ဘာမှားနေလို့လဲ
Vol. 65 Ch. 967
နဂါးနက်မြို့သို့ ရောက်ရှိပြီးနောက် ယွမ်ရှန်ရှန် မေးခွန်းတစ်ခုကို အမြဲ စဉ်းစားနေခဲ့သည်။ သူမ လုချန်းနောက်သို့ ဆက်လက် လိုက်နေပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူ့အတွက် ဒုက္ခများ မလွဲမသွေ ဆောင်ကြဉ်းလာလိမ့်မည်ဟု သူမ တွေးနေမိခြင်း ဖြစ်သည်။
သူမ လုချန်း၏ ဘဝထဲသို့ မည်သည့် ဒုက္ခမှ ထပ်မထည့်လိုပေ။ ထို့ကြောင့် ဤကမ္ဘာကို စွန့်ခွာ၍ လုချန်းကို ထားခဲ့ရန် သူမကိုယ်သူမ ပြင်ဆင်ထားပြီး ဖြစ်သည်။
လုချန်းကို စွန့်ခွာရန် ခက်ခဲမည်ကို သူမ သိသော်လည်း ခွဲခွာခြင်းအကြောင်းကို တွေးတောနေဆဲ ဖြစ်သည်။ သူမ၏ အဓိက ရည်ရွယ်ချက်မှာ လုချန်းကို ထိခိုက်နာကျင်မှု မရှိစေရန် ဖြစ်သည်။
ယခုမူ လုချန်းက မဟာဧကရာဇ်တစ်ပါးဖြစ်သော ရှန်ဝူဧကရာဇ်၏ သားဖြစ်ကြောင်း ပြောလာသည်။
အခြေအနေက ပြောင်းပြန်ဖြစ်သွားပုံရသည်။ သူမက လုချန်းအတွက် ဒုက္ခများ ဆောင်ကြဉ်းလာခြင်း မဟုတ်တော့ပဲ လုချန်းကသာ သူမအတွက် ဒုက္ခများ ဆောင်ကြဉ်းလာမည့်သူ ဖြစ်နေသည်။
ယွမ်ရှန်ရှန် ထိုသို့ ပြောသည်ကို လုချန်း ကြားသောအခါ သူ အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် ယွမ်ရှန်ရှန်၏ ဆံပင်ကို ပွတ်သပ်ကာ သူမ၏ ခရမ်းရောင် မျက်လုံးများထဲသို့ စိုက်ကြည့်ရင်း
“ဒါဆို လေးစားရတဲ့ ဆရာမက ကျွန်တော့်ကြောင့် ဒုက္ခရောက်မှာ ကြောက်လို့ ကျွန်တော့်ကို ထားသွားမှာလား။”
လုချန်း၏ ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ယွမ်ရှန်ရှန် ချက်ချင်း မဖြေနိုင်ခဲ့ပေ။ သူမ၏ ကိုယ်ပိုင် အတွေးများကိုပင် သူမ နားမလည်နိုင်တော့ချေ။
အရင်ကသာဆိုလျှင် သူမအတွက် အန္တရာယ်ဖြစ်စေနိုင်သော မည်သူ့ကိုမဆို သို့မဟုတ် မည်သည့်အရာကိုမဆို ရှောင်ရှားရန် ကြိုးစားပေလိမ့်မည်။ အကျိုးအမြတ်ကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားခြင်းက လူသားတို့၏ ဗီဇပင် ဖြစ်သည်။
သို့သော်လည်း သူမ၌ ယခုအခါ ထိုကဲ့သို့သော ရည်ရွယ်ချက်များ မရှိတော့ချေ။ လုချန်း၏ ဘေးတွင် ထာဝရ နေထိုင်လိုသည့် စိတ်ကူးပင် သူမထံ၌ ရှိနေသည်။ ဤယောက်ျားက သူ့အား စွဲမက်အောင် ဆေးတစ်မျိုးမျိုး ပေးခဲ့သည်မှာ သေချာသည်။ အကြောင်းမှာ သူမ သူ့ကို လုံးလုံးလျားလျား ချစ်မိနေသောကြောင့် ဖြစ်သည်။
ယွမ်ရှန်ရှန် အချိန်အတော်ကြာ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လုချန်းက သူ၏ လက်များကို ယွမ်ရှန်ရှန်၏ ကျောပြင်တွင် ရစ်ပတ်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို အိပ်ရာပေါ်သို့ ပြန်လှဲချကာ လုပ်နေသည့်အရာကို ဆက်လုပ်လိုက်သည်။
ယွမ်ရှန်ရှန်ထံမှ ညည်းသံနှစ်ချက် ထွက်ပြီးနောက် သူမ နောက်ဆုံးတွင် စကားစလိုက်သည်။
“အင်း... ငါ မင်းကို မထားခဲ့ဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့....”
