← Chapters

အပိုင်း (၂၇၅)

Vol. 20 Ch. 275

အပိုင်း (၂၇၅)

Vol. 20 Ch. 275

ချင်နိုင်ငံ၏ စစ်သည်တော်များသည် နင်ယန်ကို တောက်လောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

သူမသည် အလွန်လှပပြီး အလွန်စွဲဆောင်မှုရှိသည်။ သူမသည် သူတို့မြင်ဖူးသမျှတွင် အလှပဆုံးအမျိုးသမီးပင်။

ကျားမင်းသမီး၏ ကြီးမားသောပေါင်တံနှင့် ခါးကောက်ကြောင်းသည် ချင်နိုင်ငံ သံတမန်အား၏ တဏှာရာဂကို ပိုမိုကာ တောက်လောင်လာစေသည်။ သူမသည် သူတို့၏ အလှအပစံနှုန်း ပြယုဂ်ပင်။

သို့သော် တစ်စုံတစ်ယောက်သည် သူမမှာ မင်းသမီးနင်ယန်ဖြစ်ကြောင်း လျင်မြန်စွာ မှတ်မိသွားသည်။ သူတို့သည် ရူးသွပ်နေသော်လည်း ရွဲ့နိုင်ငံ၏ မင်းသမီးကို ထိပါးရန် မဝံ့ရဲချေ။

ဤအချိန်တွင် ချင်နိုင်ငံ၏ သံတမန်များအား လိုက်ပါစောင့်ကြပ်နေသည့် စုကလန်မှ လူနှစ်ယောက်တို့သည် ရှေ့သို့လှမ်းတက်ပြီး မင်းသမီးကို ဂါရဝပြုရန် ပြင်လိုက်ကြသည်။ သို့ပေမည့် နင်ယန်သည် ထိုနှစ်ယောက်ကို ပါးပိတ်ရိုက်ပြီး သတိလစ်အောင် ပြုလုပ်လိုက်သည်။

ချောင်တစ်ခုတွင် ပုန်းအောင်းနေကြသော စုကလန်၏ စစ်သည်များသည် နယ်စားကြီးစုနန်ဆီ သတင်းပို့ရန် ပြင်လိုက်ကြ၏။ သို့ပေမည့် သူတို့ အဝေးသို့မသွားလိုက်ရချေ။ နင်ယန်၏ စစ်သည်များ ရောက်ရှိလာပြီး သတိလစ် မေ့မျောအောင် တိုက်ခိုက်ခဲ့ကြ၏။

ကျားမင်းသမီးနင်ယန်သည် ချင်နိုင်ငံ၏ စစ်သည်တော်များကို လက်ညှိုးထိုးကာ ပြောလိုက်သည် “မင်းတို့ ရွဲ့နိုင်ငံရဲ့ ပြည်သူ ဆယ်ယောက်ထက်မနည်းကို ဒဏ်ရာရအောင်လုပ်ခဲ့ပေမယ့် ငါတို့က သံတမန်တွေကို မသတ်ဘူး။ ဒီတော့ တစ်ယောက်ချင်းယှဉ်ပြိုင်ကြရအောင်၊ တစ်လှည့်စီ တိုက်ခိုက်ကြမယ်။ ငါတစ်ယောက်တည်းက မင်းတို့ ဆယ်ယောက်နဲ့ ယှဉ်ပြိုင်မယ်။”

ချင်နိုင်ငံ၏ စစ်သည်တော်များသည် ဒေါသထွက်သွားကြ၏။ သူတို့အား အကြီးအကျယ် စော်ကားလိုက်သလိုပင်။

ထို့ကြောင့် ယှဉ်ပြိုင်မှု စတင်ခဲ့သည်။

… …

ချင်နိုင်ငံ၏ စစ်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တဟုန်ထိုးပြေးဝင်လာကြ၏။

ထို့နောက်...

