပ်ရသနည်း။ မည်မျှများပြားလှသည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သောကြောင့် ဤသို့ ပြုလုပ်ရသနည်း။
ယုဖန်သည် ကျေးဇူးရှင်ကို အပြစ်ပုံချရန် ရွေးချယ်ခဲ့သည်သာမက သူ့မိန်းမ၏ အပြစ်ကင်းစင်သည့် အရှက်သိက္ခာကိုလည်း စတေးခဲ့၏။ လူသားတစ်ယောက်သည် အဘယ်ကြောင့် ဤမျှ ရက်စက်ရသနည်း။
ပြီးနောက် ယုဖန်သည် အစိုးရအာဏာပိုင်များဆီသို့ သွားရောက်ကာ တိုင်ကြား၏။
ဝမ်နျဉ်ခရိုင်ဆီမှ စစ်သည်တော်များ ရောက်ရှိလာခဲ့ပြီး ကျင်းမူကုန်းကို တစ်ခါတည်းဖမ်းဆီးသွားခဲ့၏။ ကျင်းမူကုန်းသည် အကျဉ်းချခြင်း ခံထားရ၏။ ဖြစ်စဉ်တစ်ခုလုံးသည် ပြစ်ချက်ဟူ၍မရှိလောက်အောင် ဇာတ်လမ်းဆင်နိုင်ခဲ့ကြသည်။
ကျင်းမူကုန်း၏ အစေခံများသည် ထိုအခြင်းအရာကို သိသည့်အချိန်မှာတော့ ပဉ္စမမင်းသားနင်ကျန်း၏ အိမ်တော်ဆီသို့ လာရောက်ကာ အကူအညီ တောင်းခံခဲ့၏။
နင်ကျန်သည် ချက်ချင်းပဲ ဒေါသထွက်ခဲ့၏။ ဤကဲ့သို့သောနည်းလမ်းသည် ဆိုးရွားပြီး ညစ်ပတ်လွန်းလှချေ၏။ သူသည် ဝမ်နျဉ်ခရိုင်တရားရုံး တာဝန်ရှိအရာရှိအိမ်ဆီသို့ သွားရောက်ခဲ့၏။ ထို့အပြင် ယုဖန်ဆီသို့ပါ သွားရောက်ခဲ့သေး၏။ ရွှဲ့ပြည်နယ်၏ တရားရေးအရာရှိတော်တော်များများတို့သည် အဆင့်ခြောက်၊ အဆင့်ခုနစ် အစိုးရ ဝန်ထမ်းများသာ ဖြစ်သည်။
မြို့သည် ခရိုင်နှစ်ခုတည်ရှိပြီး ပင်အန်းခရိုင်နှင့် ဝမ်နျဉ်ခရိုင်ပင် ဖြစ်၏။ ပင်အန်းခရိုင်ဆီမှ အရာရှိသည် ပိုမိုမြင့်မားသည့်အဆင့်အတန်းကို ပိုင်ဆိုင်ပြီး ဝမ်နျဉ်ခရိုင်ဆီမှ အရာရှိမှာတော့ ဒုတိယတန်း အဆင့်ငါး ရာထူးကိုသာလျှင် ပိုင်ဆိုင်၏။ သာမန်အရာရှိများနှင့် နှိုင်းယှဉ်ရပါက အဆင့်တစ်ခု၊ နှစ်ခုလောက်တော့ ပိုမိုကာ မြင့်မား၏။ သို့ပေမည့် ထိုမျှလောက်ပင်။
ထိုသို့ဆိုလျှင် ဝမ်နျဉ်ခရိုင်၏ တာဝန်ရှိသူသည် မည်သူဖြစ်သနည်း။ ရှမ့်လန်၏ ရန်သူဟောင်းကြီး ဝမ်ကွက်ပင် ဖြစ်၏။ သူသည် ကျူးဝမ်ဟွာနှင့်အတူ ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်ကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့၏။ အကြောင်းအရင်းမှာ လန်ရှန်မြို့စားလေး ကျူးလန်ထင်ကို သတ်ဖြတ်သည်ဆိုသော အမှုနှင့်ပင်။