လုချန်းက
“ဒါပေမဲ့ ဘာဖြစ်လဲ။”
ယွမ်ရှန်ရှန်က
“ဘာမှ မဟုတ်တော့ပါဘူး...”
လုချန်းက
“ပြောစရာရှိရင် ပြောသာပြောပါ ဆရာမ”
ထို့နောက် ယွမ်ရှန်ရှန်က
“ငါ.... မင်းရဲ့ လက်ထဲကို ရောက်သွားပြီ။ ပြီးတော့ မင်းက ရှန်ဝူဧကရာဇ်ရဲ့ သားဆိုတော့... ငါ..... ဒီတစ်ဘဝလုံး မင်းရဲ့ လက်ထဲကနေ လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ပြောစရာ ဘာမှ မရှိတော့ဘူး.....”
လုချန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက်
“ဒီတော့ လေးစားရတဲ့ ဆရာမက ဒီလိုမျိုး အနေအထားကို ကြိုက်တာပေါ့။”
သူ၏ စကားသံများ ပျောက်ကွယ်သွားသည်နှင့် လုချန်းလည်း သူ၏ သိမ်းပိုက်မှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။
ဤအချိန်တွင် ယွမ်ရှန်ရှန်လည်း အရာရာကို သဘောပေါက်သွားသည်။ လုချန်းသည် ဒုက္ခများစွာနှင့် ရင်ဆိုင်နေရပြီး လုယန်ဟွာနှင့်လည်း ပြိုင်ဆိုင်နေရသည်။ ထို့ကြောင့် သူမအနေနှင့် လုချန်းကို စွန့်ခွာရန် မလိုအပ်တော့ချေ။
သူမက လုချန်းကို စွန့်ခွာသည်ဖြစ်စေ မစွန့်ခွာသည်ဖြစ်စေ သူနှင့် လုယန်ဟွာတို့ သဘောထားကွဲလွဲနေကြသည်။ ထို့ကြောင့် သူမ လုချန်းကို စွန့်ခွာသွားလျှင်ပင် လုယန်ဟွာက လုချန်းနှင့် ဆက်လက် ပဋိပက္ခဖြစ်နေဦးမည် ဖြစ်သည်။
အမှန်စင်စစ် သူမ၏ စိတ်အတွင်းထဲတွင် ဤ ပုန်ကန်တတ်သော တပည့်ကို စွန့်ခွာရန် မလိုလားခဲ့ပေ။ ယခု သူမကိုယ်သူမ လုချန်း၏ ကျိန်စာသင့်နေသည်ဟု သတ်မှတ်လိုက်သည်။ သူ၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိနေပြီ ဖြစ်သည်။
……
နောက်ပိုင်း လဝက်ခန့် လုချန်း နဂါးနက်မြို့တွင် နေထိုင်ခဲ့သည်။ ထိုအတောအတွင်း ယွမ်ရှန်ရှန်အား လျှို့ဝက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကျင့်ရန် နေ့စဉ် ကူညီပေးခဲ့သည်။ လုချန်း၏ အကူအညီဖြင့် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အတွင်းမှ ပိတ်ဆို့မှုများ တဖြည်းဖြည်း လျော့ရဲလာခဲ့သည်။ သူမ၏ ယခင်က အစွမ်းသတ္တိများ ပြန်လည်ရရှိလာသည့် လက္ခဏာများလည်း ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ သူတို့နှစ်ဦး ဤအတိုင်း ဆက်လက် ကျင့်ကြံသွားပါက သူမ၏ နဂိုအဆင့်သို့ ပြန်လည်ရောက်ရှိရန်က မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
………
ချန်ယွမ်ကမ္ဘာ။
ရှန်ယွဲ့မင်းဆက်။
နန်းမြို့တော်။
ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် နန်းဆောင်ပေါ်တွင် ရပ်ကာ အဝေးမှ အဆောက်အအုံများကို ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်တစ်ခု နန်းဆောင်ပေါ်တွင် ပေါ်လာခဲ့သည်။
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်က ဒူးထောက် အရိုအသေပြုကာ
“မိဖုရားခေါင်ကို ဂါရဝပြုပါတယ်”
ရှန်ဝူမိဖုရားခေါင်က အေးစက်စွာဖြင့်
“ဘာကိစ္စလဲ”
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်က
“နံပါတ်ငါး မင်းသားက ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို ရှာဖွေဖို့ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို အသုံးပြုချင်ပါတယ်။”