သူတို့အားလုံးသည် ကျားမင်းသမီး၏ လက်ချက်ဖြင့် အရေးနိမ့်သွားကြသည်။

ဆယ့်ငါးမိနစ်မပြည့်မီတွင် ယှဉ်ပြိုင်မှု ပြီးဆုံးသွား၏။

မင်းသမီးနင်ယန်သည် အမှန်တကယ်ပင် ဆယ်ယောက်ကျော်ကို တစ်ယောက်တည်း အနိုင်ယူခဲ့သည်။ သူမ၏ ကျော်ကြားလွန်းသည့် ဂုဏ်ပုဒ်သည် အလကား ရရှိထားခြင်း မဟုတ်ပေ။

နင်ယန်၏ သိုင်းပညာသည် နင်ဟန်လောက် မကောင်းသော်လည်း သူမသည် နာမည်ကြီး သိုင်းပညာရှင် နင်ကျဲ့ထံမှ သင်ယူထားခြင်း ဖြစ်သည်။

ဟုတ်ပေသည်။ သူမသည် ချောင်ယောင်းအာကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ချောင်ယောင်းအာသည် ပုံမှန်မဟုတ်သော နတ်ဆိုးမ ဖြစ်သောကြောင့်ပင်။

နင်ကျဲ့သည်လည်း ချောင်ယောင်းအာကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် ဤကျားမင်းသမီး၏ ကိုယ်ခံပညာ စွမ်းရည်သည် မုလန်ထက် ပို၍အားကောင်းသည်။

အခြားနည်းလမ်းမရှိချေ။ မူလန်သည် သိုင်းပညာကို လေ့ကျင့်သော်လည်း တစ်ချိန်တည်းတွင် စစ်ရေးကိစ္စများနှင့်လည်း အလုပ်များနေသည်။ သူမသည် ကျားမင်းသမီးကဲ့သို့ မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ကျားမင်းသမီးသည် ရင်သားကြီးပြီး ဦးနှောက်မရှိခြင်းပင်။

ဤလောကတွင် ဉာဏ်ရည်ထက်မြက်ပြီး သိုင်းပညာကျွမ်းကျင်သော လူများရှိသော်လည်း ရှားပါးသည်။ ရိုးရှင်းသောစိတ်ရှိသူများသည်သာ သိုင်းပညာစွမ်းရည်၌ ပိုမိုအဆင့်မြင့်မားကြသည်။ အရူးကြီး ၊ ထန်ယင် နှင့် ဓားဘုရင် လီချင်းချိုးတို့ကိုကြည့်လျှင် သိနိုင်၏။

သူတို့ထဲမှ တစ်ယောက်မှသည် ဉာဏ်မကောင်းချေ။ တနည်းဆိုသော် သူတို့သည် သူတို့၏ဉာဏ်ရည်အားလုံးကို သိုင်းပညာပေါ်တွင် အသုံးပြုခဲ့သောကြောင့် သူတို့၏ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်သည် အလွန်နိမ့်ကျသွားခြင်း ဖြစ်မည်။ ထန်ယင်ဆိုလျှင် မြေပုံပါလျှင်ပင် လမ်းမှန်အောင် မသွားနိုင်ပေ။

ဆရာကြီး ကျုံးချူးကဲ့သည် ဉာဏ်ကောင်းသောကြောင့် သိုင်းပညာအရာ၌ လီချင်းချိုးနှင့် မယှဉ်နိုင်ခြင်း ဖြစ်နိုင်သည်။

သိုင်းပညာကျွမ်းကျင်၊ ကြင်နာတတ်၊ ဉာဏ်ကောင်း၊ လှပပြီး စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်ရှိသည့် မူလန်ကဲ့သို့သော အမျိုးသမီးမှာ အလွန်ရှားပါးလှသည်။ သူမသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးပင်။

လိုရင်းကို ပြန်သွားကြစို့ ....။

ချင်နိုင်ငံမှ စစ်သည်တော် ဒါဇင်ကျော်သည် နင်ယန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

သူတို့အတွက် ကြီးစွာသော အရှက်ကွဲမှုပင်။

ဟုတ်ပေသည်။ နင်ယန်သည် အလွန်အကျွံ အားမသုံးခဲ့ချေ။ သူမသည် သံတမန်တို့၏အရိုးများကိုပင် မချိုးခဲ့ပေ။ သူမသည် မျက်နှာများ ရောင်ကိုင်းသွားသည်အထိသာ ရိုက်နှက်ခဲ့သည်။

ပြီးနောက် ကျားမင်းသမီးသည် သူမ၏လက်အိတ်ကို ချွတ်ပြီး လက်ကိုဝှေ့ယမ်းကာ ဟန်ပါပါ ဆိုလိုက်၏ "အင်း ... မင်းတို့ ချင်နိုင်ငံက သိပ်လည်း အားမကောင်းပါလား။"

