ဘာတွေးနေလဲ သိလား
Vol. 65 Ch. 966
ထိုအချက်က ယွမ်ရှန်ရှန်အား အနည်းငယ် နေသာထိုင်သာ ရှိသွားစေသည်။ သို့သော် လုချန်းသည် သူမ၏ အချက်အလက်ကို အစကတည်းက သိလျက်နှင့် မသိဟန်ဆောင်ခဲ့သည်ဟူသော အတွေးက သူမကို အလွန် မသက်မသာ ဖြစ်စေသည်။ သူသည် သူမကို သူ၏အိပ်ရာထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် သွေးဆောင်ခဲ့သည်။
ယွမ်ရှန်ရှန်က အေးစက်စွာ ဆက်မေးလိုက်သည်။
“မင်းနဲ့ လုယန်ဟွာက ညီအစ်ကိုတွေဆိုတော့ သူက နတ်ဝိညာဉ်ခန္ဓာကို ဘယ်လောက်တောင် လိုချင်တယ်ဆိုတာ မင်းသိသင့်တယ်။ ဒါဆို ဘာဖြစ်လို့ မင်းက ငါ့ကို ဒီလိုအရာတွေ လုပ်ခဲ့တာလဲ။”
လုချန်းက မထူးခြားသလိုဖြင့်
“လုယန်ဟွာနဲ့ ကျွန်တော်က ညီအစ်ကိုတွေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက မကောင်းဘူး။ သူ နတ်ဝိညာဉ်ခန္ဓာကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ကျွန်တော်နဲ့တော့ သိပ်မသက်ဆိုင်ဘူးထင်တယ်။”
“ကျွန်တော်က ရှနိုင်ငံတော်ရဲ့ မင်းသားတွေနဲ့လည်း ညီအစ်ကိုတော်စပ်တယ်။ နောက်ဆုံးမှာ သူတို့က ထီးနန်းအတွက် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား။”
လုချန်း ပြောတာတွေက အမှန်ဖြစ်ကြောင်း ယွမ်ရှန်ရှန် သဘောပေါက်သွားသည်။ သူတို့ ညီအစ်ကိုများ ဖြစ်ကြလျှင်ပင် အချို့သော အကျိုးစီးပွားများအပေါ်တွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။
လုယန်ဟွာ နတ်ဝိညာဉ်ခန္ဓာကို လိုချင်ခြင်းက သူ၏ ညီအစ်ကိုတော်သူ လုချန်းက ၎င်းကို လက်လွှဲပေးရမည်ဟု မဆိုလိုပေ။
သို့သော်…
လုချန်းကရော နတ်ဝိညာဉ်ခန္ဓာကို လိုချင်နေခြင်းလား။
သူမ၏ နတ်ဝိညာဉ်ခန္ဓာက မရင့်ကျက်သေးပေ။ မရင့်ကျက်သေးသော နတ်ဝိညာဉ်ခန္ဓာဖြင့် စုံတွဲကျင့်စဉ် ကျင့်နိုင်သော်လည်း ၎င်းသည် နတ်ဝိညာဉ်ခန္ဓာ၏ ကြီးထွားမှုကို တိုက်ရိုက် အဟန့်အတား ဖြစ်စေသည်။ သူမ အတွင်းမှ တစ်ခုက ကြီးထွားမှု ရပ်တန့်သွားခဲ့သည်။ ၎င်းမှာ နတ်ဝိညာဉ်ခန္ဓာကို ကျင့်ကြံဖော်မယားဖြစ် လိုချင်သူတစ်ဦးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
အကယ်၍ လုချန်းက သူမကို ကျင့်ကြံဖော်မယားအဖြစ် လိုချင်ပါက သူ သူမကို ဤမျှ လျင်မြန်စွာ မစားသုံးသင့်ပေ။ ထို့ပြင် သူမ လေ့လာတွေ့ရှိခဲ့သည့် အရာများအရ သူတို့၏ ရင်းနှီးသော အခိုက်အတန့်များတွင် လုချန်းက လုံးဝ ကျင့်ကြံပုံ မရချေ။ သူလုပ်ဆောင်နေသည်က သူ၏ အခြေခံ ရမ္မက်ဆန္ဒများကို ဖြည့်ဆည်းရန် သက်သက်သာ ဖြစ်သည်။
ယွမ်ရှန်ရှန်က ဆက်လက်၍
“မင်းက ငါ့ရဲ့ အချက်အလက်တွေကို သိခဲ့မှတော့ ဘာဖြစ်လို့ ငါ့ကို ဆက်ပြီး လိမ်ညာနေခဲ့တာလဲ။ ငါ့ရှေ့မှာ အားနည်းပြပြီး မင်းရဲ့ အရင်ဘဝက အောက်လောကက သာမန်လူတစ်ယောက်ပါလို့ ဘာလို့ ပြောခဲ့တာလဲ။ မင်းက အစကတည်းက ငါ့ရဲ့ နတ်ဝိညာဉ်ခန္ဓာကို ရယူပြီး ငါ့ကို မင်းရဲ့ ကျင့်ကြံဖော်မယား ဖြစ်အောင် ကြံစည်ခဲ့တာလား။”
