အပိုင်း (၂၇၄)
Vol. 20 Ch. 274
ရွဲ့နိုင်ငံတော်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားပေမည်။ အရပ်ဘက်အရာရှိအားလုံးသည် မဖြစ်မနေ တိုက်ခိုက်ကြရပေလိမ့်မည်။ အရပ်ဘက်အရာရှိ ဆိုသည်မှာ နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီး အမှုတော်ထမ်းနိုင်ခဲ့သည့် ပညာရှိများဖြစ်ကြသည်။ ပညာရှင်ကြီး ကွန်ဖြူးရှပ်သည် သူတို့၏ ကျေးဇူးရှင်ပင် မဟုတ်ပါလား။
“ဒါ ဘယ်လိုဖြစ်ရတာလဲ”
“သူတော်စင်ဘုံကျောင်းကို မီးရှို့ရဲတဲ့အထိ သတ္တိကောင်းလှချည်လား။ ငါတို့ရဲ့ အခြေခံကို တူးထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်မယ်”
“ဘုံကျောင်းကို စော်ကားရဲတဲ့ သတ္တိကတော့ ...”
အလွန်ဆိုးရွားသော ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အီဂျစ်နိုင်ငံမှ ပိရမစ်များ ဗုံးခွဲခံရလျှင် မည်သို့တုံ့ပြန်မည်ကို စဉ်းစားကြည့်ပါ။ ကက်ပီတိုလ်ဟေးလ်နှင့် လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်တို့ တိုက်ခိုက်ခံရလျှင် အမေရိကန်တို့ မည်သို့တုံ့ပြန်မည်နည်း။
ထိုအချိန်တွင် ကျင်းမူကုန်း အပြစ်ကင်းစင်သည့် မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်ခဲ့ကြောင်း မည်သူက ဂရုစိုက်နေတော့မည်နည်း။ အရာအားလုံးသည် ဘုံကျောင်းအတွက် လမ်းဖယ်ပေးရမည်။
ပညာတတ်များထံမှ စွပ်စွဲပြစ်တင်သည့် လျှောက်တင်လွှာအားလုံးတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိပေတော့မည်။ ထိုအရာသည် ဘုံကျောင်းအတွက် ဖြေရှင်းပေရန်ပင်ဖြစ်မည်။
ဘုရင်မင်းမြတ်သည်လည်း သူ၏အမျက်ဒေါသကို ဖော်ပြပေလိမ့်မည်။
သို့သော် ဘုရင်မင်းမြတ်သည် အမှန်တကယ် ဒေါသထွက်ပါမည်လား။ မဖြစ်နိုင်ပေ။
နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးနေ့၏ ပထမဆုံးနေ့တွင် သူသည် သူတော်စင်ကွန်ဖြူးရှပ်အား အရိုအသေပြုရန် သူတော်စင်ဘုံကျောင်းသို့ လာရောက်ရသည်။ နင်ယွမ်ရှန်သည် စိတ်ထဲ၌ ကွန်ဖြူးရှပ်ဝါဒကို မနှစ်သက်ချေ။
သို့ပေမည့် အခြားနည်းလမ်းမရှိပေ။ တော်ဝင်ရန်အင်ပါယာ၏ ဧကရာဇ်မင်းသည် ကွန်ဖြူးရှပ်ဝါဒ တစ်ခုတည်းကိုသာ လေးစားရိုသေသည့် လမ်းစဉ်ဆီသို့ ဦးတည်နေပြီဖြစ်သည်။ အခြားနိုင်ငံများ ကလည်း ထိုနောက်သို့ လိုက်ရုံသာရှိသည်။ ထို့ကြောင့် မနှစ်သက်လျှင်တောင်မှ သူတော်စင်ကြီး ကွန်ဖြူးရှပ် ကို လေးစားကြောင်း ဟန်ဆောင်ရပေမည်။