ထိုသို့ ကြားသောအခါ ရှန်ဝူမိဖုရားခေါင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက် သူမက အေးစက်စွာဖြင့်
“သူက ထျန်းချန်ကမ္ဘာနဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လို့လဲ။”
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်က
“နံပါတ်ငါး မင်းသားရဲ့ လူတွေက အဲ့ဒါကို မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော် ခန့်မှန်းရသလောက်တော့ သူတို့က မင်းသားလုချန်း
ထျန်းချန်ကမ္ဘာမှာ ရှိနေတာကို သိထားကြမှာပါ။”
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်၏ အဖြေကို ကြားသောအခါ ရှန်ဝူမိဖုရားခေါင်၏ မျက်နှာသည် ပို၍ အေးစက်လာသည်။ သူမထံမှ ပြင်းထန်သော ဖရိုဖရဲ အငွေ့အသက်တစ်ခု ထွက်ပေါ်လာပုံရပြီး သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင် မြူတိမ်တိုက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။
သူမ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ လုချန်းသည် ရှန်ဝူဧကရာဇ်၏ သားသမီးများထဲတွင် အထူးချွန်ဆုံးဖြစ်ခဲ့သလို ထီးနန်းအတွက် အရေးအကြီးဆုံး ပြိုင်ဘက်လည်း ဖြစ်ခဲ့သည်။
ယခုအခါ နံပါတ်ငါး မင်းသားသည် စမ်းသပ်မှုကို ပထမဆုံး အောင်မြင်ပြီး စမ်းသပ်ကမ္ဘာမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အခြားတစ်စုံတစ်ယောက်၏ စမ်းသပ်မှုကို နှောင့်ယှက်ရန် သဘာဝအတိုင်း သူ တွေးတောမိပေလိမ့်မည်။
ဖြစ်နိုင်ခြေများသည်က လုယန်ဟွာသည် ထျန်းချန်ကမ္ဘာကို ရှာဖွေပြီးနောက် လုချန်း၏ စမ်းသပ်မှုကို ဖျက်ဆီးရန် ရည်ရွယ်နေခြင်း ဖြစ်သည်။ လုချန်း ဘယ်တော့မှ ပြန်လည် ထူထောင်နိုင်ခြင်းကြောင်း သေချာစေလိုခြင်းလည်းဖြစ်သည်။
လုယန်ဟွာသည် လုချန်း၏ ပြိုင်ဘက် သို့မဟုတ် ရန်သူ ဖြစ်သည်။ သို့သော် ရှန်ဝူမိဖုရားခေါင်၏ အမြင်တွင် သူမ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်ရန် မလိုအပ်ချေ။
ရန်သူတစ်ဦးအနေဖြင့် လုချန်းကို ထိခိုက်နာကျင်စေပိုင်ခွင့်က သူမ၌သာ ရှိသည်။ သူမမှလွဲ၍ အခြားမည်သူမှ လုချန်းကို ထိခွင့်မရှိချေ။
ထို့နောက် ရှန်ဝူမိဖုရားခေါင်က အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်ကို ညွှန်ကြားလိုက်သည်။
“ နံပါတ်ငါးမင်းသားရဲ့ လူတွေကို ပြောလိုက်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို မင်းကြီးကိုယ်တိုင်ပဲ သုံးနိုင်တယ်လို့။ ငါအဲ့ဒါကို မင်းကြီးဆီ ပြန်ပေးပြီးပြီ။”
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်က
“နားလည်ပါပြီ။ ကျွန်တော့်ကို သွားခွင့်ပြုပါ။”
စကားသံ အဆုံးတွင် အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်သည် အနက်ရောင် မြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။
အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ် ထွက်ခွာသွားပြီးနောက် ရှန်ဝူမိဖုရားခေါင်လည်း ချန်ယွမ်ကမ္ဘာ၏ ကောင်းကင်ကို မော့ကြည့် ငေးမောလိုက်ရင်း သူမဘာသာ ရေရွတ်လိုက်သည်။
“သူ့ကို တစ်ခုခုလုပ်ပိုင်ခွင့်က ငါတစ်ယောက်တည်းမှာပဲ ရှိတယ်။”
……..
