အပိုင်း (၂၇၁)
Vol. 20 Ch. 271
သို့ဖြင့် ဝမ်ကွက်သည် အစိုးရ ရုံးဝန်ထမ်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး သူ၏ ထိုင်ခုံ၌ သွားရောက်ကာထိုင်၏။ ရုံးဝန်ထမ်းပေါင်းများစွာတို့သည် ချက်ချင်း ရောက်ရှိလာကာဖြင့် ရုံးဖွင့်ခဲ့ကြ၏။ တကယ့်ကို ကြီးမားသည့် မြင်ကွင်းကြီးပင် ဖြစ်၏။ လူပေါင်းတစ်ရာကျော်ခန့်ရှိပြီး ခရိုင်၏ရုံးတော်တစ်ခုလုံးပင်လျှင် လူများနှင့် ပြည့်နှက်သွားခဲ့၏။
အံ့အားသင့်စရာကောင်းလှချေ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများကလည်း မိုးထိသို့ ထိုးတက်လုမတတ်ပင်။
တရားရုံးသည် တရားဝင် စတင်ဖွင့်လှစ်တော့မည် ဖြစ်၏။ ရှမ့်လန်နှင့် မင်းသမီးနင်ယန်တို့သည် တရားရုံး၏ အရှိန်အဝါကြောင့် နောက်ပြန်ဆုတ်သွားဖို့ပင် စဉ်းစားကြပေလိမ့်မည်။ ထို့ကြောင့် သူ အကောင်းဆုံးအစွမ်းပြဖို့ စဉ်းစားထားသည်။
“ရှမ့်လန်... တရားရုံးကို လာပြီး ဘယ်သူ့ကို တရားစွဲချင်တာလဲ” နင်ယန်က မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ပြောပြရမှာပါ့။ ဒါနဲ့ အရှင်မင်းသမီး ပြန်လို့ရပါပြီ”
နင်ယန်က ပြောလိုက်၏။ “ကောင်းပြီ။ သက်သေ မရှိဘူးဆိုရင်တော့ မင်းအနေနဲ့ ဒီကိစ္စကို ပြောင်းပြန်လှန်ပစ်လို့ လွယ်မှာမဟုတ်ဘူး။ ဒီကိစ္စက လွယ်တဲ့ကိစ္စရပ် မဟုတ်ဘူး။ အငိုက်မိသွားနိုင်တယ်။ ဖင်ပိတ်ပြီး ပြန်ပြေးရမယ့် အခြေအနေမျိုး မဖြစ်စေနဲ့။”
ရှမ့်လန်က ဆွံ့အသွားခဲ့၏။ ဤမုဆိုးမသည် တကယ့်ကို အံ့အားသင့်စရာကောင်းလှချေ၏။ သူ့ထက်ပင် ညစ်ညမ်းသည့် စကားလုံးကို ပြောဆိုတတ်သေးသည်။
“ကောင်းပြီ။ အရာကိစ္စအားလုံးကို ကျုပ်တာဝန်ထားလိုက်တော့”
ရှမ့်လန်က ပြောလိုက်၏။ “သိုင်းပညာဆိုတာ အပြင်ဘက်လောကမှာပဲ အရေးကြီးတာ။ တရားရုံးထဲမှာတော့ အရေးမကြီးဘူး။ ကျုပ်ဘာသာ ဖြေရှင်းနိုင်တယ်။ ခင်ဗျားလည်း လုပ်စရာရှိတာ လုပ်တော့။ ဒီတော့ ကျုပ် ခင်ဗျားကို ဒုက္ခပေးရပါအုံးမယ်”