ဟုတ်ပေ၏။ ရှမ့်လန်သည် ထိုအချိန်တုန်းက ကျောက်ပေါက်သည်ဟု ဟန်ဆောင်ခဲ့၏။ ထို့ကြောင့် ဖမ်းဆီးခြင်းကို မခံခဲ့ရချေ။ နောက်ပိုင်းမှာတော့ ဝမ်ကွက်သည် နေ့နေ့ညညဆိုသလို ကြောက်လန့်ခဲ့ရ၏။ သူ့ကို လက်စားလာချေမည် စိုးသောကြောင့်ပင်။
လက်ရှိအခြေအနေမှာတော့ သူသည် ရာထူးတိုးမြင့်ခြင်းကို ခံခဲ့ရ၏။ အထူးတရားရုံး၏ ဒုတိယတန်းစား အဆင့်ခြောက် အရာရှိတစ်ယောက်မှသည် ဒုတိယတန်းစား အဆင့်ငါး အရာရှိ အဖြစ်သို့ ရောက်ရှိသွားခဲ့၏။ ဤဝမ်နျဉ်ခရိုင်သည် တကယ့်ကို မယုံကြည်လောက်စရာ ဖွံ့ဖြိုးသည့်နေရာတစ်ခုဖြစ်ပြီး ထိပ်တန်းအရာရှိများ အခြေချ နေထိုင်ရာဖြစ်၏။ သူသည် ဘုရင်မင်းမြတ်၏ စည်းစနစ်အောက်တွင် အလုပ်လုပ်လျက်ရှိနေသည့် အရာရှိတစ်ယောက်လည်း ဖြစ်လေ၏။ ထို့အပြင် သူ၏လက်ထဲတွင် ကြီးမားလွန်းသည့် အခွင့်အာဏာကို ပိုင်ဆိုင်လာခဲ့သည်။
ထို့ကြောင့်ပင်လျှင် သူသည် ပဉ္စမမင်းသား နင်ကျန်းကိုပင် အာရုံထဲ မထည့်တော့ချေ။ ထို့အပြင် တစ်ဖက်လူသည် ဘုရင်မင်းမြတ်၏ မုန်းတီးခြင်းကိုခံရသည့် သားတော်တစ်ပါး ဖြစ်၏။ ထို့ကြောင့် သူ့အား လာရောက် ချယ်လှယ်၍ မဖြစ်နိုင်ချေ။
..
ဝမ်နျဉ်ခရိုင်၏ တရားရုံးအတွင်းမှာတော့ နင်ကျန်းသည် အလွန်အမင်း ဒေါသထွက်လျက် ရှိနေသည် ဆိုလျှင်တောင်မှ အမူအရာက တည်ငြိမ်လျက် ရှိနေ၏။
“အင်း.. အရာရှိဝမ် ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ကျုပ် ဒီကိစ္စ အနောက်ကို ဆက်မလိုက်တော့ဘူး။ ဒီကိစ္စ ဒီမှာတင်ပြီးပြီ။ ကျင်းမူကုန်းကို လွှတ်ပေးတော့။”
ဟုတ်ပေ၏။ နင်ကျန်းသည် ကျင်းမိသားစု၏ အခြေအနေကို ကောင်းကောင်းသိရှိ၏။ ဘုရင်မင်းမြတ်သည် ကျင်းကျိုးအား နယ်စားကြီးရာထူးကို ပေးအပ်တော့မည်။ သို့ပေမည့် ကျင်းမူကုန်း၏ ပြဿနာက ပေါ်ပေါက်လာခဲ့သည်။ အကုန်လုံး ဒုက္ခရောက်မည့်ကိန်းမျိုးပင်။
ဧည့်သည်အဖြစ် တခြားသောသူတစ်ယောက်၏ အိမ်သို့ သွားလည်ခဲ့ပြီး ထိုသူ၏ မိန်းမကိုပင် အဓမ္မ ပြုကျင့်ခဲ့သည်။ ထိုအရာသည် ဆိုးရွားစုတ်ပြတ်လွန်းနေသည် မဟုတ်ပါလား။
ကျင်းမိသားစု၏ စည်းမျဉ်း စည်းကမ်းက အလွန်အမင်း တင်းကျပ်သည်တော့ မဟုတ်ပေ။ သို့ပေမည့် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းကို ဘယ်တော့မှ ခွင့်ပြုသည့် မိသားစုမျိုး မဟုတ်ချေ။ ထို့အပြင် နယ်စားရာထူးကို ဆက်ခံရရှိတော့မည့် မိသားစုထဲမှ လူတစ်ယောက်အနေနှင့် အဘယ်သို ဤမျှဆိုးရွားစုတ်ပြတ်သည့် အရာမျိုးကို ပြုလုပ်မည်နည်း။