ထိုသို့သော မထီမဲ့မြင်ပြုမှုသည် ရိုးရိုးရှင်းရှင်းပင် ဒေါသထွက်ဖွယ်ရာဖြစ်သည်။

ဟုတ်ပါသည်။ ဤသို့ပြောရမည်ဟု ရှမ့်လန် သင်ပေးခဲ့ခြင်းဖြစ်သည်။ ကျားမင်းသမီးသည် ဤစကားပြောခန်းမှာ အလွန်ကြီးကျယ် ခမ်းနားပြီး စိတ်ကျေနပ်ဖွယ်ရာရှိသည်ဟု ခံစားမိသည်။ နောင်အနာဂတ်တွင်လည်း ခဏခဏ ထိုသို့ ပြောဆိုရမည်။

ပြီးနောက် သူမ၏ ကြီးမားလုံးဝန်းသော ဖင်တုံးကြီးကို လှုပ်ခါကာဖြင့် လှည့်ထွက်သွားတော့သည်။ သူမသည် အလွန်စိတ်ချမ်းသာနေသည်။ လောက၌ အကောင်းဆုံးသောအရာသည် ကြွားဝါခြင်းနှင့် လူများကို ပါးရိုက်ခြင်းပင်။

ရှမ့်လန်သည် အစမှအဆုံး သူမအတွက် ဇာတ်ညွှန်း ရေးသားပေးခဲ့သူဖြစ်သည်။

… …

မင်းသမီးနင်ယန် ထွက်ခွာသွားပြီးနောက် .....

ချင်နိုင်ငံ သံတမန် နှင့် စစ်သည်တော် တစ်ဒါဇင်ကျော်သည် ဒေါသတကြီးဖြင့် ထရပ်လိုက်ကြ၏။ သူတို့သည် ပုံမှန်အားဖြင့် စိတ်တိုတတ်ပြီး စိတ်ထားကျဉ်းမြောင်းသည်။

အမျိုးသမီးတစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်ရသည်မှာ အလွန်အရှက်ရဖွယ်ရာပင်။ သူတို့ လက်စားချေရမည်။ သူတို့ လက်စားချေရမည်။

သို့သော် တစ်ဖက်လူသည် နိုင်ငံ၏ မင်းသမီးဖြစ်သည်။ သူမကို သတ်ရန် မဖြစ်နိုင်ချေ။

ချင်နိုင်ငံစစ်သည်တော်များသည် ဒေါသတကြီးဖြင့် ပိုမိုကာ သောက်စားကြသည်။

ထို့နောက် …

သူတို့၏အရက်ခွက်များတွင် ဆေးခတ်ခံလိုက်ရသည်။

ဆရာလန်၏ သေစေနိုင်သောလက်နက်၊ ကမ္ဘာ့အစွမ်းထက်ဆုံး ထင်ယောင်ထင်မှားဖြစ်စေသော မူးယစ်ဆေးသည် တစ်ဖန် ပြန်လည် အစွမ်းပြပေတော့မည်။

ဤဆေးသည် ဝမ်လျှံတို့သုံးသည့်ဆေးထက် ပိုမိုကာ ပြင်းပြီး ပိုမိုကာ အစွမ်းထက်သည်။ အဘယ့်ကြောင့် ဆိုသော် ဆရာလန်သည် အားအားယားယားနှင့် မူးယစ်ဆေးကိုပင် အဆင့်မြင့်တင် ထားခဲ့သေးသောကြောင့်ပင်။

ထိုသို့ဆိုလျှင် ချင်စစ်သည်များအား မည်သူက ဆေးခတ်ခဲ့သနည်း။

ဟုတ်ပေသည်။ ထိုသူတို့နှင့်အတူ လိုက်ပါသော ဆောင်ကြာမြိုင်မှ အားကောင်းသော အမျိုးသမီးများပင်။

မင်းသမီးနင်ယန်တွင် အခြားလူများ ချို့တဲ့နိုင်သော်လည်း သန်မာအားကောင်း အမျိုးသမီးများတော့ လုံးဝ မချို့တဲ့ချေ။