အရှင်မင်းသမီးကျားမသည် ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုနှက်ကာပြောလိုက်သည်။ “ပြဿနာမရှိဘူး။ ငါက ကျိန်းသေပေါက် သစ္စာရှိတဲ့ လူတစ်ယောက်ပဲ။ မင်း ငါ့ကို ပျောက်ကင်းအောင် ကုသပေးထားတယ်။ ဒီတော့ မင်းဘာကိုပဲလိုလို ငါ့ကိုပြောလိုက်။ ငါ မလုပ်ပေးနိုင်တဲ့အရာဆိုတာ ဒီနန်းမြို့တော်ထဲမှာ ဘာမှမရှိဘူး”
ပြီးနောက် မင်းသမီး ကျားမက ပြောလိုက်၏။ “ငါ အနည်းငယ် စိတ်လှုပ်ရှားနေတယ်ဆိုပေမဲ့ ဒီကိစ္စက ငါ့အတွက် ကောင်းမွန်တဲ့အရာတစ်ခုပဲ။ ပြီးတော့ ဒီကိစ္စကကြီးတယ်။ ဒီကိစ္စက အရမ်း အရမ်းကိုကြီးလွန်းတယ်။ ကောင်းကင်ကြီးကို ထိုးဖောက်လုမတတ် ကြီးလွန်းတယ်။ မင်း ... မင်းဒီလိုလုပ်ချင်တယ်ဆိုတာ သေချာလား”
“ဟုတ်တယ်.. ကောင်းကင်ကိုထိုးထွင်းလုမတတ် ဖြစ်သွားမှ ကိစ္စက အရေးကြီးလာမှာပေါ့။ ကျုပ် အာမခံတယ်။ ဒီလိုလုပ်တဲ့အတွက် ဘုရင်မင်းမြတ်က ခင်ဗျားကို ကျိန်းသေပေါက် ဂုဏ်ပြုချီးကျူးလိမ့်မယ်။ မင်းသမီးနင်ယန် ... ခင်ဗျားက အစောကြီးကတည်းက သတ္တိရှိပြီးသား လူတစ်ယောက်ပါ။ ဒီကိစ္စကိုလုပ်ဖို့ ကြောက်ရွံ့နေတယ် လို့တော့ ကျုပ်ကို မပြောနဲ့နော်”
နင်ယန်သည် ဒေါသထွက်သွား၏။ ပြီးနောက် သူ၏ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုနှက်ကာ ပြောလိုက်သည်။ “ပေါက်ကရတွေ.. နန်းမြို့တော်မှာ ငါမလုပ်ရဲတဲ့အရာဆိုတာ ဘာမှမရှိဘူး”
သူမသည် အချိန်တိုင်း၊ အချိန်တိုင်း ရှမ့်လန်၏ရင်ဘတ်ကို တဘုန်းဘုန်းထုနှက်ကာ စကားပြောဆိုလျက်ရှိ၏။ ရှမ့်လန်သည် ကြီးမားလွန်းသော သံတုတ်ကြီးနှင့် အရိုက်နှက်ခံနေရသကဲ့သို့ပင် ခံစားနေမိ၏။ အမြင်အာရုံများသည် မှောင်မိုက်လျက်ရှိပြီး မိုက်ခနဲ ၊ မိုက်ခနဲဖြစ်ကာ မကြာခင် မူးဝေလဲကျလုမတတ်ပင်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုလည်း လုပ်ကြတာပေါ့။ ကောင်းကင်ကိုထိုးဖောက်တဲ့အထိ လုပ်ကြရအောင်။ ဘယ်လောက်ထိ ခင်ဗျားအားကောင်းတယ်ဆိုတာကို အားလုံးသောသူတွေ သိအောင်လုပ်ရမယ် ... မင်းသမီး နင်ယန်”
မင်းသမီးနင်ယန်၏ သွေးများက ဆူပွက်လာခဲ့၏။ မူလအားဖြင့် သူမသည် ပြဿနာရှာတတ်သူဖြစ်သည်။ ဤကဲ့သို့ ကိစ္စကြီးမျိုးကို မပြုလုပ်ခဲ့ဖူးချေ။ ကျိန်းသေပေါက် ကောင်းမွန်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
