← Chapters

အပိုင်း (၂၇၇)

Vol. 20 Ch. 277

အပိုင်း (၂၇၇)

Vol. 20 Ch. 277

ဤအရာက လက်သင့်ခံနိုင်သည့် ကိစ္စရပ်ပင် ဖြစ်၏။ လူပေါင်းများစွာတို့၏ ဒေါသတရားကို နားလည်ရ ပေလိမ့်မည်။ ထို့အပြင် ထိုကဲ့သို့သော ကိစ္စရပ်မျိုးတွင် ဥပဒေများကို ထည့်သွင်း တွက်ချက်၍ မဖြစ်နိုင်တော့ချေ။ ရွှမ်ဝူအိမ်တော်က မပုန်ကန်ချေ။ သို့ပေမည့် ခြံဝင်းက မီးလောင်သွားခဲ့ပြီ။ ထိုသို့ဆိုလျှင် ဘာဖြစ်သနည်း။

မိန်းကလေးချန်းက ပြောလိုက်၏။ “ရှမ့်လန်က သူနဲ့အတူ မိန်းကလေးတွေ ခေါ်လာသေးလား”

ဝမ်ကွက်က မဖြေချေ။ ဤအမျိုးသမီးသည် သူ၏ ခေါင်းပေါ်တက်၍ အီးပါရန် ကြိုးစားနေသည်လား။ တစ်ကြိမ်ပဲ အိပ်ရသေး၏။ သို့ပေမည့် အလွန်ရင်းနှီးသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ပြောဆိုလျက် ရှိနေ၏။ သူမ စိတ်တိုင်းကျ လိုက်ပါ ဆောင်ရွက်ပေးရတော့မည့်ပုံပင်။

မိန်းကလေးချန်း၏ မျက်လုံးများ၌ ကြမ်းတမ်းလွန်းသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ သူမက ပြောလိုက်၏။ “လူပေါင်း တစ်ထောင်ကျော်တို့ ကျင်းမိသားစုရဲ့ ခြံဝင်းထဲကို သွားတဲ့အချိန်မှာ ဘာကိုမှ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့က ရှမ့်လန်ရဲ့ မိန်းကလေးတွေကို အဓိမ္မပြုကျင့်ကြလိမ့်မယ်။ ဒါဆိုရင်ရော ....”

........

ရှမ့်လန်နှင့် ပဉ္စမမင်းသားတို့သည် ပြန်လာခဲ့၏။ နင်ကျန်းသည် ရှမ့်လန်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်၏။ ယနေ့ည တရားရုံးထဲ ဖြစ်ပျက်ခဲ့သမျှ ကိစ္စများသည် တကယ်ကို အံ့အားသင့်စရာပင်။ သို့ပေမည့် ရလဒ်ကို ပြောင်းလဲ၍ မရနိုင်သေးချေ။ နှောင့်နှေးအောင် ပြုလုပ်ရုံသာ ရှိ၏။

“အဓိကသော့ချက်က မနက်ဖြန် ညီလာခံမှာ ပေါ်ပေါက်လာမည့် ကိစ္စရပ်ပဲလေ။ ကျုပ်တို့အနေနဲ့ တခြား အရာရှိအရာခံတွေအားလုံးရဲ့ တိုင်စာတွေကို သိမ်းဆည်းမထားနိုင်ဘူးဆိုရင် ကျင်းမူကုန်းကို ကယ်တင်နိုင်မှာ မဟုတ်သလို ကျင်းမိသားစု ဂုဏ်သိက္ခာကျဆင်းမယ့် ကိစ္စကိုလည်း တားဆီးနိုင်မှာ မဟုတ်ဘူး။ အင်း... ဦးရီးတော်ရဲ့ နယ်စားကြီး ဘွဲ့ရမယ့် အခြေအနေက ဖျက်ဆီးခြင်း ခံရလိမ့်မယ်။”

နင်ကျန်းသည် ဦးနှောက်ကို အမျိုးစုံ အသုံးပြုပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနေခဲ့၏။ မနက်ဖြန် ညီလာခံတွင် ဖြစ်လာမည့် ကိစ္စရပ်များကို မည်သို့ တားဆီးရမည်နည်း။ ကျင်းမူကုန်းတစ်ယောက် ဤကဲ့သို့သော ကိစ္စရပ်မျိုးမှ အပြစ်ကင်းစင်စွာ လွတ်မြောက်သွားရန် သူမည်သို့ လုပ်ရမည်နည်း။ ဤအရာမှာ ကောင်းကင်ဘုံသို့ တက်လှမ်းသည်ထက်ပင် ပိုမိုကာ ခက်ခဲမည့် ကိစ္စရပ်ပင် ဖြစ်သည်။

