အပိုင်း (၂၆၆)
Vol. 20 Ch. 266
မင်းသမီးနင်ယန်သည် ဆက်ကာ ပြောလိုက်ပြန်သည်။ “ရှမ့်လန်... ဒီ 'ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း' ဆိုတဲ့ စာအုပ်က ကျင်းမူကုန်း ရေးထားတာလား”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်”
နင်ယန်က ပြောလိုက်သည်။ “ပြီးရင် သူ့ကို မြန်မြန်သွားပြောစမ်းပါအုံး။ ဒုတိယအတွဲကို မြန်မြန်ရေးလို့။ ငါ တစ်လအတွင်း ဒုတိယအတွဲကိုသာ မဖတ်ရဘူးဆိုရင် သူ့ကို သတ်မိလိမ့်မယ်။ ပထမအတွဲကို ပြန်ပြန် ဖတ်နေရတာ အခေါက်ပေါင်းများနေပြီ”
“အင်း... အကောင်းဆုံး ကြိုးစားပြီး ပြောပေးပါ့မယ်”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ။ ဇောချွေးများပင် ပျံလျက် ရှိ၏။ တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံး ကြောက်မက်ဖွယ်ရာကောင်းသည့် စာဖတ်သူတစ်ယောက်ကို တွေ့ရခြင်းဖြစ်သည်။
“တတိယမင်းသမီး... ခင်ဗျား တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျင်းမူကုန်းကို ဘာလို့ တွန်းအား မပေးကြည့်ရတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
နင်ယန်က ပြောလိုက်သည်။ “အင်း... ငါ သူ့ကို သွားကြည့်ခဲ့ပြီးပြီ။ ရုပ်ဆိုးလွန်းတယ်။ ဒီစာအုပ်ရဲ့ စာရေးသူ ဖြစ်ဖို့ မထိုက်တန်ဘူး။ မျက်နှာမြင်တာနဲ့ ထသတ်ချင်စိတ်ပေါက်လာလို့ မနည်းထိန်းချုပ်ပြီး ပြန်လာရတယ်။”
“ချီးတဲ့မှ...” ကံကောင်းစွာဖြင့် သူက ရုပ်ချောနေ၏။ မဟုတ်ပါက ဤသို့သောစာဖတ်သူများ၏ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာ၏။
“ဆရာ.. အစ်မနင်ဟန် ပြန်လာပြီလား” နင်ယန်က မေးမြန်းလိုက်သည်။
“ငါ့ကို ဆရာလို့ မခေါ်နဲ့”
“အဒေါ်... အစ်မနင်ဟန် ပြန်လာပြီလား”
“ပြန်လာပြီ”
“အဲလောက်ကြီး အဝေးသွားနေစရာလိုလို့လား။ ဘာပဲပြောပြော ဒါက စေ့စပ်ထားတဲ့ လူတစ်ယောက် သေဆုံးသွားရုံပဲလေ။ ကိစ္စကြီးတစ်ခုမှ မဟုတ်တာ။ ပြီးတော့ အဲလူကို အရင်တုန်းက မြင်ဖူးတာလည်းမဟုတ်ဘူး။ ဒါနဲ့ ယောက်ျားသေသွားတယ်ဆိုတာ ကောင်းတာပဲမဟုတ်လား။ ဘာပဲပြောပြော မုဆိုးမဖြစ်ရတာ ကောင်းတဲ့အရာ တစ်ခုပဲ။ ကျွန်မကိုပဲ ကြည့် .... မုဆိုးမဖြစ်ချင်တာတောင် မဖြစ်ဘူး”
ရှမ့်လန်သည် ဆွံ့အသွားခဲ့မိ၏။ ဤကျားမင်းသမီးသည် တကယ့်ကို ရင်သားကြီးသော်လည်း ဦးနှောက်မရှိသူ တစ်ယောက်ကဲ့သို့ပင်။ ထို့အပြင် အဆိပ်ကဲ့သို့ပင် ကြမ်းတမ်းလွန်းသည့် နှုတ်ခမ်းများကို ပိုင်ဆိုင်၏။
အကြီးဆုံးမင်းသမီး နင်ကျဲ့သည် သူမကို ဂရုစိုက်ခြင်း မရှိတော့ချေ။
“အား... အား”
မင်းသမီး နင်ယန်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ “လာပြီ လာပြီ”