သို့ပေမည့် မည်သို့ပင်ဖြစ်စေကာမူ သူတော်စင်ဘုံကျောင်းသည် မီးလောင်သွားခဲ့သည်။ ဤပညာတတ်များသည် သူတို့၏ ဘိုးဘေးသင်္ချိုင်းဂူကို တူးဖော်ခံရသလို ဒေါသထွက်ကာ ဝမ်းနည်းပူဆွေးကြရပေလိမ့်မည်။
သို့ဆိုလျှင် သူတော်စင်ဘုံကျောင်းကို မည်သူက မီးရှို့မည်နည်း။
သူသည် မင်းသမီးနင်ယန်ကို မီးရှို့ခွင့်ပေး၍မဖြစ်။ သူမသည် ထိုအကျိုးဆက်ကို မခံနိုင်ချေ။ ဤသည်မှာ လုံးဝမလွန်ဆန်နိုင်သော နိုင်ငံရေးမှန်ကန်မှုဖြစ်သည်။ ထိပါးသူတိုင်း သေရမည်။
ထိုသို့ဆိုလျှင် မည်သူ မီးရှို့မည်နည်း။
ချင်နိုင်ငံမှ သံတမန်များကို မီးရှို့ခိုင်းရမည်။ ဤသည်မှာ ရှမ့်လန်၏ အယုတ်မာဆုံးသော အစီအစဉ်ပင် ဖြစ်သည်။
… …
ချင်နိုင်ငံ
ရွဲ့နိုင်ငံ၏ အနောက်ဘက်ရှိ နိုင်ငံငယ်လေးတစ်နိုင်ငံ။
ထိုနိုင်ငံသည် ရွဲ့နိုင်ငံတော်၏ ခြောက်ပုံတစ်ပုံမျှပင် မကျယ်ဝန်းဘဲ လူဦးရေမှာလည်း သိန်းဂဏန်း အနည်းငယ်မျှသာ ရှိသည်။
သို့သော်ငြား ထိုသူတို့သည် အလွန်ရဲရင့်ပြီး တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ကြသည်။ သူတို့သည် အလွန်အမင်း သတ္တိရှိပြီး အားအင်ကြီးမားကြသည်။ သူတို့၏လက်နက်နှင့် စစ်ချပ်ဝတ်တန်ဆာများသည် သာမန်မျှသာဖြစ်သော်လည်း သူတို့၏တစ်ဦးချင်း အစွမ်းအစမှာမူ ရွဲ့နိုင်ငံတော်၏ စစ်သားများထက် များစွာ သာလွန်၏။ ရက်စက်သည်။ ကြမ်းတမ်းသည်။ ကြမ်းကြုတ်၏။
ချင်နိုင်ငံသည် သဲကန္တာရလူရိုင်းများ၊ ချောင်တိုင်းပြည်၊ ရွဲ့နိုင်ငံနှင့် အနောက်ဘက်ဒေသတို့အကြားတွင် ညှပ်နေသည်။ ထိုနိုင်ငံလေးသည် တိုက်ပွဲပေါင်းများစွာ၏ စစ်မြေပြင်တစ်ခုပင်။
ထို့အပြင် ချင်နိုင်ငံသည် နိုင်ငံရေးအပေးအယူ သဘောတရားကို နားမလည်ချေ။ သူတို့သည် လူတိုင်းကို တိုက်ချင်သူတိုင်းကို တိုက်ခိုက်ကြသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်အတွင်း သူတို့သည် ချောင်တိုင်းပြည်၊ သဲကန္တာရလူရိုင်းများ၊ ရွဲ့နိုင်ငံနှင့် အနောက်ဘက်ဒေသမှ အခြားနိုင်ငံများနှင့် တိုက်ခိုက်ခဲ့ကြသည်။
သူတို့သည် မြင်မြင်သမျှလူတိုင်းကို တိုက်ခိုက်ကြပြီး ကောင်းကင်၊ မြေကြီး၊ လေထုနှင့်ပင် တိုက်ခိုက်ချင်ကြ၏။
နှစ်ပေါင်းရာနှင့်ချီ တိုက်ခိုက်ခဲ့သေ်လည်း သူတို့၏ ပိုင်နက်နယ်မြေသည် တိုးလာခြင်းလည်းမရှိ၊ လျော့သွားခြင်းလည်း မရှိချေ။ လူဦးရေသည်လည်း ဤပမာဏတွင်သာ ထိန်းသိမ်းထားနိုင်ပြီး တိုးလာခြင်းလည်းမရှိ၊ လျော့သွားခြင်းလည်းမရှိချေ။