ဝမ်ကွက်သည် နင်ကျန်းကို အသာဦးညွတ်ပြီး ပြောလိုက်၏။ “အရှင်မင်းသား နောက်နေတာပဲ ဖြစ်ပါလိမ့်မယ်။ ကျုပ်က ဒီကိစ္စကို သေသေချာချာနဲ့ ကိုင်တွယ်နေတာပါ။ ဒီကိစ္စမှာ ပြစ်ချက်တွေ အများကြီး ရှာဖွေ တွေ့ရှိခဲ့တယ်။ ဒီကိစ္စက ချောက်ချတာမျိုး မဟုတ်ပါဘူး။ မင်းသား အတွေးလွန်နေတာပဲ ဖြစ်မယ်”
နင်ကျန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ “အရာရှိဝမ်... ခင်ဗျား သူ့ကို လွှတ်မပေးနိုင်ဘူးပေါ့”
ဒေါသတရားများ၏အောက်မှာပဲ နင်ကျန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာခဲ့၏။
ဝမ်နျဉ်ခရိုင် တရားရုံးမှ အရာရှိဝမ်ကွက်က စိတ်ထဲမာှကြိတ်ကာ နှာခေါင်းရှုံ့လိုက်မိ၏။ တစ်ဖက်လူကို သူ အဘယ်သို့ ကြောက်ရွံ့ရမည်နည်း။ ဘုရင်မင်းမြတ်၏ သားဖြစ်ရုံဖြင့် သူ့ကို အတင်းဖိအားပေးရန် ကြိုးစားနေသည်လား။ မရချေ။
‘ဘုရင်မင်းမြတ်ရဲ့သားတော် ဆိုရင်တောင် ခင်ဗျားက အသုံးမဝင်တဲ့ အမှိုက်တစ်စပဲ။ ကျုပ် ခင်ဗျားကို လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံတယ်ဆိုတာနဲ့တင် ဂုဏ်ယူလောက်ပြီ’
“ကျင်းမူကုန်းက တော်ဝင်မျိုးနွယ်ရဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် ဒီလိုကိစ္စမျိုးကို လုပ်ခဲ့တယ်။ ဒီကိစ္စကိုသာ ကျုပ်လွှတ်ပေးလိုက်မယ်ဆိုရင် ဘုရင်မင်းမြတ်ကို ကျုပ် ဘယ်လိုရှင်းပြရမလဲ။ လောကမှာရှိတဲ့ လူတွေကို ကျုပ်ဘယ်လိုရှင်းပြရမလဲ။ ပြီးတော့ အဓမ္မပြုကျင့်ခံရတဲ့ အပြစ်ကင်းစင်တဲ့ မိန်းကလေးကို ကျုပ် ဘယ်လိုရှင်းပြရမလဲ။ အရှင့်သား... ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝင်မပါဖို့ ကျုပ်အကြံပြုချင်ပါတယ်”
ဆိုလိုရင်းအဓိပ္ပာယ်မှာ တကယ်ကို ရှင်းလင်းလွန်း၏။ နင်ကျန်းအား ဤနေရာမှ ချက်ချင်းထွက်ခွာသွားရန် ပြောဆိုနေခြင်းပင်။
နင်ကျန်းသည် ချက်ချင်းပဲ ဒေါသ ပေါက်ကွဲသွားခဲ့၏။ ဘုရင်မင်းမြတ်၏ သားတစ်ယောက်ဖြစ်သော သူသည် အဘယ်ကြောင့် ဤအရာရှိလေးတစ်ယောက်၏ ပြောဆိုခြင်းကို ခံနေရသနည်း။ တစ်ဖက်လူသည် သူ၏ခေါင်းကို နင်းလျှောက်သွားရန်ပင် ကြိုးစားလျက်ရှိနေသလိုပင်။
