အပိုင်း (၂၇၆)
Vol. 20 Ch. 276
အကျဉ်းထောင်အခန်းထဲမှာတော့ ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် သီးသန့် ဆွေးနွေးလျက် ရှိနေ၏။ သူသည် သူ၏ ယောက်ဖကို နှစ်သိမ့်နေခြင်းပင် ဖြစ်၏။ “မင်းက မိန်းမတစ်ယောက်ရဲ့ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် နှလုံးသားကို အမှောင်ဖုံးသလို ခံစားနေရတာပဲ။ ဒါပေမဲ့ ဒီကိစ္စကို မေ့လိုက်စမ်းပါ။
ငါ့ကိုကြည့်။ ငါက အရမ်းကို ကြည့်ကောင်းတဲ့ လူတစ်ယောက်။ ဒါပေမဲ့ ငါလည်း မိန်းမတစ်ယောက်ရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာပဲ။ အဲဒီနေ့တုန်းက ငါက မင်းထက်တောင် ဆိုးသေးတယ်။ မင်းက ဒဏ်ရာ နည်းနည်းလေးပဲ ရခဲ့တာ။ ငါဆိုရင် တစ်လကျော်လောက် အနားယူခဲ့ရတယ်။ ဒီတော့ ယောက်ျား တစ်ယောက်အနေနဲ့ ငါတို့ဘဝတွေက မိန်းမလှလေးတစ်ယောက်ယောက်ရဲ့ အဓမ္မပြုကျင့်ခြင်းကို မခံဖူးရင်တောင် ပြည့်စုံသလိုခံစားရမှာ မဟုတ်ဘူး”
ကျင်းမူကုန်းသည် ကြောင်အသွားခဲ့၏။
‘ယောက်ဖ.... ခင်ဗျား ဒီလိုမျိုးတွေ ပြောပြီးတော့ ကျုပ်ကို နှစ်သိမ့်စရာ မလိုပါဘူး။ ကျုပ်က အဆင်ပြေနေပြီးသားပါ။ နှစ်သိမ့်မှုက ကျိုးကြောင်းဆီလျော်တယ် ဆိုရင်တောင်မှ နားထောင်ရတာနဲ့ ကျုပ်အတွက် တစ်မျိုးကြီးပဲ’
ရှမ့်လန်သည် အကျဉ်းထောင်ထဲတွင် ရှိနေသည့် ယုဖန်နှင့် သူ့ရဲ့မိန်းမတို့ကို လှမ်းကြည့်၏။ အထူးသဖြင့် အမျိုးသမီးချန်းပင် ဖြစ်၏။ ဤကဲ့သို့ သွယ်လျလှပသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် အရှက်မဲ့လွန်းလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တစ်ဖက်လူသည် တကယ့်ကို လှပလွန်း၏။ ပိုမို၍ အရေးကြီးမားသည်မှာ ခန္ဓာကိုယ်ကလည်း တကယ့်ကို ဆွဲဆောင်မှုရှိလွန်းလှသည်။
“ဝတုတ်... မင်းရဲ့ ပထမဦးဆုံးအကြိမ်ကို ဒီလိုလှပတဲ့ မိန်းကလေးတစ်ယောက်ဆီ ပေးလိုက်ရတာ ကံကောင်း တာပဲလေ။ နည်းနည်းတော့ အိုနေတာပေါ့ကွာ”
ရှမ့်လန်က ပြောလိုက်၏။ “မင်းသိမှာ မဟုတ်ဘူး။ တချို့ယောက်ျားတွေဆိုရင် သူတို့ရဲ့ ပထမဦးဆုံးအကြိမ်ကို သိုးတွေ၊ မြည်းတွေကိုတောင် ပေးလိုက်ရတာလေ။ အသက်လေးဆယ်နားထိ လက်သုံးနေရတဲ့ လူတွေတောင် ရှိတယ်။ ဒီတော့ ကိုယ့်ဘဝကိုယ် ပြည့်စုံတယ်လို့ တွေးလိုက်စမ်းပါ။”
ကျင်းမူကုန်းသည် ကြက်သီးမွေးညင်းများပင် ထသွား၏။ ‘ယောက်ဖ... ခင်ဗျားကို ကျုပ် လွမ်းနေခဲ့တယ် ဆိုပေမဲ့ အခု ဘာလို့ ထွက်မသွားသေးတာလဲ။ မဟုတ်ရင် ကျုပ်ရဲ့ လောကအပေါ် ကြည့်တဲ့အမြင်တွေ အကုန်လုံး ပြောင်းပြန်လန်သွားတော့မယ်’