ထိုအခြေအနေမှာပဲ အနီရောင် အလင်းတန်းများသည် ကောင်းကင်ယံအထက်ဆီသို့ ထိုးတက်လာခဲ့၏။

ရှမ့်လန်က အသာပြောလိုက်သည်။ “အင်း... ပြီးသွားပြီပဲ”

ပဉ္စမမင်းသားသည် အဝေးဆီသို့ လှမ်းကြည့်လိုက်၏။ ထိုတည်နေရာတွင် ဘုံကျောင်း ရှိနေသည် မဟုတ်ပါလား။ ဘုံကျောင်းသည် ဤကဲ့သို့ပင် မီးလောင်ကျွမ်းသွားခဲ့သည်လား။ လောကကြီး၏ ကျောင်းတော်သားများ အကိုးကွယ်ဆုံးသော ဘုံကျောင်းကြီး ဖြစ်ပြီး ဤအရာသည် ရှေးဘုရင်မင်းများ၏ သင်္ချိုင်းဂူကို သွားရောက် တူးဖော်သည်ထက်ပင် ပိုမိုကာ လေးနက်သည့် ကိစ္စရပ်တစ်ခုဖြစ်၏။

မီးများသည် ကောင်းကင်ယံကိုပင် ကျွမ်းလောင်လုမတတ်ပင်။

ပဉ္စမမင်းသားသည် ရှမ့်လန်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။ “ဘယ်သူ... ဘယ်သူ... ဘယ်သူ မီးရှို့လိုက်တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ချင်နိုင်ငံရဲ့ သံတမန်တွေပေါ့”

ပဉ္စမမင်းသား နင်ကျန်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် အလုံးစုံ တုန်လှုပ်နေသည့် မျက်နှာသွင်ပြင်ဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

“ဟင်း...”

ကြီးကျယ်မြင့်မြတ်လှချေ၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ကို ပစ်လွှတ်လိုက်ခြင်းသာလျှင်။

မနက်ဖြန် ညီလာခံတွင် ဖြစ်လာမည့်အခြေအနေတစ်ခုလုံးကို တိုက်ရိုက်ဆိုသလို ပြောင်းပြန်လှန်နိုင်သည်သာ မကချေ။ စုမိသားစုတစ်ခုလုံးကို ရေထဲသို့ ဆွဲချလိုက်ခြင်းနှင့် ဆင်တူ၏။ တကယ့်ကို အားကောင်းလွန်းလှချေ၏။

ပြီးနောက် နင်ကျန်းက ပြောလိုက်၏။ “ဒီဘုံကျောင်းကြီး မီးလောင်တဲ့ ကိစ္စရပ်က ငလျင်လိုပဲ အရာအားလုံးဆီ ပျံ့နှံ့သွားခဲ့မှာ။ ဒီကိစ္စပြီးရင် ကျင်းမူကုန်းရဲ့ မုဒိမ်းမှုကလည်း ပျောက်ကွယ်သွားနိုင်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတော့ ကျုပ်တို့ ပြဿနာတွေကို တစ်ကြိမ်တည်း ဖြေရှင်းရမှာပေါ့။ ပြဿနာကို အရင်းအမြစ်ကနေ ကျိန်းသေပေါက် ဖယ်ရှားပစ်မှ ဖြစ်မယ်။ ယုဖန်ရဲ့ မိသားစုကို မနက်ဖြန် သတ်ပစ်ရမယ်။ ပြီးတော့ သူတို့ရဲ့ ကလေး သေးသေးလေးနှစ်ယောက်ကို ပဉ္စမမင်းသားရဲ့ အိမ်မှာ ခဏထားလိုက်မယ်”

နင်ကျန်းက ပြောလိုက်၏။ “ပြဿနာ... ပြဿနာ မရှိဘူး။ ကျုပ်မိန်းမက ကလေးတွေကို ချစ်တတ်တယ်”