ဆရာလန်၏ ဘောင်းဘီကို ဆွဲချွတ်သော အမျိုးသမီးစစ်သည်တော်ကို မှတ်မိပါသလား။ သူမသည် အရပ် ရှစ်ပေ နီးပါးရှိပြီး သန်မာအားကောင်းလွန်းသည်။

နင်ယန်၏ဘေးတွင် ထိုသို့သော အမျိုးသမီးစစ်သည်တော် ရာပေါင်းများစွာရှိသည်။

ယခု ချင်စစ်သည်တို့သည် ရှမ့်လန်၏ ဆေးကို သောက်ပြီးဖြစ်သည်။ လောကသစ်တစ်ခုလုံး၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အလွန်အံ့ဩဖွယ်ကောင်းလှသည်။ ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ပင်။

ရွဲ့နိုင်ငံတွင် ဤမျှကောင်းမွန်သော ဝိုင်ရှိမည်ဟု မည်သူက ထင်ထားမည်နည်း။

အဘယ့်ကြောင့် သူတို့ ယခုမှ မြည်းစမ်းခွင့်ရသနည်း။

ချင်နိုင်ငံစစ်သည်များသည် မူလတည်းက ဉာဏ်ရည်မြင့်မားသူများ မဟုတ်ချေ။ ယခုမူ သူတို့၏ဉာဏ်ရည်သည် အောက်ဆုံးသို့ ကျဆင်းသွားပြီဖြစ်သည်။

လက်ရှိသူတို့၏ စိတ်ထဲတွင် သူတို့သည် အမြင့်မြတ်ဆုံးသော သူများ ဖြစ်သည်။ သို့ပေမည့် စောနက အမျိုးသမီးကို သူတို့ ရှုံးနိမ့်ခဲ့သည်။ ထိုအရာမှာ ရှက်ဖွယ်ရာပင်။ ထို့ကြောင့် သူတို့ လက်စားချေရမည်။

သို့ပေမည့် မည်သို့လက်စားချေရမည်နည်း။

ချင်နိုင်ငံသည် ကြီးမားသောအရာတစ်ခုကို ပြုလုပ်ရပေမည်။ ကောင်းကင်ထိ ထိုးတက်သွားနိုင်သည့် အရေးကြီးသောအရာတစ်ခုကို ပြုလုပ်ရမည်။

နန်းတော်ကို တိုက်ခိုက်မည်လား။ သို့မဟုတ် ထိုမင်းသမီးကို မုဒိမ်းကျင့်မည်လား။

ထိုအချိန်မှာပဲ ဘေးတစ်ဖက်ရှိ သန်မာအားကောင်းသော မိန်းကလေးတစ်ယောက်က စကားစလိုက်သည် “အရှင်ကြီးတို့ .. ရှင်တို့နိုင်ငံရဲ့ အထွတ်အမြတ် အထားဆုံးအရာက ဘာလဲ”

ချင်နိုင်ငံစစ်သည်များက ဖြေလိုက်သည် “နှင်းတောင်နတ်ဘုရားကျောင်းပေါ့။”

မိန်းကလေး မေးမြန်းလိုက်၏။ "ဒါဆို တစ်ယောက်ယောက်က ခင်ဗျားတို့ရဲ့ နှင်းတောင်နတ်ဘုရားကျောင်းကို မီးရှို့လိုက်ရင် ဘာဖြစ်သွားမလဲ။"

ချင်နိုင်ငံစစ်သည်တော်များသည် ဒေါသတကြီး ဖြေလိုက်သည် "လု်ပတဲ့သူရဲ့ မိသားစုတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံး၊ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မှာပေါ့။"

မိန်းကလေးသည် ဆွဲဆောင်မှုရှိစွာ ပြုံးပြီး ပြောလိုက်၏ “တိုက်ဆိုင်လိုက်တာ။ ကျွန်မတို့ဆီမှာလည်း သူတော်စင် ဘုံကျောင်းရှိတယ်။ အရမ်းလှတာ”

ချင်နိုင်ငံ၏စစ်သည်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်နှလုံးချင်း ဆက်သွယ်မိကြသည်။ ထူးခြားလွန်းသော အကြံတစ်ခု ပေါ်လာသည်။ သူတို့ ရွဲ့နိင်ငံ၏ သူတော်စင်ဘုံကျောင်းကို မီးရှို့ရမည်။

