← Chapters

အပိုင်း (၂၇၂)

Vol. 20 Ch. 272

အပိုင်း (၂၇၂)

Vol. 20 Ch. 272

‘နှစ်နာရီကျော် ဟုတ်လား’

ဝတုတ်သည် တကယ်ကို အံ့အားသင့်စရာပင် ဖြစ်၏။ ‘ယောက်ဖ မင်းအတွက် ဂုဏ်ယူနေတယ်။ ဝတုတ်’

ဤအရာက အတုပင်ဖြစ်ပေလိမ့်မည်။ ဝတုတ်သည် ဤသို့ကြီးမားသည့် တိုက်ခိုက်ခြင်းအားအင် မည်သို့မှ ရှိလိမ့်မည် မဟုတ်ချေ။ မိနစ်သုံးဆယ်ကြာသည်ဆိုလျှင်ပင် အတုဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ... သူ ... ဆရာလန်သည်... ထားလိုက်တော့၊ ထားလိုက်တော့။ လမ်းလွဲသွားလေပြီ။

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “သူ နှစ်နာရီတိတိ အဓမ္မပြုကျင့်နေတာကို ဘယ်သူမှ မတားဆီးဘူးလား”

ယုဖန်က ပြောလိုက်၏။ “ကျုပ်ကလည်း အဲဒီအချိန်တုန်းက အရက်သောက် များသွားတယ်။ ဒါကြောင့် အိပ်ပျော်သွားခဲ့တယ်။ အိမ်မှာ ကျုပ်ရဲ့ နားမကြားတဲ့အမေအိုနဲ့ ကျုပ်ရဲ့ကလေးလေး နှစ်ယောက်ပဲ ရှိခဲ့တယ်။ ကျင်းမူကုန်း... ဒီသားရဲတိရစ္ဆာန်က ကျုပ်ရဲ့မိန်းမကို ခြိမ်းခြောက်ခဲ့တယ်လေ။ တကယ်လို့ ငြင်းဆန်တာမျိုး၊ အော်ဟစ်တာမျိုးလုပ်ရင် ကျုပ်ရဲ့ကလေးနှစ်ယောက်ကို သတ်ဖြတ်ပစ်မယ်တဲ့”

ကျင်းမူကုန်းက ချက်ချင်းပဲ ဒေါသထွက်သွားခဲ့၏။ သူ ယုဖန်၏ကလေးနှစ်ယောက်ကို ချစ်ခင်ခဲ့၏။ လက်ဆောင်များပေးခဲ့သည်သာမကပေ။ စာအိတ်နီများကိုပါ လက်ဆောင်အဖြစ် ပေးခဲ့သေး၏။ ထို့အပြင် ဤကလေးနှစ်ယောက်အား ခွေးလေးနှစ်ကောင် လက်ဆောင်ပေးမည်ဟုပင် ကတိပေးခဲ့သည်။

မိန်းကလေးချန်းသည် မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီး ငိုယိုကာပြောလိုက်၏။ “ဆရာတို့... ကျွန်မက တကယ့်ကို သန့်သန့်ရှင်းရှင်းနေခဲ့တာပါ။ တခြားယောက်ျားတစ်ယောက်ရဲ့ လက်ချောင်းတစ်ခုကိုတောင် ထိတွေ့ခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်က အခုအချိန်မှာ အဲဒီတိရစ္ဆာန်ရဲ့ အကြမ်းပတမ်း ပြုကျင့်ခြင်းကိုခံခဲ့ရတယ်။ ဒီအပြစ်ကင်းစင်တဲ့သူက လောကကြီးမှာထပ်ပြီးနေထိုင်ဖို့အတွက် ဂုဏ်သိက္ခာဆိုလို့ မရှိတော့ပါဘူး။ ဒီတော့ ဆရာတို့ကို တောင်းဆိုချင်ပါတယ်။ ကျွန်မကို တရားမျှတမှု ဆောင်ကြဉ်းပေးပါ။ ပြီးတော့ ဒီမိစ္ဆာလိုလူကို အပြစ်ပေးပေးပါ”