သူသည် ယုဖန်ကို သတ်ဖြတ်ချင်သည်သာမကချေ။ တစ်ခါတည်း နိုင်ငံရေးရာ စက်ကွင်းတွင်းမှ လွတ်မြောက်သွားချင်စိတ်လည်း ရှိ၏။ ဘုံကျောင်း မီးလောင်ခြင်းသည် ကြီးမားလွန်းသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ ကျင်းမူကုန်း၏ ကိစ္စထဲ ဝင်ရောက်ရှုပ်ထွေးရန် အချိန်ပင် ရှိမည် မဟုတ်ချေ။

ထိုကဲ့သို့သော အခြေအနေတွင် ခရိုင်တရားရေးရာ အမှုထမ်းတို့သည် ရွေးချယ်ခွင့် မရှိတော့ချေ။ ကျင်းမူကုန်းကို လွတ်ပေးရပေလိမ့်မည်။

နန်းမြို့တော်ထဲတွင်တော့ သွားရှုပ်၍မရသော လူတစ်စု ရှိ၏။ တော်ဝင်ရင်အင်ပါယာ၏ သံတမန်အဖွဲ့ပင် ဖြစ်သည်။

တော်ဝင်ရင်အင်ပါယာသည် လောကကြီး၏ နိုင်ငံအသီးသီးတို့အား ဘုံအုပ်ချုပ်သည့် နိုင်ငံကြီးဖြစ်သည်။ ထို့ကြောင့် တော်ဝင်ရင်အင်ပါယာ၏ ကိုယ်စားလှယ် သံတမန် ဆိုသည်မှာ တကယ့်ကို ဂုဏ်သိက္ခာကြီးမားလွန်းသည့် ရာထူးမျိုး ဖြစ်သည်။ ရွှဲ့နိုင်ငံ၏ တော်ဝင်ရင်အင်ပါယာ သံအမတ်သည် ယွမ်မင်ကျယ် ဖြစ်ပြီး ယခုနှစ်မှ အသက် ၃၃ နှစ် ပြည့်မှာ ဖြစ်သည်။ သူသည် နယ်စားကြီး ချင်ယောင်၏ အမွေဆက်ခံသူ လည်းဖြစ်သည်။

သူသည် တော်ဝင်မိသားစုမှ မွေးဖွားလာခဲ့သော တကယ့်ထိပ်တန်းလူငယ်တစ်ယောက် ဖြစ်ပြီး အရည်အချင်း လည်း ပြည့်ဝသူပင်။ တော်ဝင်ရင်အင်ပါယာတစ်ခုလုံးသည် ငြိမ်းချမ်းနေသည် ဆိုသော်လည်း တချို့သော ပဋိပက္ခများတော့ တည်ရှိနေ၏။

ဤယွမ်မင်ကျယ်သည် ဤနှစ်ပိုင်းအတွင်းတွင် ဘာတစ်ခုမှ မလုပ်ချေ။ သို့ပေမည့် ညရောက်သည့်အချိန်တိုင်းတွင် မိန်းမလှလေးများနှင့် တိုက်ပွဲဆင်နွဲတတ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသည့် စွမ်းအင်များ ဟောင်းလောင်းပေါက် ဖြစ်သွားသည်အထိ အသုံးပြုတတ်သည်။

ရွှဲ့ပြည်နယ်၏ ဆောင်ကြာမြိုင်တန်းတွင် အကျော်ကြားဆုံးသော လူက မည်သူဖြစ်သနည်း။ ဤ ယွမ်မင်ကျယ်ပင် ဖြစ်၏။ တော်ဝင်ရင်အင်ပါယာ နယ်စားကြီး၏ ဆက်ခံသူတစ်ယောက် ဖြစ်ပြီး ရုပ်ရည်ကလည်း မျောမောသည်။ ပါရမီကလည်း ကြီးမားသည်။ သူသည် မိန်းကလေးပေါင်း များစွာတို့၏ အိမ်မက်သခင်ပင် ဖြစ်၏။

သူသည် မိန်းမလှပေါင်းများစွာတို့နှင့် အိပ်စက်ခဲ့၏။ ထိုကဲ့သို့ အိပ်စက်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အားလုံးသောသူတို့သည် သူ့ကို မနာလိုဝန်တို ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် ကာမရမက် ဆန္ဒနှင့် ပတ်သက်လျှင် သူက နာမည်ပျက်လို့နေသည်။