ချန်ယွမ်ကမ္ဘာ။
ကျင်းဘုရင်၏ နယ်မြေ။
ကျင့်ကြံခန်း။
လုယန်ဟွာ ကျင့်စဉ်ကျင့်နေစဉ် ရုတ်တရက် အရိပ်တစ်ခု အခန်းထဲတွင် ပေါ်လာသည်။
“ ရှန်ဝူမိဖုရားခေါင်ဆီက သတင်းရောက်ပါတယ်။”
မျက်လုံးပင် မဖွင့်ဘဲ လုယန်ဟွာက မထူးခြားသလိုဖြင့်
“အခြေအနေ ဘယ်လိုလဲ”
သူ၏ ရှေ့တွင် ဒူးထောက်နေသော အရိပ်က “ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို မင်းကြီးဆီကို ပြန်ပေးပြီးပြီလို့ မိဖုရားခေါင်က ပြောပါတယ်။”
ထိုသို့ ကြားသောအခါ လုယန်ဟွာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“သူက ဘယ်သူ့ကိုမှ လုချန်းကို ထိခိုက်စေချင်မှာ မဟုတ်ဘူးလေ။ ချန်ယွမ်ကမ္ဘာတစ်ခုလုံးမှာ သူတို့ရဲ့ ကိစ္စကို မသိတာ ဘယ်သူရှိလို့လဲ။”
“သူက ငါတို့ရဲ့ ဖခင် ဧကရာဇ်နဲ့ လက်ထပ်ထားပေမဲ့ သူ့နှလုံးသားထဲမှာ တခြားယောက်ျားတစ်ယောက် ရှိနေတယ်။ သူ မင်းသားလုချန်းအပေါ်မှာ ခံစားချက်တွေ ရှိနေသေးတာကို ဖခင်သိသွားရင် သူ ဘယ်လိုထင်မလဲဆိုတာ ငါ သိချင်လိုက်တာ။”
“တော်ပြီ။ သူက မကူညီချင်မှတော့ ငါတို့ ဘာသာ လူလွှတ်ပြီး ထျန်းချန်ကမ္ဘာကို ရှာခိုင်းမယ်။”
လျှို့ဝက်လဝန်းနန်းတော်သည် ထျန်းယွမ်ကမ္ဘာတွင် အရေးပါသော အင်အားစုတစ်ခုဟု သတ်မှတ်နိုင်သည်။ သို့သော် ရှန်ယွဲ့မင်းဆက်နှင့် နှိုင်းယှဉ်ပါက လျှို့ဝက်လဝန်းနန်းတော်သည် အရေးမပါသလောက်ပင် ဖြစ်သည်။ လျှို့ဝက်လဝန်းနန်းတော် တစ်ခုလုံး၏ အရင်းအမြစ်အားလုံးကို အသုံးချ၍ ထျန်းချန်ကမ္ဘာကို ရှာဖွေစေလျှင်ပင် အောင်မြင်နိုင်ခြေက နည်းပါးနေဦးမည် ဖြစ်သည်။
သို့သော်လည်း မဟာဧကရာဇ်၏ သားတော်ဖြစ်သော လုယန်ဟွာကတော့ ကွဲပြားသည်။ သူသည် လျှို့ဝှက်လဝန်းနန်းတော်ထက် အဆတစ်သန်းမကသော အရင်းအမြစ်များကို ရယူသုံးစွဲနိုင်သည်။ အချိန်များစွာ ကြာနိုင်သော်လည်း လျှို့ဝက်လဝန်းနန်းတော် ရှာဖွေသည်ထက်တော့ ပို၍ မြန်မည်မှာ သေချာသည်။
လုယန်ဟွာက သူ၏ ကိုယ်ပိုင်လူများကို ထျန်းချန်ကမ္ဘာကို ရှာဖွေရန် စေလွှတ်ဖို့ ဆုံးဖြတ်လိုက်စဉ်မှာပင် အခြား အရိပ်တစ်ခု ရုတ်တရက် အခန်းထဲတွင် ပေါ်လာခဲ့သည်။
“အရှင်။သတင်းကောင်းပါ။ ထျန်းချန်ကမ္ဘာကို ရှာတွေ့ပါပြီ။”
ထိုသို့ ကြားသောအခါ လုယန်ဟွာ တုန်လှုပ်သွားသည်။ သူ ထျန်းချန်ကမ္ဘာကို ရှာဖွေရန် ပြင်ဆင်နေဆဲမှာပင် တစ်စုံတစ်ယောက်က ၎င်းကို ရှာတွေ့ပြီးပြီဟု ပြောလာသည်။
မြန်လိုက်တာ.....