သူ .... နင်ကျန်းသည် မိမိဘာသာ သီးခြားနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး တခြားသောသူများနှင့် တိုက်ခိုက်ခြင်းကို မနှစ်သက်ချေ။ ထို့ကြောင့် သူ့ကို နင်းချေရန် ကြိုးစားနေလေသည်လား။ သူသည် ဘုရင်မင်းမြတ်၏ သားတစ်ယောက်ဖြစ်နေသေး၏။
ချက်ချင်းဆိုသလိုပဲ နင်ကျန်းသည် အခွင့်အာဏာ၏ တန်ဖိုးကြီးမားပုံကို သိရှိလိုက်၏။ တခြားသော မင်းသားများသာ ဆိုပါက .... ဤနေရာတွင် နင်ကျန့်၊ နင်ကျင်း၊ မည်သူပဲဖြစ်ဖြစ် ဤအရာရှိသည် ချက်ချင်း ဒူးထောက်ထိုင်ချကာဖြင့် ခေါင်းနှင့်မြေပြင်အား တဘုန်းဘုန်း တိုက်နေမှာ သေချာ၏။ သို့ပေမည့် သူ နင်ကျန်းကိုတော့ တိုက်ရိုက်ဆိုသလို စော်ကားရဲနေသည်။
ဘာပဲဖြစ်ဖြစ် သူ ... နင်ကျန်းသည် စုဖေး၏ သားတစ်ယောက်ပင် ဖြစ်၏။ တော်ဝင်မိသားစုမှ မွေးဖွားလာသည့် လူတစ်ယောက်လည်း ဖြစ်လို့နေသေး၏။ နင်ကျန်းသည် ဤကဲ့သို့ အရှက်ခွဲခံရမှုကို အောင့်အီးသည်းခံကာဖြင့် ပြောဆိုလိုက်၏။ “အင်း... အရာရှိဝမ်အနေနဲ့ ကျင်းမူကုန်းကို ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဝမ်ကွက်က ပြောလိုက်သည်။ “ဒီကိစ္စက ကျုပ်ရဲ့ စိတ်ဆန္ဒနဲ့ မဆိုင်ဘူးလေ။ ဒီကိစ္စကို ကျုပ်သေသေချာချာ စုံစမ်း စစ်ဆေးပြီး သက်သေသာဓကတွေလည်း ပြည့်စုံသွားခဲ့ပြီ။ အပြစ်ကင်းစင်တဲ့ မိန်းမတစ်ယောက်ကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ပြစ်မှု၊ ဒီကိစ္စက တော်ဝင်ရွှဲ့ပြည်နယ်ရဲ့ ဥပဒေစည်းမျဉ်းအရဆိုရင် .... သင်းကွပ်ခြင်းခံရမှာပဲ”
နင်ကျန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ ထိုကဲ့သို့ သင်းကွပ်သည့်နေရာတွင် တစ်ခါတည်း ဖြတ်တောက်ခြင်း မဟုတ်ဘဲ တမြေ့မြေ့ ခံစားရမည့်နည်းလမ်းကို အသုံးပြုကာဖြင့် သင်းကွပ်ခဲ့ခြင်း ဖြစ်၏။ စကားလုံးနှင့် ဖော်ညွှန်း၍ပင် မရလောက်အောင် ရက်စက်လွန်းလှချေ၏။
အရာရှိဝမ်ကွက်သည် နင်ကျန်းကို နက်နက်နဲနဲနှင့် စူးစိုက်ကာ ကြည့်ရှုနေသည်။
နင်ကျန်းသည် ဒေါသတကြီးဖြင့် အသာလှည့်ကာ ထွက်ခွာပြီး အိမ်ပြန်ခဲ့၏။
နင်ကျန်း၏အိမ်တော်အတွင်း၊ ညသန်းခေါင်အချိန်တွင်....