ဟုတ်ပေ၏။ သူသည်သာ ဂုဏ်သိက္ခာ ကြီးကျယ်မြင့်မြတ်သည့် လူတစ်ယောက်ဖြစ်ပါက အဘယ်သို့ ရွှဲ့ပြည်နယ်ဆီသို့ စေလွှတ်ခြင်းခံရမည်နည်း။ တော်ဝင်ရင်အင်ပါယာတွင် သူသည် တခြားသော မိန်းကလေးပေါင်းများစွာတို့ နှင့် အိပ်စက်ခဲ့သည်သာ မကချေ။ တကယ့်ကို ဂုဏ်သိက္ခာကြီးမားသည့် မိသားစုများထဲမှ မိန်းကလေးငယ်လေးများနှင့် အိပ်စက်ခဲ့၏။

နယ်စားကြီး ချင်ယောင်၏ နေအိမ်တွင် သူ၏ အိပ်ခန်းတံခါးကို နေ့စဉ်လာရောက်ခေါက်သည့် မိန်းကလေးများနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ ထို့အပြင် သူ့ကို တာဝန်ယူရန် တောင်းဆိုသူကလည်း ဒုနှင့်ဒေးပင်။ သို့ပေမည့် သူ၏ ပါရမီသည် တကယ့်ကို ထွန်းပြောင်ပြီး တော်ဝင်မိသားစု၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။ ထို့ကြောင့်ပင်လျှင် မိန်းမမယူချင်လျှင် နန်းမှခွာရမည် ဆိုသော သဘောဖြင့် ရွှဲ့ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူသည် ရောက်ရာအရပ်တွင် မိန်းကလေးများနှင့် အိပ်စက်တတ်သူဖြစ်သည်။

ကျားမင်းသမီး နင်ယန်နှင့် နယ်စားကြီးချင်ယောင်၏သား ယွမ်မင်ကျယ်တို့သည် သူငယ်ချင်းကောင်းများပင် ဖြစ်၏။ ဟုတ်ပေ၏။ သန့်စင်သည့် သူငယ်ချင်းများပင်။

ယွမ်မင်ကျယ်သည် မနေ့က ညသန်းခေါင်အထိ တကယ့်ကို ကြိုးစားပန်းစားနှင့် သူ၏ ဝါသနာကို ဖြေဖျောက်ခဲ့၏။ သူသည် လေးနာရီထက် နည်းနည်းသာလျှင် အိပ်ရသေး၏။ မိုးပင်မလင်းသေးချေ။ သူသည် မိန်းမလှလေး နှစ်ယောက်၏ ထွေးဖက်ခံထားရခြင်းမှ ဖယ်ခွာကာဖြင့် အိပ်ရာမှ ထွက်လိုက်သည်။ ပြီးနောက် အပြင်သို့ ထွက်လိုက်သည်။

“အခု ဘာလာလုပ်တာလဲ”

ယွမ်မင်ကျယ်သည် သမ်းဝေလိုက်၏။ ပြီးနောက် ကျားမင်းသမီး နင်ယန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

“အင်း... အာပုပ်စော်နံလိုက်တာ” နင်ယန်က ပြောလိုက်သည်။

တစ်ဖက်လူသည် အရမ်းမူးအောင် သောက်ထားခဲ့ပြီး လေးနာရီကျော်သာလျှင် အိပ်စက်ခဲ့ရသေး၏။ သွားကိုလည်း သေသေချာချာ တိုက်ခဲ့ခြင်း မရှိသလို အာလုတ်လည်း မကျင်းရသေးချေ။ အနံ့အသက် မဆိုးရွားနေမှသာလျှင် ထူးဆန်းပေလိမ့်မည်။

“ကိစ္စမရှိဘူး။ မင်းရှေ့မှာ နံတာ တခြားသူရှေ့ နံတာမဟုတ်ဘူး”

ယွမ်မင်ကျယ်သည် သူ၏ ဦးခေါင်းကို အသာပွတ်ကာ ပြောလိုက်၏။ “ပြောစရာရှိတယ် ဆိုရင်လည်း ပြော။ မဟုတ်လို့ရှိရင်လည်း သွားတော့”

နင်ယန်က ပြောလိုက်သည်။ “ဘုံကျောင်း မီးရှို့ခံလိုက်ရပြီ”

တော်ဝင်ရင်အင်ပါယာ၏ ကိုယ်စားလှယ် ယွမ်မင်ကျယ်သည် ကြောင်အသွားခဲ့၏။ သူ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် လက်ကိုအသာ ဝှေ့ယမ်းကာ ပြောလိုက်၏။ “သိပြီ။ သွားတော့။ ငါအိပ်တော့မယ်”