ရှမ့်လန်ကပြောလိုက်သည်။ “ကျင်းမူကုန်း... ဆရာဝမ်ကို ပြောလိုက်။ ပြီးတော့ ဒီမှာရှိတဲ့ လူအားလုံးကို သေချာ ရှင်းရှင်းလင်းလင်းပြောလိုက်။ ဒီမိန်းကလေးချန်းက မင်းအရက်မူးနေတာကို အခွင့်ကောင်းယူပြီး မင်းကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ အကြောင်း ... ”

ကျင်းမူကုန်းသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ပြီးနောက် အားတင်းကာ ပြောလိုက်၏။ “အမှန်ပါပဲ။ ကျုပ် အရက်နှစ်ခွက် သောက်ပြီးတဲ့အချိန်မှာ အသိစိတ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့တယ်။ မျက်လုံး ဖွင့်လိုက်တဲ့အချိန်မှာတော့ ကျုပ်ဒီမိန်းမနဲ့ အိပ်နေတာပဲ”

ထန်းဖန်စာအုပ်ဆိုင်၏ပိုင်ရှင် ယုဖန်က ပြောလိုက်သည်။ “တကယ်ကို ရယ်စရာ ကောင်းလိုက်တာကွာ။ ကျုပ်ရဲ့မိန်းမက မင်းကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောနေတာလား။ ဒီကိစ္စကို ကျုပ်တို့ ရှာတွေ့တဲ့ အချိန်တုန်းက မင်းက ကျုပ်မိန်းမရဲ့အပေါ်မှာ ရှိနေတာနော်”

ရှမ့်လန်က ပြောလိုက်၏။ “ကျင်းမူကုန်း.. မင်းနိုးထလာတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုး ရှိနေတာလဲ။ တကယ် သူမရဲ့အပေါ်ကို ရောက်နေတာလား”

ကျင်းမူကုန်းက ပြန်လည်ကာ စဉ်းစားလိုက်၏။ ဤသို့ဖြစ်မည်ပုံပင်။ ဟုတ်ပေ၏။ ဤသို့ပင် ဖြစ်၏။ ဤကဲ့သို့သော ပုံပန်းသွင်ပြင်သည် တစ်စုံတစ်ယောက်က ကြိုတင်ကာ ဖန်တီးထားခဲ့ခြင်းသာလျှင်ဖြစ်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီမိန်းမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုက မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာမျိုး စဉ်းစားမိလား။ သူ့ရဲ့လက်တို့၊ ခြေထောက်တို့”

ကျင်းမူကုန်းက ပြောလိုက်၏။ “အင်း.. ဒီမိန်းမရဲ့ခြေထောက်က ကျုပ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေပါတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကဲ... ခင်ဗျားကြားပြီလား။ ဒီမိန်းမက ကျုပ်ညီငယ်လေးရဲ့အပေါ်ကို ရောက်နေတာတဲ့”

ယုဖန်က ပြောလိုက်၏။ “ရှမ့်လန်... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ကျုပ်မိန်းမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရောက်နေတာ ကျင်းမူကုန်းပဲ”

ရှမ့်လန်ကပြောလိုက်သည်။ “ကျင်းမူကုန်းရဲ့ ခန္ဓာကိုယ်က ခန္ဓာကိုယ် ဟုတ်တယ်။ ဒါပေမယ့် ခင်ဗျားမိန်းမရဲ့ ခြေထောက်ကရော သူ့ရဲ့ ခန္ဓာကိုယ် မဟုတ်ဘူးလား။ ကျုပ်ရဲ့ညီငယ်လေးက ခင်ဗျားမိန်းမရဲ့ ခန္ဓာကိုယ်ပေါ်ကို ရှိနေတယ်လို့ ခင်ဗျားဘယ်လိုပြောနိုင်ရတာလဲ။ တစ်ယောက်နဲ့ တစ်ယောက် အတူတူပဲလေ။ နှစ်ယောက်စလုံးအပေါ်မှာ ရှိနေတယ်လို့ သတ်မှတ်ရမယ်”

ယုဖန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်မိန်းမကိုကြည့်လိုက်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက် တွေနဲ့ မနည်းရုန်းကန်ထားရတဲ့ ပုံပန်းသွင်ပြင်မျိုးပဲ။ ဒါအတင်းကို အဓမ္မပြုကျင့်ခံရပါတယ်ဆိုတဲ့ သက်သေပြချက်ပဲ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “မူကုန်း... မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရော ဒဏ်ရာဒဏ်ချက်တွေရှိလား”