ရှမ့်လန်သည် ယုဖန်ကို လှမ်းကြည့်ကာဖြင့် အသာပြောလိုက်သည်။ “သူဌေးယု.. ခင်ဗျားက တကယ့်ကို အကြင်နာတရား ကင်းမဲ့တာပဲ။ ခင်ဗျားရဲ့ မိန်းမကိုတောင်မှ ခင်ဗျားက ကြင်နာသနားတတ်တဲ့ စိတ်မရှိဘူး။ အင်း.. ခင်ဗျားက တကယ်မလွယ်တဲ့လူပဲ”
ယုဖန်သည် နှာခေါင်းကို ရှုံ့လိုက်၏။ လက်ရှိအခြေအနေ၌ သူ သရုပ်ဆောင်နေရန် မလိုအပ်တော့ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အရည်အချင်း မပြည့်မီဘဲ အပေါ်ကို လှမ်းတက်ဖို့ ကြိုးစားတဲ့သူဆိုတာ ဆင်ကို မျိုဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်နဲ့ တူတယ်။ ကျုပ်တို့မိသားစုက ခင်ဗျားအတွက် စာအုပ်တွေ ပေးခဲ့ပြီးပြီ။ ခင်ဗျားရဲ့ စီးပွားရေးကလည်း တော်တော်များများ အဆင့်မြင့်တက်ခဲ့တယ်။ ခင်ဗျား လုံလောက်အောင် ချမ်းသာနေပြီ။ ဘယ်လိုဖြစ်လို့ ဒီလို နိုင်ငံရေး အားပြိုင်တဲ့ အရှုပ်အထွေးတွေထဲ ဝင်လာချင်ရတာလဲ။ ကိုယ့်နေရာ ကိုယ်မသိရင် ဒုက္ခရောက်တတ်တယ်”
ယုဖန်က ပြောလိုက်၏။ “ကျုပ်ကလည်း နန်းတွင်းကျောင်းတော်သားတစ်ယောက်ပဲ”
ရှမ့်လန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ရို့.. အစ်ကိုကြီး ... ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ ကျုပ်ကလည်း နန်းတွင်းကျောင်းတော်သားတစ်ယောက်ပဲ”
ယုဖန်က ပြောလိုက်၏။ “လောကကြီးမှာ ပိုက်ဆံရှိတော့ ဘာဖြစ်လဲ။ ကျုပ် ဆင်းရဲ မွဲတေလုနီးပါး ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ် ‘အရှေ့အရပ်ရဲ့ ဒဏ္ဍာရီ’ ဆိုတဲ့ စာအုပ်ကို ရောင်းချခဲ့လို့ပဲ။ တခြားဆိုင်တွေ အကုန်လုံး ဒီစာအုပ်ကို ရောင်းချခဲ့ကြပြီး အကုန်လုံး အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ ကျုပ်တစ်ယောက်တည်း ဒုက္ခရောက်ခဲ့တယ်။
ကျုပ်က ရွှေဒင်္ဂါး တစ်ထောင်ကို ဒဏ်ကြေးအဖြစ် ပေးခဲ့ရရုံနဲ့ မပြီးခဲ့ဘူး။ အရာရှိတွေက ကျုပ်ဆီက ငွေကို ထပ်ပြီးညှစ်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ သာမန် ရုံးအမှုထမ်းလေးတွေကတောင်မှ အဖွဲ့တွေဖွဲ့ပြီး ကျုပ်ဆီက ငွေညှစ်ကြတယ်။ သူတို့က ကျုပ်ကို ထောင်ထဲကို သုံးကြိမ်တိတိ ပို့ခဲ့တယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ”