ထို့နောက် လုယန်ဟွာ သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ လက်အောက်ငယ်သားနှစ်ဦးကို ကြည့်ကာ
“ဘယ်သူ ရှာတွေ့တာလဲ”
ရှာဖွေရန် မည်သူ့ကိုမှ သူ မစေလွှတ်ရသေးပေ။ ရှန်ဝူမိဖုရားခေါင်ကလည်း သူ၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ထျန်းချန်ကမ္ဘာကို မည်သူ ရှာတွေ့နိုင်မည်နည်း။
လျှို့ဝက်လဝန်းနန်းတော်တော့ မဖြစ်နိုင်ဘူး မဟုတ်လား....
လုယန်ဟွာ ထိုသို့ တွေးနေစဉ်တွင် ယခုမှ ဝင်လာသော လက်အောက်ငယ်သားက
“လျှို့ဝက်လဝန်းနန်းတော်ပါ။ ကျွန်တော်တို့ရဲ့ သူလျှိုတွေ သတင်းပို့တာကတော့ လျှို့ဝက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်က နန်းတော်ရဲ့ တပည့်တွေဆီကနေ သတင်းစကားတွေ လက်ခံရရှိခဲ့ပါတယ်။ သူတို့က ထျန်းချန်ကမ္ဘာရဲ့ တိကျတဲ့ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်က ဒီအကြောင်းကို ချက်ချင်း သတင်းမပို့ခဲ့ပါဘူး။”
လုယန်ဟွာ ထျန်းယွမ်ကမ္ဘာမှ ထွက်ခွာသွားသောအခါ လျှို့ဝက်လဝန်းနန်းတော်တွင် သူလျှိုများစွာ ချထားခဲ့သည်။ လျှို့ဝှက်လဝန်းနန်းတော်က ယွမ်ရှန်ရှန်ကို ဖုံးကွယ်ထားနိုင်သည့် အခြေအနေမျိုးအတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လက်အောက်ငယ်သား၏ အစီရင်ခံမှုကို ကြားပြီးနောက် လုယန်ဟွာ လှောင်ရယ်ရယ်လိုက်သည်။
“ငါ ထျန်းယွမ်ကမ္ဘာကနေ ထွက်သွားတာ ကြာလွန်းသွားပုံရတယ်။ လျှို့ဝှက်လဝန်းနန်းတော်က ဒီလို အရေးကြီးတဲ့ သတင်းအချက်အလက်ကိုတောင် ဖုံးကွယ်ရဲတယ်။”
“လျှို့ဝှက်လဝန်းနန်းတော်ကို လူတစ်ယောက် ချက်ချင်းလွှတ်လိုက်။ ထျန်းချန်ကမ္ဘာရဲ့ ကြယ်တာရာမြေပုံ တည်နေရာကို လွှဲပြောင်းပေးဖို့ ချက်ချင်း တောင်းဆိုလိုက်။”
လုယန်ဟွာ၏ ရှေ့မှ လူနှစ်ဦးက ချက်ချင်းပင်
“ဟုတ်ကဲ့ပါ အရှင်မင်းသား”
ဟု တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
သူတို့၏ အသံများ အဆုံးတွင် ပုံရိပ်နှစ်ခု ထိုနေရာ၌ပင် ပျောက်ကွယ်သွားပြီး လုယန်ဟွာ တစ်ဦးတည်း ကျင့်ကြံခန်းတွင်ကျန်ရစ်ခဲ့သည်။
ထိုအခိုက်အတန့်တွင် လုယန်ဟွာ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားကာ သူ့ဘာသာသူ ရယ်မောလိုက်သည်။
“လုချန်းရေ။ ဒါက စမ်းသပ်မှုတစ်ခုဆိုတော့ ပိုပြီး စိန်ခေါ်မှုများလေလေ ပိုပြီး ကောင်းလေလေပဲ။ မင်းရဲ့ အစ်ကိုတော်က မင်းအတွက် အခက်အခဲ နည်းနည်းလေး ထပ်ထည့်ပေးတာပဲ။ မင်း ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး မဟုတ်လား။”
သူတို့၏ ဖခင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု လုယန်ဟွာ ယုံကြည်သည်။ သူတို့ ဖခင်၏ စိတ်နေသဘောထားအရ သူကိုယ်တိုင် လုချန်းကို လက်မပါသရွေ့ သူ၏ နောက်လိုက်များက လုချန်းကို မစွမ်းမသန် ဖြစ်အောင် လုပ်လျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ ထိုအစား လုချန်းကို အသုံးမကျဟုသာ သူ ထင်လိမ့်မည်။
ထို့ပြင် သူတို့၏ ဖခင်သည် လုချန်းကို စွန့်လွှတ်ပြီးသား ဖြစ်သည်။ လုချန်း သေသွားလျှင်ပင် သူတို့ ဖခင်ဘက်မှ မည်သည့် တုံ့ပြန်မှုမှ ရှိမည် မဟုတ်ပေ။
တန်ဖိုးမရှိသော မင်းသားတစ်ပါး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အရေးမကြီးချေ။
…….