ကျင်းမူကုန်းက ပြောလိုက်၏။ “ရှိတယ်။ ဒါပေမယ့် .. အဲနေရာ ..အဲနေရာမှာပဲ ရှိတယ်”

ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ကဲ၊ ကြည့်... အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ။ ဒီမိန်းကလေးချန်းက တကယ့်ကို ကြမ်းတမ်းတဲ့ မိန်းမတစ်ယောက်ပဲ။ ကျုပ်ညီငယ်လေးရဲ့ အသက်သွေး ရတနာကိုတောင်မှ ဒဏ်ရာရထိခိုက်အောင် လုပ်ခဲ့တယ်။ သွေးတောင်ထွက်နေပြီ။ ခင်ဗျား... ခင်ဗျား ဒီကိစ္စကို ဘယ်လိုများလုပ်လိုက်တာလဲ။ ခင်ဗျားသွားနဲ့များ ကိုက်လိုက်တာလား”

“သမားတော် ဘယ်မှာလဲ။ မြန်မြန်... ကျုပ်ညီငယ်လေးရဲ့ မိသားစုရတနာလေးကို သေသေချာချာ စစ်ဆေး ကြည့်ပေးအုံး။ ဘာဖြစ်သွားသေးလဲ။ အန္တရာယ်ရှိလားဆိုတာ ကြည့်ပေးအုံး။ ဒါက သက်သေတစ်ခုပဲ။ ဘယ်ယောက်ျားက ကိုယ့်ရဲ့အသက်သွေးရတနာကို ထိခိုက်နာကျင်အောင်လုပ်ပြီး တခြားမိန်းမတစ်ယောက်ကို အဓမ္မပြုကျင့်မှာလဲ”

သမားတော်များသည် အကူအညီမဲ့စွာဖြင့် ရောက်ရှိလာခဲ့ပြီး ကျင်းမူကုန်းကို သေသေချာချာ စစ်ဆေးရ၏။ ပြီးနောက် တကယ်ပဲ ဒဏ်ရာရရှိထားသည်ကို ရှာဖွေတွေ့ရှိခဲ့၏။

မိန်းကလေးချန်းသည် ထိုအရာကိုကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ဂုဏ်သိက္ခာတရားကြောင့် သတ်သေချင်စိတ်များပင် ပေါက်သွားခဲ့၏။ သူမသည် ရှမ့်လန်ကို လက်ညှိုးညွှန်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ဒီတိရိစ္ဆာန်က ကျွန်မကို အနိုင်ကျင့်စော်ကားခဲ့တယ်။ ကျွန်မ အသက် မရှင်ချင်တော့ဘူး။ ကျွန်မ လုံးဝ အသက်မရှင်ချင်တော့ဘူး”

ပြီးနောက်သူမသည် နဖူးနှင့် မြေပြင်ကို တဒိုင်းဒိုင်း တိုက်လိုက်၏။

“မိန်းမ... မလုပ်၊ မလုပ်ပါနဲ့” ယုဖန်သည် ရှေ့ဆီသို့ပြေးဝင်လာခဲ့ပြီး သူမကို တားဆီးသည်။

ရှမ့်လန်က ပိုမိုကာ မြန်ဆန်၏။ တိုက်ရိုက်ဆိုသလိုပင် ယုဖန်ကို တားဆီးထား၏။ “တိုက်ခိုင်းလိုက်စမ်းပါ။ တိုက်ပါလေ့စေ။ ကျုပ် ညီငယ်လေးရဲ့ အသက်သွေးရတနာကိုကိုက်တဲ့ မိန်းမ .. တိုက်ပါလေ့စေ”

“ချီးထဲမှ… ဒီခွေးကောင်၊ ဒီခွေးကောင်ကတော့” ယုဖန်သည် သူမကို မတားဆီးနိုင်ခဲ့ချေ။ မိန်းကလေးချန်း သည်လည်း မရပ်တန့်ခဲ့ချေ။ သူမသည် မြေပြင်နှင့်တဒိုင်းဒိုင်း တိုက်လျက် ရှိနေ၏။ သူမသည် သတိလစ် မေ့မြောလုမတတ် နာကျင်နေသည်။ သို့ပေမည့် တားဆီးရမည့်လူက ချုပ်ထားခြင်းကို ခံနေရသည်။