ယုဖန်သည် သက်ပြင်းကို ချလိုက်မိသည်။ “ကျုပ် လောကကြီးမှာ နေထိုင်နေတာ ကြာပြီ။ ဒီလောကကြီးမှာ ပိုက်ဆံက အသုံးမဝင်ဘူး။ ဒီတော့ အသုံးဝင်ဆုံးအရာက အာဏာပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါ့ကြောင့် ခင်ဗျားက ငွေတော်တော်သုံးပြီး ကျန်းယွမ်နယ်စားကြီးအိမ်တော်ရဲ့ အိမ်တော်ထိန်း စုရုံနဲ့ နီးကပ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ခင်ဗျားရဲ့မိန်းမကို သူနဲ့ အိပ်စေခဲ့တယ် မဟုတ်လား”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ယုဖန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ဤကိစ္စသည် တကယ့်ကို လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
အဘယ်ကြောင့် ရှမ့်လန်က သိရှိရသနည်း။
ပြောရမည်ဆိုလျှင် လျှို့ဝှက်ချက် ဆိုသည့် အရာမျိုးက မရှိချေ။ ယုဖန်သည် ‘ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း စာအုပ်’ ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးနောက် ကံကောင်းမှုတစ်ခုကို ရှာဖွေနိုင်ခဲ့၏။ များပြားလွန်းသည့် အာဏာ၏ လက်တံများသည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ငွေညှစ်ရန် ကြိုးစားကြ၏။ သူသည် အောင်မြင်မှု အသီးအပွင့်ကို မခံစားခဲ့ရချေ။
သို့ပေမည့် မကြာခင်မှာပဲ ထိုအာဏာ၏ လက်တံများသည် တစ်ခုပြီးတစ်ခု နောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။ ထို့အပြင် သူသည် ငွေပမာဏတော်တော်များများကို ရင်းနှီးမြုပ်နှံ့၍ ထန်းဖန်စာအုပ်ဆိုင်ကို ပိုမို ကြီးထွားအောင် ချဲ့ထွင်ခဲ့၏။
ရှမ့်လန်သည် တစ်စုံတစ်ယောက်ကို စုံစမ်းခိုင်းခဲ့၏။ ပြီးနောက် ထိုနေရာတွင် မည်သူများ ပါဝင်လျက် ရှိနေကြောင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိခဲ့၏။ စုရုံပင် ဖြစ်သည်။
ယုဖန်တစ်ယောက် စုရုံဆီမှ မျက်နှာသာရစေရန် မည်ကဲ့သို့သော အရာမျိုးကို ပြုလုပ်ခဲ့မည်နည်း။ ပိုက်ဆံလား။
စုမိသားစု၌ ပိုက်ဆံရှိ၏။ ထို့ကြောင့် စုရုံသည် ပိုက်ဆံအနည်းငယ်သာလျှင် လိုအပ်နေပေလိမ့်မည်။ အလိုအပ်ဆုံးအရာမှာ မိန်းမသာလျှင် ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် သူ၏ မိန်းမပင်။ ထို့အပြင် ယုဖန်၏ မိန်းမသည် တော်တော်လည်း လှပ၏။ ဤကဲ့သို့သော မိန်းမလှလေးနှင့် စုရုံ အဘယ်သို့ မအိပ်ချင်ဘဲနေမည်နည်း။
စုရုံ၌ မိန်းမမရှားပေ။ သို့ပေမည့် ကာမပိုင် လင်ယောက်ျား၏ရှေ့တွင် ထိုသူ၏ မိန်းမနှင့် အိပ်စက်ခြင်းဆိုသည်မှာ မတူညီခြားနားသည့် ခံစားချက်တစ်ခု ဖြစ်ပေမည်။ မိမိကိုယ်ကိုယ် ကြီးကျယ်မြင့်မြတ်သည့်လူတစ်ယောက်ဟု ထင်မှတ်မှားစေနိုင်လောက်သည့် အရာမျိုးပင် ဖြစ်၏။