လုချန်းက တည်ငြိမ်စွာဖြင့်
“လေးစားရပါသော ဆရာမ။ တစ်ယောက်ယောက်က သူရဲ့ ကျင့်ကြံဖော်မယားကို နေရာအနှံ့ လျှောက်သွားခွင့်ပေးတာမျိုး မြင်ဖူးပါလား။”
“နောက်ပြီး ကျွန်တော်လည်း အစက ဆရာမရဲ့ အချက်အလက်တွေကို မသိခဲ့ပါဘူး။ ဒီကမ္ဘာကို ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ မှတ်ဉာဏ်က ချိပ်ပိတ်ခံခဲ့ရတယ်။ မကြာသေးခင်က ထျန်းချန်ကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ပေါ်ထွက်လာမှ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တချို့ ပြန်ရလာတာပါ။ အဲ့ဒီနောက်မှ အရာတချို့ကို ပြန်သတိရလာတာပါ။”
လုချန်း၏ ခုခံချေပချက်ကို ကြားသောအခါ ရေခဲတမျှအေးစက်သော နတ်သမီး
ယွမ်ရှန်ရှန် လုံးဝ တိတ်ဆိတ်သွားသည်။
လုချန်း ပြောပြသော အခြေအနေက သူမနှင့် ဆင်တူနေသည်။ သူမ၏ မှတ်ဉာဏ်သည်လည်း ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် ချိပ်ပိတ်ခံခဲ့ရသည်။ မကြာသေးမီကမှ ပြန်လည်ကောင်းမွန်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လုချန်း အမှန်ကို ပြောနေခြင်း ဖြစ်နိုင်ခြေ အတော်လေး ရှိသည်။
ဟုတ်ပါသည်။ ဒါက လုချန်း လိမ်ညာနေနိုင်ခြေကိုတော့ လုံးဝ ဖယ်ရှားပစ်နိုင်ခြင်းတော့ မရှိချေ။
ထိုအချိန်တွင် ယွမ်ရှန်ရှန် လုချန်းကို အေးစက်စွာ စိုက်ကြည့်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာ မလှုပ်မယှက် ရှိနေသည်။
သူမ လုချန်းကို မည်သို့ ရင်ဆိုင်ရမည်မှန်း မသိတော့ချေ။
လုချန်းသည် လုယန်ဟွာ၏ ညီအစ်ကို တော်ပြီး လုယန်ဟွာက သူမကို ဒုက္ခများစွာ ပေးခဲ့သူ ဖြစ်သည်။ လုချန်းက လုယန်ဟွာနှင့် သူ၏ ဆက်ဆံရေးမှာ မကောင်းဟု ဆိုခဲ့သော်လည်း သူမ၌ သံသယများ ရှိနေဆဲ ဖြစ်သည်။
ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောနေစဉ်တွင် လုချန်း အိပ်ရာပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမသည် သတိပြန်ဝင်လာသောအခါ လုချန်း၏ ပုံရိပ်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် အကျွမ်းတဝင်ရှိသော ခံစားမှုတစ်ခု သူမ၏ နောက်မှ ပေါ်လာသည်။ လုချန်းက သူမ၏ ခါးကို နောက်မှ သိုင်းဖက်လိုက်ပြီး သူ၏ ခေါင်းကို သူမ၏ ပခုံးပေါ်တွင် တင်ထားလိုက်သည်။
သူမ အလိုအလျောက် ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း သူမ၏ စိတ်ဝိညာဉ် စွမ်းအား ချိပ်ပိတ်ခံထားရကြောင်း မကြာမီ သတိရလိုက်သည်။ သူမ၏ စွမ်းအား ကန့်သတ်ခံထားရသည်ကို အာရုံခံမိသောအခါ ယွမ်ရှန်ရှန်လည်း လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။ မည်သည့် ရုန်းကန်မှုမဆို အချည်းနှီး ဖြစ်မည်ကို သူမ သိသောကြောင့် ဖြစ်သည်။
ဤ ပုန်ကန်တတ်သော တပည့်သည် သူမကို လုံးဝ ထိန်းချုပ်ထားခဲ့ပြီ ဖြစ်သည်။