ရှမ့်လန်ကပြောလိုက်၏။ “အင်း.. ဆက်ပြီးတော့သာချ၊ ဆက်ပြီးတော့သာချ၊ အားကုန်သာချ။ သေချင်နေတာ မဟုတ်လား။ ဒီလောက် စိတ်ဆုံးဖြတ်ချက်တွေ ခိုင်မာနိုင်ပြီဆိုမှတော့ ဘာကို တွန့်ဆုတ်နေမှာလဲ။ ခေါင်းမှာ ဘုတစ်ဘုပဲ ရှိသေးတယ်။ ခင်ဗျားရဲ့ဘုကလည်း ခြင်ကိုက်လို့ဖြစ်တဲ့ ဘုလောက်ပဲရှိတာ။ ကိစ္စမရှိဘူး။ တိုက်အုံး”

ထိုအချိန်မှာတော့ တရားသူကြီးချုပ် ဝမ်ကွက်သည် ဒေါသတကြီးဖြင့်ပြောဆိုလိုက်သည်။ “ရှမ့်လန်.... အကျိုးအကြောင်းမဆီလျော်ဘဲနဲ့ တရားရုံးထဲ လာပြီး ဟိုအော်ဒီအော် လုပ်နေတယ်။ ဒါကျိန်းသေပေါက် နှောင့်ယှက်နေတာပဲ။ တစ်ယောက်ယောက် လာစမ်း၊ သူ့ကိုဆွဲထုတ်သွားလိုက်စမ်း”

“နေအုံး”

ပဉ္စမမင်းသားနင်ကျန်းသည် အထဲဆီသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “အခုရှမ့်လန်က ဆက်ခံသူ ကျင်းမူကုန်းရဲ့ ရှေ့နေတစ်ယောက်ပဲ။ သူ့မှာ ခုခံပြောဆိုပိုင်ခွင့်ရှိတယ်”

လူမြင်ကွင်းတွင် ဝမ်ကွက်အနေနှင့် နင်ကျန်းကို အနိုင်မကျင့်ရဲချေ။ အားလုံးသောသူတို့၏ မျက်လုံးရှေ့မှာတော့ သူ ဤအရာကို ပြုလုပ်၍ မဖြစ်နိုင်ချေ။ နင်ကျန်းသည် ဘုရင်မင်းမြတ်၏ သားတစ်ယောက် ဖြစ်နေသေး၏။ သူ နင်ကျန်းကိုသာ လူမြင်ကွင်းတွင် အရှက်ခွဲ၊ နှိမ့်ချသလို ဆက်ဆံသည်ဆိုပါက ဘုရင်မင်းမြတ်ကို နှိမ့်ချဆက်ဆံသည်နှင့် တူညီသွားမည် မဟုတ်ပါလား။

“အင်း... အရှင့်သားကို ဂါရဝပြုပါတယ်” ဝမ်ကွက်သည် ဦးကိုညွှတ်ကာဖြင့် နှုတ်ဆက်ရသည်။

ပြီးနောက် နင်ကျန်းသည် ထိုင်ခုံတစ်ခုကိုယူကာဖြင့် တရားရုံးတော်၏ဘေးတစ်ဖက် ညာဘက်ခြမ်း၌ အသာ ထိုင်လိုက်၏။ ပြီးနောက် ရှမ့်လန်ကို အားပေးထောက်ခံလျက်ရှိနေ၏။

ဤကိစ္စသည် တကယ့်ကို ရှက်ရွံ့စရာကောင်းသည့် ကိစ္စမျိုးဖြစ်သည်။ ဘုရင်မင်းမြတ်၏ သားတော်တစ်ယောက်အနေနှင့် ဤကဲ့သို့သော အမှုအခင်းမျိုးတွင် ဝင်ရောက်ထောက်ခံစရာ မရှိချေ။ တခြားသောမင်းသားများသာဆိုပါက သူတို့၏ လူယုံတော် တစ်ယောက်ယောက်ကို လွှတ်ကာဖြင့် ကူညီထောက်ပံ့ခြင်း ကိုသာ ပြုလုပ်မှာသေချာ၏။ ယခုကဲ့သို့ ကိုယ်တိုင်ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။