ယုဖန်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ရှမ့်လန်.. မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပေါက်ပန်းလေးဆယ် မဆိုင်တာတွေ လျှောက်မပြောနဲ့။ ငါတို့က စုရုံနဲ့ ဘာတစ်ခုမှ မသက်ဆိုင်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမကို ထိုးကျွေးပြီးတဲ့နောက်မှာ ခင်ဗျားတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကာကွယ်ပြီးသား ဖြစ်သွားပြီ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီးတော့ ကျင်းမူကုန်းကို ဇာတ်လမ်းဆင် ဒုက္ခပေးရတာလဲ။ ရွှမ်ဝူအိမ်တော်က သွားရှုပ်လို့ရတဲ့လူတွေ မဟုတ်ဘူးလို့ ခင်ဗျား မတွေးမိဘူးလား။ အင်း... ကျုပ်က တော်တော်ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်လို့ ခင်ဗျား မကြားဖူးဘူးလား”
ယုဖန်သည် တိုက်ရိုက် မဖြေချေ။ ခဏလောက်ကြာပြီးသည့်နောက် ပြောလိုက်သည်။ “ဒါက နန်းမြို့တော်လေ။ ရွှမ်ဝူအိမ်တော်ဆိုတာ အသိုက်ထဲကနေ တစ်ချက်ကလေးတောင်မှ မထွက်ရဲတဲ့ လိပ်တစ်ကောင်သာသာပါပဲ”
ရှမ့်လန်က ထိုအရာကို နားလည်သွားခဲ့၏။ ရွှမ်ဝူအိမ်တော်သည် မိမိတို့၏ မြေပိုင်နက်များကိုသာ အာရုံစိုက်ပြီး နန်းမြို့တော်ထဲတွင် မည်သည့် အခွင့်အာဏာ ဩဇာမှ မရှိချေ။ သူ ယုဖန်သည် အဘယ်သို့ ကြောက်ရွံ့ရမည်ဟု ပြောဆိုခြင်းပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် သူတို့က ခင်ဗျားကို အရာရှိတစ်ယောက် ဖြစ်စေဖို့အတွက် ခွင့်ပြုပေး လိုက်တယ်ပေါ့။ ဘယ်လိုအဆင့်အတန်းလဲ”
အဆင့်ကိုး ဖြစ်ပေလိမ့်မည်။ အရာရှိအဆင့်အတန်းတွင် အနိမ့်ဆုံးသော အဆင့်အတန်းလည်း ဖြစ်၏။ သို့ပေမည့် ယုဖန်သည် ထိုကဲ့သို့သော အရာကို လိုက်လံရှာဖွေနေခြင်းသာ ဖြစ်၏။ ထို့အပြင် သူသည် နန်းတွင်းကျောင်း၏ ကျောင်းတော်သားတစ်ယောက်လည်း ဖြစ်၏။ ဒုက္ခရောက်နေသည့်အချိန်တွင် အာဏာရှိ လူတစ်စုသည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီး အနိုင်ကျင့် ငွေညှစ်ခြင်းကို ပြုလုပ်ခဲ့ကြ၏။ ထိုထဲတွင် အကြီးမားဆုံးသူသည် အဆင့်ကိုး အရာရှိအရာခံ တစ်ယောက် ဖြစ်၏။ ထိုလူကပင်လျှင် သူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့သူ ဖြစ်လာခဲ့၏။
ကျင်းမူကုန်းကို ပြဿနာရှာ၊ ဒုက္ခပေးသည်နှင့် တစ်ပြိုင်နက် ကျိန်းသေပေါက် အဆင့်ကိုး အရာရှိတစ်ယောက် ဖြစ်စေရမည်ဟု စုရုံက ယုဖန်အား ကတိပေးခဲ့၏။ ထို့ကြောင့်ပင်လျှင် ယုဖန်သည် လေနှင့်အတူ လိုက်လံ စီးမျောနေခြင်း ဖြစ်သည်။