“အင်း... မင်းက ရုံးတော်ထဲ ဝင်ပြီး တိုက်ခိုက်တော့။ အပြင်ကကိစ္စတွေအားလုံး ငါ့တာဝန်ထားလိုက်” ကျားမသည် သူ၏ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုနှက်ပြန်၏။
နောက်ဆုံးမှာတော့ ရှမ့်လန်သည် မည်သို့မှအောင့်အီးသည်းခံ မနေနိုင်တော့တော့ချေ။ သူသည် သူမ၏ရင်ဘတ်ကို ပြန်ပုတ်ကာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ညီအစ်ကိုကောင်းပဲ”
“အင်း... ညီအစ်ကိုကောင်းတွေပဲ။”
“သွေးသောက်ညီအစ်ကိုတွေ” မင်းသမီးနင်ယန်၏ ရင်ဘတ်ကို အသာ ပုတ်လိုက်ချိန်မှာတော့ ရှမ့်လန်၏ မျက်နှာတစ်ခုလုံးသည် ဂုဏ်သိက္ခာသမာဓိနှင့် ပြည့်စုံသည့်လူတစ်ယောက်ကဲ့သို့ပင်။ တခြားသော ရမ္မက်ဆန္ဒဟူ၍ တစ်ချက်ကလေးမှ မရှိသည့်ပုံပင်။
နင်ယန်သည်လည်း ရှမ့်လန်၏ရင်ဘတ်ကို အသာပုတ်ကာဖြင့် သွေးသောက်ညီအစ်ကိုများဖြစ်ကြောင်း သက်သေပြလိုက်၏။ “ဘုတ်”
“အင့်”
ရှမ့်လန်သည် သွေးပင် အန်ထွက်လုမတတ် ဖြစ်သွားခဲ့၏။ မင်းသမီးနင်ယန်၏ လက်ချက်က ပြင်းထန်လှသည်။
သို့နောက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို ပြုလုပ်ရန် မင်းသမီးနင်ယန်က ထွက်ခွာသွားခဲ့၏။ မနက်ဖြန် မနက်ခင်းတွင် အားလုံးသောသူတို့သည် တုန်လှုပ်ခြောက်ခြားကြမှာ သေချာ၏။ သူမ နင်ယန်သည် ကျိန်းသေပေါက် ပြဿနာရှာသည့်အရာကိုသာ ပြုလုပ်တတ်သည့် မိန်းမတစ်ယောက် မဟုတ်ချေ။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှမ့်လန်သည် သူမ၏ရင်ဘတ်ကို လက်နှင့်အသာပုတ်ခဲ့ကြောင်း ပြန်လည်ကာ သတိရသွားမိ၏။ လက်သီးနှင့် ထိုးနှက်ခြင်း မဟုတ်ချေ။ လက်ဝါးနှင့် အသာပုတ်ခဲ့ခြင်း ဖြစ်၏။
ဘာကိုဆိုလိုသနည်း။ သူမကို အသားယူခဲ့လေသည်လား။ သူသည် တစ်ဖက်လူကို သွေးသောက်ညီအစ်ကိုအဖြစ် သတ်မှတ်ခဲ့၏။ တစ်ဖက်လူသည် သူနှင့်အိပ်စက်ချင်စိတ်များ ရှိနေသည်လား။ မဟုတ်သေးပေ။
“မဟုတ်သေးဘူး။ အဲလိုဆိုရင် ငါ သူ့ကိုသတ်ပစ်ရမယ်”
...............
တရားရုံးတော်အတွင်းမှာတော့ ...
“ဝယ်...... ဝူ.....”