ယုဖန်က ပြောလိုက်၏။ “ရှမ့်လန်... ကျုပ်ရဲ့မိန်းမက ကျင်းမူကုန်းကို အဓမ္မပြုကျင့်တယ်လို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် ဘာကြောင့်လဲ။ ဒီ... ဒီဝတုတ်ကောင်က အရမ်းကိုဝပြီး ရုပ်ကလည်းဆိုးသေးတယ်။ ခင်ဗျားဆီမှာ ဒီလိုပြောဖို့ ဘယ်လိုအခွင့်အရေးမျိုး ရှိနေတာလဲ။ ဒါအဓိပ္ပာယ်မရှိဘူး”

ရှမ့်လန်ကပြောလိုက်သည်။ “ဘာလို့လဲဆိုတော့၊ အင်း.... ဘာလို့လဲဆိုတော့ ခင်ဗျားက သူ့ရဲ့မျိုးစေ့ကို ငှားချင်လို့ပဲ”

ပြီးနောက် ရှမ့်လန်သည် အလွန်ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီးကို ထုတ်ဖော်လိုက်ရသည့် လေသံမျိုးနှင့် ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး သိမှာမဟုတ်ဘူး။ ဒီယုဖန်က ကျန်းမာရေးကောင်းတဲ့လူ မဟုတ်ဘူး။ ဒါကြောင့် သူက ကလေးရနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်ရဲ့ညီငယ် ကျင်းမူကုန်းကတော့ နှစ်ပေါင်း တစ်ရာကျော်ရှိတဲ့ တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ပဲ။ ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူ တစ်ယောက် ... ဘယ်လောက် တော်ဝင်ဆန်လိုက်လဲ။ ဒီတော့ ကျုပ်ရဲ့ညီငယ်လေးကို အရက်မူးအောင်တိုက်၊ ပြီးတော့ သူ့ရဲ့မိန်းမကို အတူတူ အိပ်စေခဲ့တာပဲ။ အခွင့်အရေးကို အရယူပြီးတော့ ကျင်းမူကုန်းဆီကနေ သုတ်ပိုးမျိုးဆက်ယူမယ်။ ပြီးတော့ တော်ဝင်မျိုးနွယ် သွေးမျိုးဆက်ပိုင်ဆိုင်တဲ့ သားတစ်ယောက်ရဖို့ သူ ကြိုးစားခဲ့တာပဲ”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် အံ့အားသင့်သွားခဲ့၏။

‘ခင်ဗျား... ခင်ဗျားတကယ့်ကို အံ့အားသင့်စရာကောင်းတဲ့လူပဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးကိုတောင်မှ ခပ်တည်တည်နဲ့ ပြောဆိုရတာလဲ။ ဘယ်မှာလဲ ခင်ဗျားရဲ့ အရှက်တရား။’

ယုဖန်ကို ကြည့်ရသည်မှာ ခွေးအကြီး လှည်းနင်းသလိုပင်။ ဒေါသတကြီးဆဲချင်သော်လည်း တရားရုံးထဲတွင် ဖြစ်နေသောကြောင့် ပါးစပ်က ဘာမှန်းမသိသော အသံများကိုသာ ပြုလုပ်နိုင်သည်။ သူ၏မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက် ရှိနေ၏။ သူက ရုတ်တရက် အော်ဟစ်လိုက်၏။ “ရှမ့်လန်... ခွေးကောင်၊ မင်း ငါ့ရဲ့ဂုဏ်သိက္ခာတရားကို ဒီလိုမျိုးဖျက်ဆီးရဲတယ်ဟုတ်လား။ ငါ့ရဲ့ခန္ဓာကိုယ်ကသာ မကောင်းဘူးဆိုရင် ငါ ... ငါ့မိန်းမကို ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရအောင်လုပ်နိုင်မှာလဲ။ ပြီးတော့ ငါ့ဆီမှာ သမီးနှစ်ယောက် အစောကြီးထဲက ရှိပြီးသားကွ။ အဲသမီးနှစ်ယောက်က ဘယ်ကရောက်လာတာလဲ”

ရှမ့်လန်သည် ရုတ်တရက် လက်ခုပ်တီးကာပြောလိုက်၏။ “ကောင်းတယ်၊ အရမ်းကောင်းတယ်။ စကားပြောတာ အရမ်းကောင်းတယ်”