“အင်း.. လောဘတရားက ခင်ဗျားကို မျက်စိကန်းစေခဲ့တယ်” ရှမ့်လန်သည် အထင်မြင်သေးစွာဖြင့် ပြောလိုက်၏။
ယုဖန်က မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်မိသည်။ “ရှမ့်လန်.. မြို့စားအိမ်တော်ရဲ့ သမက်တော် တစ်ယောက်အနေနဲ့ မင်းရဲ့ ဂုဏ်သိက္ခာက ဒီနန်းမြို့တော်ထဲမှာ ငါ့လောက်တောင် ကြီးကျယ်မြင့်မြတ်တာ မဟုတ်ဘူး။ ဒီတော့ အတင်းကြီး ဟိတ်ဟန်ထုတ်မနေပါနဲ့တော့။
ပြီးတော့ မင်းက ဒီနေ့ တရားရုံးထဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ နိုင်သွားခဲ့ပြီလို့ ထင်နေတာလား။ မနက်ဖြန် ငိုရလိမ့်မယ်။ တကယ့်ကို ကြီးကျယ်မြင့်မြတ်တဲ့ လူတွေအကုန်လုံးက မင်းတို့ ကျင်းမိသားစုကို ဖျက်ဆီးဖို့ ကြိုးစားနေကြပြီ။ မင်းလို သမက်တော်လေးတစ်ယောက်အနေနဲ့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာတောင် စိုးရတယ်”
ရှမ့်လန်သည် ကျင်းမူကုန်းကို မေးလိုက်၏။ “ဝတုတ်... သူ မင်းနဲ့ မိတ်ဆွေ့ဖွဲ့တဲ့အချိန်တုန်းက သူ ဒီလိုပဲ ဝင့်ကြွားပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောတတ်တာလား”
ကျင်းမူကုန်းက ခေါင်းညိတ်ပြလိုက်၏။ ယုဖန်သည် စာအုပ်ရောင်းသူတစ်ယောက် ဖြစ်သော်လည်း တကယ့်ကို ဟိတ်ဟန်ကြီးစွာဖြင့် ပြောဆိုရခြင်းကို နှစ်သက်၏။ နိုင်ငံ၏ ကောင်းကြောင်းများကို ထုတ်ဖော် ရေးသားတတ်ပြီး စိတ်အားတက်ကြွမှုအပြည့်ဖြင့် ကြွားဝါတတ်သည့် လူတစ်ယောက်လည်း ဖြစ်သည်။
ယုဖန်က နှာခေါင်းရှုံ့လိုက်၏။ “စောင့်နေလိုက်၊ စောင့်နေလိုက်.. နောက်ထပ် နှစ်ရက်၊ သုံးရက် အများဆုံးပဲ။ ကျင်းမူကုန်းရဲ့ ကိစ္စက တစ်လောကလုံးဆီ ပျံ့နှံ့သွားလိမ့်မယ်။ ပြီးတော့ လူထုအမြင်က မင်းတို့ရဲ့ ကျင်းမိသားစုပေါ်ကို ကျဆင်းလာလိမ့်မယ်။ အဲအချိန်ကျရင် ကျင်းမိသားစုက လူပေါင်းများစွာတို့ရဲ့ တံတွေးခွက် ထဲ မျောပြီ။ ပြီးတော့ နယ်စားကြီးဆိုတဲ့ ဘွဲ့တံဆိပ်ကိုရရှိဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။