စူးရှလွန်းသည့် နာကျင်မှုသည် ထပ်မံကာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။ ခန္ဓာကိုယ်ထဲရှိ သွေးကြောများက ဖောင်းပွလာသကဲ့သို့ပင်။ ကြီးမားလွန်းသည့် ချွေးစက်ကြီးများသည် ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ သူမ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေလာ၏။
မည်မျှနာကျင်သနည်း။ ရှမ့်လန်သည် တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် သူမ အဘယ်မျှနာကျင်နေကြောင်းကို ကောင်းကောင်း ခန့်မှန်းမိသည်။
“အား... အား” မင်းသမီးနင်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေ၏။ သူမသည် အံကို တင်းတင် းကြိတ်ထား၏။ အံကြိတ်သံကပင် တဂျိဂျိနှင့် ထွက်ပေါ်လျက်ရှိ၏။ လက်သီးကို ဆုပ်ကာဖြင့် နံရံကို တဘုန်းဘုန်းနှင့် ထုနှက်နေ၏။ သို့ပေမည့် ဤအရာက သူမ၏အိမ် မဟုတ်ချေ။ သူမအိမ်၏ နံရံသည် ပျော့ပြောင်းလွန်းသည့် ဖော့များဖြင့် ကာထား၏။ ထို့ကြောင့် နံရံသည် မည်မျှထုထု သူမ၏ လက် နာကျင်ခြင်း မရှိချေ။
“ဘန်း... ဘန်း... ဘန်း”
မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ်သားနံရံကြီးကို သူမက ထိုးနှက်ပြီး ဖြစ်၏။ ပြီးနောက် အိပ်ရာကို စတင်ကာ ထုနှက်ပြန်၏။ လက်သီးနှစ်ချက်အတွင်းမှာပဲ မာကျောလွန်းသည့် ကုတင်ကြီးက ပြိုလဲသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူမသည် တကယ့်ကို နာကျင်လွန်းလို့နေသည်။
“ရှမ့်လန်... မြန်မြန်၊ ငါ့ကို ကယ်ပါအုံး။ ငါ့ကို ကယ်ပါအုံး”
နင်ယန်သည် နှုတ်ခမ်းဆီမှာ သွေးများ ကျဆင်းလာသည်အထိ အံကြိတ်ကာ တောင့်ခံလျက် ရှိနေ၏။ သို့ပေမည့် တခြားသော နည်းလမ်းလည်း မရှိချေ။ သူမအနေနှင့် ဘာတစ်ခုမှ ထပ်မံကာ ပြုလုပ်နိုင်စွမ်း မရှိချေ။
အကြီးဆုံးမင်းသမီးနင်ကျဲ့သည် နှလုံးသားများ နာကျင်လျက် ရှိနေ၏။ သူမသည် နင်ယန်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရုံသာ တတ်နိုင်၏။ သူမအနေနှင့် တခြားဘာကိုမှပြုလုပ်ပေး၍ မရချေ။ ဤကဲ့သို့သော နာကျင်မှုသည် ဆယ်မိနစ်နီးပါးခန့် ကြာမြင့်၏။
မင်းသမီးနင်ယန်ကို ကြည့်ရှုရသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ ရေဓာတ်များ ဆုံးရှုံးသွားခဲ့သည့်အလားပင်။ မည်သည့်သွေးမှ မရှိတော့ဘဲ မျက်နှာပြင်တစ်ခုလုံးက ဖြူလျော်လျက် ရှိနေ၏။ အသက်ကို မောကြီးပန်းကြီး ရှူနေရသည်။
“မြင်လား .... နေ့စဉ်နေ့တိုင်းဆိုသလို ငါ ဒီလို နှိပ်စက်ခံနေရတာပဲ။ ရေကိုတောင် ကောင်းကောင်း မသောက်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သေးပေါက်တိုင်း ဒီလိုနာကျင်တာပဲ”