သူသည် လက်သီးကိုဆုပ်ကာဖြင့် တရားရေး အရာရှိဝမ်ကွက်နှင့် နင်ကျန်းတို့ဆီသို့ ဦးလှည့်ကာ ပြောလိုက်သည်။ “ပဉ္စမမင်းသား၊ တရားသူကြီးဝမ်... ခင်ဗျားတို့သိမှာ မဟုတ်ဘူး။ ဒီယုဖန်က သမီးနှစ်ယောက်ရှိခဲ့တယ်။ ဒါပေမယ့် ဒါက သူ့ သွေးရင်းသားရင်းတွေ မဟုတ်ဘူး။ တခြားယောက်ျားတွေရဲ့ သုတ်မျိုးစေ့ကို အသုံးပြုပြီး မွေးထားတာပဲ။ မဟုတ်ရင် ဘယ်လိုဖြစ်ပြီးတော့ ဒီနှစ်မှာ သုံးဆယ့်ငါးနှစ်ရှိမယ့်ယုဖန်က သုံးနှစ်နဲ့ နှစ်နှစ်ရှိတဲ့ သမီးနှစ်ယောက်ကို ဘယ်လိုလုပ် ရမှာလဲ။ ဒီထက်ပိုပြီးတော့ အသက်ကြီးတဲ့ကလေးတွေ ဖြစ်သင့်တယ် မဟုတ်လား။ ဒီထက်စောပြီး ကလေးမွေးသင့်တယ် မဟုတ်လား။

ပြီးတော့ သူ့ဆီမှာ သမီးနှစ်ယောက်ပဲရှိတယ်။ သူ အချိန်တိုင်း သားလိုချင်နေတာလေ။ ပြီးတော့ တော်ဝင်သွေး မျိုးဆက်ပိုင်ဆိုင်တဲ့ သားမျိုးပေါ့။ ဒါကြောင့်ပဲ ကျင်းမူကုန်းကို ပစ်မှန်ထားခဲ့တာ”

ထိုစကားလုံးကို ကြားသည့် အချိန်မှာတော့ အားလုံးသောသူတို့သည် အမှတ်မထင်ဆိုသလို ခေါင်းညိတ်လိုက်မိ၏။ ဤအရာသည် တကယ့်ကို အဓိပ္ပာယ်ရှိလွန်းလှခ၏။

ယုဖန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မင်းငါ့ကို ချောက်ချနေတာပဲ။ ဒါကျိန်းသေပေါက် စွပ်စွဲချောက်ချနေတာ။ ငါ့ရဲ့ကလေးတွေက နောက်ကျမှ မွေးခဲ့တယ်ဆိုတာ ငါ့မိန်းမရဲ့ခန္ဓာကိုယ်က အရင်တုန်းက အဆင်သင့် မဖြစ်သေးလို့ပဲ။ နှစ်ပေါင်းများစွာ သေသေချာချာ ဆေးတွေစားသုံးပြီးမှသာ သူမက ကိုယ်ဝန်ဆောင်နိုင်ခဲ့တာ”

“ဟမ့်”

ရှမ့်လန်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မဟုတ်သေးဘူး။ ဒီကိစ္စက လုံးဝမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားရဲ့မျိုးစေ့ကလည်း ကောင်းတာ မဟုတ်ဘူး။ ဒီတော့ခင်ဗျားက တခြားသောသူဆီက ငှားကို ငှားမှ ဖြစ်လိမ့်မယ်။ ခင်ဗျားမျိုးအောင်တာ သေချာရင် အခု မိန်းမ တစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်ပြစမ်း”

ချီးထဲမှ... ကိုယ်ဝန်ရှိအောင်လုပ်ဖို့ ဆိုသည်မှာ အနည်းဆုံး တစ်လနီးပါးခန့် ကြာမြင့်သည်။ အဘယ်သို့ ချက်ချင်းကြီး ပြုလုပ်၍ရမည်နည်း။

‘ရှမ့်လန်... မင်းမှာသာ အရည်အချင်း ရှိတယ်ဆိုရင် ဒီနေရာမှာတင် တစ်စုံတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် ချက်ချင်း လုပ်ပြစမ်း’