ကျင်းမူကုန်းက မသေဘူး။ ဒါပေမဲ့ သူက အရေခွံ ချွတ်ခံရလိမ့်မယ်။ သင်းကွပ်ခံရလိမ့်မယ်။ ပြီးတော့ မင်း ရှမ့်လန်.. မင်းရဲ့ ကံတရားက ကုန်ဆုံးသွားခဲ့ပြီ။ အစစ်အမှန်တရားကို ဘယ်သူကမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဒါက သာမန်ကိစ္စမျိုးလည်း မဟုတ်ဘူး။ ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်ပဲ”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူသည် တက္ကစီတစ်စီးကို ငှားရမ်းကာဖြင့် အမိကမ္ဘာမြေဆီသို့ ပြန်သွားခဲ့ရ သကဲ့သို့ပင် ခံစားနေခဲ့၏။ အမိကမ္ဘာမြေ၏ မြို့ပြတွင် တက္ကစီသမားများသည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ ဝင်စီးလိုက်ဖို့ မကြံနှင့်၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ ကိစ္စရပ်အားလုံးတို့ကို ဝေဖန်ပိုင်းခြားနိုင်သူ တစ်ယောက် ကဲ့သို့ အကြီးအကျယ်နှင့် ဟိတ်ဟန်ထုတ်ကာ ပြောဆိုတတ်ကြ၏။ ဤယုဖန်သည် ကျိန်းသေပေါက် ထိုသူများ၏ ပရိသတ် ဖြစ်ကောင်းဖြစ်နေနိုင်၏။
ထိုအချိန်မှာပဲ ရုံးအမှုထမ်းများ ရောက်ရှိလာပြီး ပြောလိုက်သည်။ “ယုဖန်... ထောင်ပြောင်းမယ်”
အကျဉ်းထောင်ပြောင်းမည် ဟုတ်လား။ ဟုတ်ပေ၏။ ဤအရာသည် တကယ့်ကို သင့်တော်ပြီး ဇိမ်ကျကျနှင့် နေထိုင်နိုင်စွမ်းရှိသော အိမ်တစ်အိမ်ဆီသို့ ပြောင်းလဲကာ နေထိုင်စေမှာ ဖြစ်၏။
ယုဖန်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှမ့်လန်ကို ပြောလိုက်သည်။ “တွေ့လား။ ဒါက ဩဇာအာဏာပဲ။ ဒါက မင်းတို့လို နယ်မြို့လေးတွေနဲ့ ကွာခြားတဲ့ အရာပဲ။ ပြီးတော့ မင်း ကျင်းမူကုန်းက မြို့စားအိမ်တော်ရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ ထောင်ထဲမှာပဲ ငြိမ်ငြိမ်သက်သက်နဲ့ လိမ်လိမ်မာမာ နေရလိမ့်မယ်။
ငါယုဖန်ကတော့ ငါ့ရဲ့ အခန်းထဲမှာ ဇိမ်ကျကျ သွားနေပြီး ကောင်းကောင်းမွန်မွန် စားရလိမ့်မယ်။ မနက် မိုးလင်းခါနီးနေပြီ။ မင်းတို့ ကျင်းမိသားစုကို လူပေါင်းများစွာတို့က တံတွေး ဝိုင်းထွေးတော့မယ်နော်။ အဲဒီလှိုင်းလုံးကြီးပြိုကျလာရင် မင်းတို့ သွားပြီပဲ”
ပြီးနောက် ယုဖန်သည် အားရပါးရ ရယ်မောပြီး အကျဉ်းထောင်မှ ထွက်ခွာသွားခဲ့လ။ ခြံဝင်းအထဲသို့ ရောက်သည့်အချိန်မှာတော့ ဝမ်ကွက်၏ အတိုင်ပင်ခံက ပြောလိုက်၏။
“မင်းရဲ့မိန်းမက ချက်ပြုတ်တဲ့ နေရာမှာ တကယ်ကောင်းတယ်လို့ ကြားခဲ့တယ်။ အထူးသဖြင့် တစ်ယောက်တည်း ချက်ပြုတ်တဲ့ အခါမျိုးမှာပေါ့”
ယုဖန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ အဲဒါ အမှန်ပါပဲ”
ဝမ်ကွက်၏ အတိုင်ပင်ခံက ပြောလိုက်၏။ “မိန်းကလေးချန်း... ရေချိုးဖို့ လိုက်ခဲ့ပါအုံး။ ခင်ဗျား အဝတ်အစားတွေကို လဲရမယ်။ ပြီးရင် ဆရာကြီးဝမ်ကို မင်းရဲ့ ချက်ပြုတ်ခြင်းစွမ်းရည် ပြပါအုံး”
...................