မင်းသမီး နင်ယန်က ပြောလိုက်၏။ “တကယ်လို့ မင်း ငါ့ကို ကုသပေးမယ်ဆိုရင် မင်းဟာ ငါ့ရဲ့ ကျေးဇူးရှင်ပဲ။ အရာအားလုံးအတွက် ငါ မင်းကို ကတိပေးတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့”
ပြီးနောက် သူသည် မင်းသမီးနင်ယန်အား ကုတင်ပြောင်းပေးလိုက်သည်။ မင်းသမီး နင်ယန်၏ ကျောက်ကပ်တွင် ရှိနေသော ကျောက်ခုနစ်တုံး၏ တည်နေရာများကို သူက အမှတ်အသား ပြုလိုက်၏။ သူမ၏ ဆီးအိမ်ထဲတွင်တော့ ကျောက်တုံးတစ်ခု တည်ရှိနေ၏။
ပြီးနောက် သူသည် ဤအရေပြား၏အောက်တွင် ကျောက်တုံး မည်မျှရှိနေကြောင်းနှင့် မည်သည့်အနက်တွင် ရှိနေကြောင်းကိုပါ ရှင်းပြလိုက်သည်။ ပြီးနောက် သေးငယ်သွယ်လျလွန်းသည့် အပ်လေးတစ်ခုကို ထုတ်ယူကာဖြင့် မင်းသမီးနင်ကျဲ့ဆီသို့ ကမ်းပေးလိုက်သည်။
“ပထမကျောက်တုံးက ဒီနေရာမှာပဲ။ ခါးရဲ့အောက် နှစ်လက်မခွဲ တည်နေရာလောက်မှာ ရှိတယ်။ ဒီနေရာကနေ ထိုးထည့်လိုက်မယ်ဆိုရင် ကျောက်ကပ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်ချေ မရှိဘူး”
နင်ကျဲ့၏အပ်သည် ချက်ချင်းပဲ နင်ယန်၏ခါးတည်နေရာထဲသို့ ဝင်ရောက်သွားသည်။ ပြီးနောက် အတွင်းအား ချိန်ဆကာ ထုတ်လိုက်သည်။ ကျောက်တုံးသည် တစစီ ဖြစ်သွားခဲ့၏။
ဤသို့နှင့်ပင် ပထမ၊ ဒုတိယ၊ တတိယ၊ ၁၅ မိနစ် မပြည့်ခင်မှာပဲ နင်ယန်၏ ခန္ဓာကိုယ်ထဲရှိ ကျောက်များက ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ပြီးနောက် ရှမ့်လန်သည် ရေအိုးတစ်ခုကို ရေအပြည့်ဖြည့်ကာ ယူလာခိုင်းလိုက်သည်။
“ရော့... ဒါတွေ အကုန်လုံးကို သောက်ပစ်လိုက်တော့”
မင်းသမီး နင်ယန်၏ နှလုံးသားများသည် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ယခုလေးတင် သူမသည် ရေသောက်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် နာကျင်မှုကို ခံစားခဲ့ရပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူမ မည်မျှ ရေဆာဆာ အသီးအနှံများကိုသာ စားသောက်၏။ ရေသောက်ခြင်း မရှိခဲ့ချေ။ ဤမောက်မာပြီး မပြည့်စုံသည့် ဉာဏ်ပညာနှင့် အမျိုးသမီးသည် အသီးအနှံစားခြင်းဖြင့် သေးမပေါက်နိုင်ဟု ခံယူထားသည်လား မသိချေ။
ခဏလောက်တွန့်ဆုတ်ပြီးနောက် မင်းသမီးနင်ယန်သည် ရေအိုးကို အသာလှမ်းယူကာဖြင့် တစ်ခါတည်း မော့ချလိုက်၏။ ၁၅ မိနစ်ခန့် ကြာပြီးနောက် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း ဆီးခုံသည် ဖောင်းပွသလို ခံစားလိုက်မိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဟွမ်ဖန်.. မင်းသမီးကို အိမ်သာ ခေါ်သွားလိုက်”
“ငါ့ဘာသာငါ သွားမယ်”