လူပေါင်းတစ်ဒါဇင်ကျော်တို့က အော်ဟစ်လိုက်၏။ ပြီးနောက် တုတ်များနှင့်မြေပြင်ပေါ်သို့ တဘုန်းဘုန်းနှင့် ထုနှက်လျက်ရှိနေ၏။ ရုံးတော်၏ အပြင်ဘက်တွင်တော့ ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် စစ်သည်များသည် လက်နက်များကို ကိုင်စွဲကာဖြင့် စုရုံးကာ ရောက်ရှိလာခဲ့ပြီး စောင့်ကြပ်နေခဲ့၏။ ဤနေရာတစ်ခုလုံးသည် တကယ့်ကို လေးနက်သွားခဲ့ပြီး တကယ့် ရုံးအမှုကို စစ်ဆေးတော့မည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။
တရားရုံးအရာရှိ ဝမ်ကွက်သည် စားပွဲခုံကို ထုနှက်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဘယ်သူလဲ။ ဘယ်သူလာပြီး တရားစွဲချင်တာလဲ”
ယုဖန်၏ မျက်နှာတစ်ခုလုံးသည် အငြှိုးအတေးများနှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် ရုတ်တရက် ဒူးထောက်ထိုင်ချပြီး မှားယွင်းမိပါကြောင်း ထကာ ပြောဆိုလုမတတ်ပင် ဖြစ်သွားမိ၏။ သို့ပေမည့် တခြားသော လူတစ်ယောက်သည် သူ့ထက်ပိုမိုကာ မြန်ဆန်၏။
ရှမ့်လန်သည် တိုက်ရိုက်ဆိုသလိုပဲ ဝင်ရောက်လာကာ ပြောလိုက်သည်။ “ကျုပ်တို့ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူ ကျင်းမူကုန်းကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မိန်းကလေးချန်းကို တရားစွဲဆိုချင်ပါတယ်။ ကျုပ်ရဲ့ညီငယ်လေး ကျင်းမူကုန်းက ချောမောပြီး ချစ်ဖို့ကောင်းသူ တစ်ယောက်ပါ။ ကျင်းမူကုန်း အရက်မူးနေတာကို မြင်တော့ သူမက ဘယ်လိုမှ မနေနိုင်ခဲ့ဘူး။ ရှိတဲ့အဝတ်အစားတွေကို ချွတ်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။
ပြီးတော့ ကျုပ်ညီငယ်လေးရဲ့ ၁၈ နှစ်နီးနီး ထိန်းသိမ်းခဲ့တဲ့ လူပျိုဘဝကို ဖျက်ဆီးခဲ့တယ်။ အခု ကျုပ်ရဲ့ညီငယ်လေးက သူ့ရဲ့မိသားစုရတနာလေး နာကျင်လွန်းအားကြီးလို့ သနားစဖွယ် အော်ဟစ်နေရပါပြီ။ ဒါကြီးမားတဲ့ အရှက်တရားပါပဲ။ ဒီလိုကိစ္စရပ်မျိုးက ကြားလို့၊ မြင်လို့တောင် မကောင်းပါဘူး။ ဒီမိန်းမက ဆိုးယုတ်တဲ့ မိန်းမတစ်ယောက်ပဲ။ ဆရာကြီးတို့ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါအုံး။ ကျုပ်ရဲ့ညီငယ်လေး ကျင်းမူကုန်း အတွက် တရားမျှတမှု ရှာဖွေပေးကြပါ”
အားလုံးသောသူတို့သည် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏။
ရုံးတော်ကြီးတစ်ခုလုံးကလည်း ဤကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“သောက်ကျိုးနည်း... ဘယ်လိုကနေ ဘယ်လို ဒီလိုအခြေအနေ ဖြစ်သွားတာလဲ”
……