လဝက်ကြာခန့် လုချန်းနှင့် ရင်းနှီးစွာ နေထိုင်ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ ကိစ္စများကို ယွမ်ရှန်ရှန် သတိရသွားသည်။ လုချန်းဆိုသော ထို ပုန်ကန်တတ်သော တပည့်က သူ၏ အာရုံလွှဲနည်းများဖြင့် သူမကို အရာအားလုံးနီးပါး မေ့လျော့သွားစေခဲ့သည်။
နဂါးနက်မြို့။
ပန်းတစ်ရာမျှော်စင် အတွင်း။
လုချန်း ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေသော်လည်း ယွမ်ရှန်ရှန်က သူမ၏ လက်ကို ရုတ်တရက် မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို တွန်းလိုက်သည်။
ယွမ်ရှန်ရှန် သူ့ကို တားသည်ကို မြင်သောအခါ လုချန်းက ရှုပ်ထွေးစွာဖြင့်
“ဘာဖြစ်လို့လဲ ရှန်”
လုချန်း၏ ချစ်စနိုးခေါ်သံကို ကြားသောအခါ ယွမ်ရှန်ရှန်၏ ပါးပြင်များသည် ပို၍ နီရဲလာပြီး
“မင်းကို မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်။”
လုချန်းက
“ဘာကိစ္စလဲ”
ယွမ်ရှန်ရှန်က
“မကြာသေးခင်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေ ထုတ်လွှတ်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ငါ အာရုံခံမိခဲ့တယ်။”
ထိုသို့ ကြားသောအခါ လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
“ဒါဆို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေက ထျန်းချန်ကမ္ဘာကို ရှာတွေ့ပြီးသွားပြီလို့ ဆိုလိုတာလား။”
ယွမ်ရှန်ရှန်က
“သူတို့ မြူခိုးဒေသကို ရောက်နေတာ ဖြစ်နိုင်ခြေ အရမ်းများတယ်။ ဒါပေမဲ့ သူတို့မှာ နတ်လှေတွေ ရှိတယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေက သူတို့ကို တားနိုင်မှာ မဟုတ်ဘူး။ ဒီလောက်ကြာတဲ့အထိ ထျန်းချန်ကမ္ဘာထဲကို မဝင်သေးဘူးဆိုရင် သူတို့ ဒုက္ခတစ်ခုခုနဲ့ တွေ့နေတာ ဖြစ်နိုင်တယ်။”
“ဒါပေမဲ့ ငါစိုးရိမ်တာက ငါ ထျန်းချန်ကမ္ဘာမှာ ရှိနေတဲ့ သတင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ရောက်သွားလောက်ပြီ။ ပြီးတော့ လျှို့ဝှက်လဝန်းနန်းတော်က ငါ့ကို ဖမ်းဖို့ လူတစ်ယောက် ဒီကို လွှတ်ဖို့ သိပ်မကြာတော့ဘူး။”
ယွမ်ရှန်ရှန် စကားပြောနေစဉ်တွင် သူမ၏ လက်ချောင်းများက လုချန်း၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်နေသည်။ အတူတကွ အချိန်ကုန်ဆုံးပြီးနောက် ယွမ်ရှန်ရှန်လည်း သူမ၏ ပုံမှန် အေးစက်သော အမူအရာကို စွန့်လွှတ်ခဲ့သည်။
သူမ၏ အမူအရာသည် အေးစက်နေဆဲဖြစ်သော်လည်း လုချန်းအပေါ် သူမ၏ သဘောထားက သိသိသာသာ ပြောင်းလဲသွားပြီး ယခုအခါ နူးညံ့သော အမျိုးသမီးတစ်ဦးအဖြစ် ပေါ်ထွက်လာသည်။