တရားသူကြီး ဝမ်ကွက်က ပြောလိုက်၏။ “ရှမ့်လန်... မင်းရဲ့စကားလုံးတွေက အခြေအမြစ် မရှိဘူး။ ဒီကိစ္စက ငါတို့ရဲ့ စဉ်းစားနိုင်မှုဘောင်ကို ကျော်နေပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဒီကိစ္စကို သက်သေပြဖို့ဆိုတာ အရမ်းကို ရိုးရှင်းတယ်။ ယုဖန်ရဲ့ သမီးနှစ်ယောက်ကိုခေါ်ခဲ့။ ပြီးတော့သူတို့ရဲ့သွေးတွေကို စမ်းသပ်လိုက်ရုံပဲ”

ဟုတ်ပေ၏။ ခေတ်သစ်ကြီးထဲတွင် ဤကဲ့သို့သော သွေးစမ်းသပ်ခြင်းဆိုသည်မှာ ယုံကြည်ရသည့်အရာ မဟုတ်ကြောင်း သိရှိပြီး ဖြစ်ပေမည်။ သို့ပေမည့် ရှေးခေတ်မှာတော့ ထိုအရာသည် သွေးမျိုးဆက်၏ ပတ်သက်မှုကို ဆုံးဖြတ်နိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်၏။

ထိုစကားကို ကြားကြားချင်းမှာပင် ယုဖန်သည် အလွန်ပျော်ရွှင်သွား၏။ ပြီးနောက် အလောတကြီးဖြင့် လှည့်ကာ ပြောလိုက်သည်။ “ကောင်းပြီ... အခုပဲ သွေးစမ်းသပ်မှုကို လုပ်လိုက်ကြတာပေါ့။ စမ်းမယ်။ အခုစမ်းမယ်။”

ဟုတ်ပေ၏။ သူသည် တစ်နှစ်ပတ်လုံး အပြင်ဘက်သို့ လှည့်လည်ကာ သွားနေရသည့် စီးပွားရေးသမား တစ်ယောက်ဖြစ်၏။ ထို့အပြင် သူ၏မိန်းမကလည်း လှပ၏။ ထို့ကြောင့် လှည်းကျိုးထမ်းရမည်ကို စိုးရိမ်ပူပန်မိ၏။ ကလေးနှစ်ယောက်လုံးအား မွေးမွေးချင်းမှာပဲ သူ သွေးစမ်းသပ်မှုကိုပြုလုပ်ခဲ့၏။ သွေးများသည် အလုံးစုံ ပေါင်းစပ်သွားခဲ့၏။ ထို့ကြောင့် ဤကလေးများသည် သူ၏သမီးများဖြစ်ကြောင်း သေချာ၏။

ဝမ်ကွက်သည် မတရားအဓမ္မပြုကျင့်သည့်အမှုမှသည် သွေးစမ်းသပ်သည့် အခြေအနေဆီသို့ ရောက်ရှိသွားကြောင်း နားမလည်သလိုပင်ဖြစ်မိနေသည်။ ကျင်းမူကုန်း၏ အဓမ္မ ပြုကျင့်ခဲ့သည်မှာ သေချာ၏။ သို့ပေမည့် အဘယ်ကြောင့် ထိုနေရာဆီမှသည် သွေးစမ်းသပ်သည့်အဆင့်ဆီသို့ ရောက်ရှိသွားရသနည်း။

မည်သို့ပင်ဆိုစေကာမူ နွားကျခဲ့သည်ဟု အပြောမခံနိုင်သော ယုဖန်သည် ယုံကြည်ချက်အပြည့်နှင့် သဘောတူညီ ခဲ့သည်။

ဝမ်ကွက်သည် ခဏတာ တွန့်ဆုတ် သွားခဲ့၏။

ယုဖန်က ပြောလိုက်သည်။ “အရှင်ကြီးဝမ် .. ကျေးဇူးပြုပြီး ကျုပ်ရဲ့ သမီးနှစ်ယောက်ကို ဆင့်ခေါ်ပြီး သူတို့ရဲ့သွေးတွေနဲ့ ကျုပ်ရဲ့သွေးကို စမ်းသပ်ကြည့်ပါ။ ရှမ့်လန်က ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာ ဖြစ်ပြီး ကျုပ်မိန်းမရဲ့ အပြစ်ကင်းစင်မှုကိုလည်း သက်သေပြသလို ဖြစ်ပါလိမ့်မယ်”