ဤစစ်သည်တော်များသည် ဉာဏ်ရည်မမြင့်မားသော်လည်း သတိရှိနေပါက ဤသို့သောအရာကို ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ချေ။

သို့ပေမည့် လက်ရှိအချိန်မှာတော့ သူတို့သည် တိမ်တိုက်များပေါ်တွင် ပျံဝဲနေကြပြီ။ ဤလောကတွင် သူတို့သာ ရှိသည်။ သူတို့ မလုပ်ဝံ့သောအရာ ဘာများရှိမည်နည်း။

အရက်မူးသမားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်၏ ထမိန်ကို လှန်ဝံ့သည်။ အစွမ်းထက်ဆုံး မူးယစ်ဆေးကို သောက်သုံးထားသော ကြမ်းတမ်းသည့်လူတစ်စုဆို ပြောနေစရာပင် လိုမည်မထင်ချေ။ သူတို့ မလုပ်ဝံ့သောအရာ ဘာများကျန်မည်နည်း။

ထို့ကြောင့် သူတော်စင်ဘုံကျောင်းရှိရာနေရာကို မေးမြန်းပြီး ဦးတည်သွားလိုက်ကြသည်။

တစ်ခဏအတွင်းမှာတော့ ထိုသန်မာသော မိန်းကလေးများသည်လည်း ခြေရာဖျောက် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ အရိပ်အယောင်ပင် မရှိတော့ချေ။

တိုက်ဆိုင်စွာပင် ... ချင်စစ်သည်များ လမ်းပျောက်သလိုဖြစ်နေချိန် လမ်းဆုံလမ်းခွတိုင်းတွင် လူတစ်ယောက် ပေါ်ပေါ်လာပြီး သူတော်စင်ဘုံကျောင်းရှိရာဆီ လမ်းညွှန်ပေးတတ်သေး၏။

မဟုတ်လျှင် ချင်နိုင်ငံစစ်သည်များသည် သူတော်စင်ဘုံကျောင်းကို ရှာတွေ့မည်မဟုတ်ချေ။ ထိုသူတို့သည် ဆောင်ကြာမြိုင်ကိုသာ မှတ်မိသည်။

သူတော်စင်ဘုံကျောင်းကဲ့သို့သော နေရာအား အစောင့်အကြပ်များဖြင့် တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထားမည်လား။ ပေါက်ပန်းလေးဆယ်ပင်။

အန်ကောဝပ်ကို မည်သူမှ စောင့်ကြပ်မနေချေ။ ပိရမစ်များကိုလည်း မည်သူက စောင့်ကြပ်သနည်း။ ကက်ပီတိုလ်သည်လည်း မည်သူမှ မစောင့်ကြပ်ချေ။

ရွဲ့နိုင်ငံတော်၏ သူတော်စင်ဘုံကျောင်းသည်လည်း ထိုနည်းလည်းကောင်းပင်။

ဤနေရာသည် မရေမတွက်နိုင်သော ပညာတတ်များ လာရောက်ဂါရဝပြုသည့် နေရာတစ်ခုလည်းဖြစ်သည်။ ဘုရင်မင်းမြတ်လာရောက်သည့်နေ့သည် တစ်နှစ်လျှင် တစ်ရက်တည်းသာရှိသည်။

ကျန်အချိန်များတွင်မူ အသက်ကြီးသော စစ်သား ဒါဇင်အနည်းငယ်ကသာ စောင့်ကြပ်၏။

သူတော်စင်ဘုံကျောင်းတွင် ကြီးမားသောရုပ်တုအနည်းငယ်သာ ရှိသည်။ ရွှေငွေများလည်း ရှိသည်မဟုတ်ပေ။ သူခိုးပင် အလုပ်ရှုပ်ခံ၍ ဝင်မည်မဟုတ်ပေ။

ပုံမှန်အားဖြင့် သူတော်စင်ဘုံကျောင်းတွင် နေထိုင်သော အသက်ကြီးသူ အဘိုးအို တစ်ယောက်ရှိပြီး သူသည် စတုတ္ထအဆင့် အရာရှိဖြစ်သည်။