မင်းသမီး နင်ယန်သည် တခြားစာအုပ်တစ်အုပ်ကို ထုတ်ယူကာဖြင့် စားပွဲပေါ်သို့ တင်လိုက်၏။ သူသည် ထိုအရာကိုမြင်သည့်အချိန်မှာတော့ ယွမ်မင်ကျယ်သည် ချက်ချင်းပဲ အိပ်ချင်စိတ်များ ပျောက်သွားပြီး ရုတ်တရက် ထခုန်လုမတတ်ပင် ဖြစ်သွားခဲ့သည်။ ထိုစာအုပ်၏ နာမည်သည် ‘အရှေ့အရပ်မှ့ ဒဏ္ဍာရီ စာအုပ်’ ပင် ဖြစ်သည်။

“မဖြစ်နိုင်ဘူး။ မင်းရူးနေပြီလား။ ဘုရင်မင်းမြတ်ကို အဆုံးမရှိ ရန်စဖို့ ကြိုးစားနေတာလား။ သေချင်နေတာလား။ ကျုပ်ကို ဒုက္ခလာမပေးနဲ့။ နောက်ဆုံးအကြိမ် ဒီစာအုပ်ကို ရှာတွေ့ခဲ့တုန်းက အရမ်း ဒေါသထွက်ခဲ့တယ်။ စာအုပ်ဆိုင်ပိုင်ရှင်တွေကလည်း သေမှာ မကြောက်ဘူးလား မသိဘူး”

‘အရှေ့အရပ်မှ ဒဏ္ဍာရီ စာအုပ်’ သည် တော်ဝင်ရင်အင်ပါယာ၏ ပိတ်ပင်ခြင်းကို ခံထားရ၏။ ထိုစာအုပ်ကို ရောင်းချသည့် မည်သည့်စာအုပ်ဆိုင်ရှင်မဆို ထောင်ထဲသို့ ပို့ဆောင်ခံရမည်။ တခြားသော နိုင်ငံများထဲတွင် ဤစာအုပ်ကို ရောင်းချသည်ဆိုပါက စာအုပ်အားလုံးသည် မီးရှို့မှာဖြစ်သည်။ သာမန်အားဖြင့် စာအုပ်ဆိုင်ကို ပိတ်ပေမည်။ ဒဏ်ကြေးလည်း ဆောင်ရပေမည်။

ဤစာအုပ်ထဲတွင် တော်ဝင်ချန်အင်ပါယာကျန်းလီသည် တော်ဝင်ရင်အင်ပါယာ၏ မိန်းမလှပေါင်းများစွာနှင့် အိပ်စက်ခဲ့ပြီး ထိုထဲတွင် မင်းသမီးများ၊ ဧကရီများနှင့် ကိုယ်လုပ်တော်များ ပါဝင်၏။ ထို့ကြောင့် တော်ဝင်ရင်အင်ပါယာ၏ မိသားစုသည် ထိုစာအုပ်ကို လုံးဝသည်းမခံနိုင်ခြင်းဖြစ်၏။ စာအုပ်ရောင်းချသည့် မည်သူမဆိုသည် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ သူက ပြောလိုက်၏။

“မဖြစ်နိုင်ဘူး။ ဘယ်သူမှ ဒီလို ရူးနေတာ မဟုတ်ဘူး။ ဘယ်စာအုပ်ဆိုင်ရှင်မှ အဲလောက် ခေါင်းမာမှာ မဟုတ်ဘူး။ ပိုက်ဆံအတွက် ကိုယ့်ရဲ့အသက်ကို ဘယ်သူမှ ရင်းမှာ မဟုတ်ဘူး”

နင်ယန်က ပြောလိုက်သည်။ “ရှင် မယုံကြည်ဘူးဆိုရင် တစ်စုံတစ်ယောက်ကို ခေါ်ပြီး ထန်းဖန်စာအုပ်ဆိုင်ရဲ့ သိုလှောင်ရုံထဲ သွားကြည့်လိုက်။ အဲမှာ ဒီစာအုပ်မိတ္ထူတွေ အများကြီး ရှိတယ်”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “အားယန်.. မင်း တစ်စုံတစ်ယောက်ကို ဒုက္ခပေးဖို့ ကြံစည်နေတာ မှတ်လား။ မင်း သူ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ချင်နေတာလား”