မိန်းကလေးချန်းသည် တစ်နာရီနီးပါးခန့် ရေမိုးချိုးပြီးနောက် အဝတ်အစားများကို လဲလှယ်လိုက်၏။ ပြီးတော့ သူမ၏ နဖူးထက်တွင် ရှိနေသည့် ဒဏ်ရာဒဏ်ချက်များကို ဖုံးကွယ်ရန် ကြိုးစားလိုက်၏။ ပြီးနောက် သူမသည် ဝမ်နျန်ခရိုင် တရားသူကြီး ဝမ်ကွက်၏ အခန်းထဲသို့ ဝင်ရောက်လိုက်သည်။
သူမ၏ ချက်ပြုတ်ခြင်း စွမ်းရည်ကို အဆုံးစွန်ထိ ပြသလိုက်၏။ ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ချက်ပြုတ်ခြင်းပွဲ ပြီးစီးသွားလေ၏။
ဝမ်ကွက်သည် အသက်ကိုပင် မနည်းရှုနေရ၏။ မိန်းကလေးချန်း၏ မျက်လုံး၊ မျက်နှာအမူအရာများသည် ဆွဲဆောင်မှု ရှိလွန်းလှ၏။
“ဆရာဝမ်က တကယ့်ကို အံ့အားသင့်စရာပဲ။ ကျွန်မ ပျော့ခွေသွားလုမတတ်ပဲ”
မိန်းကလေးချန်း၏ ချက်ပြုတ်ခြင်းစွမ်းရည်မှာ မဆိုးလှဟု ဝမ်ကွက်က ခံစားမိ၏။ ဆရာကြီးစုရုံ တစ်ယောက် တစ်ခါတည်း သုံးကြိမ်တိတိ စားသောက်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဤယုဖန်သည် တကယ့်ကို ကြမ်းတမ်းလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သေးငယ်လှသည့် အဆင့်ကိုး အရာရှိအရာခံတစ်ယောက် ဖြစ်လာရန်အတွက် သူ၏မိန်းမကို စုရုံနှင့် သူ့ဆီသို့ပင် စေလွှတ်ကာ အိပ်စေခဲ့၏။ ထို့အပြင် ကျင်းမူကုန်း ဒုက္ခရောက်စေရန်အတွက် မိန်းမကို ကျင်းမူကုန်းနှင့် အိပ်စေခဲ့သေး၏။ ကျင်းမူကုန်းသည် နှစ်နာရီနီးပါးခန့် ထိုမိန်းကလေးနှင့် ဆော့ကစား ခဲ့သည်ဟုလည်း သူက ကြားခဲ့သည်။
မဖြစ်နိုင်ချေ။ ဤအရာက လုံးဝမဖြစ်နိုင်ပေ။ ဤစကားက အတုသာ ဖြစ်ပေလိမ့်မည်။ မည်သည့်ယောက်ျားမဆို လက်ဖက်ရည် တစ်ခွက်သောက်ချိန်ထက် ပိုမိုကာ ကြာမြင့်သည်ဟု ပြောဆိုပါက ဝါကြွားခြင်းသာ ဖြစ်ပေလိမ့်မည်။
မိန်းကလေးချန်းသည် ချွဲနွဲ့စွာဖြင့် ပြောလိုက်၏။ “ဆရာဝမ်... ဒီရှမ့်လန်က ကျွန်မကို အနိုင်ကျင့်ခဲ့တယ်။ ဒီကျေးကျွန်က သူ့ကို သေစေချင်တယ်”
ဝမ်ကွက်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “သူ့ကို သတ်ရမှာလား။ မဖြစ်နိုင်ဘူး။ ရွှမ်ဝူအိမ်တော်က တကယ့်ကို အားကောင်းတယ်။ သူတို့က နန်းမြို့တော်ထဲမှာ ဘာအခြေခံမှမရှိဘူးဆိုပေမဲ့ သူတို့ကို အနိုင်ကျင့်လို့တော့ မဖြစ်သေးဘူး။ သူတို့ကို အနိုင်ကျင့် ဗိုလ်ကျပြီးတော့ လုပ်ချင်တာတွေ လျှောက်ပြီး လုပ်ဖို့ မဖြစ်သေးဘူး။ ပြီးတော့ သူ့ကို သတ်ပစ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ဘူး။ ရွှမ်ဝူအိမ်တော်က ပုန်ကန်ဖို့ ကြိုးစားနေတာ မဟုတ်လို့ပဲ”