သူတို့သည် အစဉ်အမြဲ တခြားနိုင်ငံများအား လုယက်တိုက်ခိုက်တတ်သည်။ စစ်သည် ဆိုသည်မှာ စစ်ပွဲတွင် သေဆုံးတတ်သည်။ နိုင်ငံတစ်ခုအတွင် စစ်သည်စုဆောင်းခြင်း ဆိုသည်မှာ အလွန်ခက်ခဲပြီး လေ့ကျင့်ပေးရသည်ကလည်း အလွန်ခက်ခဲသည်။ သို့ပေမည့် ချင်နိုင်ငံတွင်တော့ ထိုအခက်အခဲမရှိချေ။ အားလုံးသော တိုင်းသူပြည်သားများသည် အရေးအကြောင်းတွေ စစ်သည်များ ဖြစ်သွားသောကြောင့်ပင်။
ချင်နိုင်ငံ၏ မြေသည် ခြောက်သွေ့ပြီး နေထိုင်ရန်ခက်ခဲသည်။ ထိုအရာကို သိမ်းဆည်းပါက အကျိုးမရှိသည့်အပြင် ထိန်းသိမ်းရသည့် ဝန်ထုတ်ဝန်ပိုးသာ တိုးလေသည်။ ထို့ကြောင့် ရွဲ့ပြည်နယ်ရော ၊ ချောင်ပြည်နယ်ကပါ ချင်နိုင်ငံကို သိမ်းပိုက်လိုခြင်းမရှိကြချေ။
အနောက်ဘက်ဒေသနှင့် သဲကန္တာရလူရိုင်းများအား ဖြတ်တောက်ထားသော ဤသို့ ဓားပြနိုင်ငံငယ်လေးတစ်ခု ရှိနေသည်မှာလည်း ကောင်းသည်။
ထို့ကြောင့် ရွဲ့ပြည်နယ်သည် ချင်နိုင်ငံအပေါ်တွင် နှစ်သိမ့်ဖျောင်းဖျသည့် မူဝါဒကိုသာ အသုံးပြုခဲ့သည်။ တစ်နည်းဆိုသော် သူတို့သည် ငြိမ်းချမ်းရေးကို ငွေဖြင့်ဝယ်ယူနေခြင်းဖြစ်သည်။
သို့ဆိုလျှင် ချင်နိုင်ငံ သည် စုနန်နှင့် မည်သို့ပတ်သက်နေသနည်း။
ချင်နိုင်ငံသည် မည်သူနှင့်မှ ဆက်ဆံရေးမကောင်းသော်လည်း စုမျိုးနွယ်နှင့်မူ ဆက်ဆံရေး ကောင်းမွန်သည်။
ဟုတ်ပါသည်။ ဤသည်မှာလည်း စုမျိုးနွယ်၏ မဟာဗျူဟာနှင့် သက်ဆိုင်ပေသည်။ စုမျိုးနွယ်၏ မဟာဗျူဟာတွင် ချင်နိုင်ငံသည် နံပါတ်တစ်ပင်ဖြစ်၏။ စုမျိုးနွယ်သည် ချင်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်သည်။
သူတို့သည် ချင်နိုင်ငံ၏ နွား၊ သိုးနှင့် သိုးမွှေးလုပ်ငန်းကို လုံးဝနီးပါး လက်ဝါးကြီးအုပ်ထားသည်။ ထို့နောက် စုမျိုးနွယ်သည် နှစ်စဉ်နှစ်တိုင်း ချင်နိုင်ငံသို့ ကောက်ပဲသီးနှံ၊ အရက်၊ ပိုးထည်၊ လက်ဖက်ခြောက်နှင့် အုတ်ခဲများကို ရောင်းချ၏။
စုမျိုးနွယ်သည် ချင်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းမှ နှစ်စဉ်အနည်းဆုံး ရွှေဒင်္ဂါးပြား သုံးသောင်းခန့် အရှုံးပေါ်သည်ဟု အချို့သူများက ခန့်မှန်းကြသည်။
သို့ပေမည့် .... ဤသည်မှာ ကြီးမားသော နိုင်ငံရေးအရင်းအမြစ် လဲလှယ်ခြင်းပင်။