မင်းသမီး နင်ယန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ငါ သူ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ရမယ်”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဒါဆိုရင် သူ့ဆီမှာ နောက်ခံရှိလား”

မင်းသမီး နင်ယန်က ပြောလိုက်သည်။ “သူက သေးငယ်တဲ့ စာအုပ်ဆိုင်ရှင်လေး တစ်ယောက်ပဲလေ။ သူ့ရဲ့ မိန်းမကို စုရုံကို ပေးပြီး အိပ်ခိုင်းခဲ့ရုံပဲ”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “သူ မင်းကို ပြဿနာရှာခဲ့လို့လား”

မင်းသမီး နင်ယန်က ပြောလိုက်သည်။ “အင်း.. ကျွန်မရဲ့မောင်ကို ပြဿနာ ရှာခဲ့တယ်”

“မင်းရဲ့ မောင် ဟုတ်လား”

ယွမ်မင်ကျယ်က မေးလိုက်၏။ “မင်းဆီမှာ ဘယ်က မောင်ရှိသွားတာလဲ။ သွေးသောက် မောင်နှမဆိုလို့ ငါပဲ ရှိတာ မဟုတ်လား”

နင်ယန်က ပြောလိုက်သည်။ “အခုမှ ထွက်လာတာလေ။ သူက ကျွန်မရဲ့ ရောဂါကို ကုသပေးခဲ့တယ်”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “အံ့အားသင့်စရာပဲ”

နင်ယန်က ပြောလိုက်သည်။ “ဒါဆိုရင် ရှင် ကျွန်မကို ကူညီပေးမှာလား”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ကူညီပေးမယ်။ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်”

နင်ယန်က ပြောလိုက်၏။ “ပြောပါ”

ယွမ်မင်ကျယ်က ဆက်လက်ကာ ပြောလိုက်သည်။ “အနာဂတ်မှာ ငါ့လက်ထဲကနေ ဘယ်မိန်းမကိုမှ လုယူဖို့ မကြိုးစားနဲ့။ ပြီးတော့ လုယူမိခဲ့ရင်လည်း ငါ့အစား အသုံးမချနဲ့။ မင်းက မုဆိုးမကောင်းတစ်ယောက် အနေနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ်နေ။ ဟုတ်ပြီလား”

“ကောင်းပြီ”

နင်ယန်က ပြောလိုက်၏။ “ဒီလိုမျိုးသာ ရှင်ဆက်ပြီး အိပ်နေမယ်ဆိုရင် တစ်နေ့မှာ သေသွားလိမ့်မယ်”

“အင်း... ငါဒီမှာ သေသွားလည်း ကိစ္စမရှိဘူး”

သူက ဆက်လက်ကာ ပြောလိုက်သည်။ “ဒါဆိုရင် ထန်းဖန် စာအုပ်ဆိုင်ကို သွားပြီးတော့ ရှာကြတာပေါ့”

မင်းသမီး နင်ယန်က ပြောလိုက်၏။ “သွားကြစို့။ သူ့ရဲ့ မိသားစုတစ်ခုလုံးကို ကျွန်မတို့ သတ်ပစ်ရမယ်”

နှစ်နာရီခန့် ကြာပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ သံအမတ် ယွမ်မင်ကျယ်သည် လက်အောက်ငယ်သားများကို ဦးဆောင်ကာဖြင့် ထန်းဖန် စာအုပ်ဆိုင်ကို ဝင်ရောက် ရှာဖွေခဲ့သည်။ စာအုပ်ပေါင်း သုံးထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့၏။

ရွှဲ့ပြည်နယ်တွင် အခြေချထားသည့် တော်ဝင်ရင်အင်ပါယာ၏ သံရုံးသည် တကယ့်ကို ဒေါသထွက်လျက်ရှိနေ၏။ နေမထွက်ခင်မှာပင် သူတို့သည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို တွေ့ခွင့်တောင်းခဲ့ကြသည်။

ဘုရင်မင်းမြတ်သည် တစ်ချက်သာလျှင် ကြည့်၏။ တစ်ဖက်လူသည် သေးငယ်သည့် ကုန်သည်လေး တစ်ယောက်သာ ဖြစ်၏။ ဘာဆက်လုပ်ရမည်နည်း။ သတ်ပစ်ရမည။ မိသားစုတစ်ခုလုံးကို သတ်ပစ်ရပေမည်။

….

All Chapters