“ကျွန်မ... ကျွန်မ လုပ်မယ်။ ကျွန်မ လိုက်ပို့ပေးမယ်” ရှောင်ပင်းသည် အထဲသို့ ပြေးဝင်လာခဲ့၏။
ရှမ့်လန်က ကြောင်သွားခဲ့သည်။ “မင်း ကိုယ့်အခန်းကို မပြန်သေးဘူးလား”
ပြီးနောက် ရှောင်ပင်းသည် မင်းသမီးနင်ယန်၏ လက်ကို အသာဆွဲကာဖြင့် သန့်ရှင်းလွန်းသည့် အိမ်သာခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့၏။
မင်းသမီးနင်ကျဲ့နှင့် ရှမ့်လန်တို့သည်သာလျှင် အခန်းထဲတွင် ကျန်ရှိနေသည်။
ဆရာလန်သည် သူမကို သေသေချာချာ မကြည့်ရှုရဲချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ လှပမှုကြောင့် မဟုတ်ချေ။ မင်းသမီးနင်ကျဲ့သည် အလွန်လှပ၏။ သို့ပေမည့် ကျားမနင်ယန်၏ အလှကိုပင် မမီချေ။ ဤကျားမသည် ဗလတောင့်တောင့်နှင့် တောင့်တင်းခိုင်မာသည့် ကြွက်သားများကို ပိုင်ဆိုင်သော်လည်း ကြည့်ကောင်းပြီး လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။
အကြီးဆုံးမင်းသမီးနင်ကျဲ့ကို ရှမ့်လန် သေသေချာချာ မကြည့်ရှုရဲခြင်းမှာတော့ သူမသည် သန့်စင်၊ မြင့်မြတ်လွန်းသည်ဟု ခံစားရသောကြောင့်ပင်။ သူမသည် တခြားသော မိန်းကလေးများကဲ့သို့ ရှုပ်ထွေးလှသည့် အခြေအနေမျိုး မရှိခဲ့ချေ။ သီးသန့်ဖြစ်တည်နေထိုင်ခဲ့ပြီး သီလရှင်တစ်ပါးကဲ့သို့ပင် သန့်စင်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်၏။ သူမသည် ယောက်ျားမိန်းမတို့၏ လိုအင်ဆန္ဒအားလုံး ကင်းကွာလျက်ရှိနေသည့် လူမျိုးပင်။
ရှမ့်လန်သည် တဏှာရူးတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော အသွင်အပြင်နှင့် အမျိုးသမီးများသည် သူ့နှင့် မကိုက်ညီချေ။ အကျင့်ပျက်ခြစားသည့် မင်းမှုထမ်းသည် အကျင့်ပျက်ခြမစားတတ်သည့် လူရိုးလူကောင်းများနှင့် မျက်နှာချင်းဆိုင်မည်ဆိုပါက ရှက်ရွံ့မှုခံစားရပေမည်။ ထိုကဲ့သို့ပင် ရှမ့်လန်က ခံစားနေရခြင်း ဖြစ်သည်။
အကြီးဆုံးမင်းသမီး နင်ကျဲ့ကလည်း စကားပြောဆိုရန် စိတ်ဆန္ဒရှိပုံ မပေါ်ချေ။ သူမသည် ရံဖန်ရံခါ ဆိုသလိုမှသာ စကားပြောတတ်သူ တစ်ယောက်ဖြစ်၏။ အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံမှုကို ပြုလုပ်နေခဲ့ပြီး မည်သူနှင့်မှလည်း ထိတွေ့ဆက်ဆံတတ်သူတစ်ယောက် မဟုတ်ချေ။ ကျားမ မင်းသမီး နင်ယန်သည်သာ သူမကို ရံဖန်ရံခါဆိုသလို လာရောက်ကာ တွေ့ဆုံတတ်၏။
သို့ပေမည့် နင်ကျဲ့သည် သူမကို လှိုက်လှိုက်လှဲလှဲနှင့် ကြိုဆိုတတ်သည့် လူမျိုး မဟုတ်ချေ။ ပြောစရာရှိတာ ပြောပြီး ထွက်ခွာသွားစရာရှိတာ ထွက်ခွာသွားခြင်းကိုသာ လက်ခံထား၏။ တစ်ချက်ကလေးမှ ဂရုမစိုက်သည် မဟုတ်ချေ။