ချင်နိုင်ငံနှင့် ဆက်ဆံလိုလျှင် စုမျိုးနွယ်သည် မရှိမဖြစ်လိုအပ်သည်။ ထို့အပြင် စုမျိုးနွယ်၏ ပိုင်နက်နယ်မြေသည် ချင်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဤနိုင်ငံရေးအရင်းအမြစ်ကြောင့်ပင် စုမျိုးနွယ်သည် လက်ရှိအချိန်ထိ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်၏။
ချင်ဘုရင်သည် စုနန်မှလွဲ၍ မည်သူ့ကိုမှ အရေးမလုပ်ချေ။
စုနန်၏ ညီမနှင့် သမီးနှစ်ယောက်လုံးသည် ချင်နိုင်ငံနှင့် လက်ထပ်ထားသည်။
ညီမ နှင့် သမီးကြီးသည် ချင်ဘုရင်နှင့် လက်ထပ်ပြီး သမီးငယ်မှာမူ ချင်အိမ်ရှေ့စံနှင့် လက်ထပ်ထား၏။
ဟုတ်ပါသည်။ ဤမျှရှုပ်ထွေးလှသည်။ အမှန်တကယ်အခြေအနေမှာမူ ထို့ထက်ပင် ရှုပ်ထွေးသေးသည်။
လက်ရှိတွင် ချင်နိုင်ငံမှ သံတမန်အဖွဲ့တစ်ဖွဲ့သည် ရွဲ့နိုင်ငံ၏ နန်းမြို့တော်သို့ရောက်ရှိနေသည်။ သူတို့သည် မည်သည့်အရာကို လာလုပ်ကြသနည်း။
ငွေညှစ်ခြင်းပင်။
တောင်ပိုင်းတိုင်းပြည်သည် ပုန်ကန်ခဲ့သည်။ မင်းသားကျင်းသည် ယခင်က ရန်ငြိုးများကို မေ့ဖယ်ကာ သဲကန္တာရလူရိုင်း စစ်တပ်အား နိုင်ငံအတွင်းသို့ ခေါ်သွင်းပြီး ရွဲ့နိုင်ငံကို တိုက်ခိုက်ခဲ့သည်။ စစ်ပွဲသည် အကြိတ်အနယ်ဖြစ်နေသည်။
ချင်နိုင်ငံသည် သူတို့၏အခွင့်အရေး တစ်ဖန်ပြန်ရောက်လာပြီဟု မြင်လိုက်သည်။ ရွဲ့နိုင်ငံသည် စစ်ပွဲ ဖြစ်နေသောကြောင့် သူတို့နှင့် ထပ်မံ တိုက်ခိုက်ဖို့ စဉ်းစားရဲလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ရွဲ့နိုင်ငံအား ငွေညှစ်ရန် သံတမန်များ စေလွှတ်ခဲ့၏။
သူတို့သည် ဘုရင်မင်းမြတ်ထံမှ ရွှေဒင်္ဂါးပြား သုံးသိန်း၊ အမျိုးသမီး သုံးထောင်၊ မရေမတွက်နိုင်သော ကောက်ပဲသီးနှံ၊ ပိုးထည်နှင့် လက်ဖက်ခြောက်များကို တောင်းဆိုခဲ့သည်။
အခြေအနေမှာ အလွန်ကောင်းမွန်သည်။ ဤအရာများကိုသာ ပေးလျှင် သူတို့သည် သဲကန္တာရလူရိုင်းများကို တိုက်ခိုက်ရန် ချက်ချင်းစစ်တပ်စေလွှတ်မည်ဟု ဆိုထား၏။
ဘုရင်မင်းမြတ်၌ တုံ့ပြန်မှုတစ်ခုတည်းသာ ရှိသည်။ ‘မင်းတို့ကို ယုံရမှာလား’
ချင်နိုင်ငံနှင့် သဲကန္တာရလူရိုင်းများသည် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ခဲ့ကြဖူးပြီး ထိုအရာမှာလည်း ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့်ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြသည်မှာမှန်ပြီး မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသော်လည်း ၎င်းမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်များကြောင့်သာ ဖြစ်သည်။ နယ်မြေလိုချင်သောကြောင့် တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။ ထို့အပြင် သဲကန္တာရလူရိုင်းများသည် ချင်နိုင်ငံထက် ပို၍ဆင်းရဲသည်။