ကျင်းမူကုန်းသည် သံသယ တရားခံတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် မြို့စားအိမ်တော်၏ ဆက်ခံသူ တစ်ယောက် ဖြစ်သောကြောင့် ဒူးထောက်ရန် မလိုအပ်ချေ။ ပထမဦးဆုံးအကြိမ် ရှမ့်လန်ကို ပြန်တွေ့ရချိန်မှာတော့ သူ၏မျက်လုံးထဲတွင် မျက်ရည်များဖြင့် ရစ်သိုင်းလာခဲ့၏။ မျက်နှာသွင်ပြင် တစ်ခုလုံးကလည်း ငိုချင်စိတ်ပေါက်နေ၏။ တစ်စုံတစ်ခု မှားယွင်းသည့်အရာကို ပြုလုပ်ထားသော ဟက်စကီး ခွေးလေးတစ်ကောင် ကဲ့သို့ပင်။
မဟုတ်ပေ။ ဟက်စကီးခွေးလေး မဟုတ်ပေ။ အလွန်ဝသော ဂိုးဒင်းရီထရိုက်ဗာခွေးလေးပင် ဖြစ်ပေလိမ့်မည်။ ဟက်စကီးခွေး သည် တကယ်ကို ညံ့ဖျင်းလွန်း၏။ ထို့ကြောင့် တစ်စုံတစ်ခုကို ဖျက်ဆီးမိလျှင်တောင် တစ်ချက်ကလေးမှ နောင်တရစိတ် ဖြစ်မည်မဟုတ်ချေ။
ထပ်ပြောရမည်ဆိုလျှင် ဝတုတ်၏ မျက်လုံးထဲတွင် စိတ်အား တက်ကြွမှု၊ အလုံးစုံ အားကိုးမှု စသည့်အရာများ ပေါ်ပေါက်လာခဲ့၏။ သူ့ကိုကြည့်ရသည်မှာ ပိုင်ရှင်၏ အိမ်ဆီသို့ နောက်တစ်ကြိမ် ပြန်လည်ကာ ရောက်ရှိလာခဲ့သည့် စွန့်ပစ်ခံခဲ့ရသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပင် ဆင်တူ၏။
ကျင်းမူကုန်းသည် ယနေ့အချိန်တွင် အနည်းငယ်ပိုမိုကာ ရင့်ကျက်လာခဲ့ပြီ ဖြစ်၏။ ပထမဦးဆုံးအကြိမ်အနေနှင့် သူသည် ဆယ့်ရှစ်နှစ်ကျော်ထိန်းသိမ်းခဲ့ရသော သူ၏ လူပျိုဘဝကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ ဟုတ်ပေ၏။ သူ ထိုအရာကို နှမျောသတမဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် အလွန်ကောင်းမွန်သည့် ခံစားချက်ကို ခံစားခဲ့ရ သောကြောင့်ပင်။
သူ၏ အချိန်အတော်ကြာ ထိန်းသိမ်းထားခဲ့ရသည့် ဤသောက်တလွဲ လူပျိုရည်ကို ကျိန်းသေပေါက် နှုတ်ဆက်ချင်စိတ် သူ့၌ ရှိခဲ့၏။ သို့ပေမည့် အခွင့်အရေးကို ရှာဖွေမတွေ့ရှိခဲ့ချေ။ မိသားစု၏ စည်းမျဉ်း စည်းကမ်းကလည်း တကယ်ကို တင်းကျပ်လွန်း၏။ မိသားစု၏ အိမ်စေများကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် ခွင့်မပြုထားချေ။
တခြားသောသူများ ရယ်မောလှောင်ပြောင်မည်ကို ကြောက်ရွံ့သောကြောင့် ကျင်းမူကုန်းသည် အရာအားလုံးကို ထိန်းချုပ်ထားခဲ့ရ၏။ မဟုတ်ပါက ကျင်းမူကုန်းသည် ရှောင်ပင်းကို ကြိုးစားမိမှာ သေချာ၏။
ဟုတ်ပေ၏။ သူသည် အဝေးမှ သဘောကျနေခြင်း ဖြစ်၏။ တခြားသော ထူးထူးခြားခြား ခံစားချက်မျိုးတော့ မဟုတ်ချေ။ အဆုံးသတ်မှာတော့ ရှောင်ပင်းသည် ရှမ့်လန်၏မိန်းမ ဖြစ်လာခဲ့၏။ သူမက အလုံးစုံ ပြောင်းလဲသွားခဲ့ပြီး သူ၏နှလုံးသားတွင် ရှိခဲ့သည့် သန့်စင်သည့်မိန်းကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင် အကုန်လုံးက ပျက်စီးသွားခဲ့သည်။