ထို့နောက် လုချန်းက ယွမ်ရှန်ရှန်၏ နားထဲသို့ လေတစ်ချက် မှုတ်သွင်းကာ
“ရှန်ရှန်။ စိတ်ချပါ။ ကိုယ်က မင်းရဲ့ နတ်ဝိညာဉ်ခန္ဓာကို စိတ်မဝင်စားပါဘူး။ ကိုယ် ကြိုက်တဲ့ တစ်ခုတည်းသောအရာက မင်းဆိုတဲ့ လူပဲ။”
လုချန်း၏ ဝန်ခံစကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ သို့သော် သူမက လျင်မြန်စွာ စိတ်ကို ပြန်စုစည်းလိုက်ပြီး
“ငါက မင်းရဲ့ မိဖုရားဆောင်ထဲက မိန်းမတွေနဲ့ မတူဘူး။ မင်းရဲ့ ချိုချိုသာသာ စကားတွေက ငါ့အပေါ်မှာ အလုပ်ဖြစ်မယ်လို့ ထင်နေတာလား။”
လုချန်းက ရယ်မောကာ
“ကျွန်တော်ကတော့ အလုပ်ဖြစ်တယ်လို့ ထင်တယ်။”
“အလုပ်မဖြစ်ဘူးဆိုရင် လေးစားရတဲ့ ဆရာမရဲ့ ခန္ဓာကိုယ်က ကျွန်တော့်စကားကို ကြားရုံနဲ့ ဘာလို့ နည်းနည်းလေး တုန်သွားရတာလဲ။”
ယွမ်ရှန်ရှန်က ခေါင်းမာစွာဖြင့်
“ငါက မင်းရဲ့ အရှက်မရှိတဲ့ အပြုအမူကို ရွံရှာလို့ပဲ။”
ထိုသို့ ပြောခဲ့သော်လည်း လုချန်း၏ စကားများကို သူမ အနည်းငယ် ကျေနပ်မိသည်။ သူသည် သူမ၏ နတ်ဝိညာဉ်ခန္ဓာကို လိုချင်ခြင်းမဟုတ်ပဲ သူမကို လူတစ်ယောက်အနေဖြင့် အမှန်တကယ် ကြိုက်နှစ်သက်နေသရွေ့ သူမ ပျော်ရွှင်မိသည်။ သူကြိုက်တာက သူမ၏ ခန္ဓာကိုယ်သက်သက်သာ ဖြစ်နေလျှင်တောင် ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ဆက်လက်၍
“လေးစားရပါသော ဆရာမက ကျွန်တော့်ရဲ့ တကယ့် ဇစ်မြစ်ကို သိချင်လား။”
ယွမ်ရှန်ရှန်က ချက်ချင်းပင် အေးစက်စွာဖြင့်
“ငါ မသိချင်ဘူး။”
လုယန်ဟွာ အာဏာရလာပုံကို ထည့်သွင်းစဉ်းစားပါက လုချန်းနှင့် လုယန်ဟွာတို့၏ နောက်ကွယ်မှ အင်အားစုက အလွန်ကြီးမားရမည်။ လုချန်း ထုတ်လာသော ခမ်းနားထည်ဝါသည့် နတ်လှေနှင့်အတူ ယွမ်ရှန်ရှန် အရာတစ်ခုကို သဘောပေါက်သွားသည်။ လုချန်း၏ နောက်ကွယ်မှ အင်အားစု အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူ၏ဇစ်မြစ်ကို သိစရာမလိုပဲ သူမ နားလည်လိုက်သည်။
တစ်ခါတစ်ရံတွင် သိတာများခြင်းက ကောင်းသောအရာ မဟုတ်ပေ။ လုချန်း လျှို့ဝှက်ဆန်းကြယ်နေသည်ကို သူမ ပို၍ နှစ်သက်သည်။ သူ၏ တကယ့် ကိုယ်ရေးအချက်အလက်ကို သိရှိပြီးနောက် စိုးရိမ်ပူပန်နေရမည်ကို သူမ မလိုလားပေ။
ယွမ်ရှန်ရှန်၏ တုံ့ပြန်မှုကို ကြားပြီးနောက် လုချန်းလည်း ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ ထို့နောက် သူက သူမကို အခန်းအတွင်းရှိ အိပ်ရာဆီသို့ ညင်သာစွာ ပို့ဆောင်လိုက်သည်။
လုချန်းက သူ၏ လှုပ်ရှားမှုကို စတင်နေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူ ဘာလုပ်တော့မည်ကို သိလိုက်သည်။ သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် “ငါက နတ်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်တယ်။ မင်း ငါ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ယူတုန်းက နောင်တရတဲ့စိတ် နည်းနည်းလေးတောင် မဖြစ်ခဲ့ဘူးလား။”