ဤမုဆိုးမသည် အလုံးစုံ မောက်မာတတ်သည့် လူတစ်ယောက်ဖြစ်၏။ သူမ၏ အဒေါ်ဆီသို့ သွားရောက်ပြီး ပြောချင်ရာကိုပင် ပြောဆိုတတ်သည့် လူတစ်ယောက်ပင်။ ကျင်းမူကုန်း၏ စာအုပ်ကို သွားရောက်ကာ ပေးအပ်ပြီး ကျိန်းသေပေါက် ဖတ်ရှုသင့်သည့်အရာမျိုးဖြစ်ကြောင်း သွားရောက်ကာ ပြောဆိုခဲ့သည်။
ကျားမသည် အိမ်သာထံသို့ အသာဝင်ထိုင်၏။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေပြီး နှလုံးသား၌လည်း စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေခဲ့၏။ ယခင်တုန်းက သေးပေါက်သည့်အချိန်တိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ငရဲခန်းကို ဖြတ်သန်းနေရသကဲ့သို့ပင်။ ထို့ကြောင့် သူမက ကြောက်လန့်နေခြင်းပင်။
သူမ၏ ရောဂါပျောက်ကင်းသွားခဲ့ပြီဖြစ်ကြောင်း ရှမ့်လန်က ပြောဆိုခဲ့သော်လည်း သူမက မယုံကြည်နိုင်တုန်းပင်။ သမားတော်အားလုံး သူမကို ကုသခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ကုသဖို့မပြောနှင့် ရောဂါနာမည်တွေ အမည်မတပ်နိုင်ချေ။
အဘယ့်သို့ ဤလူချောလေးရှမ့်လန်က ကုသနိုင်မည်နည်း။ သူမက စိုးတထိတ်ထိတ်ဖြင့် သေးပေါက်ကြည့်၏။ နည်းနည်း၊ နည်းနည်းချင်း ထွက်အောင် ကြိုးစားကြည့်၏။ သို့ပေမည့် နာကျင်မှု ပေါ်မလာခဲ့ချေ။
တကယ့်ကို နာကျင်မှု ဟူ၍ မရှိခဲ့ပေ။
ငရဲခန်းထဲသို့ ဝင်ရောက်ရသကဲ့လို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အိပ်မက်ဆိုးလို နာကျင်မှုမျိုးက ဖြစ်ပေါ်မလာခဲ့ချေ။ အနည်းငယ် နာကျင်သည်ဆိုလျှင်တောင်မှ ပြောပလောက်သည်အရာမျိုး မဟုတ်ချေ။ ထို့အပြင် အလွန်ပင် သက်တောင့်သက်သာ ခံစားရ၏။ ပြီးနောက် ရေကာတာကြီး ပေါက်ထွက်သွား သကဲ့သို့ပင် တဗြန်းဗြန်း ဖြစ်သွားခဲ့သည်။
မင်းသမီးနင်ယန်သည် ပျော်ရွှင်မှုများကြောင့် မျက်ရည်များပင် ကျဆင်းလာခဲ့၏။ “ငါ ကောင်းသွားပြီ။ ငါ ကောင်းသွားပြီ။ ကောင်းလိုက်တာ။ အရမ်းကောင်းလိုက်တာ”
ဝေဒနာကို ခံစားရသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်၏။ နောက်ဆုံးမှာတော့ သူမသည် ပျော်ရွှင်ရလေပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ခံစားခဲ့ရသည့် အိပ်မက်ဆိုးအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ပျော်ပျော်ရွှင်ရွှင်နှင့် ရယ်မောပြီးနောက် မင်းသမီး နင်ယန်သည် နှစ်နှစ်ချိုက်ချိုက်ပင် ငိုကြွေးလိုက်မိ၏။ သူမသည် ရူးသွပ်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။
ဘေးတစ်ဖက်တွင်ရှိနေသည့် ရှောင်ပင်းသည် မနာလိုစိတ်များ တဖွားဖွားဖြင့် ပေါ်ပေါက်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တင်သည် ဤမျှကြီးမားရသနည်း။ သူမ ထိုတင်ကို အားကျသည်။
...............