နင်ယွမ်ရှန်းသည် သူသာ ပိုက်ဆံနှင့် အရင်းအမြစ်များကို ပေးလိုက်ပါက ချင်နိုင်ငံသည် စစ်သားငါးရာကို စေလွှတ်၍ သဲကန္တာရလူရိုင်းဒါဇင်အနည်းငယ်ကို သတ်ဖြတ်ပြီး ရွဲ့နိုင်ငံသို့ ပြန်လာကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သက်သေတိုင်တည်ကာ ပိုက်ဆံထပ်တောင်းပေလိမ့်မည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ဤအစီအစဉ်ကို ကြိုမြင်ပြီးသားဖြစ်သည်။
တောင်ပိုင်းစစ်မြေပြင်သည် ခက်ခဲနေသော်လည်း ရွဲ့နိုင်ငံသည် စစ်အင်အားနှင့် နိုင်ငံ၏အင်အားအရ အလွန်အမင်း အသာစီးရနေသည်။ ချင်နိုင်ငံ၏ အကူအညီကို လုံးဝမလိုအပ်ချေ။
ချင်နိုင်ငံ၏ အသုံးဝင်မှုသည် အနာဂတ် သူတို့ ချောင်ပြည်နယ်ကို တိုက်ခိုက်ပါက စစ်မြေပြင်တွင် ထည့်သုံးရန်ပင်။
ငွေညှစ်၍ မရသောကြောင့် ချင်နိုင်ငံ၏ သံတမန်များသည် ရွဲ့နိုင်ငံတော်တွင် ဆက်လက်နေထိုင်ကြသည်။
တခြားနိုင်ငံမှသံတမန်အားလုံးသည် ပုံမှန်အားဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရုံးတွင် နေထိုင်ကြသည်။ သို့သော်ငြား ချင်နိုင်ငံ၏ သံတမန်များသည် ထိုငရဲလိုနေရာတွင် မနေချင်သောကြောင့် လွန်ခဲ့သောလ အနည်းငယ်အတွင်း ဆောင်ကြာမြိုင်များသို့သာ သွားရောက် နေထိုင်ခဲ့ကြသည်။ ဆောင်ကြာမြိုင် တစ်ခုပြီး တစ်ခု ပြောင်းရွေ့နေထိုင်ခြင်းဖြစ်၏။
ထိုနေရာတွင် အစားအသောက်ကောင်း၊ ပျော်ရွှင်စရာနှင့် စွဲမက်စရာ မိန်းကလေးများ ရှိသည်။ ထို့ထက်ကောင်းသောအရာ မရှိနိုင်တော့ချေ။
ဟုတ်ပါသည်။ သူတို့သည် ပိုက်ဆံမပေးကြချေ။ ချင်နိုင်ငံသည် ပိုက်ဆံတောင်းရုံသာ တောင်းတတ်ပြီး ပေးလေ့မရှိ။
ထိုသို့ဆိုလျှင် ပြည့်တန်ဆာများသည် အလကား အလှုလုပ်နေသည်လား။ မဟုတ်ပေ။ ချင်သံတမန်တို့အစား ပိုက်ဆံ ပေးသည့် တစ်စုံတစ်ယောက်ရှိသည်။ စုနန်ပင်။
သူသည် ချင်နိုင်ငံ၏ သံတမန်ရေးရာကျွမ်းကျင်သူများဖြစ်ပြီး ချင်နိုင်ငံမှလူများနှင့် ရင်းနှီးသောမိတ်ဆွေများ ဖြစ်သည်။