သူသည် အစေခံများကိုလည်း ထိခိုက်နာကျင်အောင် ပြုလုပ်၍မရချေ။ ထို့အတူ သူနှင့် စေ့စပ်ထားသည့် မိန်းကလေးကလည်း စေ့စပ်ပွဲအား ဖျက်သိမ်းသွားခဲ့၏။ သူ၏ မိသားစုတစ်စုလုံးကလည်း အလုပ်များလျက်ရှိ၏။ ထို့ကြောင့် သူ့အား မိန်းမရှာဖွေပေးရန် အချိန်မရှိခဲ့ချေ။
ကျင်းမူကုန်းသည် ဤကိစ္စကိုဖြေရှင်းရန်အတွက် ဆောင်ကြာမြိုင်ဆီသို့ တိတ်တဆိတ်သွားရန်ပင် စဉ်းစားခဲ့၏။ သို့ပေမည့် သူ မလုပ်ခဲ့ချေ။ နန်းမြို့တော်ဆီသို့ရောက်ရှိလာခဲ့ပြီးနောက် သူ ထိုကိစ္စကိုလည်း ထိန်းချုပ်ထားခဲ့၏။ ထို့အတူ ယောက်ဖသည် သူ့ကို ဆောင်ကြာမြိုင် မသွားရန်တားဆီးထားခဲ့၏။ ထို့ကြောင့် သူ မသွားခဲ့ပေ။
သူ၏ ပထမဦးဆုံးအကြိမ်သည် ဤကဲ့သို့သော နည်းလမ်းမျိုးနှင့် ပျက်စီးသွားလိမ့်မည်ဟု သူမထင်ခဲ့ချေ။ အနည်းငယ် နာကျင်စရာ ဖြစ်ခဲ့သော်လည်း ဆိုးရွားသည့်အရာ မဟုတ်ချေ။ အနည်းဆုံးအားဖြင့် ကောင်းမွန်သည့် ခံစားချက်မျိုးကို ရရှိခဲ့၏။
သို့ပေမည့် ယုဖန်၏ အစီအစဉ်ချ အကွက်ရိုက်ခြင်းသည် ကျင်းမူကုန်း၏ နှလုံးသားတစ်ခုလုံးကို နာကျင်စေခဲ့၏။ အဘယ်ကြောင့် ဤမျှဆိုးယုတ်ပြီး ကောက်ကျစ်ရသနည်း။ သူသည် မိတ်ဆွေရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့၏။ သို့ပေမည့် အဘယ်ကြောင့် သူ့ကို ဤသို့နာကျင်အောင် ဒုက္ခပေးရသနည်း။ ထို့အပြင် မိန်းမတစ်ယောက်လုံးကို သူ၏အခန်းထဲသို့ ထိုးထည့်ရလောက်သည်အထိ အဘယ်သို့ စိတ်ဆန္ဒများက ရှိခဲ့ရသနည်း။ မည်သို့သော လောဘတရားများကို အမိုက်မှောင်ကို ဖုံးစေသနည်း။ ထိုသူနှင့် သားရဲတိရစ္ဆာန် ဘာများကွာခြားတော့မည်နည်း။
ထိုအချိန်မှာတော့ ကျင်းမူကုန်းသည် ကြောက်ရွံ့မှုကို မခံစားရချေ။ အပြစ်မကင်းစင်သလို ခံစားရခြင်းသာလျှင် အနည်းငယ် ရှိ၏။ သို့ပေမည့် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲရောက်ရှိစဉ်က သူ တကယ်ပဲ ကြောက်လန့် ခဲ့၏။ သူသည် ကလေးဘဝကတည်းက အိမ်မှ ထွက်ခွာဖူးသူတစ်ယောက် မဟုတ်ချေ။ မိဘများ၏ ကာကွယ်ပေးမှု အောက်တွင် အစဉ်အမြဲ နေထိုင်ခဲ့သူတစ်ယောက် ဖြစ်သည်။
ဟုတ်ပေ၏။ ယောက်ဖ သူ၏အိမ်ဆီသို့ မရောက်လာခင်က သူသည် နေ့စဉ်နှင့်အမျှ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမည့် ဤအရာသည် ချစ်ခင်မြတ်နိုးခြင်း၏ အရိပ်သင်္ကေတ လက္ခဏာတစ်ခုပင်ဖြစ်၏။ များများချစ်လေ၊ များများရိုက်လေဟူသည့် စကားပင်ရှိသည် မဟုတ်ပါလား။