ကျားမနင်ယန်သည် သူ့ကိုယ်သူ အပြင်လူတစ်ယောက်ကဲ့သို့ သဘောထားခြင်း မရှိချေ။ ထို့ကြောင့် အားနာခြင်းမရှိဘဲ ကျင်းမိသားစု၏ ခြံဝင်းထဲမှာပဲ ရေမိုးချိုးခဲ့သည်။ ရှောင်ပင်း၏ အဝတ်အစားများသည် သူမ နှင့်မတော်ချေ။ ဟွမ်ဖန်၏ အဝတ်အစားများမှာတော့ တော်သည်ဆိုရုံမျှသာပင်။ အထူးသဖြင့် သူမ၏ ခါးအောက်ပိုင်းနေရာပင် ဖြစ်၏။ အဝတ်အစားများက ရုတ်တရက် ပွင့်ထွက်လုမတတ်ပင်။
“ရှမ့်လန်.. အံ့အားသင့်စရာပဲ။ အံ့အားသင့်စရာပဲ။ ဆရာ... ကျွန်မ ရောဂါပျောက်သွားပြီ”
နင်ကျဲ့က ပြောလိုက်၏။ “ငါ့ကို ဆရာလို့ မခေါ်နဲ့”
နင်ယန်က ပြောလိုက်သည်။ “အဒေါ်.. အဒေါ် ကျွန်မ ရောဂါ ပျောက်သွားပြီ”
နင်ကျဲ့က ပြောလိုက်၏။ “ဒါဆိုရင် ငါ ပြန်တော့မယ်”
ပြီးနောက် သူမသည် တကယ်ကြီး ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ဤအမျိုးသမီးနားတွင် နေရသည်မှာ စိတ်သက်တောင့် သက်သာဖြစ်မှုကို မခံစားရချေ။ သူမ ထွက်ခွာသွားခဲ့ပြီးနောက် ရှမ့်လန်သည် ကျားမကို လှမ်းကာ ကြည့်ရှုလိုက်၏။
ကျားမသည် ချက်ချင်းဆိုသလိုပဲ ရှေ့ဆီသို့လှမ်းတက်လာခဲ့ပြီး ရှမ့်လန်၏ပခုံးကို ဟန်ပါပါနှင့် ပုတ်ကာ ပြောလိုက်သည်။ “ရှမ့်လန်.. မင်းက တကယ့်ကို အံ့အားသင့်စရာပဲ။ ငါ မြင်ခဲ့ဖူးတဲ့ သမားတော်တွေထဲမှာ မင်းက အံ့အားသင့်စရာ အကောင်းဆုံး သမားတော်ပဲ။ ဒီနေ့ကစပြီး မင်းရဲ့အမှိုက်လိုစာအုပ်ကို ဆက်မရေးနဲ့တော့။ ဒီအလုပ်က မင်းနှင့် ကိုက်ညီတဲ့ အရာမျိုး မဟုတ်ဘူး။ ငါက မင်းရဲ့ မာယာမျဉ်းပြိုင်စာအုပ်ကို ဖတ်ကြည့်တည်းက မင်းရဲ့ ပါရမီကို နားလည်တယ်။ ဒီတော့ ဆေးပဲ ဆက်ကုတော့”
ရှမ့်လန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “အင်း.. အရှင်မင်းသမီးက ကျုပ်ကို မြှောက်ပင့်နေပါပြီ။ ကျုပ် ပြောပြီးသားပဲ။ ကျုပ်က သားဖွားမီးယပ်အထူးကုပါဆို”
နင်ယန်က ပြောလိုက်သည်။ “အင်း.. ငါ့ရဲ့ရောဂါ ဘယ်သမားတော်ကမှ မကုသနိုင်ဘူး။ မင်းတို့ မိသားစုရဲ့ အန်းစိုက်ရှီ တောင်မှ ငါဘာရောဂါဖြစ်နေလဲဆိုတာကို မမြင်နိုင်ဘူး။ မင်းက တစ်ချက်ကြည့်လိုက်ရုံနှင့် သိတယ်။ ပြီးတော့ နှစ်နာရီတောင် မကြာဘူး ကုသနိုင်ခဲ့တယ်။ ငါမြင်ဖူးသမျှထဲမှာ မင်းက အံ့အားသင့်စရာ အကောင်းဆုံး သမားတော်ပဲ”