သို့ပေမည့် ဤသံတမန်များသည် ဆောင်ကြာမြိုင်တက်အိပ်ရုံသာမက လူများကို ရိုက်နှက်သတ်ဖြတ်တတ် ကြသေး၏။ လက်ရှိအခြေအနေတွင် ရွှဲ့နိုင်ငံသည် ဒေါသကို မြိုသိပ်ထားရန်သာ တတ်နိုင်သည်။ ထို့ကြောင့် ချင်နိုင်ငံ၏ သံတမန်အား ပြဿနာရှာသည့်အခါတိုင်း ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေ လုပ်ခဲ့ရ၏။
တောင်ပိုင်းတိုင်းစစ်ပွဲတွင် ချင်နိုင်ငံ၏ အကူအညီကို မလိုအပ်ချေ။
သို့ပေမည့် ချင်နိုင်ငံကို ပြဿနာရှာ၍လည်း မဖြစ်ချေ။ အနည်းငယ်သော ပွတ်တိုက်မှုလေး ရှိသည်နှင့် နိုင်ငံချင်း စစ်ချီတတ်သော သောက်ရူးနိုင်ငံဖြစ်သောကြောင့်ပင်။ ချင်နိုင်ငံသည် မိမိအကျိုးမရှိဘဲ သူတစ်ပါးအား ထိခိုက်စေသည့် အရာများစွာကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် သူတို့ကို ရန်မစရန် ကြိုးစားနေကြရသည်။
အချိန်ကြာလာသည်နှင့်အမျှ ချင်နိုင်ငံ၏ သံတမန်များကို မြို့တော်ရှိ လူတိုင်းက မုန်းတီးလာကြသည်။ သူတို့ရှိရာနေရာအား လူတိုင်းက ဝေးဝေးရှောင်ကြ၏။
ဤသည်မှာ ချင်နိုင်ငံ၏ သံတမန်များကို ဒေါသထွက်စေသည်။ သူတို့သည် စိတ်လှုပ်တရှားနှင့် တိုက်ခိုက်ရမှုမျိုးကို နှစ်သက်သည် မဟုတ်ပါလား။
အကယ်၍ ဤရူးသွပ်သူများသာ သူတော်စင်ဘုံကျောင်းကို မီးရှို့ခဲ့လျှင် …
ထိုအရာသည် ရွဲ့နိုင်ငံရှိ ပညာတတ်အရာရှိများ၏ ဒေါသကို လုံးဝမီးထိုးပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
“ဒါက ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးတာပဲ။”
မြို့တော်တစ်ခုလုံး ဒေါသတရားများနှင့် ပေါက်ကွဲသွားမည်ဖြစ်ပြီး မရေမတွက်နိုင်သောလူများသည် သွေးဆာလောင်သလို အော်ဟစ်ကြပေလိမ့်မည်။ ထိုအချိန်တွင် ကျင်းမူကုန်းအကြောင်းကို မည်သူမှ ဂရုစိုက်နေမည်မဟုတ်တော့။
စုမိသားစုသည် လူတို့၏ဒေါသကိုခံရမည့် ပစ်မှတ်ဖြစ်လာပေမည်။
စုမိသားစုသည် ဤမကောင်းဆိုးဝါးဝံပုလွေများကို စောင့်ကြည့်ရန်တာဝန်ရှိသော်လည်း စောင့်ကြည့်မည့်အစား သူတော်စင်ဘုံကျောင်းကို မီးရှို့ရန် လွှတ်ပေးခဲ့သည်။
စုမိသားစုကို မည်သို့အပြစ်ပေးသင့်သနည်း။
ဘုရင်မင်းမြတ်သည် အမျက်ထွက်ဟန်ပြသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်ပျော်ရွှင်နေပေမည်။
‘ကျုပ် ခင်ဗျားကို မကြိုက်ဘူး ... သူတော်စင်ကွန်ဖြူးရှပ်။ နှစ်တိုင်း ခင်ဗျားရှေ့မှာ ဒူးထောက်ခဲ့ရတယ်။’
ထို့အပြင် သူသည် ချင်နိုင်ငံ၏ ငွေညှစ်မှုကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်နိုင်ပေတော့မည်။ ထိုမျှတင်မကချေ။ ဤအခွင့်အရေးကို အသုံးချ၍ စုနန်ကို ရိုက်နှက်နိုင်ပေသေးသည်။