ရှမ့်လန်သည် မူလအားဖြင့် မနက်ဖြန်မနက်ခင်းမှ နင်ကျန်းဆီသို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်ထား၏။ သို့ပေမည့် ဤသို့ ဖြစ်လာခဲ့မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထို့ကြောင့်ပင် ညနက်သန်းခေါင်ကြီး ရောက်ရှိ လာခဲ့ခြင်းပင်။
“ရှမ့်လန်က ပဉ္စမမင်းသားကို ဂါရဝပြုပါတယ်”
အိမ်တော်ထဲသို့ ရောက်ရှိပြီးနောက် ရှမ့်လန်သည် အနည်းငယ် အံ့အားသင့်မိနေ၏။ နင်ကျန်း နေထိုင်သည့်နေရာသည် ဧကအနည်းငယ်သာ ကျယ်ဝန်းပြီး ခမ်းခမ်းနားနား မဟုတ်ချေ။ ဘုရင်မင်းမြတ်သည် အဘယ်ကြောင့် ဤကဲ့သို့သော အိမ်တော်တစ်ခုကိုသာ ပေးထားရသနည်း။ ကျင်းမိသားစု၏ ခြံဝန်းထက်ပင် ပိုမိုကာ သေးငယ်နေပုံပေါ်၏။
ဘုရင်မင်းမြတ်၏သား မင်းသားတစ်ပါးအနေနှင့် ဤအရာက တကယ့်ကို ဆိုးဝါးစုတ်ပြတ်လွန်းလှချေ၏။ ဤအရွယ်သို့ ရောက်ရှိနေသည်ဆိုလျှင်တောင် ပဉ္စမမင်းသားသည် မည်သည့်ဘွဲ့တစ်ခုကိုမှ လက်ခံရရှိခဲ့ခြင်း မရှိချေ။ နင်ကျင်းကိုယ်တိုင်ပင်လျှင် ဘွဲ့တစ်ခုကို လက်ခံရရှိလုနီးပါး ဖြစ်နေ၏။ သို့ပေမည့် နင်ကျန်းမှာတော့ အမည်ဘွဲ့တစ်ခု ရရှိရန် ဝေးကွာလို့ နေ၏။ ဘဝတစ်သက်သာလုံး ဘွဲ့တစ်ခုခုကို ရရှိဖို့ဆိုသည်မှာလည်း ဖြစ်နိုင်သည့် အရာမျိုး မဟုတ်သကဲ့သို့ပင်။
နင်ကျန်း၏ လက်ရှိဖော်ရွှေစွာဖြင့် ဧည့်ခံမှုသည် ရှမ့်လန်ကို တကယ်ပင် အံ့အားသင့်စေခဲ့၏။ နင်ကျန်းသည် ရှမ့်လန်အား ရှုပ်ထွေးသည့်အကြည့်ဖြင့် လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် ဦးညွတ်ကာ ပြောလိုက်၏။ “နင်ကျန်းက တကယ်ကို ရှက်ရွံ့မိပါတယ်။ ကျင်းမူကုန်းနဲ့ပတ်သက်ပြီး ကျုပ် သေသေချာချာ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျုပ်သူ့ကို အကျဉ်းထောင်ထဲကနေ ဆွဲထုတ်လို့မရနိုင်ခဲ့ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသားဟာ ဒီဝမ်နျဉ်ခရိုင်ရဲ့အုပ်ချုပ်ရေးအောက်မှာ နေခဲ့တာပေါ့”
“ဟုတ်ပါတယ်”
နင်ကျန်းက ပြောလိုက်၏။ “တရားရုံးအရာရှိနာမည်က ဝမ်ကွက်တဲ့။ သူက ကျင်းမူကုန်းကို လွှတ်ပေးဖို့ အစီအစဉ်မရှိဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသားက အနိုင်ကျင့်ခံခဲ့ရတာပေါ့”
ရုတ်တရက် နင်ကျန်း၏မျက်နှာတစ်ခုလုံးက နီရဲသွားခဲ့လေ၏။ သူ အိမ်ထဲတွင်သာ နေထိုင်ခဲ့ပြီး အပြင်မှလူများနှင့် ပြောဆိုဆက်ဆံခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တခြားသောသူများ၏ မျက်နှာများကို ကြည့်ရှုရသည်ကို မနှစ်မြို့သောကြောင့်ပင်။
ယနေ့ခံစားရသည့် အရှက်တရားသည် တကယ့်ကို ခွင့်လွှတ်ပေး၍ ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ ဝမ်နျဉ်ခရိုင်၏ အရာရှိလေးတစ်ယောက်ကပင်လျှင် သူ၏မျက်နှာကို ပိတ်ရိုက်ခဲ့သည် မဟုတ်ပါလား။