ချင်နိုင်ငံစစ်သည်များသည် သူတော်စင်ဘုံကျောင်းကို စောင့်ကြပ်နေသော အသက်အရွယ် ကြီးရင့်နေသည့် စစ်သည် ဒါဇင်အနည်းငယ်ကို အလွယ်တကူ သတ်ဖြတ်လိုက်ကြ၏။

ပြီးနောက် ကြီးမားသောမီးပုံကြီး ပေါ်လာသည်။

သူတို့သည် သူတော်စင်ဘုံကျောင်းကို မီးရှို့လိုက်ကြ၏။

ဤသည်မှာ လောကရှိ ပညာတတ်အားလုံး၏ သူတော်စင်ဘုံကျောင်းပင်။

ဤသည်မှာ အရှေ့တိုင်းယဉ်ကျေးမှုကို တည်ထောင်သူများ၏ သူတော်စင်ဘုံကျောင်းပင်။

ဤသည်မှာ အရှေ့တိုင်းသူတော်စင်များ၏ သူတော်စင်ဘုံကျောင်းပင်။

မီးသည် တောက်ပစွာ လောင်ကျွမ်းနေသည်။

ချင်နိုင်ငံစစ်သည်များသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားကြ၏။

လှလိုက်တာ။ စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။

တစ်ပါးသူ၏ သူတော်စင်ဘုံကျောင်းကို မီးရှို့ရသည့် ခံစားချက်သည် အလွန်ကောင်းမွန်သည်။

ထို့နောက် သူတို့သည် ခါးပတ်များကို ဖြုတ်ကာ မီးပုံထဲသို့ သေးပန်းကြ၏။

သူတော်စင်ဘုံကျောင်းမှ မီးသည် ညကောင်းကင်ကို ထွန်းလင်းစေခဲ့သည်။

မြို့တော်တစ်ခုလုံး တုန်လှုပ်သွားသည်။ ပြင်းအား ၁၀ ရှိသော ငလျင်တစ်ခုပင်။

ဤသည်မှာ ကက်ပီတိုလ်ဟေးလ်ရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်ကို ဗုံးခွဲခြင်းနှင့် တူတူပင်။ ကောင်းကင်ကို ထိုးဖောက်သွားမှာ သေချာသည်။

ရှမ့်လန်၏ မကောင်းဆိုးဝါးအစီအစဉ်သည် တရားဝင်အောင်မြင်သွားပြီ။

စုမိသားစု၏ ပထမဆုံးသောကံဆိုးမိုးမှောင်ကျမှုသည် စတင်ပေတော့မည်။

မနက်ဖြန်တွင် ရွဲ့နိုင်ငံ နန်းတွင်းတစ်ခုလုံးသည် တုန်လှုပ်ဖွယ်ရာ နိုင်ငံရေးမုန်တိုင်းတစ်ခုကြောင့် လှုပ်ခတ်သွား ပေတော့မည်။

… …

သို့ပေမည့် ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် ဝမ်နျန်ခရိုင်တရားရုံးတွင် ဘယ်သောအခါကမှ မပေါ်ပေါက်ဖူးသော ကိစ္စဖြစ်၏။ ဝမ်ကွက်သည် အလွန်တရာ ကြီးမားမြင့်မြတ်သော ဂုဏ်သိက္ခာတရားနှင့် အသက်ရှင်နေထိုင်သည့် လူတစ်ယောက်ကဲ့သို့ ခပ်မတ်မတ် တည်ရှိနေသော ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

ဤကဲ့သို့ တစ်ပတ်ရိုက်သည့် ကိစ္စရပ်မျိုးသည် ပြိုင်စံရှားကိစ္စရပ်မျိုးကဲ့သို့ပင် ဖြစ်လို့နေ၏။

ကျိန်းသေပေါက် အနိုင်ရရှိမည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ သက်သေသာဓကများကလည်း အဆင်သင့် ရှိလို့နေ၏။ ဤကိစ္စသည် လွယ်လွယ်ကူကူနှင့် ပြီးမြောက်သွားမည့် ကိစ္စရပ်မျိုး ဖြစ်ခဲ့သည်။

သို့ပေမည့် မည်သို့မှ မထင်မှတ်ခဲ့ချေ။ ဤပွဲ၌ ရှုံးနိမ့်ခဲ့၏။ ရှမ့်လန်ကို ရင်ဆိုင်ယှဉ်ပြိုင်လျက် ရှိနေသော လူတစ်ခု၊ ဤလူတစ်စုတို့သည် ကျိန်းသေပေါက် ကြီးမားလွန်းသည့် ထောင်ချောက်ကြီးတစ်ခုကို ဖန်တီးထား၏။