မိဘများ သူ့ကိုမရိုက်ပင်လျှင် သူ သဘောမကျသလို ခံစားမိ၏။ မြို့တော်ဆီသို့ ရောက်လာသည့်အချိန် အတောအတွင်းတွင် သူ၏မိဘများ သူ့ကို ရိုက်နှက်နေသည်ဟူ၍ အိပ်မက်ပင် မက်ခဲ့၏။ ထို့အပြင် ထိုအရာသည် အလွန်လှပသည့် အိပ်မက်တစ်ခုလည်း ဖြစ်၏။ အိပ်မက်ဆိုး မဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ သူသည် တစ်စုံတစ်ယောက်၏ အကွက်ချခြင်းကိုခံခဲ့ရပြီး ထောင်ထဲသို့ ရောက်ရှိနေ၏။ သူသည် သတ်ဖြတ်ခံရလုနီးပါး ဖြစ်နေသည့် ခပ်ဝဝ ခွေးလေးတစ်ကောင် ကဲ့သို့ပင် ဖြစ်၏။ အဆင်မပြေမှု၊ ကြောက်လန့်မှု၊ ထိုအရာများကို အလုံးစုံ ခံစားနေရ၏။ သို့ပေမည့် သူသည် ငိုရှိုက်ပြီး မျက်ရည်ကျခြင်းကိုသာလျှင် တတ်နိုင်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူ တစ်ယောက် ဖြစ်၏။ သူသည် ကြောက်လန့်လို့နေခဲ့၏။ သို့ပေမည့် အားနည်းမှုကို ပြသ၍ မဖြစ်ချေ။
အကျဉ်းထောင်ထဲ စတင်ရောက်ရှိစဉ်က ကျင်းမူကုန်းသည် နန်းမြို့တော်သို့ သူ၏ ယောက်ဖ ရောက်ရှိနေကြောင်း မသိရှိချေ။ ထို့အပြင် သူ၏ အသက်သွေး ရတနာလေးကလည်း ဒဏ်ရာ ရရှိခဲ့သည်။ ထို့ကြောင့် ဆက်တိုက်ဆိုသလိုပဲ စိတ်ထဲမှ ဆုတောင်းနေမိသည်။ “ယောက်ဖ၊ ကျုပ်ကို လာကယ်ပါအုံး။ ယောက်ဖ... မဟုတ်ဘူး။ ငါငိုလို့မဖြစ်ဘူး။ ငါက ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူတစ်ယောက်ပဲ။ အဆုံးထိ ငါတိုက်ခိုက်ရမယ်”
ပြီးနောက်သူသည် တရားရုံးသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရ၏။ အပြင်ဘက်ဆီမှ အော်သံများ ဝယ်.. ဝူး စသဖြင့် အသံများနှင့်အတူ တုတ်ချောင်းများဖြင့် တဒုန်းဒုန်းနှင့်ရိုက်နှက်သံများကိုကြားရချိန်မှာတော့ သူသည် ကြောက်လန့်တကြားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။
ဤတုတ်သည် သူ့အား နောက်ပိုင်း၌ ရိုက်နှက်မည့်အရာမျိုး ဖြစ်သည်။ ထို့အပြင် သူ၏မိဘများ ရိုက်နှက်သကဲ့သို့ အရမ်းမနာအောင် ရိုက်နှက်ခြင်းလည်း မဟုတ်ချေ။ ထို့အပြင် သူတို့အားလုံးသည် ရန်သူများ ဖြစ်၏။ ထို့ကြောင့် အစစ်အမှန် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်နှုန်းမျိုးနှင့် ရိုက်နှက်မှာသေချာသည်။
ထို့ကြောင့် ကျင်းမူကုန်းသည် ပိုမိုကာ ကြောက်လန့်ပြီး အဆင်မပြေသလို ခံစားရ၏။ သို့ပေမည့် သူ မထင်မှတ်ထားခဲ့ချေ။ သူ၏ယောက်ဖက ရောက်ရှိလာခဲ့၏။ ကောင်းကင်ပေါ်မှ ဆင်းသက်လာသူ တစ်ယောက်ကဲ့သို့ပင်။ ကြည့်ရသည်မှာ သူ၏ဆုတောင်းက အလုပ်ဖြစ်ခဲ့ပုံပေါ်၏။
ခေါင်းကိုမော့ကာဖြင့် ရင်းနှီးနေသော သူ့ယောက်ဖ၏ ပုံပန်းသွင်ပြင်ကို လှမ်းကာကြည့်ရှုရင်း ကျင်းမူကုန်း၏ နှလုံးသားတစ်ခုလုံးက တည်ငြိမ်သွားခဲ့၏။ ခဏအတွင်းမှာပဲ သူသည် အလွန်အားကောင်းသည့် အကာအကွယ်တစ်ခု၏ အောက်သို့ ရောက်ရှိသွားသလို ခံစားနေမိ၏။ ခန္ဓာကိုယ်ထဲ၌ ရှိနေသော ကြောက်ရွံ့မှု အားလုံးတို့သည် ရုတ်တရက် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