ယွမ်ရှန်ရှန်က သူ့ကို စမ်းသပ်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်သည်။
“နောင်တရစရာ ဘာရှိလို့လဲ။ နတ်ဝိညာဉ်ခန္ဓာက ကျွန်တော့်ကို ပေးနိုင်တဲ့ အကူအညီက မများပါဘူး။ ဆရာမမှာ ဘယ်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး ရှိတယ်ဆိုတာကို ကျွန်တော် စိတ်မဝင်စားဘူး။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် အနည်းငယ် မှင်တက်သွားသည်။ အမှန်အတိုင်းဆိုရလျှင် ဒါက သူမ၏ နတ်ဝိညာဉ်ခန္ဓာအပေါ် အရေးမထားသော သူတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
အကယ်၍ ဒါက အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတွင်သာ ဖြစ်ခဲ့ပါက အခြေအနေ ကွဲပြားလိမ့်မည်။ တစ်စုံတစ်ယောက်က သူမ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သိရှိသွားသည်နှင့် သူမကို ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြမည်မှာ သေချာသည်။
လုယန်ဟွာ လုပ်ခဲ့သကဲ့သို့ပင်။
သို့သော် လုချန်းကတော့ သူမ၏ ခန္ဓာကိုယ်ကိုသာ ကြိုက်နှစ်သက်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ထိုအခိုက်အတန့်တွင် ရှုံးနိမ့်သွားသကဲ့သို့ ယွမ်ရှန်ရှန် ခံစားလိုက်ရသည်။
အကယ်၍ လုချန်းက သူမ၏ နတ်ဝိညာဉ်ခန္ဓာကို စိတ်မဝင်စားပဲ ဒါကသူ့အတွက် အကူအညီမဖြစ်ဟု ဆိုပါက သူပြောနေသည့် အဓိပ္ပာယ်အရ သူမက သူ့အတွက် ကစားစရာတစ်ခုမျှသာ ဖြစ်နေသည် မဟုတ်ပါလား။ သူမသည် သူ၏ ပျော်ရွှင်မှုအတွက် တည်ရှိနေသူတစ်ဦးဖြစ်ပြီး လုချန်းရှေ့တွင် သူမ တန်ဖိုးမရှိဟု ဆိုလိုနေသည် မဟုတ်ပါလား။
သူမသည် ကျင့်ကြံဖော်မယားတစ်ဦး မဖြစ်လိုသလို အခြားသူတစ်ဦး၏ ကစားစရာလည်း မဖြစ်လိုချေ။
ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောနေစဉ်တွင် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ကုတင်၏ အစွန်းသို့ တွန်းပို့လိုက်ပြီ ဖြစ်သည်။ ထိုအချိန်တွင် လုချန်း၏ လက်များသည် ယွမ်ရှန်ရှန်၏ ခါးသို့ ရောက်ရှိနေပြီး သူမ၏ ခါးစည်းကြိုးများကို ညင်သာစွာ စတင် ဆွဲဖြုတ်နေခဲ့သည်။
ယွမ်ရှန်ရှန်လည်း သူ့ကို မတားဆီးပဲ သူကြိုက်သလို ပြုလုပ်ခွင့်ပေးလိုက်သည်။
ယွမ်ရှန်ရှန်၏ အပေါ်ဝတ်ရုံကို ဖယ်ရှားပြီးနောက် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ညင်သာစွာ လှဲချလိုက်သည်။ ထို့နောက် သူမ၏ ဖြူဖျော့သော ခရမ်းရောင် မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။
ယွမ်ရှန်ရှန်၏ မျက်နှာသည် နူးညံ့လှပြီး သူမ၏ အသားအရေသည် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည်။ သူမသည် လက်ရာမြောက်သော ကြွေထည်အနုပညာလက်ရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။