အဆုံးသတ်မှာတော့ ရှမ့်လန်က စားပွဲခုံကို ပြောင်းပြန် လှန်လိုက်သကဲ့သို့ပင် အရာအားလုံးကို ပြောင်းလဲခဲ့၏။ ဤကဲ့သို့ တိုက်ခိုက်နိုင်မှု စွမ်းအင်အားသည် တကယ်ကို အံ့အားသင့်စရာပင်။

ဟုတ်ပေသည်။ ဆရာလန်အတွက် ဤကိစ္စသည် သေးငယ်လွန်းသော ကိစ္စရပ်လေးတစ်ခုသာလျှင် ဖြစ်၏။

တခြားသောနိုင်ငံများ၏ တရားရုံးများ၌ဆိုလျှင် တကယ်ကို အံ့အားသင့်စရာကောင်းလှချေ၏။ ရှေ့နေများသည် တစ်စိတ်ကို တစ်အိတ်လုပ်၊ ကြောင်ကို ကျားဖြစ်အောင်ပင် ပြောဆိုနိုင်စွမ်း ရှိကြ၏။ လူသတ်မှု၊ မုဒိမ်းမှု၊ အရာအားလုံးတို့သည် မည်သည့်အခါမှ ပြုလုပ်မထားသည့်အရာကဲ့သို့ပင် အပြစ်ကင်းစင်စွာဖြင့် ပျောက်ကွယ်သွားတတ်သည်။

ဝမ်ကွက်သည် အရင်ဆုံး မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ ‘အဲတော့ ရှမ့်လန်... မင်း ဒီလောက်အားကောင်းတယ်ဆိုရင်ရော ဘာဖြစ်လဲ။ မင်းအနေနဲ့ ကျင်းမူကုန်းနဲ့ ပတ်သက်တဲ့ ငါ့ရဲ့ လုပ်ကွက်တွေကိုပဲ နှောင့်နှေးအောင် လုပ်နိုင်တာလေ။ ဒီကိစ္စရဲ့ ဆုံးဖြတ်ပိုင်ခွင့် အကုန်လုံးက ငါ့လက်ထဲမှာပဲ ရှိတာပဲ။ ပြီးတော့ ဒါက နိုင်ငံရေးအရ လွန်ကစားပွဲ တစ်ခုပဲ။ ဒါက သာမန်ကိစ္စတစ်ခု မဟုတ်ဘူး။ အဓိကအားဖြင့် မနက်ဖြန် တရားရုံးကြမှ တွေ့ကြတာပေါ့’

‘မင်းရှမ့်လန်က ငါ့ရဲ့ တရားရုံးထဲ လာပြီး မင်းရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသခဲ့တယ်။ တရားရုံးထဲမှာ မင်းက ငါနဲ့ ယှဉ်ပြိုင်၊ တုဖက်ပြိုင်ပြီး ငြင်းခုန်ချင် နေတာလား။ တကယ်ဆိုရင် မင်းက တရားရုံးကို တက်ရောက်ဖို့တောင် အရည်အသွေး ပြည့်မီတာ မဟုတ်ဘူး။ မင်းက နန်းတွင်းကျောင်းရဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ ပြီးတော့ ဘာဘွဲ့ထူးတံဆိပ်မှ သေသေချာချာ လက်ခံရရှိထားတာ မဟုတ်ဘူး။ အမည်ခံ ကျောင်းတော်သား တစ်ယောက်သာသာပဲ’

‘ငါ ကျင်းမူကုန်းကို အကျဉ်းချလို့ မရနိုင်ဘူး။ ဒါပေမဲ့ အဲတော့ ဘာဖြစ်လဲ။ လူတွေရဲ့ ပါးစပ်ပေါက်ကို မင်း ရပ်တန့်လို့ရမယ် ထင်နေတာလား။ လူပေါင်းများစွာတို့ရဲ့ ပါးစပ်ကို ဘယ်လို ရပ်တန့်နိုင်မှာလဲ။ ပြီးတော့ နန်းတွင်းမှာ ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါးစပ်တွေကိုရော မင်း ဘယ်လိုပိတ်မှာလဲ။ မနက်ဖြန် ညီလာခံမှာ လူပေါင်းများစွာတို့ ရေးသားထားတဲ့ တိုင်စာတွေက နှင်းမြူလိုပဲ နန်းတော်ထဲကို ကျဆင်းနေလိမ့်မယ်’