နင်ယန်သည် ပြောနေတုန်းမှာပဲ ရှမ့်လန်၏ ပခုံးကို တဘုတ်ဘုတ်နှင့် ပုတ်လျက် ရှိ၏။ ရှမ့်လန်သည် သူမနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အရပ်ပု၏။ သူ၏ ညာဘက်ပခုံးတစ်ခုလုံးသည် ပြုတ်ကျတော့မတတ်ပင် ခံစားနေမိ၏။ ကျားမ၏သိုင်းပညာသည် မြင့်မားလွန်း၏။ ထို့အပြင် သူမသည် အားကို မည်ကဲ့သို့ထိန်းချုပ်ရမည် ဖြစ်ကြောင်း ကောင်းကောင်း မသိချေ။ စောဏတုန်းက လက်သီးနှစ်ချက် ထုလိုက်ရုံနှင့် သစ်သားကုတင်ကြီး ပြိုကျခဲ့သည် မဟုတ်ပါလား။
“နာလိုက်တာ။ နာလိုက်တာ။ အရှင်မင်းသမီး ... နည်းနည်းလေး ငြင်ငြင်သာသာ လုပ်ပါ” ရှမ့်လန်က ပြောလိုက်၏။
နင်ယန်သည် သူမ၏ လက်ဝါးကို ကြည့်ရှုကာ ပြောလိုက်သည်။ “မင်းက တကယ့်ကို အသုံးမဝင်တဲ့လူပဲ။ ဒီလောက်လေး ရိုက်တာကို ငါ့နားက လူတွေအကုန် အဆင်ပြေတယ်။ မင်းကျမှ ဘာလို့နွဲ့နှောင်းနေရတာလဲ”
မင်းသမီး နင်ယန်သည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ရှမ့်လန်.. ဒီနေ့ကစပြီး မင်းက ငါ့ရဲ့မောင်လေးပဲ။ ငါ မင်းကို နန်းမြို့တော်ထဲမှာ ကာကွယ်ပေးထားမယ်။ မင်းကို ပြဿနာရှာ၊ အနိုင်ကျင့်ရဲတဲ့ ဘယ်သူ့ကိုမဆို ငါ ချက်ချင်းပဲ သတ်ပစ်မယ်”
“ကောင်းပါပြီ” ရှမ့်လန်သည် လက်မထောင်ပြလိုက်သည်။
မင်းသမီး နင်ယန်က ပြောလိုက်၏။ “အနာဂတ်မှာ မင်း ဘာကိုပဲ တောင်းဆိုတောင်းဆို ငါ လုပ်ပေးမယ်။ ရွှဲပြည်နယ်ထဲမှာ ငါ နင်ယန် မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး”
ဤအရာက မြှောက်ပင့်ပြောဆိုနေခြင်းသာ ဖြစ်၏။ မည်သို့အဓိပ္ပာယ်ရှိမည်နည်း။
“ကောင်းပါပြီ။ ဒါဆိုရင် ကျုပ်ကလည်း ယဉ်ကျေးမနေတော့ပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အခုအချိန်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်”
“ဟမ်”
ကျားမသည် ချက်ချင်းပဲ ကြောင်သွားခဲ့၏။