တစ်ချက်ခုတ် သုံးချက်ပြတ်ပင်။
ရှမ့်လန် အတွက်မူ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်၏။
ပထမတစ်ခုမှာ သူသည် နန်းတွင်းမှ အခြေအနေကို လုံးဝပြောင်းပြန်လှန်နိုင်ပြီး လူအများ၏အာရုံကို ကျင်းမိသားစုထံမှ စုမိသားစုဆီသို့ လွှဲပြောင်းနိုင်မည်ဖြစ်သည်။
ဒုတိယတစ်ခုမှာ သူသည် စုမိသားစုကို ဆွဲချနိုင်မည်။
စုမိသားစုကို ဆွဲချခြင်းသည် စုနန်ကို ဘုရင်မင်းမြတ်၏ အမျက်ဒေါသကို ခံစားစေရုံလောက်ဖြင့် မလွယ်ကူချေ။ ဤသည်မှာ စုမိသားစုကို ဖျက်ဆီးရန် ရှမ့်လန်၏ ပထမဆုံးသော စဦးလှုပ်ရှားမှုဖြစ်ပြီး အရေးအကြီးဆုံးသော လှုပ်ရှားမှုလည်း ဖြစ်သည်။
သူ စုမိသားစုကို ဖျက်ဆီးလိုပါက ချင်နိုင်ငံကို အသုံးပြုရမည်။ ထို့ကြောင့် ကျင်းမူကုန်းနှင့် ပတ်သက်သည့်အဖြစ်အပျက်သာ မဖြစ်ခဲ့လျှင်ပင် သူတော်စင်ဘုံကျောင်းကို မီးရှို့ရဦးမှာဖြစ်ပြီး ထိုမီးရှို့ခြင်းကိုလည်း ချင်နိုင်ငံ၏ သံတမန်များကသာ ပြုလုပ်ရပေမည်။
ကျင်းမူကုန်းနှင့် ကိစ္စပေါ်လာသောကြောင့် အစီအစဉ်ကို ရှေ့တိုးခဲ့ရသည်။ ထို့ကြောင့် ချင်နိုင်ငံ၏ သံတမန်များကို သူတော်စင်ဘုံကျောင်း မီးရှို့ခိုင်းခြင်းသည် ရှမ့်လန်၏ အယုတ်မာဆုံးသော အစီအစဉ်ပင်ဖြစ်သည်။
သူ၏စိတ်နှလုံးထဲတွင် သူသည် နုရှောင့်မြို့ကို သိမ်းပိုက်ခြင်းနှင့် ဝမ်ကျားကျွန်းတိုက်ပွဲထက် ဤအစီအစဉ်အတွက် ပိုကာ ဂုဏ်ယူမိသည်။ အဘယ့်ကြောင့်ဆိုသော် မတော်တဆဖြစ်နိုင်ချေအနည်းဆုံးနှင့် ချို့ယွင်းချက်အနည်းဆုံး ဖြစ်သောကြောင့်ပင်။
ရင်းနှီးမြှုပ်နှံမှုမှာ အလွန်နည်းပါးသော်လည်း ရလဒ်များမှာမူ တုန်လှုပ်ဖွယ်ရာပင်။ ကြီးမားလွန်းသော လှုပ်ရှားမှုကြီး တစ်ခုပင်။
ဆုလာဘ်နှင့် ကြိုးစားအားထုတ်မှုသည် လုံးဝ မတန်တဆပင် ပြန်ရပေမည်။
… …
မင်းသမီးနင်ယန်သည် အလွန်ကျေနပ်နေသည်။
သူမသည် ချင်နိုင်ငံ၏ သံတမန်များအပေါ် ဒေါသထွက်နေသည်မှာ ကြာပြီဖြစ်၏။ အကယ်၍ သူမ၏ဖခင်သာ ပြဿနာမရှာရန် အကြိမ်ကြိမ်သတိမပေးခဲ့လျှင် သူမသည် ထိုသူတို့ကို ရိုက်နှက်ပြီးသည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။
ဤလူရိုင်းများသည် အလွန်မောက်မာသည်။ နန်းမြို့တော်တွင် နေ့စဉ်နှင့်အမျှ ရမ်းကားနေတတ်ပြီး မကောင်းမှု အမျိုးမျိုးကိုလည်း ပြုလုပ်ကြသည်။