‘လူပေါင်းများစွာတို့က မင်းတို့ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ။ အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့ ကျင်းမူကုန်းရဲ့ပြစ်မှုက လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။ ဒါပေမဲ့ လူတွေက တကယ်ဟုတ်လား၊ မဟုတ်လား ဆိုတဲ့ အစစ်အမှန်တရားကို ဘယ်လိုလုပ် ဂရုစိုက်နေမှာလဲ။ နန်းတွင်းအရာရှိအားလုံးနီးပါးက တိုင်စာရေးပြီး မင်းတို့ကို တိုင်ဖို့ ပြင်ဆင်နေကြပြီ။ လူတွေအားလုံးကလည်း ဆဲဖို့ ပြင်နေကြပြီ’

‘အင်း... မင်းက အမှန်တရားကို သိတယ်ဆိုရင်တောင်မှ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ လူလား။ ဘာပဲပြောပြော မသေခင် ပျော်ပျော်နေစမ်းပါ။ မနက်ဖြန် ညီလာခံမှာ မင်းတို့ ကျင်းမိသားစုတစ်ခုလုံးက အားလုံးသောသူတွေရဲ့ တံတွေးခွက်ထဲရောက်ပြီ’

ချက်ချင်းပဲ ဝမ်ကွက်သည် စားပွဲခုံကို ထုနှက်ကာ ပြောလိုက်၏။ “နှစ်ဖက်လုံးက သက်သေသာဓကတွေက မလုံလောက်ဘူး။ ဒီတော့ ဒီကိစ္စကို ခဏတာ ဆိုင်းငံ့ထားလိုက်မယ်”

ပြီးနောက် အမှုထမ်းတို့သည် ကျင်းမူကုန်းကို ထောင်ထဲ ပြန်ပို့ရန် ပြင်ဆင်လိုက်ကြ၏။ ယုဖန်သည် သူ၏ မိန်းမနှင့်အတူ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

ရှမ့်လန်က အေးစက်စက် ပြောလိုက်၏။ “ဆရာဝမ်... ဒီမိန်းကလေးချန်းက ၁၀၀ ရာခိုင်နှုန်း သံသယရှိသူပါ။ သူ့ကို ဒီတိုင်းပဲ ပေးပြီး လွှတ်တော့မှာလား။ ပြီးတော့ ဒီယုဖန်ကလည်း အပေါင်းအဖော်တွေပဲ။ ဒါအမှုတွဲပဲလေ။ ခင်ဗျား သူတို့ကို ဒီတိုင်းပဲ လွှတ်လိုက်မယ်ဆိုရင် ကျင်းမူကုန်းကို ကျုပ်တို့ကလည်း ခေါ်သွားရမှာပဲ။ ခင်ဗျားက ဒီခရိုင်တရားရုံးရဲ့ အမှုထမ်းနေတဲ့ လူတစ်ယောက်လေ။ ရွှဲ့ပြည်နယ်ရဲ့ ဥပဒေက ဘယ်ရောက်သွားလဲ”

ဝမ်နျန်တရားရုံး၏ တာဝန်ရှိသူ ဝမ်ကွက်သည် ရုတ်တရက် ဒေါသူပုန်ထသွားသည်။ ဤနေရာသည် ဝမ်နျန်တရားရုံး ဖြစ်၏။ သူ၏ တည်နေရာ ဖြစ်သည်။ ‘ရှမ့်လန် မင်း ဘာလုပ်ချင်လို့လဲ’

သို့ပေမည့် သူသည် ပဉ္စမမင်းသား နင်ကျန်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ ချက်ချင်းပဲ ဝမ်ကွက်က ပြောလိုက်၏။ “ကိုယ့်လူတို့... ယုဖန်နဲ့ သူ့ရဲ့မိန်းမကို တစ်ခါတည်း ဖမ်းလိုက်ကြ”

နောက်ဆုံးမှာတော့ ဤစုံတွဲသည်လည်း အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

All Chapters