ဝမ်ကွက်က ပြောလိုက်၏။ “ယုဖန်... ခင်ဗျား တကယ်ဒီလိုလုပ်ချင်တာလား”

ယုဖန်က ပြောလိုက်သည်။ “ကျုပ်မိန်းမရဲ့ အပြစ်ကင်းစင်မှုအတွက် ကျုပ် သက်သေပြချင်ပါတယ်။ ပြီးတော့ ဒီအချက်အလက်တွေကို အသုံးပြုပြီး ရှမ့်လန် မဟုတ်တမ်းတရားတွေ ပြောနေတာဖြစ်ကြောင်း သိသာစေပါလိမ့်မယ်”

ထို့ကြောင့်ပင်လျှင် ဝမ်ကွက်သည် ယုဖန်၏အိမ်ဆီသို့ ဝန်ထမ်းများကို စေလွှတ်ကာဖြင့် သမီးနှစ်ယောက်ကို ခေါ်ဆောင်ခိုင်းခဲ့၏။ ပဉ္စမမင်းသား နင်ကျန်းသည် စစ်သည်လေးယောက်ကို ထည့်သွင်းပေးလိုက်၏။ နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် စိတ်ချရစေရန်၊ မည်သူတစ်ဦးတစ်ယောက်မှ ကြားထဲတွင် ကလန်ဖန်ထိုးခြင်း မရှိစေရန် သေသေချာချာ လိုက်လံကာ စစ်ဆေးကြည့်ရှုနေခြင်းပင်။

“အင်း... မင်းတို့သွားတော့၊ ပြီးတော့ ကြင်ကြင်နာနာလုပ်ခဲ့ကြ။ ကလေးတွေ အိပ်နေတာဆိုရင်။ သူတို့ကို မနှိုးကြနဲ့” နင်ကျန်းက အမိန့်ပေးလိုက်၏။

တစ်နာရီမပြည့်ခင်မှာပင် ကလေးနှစ်ယောက်တို့ ရောက်ရှိလာခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းဖြစ်ပြီး ပါးဖောင်းဖောင်းလေးများနှင့် အလွန်လည်း ချစ်ဖို့ကောင်း၏။ ကျင်းမူကုန်း ၎င်းတို့ကို ချစ်ခင်နှစ်သက်သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

ရှမ့်လန်၏ နှလုံးသားများသည်လည်း ပျော့ပြောင်းသွားခဲ့၏။

ယုဖန်နှင့် သူ၏မိန်းမ၊ ထို့အပြင် ထိုသူ၏အမေအိုကြီးပင်လျှင် သံသယရှိစရာမလိုဘဲ သေဆုံးသင့်၏။ ဤကလေးနှစ်ယောက်အား နုရှောင့်မြို့သို့ ခေါ်ဆောင်ပြီး မွေးမြူရမည်။ ကံကောင်းစွာဖြင့် ဤကလေးများသည် ငယ်ရွယ်သေးသောကြောင့် လက်ရှိအဖြစ်အပျက်များကို မှတ်မိ၊ သိရှိလိမ့်မည် မဟုတ်ချေ။ အသက်ကြီးလာသည့် အချိန်တွင် ထိုအရာများကိုပြန်လည်ခံစားကာ ဆွေးတမြေ့မြေ့ဖြစ်စရာ မလိုအပ်ချေ။

အနာဂတ်တွင် အလွန်လှပပြီး ပျော်ရွှင်နေသည့် မင်းသမီးကလေးနှစ်ပါးကဲ့သို့ ကြီးပြင်းလာရပေလိမ့်မည်။ ယုဖန်နှင့် သူ၏မိန်းမသည် မကောင်းသည့်အရာများကို ပြုလုပ်ခဲ့၏။ ဤကလေးနှစ်ယောက် အကြောင်းကို ထည့်ကာ မတွေးတောခဲ့ချေ။ ယခုတော့ နောက်ပြန်ဆုတ်၍မရသည့် လမ်းကို လှမ်းလျှောက်ခဲ့ပြီး ဖြစ်လေသည်။

All Chapters