ရွဲ့နိုင်ငံ၏ မြို့တော်တွင် ဘေးဥပဒ်တစ်ခုတည်းသာ ရှိရမည်။ ထိုအရာမှာ မင်းသမီးနင်ယန်ပင်။
ရက်အနည်းငယ်အကြာက ချင်နိုင်ငံ၏သံတမန်များသည် တစ်ဖန်ပြဿနာရှာခဲ့ကြပြန်သည်။ သူတို့သည် မြင်းစီးရင်း အပြစ်မဲ့ပြည်သူ ဆယ်ယောက်ထက်မနည်းကို ဒဏ်ရာရစေခဲ့သည်။ ထိုထဲမှ နှစ်ဦးသည် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး အခြားသုံးဦးမှာမူ အရိုးကျိုးခဲ့သည်။
ချင်နိုင်ငံ၏ သံတမန်များသည် လုံးဝဂရုမစိုက်ချေ။ မတောင်းပန်သည့်အပြင် ရွဲ့နိုင်၏ ပြည်သူများသည် သူတို့၏လမ်းကို ပိတ်ဆို့သည်ဟု စွပ်စွဲပြီး ကြာပွတ်နှင့်ပင် ထုတ်ကာ ရိုက်ခဲ့၏။
ထိုသတင်းကိုကြားစဉ်က မင်းသမီးနင်ယန်သည် ဒေါသထွက်လွန်းသောကြောင့် အသားများပင် တဆတ်ဆတ် တုန်လေသည်။
ချင်နိုင်ငံ သံတမန်များသည် တစ်ဖက်လူများ သေသေကြေကြေ ဂရုမစိုက်ဘဲ ဆောင်ကြာမြိုင်သို့သွား၍ ကာမဂုဏ်၌ မွေ့ပျော်နေပြန်သည်။ ထိုကြာပွတ်နှင့် ရိုက်နှက်သည့် အမူအား ရွှဲ့နိုင်ငံမှ မင်းမှုထမ်းတို့က ဆက်လက် ဖြေရှင်းပေးခဲ့ရ၏။
ယနေ့မှာတော့ သူတို့သည် နွေဦးလေညှင်းဆောင်ကြာမြိုင်တွင် စားသောက်ပြီး ငွေမရှင်းဘဲ ထွက်သွားရန် အလှည့်ကျသည်။ နွေဦးလေညင်း ဆောင်ကြာမြိုင်တွင် သူတို့သည်သာ သီးသန့် ဧည့်သည်များဖြစ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ရောက်လာသည့်ဆောင်ကြာမြိုင်များသည် ဧည့်သည်ရှင်းလင်းထားသော ကြောင့်ပင်။
ပျော့ညံ့သေးကွေးသော မိန်းကလေးအားလုံးသည် ပုန်းအောင်းနေကြပြီး သူတို့ကို ဝန်ဆောင်မှုပေးရန် ခွန်အားကြီးသော အမျိုးသမီးများကိုသာ ရှာဖွေထားရသည်။
အမှန်တကယ်တွင်လည်း ချင်နိုင်ငံမှ သံတမန်များသည် မိန်းကလေးများသည် ကြည့်၍ကောင်းသော်လည်း အတူအိပ်လျှင် မပျော်ရွှင်ဖွယ်ကောင်းချေ။ ခွန်အားကြီးသော အမျိုးသမီးများမှာသာ ပို၍ပျော်ဖွယ်ရာ ကောင်း၏။
ချင်နိုင်ငံ၏ သံတမန်များသည် ခွန်အားကြီးသောအမျိုးသမီး ဒါဇင်အနည်းငယ်နှင့်အတူ စိတ်လှုပ်ရှားစွာ သောက်စားနေကြသည်။
ကျားမင်းသမီး နင်ယန်သည် ထိုနေရာသို့ ဝင်ရောက်လာခဲ့သည်။
“မကြာသေးခင်က ပြည်သူတွေကို ကြာပွတ်နဲ့ ရိုက်ခဲ့တာ မင်းတို့လား” နင်ယန်သည် ဒေါသတကြီး မေးလိုက်၏။
ချင်နိုင်ငံ၏ သံတမန်ခေါင်းဆောင်က ပြန်ဖြေသည်။ “ဘာဖြစ်လို့လဲ။ နိုင်ငံအစိုးရကတောင် ငါတို့ကို လွှတ်ပေးထားတယ်။ ခင်ဗျားက ဘယ်သူမို့ လာပြောနေတာလဲ။ ငါတို့နဲ့ အိပ်ချင်လို့လား။ ဖင်ကတော့ ကြီးပ”