မိန်းကလေးချန်းက ပြောလိုက်၏။ “ဒါဆိုရင် ကျွန်မ.. အဲဒီ ခွေးတိရစ္ဆာန် ရှမ့်လန်ရဲ့ အနိုင်ကျင့်ခြင်းကို ခံရတာ ဘာမှမဟုတ်ဘဲ ပြီးသွားမှာလား။ ကျွန်မ ပြန်ပြီး လက်စားချေချင်တယ်။ သူ့ကို ကျိန်းသေပေါက် ပြန်ပြီး လက်စားချေချင်တယ်”
ဝမ်ကွက်က ပြောလိုက်သည်။ “လက်စားချေချင်တယ် ဆိုတာက ကောင်းပါတယ်။ ဒါပေမဲ့ ရှမ့်လန်က ကျင်းမိသားစုရဲ့ ခြံဝင်းထဲမှာ နေထိုင်နေတာ။ အရာရှိတွေက မနက်ဖြန်ကျရင် ကျင်းမူကုန်းကို ဒုက္ခပေးတော့မယ်။ သူ့ရဲ့ မုဒိန်းမှုက နန်းမြို့တော်တစ်ခုလုံးဆီ ပျံ့နှံ့သွားလိမ့်မယ်။ အဲဒါဆိုရင် လူပေါင်းများစွာတို့က သူတို့ခြံဝင်းကို အတင်းဝင်လာလိမ့်မယ်။ ဒေါသမှမထိန်းနိုင်တာကိုး”
မိန်းကလေးချန်းက မေးလိုက်၏။ “အင်း.. လူဘယ်လောက်လောက် များများ ရှိမှာလဲ”
ဝမ်ကွက်က ပြောလိုက်သည်။ “အများကြီး၊ အများကြီးပေါ့”
အစစ်အမှန်တရားမှာတော့ စုရုံသည် လူပေါင်း ၁၀၀ ကျော်လောက်ကို စုစည်းခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် နန်းမြို့တော်ထဲတွင် တခြားသော လူပေလူတေများ ရှိနေသေးသည်။ ထို့ကြောင့် လူဘယ်လောက်များများ ဝင်ရောက်ပူးပေါင်းမည် ဖြစ်ကြောင်း သူ မသိရှိနိုင်ချေ။ လူပေါင်း တစ်ထောင်ကျော်လောက် စုစည်းမိကာဖြင့် ကျင်းမိသားစု၏ ခြံဝင်းထံ ဝင်သွားသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုးပင်။
ထို့အပြင် ကျင်းမူကုန်းသည် အားလုံးသောသူတို့ကို ဒေါသထွက်စေခဲ့ပြီးသား ဖြစ်၏။ အခွင့်အာဏာကို အသုံးပြု၍ တခြားသောသူများကို အနိုင်ကျင့်ရဲခြင်း၊ ထို့အပြင် အပြစ်ကင်းစင်သည့် မိန်းကလေး တစ်ယောက်ကို အဓမ္မပြုကျင့်ရဲခြင်း၊ ထိုအရာများအားလုံးသည် တကယ်ကို ဒေါသထွက်ဖွယ်ရာဖြစ်သည်။
ထို့အပြင် ယုဖန်၏ နှစ်နှစ်နှင့် သုံးနှစ်အရွယ် သမီးနှစ်ယောက်တို့အား သတိလစ်မေ့မျောသွားအောင် ရိုက်နှက်ခဲ့ခြင်း၊ ထို့အပြင် ယုဖန်၏ အသက် ၆၀ ရှိသော အမေအိုကြီးက လက်သီးနှင့် ထိုးနှက်ခဲ့ခြင်း၊ ကောလဟာလများကို သူတို့က ဖန်တီးခဲ့ပြီးသား ဖြစ်၏။
မိန်းကလေးချန်းက ပြောလိုက်သည်။ “အချိန်ရောက်လာလို့ရှိရင် ကျွန်မတို့ ကျင်းမိသားစုရဲ့ ခြံဝင်းကို မီးရှို့ပစ်မယ်”