လုချန်း၏ လက်က ယွမ်ရှန်ရှန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“လေးစားရပါသော ဆရာမ။ ကျွန်တော်တို့ မတွေ့ဖြစ်တာ အတော်ကြာပြီပဲ။ ဆရာမ ကျွန်တော့်ကို လွမ်းနေမှာပဲ မဟုတ်လား။”
လုချန်း၏ မေးခွန်းကို ကြားသောအခါ ယွမ်ရှန်ရှန်၏ ရေခဲတမျှအေးစက်သော မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားသည်။ သူမက လုချန်း၏ မေးခွန်းကို မဖြေပဲ ခေါင်းကို လွှဲကာ အဝေးသို့ ကြည့်လိုက်သည်။
ယွမ်ရှန်ရှန် စကားမပြောသည်ကို မြင်သောအခါ လုချန်းက ဆက်လက်၍
“လေးစားရပါသော ဆရာမ။ ဆရာမရဲ့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်က ဘယ်လိုအခြေအနေ ရောက်ပြီလဲ။”
ယွမ်ရှန်ရှန် ဆက်လက်တိတ်ဆိတ်နေသည်။ သူမ၏ အမူအရာတွင် အေးစက်မှုနှင့် ရှက်ရွံ့မှုများ ရောထွေးနေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး
“လေးစားရတဲ့ ဆရာမက တပည့်ကို မပြောပြချင်မှတော့ တပည့်က ကိုယ့်ဘာသာကိုယ် စစ်ဆေးရတော့မှာပဲ။”
ထိုသို့ဆိုပြီးနောက် လုချန်းက ယွမ်ရှန်ရှန်၏ ခေါင်းကို တည့်မတ်လိုက်ပြီးနောက် သူတို့၏ နှုတ်ခမ်းများ ထိတွေ့သွားကြသည်။
လုချန်း၏ အနမ်းအောက်တွင် ယွမ်ရှန်ရှန် လျင်မြန်စွာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားသည်။ မကြာမီမှာပင် သူတို့နှစ်ဦးစလုံး အခြေအနေတစ်ခုသို့ ဝင်ရောက်သွားကြသည်။
ဤအချိန်တွင် လုချန်းလည်း ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို ဆက်လက် ချိပ်ပိတ်မထားတော့ချေ။ လုချန်းက ကန့်သတ်ချက်အား ဖြေလျှော့ပေးလိုက်သည်ကို ခံစားမိသောအခါ ယွမ်ရှန်ရှန်က သူမ၏ လျှို့ဝက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း လည်ပတ်စေတော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ လုချန်း ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ပွေ့ချီကာ ထလိုက်သည်။ ယွမ်ရှန်ရှန်က သူမ၏ လက်များကို လုချန်း၏ လည်ပင်းတွင် ရစ်ပတ်လိုက်ပြီး သူ၏ စူးရှသော အကြည့်ကို ရင်မဆိုင်လိုပဲ သူမ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
ရုတ်တရက်ပင် လုချန်းက
“ကျွန်တော်က ရှန်ယွဲ့မင်းဆက်က ရှန်ဝူဧကရာဇ်ရဲ့ သားတော်ပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူမ၏ လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားပြီး လုချန်းကို ကြောင်ငေးကြည့်နေမိသည်။
ထျန်းယွမ်ကမ္ဘာအား စကြဝဠာထဲတွင် ဝေးလံခေါင်ဖျားသော ကမ္ဘာတစ်ခုဟု သတ်မှတ်သည်။ သို့သော် သူတို့သည် ရှန်ဝူဧကရာဇ်၏ ကျော်ကြားမှုကို ကြားဖူးကြသည်။ လုချန်း ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်နေလိမ့်မည်ဟု ယွမ်ရှန်ရှန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။