ရှမ့်လန်သည် အလွန်လေးနက်တည်ကြည်ပြီး ဂုဏ်သိက္ခာကြီးမားသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးနှင့် ပြောဆိုလိုက်၏။ “ဒီကိစ္စကို ဒီအတိုင်း လွတ်ပေးလို့မဖြစ်ဘူး။ ကျုပ်ရဲ့ညီငယ်လေး ကျင်းမူကုန်းက ဒီလိုမျိုး လူပျိုရည်ဘဝကို ဖျက်ဆီးခံလိုက်ရတာ အဓိပ္ပာယ် မရှိဘူး။ ဒီတော့ ဒီမိန်းကလေးချန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်”
ရှမ့်လန်၏စကားကို ကြားရသည့်အချိန်မှာတော့ အားလုံးသောသူတို့က ကြောင်အသွားခဲ့၏။ ထန်းဖန် စာအုပ်ဆိုင်၏ ယုဖန်ပင်လျှင် တုန်လှုပ်သွားခဲ့၏။ လောကကြီးတွင် အဓမ္မပြုကျင့်ခြင်းဆိုသည်မှာ အမျိုးသားက အမျိုးသမီးကို ပြုလုပ်ခြင်းသာရှိ၏။ အဘယ်သို့ အမျိုးသမီးက အမျိုးသားကို ပြုကျင့်ရမည်နည်း။ ထို့အပြင် ကျင်းမူကုန်းသည် ချောမောပြီး ချစ်ဖို့ကောင်းသည့် လူတစ်ယောက် ဖြစ်နေသည်လား။ သေချာပြန်ကြည့်သင့်သည်။
ခဏလောက်ကြာပြီးနောက် ထန်းဖန်စာအုပ်ဆိုင်၏ပိုင်ရှင် ယုဖန်က ပြောလိုက်၏။ “ရှမ့်…. ဒီလို အရည်မရ၊ အဖတ်မရ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာ အဓိပ္ပာယ်မရှိဘူး”
ပြီးနောက် သူသည် ရုတ်တရက် မြေပေါ်သို့ ဒူးထောက်ချကာဖြင့် ဝမ်းနည်းဆွေးမြေ့သည့်အသံဖြင့် အော်ဟစ် လိုက်သည်။ “တရားသူကြီး... ကျုပ် ကျင်းမူကုန်းရဲ့စာအုပ်အတွက် စိတ်ရောကိုယ်ပါ သေသေချာချာ အလုပ် လုပ်ပေးခဲ့ပါတယ်။ ကျုပ်ရဲ့ အမေအိုကြီးမွေးနေ့ပွဲမှာ တခြားသူတစ်ယောက်ကိုမှ မဖိတ်ခဲ့ဘူး။ သူ့ကိုပဲ ဖိတ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်မိန်းမက အရမ်းလှတယ်။ ဒါကြောင့် မွေးနေ့ပွဲလာရင်း ကျင်းမူကုန်းက ချက်ချင်း သဘောကျသွားတာ ဖြစ်လိမ့်မယ်”
“ကျုပ်က အများကြီး မတွေးခဲ့ဘူး။ သူ့ကို ငတုံးငအတစ်ကောင်လိုပဲ ထင်ခဲ့တာ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဝိုင်နှစ်ခွက်သောက် အရက်မူးနေပြီ။ ကျုပ်အိမ်မှာ နားချင်တယ်လို့ ပြောခဲ့တယ်။ ကျုပ်က အကောင်းဆုံးအခန်းမှာ ထားပြီး ကောင်းကောင်း အနားယူစေခဲ့တယ်။ အရက်မူးပြေအောင်ဆိုပြီး ကျုပ်မိန်းမကိုတောင်မှ စွပ်ပြုတ် ပြင်ဆင်ခိုင်းခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ထားခဲ့ဘူး။ ဒီခွေးကောင်က အရက်မူးချင်ယောင်ဆောင်ပြီး ကျုပ်မိန်းမကို အဓမ္မ ကျင့်ခဲ့တယ်။ ပြီးတော့ နှစ်နာရီကျော်အထိ တောက်လျှောက် အဓမ္မပြုကျင့်ခဲ့တာပဲ”