ပဉ္စမမင်းသားနင်ကျန်းက ပြောလိုက်သည်။ “ကျုပ် အရှက်ခွဲခံရတာကို ဂရုမစိုက်ပါဘူး။ အဓိကသော့ချက် အားဖြင့် ဒီကိစ္စကနေ ဘယ်လိုမျိုး ဖောက်ထွက်ရမလဲဆိုတာပဲ။ အဖေက ဦးရီးတော်ကို နယ်စားရာထူး ပေးဖို့အတွက် စီစဉ်နေပြီ။ ဒီလိုအရေးအကြောင်းကိစ္စရပ်မျိုးထဲမှာ ကျင်းမူကုန်းက ပြဿနာရှာခဲ့တယ် ဆိုတော့ ဘွဲ့ထူးပေးဖို့ကိစ္စရပ်က နှောင့်နှေးသွားနိုင်လိမ့်မယ်”
ဒေါသထွက်၊ ကြောက်ရွံ့သည့် အချိန်တိုင်းတွင် နင်ကျန်းသည် အံကိုကြိတ်ထားတတ်၏။ ယခုလည်း တကျွီကျွီ မြည်လို့နေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ကျုပ် စဉ်းစားကြည့်ပါအုံးမယ်။ မနက်ဖြန် မနက်ခင်းမှာ နန်းတော် တစ်ခုလုံး တိုင်စာတွေ ပြည့်နှက်နေလိမ့်မယ်။ ကျင်းမိသားစုနဲ့ပတ်သက်တဲ့ တိုင်စာမျိုးတွေပေါ့။ တစ်စုံတစ်ယောက်အနေနဲ့ ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ သူတို့က ကျုပ်တို့မိသားစု နယ်စားရာထူးရမှာကို နှစ်မြို့ခြင်း မရှိဘူး”
နင်ကျန်းက ပြောလိုက်၏။ “ဒါဆိုရင် ပြိုင်ဘက်ကတော့ တကယ်ကို ဆိုးဝါးတဲ့လူတွေပဲ ဖြစ်ရမယ်”
“မဟုတ်ဘူး။ ကျုပ် ဒီလိုမထင်ဘူး”
ရှမ့်လန်က ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ရန်သူဆိုမှတော့ မဆိုးယုတ်ဘဲ ဘယ်ရှိမှာလဲ။ ဒီကိစ္စက စုကလန် လုပ်တာပဲနေမယ်။ သူတို့ရဲ့ လက်စားချေမှုက တကယ့်ကို မြန်ဆန်လွန်းတယ်”
နင်ကျန်းက ပြောလိုက်သည်။ “အချိန်က အရမ်းကို ကျပ်နေပြီ။ နေမထွက်ခင်မှာ ဒီကိစ္စကို ဖြေရှင်းပြီးသား ဖြစ်ရမယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
မှန်ပေ၏။ ဤကိစ္စ၏ခက်ခဲမှုသည် ကျင်းမူကုန်းကို ကယ်တင်ရုံလောက် မဟုတ်ခဲ့ချေ။ မိသားစုတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်းနှင့် ဆင်တူ၏။ ပြောရမည်ဆိုလျှင် ရှိရှိသမျှသော အရာရှိများ၊ ဝန်ကြီးများတို့သည် ကျင်းမိသားစုကို ချောက်ချရန် ပြင်ဆင်လျက်ရှိနေကြ၏။
ထို့အပြင် တစ်ဖက်လူများက သေသေချာချာလည်း ပြင်ဆင်ထားခဲ့ကြသည်။
ကျင်းမူကုန်းကို ဖမ်းဆီးပြီးပြီးချင်းမှာပဲ တိုင်စာများကို ကြိုတင်ကာ ရေးသားပြီး ဖြစ်နေကြ၏။ မနက်ခင်းတွင် ကျိန်းသေပေါက် လူပေါင်းများစွာတို့၏ အသံက ညီလာခံအတွင်း ပျံ့နှံ့နေပေမည်။ လူပေါင်းများစွာတို့၏ တံတွေးခွက်ထဲတွင် ရွှမ်ဝူအိမ်တော်က မျောရပေတော့မည်။ ကျင်းမူကုန်းကလည်း ဂုဏ်သိက္ခာတရားကို ဆုံးရှုံးမှာ ဖြစ်၏။
ရှမ့်လန်သည် တံတွေးခွက်ထဲမှ လွတ်မြောက်အောင် မပြုလုပ်နိုင်ဘူးဆိုပါက အရာအားလုံးသောသူများကို တံတွေးခွက်ထဲသို့ ဆွဲချသွားရန် စဉ်းစားခဲ့၏။ မထင်မှတ်သည့် ကိစ္စရပ်များမဖြစ်ခဲ့ပါက မနက်ဖြန် မနက်ခင်း ကျင်းမိသားစု၏ ခြံဝန်းရှေ့တွင် လူများနှင့်ပြည့်နှက်နေမှာ သေချာသည်။