ထိုသို့ဆိုလျှင် လုယန်ဟွာသည်လည်း ရှန်ဝူဧကရာဇ်၏ သားတော် ဖြစ်သည်။ အံ့ဩစရာ မဟုတ်တော့ချေ။ လုယန်ဟွာ၏ ပါရမီသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး နှစ်တစ်ရာမပြည့်မီပင် ထျန်းယွမ်ကမ္ဘာ၏ ရှုံးနိမ့်ခြင်းမရှိနိုင်သော တည်ရှိမှုတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။
ရှန်ဝူဧကရာဇ်ဆိုတာက မည်သူနည်း။
သူသည် ကျင့်စဉ်ကမ္ဘာအမျိုးမျိုးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။
သူ၏ သားသမီးများသည်လည်း သဘာဝအတိုင်း သာမန်လူများ မဟုတ်ကြချေ။
လုချန်း၏ ခမ်းနားထည်ဝါသော နတ်လှေကို မြင်ကတည်းက လုချန်း အင်ပါယာတစ်ခုခုမှ မင်းသားတစ်ပါး ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းခဲ့သည်။ သို့သော် သူ ရှန်ယွဲ့မင်းဆက်မှ မင်းသားတစ်ပါး ဖြစ်လိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မတွေးထင်ခဲ့ပေ။
ရှန်ယွဲ့မင်းဆက်သည် သာမန်အင်ပါယာတစ်ခု မဟုတ်ပေ။ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာပေါင်းများစွာကို ဖြန့်ကျက်ထားသော ကြီးမားသည့် အင်ပါယာတစ်ခု ဖြစ်သည်။
ရှန်ဝူဧကရာဇ်သည် သာမန်မဟာဧကရာဇ်တစ်ပါး မဟုတ်ပေ။ အခြား ဧကရာဇ်များအားလုံးနီးပါးသည် ရှန်ဝူဧကရာဇ်ကို ရန်စရန် မဝံ့ရဲကြချေ။
ယွမ်ရှန်ရှန် တိတ်ဆိတ်နေပြီး မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးကာ
“ဘာဖြစ်လို့လဲ ”
ယွမ်ရှန်ရှန်၏ မျက်နှာ နီရဲသွားသော်လည်း သူမက အေးစက်စွာပင်
“ငါ ဘာတွေးနေလဲ မင်းသိလား”
လုချန်းက
“ဘာတွေးနေလို့လဲ”
“ထွက်ပြေးဖို့ အခွင့်အရေးတစ်ခု ရှာသင့်တယ်လို့ တွေးနေတာ။ မင်းကို ထာဝရ စွန့်ခွာသွားတာ ပိုကောင်းမယ်။”
လုချန်းက
“လေးစားရတဲ့ ဆရာမမှာ ဘာဖြစ်လို့ ဒီလိုအတွေးတွေ ရှိရတာလဲ။”
ယွမ်ရှန်ရှန်က
“မင်းက ရှန်ယွဲ့မင်းဆက်ရဲ့ မင်းသားတစ်ပါးပဲ။ အနာဂတ်မှာ အဲ့ဒီရာထူးနဲ့ ပတ်သက်ပြီး အန္တရာယ်တွေနဲ့ ပြည့်နေလိမ့်မယ်။ မင်းရဲ့ ဘေးမှာနေရင် အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာ အမြဲရှိနေမယ်။”
သူမ၏ ကိုယ်ပိုင်အခြေအနေနှင့် နှိုင်းယှဉ်ပါက လုချန်း၏ အခြေအနေများက ပို၍ အန္တရာယ်များကြောင်း ယွမ်ရှန်ရှန် စဉ်းစားမိသည်။ သူမ၏ နတ်ဝိညာဉ်ခန္ဓာကြောင့် ပစ်မှတ်ထားခံရနိုင်ခြင်းက သူမ၏ အဆိုးဆုံးအခြေအနေဖြစ်သည်။
သို့သော် ယခု ထိုအနေအထားက ပျက်စီးသွားပြီ ဖြစ်သည်။ လုယန်ဟွာကလည်း ဤအကြောင်းကို သိသွားလျှင် သူမကို ကျင့်ကြံဖော်မယားအဖြစ် အသုံးမပြုလိုတော့မည် မဟုတ်ပေ။
သို့သော် လုချန်းကတော့ ကွဲပြားသည်။ သူသည် ရှန်ဝူဧကရာဇ်၏ သားတော်တစ်ဦး ဖြစ်သည်။ ရှန်ဝူဧကရာဇ် ရာထူးအတွက် မယှဉ်ပြိုင်လျှင်ပင် အခြား သားတော်များက သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေဦးမည် ဖြစ်သည်။